Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ထိုင်နိုင်ငံမှ Sim Card များနှင့် ဝန်ဆောင်မှုများအကြောင်း

MgMobileNovember 22, 20121min49711

အားလုံးပဲမင်္ဂလာပါခင်ဗျာ။

ကျနော် ဒီအကြောင်းအရာကို လွန်ခဲ့တဲ့တစ်လ ကျော်ကျော်လောက်က ကွန်မန်းထဲမှာ

ထည့်ရေးဖူးပါတယ်။ ယခုတစ်ကြိမ်မှာတော့ ပိုမိုပြည့်စုံ အောင်ကြိုးစားပြီး ရေးသားထားပါတယ်။

ယခုလက်ရှိကျနော် ထိုင်းနယ်စပ်က မြဝတီ မြို့မှာ ရောက်ရှိနေပါတယ်။ ထိုင်းဆင်းကဒ်များမှာ

True Move, One Two Call, Dtac စတဲ့ဆင်းကဒ်တွေက အများဆုံးအသုံးပြုကြတဲ့

ဆင်းကဒ်တွေပဲဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ True Move နှင့် One Two call

မှာတစ်ကဒ်လျှင် ဘတ်တစ်ရာဝန်းကျင်ဖြစ်ပြီး။ Dtac ကတော့ဘတ်ငါးဆယ်ဝန်းကျင်ပဲဖြစ်ပါတယ်။

(ထိုင်းငွေ ၁ ဘတ်=မြန်မာငွေ ၂ရ ကျပ်ဝန်းကျင်) Dtac ကဒ်ကိုတော့ ထိုင်းမြန်မာ နယ်နမိတ်ချင်း

ထိစပ်နေတဲ့ ဒေသအနီးတဝိုက်မှာရှိတဲ့ မြန်မာလူမျိုးတွေ တော်တော်များများ  အသုံးပြုကြတယ်လို့

သိရပါတယ်။ Dtac ဆင်းကဒ်ကို ဘတ်ငါးဆယ်ဖြင့် ဖုန်းနှင့်ဖုန်းအပို ပစ္စည်းရောင်းတဲ့

ဆိုင်တွေမှာမည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ပါတယ်။ ဆင်းကဒ် အသစ်စဝယ်လိုက်ပြီဆိုပါက

ဆင်းကဒ်မှာ ကြိုတင်ဖြည့်ပေးထားငွေ ဆယ်ငါးဘတ်ပါဝင်ပါတယ်။ သက်တမ်းကိုတော့

တစ်လပေးထားပါတယ်။ ဖုန်းပိုက်ဆံ ဘတ်နှစ်ရာကျော် ကုန်အောင်သုံးပြီးပါက

သက်တမ်းဝယ်ယူနိုင်ပါတယ်။ သက်တမ်းဝယ်ယူမည်ဆိုပါက တစ်လကိုနှစ်ဘတ်ပါ။ ဒါမှမဟုတ်

စပြီးသုံးတဲ့အချိန်ကနေ သုံးလပြည့်ပါက သက်တမ်းကို ဝယ်ယူနိုင်ပါတယ်။

ဘတ်နှစ်ရာကျော်ကုန်အောင်သုံးပြီးရင် ဒါမှမဟုတ် သက်တမ်းသုံးလ ပြည့်သွားရင်

အခြားဝန်ဆောင်မှုတွေကိုလဲ အသုံးပြုခွင့်ရသွားပါတယ်။ အခြားထင်ရှားတဲ့

ဝန်ဆောင်မှုများကတော့ ပိုက်ဆံချေးပေးတဲ့ ဝန်ဆောင်မှု၊ ငွေလွှဲပေးတဲ့ ဝန်ဆောင်မှု၊

ဖုန်းစဝင်သီချင်း ဝန်ဆောင်မှု၊ ဗေဒင်မေးလို့ ရတဲ့ဝန်ဆောင်မှု၊ ဖရီးပြောလို့ရတဲ့ဝန်ဆောင်မှု

စသည့်ဖြင့်ရှိပါတယ်။ Dtac ဆင်းကဒ်ဖြင့်မြန်မာနိုင်ငံ ကိုခေါ်မည် ဆိုလျှင် အစနှစ်မိနှစ်ကို ၁၂ ဘတ်

