Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရွှေစွန်ညိုဘာလိုလို့ဝဲ

ခင္ခNovember 17, 20121min48827

ရွှေစွန်ညိုဘာလိုလို့ဝဲ

ရွာထဲအခုတစ်လော အားအားရှိဝင်ဖြစ်တယ်မို့ ရွာရဲ့မျက်မြင်အခြေအနေလေးကိုသိနေတုန်း ရွာထဲလည်ပြီး ခင်ခနေတဲ့ ဟိုရွာအပြင်ဇနပုဒ်တဲလေးဆီ ပြန်လာတော့ ရွာအထွက်လယ်ကွင်းပျက် သလင်းပြောင်မှာ ကလေး တစ်သိုက်ကစားနေတာကို ခဏရပ်ကြည့်မိလိုက်တယ်။  သူတို့ကစားနေကြတာက ရှေ့မှာကလေးတစ်ယောက် ထဲရှိပြီး သူနဲ့မျက်နှာချင်းဆိုင်မှာ ကလေးမလေးတစ်ယောက်က လက်နှစ်ဖက်ဆန့်တန်းလို့နေပြီး အဲဒီကလေးမ လေးရဲ့နောက်မှာတော့ ကလေးတွေအရွယ်စုံ ကျား၊မ စုံတန်းစီလို့ ရှေ့နောက်ရပ်ကာ ရှေ့က ကလေးပုခုံးပေါ် နောက်ကပ်လျှက်ကလေး လက်ကတင်ထားတယ်လေ။ ပြီးတော့ အုပ်စုလိုက်မေးတော့ တစ်ယောက်ထဲသူ က ဖြေတယ်လေ။ သူတို့မေးဖြေကြတာက-

အုပ်စုလိုက်က – ရွှေစွန်ညိုဘာလိုလို့ဝဲ

တစ်ယောက်ထဲက – မထွေးလိုလို့ဝဲ

အုပ်စု – မထွေးမပါ ဒို့ကြည်လာ

တစ်ယောက် – ပါရဲ့လား နောက်ကထား

အုပ်စု – မထွေးအသား ခါးလှတယ်

တစ်ယောက် – ချောင်းငယ်ရေနဲ့ ဆေးပါ့မယ်

အုပ်စု – ချောင်းငယ်ရေ ဘယ်မှာ ခမ်း

တစ်ယောက် – မြစ်ငယ်ရေ နဲ့ ဆေးပါ့မယ်

အုပ်စု – မြစ်ငယ်ရေ ဘယ်မှာ ခမ်း

တစ်ယောက် – မထွေးအမိ ဖမ်း။

ဆိုပြီးလိုက်တန်းပြေးတန်းကစားကြတာဘဲဗျာ။ သူတို့ကစားတာ ရွှေစွန်ညိုဘာလိုလို့ဝဲ မထွေးလိုလို့ဝဲ တဲ့လေ။

အဲဒါလေးရပ်ကြည့်ရင်း မြင်လိုက်ရတော့ တွေးမိသွားတာလေးက ဒို့ရွာထဲလည်း တစ်ခါတလေပိုစ့်လေးတွေက ရွာဆူအောင်လုပ်ရေးကြ၊ အဲလိုရွာဆူ အမြင်မတူတော့ ကွန်မန့်တွေအများကြီးရ တယ်ကောင်းကြတယ်၊ တစ်ယောက်ကအဲလို ကွန်မန့်တွေအများကြီးဖြစ်တာမို့ အဲဒီအကြောင်းအရာနဲ့နွယ်ပြီး နောက်တစ်ယောက်က အလားတူဆက်နွယ်တဲ့ပိုစ့်ရေး အော် ဝင်မန့်ကြပြန်ရော။ ဒီမှာမနေနိုင်သူ တစ်ယောက်က ဆက်ပြီးဆက်နွယ်တဲ့ နောက်ပိုစ့် တစ်ခုဆက်တင် ဒါလည်းကွန်မန့်လေးတွေ အတန်အတင့်ရပြန်ရော။ ရွှေစွန်ညိုဘာလိုလို့ဝဲ ကွန်မန့်လိုလို့ဝဲ တော့ဟုတ်မယ်မထင်ပါဘူးနော်။

