နံနက်ခင်းမှာတွေ့ရတဲ့မန္တလေးတောင်အလှ























“နံနက်ခင်း မန်းလေးတောင်ကမြင်ကွင်း ”
ပုံမှန်ရက်တွေမှာ တော့မနက်လမ်းလျောက်ထွက်ရင်းတက်သိမ်းအင်းတစ်ဝိုက်လက်ဆော့ဖြစ်ပါတယ်။
နေ့စဉ်နဲ့အမျှ ကင်မရာတစ်လုံးနဲ့ဟိုနားလျောက်လက်ဆော့ဒီနားလက်ဆော့နေတာကမြင်နေကျမြင်ကွင်းပါဘဲ။
ကျနော်ကလည်း ဒီနေရာတွေမှာရိုက်ရတဲ့အခါ စိတ်ထဲမှာဘယ်လိုမှမနေပါဘူး။
ဒါပေမယ့်တစ်ခါတစ်ရံ အခြားနေရာတွေကိုသွားလက်ဆော့တဲ့အခါမှ တစ်ယောက်ထဲဆိုနည်းနည်းလေးတော့
စိတ်ထင့်ပါတယ်။
လူလူခြင်းပြဿနာတက်မှာကိုတော့မစိုးရိပ်ပါဘူး။
မတော်တဆ အန္တရာယ်ဖြစ်မှာကိုစိုးရိမ်မိတာပါ။
ကျနော်တို့ ဓါတ်ပုံရိုက်သူများက ကိုယ်စိတ်ဝင်စားတဲ့မြင်ကွင်းလေးကို ရောက်သွားရင်ပုံလေးကိုရဘို့
လွဲလို့ ဘာမှသိပ်ခေါင်းထဲမှာ မရှိတတ်လို့ပါ။
တစ်ခါတစ်ရံမှာလဲ အမြင့်တွေဘာတွေတက်ရိုက်။
တစ်ခါတစ်ရံအစွန်အဖျားမှာတက်ရိုက်။
အဲလိုမျုးိတွေရှိတတ်တော့ အဖော်ပါရင်ပိုကောင်းပါတယ်။
တစ်ရက် ဘိုသော့ကမနက်စောစောမန်းလေးတောင်သွားရိုက်ဘို့ပြောပါတယ်။
အဲဒါနဲ့Mလုင်နဲ့တစ်ခါသွားဘူးတဲ့ မန်းလေးတောင်ဓါတ်တော်တိုက်ကနေရိုက်မယ်လို့စိတ်ကူးလိုက်ပါတယ်။
အဲဒါနဲ့မနက်ငါးနာရီအိမ်ကထွက်မယ် သူကကျနော်ကိုလာခေါ်မယ်ဆိုပြီးချိန်းလိုက်ကြပါတယ်။
အဲဒီနေ့မနက်ငါးနာရီအိမ်ကလမ်းလျောက်ထွက်သူနဲ့ကျနော်လမ်းမှာဆုံပြီး မန်းလေးတောင်ဘက်ကိုချီတက်။
အဲဒီတောင်ခြေရောက်တော့ ဘိုးဘုးိကြီးနန်းနားက ပန်းဆိုင်တွေကိုပြောပြီးဆိုင်ကယ်ထားပြီးခြေလျင်တက်ပါတယ်။
မှောင်မဲမဲ ထဲမှာလှေခါးထစ်တွေပေါ်မချော်အောင်တက်။
တက်နေရင်း မောတော့ ခနနားပါတယ်။
လမ်းတစ်ဝက်မှာ မြင်ရတဲ့ဘုရားလေးကနေအောက်ကြည့်တော့အလင်းမသဲကွဲတော့ရိုက်မရ။
အပေါ်ရောက်ခါနီးလှေခါးထစ်နားမှာတော့ လူနှစ်ယောက်အိပ်နေပါတယ်။
ကျောက်တော်ကြီးပွဲကြည့်ပြန်ပြီးတက်အိပ်နေတာနဲ့တူပါတယ်။
ထိပ်ရောက်ခါနီးလှေခါးထစ်အထစ်နှစ်ဆယ်လောက်ရောက်တော့
ကျနော်ခဏ နားရပါတယ်။
မမောဘူး ခြေထောက်တွေညောင်းလာလို့ပါ။
အမောပြေတော့ တောင်ပေါ်ဆက်တက်။
မနက်အရုဏ်ဦးရဲ့လှပတဲ့မြင်ကွင်းတွေကို မမှီမှာလဲစိုးပါတယ်။
ကျနော်တို့အပေါ်ရောက်တော့ ကမ္ဘာမြေကိုအလင်းရောက်စ။
ဒါပေမယ့် အရောင်ကရဲရဲတောက်နီစွေးစွေး။
ဘိုသော့ကတော့ ဒေါက်တွေပြင်တင်လို့ရိုက်။
ကျနော်ကတော့ ဟိုအပေါ်တက် ဒီအပေါ်တက်လို့ရိုက်.
