အဆိပ်သင့်လက်နှင့်ပန်းပျိုးသူများအတွက်ကျွန်တော့်အတွေး၊ တို့ဟူးသုပ် ပညာရေး နှင့်မျှော်လင့်မိသောဝိုင်းကြီးချုပ်။
ပြောင်းလဲတိုးတက်နေပြီဖြစ်တဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးမှာအနာဂတ်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာမျိုးဆက်သစ်လေး
များနှင့်သက်ဆိုင်မှုရှိနေပါတယ်။မျိုးဆက်သစ်လူငယ်လေးများကိုအနာဂတ်ခေါင်းဆောင်ကောင်းတွေဖြစ်ဖို့
အတွက်မူလအခြေခံပုံစံသွင်းထုဆစ်၊ပျိုးထောင်ပေးသူတွေကမူလတန်း၊အလယ်တန်းဆရာ၊ဆရာမတွေဖြစ်
ကြပါတယ်။စိတ်ဓါတ်၊စည်းကမ်း၊ပညာဆိုတဲ့ကျောင်းတော်ကြီးရဲ့ဆောင်ပုဒ်ကိုကလေးငယ်များရင်ထဲစတင်
ထည့်ပေးသူတွေကလည်းမူလတန်း၊အလယ်တန်းပြဆရာ၊ဆရာမတွေဘဲဖြစ်ပါတယ်။သို့သော်မူလတန်းကလေးငယ်များကိုပြု
စုပုံသွင်းပျိုးထောင်ရာတွင်မူလတန်း၊အလယ်တန်းပြဆရာ၊ဆရာမများအနေဖြင့်မိမိကိုယ်ကျိုးစီးပွားအတွက်သာ
မရည်ရွယ်ဘဲအနာဂတ်တိုင်းပြည်တိုးတက်ရေး၊သာယာရေးတို့အတွက်စေတနာအမှန်ထားပြုစုပျိုးထောင်ရန်
လိုအပ်ပါတယ်။အနာဂတ်မှာနိုင်ငံတစ်ခုတိုးတက်ပြောင်းလဲဖို့ဆိုတာပညာတတ်လူငယ်မောင်မယ်များကိုမွေးထုတ်
ပေးနေတဲ့ပညာရေးစနစ်နဲ့ပညာရေးဝန်ထမ်းတွေဖြစ်တဲ့ဆရာ၊ဆရာမတွေအပေါ်အခြေခံမူတည်ပါတယ်။“ပညာ
မြင့်မှလူမျိုးမြင့်မယ်”ဆိုတဲ့ဆောင်ပုဒ်ကိုလည်းလက်ကိုင်ထားကျင့်သုံးနေကြပြီဖြစ်ပါတယ်။အပေါ်အကျင်္ ီအဖြူ၊
အောက်လုံချည်အစိမ်းရောင်နှင့်ရိုးရှင်းသောယူနီဖောင်းဝတ်ဆင်ကြတဲ့ပညာရေးဝန်ထမ်းဆရာ၊ဆရာမများသည်
နိုင်ငံတော်အတွက်အရေးကြီးသောသရုပ်ဆောင်များဖြစ်ပါတယ်။နိုင်ငံခေါင်းဆောင်ကောင်းများ၊နိုင်ငံဝန်ထမ်းကောင်း
များ၊အတတ်ပညာရှင်များ၊နိုင်ငံတော်မှအားထားရသည့်ထက်မြတ်၊ထွန်းပေါက်သောလူသားများကိုမှော်ဝင်သောလက်
အစုံဖြင့်မွေးထုတ်ပျိုးထောင်သူများဖြစ်သည်ကိုလေးနက်စွာခံစားနားလည်ကြရန်လည်းလိုအပ်ပါတယ်။
နုနယ်သောမူလတန်းအရွယ်ကလေးငယ်များ၏ဖြောင့်ဖြူးသောအနာဂတ်လမ်းကိုလျှောက်လှမ်းနိုင်ကြရန်ပညာရေးသည်