ခင်ခရဲ့ အတွေးပါးပါး အရေးလေးတစ်ခုပါ။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ဦးခင်ခ။

27 comments

  • ရာဇဝင်လူဆိုး

    November 17, 2012 at 4:20 pm

    ဒါတော့ နဲနဲလွဲနေသလိုပဲ ထင်မိတယ် ဆြာခ ရဲ့ ။ ကျနော် မန်ဘာဖြစ်တာ ၂ နှစ်နဲ့ အဲဒီမတိုင်ခင်က ဖတ်ခဲ့ရသမျှ မန်ဘာတွေရေးတာကို ပြန်ကြည့်ရရင် ကွန်မန့်ရဖို့ ရေးတဲ့ပိုစ့် မရှိသလောက်နီးနီးပဲ။ (အနည်းကျဉ်းတော့ ရှိကောင်း ရှိနိုင်တယ်)။ ဒါပေမယ့် စာပေကို ဝါသနာပါလို့ လာရေး၊ လာဖတ်ကြပြီး အထူးသဖြင့် စာရေးတဲ့ မန်ဘာတွေဟာ အထက်ကပြောခဲ့ သလို ကွန်မန့်ရဖို့ ဦးတည်ရေးကြတယ်လို့ မခံစားမိဘူး။ :kwi:
    ကိုယ့်ပိုစ့်မှာ အပြန်အလှန် အမြင်မတူတာတွေကို ဝင်ရောက်ဆွေးနွေးလာကြလို့ ကွန်မန့်တွေ ရှည်သွားကြတာချည်းပါပဲ။ ကွန်မန့်တွေ အရမ်းများပြီး အရမ်းရှည်လာကြတော့ အဲဒီမတူညီတဲ့ အမြင်ကို ပို့စ်တစ်ခုအနေနဲ့ ဆက်စပ်ပြီး နောက်တစ်ယောက်က အသေးစိတ် အချက်အလက်နဲ့ ထပ်တင်တယ် လို့လဲ မြင်မိတယ်။ ပြီးရင် အပြန်အလှန် ထပ်ငြင်းခုန်ဆွေးနွေးကြပေါ့။ အဖြေတစ်ခု ထွက်မလာခဲ့ရင်တောင် ဒါကိုဖတ်နေတဲ့ စာဖတ်ပရိတ်သတ်အနေနဲ့ မတူတဲ့ ရှုထောင့်ပေါင်းစုံက မတူတဲ့ အတွေး အမြင်တွေကို ရစေလို့ အကျိုးရှိမှာ သေချာပါတယ်။ ငြင်းခုန်ခြင်း အနုပညာပေါ့ဗျာ။ :mrgreen:

    (((ကွန်မန့် များများရတော့ရော။ ဒါထက် ပိုအရေးကြီးတာက စာဖတ်သူကို ကိုယ်ရေးတဲ့ ပိုစ့်က ဖြစ်စေ ၊ ကိုယ်ဆွေးနွေးတဲ့ ကွန်မန့်ကနေ အပြန်အလှန်ငြင်းခုန်မှုက ဖြစ်စေ ဘာတွေများ ပေးနိုင်လဲ ဆိုတာက အဓိကဖြစ်မယ် ထင်မိပါဂျောင်း))) :mrgreen:

    • ဦးခင်ခ

      November 17, 2012 at 4:33 pm

      ဦးဆုံးကွန်မန့်အတွက်ကျေးဇူးတင်သလို ခုလိုရှင်းလင်းရေးတာအတွက်လည်း ရာဇဝင်လူဆိုးကို ဝမ်းသာကြိုဆိုပါတယ်။
      အတွေးတိုင်းဟာ မမှန်နိုင်ဘူးဆိုတာသိပေမယ် တစ်ခါတလေ မိမိတွေးထင်တာက မှန်တာလား မှားတာလား ဝေခွဲမရတဲ့အခါ ကြုံဆုံရာစကားဝိုင်းမှာ ကိုယ့်အတွေးကို ပြောပြကြည့်လိုက်လို့ အနီးအနားက ဝေဖန်ပေးလိုက်တဲ့ အချက်လေးတွေပေါ်မူတည်ပြီး စိတ်ရှင်းသွားတတ် တာမျိုး ဖြစ်လေ့ဖြစ်ထရှိတာလေ။ ကျွန်တော်က ဒီရွာထဲမှာပိုစ့်ရေးတာ ရွာစကားဝိုင်းလို ဘသောထားရေးတာ မို့ မရှင်းတဲ့အတွေးလေး ရှင်းသွားအောင်ရေးတင်လိုက်မိတာပါဗျာ။

      • ရာဇဝင်လူဆိုး

        November 17, 2012 at 9:07 pm

        ကိုခင်ခရေ…. ကျနော်ကတော့ စာဖတ်အားပဲကောင်းပြီး စာရေးအားမကောင်းတော့ ရေးအားကောင်းတဲ့သူတွေကိုပဲ ကျေးဇူးတင်နေရတာပါ။ ဘာပဲဖြစ်ဖြစ် မမန့်ဖြစ်ပေမယ့် ကိုခင်ခရဲ့ ရေးအားနဲ့၊ ဗဟုသုတ စာပေတွေကိုတော့ အမြဲဖတ်ဖြစ်ပါတယ်။ နောက်လဲ ရေးအားကောင်းကောင်းလေးနဲ့ ဆက်သွားဖို့ မျှော်လင့်ပါတယ်ဗျားး။
        :mrgreen:

  • ခိုင်ဇာ

    November 17, 2012 at 4:20 pm

    ကျနော် လာ ဝဲ သွားပြီကိုခ။
    အရင်ဆုံးမှန်ရင် မထွေးတော့ မလိုချင်ဘူး။ :kwi:
    ကိုထွေး ပဲ ပေးပါ။.

    • မောင်ပေ

      November 18, 2012 at 7:14 pm

      ကဲကဲ
      ကိုပေ့ကိုပဲ ယူပါကွယ်
      အကုန်ပေးပါ့မယ်
      ဟီဟိ

  • ဦးခင်ခ

    November 17, 2012 at 4:35 pm

    မခိုင်ဇာရေ ရဲဘော်ကိုထွေး ဆိုရင်တော့ဖြင့် —–။

    • kai

      November 17, 2012 at 4:53 pm

      ပြောလိုက်ပါ..
      မွတ်စလင်ပါလို့.. ၊ အာဇာနည်ခေါင်းဆောင်တွေဆိုပြီး.. အထဲမှာပါတာ.. ဦးရာဇတ်..၊ ရဲဘော်ကိုထွေး.. ၂ယောက်က မွတ်စလင်တွေပါ..။
      အဲ..
      ရဲဘော်ကိုထွေးက.. ကျဆုံးချိန်မှာ..အသက်၁၉နှစ်.. လူပျိုလို့ထင်ပါကြောင်း…
      (ဖွတာ.. ဖွတာ… ) :kwi:

      • ခိုင်ဇာ

        November 17, 2012 at 4:58 pm

        ဟင်။ ဟုတ်သလား။ သူကြီး ဖွ (အဲ) ပြောမှ ပဲ သိတယ်။
        ကျနော်က အဲ့ အာဇာနည်တွေကို မပစ်မှားရဲဘာဘူးလေ။
        (နေရင်းထိုင်ရင်း အဆဲခံရအောင် လုပ်ပါနဲ့။) :mrgreen:

  • Hnin Hnin

    November 17, 2012 at 4:50 pm

    ‘ ရွှေ စွန် ညို ဘာ လို လို့ ဝဲ၊ ဝဲ ချင် လို့ ကို လိုက် ဝဲ ‘
    အဲ့လို ပတ်ဝဲ နေကြတယ်လို့ မြင်ပါတယ် :kwi:

  • ရွာသူ jujuma .

