Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နားလည်ပေးပါ…….

တိမ္မည္းNovember 21, 20121min43918

လေးတန်းလောက်ကပေါ့………. ပထမတန်း သချာင်္ကို ပြန်ကြည့်တော့ လွယ်လိုက်တာ…. ညီလေးက ဘာဖြစ်လို ့ မတွက်နိုင်သလဲ စဉ်းစားမစရ…. တွက်မရသော သူ ့ကိုသာ ပြစ်တင်ကြိမ်းမောင်းမိသည်……..

ကိုးတန်း အရောက် အလွန်လွယ်ကူလှသော ခြောက်တန်း အင်္ဂလိပ်စာကို နားမလည်နိုင် ဖြစ်နေသော ညီငယ်ကို စဉ်းစားမရ….

ကွန်ပျူတာကျောင်းတခုတွင် ဒီပလိုမာတန်း တစ်နှစ်လောက်တက်ပီး ကွန်ပျူတာ လောကသို ့ဝင်ခါစ ကွန်ပျူတာ အဖွင့်အပိတ် မလုပ်တက်ဟု ဖင်ပိတ်ငြင်းနေသော ညီငယ်ကို ဖနောင့် နဲ ့ဆောင့်ကန်ချင်စိတ် ပေါက်မိသည်….

တခါတလေ လူတယောက်နဲ ့ တယောက် မွေးရာပါ အတွေးအခေါ် အကြံအဆ အခြေအနေ ပတ်ဝန်းကျင် စသဖြင့် ကွဲပြားမှူပေါင်းမြောက်မြားစွာမှာ ကြီးပြင်းလာတဲ့ လူတွေသည် ကွဲပြားသော စွမ်းဆောင်ရည်နဲ ့ အတွေးအခေါ်ရှိကြလေသည်….

ငယ်ရွယ်စဉ်က ထိုအတွေးအခေါ်ကို သတိမထားမိခဲ့ ဘာဖြစ်လို ့ ညီငယ် ညံ့ရတာလဲဆိုတာကိုပဲ အပြစ်တင်မိသည်…..

——————————————-

ထရီလျံ မက ချမ်းသာသော သူ တဦးသည် သူ ့ရဲ့ သိန်း ရာချီတန်သော် Project တခု ဆုံးရှုံးသွားသည်…. အပြုံးမပျက် ကလပ်တက်ဆဲ……….

သို ့သော် ချမ်းသာသမျှအကုန်အောကာ သိန်း ရာချီ သာ ရင်းနှီးမြုံထားသော သူတဦး အရှုံးပေါ်သောအခါ ဘဝကို အရှုံးပေးသွားတက်ကြသည်…

——————————————-

နှစ်ရာချီကာ ရှေးရေးကို ကြိုတွေးတက်သော သူအဖို ့ ဆယ်နှစ်တာ ကာလကိုသာ ကြိုတွေးတက်သော သူကို အပြစ်တင်ခြင်းသည် တရားသလော…..

——————————————-

တချို ့တချို ့ပညာရှိများသည် များစွာ ပညာ ရှိသည်… သို ့သော် ဂရုဏာမရှိ အသနားမရှိ….

စစ်တုရင် ထိုးသကဲ့သို ့… ထိုးသော် စစ်တုရင်သည် သစ်သား ရုပ်မဟုတ်ပဲ လူရုပ်သာဆိုလျှင် စစ်တုရင် ထိုးနေသော သူအဖို ့ ခနခန ထိုးရဲပါအုံးမည်လား……

ဒီ ငယ်ရုပ်ကို ထိုးကျွေးတာ ဒီ ဘုရင်ကို သတ်ဖို ့ဆိုတာ စစ်တုရင် ကစားနေသူအဖို ့ ကောင်းကောင်းသိမှာပါ…

ထိုးကျွေးလိုက်လို ့ ပွဲက နိုင်ချင်နိုင်မယ် ရှုံးချင်ရှုံးမယ်….

မသေသေးတဲ့ တခြားငယ်ရုပ်တွေက ကစားနေတဲ့ ပွဲအတွင်း ပါနေလို ့ စစ်တုရင် ထိုးနေတဲ့သူကို ပြန်မပြောနိုင်ပေမယ့်….