ပန်းခင်းသောလမ်းအဖြစ်သာပုံဖော်စေချင်ပါတယ်။ယခုမျက်မှေက်ကာလတွင်နုနယ်သောကလေးငယ်များအတွက်အနာဂတ်
ကိုငွေကြေးနှင့်ဖလှယ်ယူနေရသောပညာရေးဆူးခင်းအဆိပ်သင့်လမ်းမျိုးတွင်သာလျှောက်လှမ်းနေကြရသည်ဟုထင်မိပါတယ်။
အဆိပ်သင့်သောလက်များဖြင့်ပျိုးထောင်နေကြတယ်လို့လည်းထင်မိပါတယ်။သို့သော်ဆရာ၊ဆရာမအားလုံးကိုသိမ်းကြုံးသတ်
မှတ်ထင်မြင်မိခြင်းမျ်ိုးမဟုတ်ပါ။သီလဂုဏ်၊သမာဓိဂုဏ်၊
ပညာဂုဏ်ပြည်စုံပြီးစေတနာ၊ဝါသနာ၊အနစ်နာဆိုတဲ့နာသုံးနာအပေါ်အခြေတည်တဲ့ရာခိုင်နှုန်းနည်းလူနည်းစု၊
ဆရာ၊ဆရာမများသည်တန်ဖိုးမဖြတ်နိုင်သောအနန္တဂိုဏ်းဝင်ဆရာသခင်များအဖြစ်ယခုအချိန်အထိလည်းရှိကြပါတယ်။
ယနေ့ခေတ်ပညာရေးလောကအများစုမှာပညာရေးပန်းခင်းအလယ်တွင်ဈေးကွက်စီးပွားရေးဆန်သော၊မိမိကိုယ်ပိုင်အချိန်
များကိုပိုင်းခြားရောင်းစားကြသော
(times seller)များအဖြစ်(သို့မဟုတ်)အသပြာဆရာများ
အဖြစ်ရပ်တည်နေကြခြင်းသည်ပညာရေးလောကအတွက်အရောင်စွန်းညစ်ထေးရုံမျှမက၊လျှော်ဖွတ်ရခက်တဲ့အစွန်အ
ထင်းများအဖြစ်တည်ရှိနေကြပါတယ်။အရောင်စွန်းညစ်ထေးသူများအနေဖြင့်ဆရာ၊ဆရာမဆိုတာစေတနာ၊ဝါသနာ၊အနစ်နာ၊
ဆိုတဲ့နာသုံးနာအပေါ်မှာသာအခြေတည်ရုံသာမဟုတ်ဘဲနိုင်ငံတော်အတွက်ကိုယ်စားပြုပုံဖော်၊ထု
ဆစ်သူများအဖြစ်မိမိတန်ဖိုးနှင့်နိုင်ငံအတွက်အရေးပါပုံကိုလေးလေးနက်နက်နားလည်သဘောပေါက်ရန်လည်းလိုအပ်တယ်
လို့ထင်မိတယ်။နိုင်ငံတော်၏လခစားပညာရေးဝန်ထမ်းဆရာ၊ဆရာမများသည်“ကျူရှင်”ဆိုသည့်
ငွေကြေးအရလွယ်မှုတစ်ခုကိုသာမကြည့်သင့်ဘဲဆရာဆိုတဲ့မြင့်မြတ်ဂုဏ်တစ်ခုအတွက်ထည့်တွက်ငဲ့ကွက်သင့်
တယ်လို့ယူဆမိတယ်။ပညာရေးလောကအတွက်ခေတ်စနစ်တွေပြောင်းလဲလာသော်လည်းဆရာ၊ဆရာမများ
အတန်းပိုင်များကျူရှင်ပေးသောခေတ်သည်ပြုပြင်ပြောင်းလဲရခက်သည်ကိုတွေ့မြင်မိပါတယ်။မည်သည့်အတွက်
ပြောင်းလဲရခက်သည်ကိုလည်းအဖြေရှာကြည့်သင့်ကြောင်းတွေးမိပါတယ်။မြန်မာတစ်နိုင်ငံလုံးရှိပညာရေးဝန်ထမ်းမျာဖြစ်သော
