“နှလုံးသားအဟာရ”

cobraJuly 15, 20101min660

ဖားပုံပြင်
ဖားအုပ်စုတစ်ခုဟာ သစ်တောတွေထဲကနေ ဖြတ်လျှောက်ခရီးသွားနေကြတယ်။ တစ်နေရာအရောက်မှာဖား
နှစ်ကောင်ဟာ တွင်းနက်ထဲကို ကျသွားတယ်။ အဲဒီအချိန်မှာ တစ်ခြားဖားတွေက အဲဒီတွင်းဘယ်လောက်
နက်တယ်ဆိုတာကိုကြည့်နေကြတဲ့အချိန် သူတို့ဟာ အဲဒီဖားနှစ်ကောင်သေတာအေးတာပဲ လို့ပြောကြတယ်။
ကျသွားတဲ့ဖားနှစ်ကောင်ဟာ တစ်ခြားဖားတွေရဲ့ကောက်ချက်ချသံတွေကို လစ်လျူရှုပြီး တွင်းထဲကနေထွက်
ဖို့ကြိုးစားကြတယ်။ တစ်ခြားဖားတွေက သူတို့ကို ခုန်တက်တာရပ်ဖို့ ဝိုင်းအော်ကြတယ်။ မင်းတို့သေတာအေး
တယ်လို့လဲပြောကြတယ်။ နောက်ဆုံးမှာ ကျသွားတဲ့ဖားနှစ်ကောင်ထဲက တစ်ကောင်ဟာ အပေါ်ကဖားတွေ
ပြောတာကို အရေးတယူလုပ်ပြီး လက်လျှော့လိုက်တယ်။ အဲဒီတစ်ကောင်ဟာ ပြုတ်ကျပြီးသေသွားတယ်။
နောက်တစ်ကောင်ကတော့ သူတတ်နိုင်သလောက်ကြိုးစားပမ်းစားခုန်မြဲနေတယ်။ ဒီအခါမှာလည်း အပေါ်က
ဖားတွေက သူ့ကို အနာမခံနဲ့ သေလို့ အော်ပြောကြတယ်။ သူဟာ ပိုပြီးကြိုးစားခုန်လိုက်တာ နောက်ဆုံးမှာ
အပေါ်ကိုအောင်မြင်စွာနဲ့ရောက်သွားခဲ့တယ်။ အဲဒီတော့ တစ်ခြားဖားတွေက မေးတာပေါ့။ မင်းငါတို့ပြောတာ
ကိုမကြားဘူးလားလို့မေးကြတယ်။အပေါ်ရောက်လာတဲ့ဖားက သူဟာ နားလေးနေတဲ့အကြောင်းရှင်းပြတယ်။
သူထင်တာက အပေါ်ကဖားတွေက သူ့ကို အပေါ်ရောက်အောင် တစ်ချိန်လုံး ဇွဲမလျှော့ဘဲ ကြိုးစားတက်ဖို့
အားပေးနေခဲ့တယ်လို့ထင်ခဲ့တယ်။
ဒီပုံပြင်လေးက သင်ခန်းစာ နှစ်ခုပေးတယ်။
(၁)
လျှာမှာ ရှင်စေနိုင်စွမ်းနဲ့ သေစေနိုင်စွမ်းရှိတယ်။ အားပေးစကားတစ်ခွန်းဟာ အောက်ရောက်နေတဲ့သူကို အ
ပေါ်ရောက်အောင်လုပ်နိုင်သလို သူ့ကိုလည်း တစ်နေ့လုံးကူူညီရာရောက်ပါတယ်။
(၂)
ပျက်ဆီးစေတဲ့စကားတစ်ခွန်းကတော့ ကျနေတဲ့သူတစ်ယောက်ကို သေစေနိုင်ပါတယ်။
စကားလုံးတွေရဲ့စွမ်းအားက တစ်ခါတစ်ရံမှာ နားလည်ရခက်ပါတယ်။ ဒါကြောင့် ကိုယ်ပြောတဲ့စကားတစ်ခွန်း
ကို ဂရုစိုက်ပါ ….

