ဧည် ့သည်လေးများ
ကျနော် တောတွင်းပျော် စာရေးရတာထက် စာဖတ်ရတာ ပိုအားသန်တယ်။ စာမရေးတတ်တာကလည်း တစ်ကြောင်းပေါ ့။
နောက်ပြီး ဓါတ်ပုံရိုက်တာကို ဝါသနာပါတော ့ ဒီရွာထဲတင်သမျှ ပုံတွေကို ရွာ ့ခြံတံခါးဝကနေ အားပေးနေကြ။
အထဲထိတော ့ တော်ရုံနဲ ့မဝင်ခဲ ့ဘူး။
ကိုပေါက်တို ့လို ဓါတ်ပုံသတင်းတင်သူ တစ်ဦးစနှစ်ဦးစကလွဲပြီး ဓါတ်ပုံဆရာ အတော်များများပျောက်တာ သတိထားမိတယ်။
ဥပမာ.. ဦးစိန်သော ့
အခုတလော စားနေရတဲ ့ ဟင်းအမယ်တွေက အဆီအနှစ်တွေချည်းမို ့ လူက ကိုယ်လက်တွေ လေးလံသလိုုလိုဖြစ်လာတယ်။
စိတ်လန်းစေမယ် ့ အပြောင်းအလဲဖြစ်မလား..?
ဝါသနာအရရိုက်ထားတဲ ့ ကျနော်တို ့နေတဲ ့ တောတွင်းကတဲဆီကို လာလည်တဲ ့ဧည် ့သည်လေးများပုံကို တင်ပေးလိုက်ပါတယ်။
ဒါ ကျနော်တို ့နေတဲ ့ တောထဲကနန်းတော်
သူကတော ့ ညနေစောင်းရင် ပုံမှန်လာတတ်တဲ ့ ဘီစကွက်မုန် ့ကြိုက်တဲ ့ ဧည် ့သည်လေးပါ။ သူကြိုက်တတ်မုန် ့မရလို ့ကတော ့
မီးဖိုချောင်ထစ်ခုလုံး ပတ်ရှာတော ့တာပဲ။
သူကတော ့မနက် ၁ဝနာရီ ၁၁နာရီ တစ်ကြိမ်၊ ညနေပိုင်းတစ်ကြိမ် တစ်နေ ့ ၂ကြိမ်ပုံမှန်လာတဲ ့ ဧည် ့သည်လေး
သူ ့ကိုတော ့ ငှက်ပျောသီး၊ ဆီအုန်းသီးတွေနဲ ့ဧည် ့ခံရတယ်။
သူကတော ့ ညညကျရင်တိတ်တခိုးလေး လာလည်တတ်တဲ ့ ကြောင်မွှေး(ဝါ)တောကြောင်
ကျနော်တို ့အဖွဲ ့ထဲကသစ်လုပ်သားတစ်ချို ့ဆင်ထားတဲ ့ထောင်ချောက်ထဲမိနေတဲ ့ တောခွေး။ ပြန်လွှတ်ပေးလိုက်ကြပါတယ်။
နောက်ဆုံးပုံကတော ့ မီးစက်အင်ဂျင်နားမှာ အချစ်ကဲနေကြတဲ ့ မ နဲ ့ မောင်လေး
ကျနော် ့ ဧည့်သည်လေးများကို လာရောက်နှ ုတ်ဆက်အားပေးသွားများအားလုံး စိတ်ဖိစီးမှ ုများမှ ကင်းဝေးပြီး
ရွှင်လန်းချမ်းမြေ ့ကြစေသော်။
33 comments
သကြားလုုံးကြော်
November 18, 2012 at 4:12 am
ဧည့်သည်တွေကိုုလာကြည့်သွားပါတယ်။
တောကြောင်ဆိုုတာ Racoon ထင်တယ်။ racoon လိုု rodent အမျိုးတွေက ရောဂါပိုုးတွေသယ်လေ့ရှိလိုု့ သူတိုု့နားမကပ်သင့်ဘူးတဲ့ ။ ကိုုက်ခံရရင် Rabies ဆိုုလား (rabies ဆိုုတာ ခွေးရူးပြန်ဆိုုလား) ကူးတတ်တယ်တဲ့။ မီးဖိုုချောင်ထဲမှာတွေ့လိုုက်ရတော့ အသည်းယားတယ်။
သတိထားပါဦးနော်
kyeemite
November 18, 2012 at 5:34 am
သဘာဝကျတဲ့ တောတွင်းပျော်ရဲ့ ပုံလေးတွေ အားပေးသွားပါတယ်…
ဓါတ်ပုံလေးတွေ တော်တော်ကောင်းတယ်ဗျာ…သင့်ခရု.. :hee:
Shwe Ei
November 18, 2012 at 9:28 am
ဖားနှစ်ကောင်ကလွဲလို့ ကျန်တဲ့အကောင်လေးတေချစ်တယ်။
