Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ခင်မောင်တိုး

kaiNovember 15, 20121min71927

စတီရီယို ခေတ်ဦး အဆိုတော် တစ်ဦး ဖြစ်သည့်အပြင် ကိုယ်ပိုင်သံစဉ်ဖြင့် နာမည်ကျော်ကြားခဲ့သူ အဆိုတော် ခင်မောင်တိုးသည်နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက်(စကာင်္ပူစံတော်ချိန်)(၈နာရီ ၂ဝမိနစ်)  အချိန်က စင်ကာပူ၌ ဆေးကုသခံနေရာမှ ကွယ်လွန်သွားပါသည်။
ခင်မောင်တိုး အမှတ်တရအဖြစ် ယခုနှစ်ဆန်းက အမေရိကနိုင်ငံ လော့စ်အိန်ဂျလိစ်မြို့သို့ ခင်မောင်တိုးရောက်ရှိစဉ် မန္တလေးဂဇက်နှင့် အင်တာဗျုးခဲ့သည်ကို ပြန်လည်ဖေါ်ပြလိုက်ပါကြောင်း…။

အမေရိကနိုင်ငံ နယူးယောက်မြို့သို့ ၂၀၁၁နိုဝင်ဘာလ၅ရက်၌ရောက်ရှိလာသည့် မြန်မာကိုယ်ပိုင်သံစဉ်တေးသံရှင် ခင်မောင်တိုးအား ၂၀၁၂ဇန်နဝါရီလရရက်နေ့တွင် လော့စ်အိန်းဂျလိစ်မြို့ဖျော်ဖြေပွဲ၌ ပွဲစီစဉ်သူဒေါက်တာဇော်မင်းဦး၊ မမူမူဝင်း၊စန္ဒယားအောင်ဝင်းတို့က မအားလပ်သည့် ဖျော်ဖြေရေးနှင့်လည်ပတ်လေ့လာရေးအစီအစဉ်များကြားမှ မိတ်ဆက်ပေးသဖြင့် ရတနာပုံနေပြည်တော်သတင်းစာက တွေ့ ဆုံမေးမြန်းခဲ့ပါသည်။
ကိုခင်မောင်တိုးရဲ့အနုပညာဘဝခရီးအစကိုပြောပေးပါ…
ဂီတအနုပညာကို ကျွန်တော်ငယ်ငယ်ကတည်းက ဝါသနာကြီးခဲ့ပါတယ်။ ၉တန်းအရွယ်မှာ ဂစ်တာစတီးတယ်။ ၁၉၇၄-၇၅မှာ သီချင်း အပျော်တမ်းစဆိုဖြစ်တယ်။
န ြခေ့ငညန အဖွဲ့နဲ့ဆိုဘူးတယ်။ အဲဒီတုန်းက အပျော်တမ်းဘဝပဲရှိသေးတယ်။တကယ်တမ်း ဂီတအနုပညာလောကကို ဝင်လာတာက ၁၉၇၉မှာပါ။ ၁၉၈၀-၈၁မှာသီချင်းခွေစထွက်ဖြစ်ပါတယ်။ အဲဒီကနေ တောက်လျှောက်ဆိုပြီး သီချင်းခွေတွေဆက်ထွက်ဖြစ်တယ်။ ကိုယ်ပိုင်သံစဉ်တွေ အဲဒီကနေစဆိုဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသားဘဝမှာ အဆောင်တွေက ကျွန်တော့်ရဲ့အသံစမ်းခဲ့တဲ့နေရာတွေပေါ့။
၁၉၇၉မှာ မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့ကို ကျွန်တော်တို့ စက်မှုတက္ကသိုလ်ကျောင်းနေဘက်သူငယ်ချင်းတွေနဲ့စပြီးဖွဲ့ခဲ့တာခုချိန်ထိပါပဲ။

ကိုတိုးကြီးရဲ့သားသမီးအကြောင်းပြောပါအုံး…
သား၂ယောက်၊သမီးတယောက်၊သားအကြီးကစင်္ကာပူမှာ၊ သားအလတ်ကမလေးရှားမှာကျောင်းတက်၊ သမီးငယ်က ရန်ကုန်မှာ၊ ဆေးတက္ကသိုလ်မှာ တတိယနှစ်တက်နေပါတယ်။

ကိုတိုးကြီးရဲ့လက်ဦးဆရာနဲ့ မြန်မာ့တေးဂီတလောကမှာနှစ်ပေါင်းများစွာအောင်မြင်မှုရအောင်ဘယ်လိုကြိုးစားထိမ်းသိမ်းခဲ့သလဲ၊
ဘဝကြီးတခုလုံးနဲ့ယှဉ်ပြောရရင်တော့ ဗုဒ္ဓမြတ်စွာဘုရားလို့ ပြောရမှာပေါ့။
မှောင်ထဲသွားရင် ဓါတ်မီးပါရသလိုပဲ၊ ဘဝအမှောင်ထဲလမ်းလျှောက်နေတဲ့အခါမှာဗုဒ္ဓရဲ့အဆုံးအမတွေနဲ့ အလင်းရောင်ယူပြီး လမ်းလျှောက်တဲ့အခါ ခလုတ်မတိုက်တော့ဘူးပေါ့။

သီချင်းတွေရောကိုယ်တိုင်ရေးသလား…
ကျွန်တော်သီချင်းရေးတာ တွဲရေးတာများပါတယ်။ ကျွန်တော်သန်တာကတော့သံစဉ်ထည့်တာပါ။ကိုယ်ပိုင်သံစဉ်တွေဖန်တီးတဲ့ဘက်မှာပိုသန်ပါတယ်။

၂၀၁၂အတွက်ကိုတိုးရဲ့အနုပညာအစီအစဉ်…
၂၀၁၂မှာ သီချင်းစီးရီးအသစ်တခုထွက်ဖို့ သွင်းလက်စလေးတွေကိုဆက်ပြီးရေးသွင်းတီးနေပါမယ်။ ကိုမောင်မောင်(အဉ္ဇလီ)အမှတ်တရပွဲလေးတခု လုပ်ဖို့အစီအစဉ်ရှိတယ်။ ပြည်တွင်းက စတိတ်ရှိုးပွဲတွေမှာ ဆက်ဆိုနေမယ်။ အင်္ဂလန်မှာသွားဆိုဖို့လုပ်နေတာတခုရှိတယ်။ နှစ်လယ်လောက်မှာ ဒီအမေရိကားကို တခေါက်ပြန်လာပြီးဆိုဖို့လည်းစီစဉ်နေပါတယ်။

