မကြည်ပြာ အား တူးခြင်း (တိုင်ပတ်နေတဲ့ ကမာ္ဘ by Shwe Ei)
ဗျို့ ကျောင်းဒကာ ဘဘ ဘလက် ပေါက်တူးခနငှားပါဗျာ
ကျော် မရွှေအိ ကို တူးချင်လို့…
:harr:
ဖြစ်ပုံက ဂလို ပိတ်သတ်ကြီးရေ့
မနေ့က ခင်တဲ့ ဒိုဇင်ပလွတ် အဖွဲ့က သယ်ရင်းတွေနဲ့ အာရိုက်ရင်း
မကြည်ပြာကို ညည်း စာလေးဘာလေးရေးအုံးအေ လို့ ..အာချောင်ပြီး
တိုက်တွန်းမိလေရဲ့ … ဒင်းကို ကောမန့်ပဲလိုက်ပေးနေတာ
ပိုစ့်မရေးဝူး ထင်ထားတာရယ်.. ဆိုတော့ …
သူရေးတာတွေရှိကြောင်း ပြောရင်း ..အင်း …
ကျုပ်တိုင်ပတ်ပီး စာဖတ်နည်းခဲ့တုန်း က ပိုစ့်တွေ ဖြစ်မယ်ထင်လို့
ဂနေ့ ဒင်းကို တူးဆွကြည့်တော့ … လားလား … ပြောင်ပြောင်မြောက်မြောက်ကို
ကောင်းတဲ့ စာတွေ ထွက်ကျလာပါရောလား …. အဲ့ဒါ… ဒင်းကိုခွင့်တောင်းပြီး
ပြန် တင်မလို့ပါဗျာ ..
သူအပိုင်းဆက်ရေးခဲ့တဲ့ တိုင်ပါတ်တဲ့ ကမာ ဆိုတဲ့ ပိုစ့် အတွဲလေး အကြောင်းပါ…
လူက လူသစ်ပဲရှိသေးတဲ့အချိန် ခေါင်းစဉ်က စာလုံးပေါင်းက မမှန် စွဲဆောင်မှု ကနည်း
ရေးထားတဲ့အကြောင်းအရာက လေးနက် .. ပြီးတော့ အခန်းဆက်က ဖြစ်ပြန်
သည်တော့ လူစိတ်ဝင်စားမှု နည်းခဲ့တယ် ဆိုပါတော့ဗျာ …
သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး တို့ Public Management and Administration
တို့ ကို စိတ်ပါဝင်စားသူတွေ အပါအဝင် ကျောင်းသူကျောင်းသား လူငယ်တွေအတွက်လည်း
အကယ်ဒမ်းမစ် ပွိုင့်အော့ဖ်ဗျူးကောင်းတွေ ပါတဲ့ စာမို့
သည်တော့ အကျအပေါက်လေးတွေ ပြန်စစ်ပေးရင်းပြင်ဆင်စရာ ရှိတာလေးတွေပြင်ပေးရင်း
တစုတစည်းထဲပြန်တင်ပေးလိုက် ရပါသည် ။
ပစ္စည်း တို့၏ ဘဝသံသရာ
ရှင့်မှာ iPod ရှိလား။ ကျွန်မကတော့ ကျွန်မ iPod ကိုတမ်းတမ်းစွဲဖြစ်နေမိပြီ။ အမှန်ပြောရရင်
ကျွန်မ ပိုင်ဆိုင်တဲ့ ပစ်စည်းအားလုံး ငြိတွယ်စွဲလမ်းမိတာပါဘဲ။ ဒါထက် ကျွန်မတို့ ဝယ်ယူသုံးစွဲနေတဲ့ ပစ်စည်းတွေ
ဘယ်ကလာပြီး၊ စွန့်ပစ်တဲ့အခါ ဘယ်ကိုရောက်ကုန်သလဲ ဆိုတာကိုကော ရှင်စဉ်းစားကြည့်ဖူးလား။ ကျွန်မ ကတော့
အဲဒီအကြောင်းကို မနားတမ်းစဉ်းစားခဲ့ဖူးတယ်။ စာအုပ်တွေထဲလည်း ရှာဖွေဖတ်ကြည့်ခဲ့တယ်။ ကျောင်းသင်ရိုးစာအုပ်တွေထဲမှာတော့
ကျွန်မတို့ပိုင် ပစ်စည်းတွေဟာ (သယံဇာတ) တူးဖော်ထုတ်ယူခြင်း၊ ကုန်ပစ်စည်းထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊
စားသုံးခြင်းနှင့် စွန့်ပစ်ခြင်း စတဲ့အဆင့်တွေကို ဖြတ်သန်းရတယ်လို့ဆိုတယ်။
1) သယံဇာတတူးဖေါ်ခြင်း
2) ကုန်ပစ်စည်းထုတ်လုပ်ခြင်း
3) ဖြန့်ဖြူးရောင်းချခြင်း
4) စားသုံးခြင်း
5) စွန့်ပစ်ခြင်း
ဒီအဆင့်တွေကို စုပေါင်းပြီး ကုန်စည်စီးပွါးရေး လို့ခေါ်တာဘဲ။ ဒီဖြစ်စဉ်ထဲကို ဒီထက်ပိုပြီး
ကျွန်မစူးစမ်းကြည့်ရုှုခဲ့တယ်။ ဒီလိုနဲ့ကုန်ပစ်စည်းတွေ ဘယ်ကလာလို့ ဘယ်ကိုသွားတယ်ဆိုတာကို
ကမာ္ဘပတ်လေ့လာလိုက်တာ ဆယ်နှစ်တောင်ကြာသွားတယ်။ အဲဒီလေ့လာချက်ထဲက ကျွန်မဘာတွေ
တွေ့ခဲ့တယ်လို့ထင်သလဲ။ တခြားတော့မဟုတ်ဘူး။ အပေါ်မှာပြထားတဲ့ဖြစ်စဉ်ဟာ ကုန်ပစ်စည်းတခုရဲ့
ရာဇဝင်အပြည့်အစုံ မဟုတ်သေးဘူးဆိုတာဘဲ။ ဒီရာဇဝင် ဒီဇာတ်လမ်းထဲမှာ မပါဘဲပျောက်ဆုံးနေတာတွေ
အပုံကြီးရှိပါသေးတယ်။
အပြင်ပန်းကိုကြည့်ရင်တော့ ဒီဖြစ်စဉ် ဒီစနစ်ဟာ ကောင်းကောင်းမွန်မွန်ပါဘဲ။ ဘာပြသနာမှမရှိသယောင်ပါဘဲ။
ဒါပေမဲ့ အမှန်မှာတော့ ဒီစနစ်က အကြပ်အတည်း ထဲ ရောက်နေတဲ့စနစ်။ အဲသလိုဖြစ်ရတဲ့အကြောင်းက ဒီစနစ်ဟာ
မျဉ်းဖြောင့်အတိုင်းသွားတဲ့စနစ် ဖြစ်နေခြင်းဘဲ။ ကျွန်မတို့ဟာ အကန့်အသတ်တခု အတွင်းမှာသာဖြစ်တည်နေတဲ့
ဂြိုဟ်ပေါ်မှာ အဲဒီ မျဉ်းဖြောင့်စနစ်ကို အကန့်အသတ်မဲ့စွာ ကျင့်သုံးလို့မရပါဘူး။
တကယ်တော့ ဒီကုန်ပစ်စည်းထုတ်လုပ်မှုစနစ်က တကယ့်အစစ်အမှန် ကမာ္ဘကြီးနဲ့
အပြန်အလှန်ပတ်သတ်နေတာပဲ။ ဒီစနစ်ဟာ စာရွက်ဖြူအလွတ်တရွက်ပေါ်မှာ အဖြစ်ရှိနေတာမှမဟုတ်တာ။
လူ့အဖွဲ့အစည်းတွေ၊ ယဉ်ကျေးမှုတွေ မတူညီတဲ့စီးပွါးရေး အဆောက်အဦးတေွ ပြီးတော့ သဘာဝပတ်ဝန်းကျင်
….ဒါတွေအားလုံးနဲ့ ဆက်ယှက်ပတ်သတ်နေတာလေ။ ပြီးတော့ ဖြစ်စဉ်တလျှောက်လုံးမှာ အကန့်အသတ်တွေနဲ့
ဝင်တိုးဝင်တိုက်နေမိတာမဟုတ်လား။ အဲဒီ အကန့်အသတ်တွေကိုတော့ အပေါ်က ဆက်သွယ်ချက်ပြပုံတွေမှာ
တွေ့ရမှာမဟုတ်ဘူး။ ပုံကပြည့်စုံမှုမှ မရှိသေးဘဲကိုး။ အဲဒီတော့ဘာတွေလိုအပ်နေသလဲဆိုတာ
ဖြည့်ကြည့်ကြရအောင်။
အရေးကြီးဆုံးတခုကတော့ လူတွေ ဘဲ။ ဟုတ်တယ်။ လူတွေ ဒီဖြစ်စဉ်ကိုဖေါ်ပြချက်မှာ သူတို့ပျောက်နေတယ်။
တကယ်တော့ သူတို့ဟာ ဒီစနစ်တခုလုံးမှာ အလုပ်လုပ်ကိုင်သူအဖြစ်နဲ့ရော နေထိုင်မှီတင်းသူအဖြစ်နဲ့ပါ
ရှိနေတာပါဘဲ။ အဲ…….အဲဒီလူတွေထဲက တချို့ကတော့ ကျန်လူတွေထက် ပိုအရေးပါကြတယ်။
အဲဒီအရေးပါသူတွေက ဘယ်သူတွေလဲ။
ဟုတ်ပြီ။ အစိုးရ ။ သူတို့အကြောင်းပြောရင်းက စကြရအောင်။ အစိုးရကို တင့်ကား (သံချပ်ကာကား)နဲ့ သင်္ကေတပြု
ဖေါ်ပြသင့်တယ်လို့ ကျွန်မ သူငယ်ချင်းတွေက ကျွန်မကို အကြံပြုတယ်။ ဟုတ်လည်းဟုတ်တာဘဲလေ။ ကျွန်မတို့
တိုင်းပြည်……….အမေရိကန်ပြည်ထောင်စုနဲ့ တိုင်းပြည်တော်တော်များများမှာ ဒီအတိုင်းဖြစ်နေတာဘဲ။
အမေရိကားမှာ အခွန်ငွေရဲ့ ၅၀% ထက်ပိုတဲ့ငွေကို စစ်အင်အား တိုးမြှင့်ဖို့အတွက် အသုံးချနေတယ်။ ဒါပေမယ့်
ကျွန်မကတော့ အစိုးရကို တင့်ကားအဖြစ် သင်္ကေတမပြုလိုဘူး။ အစိုးရဆိုတာ ပြည်သူလူထုထံမှ၊
ပြည်သူလူထုအားဖြင့်၊ ပြည်သူလူထုအတွက်သာ ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ တန်ဖိုးကို မြတ်နိုးရမှာမို့
ကျွန်မကတော့ အစိုးရကို လူအဖြစ်သာ သင်္ကေတပြု သတ်မှတ်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ကို ဂရုစိုက်ရမှာ၊
စောင့်ရှောက်ရမှာ အစိုးရရဲ့ အလုပ်ပဲ။ အဲဒါ သူတို့ရဲ့အလုပ်ပဲ။
အစိုးရအပြင် အခြားအရေးပါသူတွေကတော့ ကော်ပိုရေးရှင်းတွေဘဲ။ ကနေ့ ကော်ပိုရေးရှင်းတွေ
အစိုးရထက်ကြီးမားတယ်လို့ ထင်ရစေတဲ့ အကြောင်းအရင်းကတော့ ကော်ပိုရေးရှင်းဟာ အစိုးရထက်
တကယ်လည်း ပိုအရေးပါ ကြီးမားလို့ဖြစ်တယ်။ ကမာ္ဘ့ အင်အားအကြီးမားဆုံး
စီးပွါးရေးအဆောက်အဦ (၁၀၀) မှာ ကော်ပိုရေးရှင်းတွေက (၅၁) ခုထိရှိတယ်။