တောခွေးကိုကျောက်စရာအကောင်လို့ထင်တာ သူလဲချစ်စရာလေးဘဲ။
ပြန်လွှတ်ပေးလိုက်တယ်ဆိုလို့တော်ပါသေးရဲ့ဗျာ :hee:
ဦးကြောင်ကြီး
November 18, 2012 at 9:51 am
တောတွင်းပျော်
မောနင်းအော်
ကျောပျင်းရှော်
ဖောရင်းဆော်
ပေါခြင်းခေါ်
ဗျောခင်းလှော်
ဇောတင်းမျှော်
ဒေါဘွင်းချော်…။
စိန်ဗိုက်ဗိုက်
November 18, 2012 at 10:11 am
တောခွေးနဲ ့ ဖားကလွဲလို ့ကျန်တဲ့ ဧည့်သည်တွေ အကုန်ခြစ်တယ်ဗျာ
ခိုင်ဇာ
November 18, 2012 at 10:15 am
ချစ်စရာလေးတွေ။ 🙂
Foreign Resident
November 18, 2012 at 10:30 am
ဒီလိုပုံလေးတွေ ရိုက်ခွင့်ရတာ ကံကောင်းလိုက်တာ ။
” ဘီစကွက်မုန် ့ကြိုက်တဲ ့ ဧည် ့သည်လေး ”
နေ့တိုင်း ကျွေးလိုက်ပါဗျာ သနားပါတယ် ။
ဟို ငှက်ပျောသီး၊ ဆီအုန်းသီးတွေနဲ ့ဧည် ့ခံရတဲ့
သုံးရောင်ချယ်လေးက ရှဉ့်ပဲလား ၊ ဘာကောင်လဲဗျ ။
တောကြောင်ကိုတော့ သတိထားပါ ၊ အရမ်းရိုင်း / ကြမ်း တယ် ။
သူ့ထက် ဆယ်ဆလောက်ကြီးတဲ့ကောင်တွေကိုပါ ၊
ပြန် ခံ သတ်ဖို့ ဝန်မလေးဘူး ။
တောတွင်းပျော်
November 18, 2012 at 11:21 am
သုံးရောင်ချယ်ကလည်း ရှဉ် ့ပါပဲ။
လုံမလေးမွန်မွန်
November 18, 2012 at 10:52 am
တောတွင်းပျော်..
နာမည်နဲ့ လိုက်ပါတယ်ရှင်…
တောတွင်းပျော်ရဲ့ ဧည့်သည်တွေကိုကြည့်ပြီး တောထဲတောင်သွားချင်စိတ်ပေါက်တယ်… 🙂
ဒါမယ့် အောက်ဆုံးက ဧည့်သည်ကိုတော့ ကြောက်တယ်ရှင့်.. 😛
cobra
November 18, 2012 at 12:13 pm
အကောင်လေးတွေကချစ်စရာလေးတွေဖား၂ကောင်ချစ်
နေကြတာတောင်ရိုက်နိုင်တယ် တော်တော်တော့အချိန်ပေးလိုက်ရမယ်
ကျေးဇူးတင်ပါတယ်
စကားမစပ် ယုန်သားစားချင်တယ်
တောတွင်းပျော်
November 18, 2012 at 9:37 pm
ကို cobra ရေ…
ကျနော် ဒီတော ဒီတောင်ထဲ ၁နှစ်မှာ ၁ဝလလောက်နေတာ။
မိုးကျလို ့အလုပ် လုပ်မရတဲ ့အခုလိုလများကြမှ မြို ့ပေါ်တက်နေတယ်။
ဒီလိုနေလာခဲ ့တာ ရနှစ်ရှိပြီး… ယုန် ကိုတစ်ခါမှ မတွေ ့မိဘူး။
တောဝက်ကတော ့ ရိုက်သတ်လို ့မကုန်အောင် ပေါတယ်…
ကိုပေါက်(မန္တလေး)
November 18, 2012 at 12:26 pm
ကောင်းလိုက်တဲ့ပုံလေးတွေ ဒါမျိုးရိုက်ကြည့်ချင်ပါတယ်။
တောတွင်းပျော်ရေ
ကျနော်ရိုက်နေတဲ့ပုံတွေက မြို့ကပုံက လူတိုင်း ကင်မရာနဲဖြစ်ဖြစ် ဖုန်းနဲ့ဖြစ်ဖြစ် ခလုပ်နှိပ်ပြီးတင်
လို့ရတဲ့ ပုံတွေပါ မထူးဆန်းပါဘူး
ကျနော်ရိုက်တဲ့ပုံတွေက ပညာသားလဲမပါလှပါဘူး။
သူလိုငါလိုပုံတွေပါ။
ဒီတောကောင်ပုံလေးတွကတော့ ထူးထူးဆန်းဆန်းလေးတွေပေါ့.