you are my life
တစ်ခါကအိန္ဒိယက ကလေးတစ်ယောက်ကို သူ့မိဘတွေက ဘော်ဒါကျောင်းကိုပို့လိုက်တယ်။ သူတို့ကလေး
ကိုမပို့ခင် အဲဒီကောင်လေးဟာ သူ့အတန်းထဲမှာအတော်ဆုံးကျောင်းသားတစ်ယောက်ပါ။ စာမေးပွဲတိုင်းမှာ
ထိပ်ဆုံးမှာရှိပါတယ်။ သူဟာ လူတော်တစ်ယောက်ပါ။ ဒါပေမဲ့ဒီကောင်လေးကို အိမ်ကနေဝေးပြီး ဘော်ဒါ
ကျောင်းကို ပို့လိုက်တဲ့အချိန်ကစပြီး အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပါတယ်။ သူ့ရဲ့ကျောင်းတုန်းကအဆင့်
တွေဟာ ကျစပြုလာပါတယ်။ သူဟာအစုအဝေးနဲ့နေရတာကိုမုန်းလာတယ်။ သူဟာတစ်ချိန်လုံး အထီးကျန်
ဆန်နေခဲ့တယ်။ မှောင်နေတဲ့အချိန်မှာများဆိုရင် သူ့ကိုယ်သူ အဆုံးစီရင်ချိန်စိတ်ပေါက်တဲ့အထိပါပဲ။ ဒါတွေ
အားလုံးဟာ ဘာကြောင့်လဲဆိုတော့ သူဟာ သူ့ကိုယ်သူ ဘာမှအသုံးမကျတဲ့ကောင်လို့ထင်ပြီး ဘယ်သူက
မှ သူ့ကို မနှစ်မြို့ကြဘူးလို့ခံစားနေရတာကြောင့်ပါပဲ။
သူ့ရဲ့မိဘများက သူ့ကလေးကို စိုးရိမ်စပြုလာတယ်။ ဒါပေမဲ့ သူကလေး တစ်ခုခုမှားနေတာကိုတော့ သတိ
မထားမိကြပါဘူး။ ဒါ့ကြောင့် သူ့ဖခင်ဟာသူနဲ့စကားအနည်းငယ်ပြောကြည့်ဖို့ဆုံးဖြတ်ပြီး ဘော်ဒါကျောင်းကို
လိုက်လာခဲ့တယ်။
သားအဖနှစ်ယောက်ဟာကျောင်းနားကရေကန်ဘောင်လေးမှာထိုင်ကြတယ်။ အဖေဖြစ်သူက သားကိုသူ့ရဲ့
အတန်း၊ ဆရာဖြစ်သူတွေနဲ့အားကစားအကြောင်းကို အကြမ်းဖျင်းမေးကြည့်တယ်။ ခဏလောက်ကြာတော့
သူ့အဖေဟာ သူ့သားကိုပြောတယ်။ ” သား … အဖေ ဒီနေ့ ဒီနေရာကိုဘာကြောင့်လာတယ်ဆိုတာ သိ
လား ” ။ သားဖြစ်သူက ပြန်ဖြေတယ်။ ” သားရဲ့ကျောင်းသင်ခန်းစာ ရလဒ်တွေကို စစ်ဖို့မလား ” လို့ဖြေ
တယ်။
” မဟုတ်ဘူး… မဟုတ်ဘူး …သားရဲ့။ အဖေဒီကိုလာတာ သားဟာအဖေ့အတွက်အရေးကြီးဆုံးလူတစ်
ယောက်ဖြစ်တယ်ဆိုတာကိုပြောဖို့လာတာ သားရဲ့ …၊ အဖေသားကို ပျော်ရွှင်နေတာပဲမြင်ချင်တယ်။
အဖေသားရဲ့စာမေးပွဲအဆင့်တွေကိုဂရုမစိုက်ဘူး။ အဖေသားအကြောင်းပဲဂရုစိုက်တယ်။ အဖေသားရဲ့ပျော်
ရွှင်မှုကိုပဲဂရုစိုက်တယ်။ သားဟာအဖေရဲ့ဘဝကြီးပါကွာ…”
ဒီစကားလုံးလေးတွေကြားပြီးတဲ့နောက် ကောင်လေးဟာ မျက်ရည်တွေဝိုင်းလာတယ်။ သူဟာ သူ့အဖေကို
ဖက်ထားလိုက်တယ်။ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက်အချိန်အတော်ကြာအောင် စကားမပြောကြဘဲ
နေကြတယ်။
အခုတော့ ကောင်လေးဟာသူလိုချင်တာမှန်သမျှရရှိသွားပါပြီ။ သူဟာ ဒီကမ္ဘာကြီးမှာသူ့ကို နှစ်နှစ်ကာကာ
ဂရုစိုက်တဲ့သူတစ်ယောက်ယောက်ရှိသေးပါလားဆိုတာကို သိသွားပါပြီ။ သူဟာကမ္ဘာကြီးကိုလူတစ်ယောက်
နဲ့ ကိုယ်စားပြုလိုက်တယ်။ ဒီနေ့မှာတော့ ဒီကောင်လေးဟာ ကောလိ်ပ်ကျောင်းမှာ အဆင့်ပထမနေရာမှာ
ရှိနေပါတယ်။ ပြီးတော့ သူဝမ်းနည်းနေတာကို ဘယ်သူကမှ မမြင်ရတော့ပါဘူး …!
ကျေးဇူးပါပဲ အဖေ … အဖေဟာသားရဲ့ဘဝကြီးပါပဲ