(ကျန်လေးဆယ့်ကိုးခုက တိုင်းပြည်စီးပွါးရေးတွေဖြစ်ပါတယ်။) ကော်ပိုရေးရှင်းတွေရဲ့
အရွယ်အစားနဲ့ ဩဇာ ပိုကြီးမားလာတာနဲ့အမျှ အစိုးရတွေအတွင်းမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတယ်။
အစိုးရတွေဟာ ပြည်သူတွေထက် အဲဒီကော်ပိုရေးရှင်းတွေကို အလုပ်ဖြစ်ဖို့ ပိုပြီး ပူပန်၊ ပိုပြီး စဉ်းစားလာကြတယ်။
ဟုတ်ပြီ။ ကုန်ပစ်စည်းထုတ်လုပ်မှု ဖြစ်စဉ်မှာ အခြားဘာတွေ ဖေါ်ပြဖို့ ကျန်နေသေးလဲကြည့်ရအောင်။
၁). သယံဇာတ တူးဖေါ်ထုတ်လုပ်ခြင်း
သယံဇာတတူးဖေါ်ထုတ်လုပ်ခြင်း အကြောင်းကနေစကြရအောင်။ ”သယံဇာတတူးဖေါ်ထုတ်ယူခြင်း” တဲ့။
ဒါကနားထောင်ကောင်းအောင် ဖန်တီးထားတဲ့ စကားလုံး။ တကယ်က ” သဘာဝသယံဇာတအရင်းအမြစ် တွေကို
ကိုယ်ကျိုးစီးပွါးအတွက် အမြတ်ထုတ်သုံးစွဲ” တာကိုပြောတာ။ ဒါတောင်နားထောင်ကောင်းနေသေးသလိုဘဲ။
တကယ်တော့ ”ကမာ္ဘကြီးကို ဖျက်ဆီး” တာဘဲ။ သစ်ပင်တွေကိုခုတ်၊ အတွင်းက သတ္တုတွေကိုထုတ်ယူဖို့
တောင်တွေကိုဖောက်ခွဲ၊ ရေကို အလွန်အကျွံသုံး၊ ပြီးတော့ တိရစာ္ဆန်တွေကို မျိုးပြုန်းအောင်လုပ်
စတာတွေကိုဆိုလိုတာဘဲ။
ဒါက ကျွန်မတို့ရဲ့ ပထမအကန့်အသတ် ကို ဝင်တိုးနေတာ။ ကျွန်မတို့မှာ သဘာဝသယံဇာတအရင်းအမြစ်
ရှားပါးတဲ့ ပြသနာ ပေါ်နေပြီ။
ကျွန်မတို့ဟာ အရာရာကို အလွန်အကျွံ သုံးစွဲနေကြတယ်။ ဒီလိုပြောတော့နားဝင်ဆိုးမှာပေါ့။ ဒါပေမယ့် ဒါကအမှန်
ဖြစ်နေတာ။ ဒါကိုကျွန်မတို့ ရင်ဆိုင်ဖြေရှင်းရမယ်။ လွန်ခဲ့တဲ့အနှစ်သုံးဆယ်အတွင်းမှာကိုဘဲ ကမာ္ဘကြီးမှာရှိသမျှ
သဘာဝအရင်းအမြစ်ရဲ့ သုံးပုံ တပုံကို ထုတ်ယူစားသုံးခဲ့ကြပြီးပြီ။ အဲဒါကုန်သွားပြီ။ တကယ့်ကို အလျင်အမြန်
ခုတ်ကြ၊ တူးကြ၊ ထုတ်ယူကြ၊ ဖျက်ဆီးကြနဲ့ နေလာလိုက်ကြတာ အခုဆို ကမာ္ဘပေါ်မှာ လူတွေနေထိုင်ဖို့တောင်
မလွယ်တော့ဘူး။ ကမာ္ဘကြီးရဲ့ သက်ရှိတွေအပေါ်ပံ့ပိုးနိူင်စွမ်းကို လျော့နည်းလာစေတာကိုး။
ကျွန်မနေတဲ့ အမေရိကန်ပြည်ထောင်စုမှာဆိုရင် သစ်တောပမဏက ရှိရင်းစွဲရဲ့ ၄% ဘဲကျန်တော့တယ်။
ရေအရင်းအမြစ်စုစုပေါင်းရဲ့ ၄၀% က သောက်လို့မရတော့ဘူး။ ကျွန်မတို့ရဲ့ ပြသနာက
အလွန်အကျွန်သုံးစွဲခြင်း တခုတည်းမဟုတ်ဘူး။ ကျွန်မတို့က ကျွန်မတို့ သုံးစွဲပိုင်ခွင့်ဝေစုထက် ပိုသုံးစွဲနေကြတယ်။
ကျွန်မတို့ အမေရိကန်ပြည်ထောင်စုဟာ ကမာ္ဘ့လူဦးရေရဲ့ ၅% သာဖြစ်ပေမဲ့…
….ကမာ္ဘ့သယံဇာတအရင်းအမြစ်ရဲ့ ၃၀% ကိုစားသုံးနေပြီး၊ ကမာ္ဘ့ စွန့်ပစ် ပစ်စည်းစုစုပေါင်းရဲ့ ၃၀% ဟာ
ကျွန်မတို့ဆီက လာတာဖြစ်တယ်။
နိူင်ငံတိုင်းကသာ အမေရိကန်ပြည်ထောင်စုလို စားသုံးမယ်ဆိုရင် ကျွန်မတို့ဟာ ကမာ္ဘတလုံးထဲနဲ့
မလောက်တော့ဘဲ၊ ကမာ္ဘ ၃လုံးကနေ ၅လုံးထိ လိုအပ်လာမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရှင်တို့သိတဲ့အတိုင်း
ကျွန်မတို့မှာ ကမာ္ဘ တလုံးတည်းသာ ရှိတယ်။ ဒီအကန့်အသတ်ကို အမေရိကန်ပြည်ထောင်စု
တုံ့ပြန်ပုံကတော့ရှင်းတယ်။
အခြားတိုင်းပြည်တွေရဲ့ဝေစုကို သွားယူကြလေရဲ့။ အဲဒီတိုင်းပြည်တွေကတော့ တတိယကမာ္ဘက
တိုင်းပြည်တွေပါဘဲ။ တတိယကမာ္ဘဆိုတာက ”ငါတို့ရဲ့ သယံဇာတအရင်းအမြစ်တွေ ရှိတဲ့နေရာလို့”
လူတချို့က စကားဖလှယ်ကြလိမ့်မယ်။ ဒီဖြစ်စဉ်က ဘယ်လိုမျိုးပါလိမ့်။ စောစောကပြောခဲ့တာနဲ့ အတူတူပါဘဲ။
ကမာ္ဘကိုဖျက်ဆီးကြတာ။
အခုဆိုရင် ငါးဖမ်းယူနိုင်တဲ့ ကမာ္ဘ့ရေဧရိယာစုစုပေါင်းရဲ့ ၇၅% ကို (သို့မဟုတ်) အလွန်ကို
ငါးဖမ်းယူသုံးစွဲခဲ့ပြီးဖြစ်တယ်။ ကမာ္ဘ့သစ်တောရဲ့ ၈၀% ကို ခုတ်ယူခဲ့ပြီးဖြစ်တယ်။ အမေဇုန်ဧရိယာ
တခုတည်းမှာကိုဘဲ ကျွန်မတို့ဟာ တမိနစ်ကို သစ်ပင် ၂၀၀၀ ဆုံးရှုံးနေကြရတယ်။
ဒါက ဘောလုံးကွင်း ရ ကွင်း နဲ့ညီမျှပါတယ်။
မှီတင်းနေထိုင်ကြတဲ့ ဒေသခံတွေရော ဘယ့်နှယ့်လဲ။ ကော်ပိုရေရှင်းတွေရဲ့အပြောအရတော့…….
ဒေသခံတွေဟာ ဒီအမေဇုန်ဧရိယာမှာ မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့ကြသော်လည်း၊ ဒေသတွင်းက
အရင်းအမြစ်တွေကို သူတို့မပိုင်ဘူးတဲ့။ သူတို့ဟာ ကုန်ပစ်စည်းထုတ်လုပ်မှု နည်းလမ်းတွေကို မပိုင်သလို၊
ပစ်စည်းတွေကိုလည်း အလွန်အကျွှံ မဝယ်ယူကြဘူး။ ဒီစနစ်မှာတော့ ရှင့်အနေနဲ့ ပစ်စည်းလည်းမပိုင်၊
ဝယ်လည်းမဝယ်ဘူးဆိုရင် ရှင့်မှာဘာတန်ဖိုးမှ မရှိတော့ဘူးတဲ့။
၂). ကုန်ပစ်စည်း ထုတ်လုပ်ခြင်း
သယံဇာတတူးဖေါ်ထုတ်ယူခြင်းကနေ ရရှိတဲ့ ကုန်ကြမ်းတွေဟာ ”ထုတ်လုပ်ခြင်း” ဆိုတဲ့အဆင့်ဆီ
ဆက်လက်ရွေ့လျားရတယ်။ ဒါဟာ အဆိပ်ပါဝင်တဲ့ကုန်ပစ်စည်းကို ထုတ်လုပ်ဖို့အတွက် စွမ်းအင် ကိုသုံးပြီး၊
အဆိပ်ပါဝင်တဲ့ ဓါတုပစ်စည်း တွေနဲ့ သဘာဝသယံဇာတကို ရောနှောတာဖြစ်တယ်။
ကနေ့ ကုန်စည်ကူးသန်းရောင်းဝယ်မှုလုပ်ငန်းမှာ လူလုပ်ဓါတု ပစ္စည်းအရေအတွက် ( ၁၀၀၀၀၀)
ကျော်ပါဝင်ပါတယ်။ အဲဒီထဲက အနည်းငယ်သာ လျှင် လူ့ကျန်းမာရေးနဲ့ သင့်/မသင့်၊ လူ့ကျန်းမာရေးအပေါ်
ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲ စတာတွေအတွက် စမ်းသပ်စစ်ဆေးခြင်းခံရတယ်။ ဒါပေမဲ့
အဲဒီဓါတုပစ်စည်းတွေရဲ့ စုပေါင်းဘေးဥပါဒ် ကိုသိဖို့အတွက် ဘယ်ဓါတုပစ်စည်းတခုကိုမှ စမ်းသပ်ခဲ့ခြင်း မရှိဘူး။
စုပေါင်း ဘေးဥပါဒ်ဆိုတာကတော့ ကျွန်မတို့ နေ့စဉ် ထိတွေ့စားသုံးနေရတဲ့ ဓါတုပစ်စည်းတွေအချင်းချင်း
တွေ့ဆုံရောနှောတဲ့အခါ ပေါ်ပေါက်တဲ့ သက်ရောက်မှုကို ဆိုလိုတာဖြစ်တယ်။
ဒီတော့ ကျွန်မတို့ရဲ့ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်အပေါ်ကျရောက်မဲ့ အဲဒီအဆိပ်ပစ်စည်းတွေရဲ့
ဘေးဥပဒ်အပြည့်အစုံအကြောင်း ကို ကျွန်မတို့ မသိရဘူး။ ဒါပေမဲ့ ကျွန်မတို့ တခုတော့ သိတယ်။
အဲဒါကတော့ ”အဆိပ်ဝင် အဆိပ်ထွက်”။ ကျွန်မတို့ရဲ့ ကုန်ပစ်စည်းထုတ်လုပ်မှုစနစ်အတွင်းကို အဆိပ်သင့်
ဓါတုပစ်စည်းတွေ ဝင်ခွင့်ရနေသမျှ ကာလပတ်လုံးမှာတော့ ကျွန်မတို့ရဲ့ အိမ်၊ အလုပ်ခွင်နဲ့ ကျောင်းတွေဆီ
ကျွန်မတို့ သယ်ယူသွားမဲ့ ပစ္စည်းတွေထဲမှာ အဆိပ်ပါဝင်တဲ့ ဓါတုပစ်စည်းတွေ ပါနေမှာဖြစ်တယ်။ ပြီးတော့
ကျွန်မတို့ရဲ့ ကိုယ်ခန္ဒာ ထဲမှာ။
ဥပမာ– BFR (Brominated Flame Retardants) ကိုပဲကြည့်။ ဒီပစ်စည်းတွေကအရာဝတ်တု မီးစွဲလောင်ခြင်းက
