Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ခင်ခရဲ့ ဘဝတစ်ခုကို ဖြစ်တည် ဖြတ်ကျော်ခြင်း

ခင္ခNovember 7, 20121min61921

ခင်ခရဲ့ ဘဝတစ်ခုကို ဖြစ်တည် ဖြတ်ကျော်ခြင်း

မိုးတွင်းကာလဆိုပေမယ့် ထိုနေ့ကမိုးရွာခြင်းမရှိသေးဘဲ အရှေ့အရပ်ဆီက နေမင်းကြီးသည် တစ်နေ့တာ အလင်းထွန်းလင်းတောက်ပရန် အားအင်ပြည့်နဲ့ချီတက်လာနေပြီမို့ ညအမှောင်ကိုစတင်ကာ ဖြိုးခွင်းတော့မယ့် အာရုံဦးရောင်နီလင်းလေတဲ့ အချိန်ကာလမှာ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဗားကရာလမ်းတွင် ဟိုးအရင်က တည်ရှိခဲ့သော ပုပ္ပလိကအပြင်ဆေးခန်းဖြစ်တဲ့ ပြင်ဦးလွင်အမည်ရ ဆေးခန်း၏ မွေးခန်းထဲက ကလေးအော်သံ အုဝဲ အုဝဲ အုဝဲ လို့ဆိုကာ လူလောကထဲကို ခင်ခ တစ်ယောက်မွေးဖွားရောက်ရှိပါပေါ့ ကျေးဇူးကြီးစွာ မိနဲ့ဖ အား ကန်တော့စွာဖြင့် ဒီပိုစ့်စတင်ရေး လိုက်ပါပြီ မွေးဖွားသန့်စင် ဆိုလေသည်။