လှ၏
Thu Wai
November 18, 2012 at 12:56 pm
ရေလည်မိုက်တယ် ခဲရာခဲဆစ်စောင့်ရိုက်ရမှာနော်
ဘယ်တောလဲဗျ လာလည်ချင်တယ်
တကယ်လာလည်လို့ရမယ်ဆိုရင်လိပ်စာပေးဗျာ
တောတွင်းပျော်
November 18, 2012 at 8:19 pm
စိတ်တော ့မကောင်းပါဘူးဗျာ… thu wai
မြန်မာပြည်က တောမဟုတ်ပါဘူး။
ကျနော် မြန်မာပြည်ကထွက်တာကြာပြီ ဆိုတော ့မသိတော ့ဘူး။
မြန်မာပြည်မှာကော ဒီလို စိမ်းစိမ်းစိုစိုတောတွေကော ရှိသေးရဲ ့လားဗျာ….
Hnin Hnin
November 18, 2012 at 3:24 pm
ရှဉ့်လေး နှစ်ကောင်နဲ့ တောကြောင်လေးတွေက ချစ်ရှာလေးတွေ…
ရှဥ့်လေးတွေကို ထမင်းဖြူအဆုပ်တော့ ကျွေးဖူးတယ်..
သူတို့က ထမင်းဖြူလည်း ကြိုက်တယ်…
ဒါပေမယ့် တောကြောင်ကတော့ သကြားလုံးကြော် ပြောသလိုပါပဲ..မကောင်းဘူး..
တီဗီထဲတွေ့တာ လူကို ပြန်ရန်လုပ်တာ ကြောက်စရာ…တော်တော်ရန်လိုတယ်..
သတိထားပါ..
ကိုငြိမ်းချမ်း
November 18, 2012 at 5:58 pm
နောက်ဆုံးပုံ မနဲ ့မောင်လေး ပုံကိုမြင်တော့ ရွာသူ ဆူးတင်ခဲ့တဲ့ (သူပြန်ဖျက်ထားတဲ့) ပို ့စ်လေးကို ပြန်အမှတ်ရမိတယ်… 😀
Mr. MarGa
November 18, 2012 at 6:16 pm
ဦးမာဃတောင် ပုံလေးတွေကြည့်ရင်း နတ်ပြည်က နန္ဒဝန် ဥယာဉ်ကို သွား သတိရတယ်။
အဲဒီမှာဆို ဒါမျိုးလေးတွေ ပေါမှပေါ
မောင်ပေ
November 18, 2012 at 7:12 pm
အပေါ်က အထီး
အောက်က အမ
အဲဒါပြီးရင် အမ က အထီးကို မြိုပစ် စားပစ်တယ်ဆိုပဲ
သိပ်ဆိုးတဲ့အမျိုးပေါ့
ဟုတ်သလားဗျ ၊ ကိုတောပျော်
တောတွင်းပျော်
November 18, 2012 at 8:12 pm
ဟုတ်ပါတယ်ဗျာ…
အပေါ်က အထီး၊ အောက်က အမ
မြို မမြိုတော ့ ကျနော်လည်း မသိဘူးဗျ။
•*¨နန်းတော်ရာသူ •*¨
November 18, 2012 at 7:16 pm
တောကောင်လေးတွေရဲ့သဘာဝကိုနောက်လည်းတင်ပေးပါဦး
aanyar thar
November 18, 2012 at 9:07 pm
မလေးရှား ထင်ပါရဲ့ ဂမ်ဘာများ ဘာ့ညာ့ကျမ်းတိပ်လား ဆာယာ တွန့်ငူ့ လပ်ကီ တယ်ရီမာကာဆေး ဘာ့ညာ့
တောတွင်းပျော်
November 18, 2012 at 9:26 pm
yah! batul…
sama sama
Hnin Hnin
November 19, 2012 at 10:19 am
Terima Kasih(တယ်ရီမာကာဆေး) means ‘ thank you ‘ .