ကာကွယ်ပေးတဲ့ ဓါတုပစ်စည်းတမျိုးဘဲ။ ဒါပေမဲ့ မဟာအဆိပ်ပစ္စည်း ဖြစ်တယ်။ ဦးနှောက် ကိုထိခိုက်စေတဲ့
အဆိပ်မျိုး။ အခုကျွန်မတို့က အဲသလိုပစ္စည်းမျိုးကိုတောင် သုံးစွဲနေကြပြီ။ အဲဒါကို ကျွန်မတို့ရဲ့
ကွန်ပျူတာတွေထဲမှာ၊ လျှပ်စစ်ပစ်စည်းတွေထဲမှာ၊ ဆိုဖာထိုင်ခုံတွေမှာ၊ မွေ့ယာနဲ့ ခေါင်းအုံးတွေမှာ ထည့်ထားကြပြီ။
စင်စစ် ကျွန်မတို့ရဲ့ ခေါင်းအုံးတွေကို အဲသလိုဦးနှောက်ထိခိုက်စေတဲ့ ဓါတုအရည်ထဲမှာစိမ်၊ အိမ်ကိုသယ်လာ၊
ပြီးတော့ ကျွန်မတို့ခေါင်းအောက်မှာထားပြီး အိပ်ကြတာ တနေ့ကို (၈) နာရီ လောက်ရှိတယ်။
အခုထိတော့ အဖြေကို ကျွန်မ မသိဘူး။ ဒါပေမဲ့ အလားအလာကောင်းတွေ အများကြီးရှိတဲ့
ကျွန်မတို့ရဲ့တိုင်းပြည်မှာ ညည ကျွန်မတို့ရဲ့ခေါင်းကို ဓါတုမီးစွဲလောင်တဲ့ဘေး ကနေ ကာကွယ်ဖို့
ပိုကောင်းတဲ့နည်းလမ်းတော့ ရှိလောက်ပါတယ်။
အဲသလိုဓါတုပစ်စည်းတွေဟာ ကျွန်မတို့ရဲ့ အစားအသောက်သံသရာ ထဲမှာလည်း ပါဝင်နေပြီး၊ ကျွန်မတို့ရဲ့
ခန္ဒာကိုယ်ထဲမှာ ဖြည်းဖြည်းခြင်းစုဝေးနေကြတယ်။ အစားအသောက်သံသရာထဲမှာ အဆိပ်ပမာဏ
အများဆုံးပါဝင်တဲ့ အစားအစာကို ရှင်သိလား။ တခြားတော့မဟုတ်ဖူး။ မိခင်နို့ရည် ဘဲ။ အဓိပ္ပါယ်ကတော့
ကျွန်မတို့ လူ့အဖွဲ့အစည်းရဲ့ အငယ်ရွယ်ဆုံး၊ အသေးငယ်ဆုံးအဖွဲ့ဝင်တွေဖြစ်တဲ့ ရင်သွေးငယ် တွေဟာ
သူတို့မိခင်တွေရဲ့ မိခင်နို့ကတဆင့် ဓါတုအဆိပ်ပစ္စည်းတွေကို သောက်သုံးနေရတဲ့ အခြေဆိုက်နေပြီဆိုတာဘဲ။
ဒါဟာမယုံနိုင်စရာကောင်းတဲ့ အခွင့်အရေးဖောက်ဖျက်မှု ဘဲ မဟုတ်လား။ မိခင်နို့ရည်တိုက်ကျွေးခြင်းဟာ
လူသားရဲ့အခြေခံအကျဆုံး ပြုစုစောင့်ရှောက်ခြင်း လုပ်ရပ်ဖြစ်တယ်။ ဒီလုပ်ရပ်ဟာ မြင့်မြတ်ပြီး လုံခြုံသင့်တယ်။
မိခင်နို့ရည်တိုက်ကျွေးခြင်းဟာ အခုလည်းအကောင်းဆုံးနည်းလမ်းပါဘဲ။ မိခင်တွေအနေနဲ့
ဒါကိုဆက်လက်လုပ်ဆောင်သင့်တယ်။ ဒါပေမဲ့ ကာကွယ်ဖို့လည်းလိုလိမ့်မယ်။ အစိုးရတွေအနေနဲ့လည်း
မိခင်နို့ရည် အဆိပ်ကင်းမဲ့ရေးအတွက် ကာကွယ်မှုလုပ်ပေးသင့်တယ်။
အဆိပ်ဓါတုပစ္စည်းတွေရဲ့ ဒဏ်ကို ခါးစည်းခံရသူတွေကတော့ စက်ရုံအလုပ်သမား တွေပါဘဲ။
အလုပ်သမားထုထဲမှာ ကိုယ်ဝန်ဆောင်အရွယ် အမျိုးသမီး တွေ အများကြီးပါဝင်တယ်။ သူတို့ဟာ သန္ဓေသားနဲ့
သားအိမ် တို့ကို ထိခိုက်နိုင်တဲ့ အဆိပ်ပစ်စည်းတွေ၊ ကင်ဆာဖြစ်စေနိုင်တဲ့ ကာစီနိုဂျင် (Carcinogen) တွေအပြင်၊
အခြားအဆိပ်ဓါတုပစ်စည်းများစွာကို ကိုင်တွယ်ထိတွေ့ကြရတယ်။ ကျွန်မရှင့်ကို မေးခွန်းတခုမေးမယ်။ သဒေသား
ကိုထိခိုက်စေနိုင်တဲ့ အဆိပ်ပစ်စည်းတွေနဲ့ ထိတွေ့ရတဲ့အလုပ်ကို ဘယ်လိုကိုယ်ဝန်ဆောင်အရွယ်
မိန်းကလေးမျိုးက လုပ်ချင်မှာလဲ။ ရွေးချယ်စရာ ဘာတခုမှမရှိတဲ့ မိန်းကလေးမျိုးသာ ဖြစ်မှာပေါ့။
ဟုတ်တယ်မဟုတ်လား။
ဒါကဟောဒီ မျဉ်းဖြောင့်ပုံစံ ကုန်ထုတ်လုပ်မှုစနစ်ရဲ့ ”ပြသနာ” တွေထဲက တခုဘဲ။ ဒေသပတ်ဝန်းကျင်
ယိုယွင်းပျက်စီးခြင်းနဲ့ဒေသစီးပွါးရေး ဆုတ်ယုတ်ခြင်းတို့ကြောင့် ဒေသခံတွေမှာအလုပ်အကိုင်အတွက်
ရွေးချယ်စရာ ဘာမှမကျန်တော့ပါဘူး။ ကမာ္ဘနဲ့အဝှမ်းမှာ လူအယောက် (၂၀၀၀၀၀) ဟာတချိန်က
မျိုးဆက်ပေါင်းများစွာ ရေရှည်တည်တံ့ခဲ့ဖူးတဲ့ သူတို့ရဲ့ဒေသ၊ သူတို့ရဲ့ပတ်ဝန်းကျင်ကနေ မြို့ပြဆီကို
ပြောင်းရွှေ့ကြရတယ်။ မြို့ရောက်တော့ ကျူးကျော်ရပ်ကွက်မှာနေပြီး၊ အဆိပ်ဓါတုပစ္စည်း
ဘယ်လောက်ပဲများတဲ့ အလုပ်ဖြစ်ပါစေ၊ ရှာဖွေလုပ်ကိုင်ကြရတယ်။ တွေ့တယ်မဟုတ်လား။ ဒီစနစ်မှာ
ဖြုန်းတီးခံရတာ သဘာဝအရင်းအမြစ်ချည်းဘဲမဟုတ်ဘူး။ လူတွေပါ ဖြုန်းတီးခြင်း ခံရတယ်။ ရပ်ရွာတွေဟာ
ပြုန်းတီးခြင်းဘဝရောက်ရတယ်။ ဟုတ်ပြီ။ အဆိပ်ဝင်၊ အဆိပ်ထွက်ခြင်းအကြောင်းပြောကြရအောင်။
အဆိပ်ဓါတုပစ်စည်းတွေဟာ စွန့်ပစ်ပစ္စည်းအဖြစ်လည်းကောင်း၊ ရေ၊ လေ၊ မြေ ညစ်ညမ်းခြင်းအဖြစ်လည်းကောင်း
စက်ရုံကနေထွက်ခွါလာတယ်။ အင်မတန်ကြီးမားတဲ့ ရေ၊ လေ၊မြေ ညစ်ညမ်းပျက်စီးခြင်းကို ဖြစ်ပေါ်စေတယ်။
အမေရိကန်ပြည်ထောင်စုမှာဆိုရင် တနှစ်ကို ဓါတုအဆိပ်ပမာဏ (၄) ဘီလီယံပေါင် နှုန်းနဲ့
စက်ရုံရဲ့ပြင်ပကိုရောက်ရှိတယ်။ ဒါကစက်ရုံတွေကိုယ်တိုင် ဖွင့်ဟဝန်ခံထားတာ။ သူတို့ရဲ့ဝန်ခံချက်က
အဲသလောက်ဆိုတော့ အမှန်တကယ်ဆိုရင် ဒီထက်တောင်ပိုနိုင်တယ်။ ဒါကကျွန်မတို့ ကမာ္ဘကြီးရဲ့
နောက်ထပ်အကန့်အသတ် တခုပါဘဲ။ တနှစ်ကို (၄) ဘီလီယံပေါင်နှုန်းနဲ့ ထွက်လာတဲ့ အဆိပ်တွေကို
ဘယ်သူက ရှူချင်ပါ့မလဲ။
ဒီပြသနာကို ရှင်းဖို့အတွက် အမေရိကန်စက်မှုလုပ်ငန်းပိုင်ရှင်တွေက ဘာလုပ်တယ်မှတ်လဲ။
သူတို့ရဲ့စက်ရုံတွေကို အခြားနိုင်ငံတေွ ဆီ ရွှေ့လိုက်ကြပါသတဲ့။ ညစ်ညမ်းမှုဖြစ်လည်း
အခြားတယောက်ရဲ့နိုင်ငံမှာ သွားဖြစ်ဆိုတဲ့ သဘောပေါ့။ ဒါပေမဲ့ ဒီရန်ကအေးမသွားဘူး။
လေထုညစ်ညမ်းခြင်းဟာ လေတိုက်ခိုက်မှုနဲ့အတူ အမေရိကား ဆီ ပြန်လာကြပါသတဲ့။
၃). ကုန်ပစ္စည်း ဖြန့်ချိခြင်း
အဲဒီသဘာဝအရင်းအမြစ်တွေ အားလုံး ကုန်ပစ်စည်းဘဝ ရောက်သွားပြီးနောက် ဘာဆက်ဖြစ်သလဲ။
ကုန်ပစ်စည်းဖြန့်ချိခြင်းဆီရောက်လာတာပေါ့။ ကနေ့မှာတော့ ကုန်ပစ်စည်းဖြန့်ချိခြင်းဆိုတာ ”အဆိပ်တွေ
ခိုအောင်းပါဝင်နေတဲ့ အမှိုက်သရိုက်တွေကို အမြန်ဆုံးကုန်အောင်ရောင်းချခြင်း” လို့အဓိပ်ပါယ်ရပါတယ်။
ဒီနေရာမှာ အဓိကပန်းတိုင်က ဈေးနှုန်းတွေကို လျှော့ချဖို့၊ လူတွေ အမြဲဝယ်ယူနေအောင်လုပ်ဖို့နဲ့ ကုန်ပစ်စည်း
ရောင်းချနှုန်းကိုထိန်းသိမ်းဖို့ဖြစ်ပါတယ်။
ဈေးနှုန်းလျော့ကျအောင် သူတို့ဘယ်လိုလုပ်ကျသလဲ။ ရှင်းပါတယ်။ အရောင်းဆိုင် ဝန်ထမ်းတွေကို
လစာနည်းနည်းသာပေးပြီး၊ ကျန်းမာရေးအာမခံကိုလည်း အခွင့်သာရင်သာသလိုလျှော့ချကြတာပေါ့။
ဒါကို ”တာဝန်မရှိသော အခြားလူများ/ အရာများအား အဖိုးအခ ပေးဆောင်စေခြင်း ( Externalizing the costs)
လို့ခေါ်ပါတယ်။ (ရှင်းလင်းချက်။ ။ ကုန်ပစ်စည်း ထုတ်လုပ်မှုဖြစ်စဉ်မှာ တကယ်ပါဝင်ကုန်ကျရတာတွေ
အများကြီးရှိပါတယ်။ ဥပမာ- ရေသုံးစွဲမှု၊ စွန့်ပစ်ပစ်စည်းများကို စွန့်ပစ်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနဲ့
သဘာဝပတ်ဝန်းကျင် ယိုယွင်းခြင်းတို့ကို ပေါ်ပေါက်စေမှု၊ အလုပ်သမားတို့အတွက် နာမကျန်းစရိတ် စတာတွေပေါ့။