ခဏနေတော့ ဧည့်လမ်းညွန်နဲ့ နိုင်ငံခြားသူ အမျုးိသမီး ဓါတ်ပုံဆရာမရောက်လာ။
သူကလဲဒေါက်တွေဆင်။
ကင်မရာတွေ ပြောင်းတိုပြောင်းရှည်တွေထုတ်လို့တဖျပ်ဖျပ်ဆော်ပါတော့တယ်။.
နောက်ပြီးသူမှာကျနော်တို့မမြင်ဘူးတဲ့ ကင်မရာမျိုးနဲ့ ပါတ်လည်ပုံတွေရိုက်။
ခဏနေတော့ တိမ်အမျှင်သေးသေးလေးတွေက တောင်စွယ်မှာကွယ်နေတဲ့နေရောင်
အဟပ်ကြောင့် ပုဇွန်ဆီအရောင်အသွေးကိုပြောင်းသွားပါတယ်။
အဲတော့လဲ ရိုက်လို့နှက်လို့မဝနိုင်အောင်။
နောက်တော့ အလင်းနုတွေပျောက်ပြီး နေရောင်ထွက်လာတော့ အောက်ကိုပြန်ဆင်းလာခဲ့ပါတယ်။
အောက်ရောက်တော့ တစ်ခါ ဓါတ်တော်တို်က်ကိုအောက်က ပင့်ရိုက်။
နောက်တော့ကျောက်တော်ကြိးဘုရားကို အမြင့်ကစီးမြင်ရတဲ့စေတီလေးနားမှာရပ်ပြီးတစ်ခါရိုက်ကြ။
ရိုက်လို့မဝနိုင်အောင်ပါဘဲ။
နောက်တော့ အောက်ကိုပြန်ဆင်းလာခဲ့ကြပါတယ်။
အိမ်လဲအမြန်ပြန်ရောက်ချင်ပြီ။
လက်ဆော့ထားတာလေးတွေလဲကိုလဲ လှတယ် မလှဘူး ကြည့်ချင်လှပြီ။
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ
(18-11-2012)
17 comments
Hnin Hnin
November 21, 2012 at 10:39 am
မီးပွင့်ကျဲကျဲ မြို့က မဲမဲ၊ တောင်တန်းပြပြာ ကောင်းကင်နီစွေးစွေး နဲ့အရုဏ်ဦးအလှက လှလိုက်တာ…
ဦးခင်ခ
November 21, 2012 at 11:09 am
တစ်မိုးသောက် အာရုံလင်းလို့
တစ်နေ့တာခရီး စရအုံးမည်
ကိုပေါက်ပုံများ ခံစားကာအတည်
တွေးမိလိုက်သည်။
ခိုင်ဇာ
November 21, 2012 at 11:17 am
ပုံတွေကြည့်သွား၏။ လွမ်းသွား၏။ (မန်းလေးကိုပြောတာ။) :harr:
juu juu
November 21, 2012 at 2:31 pm
ဦးပေါက် စောလှချည်လား …………..