ငိုကြွေး တမ်းတပီး အပြစ်တင်မိတာ အပြစ်လား……

——————————————-

များမြောင်လှစွာသော Strategy, Projects, Planning တွေကြားမှာ နားမလည်နိုင်သူအချို ့ကို ရှင်းပြရမည့် အစား………..

မင်းတို ့ ဒါကြောင့် အခုအချိန်အထိ အသုံးမကျသေးတာ လို ့ပြောခြင်းထက်…

နားလည်ပေးပါ…. ရှင်းပြလိုက်ပါ….

သင့်လောက် နားမလည်လို ့ပါ………

နားလည်ပေးပါ…… ထွေးပွေ ့လိုက်ပါ….

တအား နာကျင်နေရလို ့ပါ………

နားလည်ပေးပါ…… အားပေးလိုက်ပါ…

ပေးဆပ်ရမည့် မနက်ဖြန်တွေ ကျန်သေးလို ့ပါ……

 

လေးစားလျက်

တိမ်မည်း

18 comments

  • ခိုင်ဇာ

    November 21, 2012 at 8:38 am

    အစ်မ နားလည်သလောက်ပြောမယ်နော်။
    ၁) ကိုယ်ချင်းစာတရားတို့၊ သူတပါးကိုနားလည်မှုတို့သည် ပညာတတ်ခြင်း/မတတ်ခြင်းနဲ့မဆိုင်။
    ၂) ဆုံးရှုံးမှုကို ခံနိုင်ရည် ရှိခြင်းသည်လည်း ချမ်းသာ/ဆင်းရဲနဲ့ မဆိုင်ပါ။

    Emotional Intelligence Quotient (EQ or EI) လို့ခေါ်တဲ့ ကိုယ်တိုင်အတွက်ရော သူများအတွက်ပါ စိတ်ခံစားမှု/စိတ်လှုပ်ရှားမှု တွေကို ခံစားနားလည်နိုင်တဲ့ အပေါ်မှာ မူတည်တယ်ထင်ပါတယ်။
    အဲ့ဒီ EQ က တစ်ယောက်နဲ့ တစ်ယောက်မတူနိုင်ပါဘူးတဲ့။ ၅၀% က မွေးရာပါဖြစ်ပြီး၊ ကျန် ၅၀% က မိဘနဲ့ ပတ်ဝန်းကျင်က၊
    ပြုပြင်နိုင်တယ်လို့ ကြားဖူးပါ၏။ ဒါပေမဲ့လည်း ပတ်ဝန်းကျင်မှာ တော့ ပညာ အသားကုန်တတ်ပြီး သူများကို မစာနာနိုင်၊ နားလည်မပေးနိုင်တဲ့ သူတွေလည်း တစ်ပုံကြီးပါ့။ သူတို့နဲ့ ပတ်သက်မိရင်တော့ ကိုယ့် နားလည်မှုနယ်ပယ်ကိုပဲ အသကုန် ချဲ့ရပါတယ်။ အစ်မလည်း IQ မြင့်ပြီး EQ မမြင့်တဲ့သူမျိုးကို အတော်စိတ်ကုန်ပါတယ်။ 🙂

    • Inz@ghi

      November 21, 2012 at 8:55 am

      အဲ့လိုလား …

      Zo In-sung နဲ့
      Joo Jin-mo တို့ ရေ…
      နားလည်ခွင့်လွှတ်ပေးပါတယ် ..တဲ့ …
      အာ..ဟိ
      :harr:

      • ခိုင်ဇာ

        November 21, 2012 at 9:01 am

        ဟမ်!! ဂီဂီ!!!!!!!!!!!!!!!!!! ငါ့ စကား အကောင်းလေးကို လာဖောက်ပြီ။
        အဲဒါတွေတော့ နားလည်ချင်ဘူးတော့။ (စိတ်ပညာတို့ ဆေးပညာတို့ကို အတိတ်ကံတို့ ကို ဘေးဖယ်ထားသည်။)
        အဲ့ ရုပ်ရှင်ကြည့်ကောင်းတယ် ဆိုသူတွေသာ နားလည်လိုက်ကြ။ :harr:

      • တိမ်မည်း (ခရီးသွားနေည်)

        November 21, 2012 at 9:04 am

        Zo In-Sung နဲ ့ Joo Jin-mo ဆိုတာ ဘယ်သူလဲဟင်…………..