ဒါတွေဟာ ကုန်ပစ်စည်းထုတ်လုပ်ခြင်းကြောင့် ပေါ်ပေါက်တွေ့ကြုံရတဲ့အရာတွေ။ ဒါပေမယ့် ကုန်မဏီ ပိုင်ရှင်တွေက
ဒါတွေကိုလျစ်လျူရှုကြတယ်။ ဒီတော့ တကယ့်ကုန်ကျစရိတ်အဖိုးအခကို သူတို့မပေးကြဘူးလို့
တနည်းဆိုလို့ရတယ်။ နောက်ဆုံး ပြည်သူလူထုနဲ့ သဘာဝပတ်ဝန်းကျင်တို့က အဲဒီထုတ်လုပ်မှုကနေ
ပေါ်ပေါက်တဲ့ ဆိုးကျိုးတွေကို ခါးစည်းခံရတာကြောင့် တကယ့်အဖိုးအခကို ပေးဆောင်ရသူက ပြည်သူနဲ့
သဘာဝပတ်ဝန်းကျင်ဖြစ်လာရတယ်။) ဒီတော့ ကျွန်မတို့ ဝယ်ယူစားသုံးနေတဲ့ ကုန်ပစ်စည်းတွေအတွက် ပေးရတဲ့
အဖိုးအခထဲမှာ တကယ်ကုန်ကျရတဲ့ အဖိုးအခတွေမပါပါဘူး။
ဒီအကြောင်းကို ဟိုတနေ့က ကျွန်မတွေးနေမိသေးတယ်။
အလုပ်ကို လမ်းလျှောက်ရင်း၊ သတင်းပလင်းတွေနားထောင်လိုစိတ် ဖြစ်လာတာနဲ့ ရေဒီယိုကုန်လှောင်ရုံတခုထဲကို
ဇွတ်ကနဲ ဝင်လိုက်မိတယ်။ ရေဒီယိုတလုံးလောက်ဝယ်မယ်ပေါ့လေ။ ၄.၉၉ ဒေါ်လာတန်တဲ့
ချစ်စရာရေဒီယိုလေးတလုံး ရွေးဝယ်လိုက်တယ်။ ရေဒီယိုလေးက အစိမ်းရောင်လေး။ ဒါနဲ့ ဝယ်လိုက်မယ်ဆိုပြီး
ပိုက်ဆံရှင်းဖို့အတွက် အခြားလူတွေနဲ့အတူတူ ငွေချေကောင်တာမှာ တန်းစီလိုက်တာပေါ့။ ကျွန်မတွေးနေခဲ့မိတာက
ဒီရေဒီယို ကျွန်မလက်ထဲရောက်လာတဲ့အထိ ကုန်ကျရတဲ့ကုန်ကျစရိတ်တွေကို အဲဒီ ဒေါ်လာ ၄.၉၉
ထဲမှာဘယ်လိုကာမိအောင် ထည့်သွင်းထားသလဲဆိုတာဘဲ။ ဒီရေဒီယိုထဲက သတ်တုကို တောင်အာဖရိက
မှာတူးတယ်။ လိုအပ်တဲ့လောင်စာဆီက အီရတ်ကရတာ။ ပလတ်စတစ်ကိုတော့ တရုတ်မှာလုပ်တာဖြစ်မယ်။
ရေဒီယိုတခုလုံးကိုတော့ မက်ဆီကိုက ကုန်ပစ်စည်းတပ်ဆင်ရေး အလုပ်ရုံတခုမှာ (၁၅)နှစ်အရွယ်
အလုပ်သမားလေးတွေက အချောသတ် တပ်ဆင်မယ်။ ၄.၉၉ ဒေါ်လာဆိုတဲ့ ငွေဟာ အခု ရေဒီယိုကိုတင်ထားတဲ့
စင်နဲ့နေရာအတွက် ကုန်ကျရတဲ့ ငွေပမာဏထက်တောင်နည်းပါဦးမယ်။
ကျွန်မအတွက် ရေဒီယိုကိုစင်ပေါ်ကနေယူပေးတဲ့ဝန်ထမ်းရဲ့လစာကို အသာထားဦး။ ပြီးတော့ ဒီရေဒီယိုထဲက
အစိတ်အပိုင်းတွေကို အချောသတ်တပ်ဆင်ဖို့ နိူင်ငံအသီးသီးကနေ အချောသတ်စက်ရုံဆီရောက်အောင်
ယူဆောင်လာရာမှာ သမုတ်ဒရာကူး သင်္ဘောတွေနဲ့ ကုန်တင်ကားတွေအတွက် ပေးရတာရှိသေးတယ်။
ကျွန်မကတော့ ဒီလိုဘဲ သဘောပေါက်ပါတယ်။ ပြီးတော့ ဒီအတိုင်းသာဆို ကျွန်မဟာ ရေဒီယိုရဲ့
တကယ့်ကုန်ကျစရိတ်ကို မပေးခဲ့ဘူးပေါ့။
ဒါဆိုတကယ့် ကုန်ကျစရိတ်တွေကို ဘယ်သူပေးရသလဲ။
သဘာဝအရင်းအမြစ်တွေ ဆုံးရှုံးရသူတွေ၊ သန့်ရှင်းတဲ့လေထုကို ဆုံးရှုံးရသူတွေ၊ ရင်ကျပ်ရောဂါနဲ့ ကင်ဆာကို
ရလာသူတွေပေါ့။ ကွန်ဂိုနိူင်ငံက ကလေးတွေကျတော့ သူတို့ရဲ့ အနာဂတ်ကို ပေးရတယ်။ (ကွန်ဂိုနိုင်ငံက
ကလေးဦးရေရဲ့ (၃၀%) ဟာ ကိုလ်တန် (Coltan) သတ်တု ကို တူးဖို့အတွက် ကျောင်းကနေ ထွက်ရတယ်။
ဒီသတ်တုကို ကျွန်မတို့ သုံးစွဲပြီး လွှင့်ပစ်နေတဲ့ အီလက်ထရောနစ်ပစ်စည်းတွေမှာသုံးပါတယ်။) ဒီတော့ ဒီရေဒီယိုကို
၄.၉၉ ဒေါ်လာနဲ့ ကျွန်မရဖို့အတွက် အဲဒီလူတွေ အားလုံးက အဖိုးအခကို ဝင်ရောက်ပေးဆောင်ကြရတယ်။ ဒါပေမဲ့
အဲဒီလူတွေရဲ့ ပေးဆပ်မှုကို ဘယ်ငွေစာရင်းစာအုပ်ထဲမှာမှ မှတ်တမ်းပြုစုမထားပါဘူး။
ကျွန်မဆိုလိုတဲ့ ”အခြားလူများ/အရာများအား ကုန်မဏီပိုင်ရှင်တို့က တကယ့်အစစ်အမှန် အဖိုးအခကို
ပေးဆောင်စေခြင်း (Externalizing the costs)” ဆိုတာပါဘဲ။
၄). ဝယ်ယူစားသုံးခြင်း
ဝယ်ယူစားသုံးခြင်းက ဒီစနစ်ရဲ့ နှလုံးသည်းပွတ် ဖြစ်တယ်။ ဒီစနစ်ကို မောင်းနှင်တဲ့အရာဖြစ်တယ်။ မှားယွင်းနေတဲ့
ဒီစနစ်ကို ကျားကန်ဖို့ရာ အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တာမို့ ဒါကိုကာကွယ်ဖို့ရာ အစိုးရအတွက်ရော၊
ကော်ပိုရေးရှင်းတွေ အတွက်ပါ အဓိက ဦးစားပေးလုပ်ငန်းဖြစ်လာတယ်။
၉/၁၁ ဖြစ်ရပ်ပြီးတဲ့နောက် ကျွန်မတို့ရဲ့တိုင်းပြည်ဟာ အရမ်းကိုတုန်လှုပ်ခြောက်ခြားနေခဲ့တယ်။ ဒီအခါမှာ
သမတကြီး ဘုရှ် အနေနဲ့ ပြည်သူတွေကို ”ပူဆွေးကြပါ၊ ဆုတောင်းမစ်တာ ပို့သကြပါ၊ ပြီးတော့ မျှော်လင့်ချက်တွေ
ထားကြပါ” စသည်ဖြင့် သင့်လျော်တဲ့ စကားကောင်းကို ပြောနိူင်ပေမဲ့၊
သူတကယ်ပြောခဲ့တာကတော့ ”ဈေးဝယ်ထွက်ကြပါ၊ ဈေးဝယ်ထွက်ကြပါ” တဲ့။
ကျွန်မတို့ရဲ့ တိုင်းပြည်ဟာ ”စားသုံးသူတို့ရဲ့တိုင်းပြည်” ဖြစ်လာခဲ့ပါပြီ။ ကျွန်မတို့ဟာ မိခင်တွေ မဟုတ်တော့ဘူး။
လယ်သမားတွေ မဟုတ်တော့ဘူး။ ကျောင်းဆရာတွေ မဟုတ်တော့ဘူး။ စားသုံးသူတွေသာ ဖြစ်ကြပါတယ်။
ကျွန်မတို့ရဲ့ တန်ဖိုးကို တိုင်းထွာသတ်မှတ်ဖေါ်ပြတဲ့ အခြေခံနည်းလမ်းက ကျွန်မတို့
ဘယ်လောက်စားသုံးကြသလဲဆိုတဲ့အပေါ် အခြေခံပါတယ်။ ကျွန်မတို့ဟာ ဝယ်ပြီးရင်းဝယ်၊ ဝယ်ပြီးရင်းဝယ်
ဆိုသလိုပါဘဲ။ ဒီလိုနဲ့ကုန်ထုတ်လုပ်မှုကို ဆက်လက်စီးဆင်းစေခဲ့တယ်။
မြောက်အမေရိကကို ရောက်လာတဲ့ ကုန်ပစ္စည်းတွေရဲ့ ခြောက်လကြာပြီးနောက် အခြေအနေကို
စဉ်းစားကြည့်ရအောင်။ အဲဒီကုန်ပစ်စည်းတွေရဲ့ ရာခိုင်နှုန်းဘယ်လောက်ဟာ ကုန်ပစ်စည်းအခြေအနေ (သို့မဟုတ်)
အသုံးပြုခံရတဲ့အခြေအနေမှာ ရှိနေတယ်ထင်သလဲ။ ၅၀% လား ၂၀% လား။ လုံးဝမဟုတ်ဘူးရှင့်။ ၁% သာလျှင်
အသုံးဝင်တဲ့အခြေအနေမှာရှိတယ်။ တနည်းပြောရရင် ကျွန်မတို့ရိတ်သိမ်း၊ တူးဖေါ်၊ ထုတ်လုပ်ပို့ဆောင်ခဲ့တဲ့
ကုန်ပစ္စည်း စုစုပေါင်းရဲ့ ၉၉%ဟာ ၆လကြာပြီးနောက် အမှိုက်ဘဝကိုရောက်ရတာပါဘဲ။ နောက်တနည်းပြောရရင်
ဒီစနစ်ကိုဖြတ်သန်းလာတဲ့ ကုန်ပစ္စည်း စုစုပေါင်းရဲ့ ၉၉% ဟာအမှိုက်ပါဘဲ။ အဲဒီတော့ ကုန်ပစ္စည်း တွေကို
ဒီလိုနှုန်းနဲ့ ထုတ်လုပ်ပြီးလွှင့်ပစ်နေတဲ့ ဂြိုဟ်တလုံး ကို ကျွန်မတို့ဘယ်လိုစီမံကြမလဲ။
အရင်ကဒါမျိုးမဟုတ်ပါဘူး။ ကနေ့ အမေရိကန်တယောက်ရဲ့ စားသုံးမှုပျမ်းမျှဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅ဝ
ကထက်နှစ်ဆပိုပါတယ်။ ရှင့်ရဲ့အဖွါးကိုမေးကြည့်ပါ။ သူတို့ကာလတုန်းက အိမ်ထောင်ကို အလေအလွင့်မရှိအောင်
ထိန်းသိမ်းစီမံတာ၊ သယံဇာတပေါကြွယ်ဝတာ၊ အသိဉာဏ်ပညာနဲ့ယှဉ်တဲ့ စီးပွါးရေးစနစ်ကျင့်သုံးတာတွေကို
အရမ်းတန်ဖိုးထားခဲ့ကြတာ။ ဒါကြောင့် ဒီအခြေအနေမျိုးကနေ ကနေ့အခြေအနေကိုဘယ်လိုရောက်လာခဲ့သလဲ။
ဒါကသူ့ဘာသာဖြစ်ပျက်ခဲ့တာမဟုတ်ဘူး။ အကွက်ချစီမံခြင်းရဲ့ ရလဒ်သာဖြစ်တယ်။
