အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၆ ) ( D – 6 – Paris )
အဘဖေါ ရဲ့ ဥရောပသွား
ပေါ်တာ တောလား ( ၆ )
( D – 6 – Paris )
စက်တင်ဘာ ၁၆ ရက်နေ့ ။
အစကတော့ ၁၅ ရက်နေ့ နှင့် ၊
၁၆ ရက်နေ့ကို နှစ်ခုပေါင်းပြီး ၊
ရေးမလို့ပါ ။
ဒါပေမယ့် ၁၆ ရက်နေ့ မှာ ၊
သွားခဲ့တဲ့ ဆိမ်းမြစ်ခရီးစဉ် ၊
အီဖယ်တာဝါ နှင့် ည ကပွဲ တွေက ၊
ဘယ်လိုမှ ချုံ့မရ / မချုံ့သင့် တာနှင့် ၊
နှစ်ရက် သတ်သတ်စီ ရေးလိုက်တာပါ ။
ဒီနေ့မှာ စိတ်ပျက်စရာတွေလည်း ရှိပါတယ် ။
၁ ။ မိုနာလီဇာ ပန်းချီကား ရှိတဲ့ လုဗ် ပြတိုက် ( Louvre Galleries )
Booking တင်တာ အဆင်မပြေပါဘူး ။
၂ ။ နာမည်ကျော်လှတဲ့ Moulin Rouge Cabaret အတွက်
Booking တင်တာလည်း အဆင်မပြေပါဘူး ။
နှစ်ခုလုံးဟာ အဘတို့ ခရီးစဉ်ရဲ့ Compulsory Tour Itinerary ထဲမှာတော့ မပါပါဘူး ။
ပိုက်ဆံ သပ်သပ် ထပ်ပေးရမယ့် Optional Excursions ထဲမှာပဲ ပါတာပါ ။
အဲဒီတော့ Trafalgar ကို အပြစ်တင်လို့တော့ မရဘူးပေါ့ ၊ ဒါပေမယ့် ၊ စိတ်ညစ်တာပေါ့လေ ။
အဖွဲ့ထဲက တစ်ချို့ကတော့ Moulin Rouge Cabaret ကို
၆ လ ကြိုပြီး လက်မှတ်ဝယ်ထားတော့ ၊
သူတို့ကတော့ Moulin Rouge သွားကြည့်ကြပါမယ် ။
အဘ တို့က နောက်ထပ် နာမည်ကြီး Cabaret တစ်ခုဖြစ်တဲ့
Nouvelle Eve Cabaret ကိုသွားကြည့်ပါမယ် ။
ကြည့်ခက ( Dinner အပါ ) တစ်ယောက် ၁၂ရ ၊
နှစ်ယောက်ဆိုတော့ ၂၅၄ ယူရို = ၃၅ဝ ဒေါ်လာ ကျပါတယ် ။
ထားပါတော့ ၊ မနက်ပိုင်းမှာ ပါရီရဲ့ နာမည်ကြီး ဘုရားကျောင်း
Basilique du Sacre-Coeur ကို သွားပါတယ် ။
အင်္ဂလိပ်လို ဘာသာပြန်ရင်တော့ Basilica of the Sacred Heart of Jesus of Paris ပါ ။
Montmartre တောင်ကုန်း ထိပ်မှာ တည်ထားတာပါ ။ ပဲရစ်မှာ အမြင့်ဆုံး တောင်ကုန်း တဲ့ ။
အောက်ခြေကနေ Tram ရထားငယ်လေးနှင့် တောင်ကုန်း ထိပ်ကို တက်ရပါတယ် ။
ပါရီရဲ့ နာမည်ကြီး ဘုရားကျောင်း Basilique du Sacre-Coeur ။

ထူးခြားတာ နောက်တစ်ခုက အဲဒီ ဘုရားကျောင်းဘေးမှာ အနုပညာ ရပ်ကွက် ရှိပါတယ် ။
အဲဒီ ရပ်ကွက်မှာ နာမည်ကြီး အနုပညာရှင်တွေ နေခဲ့ ၊ အလုပ်လုပ်ခဲ့ ၊ ဆိုင်ဖွင့်ခဲ့ကြပါတယ် ။
ဥပမာ – မိုးနတ် ၊ ပီကာဆို ၊ ဗင်ဂိုး အစရှိသဖြင့်ပေါ့နော် ။
အဘတို့ရဲ့ Tour Director ကတော့ အိမ်လေးတွေ ဆိုင်လေးတွေ ကို ရှင်းပြနေတာပဲ ။
အဲဒီနေရာတွေမှာ နာမည်ကြီး ရုပ်ရှင်တွေ အများကြီး ဇတ်အိမ်တည်ပြီး ရိုက်ခဲ့ကြတယ်တဲ့ ။
အဘကတော့ အနုပညာနှင့် မနီးစပ်တော့ ၊ နွား ပလာတာကျွေးသလိုပါပဲ ။
အဘကတော့ ၊ ဓါတ်ပုံပဲ လှည့်ရိုက်နေတော့တယ် ။
မိန်းမက ဒါ ဘယ်ရုပ်ရှင်ထဲက ဘာ Scene နေရာလေးပေါ့ဆိုမှ ၊ ဓါတ်ပုံ ရိုက်ပေးလိုက်တာပဲ ။
ဒီဆိုင်လေးကလည်း နာမည်ကြီးပဲထင်တယ် ၊ သူ့ရှေ့မှာ အကြာကြီး ရှင်းနေကြလို့ ။