နောက်မိနှစ်များကို ၁၁ ဘတ်ပေးဆောင်ရပါတယ်။ Dtac ကဒ်အချင်းချင်းခေါ်ဆိုပါက

အစတစ်မိနှစ်ကို ၂ ဘတ် နောက်မိနစ်များကို ၁ ဘတ်ပေးဆောင်ရပါတယ်။ မက်ဆေ့ချ်

တစ်စောင်ကို ၂ ဘတ်ပေးဆောင်ရပါတယ်။ တစ်လကို ဖရီးပို့လို့ရတဲ့ မက်ဆေ့ချ်စာအိတ် အလုံး

၃ဝ ဖရီးပေးပါတယ်။ အဲ့ဒီအထဲမှာတော့ စာရေးပေးလို့မရပါဘူး။ *114*Phone Number#

အခုလိုပို့လိုက်တယ်ဆိုရင် လက်ခံရရှိတဲ့ဖုန်းမှာ ပြန်ခေါ်ဖို့ အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။

နံနက် ၈းဝဝ နာရီမှ နေ့လယ် ၁၂းဝဝ နာရီအထိ ဖရီးဖုန်းဆက်လိုပါက ၅

ဘတ်ပေးဆောင်ရပါတယ်။ ဖရီးပြောဖို့အတွက် သတ်မှတ်ထားတဲ့ ကုဒ်နံပါတ်ကို

နှိပ်ပြီဖရီးတောင်းရမှာဖြစ်ပါတယ်။ နေ့လယ် ၁းဝဝ ရီမှညနေ ၅းဝဝ အထိဖရီးဖုန်းပြောလိုပါကလဲ ၅

ဘတ်ပါ။ နေ့လယ် ၁၁းဝဝ နာရီမှ ညနေ ၅းဝဝ နာရီအထိ ဖရီးဖုန်းဆက်လိုပါက ၉ ဘတ်ပါ။ ဥပမာ

နံနက် ၈းဝဝ နာရီမှ နေ့လယ် ၁၂းဝဝ ဖရီးဖုန်းပြောဖို့လုပ်ထားပါက ည ၈းဝဝ နာရီမှ

ည ၁၂းဝဝ နာရီမှာလဲ ဖရီးဖုန်းပြောလို့ရပါတယ်။ အင်တာနတ် အသုံးပြုလိုပါ

ဆင်းကဒ်စဝယ်ဝယ်ချင်းမှ စပြီးအသုံးပြုနိုင်ပါတယ် ၁ နာရီကို ရ ဘတ်။ ၂ နာရီကို ၉ ဘတ်ပါ။

ဝန်ဆောင်မှုအစီအစဉ် ကတော့ ပိုက်ဆံချေးတဲ့ဝန်ဆောင်မှု ဖုန်းထဲမှာ ကြိုတင်ဖြည့်ထားတဲ့ ပိုက်ဆံ

ဘတ် ၂ဝ ထက်နည်းနေပါ ပိုက်ဆံချေးလို့ရပါတယ်။ ဘတ် ၃ဝ ချေးပေးပါတယ်။ နောက်တစ်ခါ

ကြိုတင်ငွေဖြည့်ကဒ် ထည့်သုံးတဲ့အချိန်မှာ ပြန်လည်၍ အတိုး ၂ ဘတ်နှင့် ၃၂

ဘတ်ပြန်လည်နှုတ်ယူသွားမှာဖြစ်ပါတယ်။ အသုံးပြုလိုပါက *110# call ကိုနှိပ်ပြီးဒီအစီအစဉ်ကို

အသုံးပြုနိုင်ပါတယ်။

မိမိဖုန်းထဲမှရှိတဲ့ ပိုက်ဆံကို တခြားဖုန်းထဲကို လွဲပြောင်းပေးလို့ရပါတယ်။ ငွေလွဲခတစ်ကြိမ်ကို ၂

ဘတ်ပါ။ ဘတ်၂ဝ မှစပြီးဘတ် ၂၀ဝ အထိလွဲပြောင်းပေးနိုင်ပါတယ်။ ငွေလွဲချင်တယ်ဆိုပါက

*112*Phone Number*Bhat 20 to 200# Call ကိုနှိပ်ရပါတယ်။

ဖုန်းစဝင်သီချင်းထည့်လိုပါက (ဖုန်းခေါ်ဆိုသူဖက်မှ ကြားရသောသီချင်းသံ) *700

ကိုနှိပ်ပြီးခေါ်ရပါတယ်။ ကွန်ပျူတာစနစ်နဲ့ မြန်မာလိုပြန်ပြောပေး တာဖြစ်ပါတယ်။ *700

မှာအသုံးပြုနိုင်တဲ့ ပရိုမိုးရှင်းအစီအစဉ်တွေ အကြောင်းကို ပြည့်ပြည့်စုံစုံဖော်ရှင်းပြပေးထားပါတယ်။