ဒုတိယ ကမာ္ဘစစ်ပြီးနောက် ကော်ပိုရေးရှင်းတွေနဲ့ အစိုးရတို့က အမေရိကန်ပြည်ထောင်စုရဲ့
စီးပွါးရေးကိုကြီးပွါးတိုးတက်အောင်လုပ်ဖို့ ကြံဆကြတယ်။ အဲဒီမှာ ကုန်ပစ္စည်း ကို စားသုံးသူထံ
တိုက်ရိုက်ထိရောက်စွာ ရောင်းချခြင်း ဘာသာရပ်ကို သုံးသပ်လေ့လာသူပညာရှင် ဗစ်တာလီဘိုး က
အခုကျွန်မတို့ကျင့်သုံးနေတဲ့ ကုန်ထုတ်လုပ်မှုစနစ်ရဲ့ အခြေခံဖြစ်လာမဲ့အဖြေကို ရှင်းလင်းပြတ်သားစွာ
ရှာဖွေဖေါ်ထုတ်ခဲ့ပါတယ်။ ”ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှုနှုန်း အံ့မခန်းကြီးပွါးတဲ့ စီးပွါးရေးအရ ကျွန်တော်တို့ဟာ
ဝယ်ယူစားသုံးခြင်းကို ကျွန်တော်တို့ရဲ့ ဘဝနေထိုင်နည်း အဖြစ် ပြောင်းလဲယူရလိမ့်မယ်။
ကုန်ပစ္စည်း ဝယ်ယူသုံးစွဲခြင်းကို ရိုးရာဓလေ့ပွဲတော်များသဖွယ် လုပ်ဆောင်ကြရမယ်။
ကျွန်တော်တို့ရဲ့ ဝိဉာဏဆိုင်ရာ စိတ်ကျေနပ်မှုနဲ့ ပုဂ္ဂလိက အတ္တစိတ် ကျေနပ်မှု
တို့ကိုဝယ်ယူစားသုံးခြင်းမှာရှာဖွေကြရမယ်။ ကုန်ပစ္စည်း တွေကို စားသုံး၊ မီးရှို့၊ အစားထိုး၊ ပြီးတော့
အမြဲတမ်းမြင့်မားတဲ့ နှုန်းနဲ့ စွန့်ပစ်ကြရမယ်လို့” သူပြောခဲ့တယ်။
သမ္မတ အိုက်စင်ဟောင်ဝါး ရဲ့ စီးပွါးရေးအကြံပြုကောင်စီ ဥက္ကဌ ကလည်း ”အမေရိကန်စီးပွါးရေးရဲ့ အန္တိမ
ရည်မှန်းချက်က စားသုံးသူကုန်ပစ်စည်းတွေကို ပိုမိုထုတ်လုပ်ဖို့ ဖြစ်ပါတယ်” လို့ပြောခဲ့တယ်။ စားသုံးသူ
ကုန်ပစ္စည်း ပိုမိုထုတ်လုပ်ရေးတဲ့လား။ ပြီးတော့ အဲဒါက ကျွန်မတို့ စီးပွါးရေးစနစ်ရဲ့ အန္တိမ ရည်မှန်းချက်တဲ့လား။
ဘာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတို့၊ ပညာရေးတို့၊ လုံခြုံစိတ်ချရတဲ့ ပို့ဆောင်ဆက်သွယ်ရေးတို့၊
ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးမှုတို့၊ တရားမျှတမှု တို့က တိုင်းပြည်ရဲ့ အန္တိမ ရည်မှန်းချက်မဖြစ်ရတာလဲ။ စားသုံးသူ
ကုန်ပစ္စည်း ထုတ်လုပ်ရေးတဲ့လားရှင်။
ဒီစီမံကိန်းမှာ ကျွန်မတို့ပြည်သူလူထုတွေ စိတ်အားတက်ကြွစွာ ပါဝင်လာအောင်သူတို့ ဘယ်လိုများလုပ်ကြသလဲ။
ဒီအတွက်သူတို့မှာရှိတဲ့နည်းဗျုဟာတွေထဲက အထိရောက်ဆုံးနည်းဗျုဟာ နှစ်ရပ်ကတော့ ”ပစ္စည်းများ
အသုံးမဝင်တော့သည့် အခြေအနေဖြစ်ပေါ်ရန်အကွက်ချစီမံခြင်း” နဲ့ ”စားသုံးသူကိုယ်တိုင်က မိမိပိုင်ဆိုင်သော
ပစ်စည်းများ အသုံးမဝင် ခေတ်မမှီတော့ဘူးဟု ခံစားလာစေမည့် အခြေအနေကို ဖန်တီးခြင်း” တို့ဖြစ်ပါတယ်။
” ပစ်စည်းများ အသုံးမဝင်တော့သည့် အခြေအနေဖြစ်ပေါ်လာစေရန် အကွက်ချစီမံခြင်း”ကို ”စွန့်ပစ်ပစ်စည်း
ဖြစ်ပေါ်လာစေရန် ဒီဇိုင်းပြုလုပ်ခြင်း” လို့စကားဖလှယ်လို့ရပါတယ်။ အဓိပ္ပါယ်ကတော့ သူတို့ထုတ်လိုက်တဲ့
ကုန်ပစ်စည်းကိုမြန်နိူင်သမျှ မြန်မြန်အသုံးမဝင် ခေတ်မမှီတော့တဲ့ ပစ္စည်းဖြစ်လာအောင် ဒီဇိုင်းပြုလုပ်၊ ဒီတော့
ကျွန်မတို့က အဲဒီပစ္စည်းတွေကို လွှင့်ပစ်ပြီး အသစ်တွေထပ်ဝယ်ပေါ့။ ပလတ်စတစ်အိတ်တို့၊ ကော်ဖီခွက်တို့လို
အသေးအမွှားကနေ ဖုန်သုတ်တံမြက်စည်း၊ DVDစက်၊ ကင်မရာနဲ့ ဘာဘီကျုး (အသားကင်) လုပ်စားတဲ့
ကိရိယာများ အပါအဝင် ပစ္စည်းအကြီးအမားတွေဆိုလည်း ဒီအတိုင်းဖြစ်နေတာပါ။ ကွန်ပျုတာတွေ အပါအဝင်ပေါ့။
ရှင်သတိပြုမိမှာပေါ့။ အခုအခါ ကွန်ပျုတာတလုံးဝယ်ရင် နည်းပညာက အလွန်လျင်လျင် မြန်မြန်ပြောင်းလဲနေတာမို့
နောက်၂နှစ်လောက်ကြာရင် ရှင့်ရဲ့ ကွန်ပျူတာဟာ ဆက်သွယ်ရေးအတွက် အနှောင့် အယှက်
အတားအဆီးဖြစ်လာရော။ အလုပ်လုပ်ဖို့ အဆင်မပြေတော့ဘူးပေါ့။ ကျွန်မက အဲဒါကို တော်တော်လေး
စိတ်ဝင်စားတာနဲ့ စားပွဲတင်ကွန်ပျုတာကြီးတလုံးကိုဖွင့်ပြီးကြည့်မိတယ်။ အထဲမှာ ဘာတွေများ ရှိသလဲပေါ့။
အဲဒီအခါမှာ တနှစ်တခါ ပြောင်းနေတဲ့အရာဟာ ကွန်ပျုတာအတွင်းထောင့်တနေရာက ပစ္စည်းသေးသေးလေးသာ
ဖြစ်တယ်ဆိုတာကိုတွေ့လိုက်ရပါတယ်။ ဒါပေမဲ့ အဲဒီပစ္စည်းေသေးသေးလေးကို ဖြုတ်လဲလို့မရဘူး ရှင့်။
ဘာကြောင့်လဲ ဆိုတော့အဲဒီပစ္စည်းလေးက အသစ်ပေါ်တဲ့ပစ္စည်းနဲ့ အမျိုးအစားသာတူတာ၊ ပုံစံကမတူဘူး။
ဒီတော့ ကွန်ပျုတာတလုံး လုံးကိုလွှင့်ပစ်ပြီး အသစ်သာဝယ်ပေတော့။
၁၉၅ဝ နှစ်လွန်ကာလတလျောက်က ဒီဇိုင်းဂျာနယ်တွေမှာပါတဲ့ မှတ်လောက်သားလောက်စကားတွေကို
ကျွန်မရှာဖွေ ဖတ်ဖြစ်ခဲ့ပါသေးတယ်။ အဲဒီကာလက ”ပစ္စည်းများ အသုံးမသင့်တော့သည့်
အခြေအနေဖြစ်ပေါ်လာစေရန် အကွက်ချစီမံခြင်း” စီမံချက်က အတော်အရှိန်ရနေတာပေါ့။ အဲဒီ ဒီဇိုင်နာတွေက
အတော့်ကိုပွင့်ပွင့်လင်းလင်းရှိတာကလား။ အသုံးအဆောင်ပစ္စည်းလည်း မြန်မြန်ပျက်၊
စားသုံးသူရဲ့ယုံကြည်မှုကိုလည်း ရမဲ့နည်းတွေကို သူတို့ဆွေးနွေးကြတော့တာပေါ့။
တကယ့်ကိုရည်ရွယ်ချက်ပါပါလုပ်ခဲ့ကြတာ။
ဒါပေမဲ့ ဝယ်ယူစားသုံးခြင်းကို အလျင်အမြန်စီးဆင်းစေဖို့အတွက်ဆို ပစ္စည်းပျက်မဲ့အချိန်ကို စောင့်နေလို့မဖြစ်ဖူးတဲ့။
ဒီတော့ ”စားသုံးသူကိုယ်တိုင်က မိမိပိုင်ဆိုင်သော ပစ်စည်းများအသုံးမဝင်/ ခေတ်မမှီတော့ဟု
ခံစားလာစေမည့်အခြေအနေကို ဖန်တီးခြင်း” စီမံကိန်းကိုပါ ထည့်သွင်းလာကြတယ်။ အဲဒီစီမံကိန်းကြောင့်
စားသုံးသူတွေဟာ သူတို့ရဲ့ပစ်စည်းတွေ အကောင်းပကတိ အခြေအနေမှာ ရှိနေသော်ငြား အမှိုက်ပုံဆီ
ပို့ဆောင်လိုက်ကြပါတော့တယ်။
ဒီလိုဖြစ်လာအောင် သူတို့ဘယ်လိုလုပ်ကြသလဲ။ တခြားတော့ မဟုတ်ဖူး။ သူတို့က အသုံးအဆောင်ပစ္စည်းတွေရဲ့
ပုံပန်းကို အမြဲပြောင်းလဲကြတယ်။ ဒီတော့ပစ္စည်းကိုကြည့်ပြီး ပြောလိမ့်မယ်။ ကျွန်မတို့ရဲ့ တန်ဖိုးကို
ကျွန်မတို့ဘယ်လောက်ဝာ်ယူသလဲဆိုတာပေါ် အခြေခံ တိုင်းထွာတာဆိုတော့ ပစ္စည်းအသစ်မရှိတာဟာ
ကျွန်မတို့အတွက် ရှက်စရာဆိုတဲ့ သဘောမျိုးဖြစ်လာတယ်။
ရုံးမှာ ကွန်ပျုတာဖြူဖြူကြီးကိုပဲ ကျွန်မ သုံးလာတာ ၅နှစ်ရှိပြီ။ ကျွန်မရဲ့ လုပ်ဖေါ်ကိုင်ဖက်က
ကွန်ပျုတာအသစ်ကိုရထားတယ်။ သူ့ကွန်ပျူတာလေးက သူ့လက်ကိုင်ဖုန်းနဲ့လည်းလိုက်ဖက်ပြီး
ကြည့်ကောင်းတယ်။ သူ့ရဲ့ဘောပင်ထည့်တဲ့ခွက်နဲ့တောင် လိုက်ဖက်နေသေးရဲ့။ ကြည့်လို့ကောင်းမှကောင်းဘဲ။
သူ့ကြည့်ရတာ အာကာသယာဉ်ကို မောင်းနှင်နေသူနဲ့တူပြီး၊ ကျွန်မကတော့ စားပွဲပေါ်မှာအဝတ်လျှော်စက်ကြီး