အဲဒီမှာ ပန်းချီဆရာ တွေလည်း အများကြီး ၊ ပန်းချီဆွဲဖို့ လာဆွယ်နေကြတာ ။
အဘတို့ အဖွဲ့ထဲက တစ်ချို့က အဆွဲခံကြတယ် ။
အဲဒီ ပန်းချီဆရာ နောက်ဆို ပီကာဆိုလို နာမည်ကြီးချင် ကြီးလာမလား ဆိုပြီး ။
အဘတို့ Guide က မျက်စိမှိတ်ပြပြီး တားတာနှင့် အဘတို့လဲ မဆွဲဖြစ်ပါဘူး ။
၁၅ မိနစ်လောက်ဆွဲပြီး ၅ဝ ယူရို = ဒေါ်လာ ၇ဝ လောက်ကျတယ် ။ တူလည်း တူဘူး ။
ထားပါတော့ ၊ အဘကတော့ အမှတ်တရ ပြင်သစ် စစ်သားတွေနှင့်ပဲ ဓါတ်ပုံ ရိုက်လိုက်တယ် ။
ဘုရားကျောင်းက အမြင့်ဆုံး တောင်ကုန်း ပေါ်မှာရှိတော့ ပဲရစ်မြို့ကို အပေါ်စီးက မြင်ရတယ် ။
မြူတွေ နဲနဲ ဆိုင်းနေတော့လည်း ၊ အဝေးမြင်ကွင်းတွေကတော့ သိပ်မရှင်းပါဘူး ။
၁၅ မိနစ်လောက်ဆွဲပြီး ၅ဝ ယူရို = ဒေါ်လာ ၇ဝ လောက်ကျတယ် ။ တူလည်း တူဘူး ။

အဘကတော့ အမှတ်တရ ပြင်သစ် စစ်သားတွေနှင့်ပဲ ဓါတ်ပုံ ရိုက်လိုက်တယ် ။

ပဲရစ်မြို့ အဝေးမြင်ကွင်း ၊ မြူတွေ နဲနဲ ဆိုင်းနေတော့ သိပ်မရှင်းပါဘူး ။

ပြီးတဲ့အခါ ၊ ( Seine River Cruise ) ဆိမ်းမြစ် မှာ သင်္ဘော စီးဖို့ထွက်လာခဲ့ပါတယ် ။
ရာသီဥတုကလည်း အထူး သာယာနေတဲ့အတွက် ၊
ဆိမ်းမြစ် တစ်လျှောက်က ပါရီမြို့ရဲ့ ရှုခင်းတွေဟာ အရမ်းလှပနေပါတယ် ။
အထူးသဖြင့် ဆိမ်းမြစ် တစ်လျှောက်က ပုံစံ အရောင် အမျိုးမျိုးနှင့် တံတားတွေဟာ စိတ်ဝင်စားစရာပါပဲ ။
ဒါကြောင့်ပဲ ခရီးသွားတွေက ပါရီမြို့ဟာ ကမာ္ဘပေါ်မှာ အလှဆုံးလို့ ပြောကြတာဖြစ်မယ် ။
ရွာသူားများလည်း ကြုံကြိုက်ခဲ့မယ်ဆိုရင် ဆိမ်းမြစ် မှာ သင်္ဘောစီးတာကို အဘ ထောက်ခံပါရစေ ။
ဆိမ်းမြစ် တစ်လျှောက်က ပါရီမြို့ရဲ့ ရှုခင်းတွေ ( ၁ ) ။