    November 17, 2012 at 4:52 pm

    ပိုစ် ပိုင်ရှင်တစ်ယောက်အနေနဲ့ကတော့ …..
    ဝါသနာအရပဲ ရေးရေး … ဘယ်လို အကြောင်းကြောင့်ပဲရေးရေး ..
    ကိုယ်ရေးတဲ့ပိုစ်မှာ ကွန်မန့်များများတော့ လိုချင်ကြတာပေါ့ ဗျာ ..
    အဲဒါလေးကိုကြည့်ပြီး ကိုယ့်ရဲ့ပိုစ်ကို ဘယ်လောက်စိတ်ဝင်စားတယ်ဆိုတာသိရတော့မှ .
    ပီတိဖြစ်ချင်တာလေ … အဲဒါ အဲဒါ 😆

  • နွေဦး

    November 17, 2012 at 5:08 pm

    ရုတ်တရက်ကြည့်ရင်တော့ ဒီလို မြင်တတ်ပါတယ် ။
    ရွာက အကျယ်ကြီးဆိုတော့ တချို့နေရာတွေမှာ ရွှံ့အိုင်ဗွက်အိုင်လေးတွေလည်းရှိတတ်မှာပေါ့ ။
    အမြင်မတော်သူတွေ ဝင်ဖို့ပေးကြသလို ရှောင်ကွင်းလို့လျှောက်သွားသူတွေလည်းရှိမှာပါ ။

    • အရီးခင်လတ်

      November 17, 2012 at 5:21 pm

      ခြေဆေးသွားသူများရော တွေ့မိပါသလားရှင်။
      အိုင်တွေ့တိုင်း ရေဆေး ဆိုတဲ့ စကားပုံ ရှိလို့။ 😉

  • aye.kk

    November 17, 2012 at 5:25 pm

    ရွှေစွန်ညို….
    မထွေးလိုဝဲသော်လည်း….
    မထွေးအသားခါးလှသိရင်……။
    စာအာဟာရဆေးနဲ ့စင်အောင်ဆေးပါ့မယ်…..။။

  • Fall Guy

    November 17, 2012 at 6:18 pm

    ုုKKK ကနေ UKK ဖြစ်သွားပြီ….။

  • ဦးခင်ခ

    November 17, 2012 at 11:17 pm

    ဝင်ရောက်ဝဲသွားကြသော ရွာသူားအပေါင်းကို ကျေးဇူးပါလို့။

  • ဦးကြောင်ကြီး

    November 17, 2012 at 11:56 pm

    ကွန်းမန့်များများလိုချင် စာရေးသူတိုင်း ဖြစ်မယ်ထင်ပါတယ်။ ကိုယ့်စာကိုယ် တန်ဖိုးထားလေ သူများထင်မြင်ချက် ပိုသိချင်လေပေါ့ဗျာ။ ဒေါ်စု အိန္ဒိယမှာ ပြောသလိုပေါ့ နိုင်ငံရေးလုပ်တယ်ဆိုတာ ကိုယ့်ယုံကြည်ချက် အတ္တအတွက်လုပ်နေတာ၊ (တနည်းအားဖြင့် ကိုယ်လုပ်ကိုယ်ခံ ဖြစ်ပါတယ်၊ ငိုမပြနဲ့ သိပ်မသနားနဲ့လို့ အဓိပါယ်ကောက်နိုင်တယ်) တကယ် အနစ်နာခံရသူတွေက ကျန်မိသားစုဝင်တွေပါတဲ့။ စာရေးတာလည်း ပြည်သူအတွက် စာပေအတွက် ဘာညာကွိကွအတွက်ပြောပြော တကယ်တော့ အတ္တနဲ့ ရေးနေကြတာပါ။ အနည်းအများ အနုအကြမ်း အတိမ်အနက်သာ ကွာမယ်။ ဒီတော့ ရွှေစွန်ညိုဝဲတာ အတောင်ပါလို့ သဘာဝမို့ ဝဲခွင့်ပြုကြလို့ ဝဲတယ်လို့ ပြောပါရစေ။ အလဲ့ တယ်ဟုတ်တဲ့ငါပါလား။ ဒါလေးကို နဲနဲချဲ့ရေးလိုက်ရင် ပို့စ်တပုဒ်တော့ ဖြစ်မှာ..။ တယ်မိုက်တဲ့ငါပါကလား… :eee:

    • pooch

      November 18, 2012 at 3:16 pm

      ဟုတ်ပါ့ ဦးကြောင် ကိုယ့်အတ္တကြောင့် ငြင်းနေကြတာပါ ။ ကိုယ့်စိတ်ထဲရှိတာတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဖွင့်ဖောက်နေကြတာပါ။ ပြီးမှ ကိုယ့်အမြင် သူ့အမြင်ပြန်ပြီး ဝေငှကြတော့ပေါ့ တခါတခါတော့လည်း ငြင်းကြတာပေါ့။

    • MaMa

      November 20, 2012 at 8:46 am

      ထို့ကြောင့် ကြောင်ကြီးဟု ခေါ်သည်။:kwi:
      နည်းနည်းချဲ့ရေးလိုက်တဲ့ပိုစ့်လေးတောင် ဖတ်ချင်စိတ်ပေါက်လာပြီ။ :hee:

      စာရေးတဲ့အခါ ကိုယ့်အတွေး ကိုယ့်အမြင်ကို ချပြကြည့်ချင်တဲ့သဘောက အဓိကလို့ ထင်ပါတယ်။
      ချပြလိုက်တဲ့အခါ ဖတ်ရှု့သူတွေဆီက ပြန်လာမယ့် တုန့်ပြန်ချက် ခံစားချက်တွေကို သိချင်ရာကနေ ကွန်မန့်မျှော်ကြတာသာ များမှာပါ။
      (ကြုံတုန်း သတ်ပုံကြော်ငြာ ဝင်ရရင် ကြ ကျ သာဖြစ်ပါတယ်။)
      ဒီရွာထဲမှာ စာဖတ်ရင်း စာရေးရင်း အရိုးစွဲလာတဲ့ အကျင့်တစ်ခုက စာတစ်ပုဒ်ကို ဖတ်ပြီးရင် ထင်မြင်ချက်ပေးချင်တဲ့ ရောဂါ ရလာပါတယ်။
      ဂျာနယ်တွေ စာစောင်တွေ ဖတ်ပြီးရင် ပြန်ရေးချင် ပြောချင်တာတွေကို ဘယ်မှာ ပြောရရေးရမလဲလို့ စဉ်းစားမိတာ အကြိမ်ကြိမ်ပါပဲ။
      အဲဒါကြောင့် ဒီရောဂါကို ကုသဖို့ ဒီရွာကို နေ့စဉ်လည်ဖြစ်နေတော့တာပါပဲ။ :hee:

      • MaMa

        November 20, 2012 at 9:02 am

        ကိုခင်ခရေ-
        ပိုစ့်နဲ့ မဆိုင်တဲ့ သတ်ပုံကြော်ငြာဝင်ကာမှ မှားရေးမိလို့ ထပ်မန့်လိုက်ပါတယ်။
        သည်းခံပေးပါအုံး။

        အများကိန်းကို ပြချင်တာမို့ ကြ ကို သုံးတာဖြစ်ပြီး
        များသောအားဖြင့် မှားယွင်းပြီး ကျ ကို သုံးတတ်မိတတ်တာမို့။

  • surmi

    November 18, 2012 at 2:58 pm

    ရွာနဲ ့ နဲနဲပြတ်သွားလို ့ မနဲလိုက်နေရတယ်
    ခုတစ်လော အပြောင်းအလဲလေးတွေလဲ ရှိမယ်ထင်တယ် ကိုကြီးခ ရေ…
    လောလော ဆယ်ဆယ် နားမလည်သေးလို ့ ဝဲရုံပဲ ဝဲသွားပါတယ် ။

  • စိန်ဗိုက်ဗိုက်

    November 18, 2012 at 7:23 pm

    နန်းခင်ဇယာကို လိုချင်လို ့ဝဲ..
    ကဲ.ရှင်းပလား..