တင်ထားသလိုဖြစ်နေတော့တာပေါ့။
နောက်ထပ်နမူနာကောင်းကတော့ ဖက်ရှင် ဘဲ။ အမျိုးသမီးတွေရဲ့ ဒေါက်ဖိနပ်ဟာ ဘာ့ကြောင့် တနှစ်ပြောင်းတိုင်း
ထူရာကနေ ပါး၊ ပါးရာကနေ ထူ၊ ဖြစ်နေရလဲဆိုတာ ရှင်စဉ်းစားကြည့်ဘူးလား။ ကျန်းမာရေးရှုထောင့်ကနေကြည့်ပြီး
ဘယ်လိုဖိနပ်ခုံမျိုးက အမျိုးသမီးတို့ရဲ့ ခြေထောက်တွေအတွက် အသင့်တော်ဆုံးလဲဆိုတာကို
ပညာရှင်တွေငြင်းခုံနေကြလို့ ဒီလိုဖြစ်ရတယ်မထင်လေနဲ့။ တကယ်တော့ ဖိနပ်ခုံအပါးစီးတဲ့နှစ်မှာ ဖိနပ်ခုံအထူပါတဲ့
ဖိနပ်အဟောင်းကိုစီးထားရင် ရှင်ဟာရှင့်နံဘေးက ဖိနပ်ခုံအပါးနဲ့ အမျိုးသမီးလောက် တန်ဖိုးမရှိဘူးလို့
ခံစားမိစေလို့ပါဘဲ။ အဲဒါကြော်ငြာတွေရဲ့စနက်၊ ကြော်ငြာတွေရဲ့ပယောဂ။ ဒါမှ ရှင်က ဖိနပ်အသစ်ကို
အမြဲဝယ်စီးနေတော့မှာလေ။
ဒီကိတ်စမှာ ကြော်ငြာနဲ့ မီဒီယာက အခန်းကဏ္ဍ အကြီးကြီးကို ယူထားတယ်။ အမေရိကန်ပြည်ထောင်စုမှာ
ကျွန်မတို့ပြည်သူလူထု တဦးချင်းဟာ တနေ့ကိုပျမ်းမျှ ကြော်ငြာ (၃၀၀၀) ရဲ့ပစ်မှတ်ဖြစ်ကြရတယ်။
ကျွန်မတို့ တနှစ်ကြည့်တဲ့ကြော်ငြာအရေအတွက်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀) မှာနေထိုင်ခဲ့သူတွေရဲ့
တသက်တာမှာကြည့်ခဲ့တဲ့ ကြော်ငြာအရေအတွက်ထက် ပိုများပါတယ်။ ဒါကိုတွေးကြည့်မယ်ဆိုရင် ကြော်ငြာဆိုတာ
ကျွန်မတို့မှာရှိတဲ့ပစ္စည်းလေးနဲ့တင် မတင်းတိမ်အောင်၊ စိတ်မချမ်းမသာဖြစ်အောင် လုပ်နေတာဖြစ်တယ်။ အဲဒီတော့
တနေ့ကို ကြော်ငြာ (၃၀၀၀)၊ အဲဒီကြော်ငြာတွေက ကျွန်မတို့ရဲ့ ဆံပင်ပုံကမလာတော့ကြောင်း၊
ကျွန်မတို့ရဲ့အသားအရည်မှာ ပြသနာရှိနေကြောင်း၊ ကျွန်မတို့ရဲ့အဝတ်အထည်တွေက ဒိတ်အောက်နေကြောင်း၊
ကျွန်မတို့ရဲ့ပရိဘောဂတွေက ခေတ်မရှိတော့ကြောင်း၊ ကျွန်မတို့ရဲ့ကားတွေဆိုရင်
ဘယ်လိုမှခေတ်မမှီတော့ကြောင်း၊ ဒီတော့ကျွန်မတို့ဟာ ခေတ်မမှီ၊ ပုံမလာ၊ ဒိတ်အောက်ဖြစ်နေကြောင်း၊
ဈေးဝယ်ထွက်ပြီး ခေတ်မီအောင်၊ ပုံလာအောင်လုပ်ဖို့လိုကြောင်းတွေပြောကြပါတော့တယ်။
ပြီးတော့….မီဒီယာက ဒီစနစ်ရဲ့ အစိတ်အပိုင်းတွေကို ဖုံးကွယ်ထိန်ချန်ထားတော့ ကျွန်မတို့က
ဒီစနစ်ရဲ့ ”ဝယ်ယူစားသုံးခြင်း (သို့မဟုတ်) ဈေးဝယ်ခြင်း”ကိုသာသိကြတယ်။ သယံဇာတတူးဖေါ်ခြင်း၊
ကုန်ထုတ်လုပ်ခြင်းနဲ့ စွန့်ပစ်ခြင်းတို့က ကျွန်မတို့ရဲ့ အသိအမြင်ပြင်ပ မှာသာ ဖြစ်ပျက်နေတော့တာပေါ့။
အခုအမေရိကန်ပြည်ထောင်စုမှာ အရင်ကထက် ပစ္စည်းတွေပိုမိုများပြားစွာရှိတယ်။ ဒါပေမဲ့
တိုင်းပြည်ရဲ့ပျော်ရွှင်မှု ကတော့ လျော့နည်းသထက်နည်းလာတာကို စစ်တမ်းတွေကပြတယ်။ ၁၉၂ဝ
ကျော်မှာအပျော်ရွှင်ဆုံးအနေအထားကိုရောက်ခဲ့ပြီး၊ တချိန်တည်းမှာဘဲ ဝယ်ယူစားသုံးခြင်းအရူးရောဂါ က
စတင်ပေါက်ကွဲပေါ်ပေါက်လာခဲ့တယ်။ အင်း……စိတ်ဝင်စားစရာကောင်းတဲ့ တိုက်ဆိုင်မှု ပါဘဲ။
ဒါဘာကြောင့်လဲဆိုတာ ကျွန်မသိတယ်။ ကျွန်မတို့မှာပစ္စည်းတွေပိုရှိ၊ ပိုပိုင်ဆိုင်လာတယ်။ ဒါပေမဲ့ ကျွန်မတို့ကို
အမှန်တကယ်ပျော်ရွှင်စေမဲ့ အရာတွေအတွက်တော့ ကျွန်မတို့မှာအချိန်မရှိတော့ဘူး။ ဥပမာ-မိသားစု၊
သူငယ်ချင်းတွေနဲ့ အားလပ်ချိန် လိုမျိုးတွေအတွက်ပေါ့။ ကျွန်မတို့ဟာ အလုပ်ကိုသာ ပိုပိုပြီး မဲလုပ်လာကြတယ်။
ကျွန်မတို့ဟာမြေပိုင်ရှင်ခေတ် လူ့အဖွဲ့အစည်း (၉ ရာစုမှ ၁၅ ရာစုအထိ) တုန်းကလောက်တောင်
အားလပ်ချိန်ကိုမပိုင်ဆိုင်တော့ဘူးလို့ ဝေဖန်သုံးသပ်သူတချို့က ဆိုပါတယ်။
ကျွန်မတို့ရဲ့ လုံလောက်မှုလုံးလုံးမရှိတဲ့ အားလပ်ချိန်တွေမှာ ကျွန်မတို့ အဓိကလုပ်တဲ့အလုပ် နှစ်ခု ရှိပါတယ်။
ရုပ်သံကြည့်တာနဲ့ ဈေးဝယ်တာ ပါ။ အမေရိကန်ပြည်ထောင်စုမှာဆိုပိုတောင်ဆိုးသေးတယ်။
ဥရောပက လူတွေထက် အချိန်သုံးဆ (သို့မဟုတ်) လေးဆပိုပေးပြီး ဈေးဝယ်ကြတာ။
ကျွန်မတို့ဟာ အလုပ်ခွင်ကိုသွား။ တချို့ဆို အလုပ်နှစ်မျိုးတောင်လုပ်ကြသေးတာ။ နောက်အိမ်ပြန်လာ၊
ပင်ပန်းလွန်းတာမို့ ဆိုဖာခုံအသစ်ပေါ်မှာ ပစ်လှဲထိုင်ချလိုက်ပြီး ရုပ်သံကိုကြည့်တယ်။
ဒီအခါရုပ်သံကြော်ငြာတွေက ”နင်ဟာ လုံးလုံးအသုံးမကျပါလား” လို့ပြောတာကိုနားထောင်၊
ဒါနဲ့အသုံးကျတဲ့လူဖြစ်အောင် စူပါမားကက်ကို သွားပြီးဈေးဝယ်၊ အဲဒီနောက်ဝယ်ခြမ်းလာတဲ့ပစ်စည်းတွေအတွက်
ပိုက်ဆံပေးနိုူင်အောင် အလုပ်ကိုသွား၊ အလုပ်ကပြန်လာ၊ ပိုပြီး ပင်ပန်းနွမ်းနယ်၊ ဒါနဲ့ ရုပ်သံကိုထိုင်ကြည့်၊ ရုပ်သံက
ဈေးဝယ်ထွက်ဖို့ထပ်ပြော၊ ဒီလိုနဲ့ကျွန်မတို့ဟာ ”အလုပ်လုပ်-ရုပ်သံကြည့်-ဈေးဝယ်” ဆိုတဲ့ သံသရာဆိုးမှာ
ရူးမိုက်စွာ တဝဲလည်လည်ပေါ့။ ဘယ်လောက်ရယ်စရာကောင်းပြီး၊ အဓိပ္ပါယ်မဲ့တဲ့ အခြေအနေလည်းဆိုတာ
စဉ်းစားသာကြည့်ပေတော့။ ဒါပေမဲ့ ဒီအခြေအနေ ရပ်တန်းကရပ်လို့ရပါတယ်။
၅). စွန့်ပစ်ခြင်း
ကျွန်မတို့ ဝယ်ယူတဲ့ပစ်စည်းတွေ နောက်ဆုံးဘာဖြစ်ကုန်ကြသလဲ။ ဒီနှုန်းနဲ့ဝယ်ယူစားသုံးနေမှတော့
ကျွန်မတို့ရဲ့အိမ်တွေမှာ ပစ္စည်းတွေထားဖို့နေရာက မရှိတော့ဘူးပေါ့။ ဒါတောင် အမေရိကန်ပြည်ထောင်စုက
အိမ်တွေရဲ့ပျမ်းမျှအရွယ်အစားက ၁၉၇ဝ ကျော်ကာလနေစလို့ နှစ်ဆကြီးမားလာခဲ့တာ။
စောစောကမေးခွန်းရဲ့အဖြေကတော့ ပစ္စည်းတွေအမှိုက်ပုံကိုရောက်ကုန်တယ်ဆိုတာပါဘဲ။ ဒါက
ဒီကုန်ထုတ်လုပ်မှုစနစ်ရဲ့ စွန့်ပစ်ခြင်းအပိုင်းပေါ့။ ဒီအပိုင်းက ကျွန်မတို့အသိဆုံးအပိုင်းလို့လည်း ဆိုနိုင်တယ်။
ဘာကြောင့်လည်းဆိုတော့ အဲဒီစွန့်ပစ်ပစ္စည်းတွေကို ကျွန်မတို့ကိုယ်တိုင် အိမ်ထဲကနေ ခက်ခက်ခဲခဲဆယ်ထုတ်ပြီး၊
အမှိုက်ကား၊ အမှိုက်လာသိမ်းမဲ့ ပလက်ဖေါင်းစွန်းဆီ သွားပို့တာကိုး။ အမေရိကန်ပြည်ထောင်စုမှာတော့
ကျွန်မတို့ဟာ တနေ့ကိုအမှိုက် ၄.၅ ပေါင် ထုတ်လုပ်ပါတယ်။ ဒါက အိမ်ထောင်တခုချင်းစီရဲ့
အမှိုက်ထုတ်လုပ်မှုပမာဏနော်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ နဲ့ယှဉ်ရင် ၂ဆ ပေါ့။
ဒီအမှိုက်တွေကို ကျင်းတူးပြီးမြေမြုပ်တာ ဘဲ။ ဒါမှမဟုတ် မီးအရင်ရှို့ပြီးမှ မြေမြုပ်တာ။ ဒါဆိုရင်တော့
ရှင်တော်တော်ကံဆိုးလို့ဘဲ။ အဲဒီနည်းနှစ်ခုထဲက ဘယ်နည်းကိုဘဲသုံး သုံး၊ ရေ၊ မြေနဲ့ လေကို ညစ်ညမ်းစေတာဘဲ။
ပြီးတော့ ရာသီဥတုကို ပြောင်းစေတာ လည်းမမေ့ပါနဲ့။