ဆိမ်းမြစ် တစ်လျှောက်က ပါရီမြို့ရဲ့ ရှုခင်းတွေ ( ၂ ) ။

ဆိမ်းမြစ် တစ်လျှောက်က တံတားတွေ ( ၁ ) ။

ဆိမ်းမြစ် တစ်လျှောက်က တံတားတွေ ( ၂ ) ။

ဆိမ်းမြစ် တစ်လျှောက်က တံတားတွေ ( ၃ ) ။

ဆိမ်းမြစ် တစ်လျှောက်က တံတားတွေ ( ၄ ) ။

ဆိမ်းမြစ် တစ်လျှောက်က တံတားတွေ ( ၅ ) ။

ဆိမ်းမြစ် တစ်လျှောက်က တံတားတွေ ( ၆ ) ။

သင်္ဘော စီးတာ ပြီးတော့ ပါရီရဲ့ နာမည်အကြီးဆုံး Eiffel Tower ကို ဆက်သွားကြပါတယ် ။
Eiffel Tower အောက်ခြေနားမှာ ကားရပ်ပြီး နေ့လည်စာ Break ပေးပါတယ် ။
နေ့လည်စာ အမြန်စားကြတယ် ၊ နှစ်ယောက်ကို အအေးမပါ ၃ဝ ယူရိုလောက်ကျပါတယ် ။
ပြီးတော့ ၊ Lift နှင့် Eiffel Tower ဒုတိယ အထပ် အထိ တက်ကြပါတယ် ။
ပါရီမြို့ ပါတ်ပါတ်လည်က မြင်ကွင်းတွေကို ရင်သတ်ရှုမော ဓါတ်ပုံရိုက်ကြပါတယ် ။
ပါရီရဲ့ နာမည်အကြီးဆုံး Eiffel Tower ။

Eiffel Tower ပေါ်က ပါရီမြို့ မြင်ကွင်း ၊ Champ de Mars ပန်းခြံ နှင့် ( ၁ ) ။

Eiffel Tower ပေါ်က မြင်ကွင်း ၊ ဆိမ်း မြစ် နှင့် ( ၂ ) ။

Eiffel Tower ပေါ်က မြင်ကွင်း ၊ ဆိမ်း မြစ် နှင့် ( ၃ ) ။

နပိုလီယံ ရဲ့ အုတ်ဂူ အဲဒီထဲမှာ ရှိတယ်တဲ့ ။

အဲဒါအပြီးမှာတော့ ၊
ပါရီ ရဲ့ ထင်ရှားတဲ့ ပန်းခြံတွေ အဆောက်အဦးတွေကို ကားပေါ်ကပဲ လှည့်ပြပါတယ် ။
အမေရိက က လက်ဆောင်ပြန်ပေးထားတဲ့ Liberty Statue ရဲ့ Flame ပုံတူ လဲပြပါတယ် ။
အဲဒါကြီးရဲ့ အောက်တည့်တည့်က လိုဏ်ခေါင်းထဲမှာ ဒိုင်ယာနာ ကား Accident ဖြစ်တာပါ ။
ပြီးတဲ့အခါမှာတော့ ဟော်တယ်ကိုပြန်ပြီး အနားယူကြပါတယ် ။
အဘ မှာတော့ အနားမယူနိုင်ပါဘူး ၊ ဝတ်စရာ အင်္ကျ ီ ကုန်ပြီလေ ၊ ဝယ်ရတော့မယ် ။
Hotel ရဲ့ Laundry List မှာကြည့်တော့ အင်္ကျ ီ တစ်ထည်လျှော်ခ ၁ဝ ယူရို ( ၁၁၀၀ဝ ကျပ် ) တဲ့ ။
ဒါတောင် မီးပူတိုက်ခ မပါသေးဘူးနှင့်တူတယ် ။ အဘတို့ ငမွဲတွေ ဘယ်တတ်နိုင်ပါ့မလဲ ။
ကံကောင်းချင်တော့ ၊ အဘတို့ဟော်တယ်နားက La Defense အဆောက်အဦး အောက်မှာ ၊
les 4 temps ( Les Quatre Temps ) ဆိုတဲ့ ပဲရစ် မှာ
ဒုတိယ အကြီးဆုံး shopping center ရှိနေတယ် ။
အဲဒီမှာပဲ ဈေးပေါ သင့်တင့်တဲ့ ရှပ်အင်္ကျ ီ ကို တစ်ထည် ၁၂ ယူရို နှင့် နှစ်ထည် ဝယ်လိုက်တယ် ။
ဟုတ်တယ်လေ ၁ဝ ပေးပြီး လျှော်မယ့်အစား ၁၂ ယူရို ပေးပြီးပဲ အသစ် ဝယ်လိုက်တော့မယ် ။
Hotel ရဲ့ Laundry List ၊ အင်္ကျ ီ တစ်ထည်လျှော်ခ ၁ဝ ယူရို ( ၁၁၀၀ဝ ကျပ် ) တဲ့ ။