ဆရာ၊၊ဆရာမများ“ကျူရှင်”သင်ကြားခြင်းမလုပ်ရဟုပညာရေးဝန်ကြီးဌာန၏လမ်းညွှန်မှုအတိုင်း
ဥပဒေနှင့်စည်းကမ်းထုတ်ပြန်ထားသော်လည်းအပြစ်ဒဏ်နှင့်အပြစ်ပေးခြင်းအားနည်းနေသော
ကြောင့်တိကျစွာလိုက်နာရန်ခက်ခဲကြပြီးချိုးဖောက်ရန်လွယ်ကူနေကြသည်ဟုထင်မြင်မိပါတယ်။
(Tutor) (tutorial)ဆိုသည့်အင်္ဂလိပ်ဝေါဟာရမှဆင်းသက်လာသော(tution)“ကျူရှင်”ဆိုတဲ့ဝေါဟာရမှာမြန်မာစကားမှဆင်းသက်လာ
သည်မဟုတ်သော်လည်းမြန်မာပြည်တွင်ခေတ်စားအမြစ်တွယ်လာသည်မှာယနေ့တိုင်အောင်ဖြစ်ပါတယ်။မြန်မာပြည်အဝှမ်းမှာ
ထွန်းကားခေတ်စားလျှက်ရှိသောကျူရှင်ပေးခြင်းမှာ(အတတ်ပညာဖြင့်စီးပွားရှာ
ခြင်း)တစ်မျိုးအဖြစ်အလွတ်သင်၊အပြင်သင်များအတွက်သင့်လျှော်သော်လည်းအစိုးရလခစားဆရာ၊ဆရာမများ
အတွက်တားမြစ်ချက်တစ်ခုဖြစ်နေပါတယ်။သို့သော်မုန့်လုံးစက္ကူကပ်နေကြသောဆရာမများနှင့်မူလတန်းကျောင်းသားမိဘများ
၏သူပြိုင်ကိုယ်ပြိုင်အနိုင်ကြဲချင်ကြတဲ့ပညာရေးပြိုင်ဆိုင်မှုတွင်သန့်ရှင်းသောလောကစွန်းထင်းညစ်ပေရသည်ဟုထင်မိပါတယ်။
ကလေးငယ်ချင်းယှဉ်ပြိုင်မှုအသွင်မဟုတ်ဘဲမိဘများစိတ်၊ကလေးခန္တာကိုယ်အသွင်ဖြင့်ပြိုင်ဆိုင်ကြသဖြင့်အတန်းပိုင်ဆရာမကိုလက်ဆောင်ပေး၊
ချဉ်းကပ်၊ကျူရှင်အပ်ဖြစ်လာကြတယ်။နာသုံးနာအခြေပြုအရင်းတည်တဲ့ပျိုးထောင်လက်တွေကိုအဆိပ်သွင်းကြ
တယ်လို့ထင်မိပါတယ်။အဆိပ်သွင်းခံရတဲ့ပျိုးထောင်လက်တွေအဆိပ်သင့်လာတဲ့အခါ၊အမြစ်တွယ်လာတဲ့အခါ
စီးပွားရေးတစ်ခုအသွင်ပြောင်းလဲ၊အကွက်ချစီမံ၊ရွေးချယ်သင်ကြားပြီးအချိန်ပေး၊မေးခွန်းပေး၊ကျူရှင်ပေးတဲ့
အရောင်၊အရေပြား၊ကြွယ်ဝမှုခွဲခြားတဲ့ပညာသင်စနစ်တွေထွန်းကားလာတယ်လို့မြင်မိပါတယ်။ကျူရှင်တက်နိုင်တဲ့ကလေးတွေ
မှာတော့စာမေးပွဲဖြေရင်အားလုံးအဆင်ပြေချောမွေ့ပြီး၊အတန်းပိုင်ကျူရှင်မအပ်နိုင်တဲ့ကလေးတွေမှာတော့မည်သို့နေကြမည်
ကိုတွေးကြည့်သင့်တယ်လို့ထင်ပါတယ်။မူလတန်းအရွယ်မှာဘဲပညာရေးကိုငွေ
ကြောင့်ခွဲခြားခံရတဲ့ကလေးငယ်တွေရဲ့ညှိုးငယ်သွားတဲ့စိတ်ဓါတ်ကိုဘယ်လိုကုစားကြမလဲလို့အလေးထားတွေး