မီးရှို့ဖျက်ဆီးတဲ့အလုပ်ကတော့ တော်တော့ကိုဆိုးပါတယ်။ ”ကုန်ပစ်စည်း ထုတ်လုပ်ခြင်း” အဆင့်တုန်းက
ဆွေးနွေးခဲ့တဲ့ အဆိပ်ဓါတုပစ္စည်းတွေကိုမှတ်မိတယ်မဟုတ်လား။ ပစ္စည်းတွေကို မီးရှို့တော့ အဒီအဆိပ်တွေက
လေထဲရောက်တာပေါ့။ ပိုဆိုးတာက မီးရှို့ခြင်းကြောင့် အင်မတန်ပြင်းထန်တဲ့ စူပါအဆိပ်သစ် တွေကို
ပေါ်ပေါက်စေတယ်။ ဥပမာ-ဒိုင်အောက်ဇင် (Dioxin) လိုဟာမျိုးပေါ့။ ဒိုင်အောက်ဇင်ဟာ
သိပ္ပံပညာနယ်ပယ်မှာတော့ အဆိုးရွားဆုံးနံပါတ်တစ် အရင်းအမြစ်ပဲ။ ဒီတော့အမှိုက်မီးရှို့ခြင်းကို ရပ်နိူင်ရင်
နံပတ်တစ် လူလုပ်အဆိပ်ပစ္စည်း ဒိုင်အောက်ဇင်ထွက်ပေါ်မှု ကို ရပ်နိုင်မယ်။ ဒီနေ့ဘဲရပ်လိုက်ကြရအောင်။
တချို့ကုန်မဏီတွေက မြေတွင်းတူးတဲ့အလုပ်ကော၊ မီးရှို့တဲ့ကိတ်စပါ သူတို့တိုင်းပြည်အတွင်းမှာ
မလုပ်ချင်ကြတော့ သူတို့ရဲ့စွန့်ပစ်ပစ္စည်းတွေကို အခြားတိုင်းပြည်တွေဆီ တင်ပို့ရောင်းချကြတယ်။
ဒါဆို Recycling (စွန့်ပစ်ပစ်စည်းများကို အသုံးဝင်သောကုန်ကြမ်းပစ်စည်းဖြစ်လာစေရန် ပြုပြင်ယူခြင်း) ကကော။
Recycle လုပ်တာ အကျိုးရှိလားဆိုရင် ရှိတယ်လို့ပြောရမှာပါပဲ။ Recycle လုပ်တဲ့အတွက်
အမှိုက်ပမာဏကိုလျော့နည်းစေတယ်။ သယံဇာတ တူးဖေါ်ခြင်းနဲ့ ကုန်ကြမ်းအသစ်
ရိတ်သိမ်းယူခြင်းကိုလည်းလျော့နည်းစေတယ်။ ဒါပေမဲ့ Recycle လုပ်တာတခုတည်းနဲ့ မလုံလောက်ပါဘူး။
ဘယ်တော့မှ လုံလောက်မှာမဟုတ်ဘူး။ ဒီအတွက် အကြောင်းပြချက်နှစ်ခုလောက်ရှိတယ်။
ပထမအကြောင်းပြချက်ကတော့ ကျွန်မတို့အိမ်တွေကနေပေါ်ထွက်လာတဲ့ အမှိုက်ဟာဘာမှ မပြောပလောက်ပါဘူး။
ရေခဲတောင်ရဲ့ထိပ် အစွန် း သာဖြစ်တယ်။ ကျွန်မတို့တအိမ်ချင်းဆီကနေ အမှိုက်ပုံးတပုံးစာ ထွက်လာပေးဖို့အတွက်
စက်ရုံကနေ အမှိုက်ပုံး (၇၀) ပမာဏရှိတဲ့ အမှိုက်ကိုထုတ်လုပ်ရတယ်။ ဒီတော့ ကျွန်မတို့အိမ်က အမှိုက်တွေကို
(၁၀၀%) Recycle လုပ်ရင်တောင် ပြသနာရဲ့ အဓိကအူတိုင်ကို မထိပါဘူး။
နောက်တချက်က အမှိုက်တော်တော်များများကို Recycle လုပ်လို့မရပါဘူး။ ဒါက ဒီအမှိုက်တွေမှာ
အဆိပ်ပစ်စည်းပမာဏ အလွန်အကျွံပါဝင်နေလို့ဖြစ်နိုင်သလို၊ ကုန်ပစ်စည်းတွေကို
စက်ရုံမှာဒီဇိုင်းလုပ်ကတည်းကကို Recycle လုပ်လို့မရအောင်ဖန်တီးထားလို့လည်းဖြစ်နိူင်တယ်။
ဥပမာ-သစ်သီးဖျော်ရည်ဘူး တွေလိုပေါ့။ အဲဒီဘူးတွေမှာ ပလတ်စတစ်၊ စက်ကူနဲ့ သတ္တူသားတို့ကို အလွှာအားလုံး
တလွှာတည်းဖြစ်အောင် လုပ်ထားတာ။ အဲဒီတော့ Recycle အတွက် အဲဒီအလွှာတွေကို ပြန်ခွဲလို့မရတော့ဘူးပေါ့။
ကဲ….တွေ့တယ်မဟုတ်လား။ ဒီစနစ်က အကြပ်အတည်းထဲရောက်နေတဲ့ စနစ်ဆိုတာ။ တလျှောက်လုံးမှာ
ကျွန်မတို့ဟာ အကန့်အသတ်တွေနဲ့ချည်းဝင်တိုးနေရတာ။ ရာသီဥတုပြောင်းလဲခြင်းကနေ
ပျော်ရွှင်မှုလျော့ပါးခြင်းအထိဘဲ။ အလုပ်မဖြစ်ပါဘူးရှင်။
ဒါပေမဲ့ ဒီလိုသိသာထင်ရှားပြီး သက်ရောက်မှုများတဲ့ ပြသနာရဲ့ ကောင်းကွက်ကတော့ ကြားဝင်ဆောင်ရွက်နိုင်တဲ့
နေရာတွေရှိနေခြင်းဘဲ။ အခုဆိုသစ်တောပြုန်းတီးမှုကိုကယ်တင်နေတဲ့လူတွေ၊ သန့်စင်တဲ့ကုန်ထုတ်လုပ်မှု
ဖြစ်ပေါ်လာရေးအတွက် နိူးဆော်လှုပ်ရှားသူတွေ ရှိလာပါတယ်။
– အလုပ်သမားအခွင့်အရေးများ အပြည့်အဝရရှိရေး၊
– တရားသောကုန်သွယ်မှုဖြစ်ရေး၊
– အသိတရားနဲ့ယှဉ်သော ဝယ်ယူစားသုံးမှုဖြစ်ရေး၊
– အမှိုက်များမြေမြုပ်ခြင်းနဲ့
– မီးရှို့ဖျက်ဆီးခြင်းတို့ကို တားဆီးရေး၊
– ပိုပြီးရေးကြီးတဲ့ကိတ်စဖြစ်တဲ့ အစိုးရတွေကို ကော်ပိုရေးရှင်းတို့ရဲ့ လက်အောက်ကနေကယ်ထုတ်ပြီး၊ ပြည်သူလူထုအတွက် အစိုးရအမှန်ဖြစ်လာစေရေး စတာတွေအတွက်
လုပ်ကိုင်ဆောင်ရွက်နေသူတွေလည်း အများအပြားရှိပါတယ်။
ဒီအလုပ်တွေဟာတကယ်ကို အရေးကြီးပါတယ်။ ထို့အတူပတ်သတ်ဆက်မှုတွေကို ကျွန်မတို့မြင်ကာမှဘဲ
ဒီစနစ်ကြီးတခုလုံးကို ကျွန်မတို့မြင်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့မှဘဲ ဒီအလုပ်တွေက အသက်ပိုဝင်မှာပါ။
ဒီစနစ်မှာပါဝင်နေသူတွေကသာ စည်းရုံးပြီး ညီညွတ်ရင် ဒီစနစ်ကိုအခြားစနစ်သစ်တခုဖြစ်လာအောင်
တောင်းဆိုလို့ရ၊ အသွင်ပြောင်းလို့ရပါတယ်။ လူ့အရင်းအမြစ်နဲ့ သဘာဝသယံဇာတအရင်းအမြစ်တို့ကို
မဖြုန်းတီးတဲ့စနစ်သစ်ရရေးအတွက်ပေါ့။
အခြားနည်းလမ်း
ကျွန်မတို့အမှန်တကယ်စွန့်ပစ်ရမှာက ”မလိုအပ်တာမှန်သမျှ စွန့်ပစ်ကြ” ဆိုတဲ့
ဂိုဏ်းဟောင်းရဲ့အတွေးဟောင်းကိုဖြစ်ပါတယ်။ ဒီကိတ်စတွေနဲ့ပတ်သတ်လို့ စဉ်းစားဆင်ခြင်နေတဲ့ ဂိုဏ်းအသစ်၊
အတွေးသစ်တွေရှိနေပါပြီ။ သူတို့ရဲ့အတွေးတွေက ရေရှည်တည်တံ့ရေးနဲ့ တရားမျှတရေးကို အခြေခံပါတယ်။
– အစိမ်းရောင်ဓါတုဗေဒ (Greem Chemistry)၊
– စွန့်ပစ်ပစ်စည်းကင်းပရေး (Zero Waste)၊
– ကန့်သတ်စက်ဝန်း ကုန်ထုတ်လုပ်မှုစနစ် (Closed Loop Production)
(မှတ်ချက်။ ။ ကုန်ထုတ်လုပ်သူရဲ့တာဝန်ရှိမှု၊ လုပ်ငန်းခွင်ဂေဟဗေဒ၊ စွန့်ပစ်ပစ်စည်း ကင်းပရေး၊
အဆိပ်ဓါတုကစ်စည်းသုံးစွဲမှု ကန့်သတ်ခြင်း၊ အလုပ်သမား၊ ရပ်ရွာနဲ့ ပတ်ဝန်းကျင်ကို ကာကွယ်ခြင်းစတဲ့
အချက်တွေကို ထည့်သွင်းစဉ်းစားတဲ့ ကုန်ထုတ်လုပ်မှုမျိုးဖြစ်ပါတယ်။)
– အစားထိုးစွမ်းအင် (Renewable Energy)၊
– ရပ်ရွာစီးပွါးရေး
စတာတွေဟာ စောစောကပြောသလို
ရေရှည်တည်တံ့ရေးနဲ့ တရားမျှတရေးကို အခြေခံစဉ်းစားတဲ့ ဂိုဏ်းသစ်၊ အတွေးလမ်းကြောင်းသစ်တွေ ဖြစ်ပါတယ်။
ဒါတွေကအမှန်တကယ် ပေါ်ပေါက်ဖြစ်ထွန်းနေပါပြီ။
တချို့ကတော့ဒါတွေက အရှိတရားနဲ့ဝေးကွာတယ်……စိတ်ကူး ”စံ”ဝါဒသက်သက်သာဖြစ်တယ်၊
လက်တွေ့မှာမအောင်မြင်နိူင်ဘူးလို့ ဆိုကြတယ်။ ကျွန်မအတွက်ကတော့ လမ်းအိုလမ်းဟောင်းမှာ
ဆက်လျှောက်နေသူတွေသာ အရှိတရားနဲ့ ဝေးကွာနေသူတွေ၊ အမှန်ကိုမမြင်နိူင်သူတွေ လို့သတ်မှတ်တယ်။
လမ်းဟောင်း လိုက်သူတွေဟာ အိပ်မက် မက်နေတာဘဲရှိတာ။
အဲဒီလမ်းဟောင်းဆိုတာဟာလည်း သူ့ဘာသာသူ့ဖြစ်လာတာမဟုတ်ပါဘူး။ ကျွန်မတို့မလိုလျင်လည်းရနေတဲ့
မြေဆွဲအားလို မဟုတ်ဘူး။ လမ်းဟောင်းတွေကိုလူကဖန်တီးတာ။ ကျွန်မတို့ကလည်းလူတွေဘဲ မဟုတ်လား။
ဒီတော့ လမ်းသစ်ကိုဖန်တီးကြပါစို့။
(The Story of Stuff End)
Shwe Ei
10th Aug 2011
စကားကြွင်း။