ရှပ်အင်္ကျ ီ အသစ်မှ တစ်ထည် ၁၂ ယူရို ပဲပေးရတယ် ။

ညနေ ၆ နာရီလောက်မှာတော့ Nouvelle Eve Cabaret ကပွဲကို သွားကြည့်ကြတယ် ။
ပြပွဲ မစခင်မှာ Dinner အရင်ကျွေးပါတယ် ။ 3 Course ပါပဲ ။
မကြိုက်လှပါဘူး ။ အဘ အတွက်တော့ အစားအသောက်တွေက ညှီလွန်းတယ် ။
ကပွဲ စပါပြီ ။ ထုံးစံအတိုင်း TV တွေထဲမှာ မြင်ဘူးကြည့်ဘူးနေသလို ပါပဲ ၊
တစ်ဦးစီ / အဖွဲ့လိုက် တောက်ပြောင် သစ်လွင်တဲ့ အဝတ်အစား တွေနှင့် ဆိုကြ ကကြ ပေါ့ကွယ် ။
တစ်ခုရှိတာက အဝတ်အစား တွေ အစုံပေါင်းများစွာ ခဏ ခဏ လဲလှယ်ကြပေမယ့် ၊
တစ်ချို့ သီချင်းတွေမှာ ပါရီသူလေးတွေ တစ်ဒါဇင်ကျော်လောက်
အပေါ်ပိုင်း ဗလာ နှင့် က ကြတယ်ကွယ့် ။
အပေါ်ပိုင်း ဗလာ တင်မကပါဘူး ၊ အောက်ပိုင်းမှာကလည်း ဘုရားစူး ကြိုးလောက်သာသာရယ် ။
အင်း အဝတ်အစား တွေ ဒီလောက် အစုံပေါင်းများစွာ ချုပ်ထားရတော့လည်း ၊
နောက်ပိုင်းချုပ်တဲ့ အဝတ်အစားတွေ အတွက် ပိတ်စ မလောက်တော့လို့ ဖြစ်ရှာမှာပါလေ ။
တစ်ခန်းမှာဆိုရင် အပေါ်ပိုင်း ဗလာ နှင့် ရေကန်ထဲဝင်ပြီး ရေတောင်ချိုးပြလိုက်သေး ။
ကလေးမနှယ် ဒီလောက် အေးတဲ့အချိန်ကို ၊ သူမို့လို့ ၊ သနားပါတယ် ။
အဘတောင် မကြည့်ရက် ကြည့်ရက် နှင့် ကြည့်ရရှာတယ် ။
ရွာသူားများအတွက် ၊
ရေချိုးတဲ့ အကြောင်းကို အသေးစိတ် ရေးပေး လိုသော်ငြားလည်း ၊
ဟိုဖက် ” ငါကံကောင်းနေသေးတယ်-ရေးသူ ဘုန်းသုခေ(၅) ” Post မှာ ၊
ဒေါက်တာ ပဒုမ္မာက ရေချိုးတဲ့ အကြောင်း ရေးထားပြီးသားမို့ မရေးတော့ပါဘူး ။
နို့မို့ ရေချိုးတာတွေချည်းပဲ ထပ်ကုန်လိမ့်မယ် ။
ရေချိုးတာချင်း အတူတူ ဘယ်သူ ရသပိုမြောက်လဲ ငြင်းစရာ ဖြစ်ကုန်လိမ့်မယ် ။
ဟဲ ဟဲ ။ အဘ ကပဲ ဒေါက်တာ ပဒုမ္မာ ကို အလျော့ပေးပြီး ၊ မရေးတော့ပါဘူး ။
ဖြစ်ချင်တော့ မျက်စိရှက်ပါတယ် ဆိုမှ အဘ ကိုနေရာချထားပေးတာက ဇတ်ခုံ နှင့်ကပ်ရက် ။
( အဘ ခုံနေရာကို ဓါတ်ပုံထဲမှာ မျှား နှင့် ပြထားတယ်လေ )
ဘယ်လောက်နီးလဲဆို သူတို့ အဖွဲ့လိုက် ဇတ်ခုံရှေ့နားကပ်ပြီး ခြေထောက်မြှောက် ကန်ကြရင် ၊
အဘ မျက်နှာမှာပါ လေဟပ်လို့ ရှောင်ပေးနေရတယ် ။
မရှောင်လို့ မဖြစ်ဘူးရယ် ၊ တလုံး တလုံး အုန်းသီး အငယ်စားလောက်ရှိတာ ၊
သူတို့ကလည်း တစ်ချိန်လုံး ခုန်ယမ်းပြီး က နေကြတာ ၊
မတော် ပြုတ်ပျက်ထွက်လာပြီး မျက်နှာလာမှန်ရင် ကြားမကောင်း ဖြစ်တော့မယ် ။
အင်း ၊ ရွာသူားတွေ ဓါတ်ပုံမျှော်ကြမယ်ဆိုတာ သိပါတယ် ၊