အမေရိကားနယ်လှည့်သီဆိုခဲ့တဲ့မြို့တွေက…
ကျွန်တော်တို့(ခင်မောင်တိုး၊ဇော်မျိုးထွဋ်၊စန္ဒယားအောင်ဝင်း၊မီမီဝင်းဖေ) နယူးယောက်မှာနိုဝင်ဘာ၁၉ရက်၊ မေရီလန်းမှာ ဒီဇင်ဘာ၁၈ရက်၊ ဖလော်ရီဒါမိုင်ယာမီမှာ ဒီဇင်ဘာ၂၄ရက်၊ လော့စ်အိန်းဂျလိစ်မှာ၂၀၁၂ဇန်နဝါရီရရက်၊ အယ်လ်ဘာနီမြို့မှာ ဇန်နဝါရီ၁၄ရက်၊ ဆန်ဖရန်စစ္စကိုမြိုမှာဇန်နဝါရီ၂၁ရက်၊ ပြီးရင်ဇန်နဝါရီ၂၈မှာနှုတ်ဆက်ပွဲဆိုပြီးရင်မြန်မာပြည်ကိုဇန်နဝါရီ၃ဝရက်နေ့မှာပြန်မယ်။

ပြည်တွင်းဖျော်ဖြေမှုနဲ့ပြည်ပဖျော်ဖြေမှုကွဲပြားတဲ့အချက်တွေက…
ပြည်တွင်းကတော့ ကိုယ့်နိုင်ငံတွင်းမှာလဲဖြစ်တယ်၊ ကိုယ့်လူမျိုး၊ သီချင်းကြိုက်တဲ့ပရိသတ်တွေကိုပဲဖျော်ဖြေရတယ်။ မြန်မာစကားပြောတဲ့သူတွေချည်းပဲ။ ပြည်ပကျတော့မတူတော့ဘူး။ ပြည်ပ ပရိသတ်က ကျွန်တော်တို့ ဂီတအနုပညာသမားတွေကိုတကယ်စိတ်ဝင်စားလို့၊ ကိုယ့်မြန်မာပြည်သားတယောက်ကို အားပေးချင်လို့လာကြတဲ့ပရိသတ်တွေဖြစ်တယ်။ ဒါပေမယ့် ပရိသတ်အပေါ်ထားတဲ့ ကျွန်တော်ရဲ့အားထုတ်မှုကတော့အတူတူပါပဲ။
ပြည်ပကိုထွက်ဖျော်ဖြေတဲ့အခါ အုပ်စုလိုက်ထွက်တာများပါတယ်။ အတီးသမားတွေပါအပါအဝင်ပေါ့။ အခုလိုအမေရိကားကို ကျွန်တော်နဲ့ ဇော်မျိုးထွဋ် ၂ယောက်တည်းအတူလာတာမျိုးလဲရှိတတ်ပါတယ်။ ပွဲစီစဉ်သူ၊ ပွဲသွင်းသူတွေရဲ့ အပေါ်မှာမူတည်ပါတယ်။

ဂီတအနုပညာအပေါ်မြင်တဲ့အမြင်သဘောထား…
ကျွန်တော်ကတော့ သိတတ်တဲ့အရွယ်ကတည်းက ဂီတနဲ့ပတ်သက်လာရင် စိတ်ဝင်စားတယ်။ ဝါသနာကြီးတယ်။ ကျွန်တော်ဘဝကို ဂီတအနုပညာနဲ့ ရပ်တည်ခွင့်ရတာကိုဂုဏ်ယူပါတယ်။ဂီတအနုပညာနဲ့ရပ်တည်နေရတာလွတ်လွတ်လပ်လပ်ရှိတယ်လို့တော့မြင်ပါတယ်၊ ဂီတအနုပညာကလူ့ရဲ့စိတ်ထားတွေကိုရှည်စေပါတယ်။သဘောထားကြီးစေပါတယ်။ မိရိုးဖလာဗုဒ္ဓဘာသာဖြစ်တဲ့အလျောက်အနုပညာနဲ့အသက်မွေးဝမ်းကြောင်းရတာဟာသမ္မာအာဇီဝကျတယ်လို့မြင်ပါတယ်။

မြန်မာပြည်ကဘယ်မြို့တွေကိုနှစ်သက်ပါသလဲ…
နေရာတိုင်းမြို့တိုင်းကတော့သူ့ဟာလေးနဲ့သူနေချင်စရာလေးတွေ၊ကောင်းတာလေးတွေရှိပါတယ်။ ကျွန်တော်ရဲ့လက်တလောဖြစ်ပျက်နေတဲ့စိတ်ခံစားမှုနဲ့ အခြေအနေအဖြစ်အပျက်တွေအပေါ်မှာမူတည်ပါတယ်။ ကျွန်တော်ကပင်ပန်းလို့ နားနားနေနေနေချင်တဲ့အခါမျိုးဆိုရင်တော့ မေမြို့တို့ ကလော တို့ကိုကြိုက်တာပေါ့။အေးအေးဆေးဆေးနေလို့ရတယ်။ မြို့တိုင်းမှာ ကြိုက်တဲ့အကွက်လေးတွေ၊ ကောင်းတဲ့ဟာလေးတွေအနဲနဲ့အများတော့ရှိကြပါတယ်။

မအောင်မြင်ခင်ကဘဝနဲ့အောင်မြင်ပြီးတဲ့ဘဝ…
မအောင်မြင်ခင်ကတော့ အောင်မြင်အောင်ကြိုးစားနေရတာပေါ့။ အောင်မြင်ပြီးတော့လဲ ဒီရောက်နေတဲ့နေရာလေးကနေ နိမ့်မကျသွားအောင် ထပ်ကြိုးစားနေရပြန်တယ်။ ဒီလိုပဲအမြဲတမ်းကြိုးစားနေရမှာပါ။