ဒီလိုနဲ့လူလောကထဲရောက်လာတဲ့ ခင်ခ တစ်ယောက် ငယ်ငယ်ကလေးလေးဘဝတွေကျော်လွန်လို့ အသက် အရွယ်ငါးနှစ်ပြည့်တော့ စမ်းချောင်းနေထိုင်ရာ အိမ်နားကမူလတန်းကျောင်းမှာထားလို့ မနက်ကျောင်းနဲ့အိမ်က မျက်စောင်းထိုးလေး လမ်းကူးလိုက်ရင်ရောက်တာကို မနက် ရ နာရီခွဲကျော် မနက်စာစားပြီး ၈ နာရီလောက်မှာ  ကျောင်းလွယ် အိတ်စလွယ်သိုင်းလွယ်လို့ ကျောင်းသွားပြီပေါ့၊ ကျောင်းက ၉ နာရီမှ စတက်တာဆိုပေမယ့် ကျောင်းခန်းထဲလွယ်အိတ်ချပြီး ငယ်သူငယ်ချင်းတွေနဲ့ ကစားကြတာလေ၊ အဲလို လွယ်အိတ်လွယ် စောစော ကျောင်းသွားမယ်လုပ်တိုင်း အဖိုးနဲ့အဖွားကတော့ အော်လေရဲ့ ဒီလောက် အစောကြီးကျောင်းဘာသွားလုပ်မှာ လဲလို့လေ၊ ဒါပေမယ့်လည်း အဖိုးကလည်း အဖွားကလည်း သားသူငယ်ချင်းတွေနဲ့ ကစားဖို့ချိန်းထားလို့ ကစား မလို့ စသည်ဖြင့်ဆင်ချေပေးပြီး ကျောင်းကိုပြေးပေါ့၊ အဲဒီကျ အဖိုးအဖွားက မှာရှာသေးတယ် ကျောင်းဝင်း ထဲမှာ ဘဲကစားနော် ကားလမ်းမတွေပေါ်ထွက် မကစား နဲ့လို့လေ။ ခင်ခ တို့မူလတန်းကျောင်းသားတုန်းက ၄ တန်း က အစိုးရစစ်မို့ ကိုယ့်ကျောင်းတက်နေတဲ့ ကျောင်းမှာအတန်းတင်စာမေးပွဲကို မဖြေရဘူး အခြားကျောင်းမှာ သွားဖြေရတယ်၊ အဲဒီတုန်းက အထက ၁ စမ်းချောင်းဆိုတဲ့ ဟံသာဝတီအဝိုင်း ယခင်မြန်မာ့အသံဝင်းနားက ကျောင်းမှာသွားဖြေရတာလေ၊ အဲလိုစာမေးပွဲကို သူများကျောင်းမှာ သွားဖြေရတာ ခင်ခ ကတော့ပျော်တာပေါ့၊ ဘာလို့လဲဆိုတော့ စာမေးပွဲက မနက်တစ်ချိန် ညနေတစ်ချိန်ဖြေရတာ ကြားထဲမှာ ခဏနားချိန် ထမင်းစား၊ နောက်ဖြေမယ့်ဘာသာအတွက် စာပြန်ကျက်ဆိုတော့ အဖွားနဲ့အမေက စာမေးပွဲဖြေတဲ့ကျောင်းဝင်းထဲက အပင်ရိပ်မှာလာစောင့်ပြီး ထမင်းကျွေးတာလေ ပျော်ပွဲစားထွက်တာကျနေတာဘဲမို့ပါ၊ မူလတန်းတစ်လျှောက် အိမ်နဲ့ကျောင်းက ကားလမ်းကူးလိုက်ရင်ရောက်တာ ဆိုတော့ နေ့လည်ထမင်းစားကျောင်းဆင်းရင် အိမ်ပြန် ပြီးနေ့လည်စာထမင်းစားရတာလေ အခုလိုကျောင်းမှာစားရတာ မကြုံဖူးခဲ့ဘူးပေါ့။ မူလတန်းအဆင့်ပြီးလို့ အလယ်တန်းစတဲ့ ပဉ္စမတန်းရောက်တော့ အဖေ့ရဲ့ သူငယ်ချင်းဆရာမတစ်ယောက် စာသင်ပြတဲ့ မြို့မ အမျိုးသား  ကျောင်းလို့အမည်တွင်တဲ့ ဒဂုံမြို့နယ်က အထကကျောင်းကိုပြောင်းပြီးတက်ရတဲ့အခါမှာလည်း ကျောင်းကား လာကြိုသမို့ မနက် ရ နာရီခွဲကျော်ဆို ကျောင်းသွားရတာပါဘဲလေ၊ ဒါပေမယ့် ကျောင်းကားမို့ တစ်လမ်းဝင် တစ်အိမ်ရပ်နဲ့မို့ ကျောင်းကားပေါ်မှာကြံဖန်ဆော့တာဘဲပေါ့၊ ထိုင်လျှက်ဆော့လို့ရတာတွေလေ ဥပမာ စာရွက် ပေါ်မှာအစက်လေးတွေကို မျဉ်းပိတ်ပြီး အိမ်ဦးတမ်းဆော့တာတို့၊ စကားထာဖွက်တာတို့လိုမျိုး လေ၊ အခုခေတ်လိုမျိုး ဂိမ်းစက် ကလေးတွေပေါ်ခဲ့ရင်တော့ တစ်ကားလုံး တီတီ တန်တန် တွေနဲ့ဖြစ်နေမှာ တွေးမိသေးတယ်၊ ဒါပေမယ့် ကျောင်းကားကို ၃ နှစ်လောက်ဘဲစီးလိုက်ရတယ် လှည်းတန်းပြောင်းနေကြတာမို့ အဲဒီဖက်ဆို ကျောင်းကားမရောက်ဘူးဆိုလို့ မြို့မကျောင်းကို လှည်းတန်းဘူတာကနေ လမ်းမတော်ဘူတာကို မြို့ပတ် ရထားစီပြီးသွားရတယ်လေ၊ ရထားလက်မှတ်က လပေးလုပ်ထားလို့ရပြီး ကျောင်းသားဆိုရင် တစ်ဝက် ခမို့ ဘတ်စ်ကားစီးတာထက် အတော်သက်သာတယ်လေ၊ ပြီးတော့ဘတ်စ်ကားနဲ့ဆိုရင် ပဲခူးကလပ်မှတ်တိုင်မှာ ဆင်းပြီးပြည်လမ်းဆိုတဲ့ကားလမ်းကိုကူးရမှာ အိမ်ကစိတ်မချတာလဲပါတာပေါ့၊ အဲဒီရထားနဲ့စီးပြီးကျောင်းတက် ရတုန်းက ကိုဖုန်းမော်က အထက ၁ လသာ မှာကျောင်းတက်တာမို့ ရထားအတူစီးတဲ့ သူငယ်ချင်းအဖြစ် ရင်းနှီး ခဲ့ကြတယ်လေ၊ အထက်တန်းကျောင်းမှာ မှတ်မှတ်ရရ ခင်ခ နှစ်သက်ခဲ့တဲ့အမုန်း တစ်ခုကြုံခဲ့ဖူးတယ်၊ ခင်ခ အဌမတန်းတုန်းက တစ်ရက်ကျောင်းမှာ ညနေဘက် ဆရာဆရာမတွေ အစည်းအဝေးရှိတာမို့ နေလည်ထမင်း စားကျောင်းလွှတ်ပြီး ပြန်တက်ရင်စာမသင်ဘူးမို့ သူငယ်ချင်းတွေက ကျောင်းလစ်ပြီး သမ္မတရုံမှာပြနေတဲ့ ရုပ်ရှင်မင်းသားကျော်ဟိန်းပါတဲ့ ကျီးယောင်ဆောင်သောဒေါင်း သွားကြည့်ရအောင် ဆိုလို့ နေ့လည် ထမင်းစား ကျောင်းဆင်းတော့ လိုက်သွားတာလေ၊ သမ္မတရုပ်ရှင်ရုံကို ဒဂုံက မင်းမနိုင်ဆိုတဲ့တိုက်ခန်းအုပ်စုထဲက လမ်း လျောက်ဖြတ်သွားရင်ရတာမို့ ခင်ခ အပါအဝင် သူငယ်ချင်း ၆ ယောက် သွားကြတာပေါ့၊ အဲလိုသွားလို့ မင်းမနိုင် တိုက်ခန်းတွေ အလွန် ယောက်လမ်းထဲကိုကူးမယ်လုပ်တော့ အဲဒီယောက်လမ်းထိပ် မှာ ယခင်က ဒဂုံမြို့နယ် ပါတီရုံးရှိပြီး အဲဒီရုံးထဲက ခင်ခတို့ကျောင်း တက်တဲ့ မြို့မကျောင်း ကျောင်းအုပ် ဆရာကြီး ဦးငြိမ်းမောင်လည်း ထွက်လာရော ခင်ခ တို့ ကျောင်းစိမ်းအုပ်စုကိုတွေ့တော့ ဆရာကြီးက ကလေးတို့ဘယ်ကျောင်း ကလည်းလို့ လှမ်းအော်ကာမေးလိုက်တယ်ဆိုရင်ဘဲ ပြေးဖို့နေနေတာတာ လက်ကလေးတွေပိုက်လို့ မျက်နှာငယ်လေးတွေ နဲ့ ဆရာကြီးနားတိုးပြီး အသံမထွက်တထွက်နဲ့ ဆရာကြီးကျောင်းကပါလို့ဖြေလိုက်တယ်ဆိုရင်ဘဲ ဆရာကြီး က ဟေ ဒါဆိုငါနဲ့ကျောင်းပြန်လိုက်ခဲ့ဆိုလို့ ကျောင်းပြန်ပါသွားခဲ့ပါရော၊ လမ်းတစ်လျှောက်လည်း ဘာလို့ ကျောင်းပြေးကြတာလဲ ဒါကောင်းတဲ့အကျင့် မဟုတ်ကြောင်း ရှင်းပြကာ ဆူပူကြီမ်းမောင်းပေါ့၊ ခင်ခ တို့တစ်သိုက် လည်းဟုတ်ကဲ့နဲ့လိုက်ခဲ့ရတာပေါ့၊ ခင်ခ တို့ခေတ်အခါတုန်းက ဆရာ၊ဆရာမ ဆိုရင်ရိုသေကြောက်ကြတဲ့ ခေတ်လို့ပြောရင်ရမယ်ထင်ပါတယ် ဒါကြောင့်လည်း ကလေးတို့ဘယ်ကျောင်းကလည်း ဆိုပြီးဆရာကြီး ပြောရုံရှိသေး တယ် ခြေလှမ်းတွေက ဆရာကြီးထံတိုးခဲ့ပြီး လက်ကလေးတွေကိုယ်စီပိုက်လို့လေ၊ ကျောင်းလဲ ရောက်ရော ဆရာကြီးက သူရုံးခန်းထဲက ကြိမ်းလုံးဝင်ယူပြီး၊ အတန်းပိုင်ဆရာမကို သွားခေါ်စေကာ အတန်း ရှေ့စာသင်စင်ပေါ်မှာ တစ်ယောက်ချင်း လက်ပိုက်ကာ ကျောင်းပြေးတဲ့ခြေထောက်ဆိုပြီး ခြေတစ်လုံးကို သုံးချက်စီရိုက်ပါလေရော၊ တစ်တန်းထဲကျောင်းသားတွေရှေ့မှာ အစော်ခံရပြီး၊ အဲဒီကျောင်းပြေးတဲ့ သတင်းကို အဖေ့ရဲ့အသိ ဆရာမသိသွားတော့ ခင်ခ ကိုခေါ်ခိုင်းလိုက်ပြီး ဆူတာပေါ့၊ အဲဒီဆူတဲ့ထဲမှာ အဲလိုကျောင်းပြေး တဲ့အကျင့်ကို ဆရာမ မကြိုက်ဖူး အဲဒီအကျင့်ကို ဆရာမ မုန်းတယ် တဲ့။ ခင်ခ နှစ်သက်မိတဲ့အမုန်းကြောင့် တစ်ခါဆို ဆိုတလောက်ဘဲမို့ ဆယ်တန်းအောင်သည်ထိ ဘယ်တော့မှကျောင်းမပြေးဖြစ်ဘဲ အတန်းမှန် ကျောင်းမှန် လို့ ကျောင်းတက်ရက်မှန်ဆုတောင် ၂ နှစ်ဆက်တိုက် ရခဲ့ဖူးတယ်လေ။