ဖုန်းစဝင်သီချင်းထည့်မည်ဆိုပါက ပထမဆုံးထည့်ခ အနေဖြင့် ၃၅ ဘတ်ကြိုတင်ဖြည့်ထားတဲ့

ဖုန်းပိုက်ဆံ ထဲမှနှုတ်သွားမှာဖြစ်ပါတယ်။ နောက်လတွေမှာ တစ်လကို ၁၅

ဘတ်ပေးဆောင်ရမှာဖြစ်ပါတယ်။ ဗေဒင်မေးလိုပါက တစ်မိနစ်ကို ၅ ဘတ်ပါ။

ဖုန်းစဝင်သီချင်းတွေက မြန်မာ သီချင်းများဖြစ်ပါတယ်။ မိမိ နှစ်သက်သည့်သီချင်းကို

ထည့်သွင်းနိုင်ပါတယ်။ ဥပမာ ကကြီးနဲ့ စတဲ့အဆိုတော်ကို ရှာချင်ရင် ၁ ကိုနှိပ်ပါ ခခွေးနဲ့

စတဲ့အဆိုတော်ကို ရှာလိုပါက ၂ ကိုနှိပ်ပါ သီချင်နာမည်ဖြင့် ရှာမည်ဆိုပါကလဲ

ထိုကဲသို့ပြုလုပ်ရတာဖြစ်ပါတယ်။ ဗေဒင်အစီအစဉ် ကိုလဲမေးမြန်းနိုင်ပါတယ် ဗေဒင်မေးခ

တစ်မိနစ်ကို ၅ ဘတ်ပါ။

စံဇာဏီဘို ရဲ့အသံဖြင့်ပြန်လည်ဖြေကြားပေးတာ ဖြစ်ပါတယ်။ ဗေဒင်မေးချင်တဲ့လူက

မွေးနေ့သက္ကရာဇ် ကိုပြောပေးရပါတယ်။ ဆင်းကဒ် ကျပျောက် ပျက်စီးသွား၍ အသစ်ပြန်လုပ်လိုပါ

ဘတ် ၄၀ဝ ဝန်းကျင်ကုန်ပါတယ်။ မြန်မာနိုင်ငံ ဖုန်းအရောင်းဆိုင်များမှ ပြန်လည်မှာယူလုပ်ပေးတဲ့

ဈေးနှုန်းပါ ဟိုဖက်က ဆက်သွယ်ရေးရုံးမှာတော့ ဘယ်လောက်ပေးရလဲမသိပါဘူး။

မိမိခေါ်ဆိုလိုက်တဲ့ ဖုန်းနံပါတ်ဟာ မှားယွင်းခေါ်ဆိုမိတာဖြစ်ပါက ကုန်သွားတဲ့ငွေကို

ပြန်တောင်းလို့ရပါတယ်။ မှားခေါ်မိတဲ့ Call ကတော့ တစ်မိနစ်ထက်မပိုရပါဘူး။ တစ်လကို

နှစ်ကြိမ်ပြန်တောင်းလို့ရပါတယ်။

တစ်ခါတစ်ရံ မှာ ရ ရက်ဖရီးပေးတာတို့စတဲ့ဝန်ဆောင်မှုတွေပေးပါတယ်။

အဲဒီလိုပေးတဲ့ဝန်းဆောင်မှုကို လျှောက်ပြီးအသုံးပြုမယ်ဆိုရင်တော့ ဝန်ဆောင်ခမပေးရပါဘူး။

နေလယ် ၁၁းဝဝ ကနေ ညနေ ၅းဝဝ နာရီထိ ရ ရက်ပတ်လုံး လုံးဝဖရီးပြောလို့ရပါတယ်။

အခုလက်တစ်လော မှာတော့ ၂၄ နာရီအတွင်းကြိုတ်တဲ့အချိန်ဖရီးပြောလို့ရတဲ့

ဝန်ဆောင်မှုပေးနေပါတယ်။ ဖရီးပြောခွင့်လျှောက်ခတစ်နေ့တာအတွက် ၁ဝ ဘတ်ပါ။ ဒီဖက်မှာ

တွေ့ရတဲ့မြန်မာတွေမှာ လူတိုင်းနီးပါးဖုန်းကိုင်နိုင်ကြတာကိုလဲ တွေ့ရပါတယ်။ ဈေးထဲမှာ

ဟင်းသီးဟင်းရွက်ရောင်းတဲ့ဈေးသည်။ လဖက်ရည်ဆိုင်မှ စာပွဲးထိုးချာတိတ်လေးများ။

အဝတ်လျှော်သမားများမှာလဲ လမ်းထောင့်တွေမှာ “အဝတ်လျှော်သည် ဖုန်း09——–“

စသည်ဖြင့် လူတန်းစားအလွှာတိုင်း အသုံးပြုနိုင်တဲ့ အတွက်အတော်အဆင်ပြေတယ်လို့ဆိုရမှာပါ။