‘ sama sama ‘ means ‘ same ‘ .
အရီးခင်လတ်
November 18, 2012 at 9:57 pm
ဒါကြောင့်ထင်တာ မြန်မာပြည်ရဲ့ တောထဲမှာ ဒီလို အကောင်တွေ ရှိပါ့မလားလို့။
ချစ်စရာလေးတွေ။
အတော်ယဉ်နေတာဘဲနော်။
အဲဒီ တောထဲ မှာ အင်တာနက် လို့ ရတယ်လား တောတွင်းပျော်ရေ။
တောတွင်းပျော်
November 18, 2012 at 10:27 pm
မြန်မာပြည်မှာဆိုရင် ဂွစာမိတာကြာပေါ ့ အရီး။
နက်ကတော ့ 4 wheel ရောက်နိုင်တဲ ့ တောင်မြင် ့မြင် ့တွေမှာ ရှာရတယ်။
MaMa
November 19, 2012 at 8:45 am
ဧည့်သည်ကို ဧည့်ဝတ်ကျေတတ်တယ်ထင်တယ်။
ဘယ်အချိန်ကတည်းက ကင်မရာကိုင်ပြီး ကြိုဆိုနေတယ် မသိဘူး။ :hee:
cobra
November 19, 2012 at 11:47 am
တောဝက်သားလဲ မစားဖူးဘူး
ခုတော့ မန်းလေးရောက်နေတုန်း
ထန်းရည်ကောင်းကောင်းနဲ့ ယုန်သားရတဲ့နေရာလိုက်ရှာနေတယ်
တွေ ့လို့ကတော့ အမုန်းတွယ်ပြီပဲ…။
ခိုင်ဇာ
November 19, 2012 at 12:20 pm
တောဝက်တို့ ယုန် တို့က မေမြို့သွားတဲ့လမ်း ပေါ် မန်းလေး အထွက်က ရတနာလင်း ဆိုင်မှာ ရတယ်။
ထန်းတောကောင်းကောင်းသွားချင်ရင်တော့ ကျောင်းဘက်ကိုသွား၊ မြောင်းဘောင်ပေါ်က လမ်းရောက်ရင် ဘယ်ချိုး (ထုံးဘို နဲ့ မေမြို့ လမ်းစုံနားလို့ မှတ်ထားတာပဲ)။ အခု အတော် နာမည်ကြီးနေပြီတဲ့။
လယ်ကြွက်ပေါ်ချိန်ဆို လယ်ကြွက်ကင်တို့ ကြက်ဥကြော်တို့၊ ပဲကြော်သုပ်တို့ပဲရတယ်။ ယုန်သားနဲ့ စားချင်ရင်ဝယ်သွားမှပဲရမယ်။
:harr:
ခိုင်ဇာ
November 19, 2012 at 12:21 pm
အဲ MIT (Mandalay Institude of Technology) ကျောင်းဘက်သွားတဲ့လမ်းအတိုင်းသွားလို့ ပြောတာ.
Novy
November 19, 2012 at 12:07 pm
တောကြောင်ပေါက်ကလေးကို ငယ်ငယ်တုံးက အိမ်မှာမွေးဘူးတယ်
သူ့အမြီးက သူ့ကိုယ်ထက်တောင်ပိုရှည်တယ်
လွယ်အိတ်ထဲထဲ့ပြီးကျောင်းတောင်ခေါ်သွားဘူးတယ်
အဖွားကဆူလွန်းလို့ တစ်လလောက်နေတော့ တောထဲပြန်လွတ်လိုက်ရတယ်
သူအန္တရာယ် ပြုတာတော့ မခံရပါဘူး
cobra
November 19, 2012 at 12:46 pm
ကျေးဇူးအထူးပင်တင်မိပါတယ် အန်တီခိုင်ဇာ
ခဏနေသွားတော့မှာမို့လိုု့ ဒီနေ့တော့ မူးပီဟေ့……………….။
Thint Aye Yeik
February 1, 2017 at 11:56 am
ငင့်…. သူများတွေ မြင်ထားပြီးမှ… ဝင်ကြည့်တာ…
အခုတော့…ဘာပုံမှ မမြင်ရတော့ဘူး။
ပုံတွေ မရှိတော့ကြောင်း သံချောင်း ခေါက်ခဲ့တယ် ပျော်ပျော်ရေ…
ဒေါင်
တောတွင်းပျော်
February 1, 2017 at 8:57 pm
ကျနော်လည်း မတွေ ့ရတော ့ဘူး