ဒီလိုနဲ့ အထက်တန်းပညာသင်ယူအောင်မြင်ပြီး တက္ကသိုလ်ရောက်ပေါ့၊ ခင်ခတို့တုန်းက လှိုှု်င်နယ်မြေကောလိပ် နဲ့ ရန်ကုန်တက္ကသိုလ်ဆိုတာ အခုခေတ် တက္ကသိုလ်တွေလို ဟိုးမြို့ပြင် အဝေးကြီးသွားတက်ရတာမဟုတ်ဘဲ လူစည်ကားရာ ရန်ကုန်မြို့တွင်းနေရာတွေမှာမို့ ပျော်စရာလည်းကောင်းသလို၊ ရန်ကုန်တက္ကသိုလ် အနီးအနား အင်းယားမှာလည်း တလားလားပါဘဲလေ။ တက္ကသိုလ်ကဘွဲ့ရလို့ ကျောင်းပြီးတဲ့ အချိန်မှာတော့ ခေတ်စနစ် တွေ အများကြီးပြောင်း ခဲ့ကာ အရင်လိုပြည်သူပိုင်တွေ အစိုးရရုံးလုပ်ငန်းတွေဘဲ ရှိနေခဲ့ရာက ပုပ္ပလိကပိုင် ထုတ်ကုန် သွင်းကုန် ကုမ္မဏီလုပ်ငန်းတွေပေါ်လာခဲ့ပြီမို့ ခင်ခ တစ်ယောက်လည်း ကုမ္မဏီဝန်ထမ်းအဖြစ် သူ များကိုအချိန်ရောင်း လခယူဖြစ်ခဲ့ရပြီပေါ့လေ။ ဒီလိုနဲ့တစ်ပါးသူပိုင် အလုပ်မို့ စေခိုင်းရာအလုပ် တာဝန်တွေကို သဘောကျစွာလက်ခံဖြစ်တော့ အခုလို မန်းမှာနေဖြစ်ပြန်ပြီပေါ့။

