အိန္ဒြေရရ သလ္လာမြေ အလှ………………………………


















“အိန္ဒြေရရ သလ္လာမြေအလှ”
မုံရွာကိုအရင်တစ်ခေါက်ရောက်တော့ ညနေစောင်း။
မိုးကလဲ တစိမ့်စိမ့်။
တကယ်ရောက်တော့ကလဲ ကမ်းနားလမ်းမှာတင် အချိန်ကုန်။
အဲတော့ ဘာမှ ဓါတ်ပုံသိပ်မရိုက်ဖြစ်။
ဒီတစ်ခေါက်ကတော့အလည်သက်သက်ဆိုတော့ ပိုလက်ဆော့ဖြစ်ပါတယ်။
ဗောဓိတစ်ထောင်ကနေ ရွှေတောင်ဦးအသွားလမ်းရယ်
ချင်းတွင်းမြစ်အနောက်ဘက်ကမ်း က ရွှေတောင်ဦးစေတီပေါ်ကတော့ ပိုရိုက်ဖြစ်ပါတယ်။
တောင်ရဲ့အနောက်ဖက်ခြမ်းကတော့ စိမ်းစိမ်းစိုစို သာသာယာယာ
ခံစားလိုက်စမ်းပါအုံးဗျာ။
ကိုပေါက်လမ်းသလားနေသည်
15-11-2012
19 comments
ခိုင်ဇာ
November 19, 2012 at 1:17 pm
အင်း။ ကိုကြီးပေါက်ကို အားပေးချင်တော့လည်းလာကြည့်မိပြန်ပေါ့။
ချင်းတွင်း အနောက်ဘက်ကမ်းကူးတဲ့ ဇက် စီးခဲ့သေးလားဗျ။
ဆိုင်ကယ်တို့ ကားတို့ပါရင် ဇက်နဲ့ ကူးရတာ။
လူချည်းပဲဆိုရင်တော့ မော်တော်နဲ့သွားလို့ရတယ်။ ကျနော် ချင်းတွင်း အနောက်ဘက်ကမ်း ပုလဲ၊ ဂန့်ဂေါ ဘက်လည်း နေဘူးတယ်။
ကိုပေါက်(မန္တလေး)
November 19, 2012 at 1:39 pm
မကူးခဲ့ရဘူးဗျ ကျနော်တို့ တံတားကြီးပေါ်ကဖြတ်ပြီး ခဏနေတော့ ရွှေတောင်ဦးဘုရားအဝင်ဝကို
ရောက်သွားသေးတာ။
ယာကြီးလမ်းဆုံရောက်တော့ တည့်တည့်ဆက်မသွားဘဲ
မြောက်ဘက်ပြန်ချိုးတော့ ဒီဘုရားရောက်သွားတာပါ။
ချင်းတွင်း အနောက်ဘက်ကမ်း ပုလဲ၊ ဂန့်ဂေါ
အဲဒီဘက်ရောက်ဘူးသေးဘူး သွားချင်တယ် လက်ဆော့ဘို့
ခိုင်ဇာ
November 19, 2012 at 1:43 pm
ရာသီကခြောက်ကပ်ကပ်နဲ့ဗျ။ ဓာတ်ပုံရိုက်တတ်တဲ့သူတွေ မြင်ကွင်းတော့ ဘယ်နှယ်နေမယ်မသိဘူး။
သွားနိုင်ရင် ဆောတို့ ယောတို့ဘက် ဆက်သွား။ စိုစိုပြေပြေ ကလေးမလေးတွေကလည်းချောသဗျာ။
ကိုပေါက်(မန္တလေး)
November 19, 2012 at 1:49 pm
အလုပ်လုပ်စားစရာမလိုတော့တဲ့အခါ လျောက်သွားမယ်ဗျာ။
တကယ်လို့ သိန်းထောင့်ငါးရာပေါက်ရင်တော့ စောစောပိုသွားဖြစ်မယ်ထင်တာဘဲ
တောတွင်းပျော်
November 19, 2012 at 11:01 pm
၄တန်းကျောင်းသားဘဝ နွေရာသီ ကျောင်းပိတ်ရက်မှာ ယောက အကိုကြီးတွေနဲ ့လိုက်ရင်း
ယောဘုရားပွဲကိုရောက်ဖူးတယ်။
တကယ်သာယာတဲ ့နေရာပဲ။ ချင်းရိုးမတောင်ခြေရင်းမှာ တည်တဲ ့ယောမြို ့ကလေးက
ညနေစောင်းရင် နေကြာခင်းတွေအပေါ် ဖြတ်တိုက်လာတဲ ့လေချိုအေးတွေ ရှုရှိုက်ရတာ
ကိုကကြည်နူးစရာ…
ကျနော်တို ့ကတော ့ ညနေစောင်းရင် ထန်းတောမှာ…
အကိုကြီးတစ်ခွက် ကျနော်တစ်ခွက်ပေါ ့..
အပြန်ကျရင် ကျနော်ဘယ်တော ့မှခြေကျင်လျှောက်မပြန်ရဘူး။
ယောအကိုကြီးတွေက ထမ်းပိုးသွားကြတာ.. မူးနေပြီလေ…
နောက်ပြီး ယောဓလေ ့ ဘုရားကန်တော ့မီးကမ်းပန်းကမ်းကလည်း အတီးအမှ ုတ်တွေနဲ ့
ကြည်နူးဖို ့အရမ်းကောင်းပါတယ်။
ကိုပေါက်(မန္တလေး)
November 19, 2012 at 1:19 pm
Novy
November 19, 2012 at 2:12 pm
လေးပေါက်ရေ.