သီချင်းဆိုရေးရင်းနဲ့ငြီးငွေ့တဲ့အခါကိုတိုးအနေနဲ့ဘယ်လိုအပန်းဖြေပါသလဲ…
ကျွန်တော်က ဂီတအနုပညာလောကကဆိုတော့ သာမန်လူတွေနဲ့မတူဘူးပေါ့။သာမန်လူတွေက အလုပ်ပင်ပန်းလာရင်၊ အလုပ်ကပြန်လာရင် သီချင်းလေးနားထောင်၊ ရုပ်ရှင်လေးကြည့်ပြီး အပန်းဖြေကြတာပေါ့။ ကျွန်တော်ကျတော့ တနေကုန်အသံသွင်းစတူဒီယိုထဲမှာ သီချင်းတွေဆို၊ သံစဉ်ရှာ၊ သီချင်းနားထောင်၊ အပြန်ပြန် အလှန်လှန် လေ့ကျင့်ဆိုတီးလုပ်နေရတော့ အိမ်ပြန်ရောက်ရင်သီချင်းနားထောင်တာမလုပ်ချင်တော့ဘဲအေးအေးဆေးဆေးနေချင်တယ်။ စာဖတ်တယ်။

နိုင်ငံခြားဖျော်ဖြေရေးထွက်တဲ့အခါမှာအဖွဲ့လိုက်ထွက်ဖြစ်တာလားတဦးတည်းထွက်ဖြစ်တာများသလား…
ကျွန်တော့်အနေနဲ့တဦးတည်းထွက်တာတွေလည်းရှိသလို၊ အဆိုတော်တွေအများကြီးပေါင်းထွက်တာတွေလည်းရှိခဲ့ပါတယ်၊စင်္ကာပူကိုကျွန်တော်နဲ့အတူမဇ္ဈိမလှိုင်းတေးဂီတတဖွဲ့လုံးထွက်ဖျော်ဖြေခဲ့ဘူးတာလဲရှိပါတယ်။

မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့အကြောင်းလေးပြောပြပေးပါဦး…
မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့ကိုကျွန်တော်ကျောင်းသားဘဝကအာအိုင်တီ(ရန်ကုန်စက်မှုတက္ကသိုလ်)ကသူငယ်ချင်းတွေနဲ့ဖွဲ့ထားခဲ့တဲ့အဖွဲ့ပါ။ ဒီနေ့အထိရှင်သန်လှုပ်ရှားသီချင်းတွေဆိုကြတီးနေကြတုန်းပါပဲ။အားလုံးဒီလူတွေချည်းပါပဲ။ ၁၉၇၉ခုနှစ်ထဲကစတွဲခဲ့ကြသူတွေပါ။လိစ်ဂစ်တာဇော်မျိုးထွဋ်၊ဘေ့စ်ရဲလွင်၊ဒရမ်တွတ်ကီ၊ကီးဘုတ်စန္ဒယားမျိုးခင်(ကွယ်လွန်သွားပါပြီ) အခုဆက်ရှင်ကီးဘုတ်သမားနဲ့ပါ။

ကိုတိုးရောက်ခဲ့ဖူးသောနိုင်ငံများ…
အမေရိက၊ဩစတေးလျ၊ဂျပန်၊ကိုရီးယား၊မလေးရှား၊စင်္ကာပူနိုင်ငံတွေကိုရောက်ဘူးသီချင်းဆိုဘူးပါတယ်။

ဂီတသမားနဲ့မူးယစ်ဆေးဝါးအပေါ်အမြင်…
မူးယစ်ဆေးဆိုတာမကောင်းတဲ့အရာလို့မြင်တတ်ရင်၊မြင်ရင်…မကောင်းတာကိုမကောင်းမှန်းသိရင်မူးယစ်ဆေးဝါးကိုရှောင်နိုင်မယ်လို့ထင်ပါတယ်။

အနုပညာသမားတယောက်အနေနဲ့စိတ်ရောကိုယ်ပါဘယ်လိုခံယူထားပါသလဲ…
ကျွန်တော်အမြင်က တယောက်တည်း လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်းနေချင်တယ်။ ဘယ်လိုဂီတအနုပညာသမားပဲဖြစ်ဖြစ်၊ ဟစ်ပေါ့၊ ရက်ပ်တို့အပါအဝင်ဘယ်လောက်ပဲ ဆူညံအောင်သီဆိုနေတဲ့သူပဲဖြစ်ပါစေ၊ ဂီတသမားအချင်းချင်းလွတ်လွတ်လပ်လပ်နဲ့တွေးခေါ်ဆက်ဆံချင်တယ်၊ငြိမ်းငြိမ်းချမ်းချမ်းနေချင်တယ်။

ကိုတိုးရဲ့လက်ကိုင်ထားတဲ့ဆောင်ပုဒ်…
၁။ စိတ်ထားကောင်းဘို့အဓိက
၂။ စိတ်ထားကောင်းဘို့အဓိက
၃။ စိတ်ထားကောင်းဘို့အဓိက

ကြော်ငြာ၊ဗီဒီယို၊ရုပ်ရှင်ရိုက်ဘူးလား၊
ကျွန်တော်က စင်မြင့်ပေါ်မှာတောင်စကားကိုများများမပြောနိုင်တာ ဘယ်လိုလုပ်ရုပ်ရှင်ရိုက်နိုင်မှာလဲဗျာ။ရုပ်ရှင်နောက်ခံသီးချင်းတွေတော့ဆိုဖြစ်ပါတယ်။

ကိုတိုးကအိမ်မှာရောစကားမပြောဘူးလား၊
အိမ်မှာတော့ပြောတာပေါ့။ ရွှန်းရွှန်းကိုဝေလို့။ စင်မြင့်ပေါ်လဲရောက်သွားရောစကားတွေကပျောက်ကုန်တာပါ။ ကျွန်တော့အထင်တော့ ဖျော်ဖြေပွဲတွေထဲမှာစကားအများဆုံးပြောဖြစ်တာကလော့စ်အိန်းဂျလိစ်ပွဲလို့ကျွန်တော်ထင်တယ်။

ကိုတိုးကိုမာနကြီးတယ်လို့ပြောလို့ရလား၊ အနုပညာမာနထားသင့်သလား၊
ကျွန်တော်မာနကြီးတာမဟုတ်ပါဘူး။ စကားနည်းတာပါ။ ဗုဒ္ဓဘာသာသဘောအရမာနဆိုတာမထားသင့်တဲ့အရာပါ။ ဒါပေမယ့်ငါမာနမကြီးဘူးဆိုတဲ့ မာနကရှိနေသေးတယ်လေ။ မာနကလူတိုင်းနဲ့မလွတ်ပါဘူး၊ တနည်းနည်းနဲ့တော့ရှိနေတာပဲ။ ရေအိုးတွေ ရေဖြည့်ထားသလိုပေါ့။ အခြေအနေအရပ်ရပ်နဲ့ အချိန်အခါလဲရှိသေးတယ်။ တခါတလေတော့လဲ လွန်လွန်ကျူးကျူးဖြစ်လာရင် ထိခိုက်လာတာတွေရှိတယ်လေ။ဒါကြောင့်တချို့နေရာတွေမှာတော့ရှိသင့်တယ်လို့ထင်ပါတယ်။