ပေးစေချင်ပါတယ်။မိဘငွေကြေးတတ်နိုင်လို့အတန်းပိုင်ဆရာမရဲ့ကျူရှင်တက်ရတဲ့ကလေးတွေမှာလဲငါ့မိဘ
တွေငွေကြေးအကုန်အကျခံပေးတာဘဲ၊ငါတို့ပိုက်ဆံတတ်နိုင်လို့သင်ရတယ်ဆိုတဲ့ငွေကြေးနဲ့ပညာရေးကိုယှဉ်တွဲတဲ့အမြင်မျိုး
လည်းသက်ရောက်မှုရှိနိုင်ပါတယ်။မူလတန်းအရွယ်နုနယ်ပါတယ်ဒီအတွေးမျိုးမဝင်လောက်ဘူး
မထင်ပါနဲ့ယခုခေတ်ကာလကလေးငယ်တွေရဲ့ဉာဏ်ရည်တွေသိပ်ကောင်းကြပါတယ်။ယခင်ကာလ(၆)လသားအရွယ်ကလေး
ငယ်တွေမိဘချော့မြူရင်မသိနိုင်ကြပေမယ့်၊အခုခေတ်မွေးကင်းစ(၆)လသားအရွယ်ကလေး
ငယ်တွေကတော့ခိုးခိုးခစ်ခစ်နဲ့အသံထွက်တဲ့အထိရီပြပါလိမ့်မယ်။ဤသို့ဆိုလျှင်မူလတန်းအရွယ်ကစပြီးငွေကြေးနဲ့ပညာရေး
အမြင်သက်ရောက်မှုရှိတဲ့ကလေးတွေကြီးပြင်းလို့လုပ်ငန်းခွင်ဝင်ပြီးနိုင်ငံတာဝန်တွေထမ်းဆောင်ကြတဲ့အခါဝါသနာနဲ့စိတ်အရင်း
ခံပေါ်မှာမူတည်မှာလားငွေကြေးအပေါ်မူတည်မှာလားဆိုတာစဉ်းစားတွေးကြည့်
သင့်ပါတယ်။ငွေကြေး၊အရောင်အသွေး၊ပညာရေးခွဲခြားလာတော့မိဘတွေမှာလည်းအတန်းပိုင်ကျူရှင်မှမအပ်ရ
ရင်ကိုယ်ကလေးစာမတတ်တော့သလိုစိတ်အမှတ်မှားပြီး၊မနေနိုင်မထိုင်နိုင်တဲ့ဗိုင်းရပ်စပိုးတစ်မျိုးကူးစက်လာကြ
တယ်။ဤသို့ဆိုလျှင်မုန့်လုံးစက္ကူကပ်ခြင်းလား(သို့မဟုတ်)ကလေးပုံပြင်ထဲကလိုသစ်ငုတ်တိုအပေါ်မျောက်
ထိုင်နေတုန်းဦးခေါင်းပေါ်လင်းတနားလို့မောင်းလေ၊ပျံလေ၊ပျံလေ၊မောင်းလေဆိုတဲ့မဆုံးတဲ့အရာတစ်ခုလားဆို
တာစဉ်းစားစရာဖြစ်လာပါတယ်။
တို့ဟူးသုပ် ပညာရေး
မူလတန်းအရွယ်ကလေးငယ်တွေမှာနံနက်ဆိုလျှင်ကျောင်း၊ကျောင်းမှပြန်လျှင်တစ်အောင့်နားပြီးကျူရှင်၊ကျူရှင်မှ
ပြန်လျှင်ကျောင်းအိမ်စာ၊ကျူရှင်အိမ်စာများလုပ်ကြရပြန်တယ်။အိမ်စာပြီးရင်တစ်အောင့်နားပြီးစာကျက်ရပြန်
တယ်။နုနယ်တဲ့ကလေးငယ်တွေရဲ့အားလပ်ချိန်နည်းတာတွေရတော့ဟိုယခင်ကမူလတန်းကလေးတွေလိုလွတ်လပ်ပျော်ပါးစွာ
စာသင်ခဲ့ရ၊ဆော့ကစားခွင့်ရခဲ့တာတွေဒီဘက်ခေတ်ကလေးတွေမှာပျောက်ဆုံးနေတာတွေ့ရပါတယ်။ယခုခေတ်ပညာရေးနဲ့