အခါတော်ပေးတာက နတ်ရေးတဲ့ရွှေစာ သာသနာရောင်လင်း ကောင်းခြင်းသုမင်္ဂလာ—၊ ဆိုပြီး အခါတော် သီချင်း သံကများ မြိုင်ဆိုင်စွာနဲ့ မင်္ဂလာဆွမ်းကျွေး ဧည့်ခံပွဲလေးလုပ်လို့ မဒမ်ခင်ခနဲ့ အကြောင်းပါ ပေါင်းဖက် ကာ တူနှစ်ကိုတိုင်းပြည်တည်ထောင်ပြီး တစ်ဦးကိုတစ်ဦး ဖေးမကူညီ လက်တွဲညီလို့ ကြည်နူးပျော်ရွှင်ကာ နေရ တာလည်း လူ့ဘဝ အပိုင်းဆက်တွေကို ဖြတ်ကျော်လှမ်းနေချိန်တွေပေါ့လေ။

တစ်နေ့သ၌မှာတော့ ရေဝေးသုဿန်ရဲ့ ခန်းမကျယ်ကြီးတစ်ခုမှာ သေချာအကျအန သေဆုံးသူရဲ့ အသက်မဲ့ ခန္ဓာရုပ်အလောင်းကို ပန်းအလှအစီအရီနဲ့ လွမ်းစရာ ပန်းခွေပန်းခြင်း အမျိုးမျိုးပတ်လည်ဝိုင်းကာခြံပြီး ပြင်ဆင် လို့ လူ့ဘဝရဲ့ နောက်ဆုံးခရီးအတွက် လိုက်ပါပို့မည့် ဆွေမျိုး သူငယ်ချင်း အပေါင်းအသင်း မိတ်ဆွေတွေ ကို ရေသန့်ဗူးသေးနဲ့အတူ ယက်တောင်လေးတွေ ပေးဝေမျှလို့ ဧည့်ကြိုနေရမြင်ကွင်းကဖြင့် လွမ်းစရာလိုလို ဝမ်းနည်းစရာလိုလိုနဲ့ သံဝေဂ တရားဘဲယူရမလား၊ ဝတ္တရားတစ်ခုမို့မဖြစ်မနေလာရတယ်လို့ဘဲဆိုရမလား စတဲ့ လားအတွေးတွေနဲ့ ဆုံးပါး သွားသူနဲ့ ကျန်ရစ်သူတို့ရဲ့ ပြန်မဆုံနိုင် စရာ နုတ်ဆက်ကြရာ နေရာတစ်ခုပင်ဖြစ် လေသည်။ အခုလည်း ပိုစ့်အသက် ( ၁၁၁ )တွင် ( ၉၆ပါး + additional ) ရောဂါနဲ့ကွယ်လွန်သွားသူ ကိုခင်ခ ရဲ့နောက်ဆုံးခရီးကို လာရောက်ပို့ဆောင်ကြတာဖြစ်ပါတယ်၊ လာရောက်ပို့ဆောင်ကြမည့်သူတွေကို ပေးဝေမျှ နေတဲ့ ယက်တောင်လေးမှာ ရေးထားတာကတော့ –