ကြိုတင်ငွေဖြည့်ကဒ်ကိုတော့ ဘတ် ၆ဝ ကို ၆၅ ဘတ်၊ ဘတ် ၁၀ဝ ကို၊ ၁၁၀

ဘတ်စသည်ဖြင့်ဝယ်ယူဖြည့်သွင်းနိုင်ပါတယ်။

Dtac (ဒီတက်) ဆင်းကဒ်ကို တစ်ဆင့်ပြန်လည်ရောင်းချမည်ဆိုပါက အများနှင့်ဝယ်ယူလျှင် ဘတ်

၂ဝ ဝန်းကျင်သာပေးရပါတယ်။ ကြိုတင်ငွေဖြည့်ကဒ်များကိုတော့ မြဝတီမှာ ဖုန်းနှင့်

ဖုန်းအပိုပစ္စည်းရောင်းတဲ့ဆိုင်တွေမှာသာမက တော်တော်များများ စတိုးဆိုင်များမှာ

ဝယ်ယူရရှိနိုင်ပါတ်။ Dtac နံပါတ်များရဲ့ ဂဏန်းက ၁ဝ လုံးပါဝင်တာဖြစ်ပါတယ်။ ဝ၈-၀၉

စသည့်ဖြင့်ရှိပါတယ်။ မသိရှိသေးသူများ အတွက်ဗဟုသုတဖြစ်စေရန် ရည်ရွယ်၍ သိသလောက်

ရေးတက်သလောက် ရေးသားဖော်ပြခြင်းဖြစ်ပါတယ်။ အမှား ပါရှိပါက

နာလည်ခွင့်လွှတ်ပေးကြပါရန်နှင့် လိုအပ်ချက်များရှိနေပါကလည် ဖြည့်စွက်ပေးကြပါရန်။

အခြားသော နိုင်ငံများမှာ ရှိတဲ့ဖုန်းဆင်းကဒ်များနှင့် အသုံးပြုပုံများ ဈေးနှုန်းများကိုလဲ သိရှိသူများ

ဖော်ပြပေးစေလိုပါသည်။

အခြားဗဟုသုတ များကိုလဲ ဆက်လတ်ဖော်ပြပေးသွားပါမည်။

11 comments

  • ဦးဦးပါလေရာ

    November 22, 2012 at 8:17 am

    လက်တွေ့အသုံးကျ/ချတဲ့အကြောင်းအရာဆိုင်ရာ
    မသိသေးတာတွေလဲသိရတယ်
    စဉ်းစားစရာတွေလဲရတယ်
    တော်တော်အကျိုးရှိတဲ့ပိုစ့်လို့ မှတ်ချက်ပေးလိုပါတယ်။
    ကျေးဇူးတင်ပါတယ်ဗျာ..

  • ခင်ခ

    November 22, 2012 at 8:43 am

    ဗဟုသုတအဖြစ် သိရလို့မျှဝေရေးသူ ပိုစ့်ပိုင်ရှင်ရေ ကျေးဇူးဗျာ။

  • MaMa

    November 22, 2012 at 9:05 am

    မြန်မာနိုင်ငံမှာလည်း ဒီလိုယဉ်ကျေးမှုတွေကို မကြာခင်ရင်းနှီးခွင့်ရတော့မှာမို့ (မျှော်လင့်နေတာ)…..
    အခုလို သိထားရအောင် ပြောပြ (ရေးပြ) လို့ ကျေးဇူးအကြီးကြီးတင်ပါတယ်။ :hee:

  • jullies cezer

    November 22, 2012 at 10:24 am

    ကျေးဇူးတင်ပါတယ် Mobile ရေ မြန်မာပြည်မှာလဲ မကြာမီလာမည်မျှော်
    အခုချိန်မှာတော့ ပြုပြင်ပြောင်းလဲကာလမို့ ”လူကြီးမင်းခေါ်ဆိုသော
    တယ်လီဖုန်းမှာ …..” လူမင်းကြီးနဲ့ခဏခဏတွေ့ရတာကိုသီးခံလက်စနဲ့
    သီးခံလိုက်ကြမယ်နော် ………..