ပတ်သတ်ပြီးကာယ၊ဉာဏ၊စာရိတ္တနဲ့ရသ၊သက်မွေးဘက်စုံပညာရေးအကြောင်းကိုကျောင်းသားမိဘတစ်ဦးနဲ့တွေ့ဆုံဆွေးနွေး
မိတော့မှတ်သားစရာတွေကြားခဲ့ရပါတယ်။“
“ငါ့မောင်ရယ် ၊နင်လည်းစာတွေဖတ်၊ဂျာနယ်တွေဖတ်နေတာဘဲ၊အခုခေတ်မှာတက္ကသိုလ်ကျောင်းသား၊ကျောင်းသူတွေတောင်ပညာရေးနဲ့ပတ်
သတ်ပြီးခံစားရတာတွေဂျာနယ်မှာရေးထားကြတာတွေ့မှာပါ။အတန်းပိုင်ဆရာမတွေကျူရှင်ပြ၊ကလေးငယ်တွေအနားမရတာတစ်နိုင်ငံလုံး
မှာဖြစ်နေတာနင်ဘာပြောလို့ရမှာလဲ၊နင်ပြောရင်နင်ငပွကြီးဖြစ်မှာပေ့ါ၊ပညာရေးနဲ့ပတ်သတ်ရင်ငါနဲ့ဆွေးနွေးစမ်းပါ။ငါကရန်ကုန်university
ကကျောင်းပြီးထားတဲ့graduate
တစ်ယောက်ပါ။ခုခေတ်ပညာရေးမှာမူလတန်း၊အလယ်တန်းစာဖြေအမှတ်ပေးစနစ်က(သည်၊၏)တောင်မှားလို့ရတာမဟုတ်ဘူး။
အဲဒီတော့အတန်းပိုင်ကျူရှင်သင်မှရမယ်လေ၊ကျူရှင်သင်တာကလည်းတစ်နိုင်ငံလုံးမှာဖြစ်နေတာဆိုတော့ခေတ်
ရေစီးကြောင်းပေါ့။ငါ့အမေဆိုရင်ငါတို့ငယ်ငယ်ထဲကအတန်းပိုင်ဆရာမကျူရှင်လာပြပြီဆိုရင်အမေကတို့ဟူးသုပ်တစ်ပွဲ၊ရေနွေးကြမ်းအိုးနဲ့
ဧည့်ခံတယ်ငါတို့စာသင်တဲ့ဘေးကထိုင်ပြီးဂိုဒ်လုပ်ပေးတာ၊အဲဒီလိုလုပ်ပေးတာငါ့အစ်မလက်ထက်ပြီးတော့၊ငါ့လက်ထက်အထိလုပ်ပေးခဲ့တာ
။ငါတောင်တက္ကသိုလ်မှာကျူတာလုပ်မလို့ငွေကြေးမတတ်နိုင်လွန်း
လို့မလုပ်ဖြစ်တော့ပါဘူး”ဟုပြောပြတာကိုမှတ်သားခဲ့ရပါတယ်။ဤသို့ဆိုလျှင်တစ်ဦးကောင်းတစ်ယောက်ကောင်းဖြင့်မပြောင်းလဲနိုင်သော်လည်း
ငယ်စဉ်ကကြားဖူးသောသူငယ်ချင်းနှစ်ယောက်ကမ်းခြေမှာလမ်းလျှောက်ထွက်သည်ကိုသတိရလိုက်မိပါတယ်။“သာယာတဲ့ကမ်းခြေတစ်ခုမှာအရမ်း
ခင်တဲ့သူငယ်ချင်းနှစ်ယောက်လမ်းအတူ
လျှောက်လာကြတယ်။သူတို့နှစ်ယောက်လျှောက်လာရာသဲသောင်ပြင်စပ်ကိုလှိုင်းလုံးတွေတဝုန်းဝုန်းနဲ့ပြေးတက်လာကြတယ်။လှိုင်းလုံးတွေပြန်
ကျသွားတဲ့အချိန်မှာသဲသောင်ပြင်မှာငါးကလေးတွေတင်ကျန်ရစ်ခဲ့တယ်။နောက်ထပ်လှိုင်းလုံးတစ်လုံးမလာခင်စပ်ကြားမှာတင်ကျန်ရစ်တဲ့ငါးလေးတွေသေ
တဲ့ငါးကသေတယ်၊နောက်ထပ်လာတဲ့လှိုင်းလုံးကိုမှီတဲ့ငါးကအသက်ရှင်ပြီးပင်လယ်ထဲကိုလှိုင်းနဲ့အတူပါသွားတယ်။သူငယ်ချင်းနှစ်ယောက်ထဲကတစ်ယောက်