အများသူဌာ ကူညီကာဖြင့်

ကမ်းလင့်လက်ကလေး ဖေးမပေး၍

စိတ်ကောင်းနှလုံး ရှိသည်ဖြစ်သော်

သေလွန်သည့်အခါ တသဿနှင့်

နှမြောတတ်ကြ လူ့ဘဝ။

ပြိုင်ဆိုင်လိုစိတ် မနာလိုစိတ်ဖြင့်

ကိုယ် ရမှ ပေး မရလျှင် ပြေး

အတ္တကြီးစွာ ပရ မပါ

နေထိုင်လာကြ ဤသူများက

သေလွန်သည့်အခါ နှာခေါင်းရယ်ရှုံ့

နှမြောသူမရှိ ငြောင်းရပေ၏

ဒါလည်းလူ့ဘဝ ဆိုလေသည်။

—– —— —— ——– —— ပြီးပါပြီ ——- ——— ——- ——- ——- ——

 

အလုပ်ပိတ်ရက် နေ့လည်ခင်းခြံထဲအရိပ်လေးမှာ ပက်လက်ကုလားထိုင်လေးနဲ့ စာဖတ်နေတာမျက်စိ ညောင်းလာလို့ ခဏလေးနားရင်း ကိုယ့်ဘဝ ကိုယ့်အကြောင်းကို ပြန်တွေးနေမိကာ ပိုစ့်လေးအဖြစ် ရေးလိုက်ချင်တာနဲ့ လူတိုင်း ဘဝတစ်ခုကို ဖြစ်တည် ဖြတ်ကျော် ကြုံတွေ့နေကြတာပါလားလို့ ခင်ခ အတွေးပါးပါး အရေးများအဖြစ် ရေးမိလိုက်တာပါ။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ

21 comments

  • jullies cezer

    November 7, 2012 at 12:04 pm

    ဖတ်ရှုအားပေးသွားပါတယ် ကိုခင်ခရေ …….

  • Khaing Zar Win

    November 7, 2012 at 12:13 pm

    ခုမန်းလေးမှာ နေတာဆိုတော့ ဆံထုံးနောက် ယောင်ပါလာတာလား ကိုခင်ခ။
    🙂

  • ရွာသူ jujuma .

    November 7, 2012 at 1:27 pm

    အားပေးသွားပါတယ်ဗျို့…

  • Thu Wai

    November 7, 2012 at 1:27 pm

    ကျွန်တော်တို့ အသိ နာရေးကူညီမှုအသင်းက လူကြီး တစ်ယောက်ဆို သူသေရင် အလောင်းပေါ်လွှမ်းဖို့ အင်္ကျီတွေပါ သပ်သပ်ဖယ်ပြီးသား အလောင်းပြင်ဖို့ အဝတ်အစားတွေပါရွေးပြီးမှာခဲ့ပြီးသား။
    အဲလိုလူ မျိုးတွေကျတော့လဲ သေဖို့အတွက်ပြင်ဆင်ပြီးသားမို့ အားကျစရာ ။ စနေနေ့ က သူ့အသုဘ မှာ ဘာမှ လိုအပ်ချက်မရှိ ဘဲ ပြီးသွားတာ။ ကိုခင်ခ လဲ အဲလိုပြင်ဆင်ထားတယ် ထင်ပါရဲ့ဗျာ။

  • Khaing Khaing

    November 7, 2012 at 1:29 pm

    ဦးဦးခ …. ညီမတို့လည်း ၄ တန်းတုန်းက အစိုးရစစ်တိုးခဲ့တယ် ….