အမှတ်တရအဖြစ်ဆုံးဖျော်ဖြေပွဲ…
လော့စ်အိန်းဂျလိစ်ပွဲလေးကိုတော့ အမှတ်တရဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဆိုတော်ဦးအံ့ကြီးလာ အားပေးတာကို မထင်မှတ်ပဲတွေ့ရတယ်၊ ဦးအံ့ကြီးရဲ့သီချင်းတပုဒ်ဖြစ်တဲ့ ‘ပြုံးတုံ့လှယ်’ကို ဦးအံ့ကြီးနဲ့အတူ စင်ပေါ်စင်အောက်အတူ ဆိုဖြစ်တယ်။ ပြီးတော့ အနုပညာမောင်နှမတွေဖြစ်တဲ့ ကိုသိန်းတန်(မြန်မာပြည်)နဲ့ နီနီဝင်းရွှေတို့ လာအားပေးကြလို့ အမှတ်တရလေးဖြစ်ပါတယ်၊ ကိုသိန်းတန်ကလက်ဆောင်လည်းပေးခဲ့ပါတယ်။

အမေရိကားမှာရောက်ခဲ့တဲ့နေရာ၊ခရီးတလျောက်တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံ….
အမေရိကားခရီးမှာရောက်တဲ့မြို့တိုင်းကမြို့ခံရောပရိသတ်ပါလှိုက်လှိုက်လှဲလှဲကြိုဆိုကြပါတယ်။ မြို့တိုင်းမှာထူးခြားချက်လေးတွေရှိပါတယ်။ နယူးယောက်မြို့ကပရိသတ်တွေကရက်ရက်ရောရောအိမ်သွန်ဖာမှောက်ချီးမြှင့်ကြပါတယ်။ အယ်လ်အေဆိုရင် ကူညီတဲ့နေရာမှာ သူမတူအောင် ကူညီကြတယ်။ ဂီတအနုပညာ ကိုတလေးတစားနားထောင်အားပေးတယ်။ ဆန်ဖရန်မှာ နယ်ခံတွေပါ ဝင်ဆိုပြီးအားပေးကြတယ်။ နေရာစုံရောက်အောင် နယ်ခံတွေက ပို့ပေးကြပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်၊ ဟောလီးဝုဒ်၊ ဆန်ဖရန်နားက’၁ရမိုင်’လှပတဲ့ ပင်လယ်ကမ်းခြေ၊ွသိူနညွအေန တံတား၊ အမေရိကားရဲ့အစွန်ဆုံး’၀’မိုင်တိုင်ရှိတဲု့နပျွှနျအလို့ခေါ်တဲ့ ကျူးဘားနယ်စပ်မြို့တွေရောက်ပါတယ်။ကျေးဇူးလည်းတင်ပါတယ်။

ရတနာပုံနေပြည်တော်သတင်းစာကိုဖတ်ဘူးသလား၊ဘယ်လိုမြင်သလဲ၊
ကျွန်တော်နယူးယောက်မှာတွေ့လို့ဖတ်ဖြစ်ပါတယ်။ဒီသတင်းစာကမြန်မာကွန်မြူနတီအတွက်အတော်လေးအသုံးဝင်တယ်လို့မြင်ပါတယ်။
အမေရိကနိုင်ငံ လော့စ်အိန်းဂျလိစ်မြို့ရောက်ရှိလည်ပတ်နေစဉ် အချိန်တိုအတွင်းရတနာပုံနေပြည်တော်သတင်းစာ၏ တွေ့ဆုံမေးမြန်းခြင်းကို စိတ်ရှည်လက်ရှည်ဖြေကြားပေးသည့် တေးသံရှင် ခင်မောင်တိုးနှင့် မိတ်ဆက်ပေးသည့် ဒေါက်တာဇော်မင်းဦး၊မမူမူဝင်းနှင့်စန္ဒယားအောင်ဝင်းတို့အားအထူးကျေးဇူးတင်ပါသည်။

Profile:
အနုပညာအမည်        ခင်မောင်တိုး
အမည်ရင်း            ခင်မောင်တိုး
လူမျိုး            မြန်မာ
ဘာသာ            ဗုဒ္ဓ
အရပ်အမောင်း        ၅ပေ၁၁လက်မ
ဇာတိ            ချင်းပြည်နယ်မော်လိုက်မြို့
ပညာအရည်အချင်း        ဒုတိယနှစ်စက်မှုတက္ကသိုလ်
မိဘအမည်        ဦးခင်မောင်-ဒေါ်ခင်လှ
မွေးချင်း            ၁၃ယောက် (နံပါတ်၃)
အကျော်ကြားဆုံးသီချင်း    မဟာဆန်သူ
သီဆိုခဲ့သောတေးစီးရီးပေါင်း    ၂၅မှ၃၀
ပထမဆုံးတေးစီးရီး        ၁၉၇၉ခုနှစ်
အနှစ်သက်ဆုံးတေးသံရှင်    ပြည်လှဖေ၊ မေရှင်၊ ဦးအံ့ကြီး
အနှစ်သက်ဆုံးတေးရေးဆရာ    ကိုနေဝင်း၊ ကိုမောင်မောင်(အဉ္စလီ)
အနှစ်သက်ဆုံးတူရိယာ    ကြိုးတပ်တူရိယာ၊စန္ဒယား
အနှစ်သက်ဆုံးဂီတအမျိုးအစား    ဃူေျငချွသခု
သီဆိုခဲ့သောရုပ်ရှင်သီချင်း    ၂၀
အနှစ်သက်ဆုံးအရောင်-    အဖြူ
အနှစ်သက်ဆုံးမြို့        ကလောမြို့
အနှစ်သက်ဆုံးစာအုပ်        ဘာသာရေးစာအုပ်

 

မှတ်ချက်။   ။  မန္တလေးဂဇက် ပုံနှိပ်သတင်းစာ ၂၀၁၂ ဖေဖော်ဝါရီလထုတ်တွင် ပုံနှိပ်ဖေါ်ပြပြီးသော အင်တာဗျူးဖြစ်ပါသည်။