သို့ပေသိ ၊ ဓါတ်ပုံ ရိုက်ခွင့် မရဘူးကွယ့် ။ ဝမ်းနည်းထှာ ။
အာသာပြေ သူတို့ရဲ့ အစီအစဉ် နှင့် ကြော်ငြာ စာအုပ်ထဲက ၊
သိပ်မရိုင်းတဲ့ပုံလေး Scan ဖတ်ပြီး တင်ပေးလိုက်ပါတယ်ကွယ် ။ ကျေနပ်ကြနော် ။
Detail ထပ်သိချင်ရင်တော့ အောက်က Link မှာသွားကြည့်ပါကွယ် ။
<http://www.lanouvelleeveparis.com/en/>
အပေါ်ပိုင်း ဗလာ နှင့် ရေချိုးပြတဲ့ အခန်းလေးကိုမှ ကြည့်ချင်ရင်တော့ Link က ။
<http://www.youtube.com/watch?v=H5gosHL84nQ>
အဲဒီမှာ ထူးခြားတာတစ်ခုက ပရိသတ်တွေကိုလည်း ဖိတ်ခေါ် / ပါဝင် ရတာပါပဲ ။
၁ ။ ပရိသတ် တစ်ဦး မျက်မှန် ဆေးလိပ် ဦးထုပ် ဝတ်ပြီး ခုံပေါ်မှာထိုင်နေရပါတယ် ၊
လူရွှင်တော် ၂ ယောက်က ဟိုဖက် ဒီဖက် တင်းပုတ် ၅ ခု အဆက်မပြတ်ပစ်ရင်း ၊
အဲဒီ မျက်မှန် ဆေးလိပ် ဦးထုပ် တွေကို ထိပြီး ပြုတ်ကျအောင် လုပ်ပြတာပါ ။
နဲနဲလေးသာ ချော်သွားလို့ကတော့ မချောင်ပါဘူး ။
၂ ။ ဆပ်ကပ် လူရွှင်တော် တစ်ဦးရဲ့ ဟာသပြကွက်တွေ နှင့်
ဆင့်ထပ်ထားတဲ့ ပိုက်လုံးကြီး ၅ လုံး အပေါ်မှာ ကင်းမြှီးကောက် ထောင်ပြတဲ့
ပြကွက်တွေမှာ ပါဝင် ကူညီရတာပါ ။
၃ ။ အကမယ်လေး ရဲ့ ကကွက်အတိုင်း ပရိသတ် ၃ ဦး က လိုက်ကရပြီး ၊
အတော်ဆုံးသူကို ဆုချတဲ့အနေနှင့် မိန်းမချောလေးက
ကန့်လန့်ကာနောက်ကို တွဲခေါ်သွားပါတယ် ။
နောက် ၅ မိနစ်လောက်အကြာမှ အဲဒီ မိန်းမချောလေးက အပေါ်ပိုင်း ဗလာ နှင့် ၊
ကလေး အရုပ်လေးကို နို့တိုက်လျက်သား နှင့် အတူတွဲထွက်လာပါတယ် ။
ဟဲ ဟဲ ၊ သူ နှင့်ရတာပေါ့လေ ။
ဟဲ ဟဲ ။ အဘ လား ။ မပါရဘဲ ဘယ်နေမှာလည်းကွယ် ။
ဇတ်စင် ရှေ့ဆုံးတန်း အလည်လောက်မှာ ကားကားကြီး ရောက်နေပြီး ၊
အဖြူတွေ ကြားထဲမှာ တစ်ဦးတည်းသော Asian ယောက်ကျားလေး ဖြစ်နေတော့ကာ ၊
ဟင့် ၊ နှစ်ခါ အရွေး မခံရတာတောင် ကံကောင်း ။
Performance လား ဘယ်ညံ့လိမ့်မလဲလေ ။
သရုပ်ဆောင် ပီပြင်လွန်းလို့ Nouvelle Eve Cabaret အဖွဲ့က Diploma တောင် ဆုချယူရတယ် ။
အထောက်အထား Diploma ပါ Scan ဖတ်ပြီးတင်ပေးလိုက်တယ် ၊ ကြည့်ကြ ။
ဘယ် အခန်းက ပါခဲ့သလဲ ။ ဟဲ ဟဲ ။ ဒါတော့ ပြောပြဝူး ။
ရွာသူားတွေ ကိုယ့်ဖာသာကိုယ် မှန်းကြည့်ကြ ။ ဟဲ ဟဲ ။
အပြန်လမ်းမှာတော့ အဘ နှင့် မဟေသီ နှင့် ကပွဲ တန်တယ် မတန်ဘူး ငြင်းခုံရင်း ပြန်ခဲ့တယ် ။
တော်သေးဘီ ။
အဘ ဖေါ ( FR ) ။
အဘတို့ သွားကြည့်တဲ့ Nouvelle Eve Cabaret ကပွဲရုံ အဝင်ဝ ။