12/ 18 ကို ရင်ထဲထိအောင်ခံစားလိုက်ပါတယ်
နှင်းဆီ ငုံ
November 19, 2012 at 5:22 pm
လွမ်းပါတယ်ဆိုမှ လေးပေါက်ရယ် ..
လာလာဆွပေးနေတယ်
ဟင့် …. ချစ်တော့ဝူးးးးး
အလင်းဆက်
November 19, 2012 at 8:34 pm
ကိုင်း….
အခုတော့.. လေးလေးပေါက်…. ပြတဲ ့ပု့ရိပ်တွေက တဆင့်..
ခရီးတစ်ခု ထွက်ပြီး..ပေါ့ ..
🙂
ကိုပေါက်(မန္တလေး)
November 19, 2012 at 9:57 pm
ဒါ ပြီးခဲ့တဲ့သီတင်းကျွတ်လပြည့်ကသွားတာလေ
candle .
November 19, 2012 at 8:42 pm
19 အဝေးကရပ်တော်မူ….
အမြင်နဲ ့တင် ကြည်ညိုစရာ….
မောင်ပေ
November 19, 2012 at 10:04 pm
နံပါတ် ၁၂ ပုံကို မသွားပါပြီဗျို ့
ဟီဟိ
တောတွင်းပျော်
November 19, 2012 at 11:18 pm
တမျှော်တခေါ် ပြန် ့ပြူးတဲ ့ ဒီရှ ုခင်းတွေမမြင်တွေ ့ရတာကြာလှပေါ ့။
ပုံ၂၊၁၀၊၁၂ တို ့ကိုခွင် ့မတောင်းပဲ ကျနော်ကူးယူသွားပါတယ်။
ကျနော် ့ဆီက လူတွေကိုပြဖို ့ပါ။
ဒီမှာက ဒီလိုရှ ုခင်းတွေမရှိဘူး။
blackchaw
November 20, 2012 at 10:46 am
မုံရွာပတ်ဝန်းကျင် ရှုခင်းတွေကို ခံစားသွားပါတယ် ကိုပေါက်ရေ…။

Hnin Hnin
November 20, 2012 at 11:01 am
ပုံတွေက လှလိုက်တာ လေးပေါက်ရေ…
သိန်း ၁၅၀ဝလည်း အမြန်ဆုံး ပေါက်ပါစေ…
အဲ့ဆုကြီး ပေါက်လို့ကတော့ ကောင်းပေ့နောက်ဆုံးပေါ်ကင်မရာ ဝယ်ကိုင်ပြီးတော့
ပုံထွက်တွေ ဒီ့ထက်ကောင်းအုံးမှာ 🙂
ကိုပေါက်(မန္တလေး)
November 20, 2012 at 12:28 pm
မယ်နှင်းရေ ကင်မရာကောင်းလဲ ဒီလောက်ဘဲ ဖြစ်မယ်ထင်ပါတယ်။
လူကောင်းတာမဟုတ်ဘူး သဘာဝမြင်ကွင်းကောင်းကောင်းနဲ့ ကင်မရာလိုက်ဖက်သွားလို့နေမှာပါကွဲ့။.
ကျနော်က ကင်မရာသီအိုရီတွေ မတတ်ဘူးကွဲ့
မိုချို
November 20, 2012 at 2:01 pm
လေးပေါက်
ကိုယ် သာ သွား ဖြစ် ခဲ့ ရင် အပြန် ခရီး မှာ ”အဝေးက ရပ်တော်မူ” ဆိုတဲ့ ပုံ ထဲ က အတိုင်း လှမ်း မြင် နေ ရင်း တဖြည်းဖြည်း ဝေးသွား ရင် မျက် ရည်တောင် ကျ မိ မလား ပဲ။
မဟာရာဇာ အံစာတုံး
November 20, 2012 at 2:23 pm
နံပါတ် ၁၈ ပုံလေးကို ကြိုက်မိသဗျာ ..
အပြာရောင် မိုးကောင်ကင်ကြီးကို မြင်မိတိုင်းလည်း
“အပြာရောင် ကောင်းကင်ကြီးကို ချစ်တတ်တယ်” လို့ဆိုခဲ့တဲ့ ..
ကောင်မလေး တစ်ယောက်ကို လွမ်းမိသဗျာ …… 🙁
•*¨နန်းတော်ရာသူ •*¨
November 20, 2012 at 2:39 pm
အူးပေါက်ကင်မရာကောင်းချက်ကတော့ပုံထွက်ကိုသာကြည့် ကောင်းကင်အရသာပြည့်ဝပါပေ့။
မုံရွာကိုတော့ငယ်ငယ်ကတစ်ခေါက်ရောက်ဖူးသား။
သိပ်တော့မမှတ်မိတော့ဝူး။
သံဗုဒ္ဓေနဲ့ဗောဓိတစ်ထောင်တော့ကောင်းကောင်းမှတ်မိပါတယ်။
ဗောဓိတစ်ထောင်ကဆရာတော်ကပုတီးနဲ့ညောင်ရွက်ပုံဆွဲပြားလေးတွေစွန့်တယ်လေ။
ရပ်တော်မူကြီးတည်ပြီးမှတစ်ခါမှမရောက်ဖူးသေးဝူး။
သိန်း ၁၅၀ဝပေါက်ရင်တော့မြန်မြန်ပိုရောက်မယ်။
ထီတော့မထိုးဖြစ်သေးဝူး။