အပြစ်ကင်းတဲ့ ချစ်ခြင်းသံဇဉ်
ငါ့အလွမ်းတွေအောက်မှာ
မိုးပေါက်တွေလဲ ခြွေကျလို့နေပြီလေ
ကောင်းကင်ထက်မှာ လမသာပေမယ့်
ငါ့ရင်ထဲမှာတော့ ကြယ်လေးတွေလင်းလတ်နေဆဲပေါ့
အကြင်နာကင်းမဲ့တဲ့ နေမင်းရဲ့ အပူဒဏ်အောက်မှာ
ငါမာနတွေ အရည်ပျော်ကုန်ပြီလား
သစ္စာမပျက်ပါလျှက်နဲ့ မင်းငါ့ကိုပြစ်ခွာရက်တာ
အခုဆို မေတ္တာစာလေးတွေတောင် နွမ်းလို့နေပြီလေ
အနမ်းတွေခြွေခဲ့ဖူးတဲ့ ပန်းတံတားလေးတောင်
အခုဆို သူ့အောက်က ရေကန်ငယ်လေးလဲ ခမ်းချောက်လို့နေတော့မယ်
သစ်ရွှက်ကြွေတိုင်း လွမ်းတက်တဲ့ ဥဩဌက်လေးလဲ
အဆွေးတေးသံလေး ပေးလို့နေပြီလေ
ဆောင်းခိုဌက်လေးတွေလဲ အိပ်တန်းတက်တော့မယ်ထင်ပ
မြင်သမျှအရာတွေက အခုတော့ ပူဆွေးစရာ
အတိတ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်လို့နေပြီကွယ်
သိပ်ချစ်တယ်ဆိုတာ မင်းကိုယ်ချင်းစာတဲ့တစ်နေ့
အပြစ်ကင်းတဲ့ ချစ်ခြင်းတွေ ရနိုင်ပါစေလို့ ဆုတောင်းရင်း
ကြွေလွင့်သွားတဲ့ မိုးစက်တွေကြား
ငါပြုံးပြုံးလေး ခံစားတော့မယ်ချစ်သူရယ်
ပိတောက်မိုး
3 comments
ရွှေ ကြည်
November 18, 2012 at 9:23 am
“သိပ်ချစ်တယ်ဆိုတာ မင်းကိုယ်ချင်းစာတဲ့တစ်နေ့
အပြစ်ကင်းတဲ့ ချစ်ခြင်းတွေ ရနိုင်ပါစေလို့ ဆုတောင်းရင်း
ကြွေလွင့်သွားတဲ့ မိုးစက်တွေကြား
ငါပြုံးပြုံးလေး ခံစားတော့မယ်ချစ်သူရယ်”
ပိတောက်မိုးရေ ခံစားသွားပါတယ်..။
•*¨နန်းတော်ရာသူ •*¨
November 18, 2012 at 7:37 pm
အားပေးသွားပါတယ်
မောင်ပေ
November 18, 2012 at 7:51 pm
အလွမ်းတွေအောက်
အနမ်းတွေရောက်
ကြမ်းပစေမကြောက်
စမ်းရေသောက်
ပမ်းမေမှောက်