    ဒေါင်းယောင်ဆောင်သောကျီး အဲဒီရုပ်ရှင်ကားကို ညီမလည်းအရမ်းကြိုက်ခဲ့တယ် …. အခုများ မြန်မာ့အသံ က ပြန်လွှင့်လေမလားလို့ စောင့်ကြည့်ခဲ့ရတာအမောပါပဲ ……

  • မောင်ပေ

    November 7, 2012 at 1:32 pm

    ဒီလိုရှိတယ်ဗျ
    အဟီး
    ဟိုဒင်းလေ
    ကုလားကားလေး ကြည့်ခွင့်တော့ ပြုဖို ့
    ပြောခဲ့ပါနော…
    ခင်မင်မှုဖြင့်လိုက်ပို ့မည်သူ
    မောင်ပေ

  • ရွှေအိမ်စည်

    November 7, 2012 at 3:07 pm

    လူတိုင်းဘဝပေါင်းများစွာ သွားနေကြမှာပါဘဲလေ….
    ဒါပေမယ့် ကိုယ့်ရောက်ရှိတဲ ့ဘဝတိုင်းမှာ…
    အရာရာကအရေးပါပါတယ်…
    အထူးသဖြင့် နေတတ်ဖို ့လိုသလိုသေတတ်ဖို ့လည်း….လိုနေမှာပါဘဲ

    ကျေးဇူးပါ

  • အဲလိုအစမ်းသေကြည့်တာ သီချင်းတစ်ပုဒ်ရှိဘူးတယ်
    ပလေးဘွိုင်သန်းနိုင်နဲ့ ပုလဲ ကိုလေးလွင်ရေးတာ
    ဖြည ်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးတဲ့
    ဝေးတမြေ စိမ့်ရှိုင်းနက်တယ်…………………………
    တိမ်လွှာစိုင်လိုပေ့ါပေါ့ပါးပါးကွယ်……………………………………
    ဘယ်ဆီခေါ်မယ်ပြောလဲ မပြောဘဲ ပွေ့လို့ ချီယူ…………………………………..
    နောက်ပိုင်းမှာတော့ ထူးအိမ်သင် ပြန်ဆို ဘူးတယ်

  • စိန်ဗိုက်ဗိုက်

    November 7, 2012 at 7:20 pm

    အူးခ
    ၁၁၁ နှစ်ပြည့်မှ သေမှာပါလို ့ နိမိတ်ကြိုဖတ်တာလားဟင်.

  • အလင်းဆက်

    November 8, 2012 at 9:24 am

    နှစ်သက်မိတဲ့အမုန်းကြောင့် တစ်ခါဆို ဆိုတလောက်ဘဲမို့ ဆယ်တန်းအောင်သည်ထိ ဘယ်တော့မှကျောင်းမပြေးဖြစ်ဘဲ အတန်းမှန် ကျောင်းမှန် လို့ ကျောင်းတက်ရက်မှန်ဆုတောင် ၂ နှစ်ဆက်တိုက် ရခဲ့ဖူးတယ်လေ /

    သားသားနဲ ့တော့..ကွာ ချက်

    သားကတော့.ကျောင်းပြေး လွန်းလို ့..
    ဆရာမ အိမ်ထိ လိုက်ခေါ်တာတောင် ခံရသေး…
    🙂

    • Ko Khin Kha ( သရီးကေ )

      November 8, 2012 at 10:24 am

      jullies cezer ရေ ဦးဆုံးကွန်မန့်ပေးသူအဖြစ် ကျေးဇူးတင်လျှက်ပါနော်။

      မခိုင်ဇာဝင်းရေ ခင်ခ နဲ့ မဒမ်ခင်ခ နှစ်ယောက်စလုံး ရန်ကုန်သားနဲ့ရန်ကုန်သူပါဗျ၊ ဆံတုံးနောက်ယောင်ပါ မဟုတ်ပါဘူး၊ မဒမ်ခင်ခက မန်းမှာထက် ရန်ကုန်မှာပိုနေချင်သဗျ။ ကျွန်တော်အလုပ်နဲ့လုပ်ငန်းတွေက မန်းမှာဖြစ်နေလို့ ပျော်ရာမှာမနေ တော်ရာမှာနေရ ဆိုသလိုမျိုး မန်းမှာနေဖြစ်နေကြတာပါ။

      ဆရာပေရေ ကုလားကားကြည့်ဖို့ကတော့ ထုံးစံတိုင်းလုပ်ချင်သပဆို လုပ်ပေါ့ဗျာ။

      ကိုစိန်ဗိုက်ရေ အဲလောက်ထိ နေရမယ်ဆိုရင် နေချင်တာအမှန်ဘဲလေ။ ဒါကြောင့်လည်း စိတ်ကူးတွေးကြည့်တာပေါ့။