  • မောင်ပေ

    November 18, 2012 at 7:29 pm

    ရွှေစွန်ညို
    လေချွန်အို
    ငွေခွန်ပို
    နေလွန်ကြို
    မေရွံငို

  • jullies cezer

    November 19, 2012 at 5:24 pm

    ဘယ်လိုဖြစ်လို့ သရီးကေကနေ ဦးခင်ခဖြစ်ရပြန်ပြီလဲ ဒီတလောရွာထဲလဲ
    အမည်ပြောင်းတွေတယ်များသကို ကမွန်းတပ်လဲမလုပ်ကြဘူး ……

  • အလင်းဆက်

    November 19, 2012 at 8:40 pm

    လေးခ..ပြောသလို……..

    ရွှေစွန်… ကွန်မန့်လိုလို ့ဝဲ…ရင်…

    သူကြီးက… မျက်လုံးပြုူး..နေမှာပေါ့နော် ။

    ========
    သူကြီး.း..ပြူ..လည်း.တတ်နိုင်ဘူး ။
    သူ ့ဘာသူ..ဘာလိုလို ့..ဝဲ..ဝဲ..
    တားတာတို့ကလည်း….
    စာတစ်ပုဒ် ဖတ်ပြီးရင်.ကွန်မန့်လေးတော့ပေး ချင်မိတာပဲ။
    ကွန်မန့်မပေးလိုက်ရပဲ… ဖတ်ထားတာဆို..
    တစ်ခုခု လိုနေသလိုလို…

    အခုပဲ.ကြည့်.. လေးခ ရဲ ့စာကို မနေ့က တည်းက ဖတ်ပြီးသား..

    အခု… လာပြီး.ကွန်မန့် ပေးတာ ။
    မပေး ရရင်.မနေနိုင်တာကိုး….

    ကိုယ် ကွန်မန့်ပေးပြီးရင်လည်း…
    ကိုယ့် ကို..ဘာလေးများပြန်ပြောထားမလဲ..လို ့…
    လာကြည့်မိသေးတာပဲ..။

    ================

    🙂

  • ဦးခင်ခ

    November 20, 2012 at 10:02 am

    ဆက်လက်ပြီး ဝင် ဝဲ ခဲ့သော ရွာသူားအပေါင်း ကျေးဇူးပါနော်။
    ပိုစ့်တစ်ခုရေးတဲ့ စာရေးသူဟာ မိမိရေးလိုက်တဲ့ အကြောင်းအရာအပေါ်မှာ စာဖတ်ပရိတ်သတ်က ဘယ်လိုသဘောထားတယ်၊ တုန့်ပြန်မှု့ရှိတယ် ဆိုတာကို ဒီဂဇက်မှာ ကွန်မန့်လေးတွေနဲ့ သိနိုင်တာမို့
    ပိုစ့်ရေးသူတိုင်း အများစုက ကွန်မန့်မျှော်ခဲ့ လိုချင်ခဲ့ကြတာပါ။ ခင်ခလည်း အဲဒီထဲမှာ တစ်ယောက်အပါဘဲပေါ့။
    ဒါကြောင့် ခင်ခအတွေးဒီပိုစ့်အတွက် အဖြေလေးရခဲ့သမို့ ကျေနပ်မိပါတယ်ဗျာ။
    ရွှေစွန်ညိုဘာလိုလို့ဝဲ ခင်ခကိုမေးခဲ့ရင် ဒီလိုဘဲ တည့်တည့်ဖြေမယ် ကွန်မန့်လိုချင်လိုဝဲပါဘဲ။ ရတာ မရတာ ကတော့ ကိုယ့်အတွေး ကိုယ့်အရေး နဲ့ စာဖတ်ပရိတ်သတ်တို့ရဲ့ ခံစားသွားမှု့အပေါ်မှာ မူတည်စွာဖြင့် သာ ဖြစ်တည်သွားတာပါလို့————။

Leave a Reply