27 comments

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 15, 2012 at 3:34 pm

    ကိုတိုးကြီး (ခင်မောင်တိုး)က ကျွန်တော်အနှစ်သက်ဆုံးအဆိုတော် နှစ်ယောက်ထဲကတစ်ယောက်ပါ…
    သူ့အသံပါဝါနဲ့ဆိုထားတဲ့သီချင်းတွေကို ကျွန်တော်လိုက်ဆိုမရပေမယ့် သူ့သီချင်းတွေထဲမှာ အရူးအမူးနှစ်သက်တဲ့သီချင်းတွေရှိပါတယ်…

    (၁) အချစ်စစ်ဆိုတာ
    (၂) အတွေးပန်းချီ
    (၃) ဝေးခဲ့ပြီပန်းခရမ်းပြာ
    (၄) လေးညှို့ရှင်
    (၅) ကြိုးမဲ့ချည်တိုင်
    (၆) စိတြအတွေး
    (၇) ဒဏ္ဍာရီ
    အများကြီး… အများကြီး ကျန်ပါသေးတယ်…
    ခေါင်းထဲပေါ်လာတဲ့သူ့သီချင်းလေးတွေကို အမှတ်တရချရေးလိုက်တာပါ…
    ကိုတိုးကြီးသီချင်းဟောင်းတွေပြန်ဆိုတဲ့အခါမှာ Music Creation တွေပိုခန်းနားလာပြီး…
    တည်ငြိမ်တဲ့သူ့အသံကို ပြန်ခံစားမရနိုင်တော့ဘူးဆိုတဲ့အတွေးက စိတ်မကောင်းဖြစ်စေပါတယ်…
    ကိုတိုးကြီးကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးပါတယ်…

    ကိုတိုးကြီးပရိတ်သတ်ဖြစ်သူ-
    ကြောင်ဝတုတ်

    ဆည်းလည်းလေးများပြတဲ့တရားသံကို… စမ်းချောင်းလေးတို့ဇွဲနဲ့အားမာန်နဲ့… ပေါင်းစပ်ပြီးကျင့်ခဲ့ရင်…
    အေးငြိမ်းတဲ့သစ်ရိပ်မှာ စွန့်လွှတ်မှုနဲ့ခွင့်လွှတ်စဉ်… ငြိမ်းသွားလိမ့်မယ်တဲ့…

  • blackchaw

    November 15, 2012 at 3:35 pm

    ကျွန်တော်တို့ အဆောင်ရှေ့က လမ်းဘေးညတွေမှာ
    ဂစ်တာတီးကြရင်…
    ကိုတိုးကြီးရဲ့ ညီစေမင်း ဆိုတဲ့ သီချင်းလေးကို အမြဲဆိုဖြစ်ခဲ့ကြပါတယ်…။
    အဲဒီသီချင်းလေးက ဆိုရတာမဟုတ်ဘူးလို့ထင်ပါတယ်…။
    ညည်းရတာခင်ဗျ…။
    အင်မတန် ညည်းလို့ ကောင်းတဲ့ သီချင်းလေးအဖြစ်
    ကိုတိုးကြီးသီချင်းထဲမှာ အကြိုက်ဆုံး ဖြစ်ခဲ့ပါတယ် ဆိုတဲ့အကြောင်း…
    ကျွန်တော်တို့ အကြိုက် သီချင်းပေါင်းများစွာကို ဆိုပေးခဲ့တဲ့
    ကိုတိုးကြီး ကောင်းရာသုဂတိလားပါစေလို့
    နှုတ်ဆက်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • ဦးဦးပါလေရာ

    November 15, 2012 at 3:35 pm

    အဆိုတော် ခင်မောင်တိုး ကွယ်လွန်တာကြားရတော့ ကိုထီးတုန်းကလိုပဲ စိတ်ထဲမှာ နှမြောတသ ဖြစ်မိပါတယ်။
    ကိုယ့်ခေတ်နဲ့ကိုယ် ဒုတိယအကြိုက်ဆုံး အဆိုတော် ကိုး….

    သူ့ profile လေးဖတ်ရတော့ မွေးချင်း ၁၃ ယောက်ဆိုတာရယ်၊ အဖြူရောင် အကြိုက်ဆုံးဆိုတာရယ်ကို စိတ်ဝင်စားမိတယ်..။

  • စိန်ဗိုက်ဗိုက်

    November 15, 2012 at 4:00 pm

    ခုတော့
    သေချာသွားပြီပေါ့နော်..
    အေးအေးနဲ ့ နားဝင်ချိုတဲ့ သူ ့သီချင်းတွေ ကျနော်ကြိုက်တယ်ဗျ..

    ကိုတိုးရဲ့လက်ကိုင်ထားတဲ့ဆောင်ပုဒ်…
    ၁။ စိတ်ထားကောင်းဘို့အဓိက
    ၂။ စိတ်ထားကောင်းဘို့အဓိက
    ၃။ စိတ်ထားကောင်းဘို့အဓိက

    ဆိုတာလေးလည်း ကျနော် သဘောကျတယ်ဗျာ။

  • Ma Ei

    November 15, 2012 at 4:04 pm

    ကွယ်လွန်ပြီ…
    မကွယ်လွန်သေးပါဘူး ဆိုတဲ့ သတင်းတွေအမျိုးမျိူး ကနေ…….
    ခုတော့ တစ်ကယ်ဘဲ ကွယ်လွန်ခဲ့ပြီကိုး….
    စိတ်ထားကောင်းဘို့အဓိက လို့ဆိုတဲ့ အတွက်ပိုလေးစားမိပြန်ပါတယ်……
    မိုးသံတွေကြားမှာ ကက်ဆက်ကလေးနဲ့ သူ့ သီချင်းတွေ ဖွင့်လို့
    ကော်ဖီတစ်ခွက်နဲ့အတူ လွမ်းခဲ့ဘူးသူပါ….

  • ရွာသူ jujuma .