      ဖတ်ရှု့အားပေး ကွန်မန့်သူ ရွာသူ jujuma ၊ ကိုသုဝေ ၊ မမခိုင် ၊ ရွှေအိမ်စည် ၊ ကိုပေါက် တို့ကိုလည်း ကျေးဇူးပါနော်။

      ကိုအလင်းဆက်ရေ အစော်ပလော်မတီးခံရတော့လည်း ရဲပေမပေါ့ဗျာ။

  • Hnin Hnin

    November 8, 2012 at 10:29 am

    အဆုံးသတ်ရောက်တော့မှ စိတ်မကောင်းဖြစ်သွားရတယ်…
    နှင်းနှင်းကတော့ ၂တန်းတုန်းက သူငယ်ချင်းကောင်မလေးနဲ့လပတ်စာမေးပွဲဖြေဖို့
    နောက်ကျလို့ အတန်းထဲမဝင်ရဲလို့ နှစ်ယောက်သားတိုင်ပင်ပြီး အတန်းလစ်ကြတာ…
    ရေကန်နားမှာ သွားဆော့နေကြတာ.. 🙂 …အဲ့အထိတော့ မှတ်မိတယ်…
    ခပ်တည်တည်နဲ့နှစ်ယောက်သား ကျောင်းဆင်းမှ အိမ်ပြန်လာကြတာတဲ့..
    နောက်မှ ဆရာမက နှင်းနှင်းတို့နှစ်ယောက် စာမေးပွဲလာမဖြေဘူး တိုင်စာပို့မှ
    အမေတွေနှစ်ယောက်က သိကြတာတဲ့….အမေတွေကတော့ အံ့ဩသွားတာ..
    မေမေကတော့ အလည်နှစ်ကောင်က ခပ်တည်တည်ပဲ ကိုယ်မဟုတ်သလိုဘဲတဲ့..
    အဲ့တစ်ခါလေးပါပဲ.. :mrgreen:
    ခုနကမှ မြင်တယ်…နော့မူပိုင်ခွင့် ယူသုံးထားလားလို့…သရီးကေ… :kwi:
    သိတာကတော့ နော်က အရင်ဆုံးခေါ်တာဗျ….ခေါ်လို့လည်းလွယ်/လှ… 🙂

  • P chogyi

    November 8, 2012 at 10:46 am

    ကိုခင်ခ ပို့စ်ကိုဖတ်ရတာ
    မွေးရပ်မြေ ရန်ကုန်မှာပဲပျော်သလို
    ဇာတိရန်ကုန်မှာပဲ ခေါင်းချခြင်တဲ့အတွေးလေးမြင်မိပါတယ်။
    မန်းထက်ပိုပြီးသာတဲ့အလုပ် ရန်ကုန်မှာရပါစေလို့ ဆုတောင်းပေးပါတယ်။
    (စိတ်ကူးနဲ့သေတာတောင် စိတ်ကူးနဲ့လိုက်ပို့ရတာ အဆင်မပြေဘူး၊ ခဏခဏ
    မသေပါနဲ့နော်)

  • Ma Ei

    November 8, 2012 at 11:31 am

    ကိုခင်ခရေ…
    အသက် ၁၁၁ မှ တဲ့လား…
    ကျမ ရှိတော့မှာ မဟုတ်လို့
    လိုက်မပို့ နိုင်တာ့ ခွင့်လွှတ်နော်…
    :hee:

  • may flowers

    November 8, 2012 at 1:20 pm

    စမ်းချောင်းမြို့နယ် ပြင်ဦးလွင်ဆေးခန်းမှာ မွေးတဲ့ ကိုခင်ခအသေးလေးကစလို့ လမ်းတဖက်ကမ်းကူး

    ပြီး မူလတန်းတက်ပုံတွေ အထက်တန်းကျောင်းတက်ကာ ကျောင်းပြေးလို့ ဆရာဆရာမတွေရဲ့ အရိုက်ခံ

    အဆူခံထိတာတွေ၊ ကိုခင်ခရဲ့ အသက် ၁၁၁ နှစ်အသက်ကိုရောက်လို့ ပေးဝေမျှတဲ့ ယပ်တောင်

    လေးပေါ်က ကဗျာလေးအဆုံးကို သေသေချာချာဖတ်သွားပါတယ်………နော်။

    • Ko Khin Kha ( သရီးကေ )

      November 8, 2012 at 4:16 pm

      မနှင်းနှင်းက သရီးကေ၊ ဆရာပေက ကေကျူ့ ၊ ကိုစိန်ဗိုက်က ကေသုံးလုံး အဲလိုခေါ်ပါတယ် Ko Khin Kha ကိုလေ။ ခုတော့ မနှင်းနှင်းခေါ်တဲ့ သရီးကေ ကိုအလွယ်သုံးသပေါ့။ ကွန်မန့်လေးအတွက်လည်းကျေးဇူးပါ။