  • မောင်ပေ

    November 22, 2012 at 1:19 pm

    ထိုင်နိုင်ငံက အကြောင်းပြီးရင်
    ထနိုင်ငံက အကြောင်းလဲ ဆက်ရေးပေးပါဦး
    :kwi:

  • Mobile

    November 22, 2012 at 1:39 pm

    ယခုလို ဗဟုသုတ ရစေတယ်ဆိုတဲ့အတွက် ဝမ်းမြောက်မိပါတယ်။
    ကွန်မန်း လေတွေနဲ့ အားပေးသွားကြသူ အပေါင်း ကိုလဲ အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။
    ကိုပေ ပြောတဲ့ ထနိုင်ငံ ကအကြောင်းလေးတွေကိုလဲ အချိန်အားလျော်စွာ
    အဆင်ပြေသလို ရေးသားပေးပါမယ်။

  • P chogyi

    November 22, 2012 at 2:21 pm

    Sim Card အကြောင်းပြောရင် စိတ်နာလို့
    ဒေါသထွက်လို့ မပြောချင်ပါဘူး။

  • မြဝတီမှာ ဟန်းဖုန်းဆိုတာ …
    ဆိုက်ကားသမားကအစ ဝယ်သုံးနိုင်တယ် …
    ဈေးက အတော်ကြီးကို သက်သာတာကိုး …
    ကျနော်တို့ ဒီဘက်မှာလည်း အဲဒီလို ဖြစ်လာဖို့ မျှော်လင့်တာပဲဗျာ …
    အခုတော့ နှစ်သိန်းပေါ့ …
    နောက်တော့ ဘယ်လောက် လာဦးမယ် မသိဘူး …

    ဒါနဲ့ … စကားမစပ် ..
    ဟိုးး အရင်တစ်ခါ တုန်းက အီလဲဗင်း ကာတွန်းထဲက ပြကွက်ကလေး တစ်ခုကို သွားပြီး သတိရလိုက်မိတယ် …
    အဲဒီ ပုံလေးထဲမှာ .. T E C H N O L O G Y .. ဆိုတဲ့ စကားလုံးတွေကို ..
    ဓားကလေးနဲ့ တစ်ပိုင်းချင်းစီ ပိုင်းရောင်းနေတဲ့ ကာတွန်းလေးပါပဲ …

  • Good™

    November 23, 2012 at 4:45 pm

    True Move, One Two Call, Dtac တွေ ရှိတယ် လို့ သိရတယ်။
    Datc အချင်း ခေါ် ရင် ကနဦး ၁ မိနစ် ၂ ဘတ် = ၅၄ ကျပ် ဝန်းကျင်၊ နောက်ပိုင်း မိနစ် တွေ ဆို ၁ မိနစ် ၁ဘတ် = ၂ရ ကျပ် ဝန်းကျင်။ ဘာပဲ ပြောပြော တခြားဝန်တောင်မှု တွေ မရှိရင်တောင် သက်သာ နေပြီ ပဲ။
    Dtac က နေ True Move တို့ One Two Call တို့ စတဲ့ သူတို့ ပြည်တွင်း ဖုန်းတွေ ကို ခေါ် ရင် ရော အတူတူ ပဲ လား သိချင် သား။
    ဗဟုသုတ ရလို့ ကျေးဇူးဆင်ပါကြောင်း။

    • Mobile

      December 13, 2012 at 12:53 pm

      ဟုက်ကဲ့ခင့်ဗျ မတူညီတဲ့ ခေါ်ဆိုမှုတွေကတော့ ၁ မိနစ်ကို ၂ ဘတ်ချ်နှုန်းပါခင့်ဗျ။
      မတူညီတဲ့ဖုန်းကို ခေါ်မယ်ဆိုရင် ဖရီးကောလဲ အသုံးပြု့လို့ မရပါဘူးခင့်ဗျ။
      မြဝတီမှာတော့ အများဆုံး Dtac ကိုပဲသုံးကြပါတယ်ခင့်ဗျ။

  • Green Rose

    November 23, 2012 at 7:26 pm

    တခြားဝန်ဆောင်မှုတော့ မသိဘူး GSM prepaid card တွေကို top up လုပ်တိုင်း updated balance ပြန်ပို့ပေးတဲ့ message မှာတောင် အဝါရောင်အရုပ်လေးက ပြုံးမနေပဲ မဲ့နေတယ်။
    ဟူး.. စိတ်မောပါတယ်။ customer service ဘယ်လောက်အရေးကြီးသလဲဆိုတာ ဒီကလူတွေ တော်တော်များများ မသိကြသေးဘူး။ တစ်ခါ top up လုပ်တိုင်း တစ်ခါ ကိုယ်က ငွေကုန်လို့ ငိုရမှာမို့များ မဲ့ပြနေသလားပဲ :harr:

Leave a Reply