        • ခိုင်ဇာ

          November 21, 2012 at 9:05 am

          ဂီဂီ အချစ်တော်တွေပါကွယ်။ :mrgreen:

    • တိမ်မည်း (ခရီးသွားနေည်)

      November 21, 2012 at 9:02 am

      အမရေ…..

      ကျွန်တော့် ပတ်ဝန်းကျင်မှာတော့ IQ မြင့်သူ နိမ့်သူ EQ မြင့်သူ နိမ့်သူကတော့ အပုံအပင်ပါ…..
      ချမ်းသာခြင်း ဆင်းရဲခြင်း ပညာတက်ခြင်း မတက်ခြင်း နဲ ့ဆက်စပ်ကာ နားလည်ပေးနိုင်ခြင်းသည် တခါ တရံ ဆက်စပ်သလို တခါတရံလည်း မဆက်စပ်ပါ…..
      အားလုံးဟာ လူတယောက်ချင်းစီရဲ့ တခဏတာ အတွေးလေးပေါ်မှာတခါတရံ မူတည်တယ်ပေါ့နော်……..

      IQ မြင့်တယ်လို ့ ကိုယ့်ကိုယ်ကို ယူဆတဲ့သူများက IQ မမြင့်ရကောင်းမလားလို ့ ခနခန ဆူပူ နေကြသူများကို စိတ်ကုန်လွန်းလို ့ပါ…..
      နားလည်မှူ အားနည်းပီး ရက်စက်မှူသာ ပြည့်နေတဲ့ Professional ဆန်ဆန် လောကကြီးကို ရွံမိကြောင်း…

      အရင်တုန်းက ဇာတ်ကားတွေ ကြည့်ပီး မင်းသားတွေက တိုင်းပြည်ကို ကယ်ပီး ဘုရင် လုပ်လို ့ရသားနဲ ့ ဘာလို ့များတောထဲကို သွားလည်းပေါ့နော်…..
      အစကတော့ နားမလည်မိပါဖူး……
      အခုတော့ နားလည်သွားပါပီ…….

      အခုလို ပထမ ကော်မန် ့လေးအတွက် ကျေးဇူးတင်ကြောင်း…..

      လေးစားလျက်
      တိမ်မည်း

      • ခိုင်ဇာ

        November 21, 2012 at 9:11 am

        တိမ်မည်းက အသက်ငယ်ပါသေးတယ်လေ။
        မပူပါနဲ့။ ရှေ့လျှောက် ဒီလို စိတ်ကုန်စရာ လူမျိုးတွေ အများကြီးတွေ့ရမှာပါ။ :mrgreen:

        သူတို့နဲ့ရင်ဆိုင်ရတဲ့ အခက်အခဲကပဲ ကိုယ့်ကို ဘယ်လို နေထိုင်၊ စိတ်ထားရမယ်ဆိုတာသင်သွားပါလိမ့်မယ်။
        အကောင်းနဲ့ အဆိုး နှစ်မျိုးလုံး မျှပြီး ကြည့်မြင်နိုင်မှပဲ စိတ်သက်သာမယ်ကွယ်။ ဒီနှစ်မျိုးလေးရှိတာပဲဟာလေ။ :kwi:

  • Inz@ghi

    November 21, 2012 at 9:11 am

    အကောင်းမန့်ပါ့မယ် ပိုစ့်ပိုင်ရှင်ရေ..
    Professionalism မှာ Responsibility ပိုင်း
    အားကောင်းမှ ရတယ် လို့ ဆိုချင်ပါတယ်။
    ဆိုတော့ ရက်စက်တယ် ဆိုတာထက် ပြတ်သားတယ် လို့
    ပြောင်းသုံးရင် ပိုလှမယ်ဗျ ..။