    November 15, 2012 at 4:10 pm

    တကယ်ကို ဆုံးသွားပြီပေါ့နော်..
    ဟိုတစ်နေ့ကကြားရတော့ ကောလဟလ ဖြစ်နေတာ..
    ဝေးခဲ့ပြီပန်းခရမ်းပြာ သီချင်းအရမ်းကြိုက်တယ် ..
    သူ့ပရိတ်သတ်တစ်ယောက်မဟုတ်ပေမယ့် သူ့သီချင်းတွေကိုတော့ အားပေးမြဲပါ ..
    ကောင်းရာသုဂတိလားပါစေဗျာ …

  • ကိုတိုးသီချင်းတွေထဲက ကျနော်ကြိုက်တဲ့သီချင်းကအများကြီး။

    ဆည်းလည်းလှိုက်သံ
    အတွေးပန်းချီ
    ဝေးခဲ့ပြီပန်းခရမ်းပြာ
    ဒဏ္ဍာရီ
    ပန်းတို့ပွင့်တယ်လို့
    မငြိမ်းသောမီး
    ကတော့ ကျနော်စိတ်ကူးပေါက်ရင် ကာရာအိုကေ နဲ့ ဟဲနေကြသီချင်းလေးတွေပေါ့။
    လွမ်း၏။

    ငယ်ငယ်ကလေးဘဝ စင်ပေါ်မှာ
    “မျက်သွယ်”သီချင်းဆိုနေတာကိုလမ်းဘေးမှာရပ်ပြီးနားထောင်ခဲ့ရတာကိုလဲ လွမ်း၏။
    စက်ဘီးတစ်စီးနဲ့မန်းလေး လမ်းမပေါါ်မှာ သွားလာနေတာကို အပြင်မှာလဲတွေ့ဘူးတော့ ပိုလွမ်း၏။

    (ခိုင်ထူးထက်စောလို့သည်လောက ကိုရောက်နှင့်သူဒါပေမဲ့ ခို်င်ထူးထက်နောက်မှ လူသိများလာတဲ့သူကတော့
    မန္တလေးအသိုင်းအဝိုင်းမှာဟိုအရင်ကတည်းက လူကြိုက်များခဲ့သောမန်းလေးသား ခင်မောင်တိုး (ခ) ကိုတိုးကြီးပါ။
    ကျနော်တို့ခပ်ငယ်ငယ်ကျောင်းသားဘဝထဲက
    (ချစ်ပြီးတော့မုန်းမေ့တတ်တဲ့မင်းကိုတို့ )။(ပုလဲလေးတွေဆိုတာ ကမာကောင်လေးတွေရဲ့မျက်ရည်ဘဲခင်)တို့က ကြားဘူးပြီးသား
    အော်ဆိုနေကြသီချင်းတွေပါ။
    ဒါပေမဲ့ကိုတိုးကြီးတို့ လိစ္ဆဝီ တီးဝိုင်းဖွဲ့လိုက်မှနည်းနည်းလေးလူသိလာတဲ့သီချင်းတွေကတော့
    (သဇင်ည။ဝိုင်းရဲ့ဆည်းဆာ။သံယောဇဉ်ပြာစများ၊တို့ရင်ထဲ။မင်းတို့ဘယ်တော့လဲ၊တံခါးဖွင့်ပါ)တွေက
    သံစဉ်အေးအေးလေးတွေကြိုက်သူများကြားမှာ တစိမ့်စိမ့်လေးပျံ့နှံ့နေပါတယ်။
    ဒါပေမဲ့မန်းလေး စင်ယော်တေးသံသွင်းကထုတ်လုပ်လိုက်တဲ့ ကိုတိုးကြီးရဲ့သီချင်းဟောင်းအများစုပါဝင်တဲ့(မျက်သွယ်)ဆီးရီးစ်မှာ
    တစ်ပြည်လုံးအတို်င်းအတာထိပေါက်သွားခဲ့ပြီး (မဟာဆန်သူ)မှာတော့ထိပ်ဆုံးကိုမရောက်တရောက်ကနေ (ဝေးခဲ့ပြီပန်းခရမ်းပြာ)တော့
    ထိပ်ဆုံးကိုရောက်သွားပါတယ်။
    သူ့သီချင်းတွေထဲမှာ(ရောင်စဉ်ခုနှစ်သွယ်။မဟာဆန်သူ။ဝိုင်းရဲ့ဆည်းဆာ။ဆည်းလည်းလှို်က်သံ.စောင်းကြိုးရှိုက်သံ။
    ဒဏ္ဍာရီ။ကြိုးကြာသံ။လေပြေညင်း။အချစ်စစ်ဆိုတာ။မငြိမ်းသောမီး။ပန်းတို့ပွင့်တယ်လို့။ဝေးခဲ့ပြီပန်းခရမ်းပြာ။အမုန်းနောက်ကွယ်။အို……
    နက္ခတ်ပွဲသဘင်။ဒီတစ်ကြိမ်ဒီနွေ။) တော်တော်လေးကိုကောင်းတာတွေများပါတယ်။
    သည်ဘက် 2000ပြည့်လွန်နှစ်တွေမှာ သင်္ကြန်သီချင်းတစ်ခွေဆိုတဲ့အပြင် မန္တလေးသီချင်းများဆိုတဲ့မြန်မာသံတစ်ခွေရယ်
    ခင်ဝမ်းအမှတ်တရတစ်ခွေရယ် ပြန်ဆိုတေးအဖြစ်တွေ့ရပါတယ်။
    ထူးခြားတဲ့သီချင်းလေးကတော့ အရင် မန်းလေးသားကိုအောင်( ထွန်းအိန္ဒြာဘိုရဲ့ခင်ပွန်းဟောင်းပေါ့)ဆိုခဲ့ဘူးတဲ့
    (စိတြအတွေး)ပါ။)

    ဒီစာစုလေးကတော့ ကျနော်ရဲ့ နားစည်ကိုထွင်း ဂီတပိုစ်လေးမှာ ကျနော်ရေးပြခဲ့ ကိုတိုးရဲ့ဘဝ တစ်စိတ်တစ်ပိုင်းပါဘဲ။

    ဘာဘဲပြောပြောလွမ်း၏။
    ဘာဘဲပြောပြောလွမ်း၏။
    ဘာဘဲပြောပြောလွမ်း၏။
    ဘာဘဲပြောပြောလွမ်း၏။
    ဘာဘဲပြောပြောလွမ်း၏။