aye.kk
November 21, 2012 at 3:15 pm
ှရှာဖွေလေလေ၊တွေ ့ရှိနေတဲ့၊သဘာဝရှုခင်းအလှတွေကို
မရိုးနိုင်အောင်၊အနုပညာဖန်တီးခံစားစိတ်မျက်စိအမြင်ရှိပြီး
(မြူးမြူးကြွကြွ၊အမြင်လှအောင်၊ပြောင်မြောက်စွာနဲ ့သာ)
အမြဲရိုက်ပြနိုင်တဲ့ကိုပေါက်ကို ချီးမွမ်းထောပနာပြုမိရပါကြောင်း ပြောပြလိုက်ပါရစေ။။
aye.kk
November 21, 2012 at 3:17 pm
ကြိုက်လွန်းလို ့ပုံများကူးယူသွားပါတယ်။
လက်ရာများကိုအမြဲမျှော်နေအောင်စွဲဆောင်ထားနိုင်တာလည်းကိုပေါက်အစွမ်းပါဘဲ။
myanmarcitizen
November 21, 2012 at 4:55 pm
ကောင်းကင်ကရောင်နီတွေကအရမ်းလှတယ်။
MaMa
November 21, 2012 at 6:58 pm
နိုင်ငံခြားသူကို ရိုက်တဲ့ပုံမှာ တိုင်လုံးကို နေပျောက်လေးတွေ ထိုးနေတာ မီးဆလိုက်ထိုးထားသလိုပဲနော်။
မြန်မာပြည်ရဲ့ အလှတရားတွေကို ခံစားသွားပါတယ်။ :hee:
ကိုပေါက်(မန္တလေး)
November 22, 2012 at 10:13 am
မမရေ အဲဒါက မှန်စီရွှေချတွေက အလင်းပြန်တာ.။
အဲဒါလေးမြင်လို့လဲရိုက်လိုက်တာပါဗျ။
Mobile
November 21, 2012 at 8:04 pm
၁၃- ၁၈- ၂၂
အဲ့ဒီသုံးပုံကို ကြိုတ်သဗျာ
ကျနော် မင်္ဂလာဆောင်ရင် ကိုပေါက်ကို ဓာတ်ပုံရိုက်ပေး ဖို့အကူအညီတောင်းမယ်ဗျာ။
ဒါကဖြစ်လာဖို့ မလွယ်တဲ့ကိစ္စပါ ကျနော် မန်းလေး ကိုရောက်တဲ့အခါ ကိုပေါက်နေရာအနှံလိုက်ပို့ပြီး
ဓာတ်ပုံတွေရိုက်ပေးဗျာ။
ရိုက်ပေးမယ်ဆိုရင် ကိုပေါက်ကို မန်းမြို့တော် ပေါက်စီတစ်လုံး ဝယ်ကျွေးမယ်ဗျာ . . . . .
ကိုပေါက်(မန္တလေး)
November 21, 2012 at 9:57 pm
မိုဘိုင်းရေ
မင်္ဂလာဆောင်ဓါတ်ပုံအပ်ရင် အစအဆုံးအပ်မှလက်ခံတာနော်။
မန်းလေးလာရင် အားချိန်တဲ့ကြုံရင်ပို့ပေးပါမယ်။
မန်းမြို့တော်ပေါက်စီကတော့ ကျနော်က တစ်ခါစားနှစ်လုံးဗျ။
uncle gyi
November 21, 2012 at 10:46 pm
ဒီလိုအလှအပလေးတွေကြောင့်နေထွက်နေဝင်ကိုတမင်စောင့်ကြည့်ကြ
ဓါတ်ပုံတွေစောင့်ရိုက်ကြကိုယ်ဝါသနာပါတာလုပ်နေကြတာ
ကိုယ့်ကျမ်းမာရေးလည်းကိုယ်ဝါသနာပါဖို့လိုသနော်
ခြေထောက်နာလာတယ်ဆိုတာသွေးအရောက်နည်းလို့ဖြစ်နေအုန်းမယ်
ကိုယ့်ခြေထောက်လည်းကိုယ်စောင့်ကြည့်အုန်းကိုပေါက်ရဲ့
ကိုပေါက်(မန္တလေး)
November 21, 2012 at 11:14 pm
ကျေးကျေးပါ အန်ကယ်ကြီး
ခြေထောက်ညောင်းတာလှေခါးထစ်က တက်ရလို့ပါ.
blackchaw
November 21, 2012 at 11:48 pm
မနက်စောစော ပုံလေးတွေ ကျွန်တော်လည်း ရိုက်ခဲ့ဘူးပါတယ်ကိုပေါက်ရေ…။
အခု ပုံလေးတွေကတော့ ပိုလှနေတယ်လို့ ထင်မိပါတယ်ဗျာ…။
Mလုလင်
November 22, 2012 at 12:40 am
မန်းလေး ကို ထပ်လာချင်ပြီဗျာ .. စိတ်ထဲ တော်တော် သတိရ မိပါတယ် … အပြေးအလွှားတက်ခဲ့ ကြတဲ့ မန်းလေးတောင် က လှေကား ထစ်လေး တွေကို လဲ အောက်မေ့ မိတယ် ..။
ကိုပေါက်(မန္တလေး)
November 22, 2012 at 10:15 am
နောက်ရက် စစ်ကိုင်းတံတားအောက် ကနေသွားရိုက်ထားတာလေးတွေရှိတယ်
စစ်ကိုင်းဘက် တံတားအရှေ့ဘက်ကနေရိုက်ထားတာပါ
Mr. MarGa
November 22, 2012 at 11:01 am
မန့် စရာမလိုလောက်အောင် ပြည့်စုံနေသောပုံများဖြစ်ပါသည်