    လူမှုရေးအရ ထောက်ထားငဲ့ညှာသင့်ပေမယ့်
    Professionalism အရ အားတင်းပြီး ပြတ်ပြတ်သားသား
    ဆောင်ရွက်ရတဲ့အခါ အနှီ Pro လည်း လူထဲကလူပဲမို့…
    ခံစားရတာတွေ ရှိမှာ အမှန်ပါပဲဗျာ…

    အာဂန္တု စိတ်ပျက်နေတာလို့ပဲ ယူဆပါတယ်ဗျ…
    လက်ရှိ ကျနော်တို့ ရွှေပြည်ကြီးကတော့ဖြင့် Professionalism မပီဘဲတော့ ..
    တိုးတက်မှာ မဟုတ်ဘူးဗျို့…

    ကိုကြောင်ဝ ပိုစ့်နဲ့ ဆက်စပ်ပြီး ထပ်မန့်ပါဦးမယ်ဗျာ…
    ဟိုဘက်ဖြစ်မလား ဒီဘက်မှာ ဖြစ်မလားတော့… ချရေးကြည့်ပြီးမှ ပြောပါ့မယ်

    • တိမ်မည်း (ခရီးသွားနေည်)

      November 21, 2012 at 9:22 am

      အကို အင်ဇာဂီရေ….

      Professionalism အကြောင်း ကောင်းကောင်းသိတယ်လို ့တော့ မဆိုချင်ပါဖူး…..
      လူကလည်း ရက်စက်တက်သူ ပြတ်သားတဲ့သူ မဟုတ်လေတော့…..
      နားလည်မှူနဲ ့ပဲ အလုပ်လုပ်တာများပါတယ်……….
      ဒါပေမယ့်လည်း အလုပ် ချောမွေ ့စေရန် တခါတလေ Professional ဆန်ရတာလေးလည်း ရှိတာပေါ့….
      အဲ့ဒါကြောင့် HR အလုပ်တခုလုပ်မလားလို ့ ကမ်းလှမ်းခံခဲ့ရတာတောင် ပယ်ချခဲ့ဖူးပါတယ်…..
      ခန် ့ရတာ ပျော်ဖို ့ကောင်းသလောက် ဖြုတ်ရတာ မေးမြန်းရတာ ကို စိတ်ညစ်လွန်းလို ့ပါ……

      လက်ရှိရွေပြည်ကြီး Professionalism ပီသစွာ ကြိုးစားနေလို ့….
      တချို ့ငယ်ရုပ်လေးတွေ စပီးထိုးကျွေးနေပါပီ……..
      အဲ့အတွက် ဝမ်းနည်းမိပေမယ့် ဘာမှမတက်နိုင်လို ့ အခုလို ပိုစ်လေးပဲရေးပီး….
      နားလည်ပေးဖို ့ မျှော်လင့်မိတာပါ………………

      တကယ်တမ်းတော့ အဲ့ဝိုင်းထဲမှာ ဒေါ်စု ကိုယ်တိုင်တောင် ငယ်ရုပ်ဖြစ်နေမှတော့……….
      ကျွန်တော်တို ့အားလုံးလည်း ငယ်ရုပ်ပေါ့ဗျာ……..
      တနေ ့နေ ့တော့ ထိုးကျွေးခံရမှာပေါ့နော်……….

      မည်သို ့ပင်ဆိုစေ……………..
      ရွေပြည်ကြီး တိုးတက်ဖို ့ ကြိုးစားနေလို ့…………
      အားလုံး ဝမ်းမနည်ကြပါနဲ ့….. ကြိုးစားကြပါ…..
      အချိန်ဖြုန်းခြင်း… လျော့ကြပါလို ့…………….
      တိုက်တွန်းလျက်………

      လေးစားလျက်
      တိမ်မည်း

      • Shwe Ei

        November 21, 2012 at 12:56 pm

        နယ်ရုပ်လို့ ခေါ်တယ်မှတ်တယ် ။
        (eight foot soldiers တဲ့ မြန်မာတူအင်းဂလိပ်ဒစ်ဒွင်နရီမှာ)

        • တိမ်မည်း (ခရီးသွားနေည်)

          November 21, 2012 at 1:38 pm

          ဟုတ်ကဲ့….
          အခုလို အမှားကို ထောက်ပြတဲ့အတွက်…
          ကျေးဇူး အထူးတင်ပါတယ်…….