  • myanmarcitizen

    November 15, 2012 at 4:50 pm

    တစ်ပတ်က စလုံးကသူငယ်ချင်းတစ်ယောက်ကမေးတယ်။ “ကိုတိုးကြီး ဆုံးသွားပြီဆို” ဆိုပြီးတော့ ကျွန်တော်ကမကြားမိသေးပါလားလို့ပြန်ပြောမိတယ်။ အော်ခုတော့ တကယ်ကိုသွားရှာပြီကိုး။ သူ့သီချင်းတွေတော်တော်များများနားထောင်ဖြစ်ပါတယ်။ ကျွန်တော့မှာ သူ့အခွေ(တိပ်) နှစ်ခွေပါတဲ့အခွေကြီးတစ်ခုတောင်ရှိသေးတယ်။ နယ်ကအိမ်မှာကျန်ခဲ့လို့ သေချာမမှတ်မိတော့ဘူး ဘာခွေလဲဆိုတာ။

    ကောင်းရာသုဂတိလားပါစေဗျာ .. .ဆုတောင်းပေးပါတယ်

  • အရီးခင်လတ်

    November 15, 2012 at 5:00 pm

    အခုတော့
    မဟာဆန်သူ ကိုထားလို့ ပြူတင်းတံခါးပိတ် ကြိတ်မှိတ် အိပ်သွားခဲ့ပြီပေါ့။
    နောင်ဘဝ ဆိုတာရှိခဲ့ရင် လူပြန်ဖြစ်ပြီး သီချင်း ချိုချိုလေးတွေ ကို အပြန်အသက်သွင်း နိုင်ပါစေ။
    အေးချမ်းရာဘုံဘဝ ကို ကူးပြောင်းပါစေ။

    ကျွန်မ အသိတစ်ယောက်။
    မန်းမြို့ မှာ မမွေးဘဲ အဲဒီမှာကြီးလို့ သူ့ဟာသူ မန်းသား လို့ ခံယူထားသူ။
    သိုးဆောင်းသီချင်းဘဲ အများဆုံး နားထောင်တတ်သူ။
    မြန်မာ သီချင်းထဲ ကတော့ ခင်မောင်တိုး သီချင်း ဘဲ စိုက်စိုက်မတ်မတ် နားထောင် ပြီး သီချင်း တွေ အားလုံး တစ်ပုဒ်မကျန် သိတယ်။
    သိရင် အသဲကွဲ ဦးမယ်။

  • ဂျူဂျူး

    November 15, 2012 at 5:04 pm

    တကယ်ကို ကွယ်လွန်သွားခဲ့ပြီပေါ့နော်…
    နှမြောစရာကြီးပါ…. ဦးတိုးကြီးရဲ့ သီချင်းတွေထဲမှာ ဆည်းလည်းလှိုက်သံကို အကြိုက်ဆုံးပါ…
    ဘယ်အချိန်နားထောင်နားထောင် မရိုးနိုင်တဲ့ သီချင်းလေးပါ…
    ဟိုတစ်ရက်ကလေးတင် ဦးတိုးကြီး ပြန်ကျန်းမာလာပြီ ဆိုပြီး သတင်းကို facebook မှာ ဖတ်လိုက်ရတော့ တော်သေးတယ်လို့ ထင်ထားတာ ခုတော့ တကယ်ပဲပေါ့နော်…
    ကောင်းရာသုဂတိလားပါစေဗျာ….

  • Good™

    November 15, 2012 at 5:06 pm

    အနုပညာ နဲ့ ပတ်သက် ပြီး နားထောင်ရုံ က လွဲ ပြီး ဘာမှ မသိပေမဲ့ ခင်မောင်တိုး သီချင်းတွေ ကို တော့ မက်မက် မောမော နားထောင် ဖူးပါရဲ့။
    မိသားနှင့် ထပ်တူ လွမ်းမိပါ ဧ။်။
    ဝမ်းနည်း ရပါ ဧ။်။

  • ခိုင်ဇာ

    November 15, 2012 at 5:29 pm

    “ပြန်မလာရင် ထာဝရခွဲခြင်းလို့ မှတ်လိုက်မယ်……
    …စောင့်လို့တော့ နေရစ်အုန်း မမုန်းသရွေ့တော့ စောင့်လိုက်အုန်း”
    🙁
    အနုပညာသည်တစ်ယောက်၏ အဆင့်အတန်းကို သူဖြေတဲ့ အမေးအဖြေတွေမှ မြင်နိုင်၊ သိနိုင်ပါ၏။
    နှမြောလှပါတယ်။

  • candle .

    November 15, 2012 at 5:30 pm

    ငယ်ငယ်က စွဲလမ်းခဲ့ဘူးတဲ့..
    လေးစားခဲ့ရတဲ့ ကိုတိုးကြီး တစ်ယောက်..ကောင်းရာသုဂတိလားပါစေ…
    ” ဆောင်းကြိုးရှိုက်သံ သဲ့သဲ့လေး ကြားနေတယ ်”
    ခုထိစွဲလမ်းနေမိတဲ့ သီချင်းသံလေး….

  • ကိုငြိမ်းချမ်း

    November 15, 2012 at 6:11 pm

    ကျနော်ကိုယ်တိုင်က သီချင်းအေးအေးလေးတွေကြိုက်တော့ အများဆုံးနားထောင်ဖြစ်တာ စိုင်းထီးဆိုင်၊ ခင်မောင်တိုးနဲ ့ထူးအိမ်သင်သီချင်းတွေ.. ခင်မောင်တိုးရဲ ့ကြိုးကြာသံသီချင်းဟာ တနည်းပြောရရင် စိတ်ဓါတ်ခွန်အားကို ဖြစ်စေခဲ့တယ်.. ဒဏ္ဍာရီသီချင်း ကတော့ အေးအေးလေးနဲ ့ကောင်းတာ
    သူဆုံးပါးသွားတာ အသက်ဘယ်နှစ်နှစ်လဲလို ့ကျနော် ခုထိမသိသေးဘူး.. သူကြီးသိရင်ပြောပြပေးပါဦး..

    • Inz@ghi

      November 15, 2012 at 6:23 pm

      ၆၃တဲ့ဗျ.

  • Ko out of...