ကသဲသောင်ပြင်ပေါ်တင်တဲ့ငါးလေးတွေကိုကောက်ပြီးပင်လယ်ထဲကိုပြန်လွှတ်ပေးတာကိုလုပ်နေတယ်၊ငါးလေးတွေရေထဲပြန်လွှတ်ပေးတဲ့သူကိုကြည့်ပြီးကျန်တဲ့
တစ်ယောက်ကပြောတယ်“ဟေ့ကောင်ရယ်မင်းလွှတ်ပေးလည်းအပိုပါဘဲ၊ကမ်းခြေတစ်လျှောက်မှာဒီလိုတင်ကျန်ရစ်တဲ့ငါးလေးတွေကတစ်ပုံကြီးဘဲ၊လှိုင်းပြန်တက်
လာရင်လည်းငါးတွေကထပ်ပြီးတင်ကျန်နေမှာပါ၊ဘာထူးခြားမှာမို့လို့လဲ”ဟုပြောသောအခါငါးလွှတ်ပေးနေတဲ့သူမှငါးတစ်ကောင်ကိုလက်ထဲကောက်ကိုင်ရင်းဖြင့်ပြန်
လည်ပြောလိုက်သည်မှာ“တင်ကျန်နေတဲ့ငါးလေးတွေအားလုံးရဲ့ကံကြမ္မာကတော့အားလုံးအတူတူပါဘဲ၊ဒါပေမယ့်ငါ့လက်ထဲကိုရောက်နေတဲ့ငါးလေးရဲ့ကံကြမ္မာ
ကတော့ပြောင်းလဲသွားပြီ”ဟုဆို၍လက်ထဲကငါးလေးကိုပင်လယ်ရေနက်ထိရောက်အောင်ပစ်လိုက်ပါတော့တယ်။”တစ်ဦးကောင်းတစ်ယောက်ကောင်းဖြင့်မ
ရနိုင်သော်လည်းအမှားများပြီးအမှန်ဖြစ်နေသောလောကတွင်ပင်ကိုယ်ဉာဏ်စွမ်းအားဖြင့်လူလောကသာယာစေရန်နိုင်သလောက်အကျိုးပြုလုပ်ဆောင်သင့်ပါ
တယ်။ထိုသို့သောအတွေးအခေါ်ဆင်ခြင်မှုအားနည်းသောကျောင်းသားမိဘများနှင့်ကျူရှင်ပြအတန်းပိုင်ဆရာမတို့အတွက်ဆောင်ပုဒ်မှာ
“ငွေရ၊အချိန်ရ၊မေးခွန်းရနှင့်ပုံစံရိုက်သွင်းကလေးငယ်ပညာရေး”ဖြစ်နေပါတော့တယ်။
ရွှေရောင်အဆင်းနှင့်ဝိုင်းကြီးချုပ်စာစစ်ခြင်း
ယခုအခါတွင်မူလတန်း၊အလယ်တန်းကလေးငယ်များနှင့်ကျောင်းသားမိဘများအတွက်ဝမ်းမြောက်ဖွယ်ရာစာစစ်သောစနစ်တစ်ခုကိုနယ်မြို့ကျောင်း
များတွင်ရံဖန်ရံခါပြောင်းလဲစစ်ဆေးပေးနေပြီဖြစ်ပါတယ်။တက္ကသိုလ်ဝင်တန်းစာမေးပွဲများကိုစာစစ်သောဝိုင်းကြီးချုပ်စာစစ်ခြင်းစနစ်အတိုင်းလပတ်
စာမေးပွဲများတွင်ယုံကြည်မှုအားနည်းရသောမူလတန်း၊အလယ်တန်းများ၏အတန်းများနှင့်ကလေးများ၏စစ်မှန်သောအရည်အချင်းများကိုသေချာ
သိလိုသော၊လပတ်များတွင်ဝိုင်းကြီးချုပ်စနစ်ဖြင့်စာမေးပွဲအဖြေလွှာများကိုစစ်ဆေးနေပြီဖြစ်ပါတယ်။မူလတန်းဟုဆိုရာတွင်သူငယ်တန်း၊ပထမတန်းများ