အဘ ထိုင်တဲ့ ဇတ်စင် ရှေ့ဆုံးတန်း အလည်လောက်က နေရာ ။

Nouvelle Eve Cabaret ရဲ့ အစီအစဉ် စာအုပ်ထဲက သိပ်မရိုင်းတဲ့ပုံလေး ။

သရုပ်ဆောင် ပီပြင်လွန်းလို့ Nouvelle Eve Cabaret အဖွဲ့က Diploma တောင် ဆုချယူရတယ် ။

16 comments
ကထူးဆန်း
October 29, 2012 at 9:27 pm
အပြန်လမ်းမှာတော့ အဘ နှင့် မဟေသီ နှင့် ကပွဲ တန်တယ် မတန်ဘူး ငြင်းခုံရင်း ပြန်ခဲ့တယ် ။
ူယုံဘူး .. ရန်ဖြစ်ပြီး ပြန်တာ မဟုတ်လား .. ဟဲ ဟဲ .
ရှင် ကျွန်မပါတာတောင် ဒီလောက် တက်ကဲ နေရင် ကျွန်မ မပါတဲ့ အခါ သဘောင်္လိုက်ရင်းဆို ဘယ်လောက် ကဲ မလဲ ဆိုပြီး ..
ဟုတ်ဘူး လား … ဟဲ ဟဲ ။။ :harr:
သီတင်းကျွတ်ခါနီး ပြောမှားဆိုမှားရှိရင် ခွင့်လွှတ်နော် .. :hee:
အရီးခင်လတ်
October 29, 2012 at 10:02 pm
ပဲရစ်ရှူခင်း တွေ လှပါတယ်။
ဒါပေမဲ့ ကျွန်မတို့ ဧရာဝတီအလှကို မမှီပါဘူး လို့ ထင်ပါကြောင်း။
အဲဒီ ပွဲမျိုးကို ကြည့်ချင်ပ အဘဖောရာ။
ဘန်ကောက်မှာ ရောက်တုန်း ပက်ပုန်း ကို သွားဖူးတယ်။
ပွဲတစ်ခု ကို အဝင် အထဲရောက်ပြီးမှ မိန်းမ မကြည့်ရဖူး ဆိုပြီး လာပြောလို့ ပြန်ထွက်လာရတယ်။
အဲဒီမှာ ကြည့်တာကတော့ ပိုက်ဆံ မပေးရပါဘူး။ 😉
Foreign Resident
October 30, 2012 at 11:26 am
” ကျွန်မတို့ ဧရာဝတီအလှကို မမှီပါဘူး လို့ ထင်ပါကြောင်း ”
အရီးလတ်ရေ ။
ဆိုးတာက မြန်မာပြည်က မြစ်ရေတွေက ရွံ့ရောင်ဖြစ်နေတော့
အဘ မျက်စိထဲမှာ လှဘူးဗျ ။
” အဲဒီမှာ ကြည့်တာကတော့ ပိုက်ဆံ မပေးရပါဘူး ”
ကြည့်တာကတော့ ပိုက်ဆံ မပေးရပါဘူး ။
ဒါပေမယ့် ၊ အစားအသောက်မှာ ရေလည်ဆော်တာဗျ ။
ဦးဦးပါလေရာ
October 30, 2012 at 12:13 am
ဆိန်းမြစ်နဲ့ တံတားတွေက ဘာမှသာမဟုတ်တာ တော်တော်လှတာပဲ…
tour attraction ဆိုတာ ဒီလိုပဲ ဘာမှမဟုတ်တာကို ကြည့်ချင်အောင်လုပ်နိုင်ရတယ်…
မြန်မာပြည်မှာ အခုထိ ဘာမှကောင်းကောင်းလုပ်မထားသေးဘူး….
travel & tour ကတော့ စီးပွားရေးအနေနဲ့ကိုလုပ်ချင်သေးတာ….
ပဲရစ်ရဲ့ ကပွဲတွေဆိုတော့လဲ ဒီလောက်တော့ရှိမပေါ့…
အဲဒီငါးမိနစ်ကို ဘယ်လိုသုံးလိုက်ရသလဲပဲ…. 😛
ဒီလိုကပွဲတွေကို စိတ်ရွှင်မြူးလန်းဆန်းစေတယ်လို့ပဲမြင်မိတယ်…
“ရင်ပူ” စေတဲ့ကပွဲမျိုးကသတ်သတ်…
မခင်လတ်ရေ
ဘန်ကောက်က ပက်ပုန်းက အလကားအပေါစားတွေပါ
တမင် အရုပ်ဆိုးနာမည်ဆိုးနဲ့ ကျော်ကြားအောင်လုပ်ပြီး tour attraction ယူတာ
တကယ်မိုက်တာက soy 13 (ဆယ့်သုံးလမ်း) က မှ….
Foreign Resident