    November 15, 2012 at 7:11 pm

    ခင်မောင်တိုးသီချင်းကို ကျွန်တော်အမြဲတန်းလိုလိုနားထောင်ဖြစ်ပါတယ်… သူ့သီချင်းကအေးအေးလေး…ကြိုက်တာခပ်များများဘဲ….. .အော်….အခုတော့…သူမရှိရှာတော့ဘူး… ကျွန်တော်တို့လည်း.. ဒီလမ်းကို…. မလွှဲမသွေလိုက်ရမှာပါ… ဘယ်လိုဘဲဖြစ်ဖြစ်…. ကိုခင်မောင်တိုးရဲ့ အနုပညာဆိုတဲ့ လုပ်ရပ်ကတော့….. ဆက်လက်ရှင်သန်နေမှာပါ…

  • thit min

    November 15, 2012 at 8:55 pm

    ~~ကြင်နာဟန် ခင်တွယ်ဟန်~~ ညိုချောရဲ့ တရေးနိုးချိန်လေး
    ~~အိပ်စက်ရန် ညဉ့်နက်လို့ လက်ရမ်းကာတိုးတိုးငိုပြော ~~~ကို ရယ် ပြန်ပါတော့လားကွယ်။
    ~~~~~~~~~~~~~~
    ကိုတိုးကြီးကောင်းရာသုဂတိလားပါစေ။

  • MaMa

    November 15, 2012 at 9:17 pm

    ရေးဆိုတီး ဘာမှမလုပ်တတ်ပေမယ့်…
    သီချင်းနားထောင်တာကို အလွန်ဝါသနာပါတယ်။
    စာဖတ်ရင်တောင် သီချင်းနားထောင်ရင်းဖတ်တတ်တာမို့…
    ကိုယ့်ခေတ်မှာ နာမည်ကြီးတဲ့ ခင်မောင်တိုးရဲ့ ကိုယ်ပိုင်သံစဉ်အေးအေးငြိမ့်ငြိမ့်လေးကို အရမ်းသဘောကျခဲ့တာ။
    ခင်မောင်ထူးနဲ့ ခေတ်ပြိုင်ကျော်ကြားပြီး နာမည်ချင်းလဲ ဆင်တူလို့ မကြာခဏမှားတတ်ပေမယ့်…
    မဟာဆန်သူ လို့ ပြောလိုက်တာနဲ့ ခင်မောင်တိုး ဆိုတာတော့ ဘယ်တော့မှ မမှားဘူး။
    :hee:

  • myanmar oscar

    November 16, 2012 at 12:07 am

    ကိုတိုးကြီးတစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေလို့
    ဆုတောင်းပေးလိုက်ပါတယ်……..
    အမျှ..အမျှ..အမျှ..ပေးဝေပါတယ်။

  • pooch

    November 16, 2012 at 1:18 am

    အမေကတော့ အသဲကွဲနေလေရဲ့ စုတ်တသတ်သတ်နဲ့ သူက ဦးတိုးကြီး သီချင်းတွေ သိပ်ကြိုက်တာ
    ကောင်းရာသုဂတိလားပါစေလို့ …………

  • Crystalline

    November 16, 2012 at 9:10 am

    ကျမကတော့ ခင်မောင်တိုးကို မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့ နဲ့မှတွဲကြိုက်တာ.. သူ့သီချင်းတပုဒ် ခေါင်းလောင်းလေးများပြတဲ့တရားသံလို…ဆိုတဲ့သီချင်းလေးကို ဂီတာတီးလို့ကောင်းလို့အမြဲတီးဖြစ်တယ်…သူတို့အဲဒီသီချင်းတီးထားတာ ငြိမ့်ငြိမ့်လေးနဲ့အရမ်းကောင်းတယ်. အဲဒီဝိုင်းက ဆံပင်ရှည်ရှည်အသက်ကြီးကြီးပလေယာကြီးတွေကို အရမ်းသဘောကျတာ…ဦးဇော်မျိုးထွဋ်ရဲ့အတီးကိုလည်း အရမ်းသဘောကျတယ်။

  • ကြွေသွားတဲ့ညနေခင်းများကတော့ ရင်ထဲထိရောက်တဲ့စာသားလေးပေါ့
    ဒီနာမယ်လေးနဲပိုစ်တစ်ခုတင်ထားပါတယ်။

  • ကြည်ဆောင်း

    November 16, 2012 at 9:57 am

    “ဒီတစ်ညတော့မင်းရင်ခွင်မှာအိပ်ဖို့ရောက်လာပြီ အချစ်ကလေးရယ် တံခါးဖွင့်ပါကွယ် “….တဲ့
    အခုတော့လဲ ဖွင့်ခိုင်းစရာမလိုတဲ့ တံခါးထဲ ဖြတ်ပြီးဝင်သွားပြီဘဲလေ ….
    တစ်နေ့မှာလူတိုင်းမလွဲမသွေဖြတ်ရမှာ ဆိုပေမဲ့လည်း အချိန်စောနေသေးတယ် လို့ထင်မိတယ်
    “စိတ်ထားကောင်းဖို့အဓိကကိုသိတဲ့သူမို့ ကောင်းရာသုဂတိလားမှာပါ”

  • kyeemite

    November 16, 2012 at 11:34 am

    နှစ်မြောသဗျာ……….ကိုထီး လိုပဲအသေစောရှာတယ်…
    ကိုတိုးကြီးကောင်းရာသုဂတိလားပါစေ။

  • မောင်ပေ

    November 16, 2012 at 1:01 pm

    ငယ်တုန်းက နားထောင်ခဲ့ရတဲ့ ပန်းချစ်သူ ပိုင်ရှင် ကိုတိုးကြီး ကောင်းရာသုဂတိ လားပါစေဗျာ

    • Shwe Ei

      November 16, 2012 at 3:32 pm

      ပန်းချစ်သူဆိုရင် ဒဏ္ဍာရီဇာတ်ဝင်ခန်းလေး ပြေးမြင်တယ်ဗျာ။
      ပုဂံမှာရိုက်ထားတာ။ သဘောကျတယ်။
      မေသန်းနု နဲ့ ဇင်ဝိုင်းကို သနားလိုက်ရတာ။
      အခုတော့ သီချင်းပို်င်ရှင် သွားလေသူကြီးအတွက် စိတ်မကောင်းဖြစ်ရတယ် :byae:

  • အရင်တစ်ခါက “မောင့် လပြည့်ဝန်း”
    ခုတစ်ခါတော့တော့ “ညနေခင်း”
    ဘာပဲဖြစ်ဖြစ် ဒါဟာ ..
    မြန်မာ့ ဂီတလောက အတွက်တော့ စိတ်မကောင်းဖွယ် သတင်း …

    ဟိုတုန်းက ညနေခင်းများမှာ ကြည်ပြာ ကန်နံဘေး သံစဉ်လှိုင်းခတ်ခဲ့တဲ့ ကိုခင်မောင်တိုး တစ်ယောက်
    ကောင်းရာ သုဂတိ ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါရဲ့ ခင်ဗျာ …

Leave a Reply