မပါဝင်ဘဲဒုတိယတန်းမှစ၍စစ်ဆေးခြင်းဖြစ်ကြောင်းသိခဲ့ရပါတယ်။နယ်မြို့စာသင်ကျောင်းများတွင်မူလတန်း၊အလယ်တန်းများအတွက်ဝိုင်းကြီးချုပ်ကို
စတင်ဖော်ဆောင်သောလပတ်တွင်အခန်းတစ်ခန်းတွင်ကျောင်းသားဦးရေ(၆၀)ရှိလျှင်အယောက်(၃၀)ကိုသာဝိုင်းကြီးချုပ်ဖြင့်စစ်ဆေးပေးနိုင်ခဲ့သော်လည်း
ယခုအခါတွင်သေချာစေချင်သောလပတ်များတွင်အယောက်(၆၀)လျှင်(၆၀)စလုံးကိုစစ်ဆေးနိုင်တော့မည်ဟုကြားသိရသဖြင့်မူလတန်း၊အလယ်တန်း
ကလေးငယ်များအတွက်ဝမ်းသာမိပါတယ်။စာစစ်သောဆရာ၊ဆရာမများအတွက်အလုပ်ပိုရှုပ်၊လက်ပိုညောင်း၊မျက်စိပါပိုညောင်းရသော်လည်းကလေး
ငယ်များ၏အရည်အချင်းအမှန်ကိုသိနိုင်တော့မည်ဖြစ်ပါတယ်။သို့မှသာအမှတ်ပြင်၊အဆင့်ပြင်၊မေးခွန်းပေးသော
ကျူရှင်ပြအတန်းပိုင်ဆရာမများ၏အဆိပ်သင့်သောလက်များနှင့်ပျိုးထောင်ခြင်းမှကင်းဝေးနိုင်မှာဖြစ်ပါတယ်။ရံဖန်ရံခါသာစာစစ်ပေးသောဝိုင်းကြီးချုပ်စနစ်သည်
မူလတန်း၊အလယ်တန်းကလေးငယ်များပညာရေးအတွက်ခေတ်ပြောင်း၊စနစ်ပြောင်းကဲ့သို့သက်ရောက်မှုရှိသောကြောင့်ကလေးအရည်အချင်းအမှန်ကိုသိ
လိုသောကျောင်းသားမိဘတိုင်ကနှစ်သက်မည်ဟုတွေးမိပါတယ်။ရွှေရောင်အဆင်းမြမြနှင့်ဝိုင်းကြီးချုပ်စာစစ်သောစနစ်ကိုမူလတန်းဒုတိယတန်းမှစ၍အလယ်
တန်းအဆင့်အထိနိုင်ငံတော်မှသေချာစေချင်သောလပတ်များသာမကလပတ်စာမေးပွဲတိုင်းတွင်စစ်ဆေးရမည်ဟုညွှန်ကြားချက်ပေးခဲ့ပါလျှင်မှန်ကန်သော
အရည်အချင်းကိုလိုလားကြသောကျောင်းသားမိဘများအနေဖြင့်ဦးစွာဝမ်းမြောက်ဝမ်းသာဖြစ်ကြမည်ကိုတွေးမြင်မိပါတယ်။ရွှေရောင်အဆင်းနှင့်အကောင်း
များဝိုင်းရံလာချိန်တွင်အဆိုးတစ်ခုဖြစ်လာနိုင်သည်မှာစာမေးပွဲ
အတွက်အတန်းပိုင်ဆရာမမှမေးခွန်းနှစ်စုံ(သို့)သုံးစုံထုတ်ပေးရသောကြောင့်မေးခွန်းလိုက်ချင်သောကျောင်းသားမိဘများနှင့်ငွေကြေးသာအာရုံထားသော
ဆရာမများအတွက်မုန့်လုံးစက္ကူကပ်၍သန့်ရှင်းမှုအားနည်းနိုင်သည်ကိုလည်းတွေးမြင်မိပါတယ်။နိုင်ငံတော်အတွက်အရေးကြီးသောအခန်းကဏ္ဍမှပါဝင်သော