          🙂

  • .. နားလည် ပေးပါ … နားလည် ပေးပါ ..
    .. လူတကာ မင်ဂါ ဆောင်သွားကျ ..
    … ကျနော်သာ ဘူမှ မရ …
    အဟဲ … အနော်က အိုက်သီချင်းလေးတော့ ကျိုက်သဗျ …. :mrgreen:
    (ဆိုင်ဆိုင် မဆိုင်ဆိုင် မန့်လိုက်ပီဂျာ)

    • တိမ်မည်း (ခရီးသွားနေည်)

      November 21, 2012 at 1:41 pm

      ရချင်လား…. အသစ်စက်စက် နန်းခင်ဇေယျာလေးရှိတယ်လေဂျာ….
      သူလေးက နောက်နှစ်ဆို expire ဖြစ်တော့မှာဂျ…..
      အဲ့ဒါကြောင်…. ကြိုးစားထား…..

      (ဆိုင်ဆိုင် မဆိုင်ဆိုင် ပြန်မန် ့တယ်ဂျာ)

  • MaMa

    November 21, 2012 at 3:29 pm

    အားနည်းသူကို ဖေးကူချင်တဲ့ အတွေးလေးကို ချပြလို့…
    လေးစားပါတယ် တိမ်မည်း ရေ…..
    ဒါ့ထက် စကားအတင်းစပ်-
    တိမ်မည်း ကို မဲ လို့ မပေါင်းပဲ မည်း လို့ ပေါင်းထားတာ ထူးခြားနေသလိုပဲ။
    မည်းနက်၊ မည်းချိတ် လို့ သုံးပေမယ့် အမဲရောင် ဆိုပြီး ရေးလေ့ရှိကြတော့….
    😕

    • တိမ်မည်း (ခရီးသွားနေည်)

      November 21, 2012 at 3:57 pm

      ဟုတ်ကဲ့ အခုလို ထောက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်….

      အရင်က တယောက်လည်း အဲ့လို မန် ့ဖူးလို ့ လိုက်ကြည့်ဖူးပါတယ်….
      Dictionary ထဲ လိုက်ကြည့်မိတော့လည်း…
      English to Myanmar ဖြစ်စေ… Myanmar to English ဖြစ်စေ….
      ဘယ်လို ကြည့်ကြည့် မည်း နဲ ့ နက် ဟူသော အသုံးအနှုန်းသာ တွေ ့ရသည်က တကြောင်း…..
      မည်း ဟူသော စာလုံးနဲ ့ မဲ ဟူသော စာလုံး မှာ မည်း ဟူသော စာလုံးကို ပိုပီး လေးနက်သည် ဟု ထင်မိတာ က တကြောင်း…..
      ထို နှစ်ကြောင်း ကြောင့် တိမ်မည်းဟုသာ ဆက်လက် သုံးစွဲမိပါတယ်…..

      မြန်မာစာ အရေးအသား မကျွမ်းကျင်သော သူ ဖြစ်သောကြောင့် လမ်းညွန်စရာများ ဝေဖန်ချင်စရများတွေ ့သော် အားမနာပါနဲ ့လို ့……….

      ပွင့်ပွင့်လင်းလင်း ဝေဖန်တာကို ကြိုက်ပါတယ်…….

      လေးစားလျက်
      တိမ်မည်း

  • မောင်ပေ

    November 21, 2012 at 9:37 pm

    ကောင်းလိုက်တဲ့ အဆိုပေပဲဗျာ
    ဒီနေ ့မှာ စဉ်းစားကြည့်တော့ ၊ မနေ ့က ကြုံခဲ့တဲ့ အခက်အခဲတွေဟာ အေးဆေးပါ
    ကြိုက်တယ် ကိုတိမ်မည်းရဲ ့စာကို

    • တိမ်မည်း (ခရီးသွားနေည်)

      November 22, 2012 at 8:49 am

      ဟုတ်ကဲ့…………

      ကျေးဇူးတင်ပါတယ်….
      ဦးပေရေ… အခုလို အားပေးတဲ့အတွက်…..

Leave a Reply