အားလပ်ရက် ၆ – (ပွဲဈေး – တက်တူး)
ဇောချွေးပြန် ခဲ့တဲ့ ည အဖြစ်မှတ်တမ်း တင်ပါတယ်။
တာမွေ မေတ္တာညွှန့် ထဲမှာ လုပ်တဲ့ ပွဲဈေးတန်း ကို မနေ့ည (21-Nov-12) မှာ ရောက်ဖြစ်ခဲ့ပါတယ် . . . . .။
ကျန်တာ တော့ မပြောလိုပါဘူး .. (အမှန်က မပြောချင်တော့တာပါ . . ။)
Online မှာ ပြောနေ .. ပညာပေး နေတာ … ထက် .. နဲနဲ ပိုလက်တွေ့ကျတဲ့ ပညာပေး လုပ်ငန်း လေးတွေ များ လို နေသေးသလားလို့ တွေးမိစေခဲ့တယ်။
အဲဒါဗျာ . . . . . ကျုပ်တော့ ဘာလုပ် သင့်သလဲ ပေါ့ …. စဉ်းစားခဲ့တယ် .. စဉ်းလဲ စဉ်းစားတုန်း .. ဆိုတော့ …..
တတ်နိုင်တဲ့ ဘက်က အကြံဉာဏ် ပေးကြပါဦး …
ကြာရင် လုံးပါး . . . ပါးကုန် လိမ့်မယ် ….။
ဆေးမင်ကြောင် ထိုးရာမှာ တစ်ခါသုံးအပ် မသုံးဘူးဗျာ . . .။
ထွက်တဲ့ သွေးကို သုတ်တဲ့ အဝတ် စ ကို တစ်ခု ပဲ သုံးတယ်ဗျာ …။
မှောင်နဲ့ မဲမဲ ..မှာ တစ်ယောက်ပြီးတစ်ယောက် .. ဆက်တိုက် ထိုး တယ်ဗျာ . . .။
ကျန်တာတွေ တော့ မရေးချင်တော့ဘူး …. စာဖတ်သူတွေ သိပြီးသား တွေ ပဲ နေမှာ ….။
အဲ့ဒီတော့ သိပြီးတဲ့ သူတွေကို ဘာမှ ထပ်မပြောချင်ဘူး …
မသိသေးတဲ့ သူတွေကို သိအောင် ဘယ်လို လုပ် ကြမလဲ .. ဆိုတာ လေး . . . . . . . . . . . . . . . . . . ။
ဘုရားမှာ အအေး တိုက် တယ်ဆိုရင်တောင်မှ တစ်ခါသုံး ခွက် ဒါမှ မဟုတ် ပုလင်း လိုက် လှူတာကို သာ အားပေးပါကြောင်း ………………။
ဒီလို နဲ့ လူငယ် တွေ လုံးပါးပါး တာ မခံချင်ပါကြောင်း …..
Mလုလင်
20 comments
ဆူး
November 22, 2012 at 1:14 pm
တနေ့က ပွဲဈေးလျှောက်တော့ တက်တူး ထိုးနေတာ မြင်ခဲ့သေးတယ်.. အဲဒါ လူအုံပြီး ဝိုင်းကြည့်နေလို့.. သေချာ မမြင်ခဲ့ဘူး။ အပ် က တခါသုံး မဟုတ်.. အဝတ် ကလည်း တခုတည်း ဆိုတော့ ဟုတ်တော့ ဟုတ်နေပြီ။
MaMa
November 22, 2012 at 1:38 pm
ဟုတ်ပ့ါ မောင်လုင်ရေ-
သာမန်ပြည်သူားတွေအနေနဲ့ တစ်ခါသုံးအပ်တွေ ပစ္စည်းတွေသုံးဖို့ အသိမရှိတာလား။
ကုန်ကျစရိတ်မတတ်နိုင်တာလား စဉ်းစားစရာပဲ။ :eee:
Mလုလင်
November 26, 2012 at 12:20 am
ဆူး နဲ့ တီတီ မမ ရေ .. ကုန်ကျစရိတ် ဆိုတာထက် ကျွန်တော့ အမြင် အရတော့ အသိ မရှိတာ ဖြစ်နိုင် ပါတယ် ….။ ကျွန်တော့ သီးသန့် အမြင် အရ .. အဲ့လိုမျိုး မင်ကြောင် ဝင်ထိုးတဲ့သူအများစု က ..ပြင်ပ ဗဟုသုတ သိပ်မရှိ တဲ့ ပုံ ပေါက်နေလို့ပါ .။ (အဲ့ဒီ့ ပွဲဈေး မှာ မြင်ခဲ့တဲ့ မြင်ကွင်း ကိုပြောချင်တာပါနော့)
Shwe Ei
November 22, 2012 at 1:44 pm
အခြေခံလူတန်းစားမှာလဲ ကျန်းမာရေးအသိရှိကောင်းရှိပါလိမ့်မယ်
ကျန်းမာရေးနဲ့ညီညွတ်သော အစားသောက် အသုံးအဆောင်
အပြင်အဆင်တွေကို လက်တွေ့ကျကျ မသုံးစွဲနိုင်ကျသေးတာလို့မြင်ပါတယ်။
ကုန်စိမ်းရောင်းတဲ့သူလဲ ရှော့ပင်းမောထဲဝင်ခွင့်ရှိတာဘဲ
ဝယ်မသုံးနိုင်လို့ ပြန်ခဲ့ရတာ မျိုးဖြစ်နေတယ်လို့ထင်ပါကြောင်း။
ဂလိုဘဲ တက်တူးထိုးတဲ့ကြော်ညာစာရွက်တွေ နေရာအနှံ့တွေ့ရသော်ငြား
အရုပ်တခုထိုးဖို့ ၅ထောင်(အထင်)လောက်မှ မပေးနိုင်တဲ့လူက
ပွဲဈေးတန်းကိုဘဲရွေးချယ်မှာဖြစ်ကြောင်း။ (သိန်းနဲ့ချီပေးရတဲ့တက်တူးများအကြောင်းလုံးဝမပြောလိုပါ)။
ကိုပိုင်အမြင်ကိုတင်ပြရရင် ၁၂ပွဲဈေးသည်တွေနဲ့ပတ်သတ်တဲ့ စည်းကမ်းထိန်းသိမ်းရေး—
ဥပမာ။ ။ စည်းကမ်းတကျအမှိုက်မစွန့်ပစ်ခြင်း၊ မသန့်သောအသုံးဆောင်
အဆာပလာများဖြင့် စားသောက်စရာများ ထုတ်လုပ်ရောင်းချခြင်း၊
တခါသုံး အသုံးအဆောင်များမပါဘဲ တက်တူးထိုးခြင်းကြောင့်
ကူးစက်ရောဂါဖြစ်နိုင်ခြင်း စတာတွေကို ပညာပေးအရင်လုပ်ရပါမယ်။
အိုက်လိုဆိုရင်တော့ ဝယ်ယူစားသုံးသော လူထုကြီးတရပ်လုံးကို အကျိုးဖြစ်စေမှာဘာ။
(အပေါ်က ပြောခဲ့တဲ့ စည်းကမ်းထိန်းသိမ်းရေး ကိတ်စတွေကို ဘဒူက စပွန်ဆာ
ယူမလဲဆိုတာတော့ သများလဲမသိဝူးချင့်)။
ခင်တဲ့
မရွှေအိ
Mလုလင်
November 26, 2012 at 12:22 am
စည်းကမ်းထိန်းသိမ်းရေး ဘက်စဉ်းစားရင်တော့ ခက်ခဲ ပါမယ် .. ပညာပေး ဆိုင်းဘုတ် တင်ထားမယ်ဗျာ .. အဲ့ဒီ့ ဆိုင်းဘုတ် ကိုဖတ်ဖြစ် တဲ့ သူတစ်ယောက် က မထိုးဖြစ်ဘူး ဆိုရင် . တစ်ယောက် စာ အကျိုးရှိနိုင်မယ် .. လုပ်လို့ လဲ လွယ် ကူနိုင်မယ် လို့ ထင်ပါတယ်။