ပညာရေးသည်နိုင်ငံတော်လစာစားပညာရေးဝန်ထမ်းကျူရှင်ပြဆရာ၊ဆရာမများအနေဖြင့်ဆရာ
ချစ်နိုင်(စိတ်ပညာ)ရေးထားသော“အပေါ်ယံရွှေမှုန်ကြဲအထဲကနောက်ချေးခံ”ထားတဲ့လှည့်စားစေတနာမျိုးလည်းမဖြစ်သင့်ပါ။ပညာရေးဝန်ကြီးဌာနမှအခမဲ့ပညာရေး
စနစ်ကိုတည်ဆောက်ထူထောင်ပေးနေသော်လည်းပညာရေးဝန်ကြီးဌာန၏ဆန့်ကျင်ဘက်လမ်းကိုရွေးချယ်၍လျှောက်ချင်သူများအတွက်ထိုက်သင့်သောပြစ်ဒဏ်များ
လည်းလိုအပ်နေကြောင်းတွေးတောမိပါတယ်။ငယ်စဉ်အခါကပညာနှင့်ပတ်၍ကြားဖူးခဲ့သောစကားပုံလေးမှာ“ပညာရွှေအိုးလူမခိုး”ဟုဆိုသော်လည်းယခုမျက်မှောက်ခေတ်
ကျူရှင်ပြဆရာ၊ဆရာမများနှင့်တွေ့သောအခါ“ရွှေအိုးပေးမှပညာရ”ဆိုသလိုဖြစ်နေပါတော့တယ်။။
2 comments
thit min
November 5, 2012 at 4:40 pm
မူလတန်းပြ ဆရာ/ဆရာမရဲ့ အရေးပါပုံကို ပြောပြပေးတဲ့ စာကောင်းတပုဒ်ပါဘဲ။
ကိုဆေးလ်ဗားဟီးရိုး ရေ။
ကျနော့အမြင်ကတော့
ခုခေတ် လူကြီးတွေလို ပျက်စီးယိုယွင်း နေတဲ့ စိတ်ဓာတ်တွေ၊
စည်းကမ်းမဲ့ နေတဲ့စိတ်ဓာတ်တွေ၊
ဘယ်သူသေသေ ငတေမာစိတ်ဓာတ်တွေ၊
ငါနဲ့မတူ ငါ့ရန်သူ စိတ်ဓာတ်တွေ၊
၂ယောက်ထဲနဲ့ ၃ ပါတီ ဖွဲ့ရမဲ့ စိတ်ဝမ်းကွဲမှုတွေ၊
အားလုံးကို မျိုးစေ့ချပေးနိုင်တဲ့ နေရာ၊ပုံသွင်းပေးနိုင်းတဲ့ နေရာ ဟာ မူလတန်းကျောင်းပါဘဲ။
တခုပါဘဲ။
ပုံသွင်းပေးမဲ့ ဆရာ/ဆရာမများ ကိုယ်တိုင် အဲဒီ စိတ်တွေ ရှိနေဖို့တော့ အရမ်းအရေးကြီးတာပေါ့နော်။
—————-
စကားမစပ်ပြောရရင် ကိုဆေးလ်ဗားပြောတဲ့
(ဆရာဖေမြင့်ရဲ့ ဘာသာပြန် ကြယ်ငါးလေးတကောင်အကြောင်း
သူ့ မူရင်းနာမည်က တကြိမ်မှာတခု ဆိုလား ကောင်းကောင်းတော့မမှတ်မိတော့ဘူးခင်ဗျ)
စာစုလေးကတော့ မန်းဂေဇက်ရဲ့ စာရေးသူတော်တော်များများ ကိုးကားကြတဲ့ မန်းဂေဇက်
နာမည်ကျော် ဥဒဟရုဏ်လေးလို့ပြောလို့တောင်ရပါတယ်။
ကိုဆေးလ်ဗားကလဲ ကိုးကားတယ် ဆိုတော့ မန်းဂေဇက်ကိုအပ်တူဒိတ် ဖြစ်သူ လို့ ဆိုချင်ပါတယ်။
—————
လေးစားစွာဖြင့်
သစ်မင်း(^^)
Thu Wai
November 6, 2012 at 10:46 am
“ရွှေအိုးပေးမှပညာရ”
ကြိုက်တယ်ဗျာ