***တောမှောက်ခံရခြင်း***
-
တောမှောက်ခံရခြင်း:-) 🙂 🙂
လနှစ်ချောင်းငင် များ
နေ ့မအား ညမနား တောလိုက်ကြ
ကားစီးလိုက် သူလိုက်
ဖိနပ်ပေါက်ဖာရင်း လိုက်သူလိုက်
တိရိစ္ဆာန်တွေ နောက်ကိုလေ
ခြင်္သေ့ တွေ ဆင်တွေနောက်ကိုပေါ့ ။လနှစ်ချောင်းငင် များ
အတ္တချောင်းချောင်းထွက် ကတုံးထိပ်ကွက်သူကွက်
ပစ္စုပ္ပန်ကို ပေါင်းတင်ဖို ့
တောလည်ကစားကြတဲ့ လောကဓံတောအုပ်
စိတ်ရှုပ်စရာပါ အမေ။ဖိုမကိစ္စရဲ့ ရလာဒ်အောက်
အသက်ရှူမယ့် အပေါက်တွေ တိုးတိုးလာနေ
အဲ့ဒိ အတွက် ဆင်တွေလိုတယ်
အဲ့ဒိ အတွက် တောထဲထွက်ခဲ့တယ်
အဲ့ဒိ မှာ မတရားမှုနဲ ့ ဆင်ဖမ်းကြ
အဲ့ဒိမှာ မှောင်ခိုဆင် ခြင်္သေ့တွေ ရဲ့ ဈေးကွက်
အဲ့ဒိမှာ လနှစ်ချောင်းငင် မလေးတွေရဲ့ အိပ်မက်
အဲ့ဒိမှာ တိရိစ္ဆာန်အောက လနှစ်ချောင်းငင်
တစ်ကယ်တော့ ကျွန်တော်တို ့တွေ
တောမှောက်တာကို ။
တစ်ကယ်ထင်နေခဲ့ကြ တာများလား။ - မောင်ခင်မင်(ကျွန်းချောင်း)
-
၁ဝး၁၁း၂၀၁၂
5 comments
လုံမလေးမွန်မွန်
November 11, 2012 at 2:13 pm
တောမှောက်တယ်တဲ့လား..
နေပါစေ..
ဆင်တွေခြင်္သေ့တွေနောက်
မလိုက်ချင်တော့ပါဘူး….
ဖြစ်နိုင်ရင်တော့
ိဟိုခေါင်းကြီးကြီးလူကြီးနဲ့ တွေ့ချင်သား… 🙂
•*¨နန်းတော်ရာသူ •*¨
November 11, 2012 at 3:51 pm
အားပေးသွားပါတယ်ရှင်
မောင်ပေ
November 11, 2012 at 9:54 pm
တောမှောက်
စောရောက်
ဘောပျောက်(ယောက်ျားလျှာ)
ကျောပေါက်
လောဖောက်
နှောကြောက်
ထောမြောက်
jullies cezer
November 12, 2012 at 2:45 pm
မှန်လိုက်တာဗျာ ဆင်တွေ ခြသေ့င်္တွေတင်ဘယ်ကမလဲ ဒေါ်လှနောက်လဲ
လိုက်သေးတယ် ……..
Shwe Ei
November 12, 2012 at 4:05 pm
မြို့ပြလို့ပြောလဲ ဘဲ အမှန်တကယ်တမ်းတော့ တောနက်ကြီးတခုလိုပါဘဲ