October 30, 2012 at 11:28 am
” တကယ်မိုက်တာက soy 13 (ဆယ့်သုံးလမ်း) က မှ ”
ဦးပါကိုလည်း လျှော့တွက်လို့ မရဘူး နော် ။
pazflor
October 30, 2012 at 2:22 am
အနော်တို ့ ကတော့ ကပွဲရုံ တွေကို အဝေးကဘဲငေးရတယ် ခင်ဗျ။
အဲ့ Sacre Coeur နားက ညနေဆို လူတအားရှူပ်တယ်။ ပိုက်ဆံအိတ်တွေသတိထားရတယ်။
လက်ဆောင်ပစ္စည်းဝယ်ရင်တော့ အဲနားတဝိုက်က ဆိုင်တွေက ဈေးအသက်သာဆုံးဘဲခင်ည။
ဒီပလိုမာရတဲ့ အဘကို ဂုဏ်ပြုပါတယ်။ 😀
kai
October 30, 2012 at 3:57 am
အဘဖောစာဖတ်ရင်း…
အမေရိက ကို ပြင်သစ်ကလေဘာတီရုပ်လက်ဆောင်ပေးသလို.. ယူအက်စ်ရောက် မြန်မာတွေနဲ့.. ယူအက်စ်အစိုးရ… စုပြီး.. အဖမြေမြန်မာပြည်ကို အရုပ်ကြီးတရုပ်လောက် ..လက်ဆောင်ပေးခိုင်းစေချင်စိတ်တွေပေါ်လာတယ်..
နောက်၂နှစ်အိုဘားမားသွားရင်.. အဲလိုအရုပ်ကြီးယူသွားပေးဖို့.. ချစ်ကြည်ရေးလက်ဆောင်ပေးဖို့. အဆိုတင်လိုက်ရကောင်းမလားဗျို့.. :kwi:
မိဂီ
October 30, 2012 at 6:27 am
ဟာဂျာ ..အီတလီ မရောက်တေးဝူးလား ….
စစ်စတင်ချာပယ်ကျိဂျင်လပါပီဆို…
:kwi:
Foreign Resident
October 30, 2012 at 11:23 am
အင် ၊ မေါင်ဂီ ရဲ့ ။
ပြင်သစ် ၊ စပိန် နှင့် မေါ်ရိုကို ပြီးမှ အီတလီ ရောက်မှာကွယ့် ။
အမြန်ဆုံးရောက်အောင် တစ်နိုင်ငံ တပုဒ်နှုန်း လောက်နှင့် ဖြတ်ပေးပါ့မယ် ။
ဦးကြောင်ကြီး
October 30, 2012 at 7:22 am
တယ်ဟုတ်ပါလား၊ ဦးဖောရော သူတို့လို ချွတ်ပြလိုက်ရင် ပေးပြန်မှာတောင် မဟုတ်ဘူး၊ ကြားဖူးတာ ပြင်သစ်တွေက မြန်မာပြည်က ညိုချောဆို သိပ်ကြိုက်ဆိုပဲ။
padonmar
October 30, 2012 at 11:59 am
FR ရတဲ့ Diplome က ကကွက် (၃) ပဲဖြစ်မှာပါ။
pooch
October 30, 2012 at 2:42 pm
အဘဖောရေ အဲ့ဒီ ကအနုပညာရပ်ကွက်လေးက သိပ်စိတ်ဝင်စားစရာ ကောင်းတဲ့နေရာလေးပါ ။ အနုပညာသည်တို့ မှော်ဝင်စားရာ မှော်အောင်သူတို့ ကွန့်မြူးရာ နေရာလေးပါ။
Midnight in Paris ဇာတ်ကားထဲမှာ အိုဝင်ဝီလ်ဆင်က အဲ့ဒီနေရာလေးကို ခေါ်သွားပါလိမ့်မယ်။
ကျမသာဆို အဲ့ဒီဆိုင်လေးထဲကို ဝင်ဖြစ်အောင် ဝင်ကြည့်ခဲ့မှာ။
သူတို့ဆီမှာ အဲ့ဒီလို ချွတ်ကတာ သိပ်ပြီး ဆန်းပုံမရပါဘူး။
ဟယ်ရီပေါ်တာမင်းသားနာမည်ကြီးပြီး နောက်ပိုင်း ပိုပြီးတော့များ လူတွေကို ဆွဲဆောင်ချင်လား ဘာသဘောလဲတော့ မသိဘူး။ အဲ့ဒီ လို အကုန်ချွတ်ပြီး ပြဇာတ်ကရတဲ့ အော်ပရာတခုကို ကဖူးတယ်။ ကလေးအမေတွေက ဆိုင်းဘုတ်တွေ ကိုင်ပြီး ဆန္ဒပြကြတယ် ။ သူတို့ကလေးများက ဟယ်ရီရဲ့ fan တွေမို့ ဒါမျိုး မကသင့်ဘူးဆိုပြီး ။