ဒီစာစုဟာ နိုင်ငံရပ်ခြားမှာ ကျောင်းသွားတက်မယ့် ကျောင်းသူားလူငယ်တွေ
ဝင်ခွင့်စာမေးပွဲ ဖြေတဲ့အခါတိုင်းမှာ အတော်များများ မေးခံရလေ့ရှိတဲ့
Environmental Issues အကြောင်း အက်ဆေးတွေအတွက် အလွန် တန်ဖိုးရှိတဲ့
စာစုလို့ ပြောခဲ့ချင်ပါတယ်။ မူရင်း စာရေးဆြာ အကြောင်း နည်းနည်းလေး
ထပ်ပြောခဲ့မှ သင့်မယ် ထင်လို့ .. သူ့အကြောင်း နည်းနည်းထပ်တူးလိုက်ပါတယ်။
Annie Leonard
Born 1964 Seattle, Washington
Occupation Activist, filmmaker
Education BA, Barnard College, MA, Cornell University
Genres Consumerism
Notable work(s) The Story of Stuff
Children One daughter, Dewi
Annie Leonard (born 1964) is an American proponent of sustainability and critic of excessive consumerism. She is most known for her animated film The Story of Stuff about the life-cycle of material goods.
Biography
Annie Leonard was born in Seattle, Washington, where she also grew up. She graduated from the Lakeside School, and has an undergraduate degree from Barnard College and a graduate degree from Cornell University in city and regional planning.She has a daughter named Dewi, born in 1999. As of November 2009, she lived in the Bay Area with her daughter.
Leonard is best known as the creator and narrator of the animated documentary about the life-cycle of material goods, The Story of Stuff (2007). The documentary began as an hour-long talk and was made into a condensed film version based on popular demand. She also published a book version of the film, released on March 9, 2010 by Free Press of Simon & Schuster. The UK edition of the book was published by Constable & Robinson on May 27, 2010. The German edition was published on March 12 by Econ Verlag.
After The Story of Stuff, she created Story of Cap and Trade in 2009, which is on the topic of emissions trading, as well as, in 2010, The Story of Bottled Water, The Story of Cosmetics and The Story of Electronics. In March 1, 2011, Leonard released The Story of Citizens United v. FEC and later that year, The Story of Broke.
In addition to her work on the Story of Stuff documentary, Leonard is also co-creator and coordinator of GAIA (Global Alliance for Incinerator Alternatives)and serves on the boards of International Forum on Globalization and the Environmental Health Fund. She previously held positions with Health Care Without Harm, Essential Information and Greenpeace International, and was coordinator of the Funders Workgroup for Sustainable Production and Consumption. In 1992 she testified in front of the US Congress on the topic of international waste trafficking.
http://en.wikipedia.org/wiki/The_Story_of_Stuff
http://en.wikipedia.org/wiki/Annie_Leonard
မူရင်းစာအုပ် ရဲ့ အချုပ် ကိုတော့ သည်မှာ သွားဖတ်နိုင်ပါတယ်။
http://dev.storyofstuff.org/wp-content/uploads/2011/10/annie_leonard_footnoted_script.pdf
မူရင်းစာအုပ်ရဲ့ အပြည့်အစုံကိုတော့ ဒီမှာ သွားဝယ်ဖတ်နိုင်ပါတယ်။
Public Management and Administration ကိုလေ့လာလိုက်စား လိုသူတွေအတွက်တော့
http://downloads.pavroz.ru/files/publicmandadm.pdf
ကိုညွှန်းချင်ပါတယ်။
ကျနော်ကိုယ်တိုင်ကတော့ ဒီစာတွေက Anti-Marketing ဖြစ်နေတဲ့ စာတွေမို့ မလိုက်စားပါ…
(ဟီဟိ..)
P.S.
ကျနော် ပေါက်ကရပြောထားတာတွေ လုံးဝမပါဝင်ဘဲ မကြည်ပြာ လက်ရာသက်သက်
စာစုကို PDF အဖြစ် ဒီနေရာမှာ ဒေါင်းလုပ်ချယူနိုင်ပါတယ်။
10 comments
တိမ်မည်း (ခရီးသွားနေည်)
November 21, 2012 at 2:29 pm
ကော်ပီ ကူးသွားပါတယ်….
နောက်မှ အေးအေးဆေးဆေး ပြန်လာပီး မန် ့တော့မယ်………..
မူရင်း မကြည်ပြာကော…..
ိကိုဂီဂီ ကိုကော ကျေးကျေးပါ……
Khaing Khaing
November 21, 2012 at 2:51 pm
သေချာအချိန်ယူဖတ်ပါဦးမယ် ……….. နွံနစ်တဲ့ပတ္တမြားလေးကို တူးဆွပါဦးမယ် ……..
surmi
November 21, 2012 at 3:19 pm
ကျုပ်က ခေါင်းစဉ်ကြည် ့ပြီး ရှေးဟောင်းပစ္စည်းလားလို ့
ဈေးကောင်းပေးမလို ့….. ခုတော ့ …..!!!!!!!
Shwe Ei
November 21, 2012 at 9:49 pm
@ကိုတိမ်မည်း
မူရင်းက ကျမမဟုတ်ကြောင်း တဆင့်ပြန်လည်ကူးချထားခြင်းဖြစ်ကြောင်း။
@ မမခိုင်
နွံနစ်နေတဲ့ ကျောက်ခဲတုံးရီးဖြစ်နေပါကဗွေမယူစေလိုကြောင်း
@အန်ကယ်ဆာ
လမ်းသစ်ဖောက်ချင်တဲ့ Environmentalist ကြီးပါရှင့်။
etone
November 23, 2012 at 4:57 pm
ဂယ်တော့ ရှေးဟောင်းပစ္စည်း ဟုတ်ဘူး … ။
ဒိတ်လွန်နေတယ် ပေါင်မုန့် ကြီးပါချင့် .. ခစ်ခစ် … 😆
ဂီစိန် ကျုပ်ပြန်လာပါမယ် ….. 😉
Fall Guy
November 21, 2012 at 6:19 pm
အဓိက
CHANGE !!! CHANGE !!!! ကိုဆိုလိုသည် ထင်ပါ့….။
Shwe Ei
November 21, 2012 at 9:44 pm
Change ဆိုပေမဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုဦးတည်တဲ့ Change ပါရှင့်။
အမေရိကတောင် ပါးစပ်ကပြောပီး လက်တွေ့လိုက်မလုပ်နိုင်သေးတဲ့ Change ပါ။
ပို့စ်တင်တဲ့လူကလဲ သူ့Fieldမဟုတ်လို့ဆိုပီးထွက်ပြေးနေလို့
တတ်သလောက်မှတ်သလောက်ဝင်ပွားပါမယ်။ 🙁
အလင်းဆက်
November 22, 2012 at 7:32 pm
ကောင်းပါလေ့.ရှင်….
အဲ….
ဗျာ…
ကိုဒညင်းဝက်မဟုတ်တဲ ့..
အလင်းဆက်
nicolus agral
November 23, 2012 at 4:23 pm
nice
i want to change my life style to more green one
i am trying
Shwe Ei
November 23, 2012 at 4:35 pm
Good Luck ပါရှင့်။