Mobile
November 22, 2012 at 1:56 pm
အသိ ဉာဏ်ပညာ ဗဟုသုတ နဲးပါးတဲ့လူတွေက ပြောလဲ မလွယ်ပါဘူးဗျာ။
အဓီကကတော့ ငွေလို့ထင်ပါတယ်။ တက်တူးကို စနစ်တကျ တစ်ခါသုံးအပ်သုံးပြီး
ဆေးထည့်တဲ့ ခွက်ကိုလဲ တစ်ယောက်အတွက် တစ်ခွက် တစ်ရှုးနှင့်သုတ်ပေးတယ်
အဲ့ဒီလိုစနစ်တကျ ထိုးပေးတဲ့ဆိုင်တွေရှိပါတယ်။ ဒါပေမယ့် အဲ့ဒီလိုဆိုင်မှာ တစ်သောင်းလောက်ပေးရတဲ့
ပုံကို လမ်းဘေးပွဲဈေးတွေမှာ ထိုးတဲ့ကောင်တွေက လေးထောင် ငါးထောင်လောက်နဲ့ ထိုးပေးတယ်။
ဒီနိုင်ငံမှာကလဲ ဈေးပေါပေါနဲ့ ရရင်ဘာမဆိုလုပ်ချင်တဲ့ လူတွေကလဲ အပေါသားလားဗျာ။
မောင်ပေ
November 22, 2012 at 2:02 pm
ကိုလုလင် ရဲ ့ တက်တူးထိုးနေတဲ့ ပုံကို မြင်ရတော့ ဒီလိုဗျ
ကျုပ်လဲတစ်ခါက တက်တူးခရေဇီဖြစ်ခဲ့ဖူးတာပ ၊ တခြားတော့ မဟုတ်ပါဘူး ၊ လက်ဖျံမှာ “အမေ့ကိုချစ်တယ်” ဆိုတာကို ထိုးချင်ခဲ့တာ ၊ မန်းတလေးက တက်တူးထိုးတာ လက်ရာကောင်းတယ်ဆိုတဲ့ တစ်ယောက် ၊ တာရိုးဘက်က ချောင်ကျကျ ရပ်ကွက်လေးထဲက ခနော်နီခနော်နဲ ့ထရံကပ်လေးထဲမှာ ၊ ရောက်သွားချိန်..
ကိုယ့်ရှေ ့မှာ ၊ တစ်ယောက်ကို ထိုးနေတာ ၊ အပ်ကတော့ တစ်ခါသုံးအပ် ဆိုပေမယ့် ၊ ဆေးက တစ်ဘူးထဲရယ် ၊ အဲဒီဆေးဘူးလေးထဲကို သင်နာလား အုန်းဆီလား မသိဘူး ၊ ရောရောပြီး အပ်နှစ်လိုက် ထိုးလိုက် ၊ အထိုးခံနေတဲ့လူဆီကနေ သွေးတွေကလဲ စိမ့်စိမ့်ထွက်နေတာကို မြင်ရတော့
ရွံလာပြီး … ချက်ချင်း ပြန်ခဲ့ဖူးပါကြောင်း
ပို ့စ်နဲ ့မဆိုင်ပေမယ့်
သတိရမိတဲ့ အတိတ်အကြောင်းလေးကို မန် ့ခဲ့ပါတယ်
kyeemite
November 22, 2012 at 2:03 pm
ဒီနေ့ ဒီအချိန်ထိ…ဒီလိုရှိနေသေးတာတော့
အံ့ဩပါရဲ့…. :bar:
လုံမလေးမွန်မွန်
November 22, 2012 at 2:35 pm
ကိုလုလင်ရေ…
ပထမဆုံးပြောချင်တာကတော့ ညဘက် ပွဲဈေးမြင်ကွင်းကို ရိုက်ထားတဲ့ပုံတွေရဲ့ အလင်းအမှောင်နဲ့ ရိုက်ချက်တွေကို သဘောကျမိပါကြောင်း..