ဒါပေမဲ့ အားပေးတဲ့လူတွေများလို့ ကြိတ်ကြိတ်တိုးဆိုပဲ အများစုုက အမျိုးသမီးတွေတဲ့။
Foreign Resident
October 31, 2012 at 1:00 am
” Midnight in Paris ဇာတ်ကားထဲမှာ အိုဝင်ဝီလ်ဆင်က အဲ့ဒီနေရာလေးကို ခေါ်သွားပါလိမ့်မယ်။
ကျမသာဆို အဲ့ဒီဆိုင်လေးထဲကို ဝင်ဖြစ်အောင် ဝင်ကြည့်ခဲ့မှာ ”
မယ် Pooch ကသာ အစောထဲက ကြိုပြောထားမယ်ဆို ၊
အဘ လည်း သေချာ ဝင်ကြည့်ခဲ့မှာပေါ့ ။
အဲဒီဆိုင် တစ်ခုတည်းမဟုတ်ဘူး ၊ အဲဒီရပ်ကွက်ထဲမှာ အများကြီး ။
အဘ မိန်းမ ကတော့ ၊
ဒါ ဘာဇတ်ကားထဲက လမ်းကြားလေးပေါ့ ။
ဒါ ဘာဇတ်ကားထဲက ဆိုင်လေးပေါ့ ဆိုပြီး ပြောနေတာပဲ ။
အဘ ကတော့ အနုပညာ အားနည်းတယ် ။
အက်ရှင်ကားကလွဲရင် ၊ သိပ်မကြည့်ဖြစ်ဘူး ။
Hnin Hnin
October 30, 2012 at 3:27 pm
ဘရေ…ပြင်သစ်စစ်သားတွေနဲ့ တွဲရိုက်ခဲ့တယ်..ဟို ရုပ်တုလိုလို ငြိမ်နေပြီး ပိုက်ဆံ
အလှူခံရှေ့ချထားတဲ့ တစ်ကိုယ်လုံးအဖွေးသား လူရုပ်တုတွေနဲ့ရော တွဲမရိုက်ခဲ့ဘူး
လား..နှင်းနှင်းတွဲရိုက်ခဲ့တုန်းက သူ့အနားကပ်လိုက်ရင် သူက လှမ်းဖက်လိုက်မလား
ဆိုပြီး အနားမကပ်ရဲဘူး..သူကလည်း ကြောက်နေမှန်းသိတော့ စနောက်ပြီး
တစ်ချက်လှုပ်ပြပြီး ရယ်ပြလိုက်တာကို လန့်သွားခဲ့ရသေးတယ်လေ 🙂
Transit နဲ့ လည်ခဲ့ရတာဆိုတော့ အချိန်မရလို့ Eiffel Tower ကြီးလည်း မြင်ပဲမြင်
ခဲ့ရတာ…ခု ဘပုံတွေ ပြန်ကြည့်တော့ တက်ချင်စိတ်ပေါက်သွားတယ်..
ရှုခင်းက စိမ်းစိုနေပြီး အတော်လှတယ်နော်…နောက်အပိုင်းတွေလည်း ချုံ့သင့်တာပဲ
ချုံ့ပြီး ကျန်တာတော့ ရက်မချုံ့ဘဲတင်ပါနော်…
အမျိုးသားတွေကြားထဲ….အရီး၊ပုချ်နဲ့တီဒုန်တို့ရှိလို့ ဝင်မန့်လိုက်ခြင်းပါ.. 🙂
Foreign Resident
October 31, 2012 at 12:53 am
Hnin Hnin ရေ ။
အဘ ရောက်တုန်းက သတိမထားမိခဲ့ဘူးကွဲ့ ။
အဲဒီ ရွှေရောင် ၊ ငွေရောင် နှင့် လူတွေကတော့ ၊
ဥရောပ က ထင်ရှား လူစည်တဲ့ နေရာတိုင်းမှာ ၊
အဲလိုပဲ ဓါတ်ပုံတွဲရိုက်အောင် ဆွဲဆောင်ပြီး ၊
အလှူခံနေတာ တွေ့နေရတာပါပဲကွယ် ။
blackchaw
November 1, 2012 at 12:43 pm
အဘဖေါရေ…
လောလောဆယ် စာတွေထက်
ဓါတ်ပုံလှလှလေးတွေကိုသာ လိုက်ကြည့်နေမိပါတယ်…။
ရှင်ဘုရင့်ပုဆိုးပိုးချည့်ပဲ ဗျာ…။
ခရီးသွားတဲ့အကြောင်းအရာတွေကိုတော့ အေးအေးဆေးဆေး
ဖတ်ပြီးတော့မှ မန့်တော့မယ်ဗျာ…။
လေးစားခင်မင်တဲ့…
ဘလက်ချော…။