      P chogyi ရေ ရန်ကုန်ကိုလည်းလွမ်းသလို အသက်အရွယ်ကြီးကြရင်တော့ ရန်ကုန်မှာပြန်နေမလားလို့လည်း ခဏခဏတွေးမိပါတယ်၊
      အခုကတော့ စီးပွားရှာ အလုပ်တွေလုပ်နေရတုန်းဆိုတော့ကာ။

      မအိရေ နိဗ္ဗာန်ရောက်နေရင်တော့မဆိုလိုပေမဲ့ နတ်ပြည်ဆိုရင်တော့ ကျွန်တော်ရောက်လာတဲ့အခါ
      နတ်တို့သုံးပြုရာ အင်တာနက်နဲ့ ဆက်သွယ်လို့ စာတွေရေးကြအုန်းဆို့လားဗျာ။ ခင်တဲ့ ခင်ခ။

      ပိုစ့်ကိုအကျဉ်းလေးပြန်ရေးထားတာ ကြည့်ကထဲက မမေ သေသေချာချာဖတ်တယ်ဆိုတာ ယုံပါတယ်ဗျ၊
      ကျေးဇူးပါဗျာ။

      • Ko Khin Kha ( သရီးကေ )

        November 8, 2012 at 4:35 pm

        ခင်ခရဲ့ ၁၁၁ မြောက် ဒီပိုစ့်လေးမှာ ၂ ရက်အတွင်း တကယ်ခင်မင်စွာဖြင့် ဝင်ရောက်ကွန်မန့်ပေးကြသော jullies cezer ၊ မခိုင်ဇာဝင်း ၊ ရွာသူ jujuma ၊ ကိုသုဝေ၊ မမခိုင် ၊ ဆရာပေ၊ ရွှေအိမ်စည် ၊ကိုပေါက်၊ စိန်ဗိုက်ဗိုက် ၊ အလင်းဆက်၊ မနှင်းနှင်း ၊ P chogyi ၊ အမအိ နဲ့ မမေ တို့ခင်ဗျ ခင်ခ gtalk နဲ့ gmail လိပ်စာက khinkha39@gmail.com ပါခင်ဗျ၊ အဆင်များပြေကြမယ်ဆိုရင် အင်ဗိုက်လေးလုပ်ပေးကြစေလိုပါတယ် ခင်ခ အင်ဗိုက်လုပ်လာရင် အကို အမ ညီငယ် ညီမ တို့ကို လက်ခံလိုက်ချင်လို့ပါဗျာ။
        မျှော်လင့်ခင်မင်စွာဖြင့် ko khin kha ( သရီးကေ )။

      • Hnin Hnin

        November 8, 2012 at 5:44 pm

        ဟေး..ဟေး..ပျော်လု်ိက်တာ..နော့်နာမည် တာစားသွားလို့ .. :mrgreen:
        နော်က သရီးခေ(သရီးကေ) ခေါ်တာ မကြိုက်ဘူးလားလို့..
        မလေးမစားနဲ့မို့များလား..ဆိုပြီး ခုတစ်လော မခေါ်တော့တာ…

  • uncle gyi

    November 8, 2012 at 4:56 pm

    ကိုခတို့ကျောင်းပြေးတာ၃ချက်အရိုက်ခံရတယ်ဆို
    ဆရာကြီးတော်တော်သဘောကောင်းလို့နော်
    ကျွန်တော်တို့စိန်ဂျွန်းကျောင်းမှာဆိုဒီလောက်နဲ့မရဖူး

  • Ko Khin Kha ( သရီးကေ )

    November 10, 2012 at 4:33 pm

    ဒါဆို ကျွန်တော်က တော်သေးတာပေါ့နော်။ ဒါပေမယ့် ငယ်တဲ့အရွယ်မို့
    အဲဒီ ၃ ချက်အရိုက်ခံရတာထက် အတန်းရှေ့မှာ အစော်ခံရတော့ ရှက်တာကပိုနာခဲ့တယ်
    အန်ကယ်ကြီးရေ၊ ကွန်မန့်အတွက်ကျေးဇူးပါနော်။

  • Fall Guy

    November 10, 2012 at 5:23 pm

    ကိုခင်ခရေ
    အဆိုတော်ကိုတိုးကြီးတော့ fb ပေါ်မှာ အစမ်းသေကြည့်သလိုဖြစ်သွားတယ်….။
    ပရိသတ်တွေရဲ့တုံ့ပြန်မှုကိုလက်တွေ့သိသွားတာပေါ့….။

Leave a Reply