နောက်တစ်ခုကတော့ တက်တူးပေါ့နော်..တက်တူးထိုးတာကို အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာပါ..လုံမရဲ့ ခပ်ကြောင်ကြောင်အကျင့်က တက်တူးကို ကြောက်တာပါ… (တက်တူးထိုးထားတဲ့သူတွေကို အားနာပါတယ်..) တက်တူးဆို သေချာတောင်မကြည့်ရဲဘူး… 🙂
ဘာပဲဖြစ်ဖြစ် ရန်ကုန်လိုမြို့မှာတောင် ကျန်းမာရေးအသိပညာနည်းနေတဲ့သူတွေရှိသေးတာကို တွေးမိပြီး ရင်လေးသွားပါကြောင်း…
မိုချို
November 22, 2012 at 3:24 pm
အစ်မလည်း ထိုနည်း လည်း ကောင်း ပါပဲ မွန်မွန်ရေ၊ ။ တတ်တူးပြူးတူး ပြဲတဲ ထိုးထားတဲ့ လူ တွေ ကို ဘယ် လို မှ အထင်ကြီး လို့ မရ ပါကြောင်း။ သူ့ ရဲ့ ကိုယ်ပို င် လွတ်လပ် ခွင့် နဲ့ သူရဲ့ အရည် အချင်း ဘယ် လို မှ မဆိုင် မှန်း လဲ သိသိ ကြီးနဲ့ ၊ မိန်း ကလေး ဆို ရင်တော့ ဟို မိန်း ကလေး တွေလို့ ပဲ တန်း မြင် လိုက် တာ ပဲ၊ ကိုယ်လည်း ဆိုက် ကို ထင် ပါရဲ့ ။ အဲလို လူ မျိုး ဆိုတော့ လမ်း ဘေး မှာ တတ်တူး ထိုးနေ တဲ့ သူ မြင် ရင် ဗဟုသုတ နည်း ရ လား ဆို ပြီး နား ရင်း အုပ်ချင် မိတယ် ။ တကယ် တမ်း မှာတော့ကြည့် ရတာ နဲ့ တင် ကြောက် လို့ ဝေးဝေး က ရှောင် မိပါတယ်။
ကို လုင် ရဲ့ ပုံ တွေကြည့် ပြီး ပွဲ ဈေး တန်း က မုန့် တွေ စားချင် လာ ပြီ။ အာ ရုံ စိုက် ၂ ထဲ က မုန့် သိုင်း ခြုံ စားချင် လိုက် တာ။
ဝယ်သူ မျှော်နေ တဲ့ ပု ဇွန် ကြော် သည်လေး ကို ကြည့် ရတာ ရင်လေး လိုက်တာ။ လူလေး ပိန်ပိန်လေး။
လုံမလေးမွန်မွန်
November 22, 2012 at 4:21 pm
အဟဲ..အားမနာတမ်း ပြောရရင်… ဘယ်လောက်ပဲ ချောချော.. တက်ထူးထိုးထားတယ် ဆိုရင် (သေးသေးလေးပဲဖြစ်ဖြစ်) .. စိတ်ပျက်သွားမိပါကြောင်း..
ဂေါက်ကြောင်
လုံမ..
Thu Wai
November 22, 2012 at 4:24 pm
ဟယ်အဲဒါဆို တို့ အကျင်္ီတွေလုံအောင်ဝတ်ပြီးဖုံးထားမှ ။
သေးသေးလေးတောင်မမြင်စေရဘူး စိတ်ချ
ဇမ္ဗူ့လောကပါလကြောင်ဝတုတ်
November 23, 2012 at 3:26 pm
မမိုချိုနဲ့ လုံမလေးမွန်မွန်ရေ…
Tattoo ကိစ္စလေးတော့ ပြောချင်ပါ့….
Tattoo ဆိုတဲ့ကိစ္စက ထိုးပြီးတာနဲ့ ပြန်ဖျက်လို့မလွယ်တဲ့ကိစ္စတစ်ခုပေါ့…
အဲဒီတော့ Tattoo ထိုးတဲ့ကိစ္စမှာ Risk ရှိပါတယ်… နောက်တစ်ခုက Tattoo ကို အနုပညာလို့ မြင်စေချင်ပါတယ်ဗျာ…
မမိုချိုပြောသလို တက်တူးထိုးထားတဲ့မိန်းခလေးတွေကို ဟိုလိုမြင်လိုက်တယ်ဆိုတော့…
ကျွန်တော်ဖြင့်လန့်သွားတာပဲ… ထင်တာတော့ မျက်စိထဲမှာမယဉ်သေးလို့ထင်ပါ့…
လွန်ခဲ့တဲ့ (၁၀)နှစ်လောက်တုန်းကတော့ မီနီစကဒ်ဝတ်ရင် ဟိုဟာလို့ပြောကြပေမယ့်…
အခုအချိန်မှာတော့… မီနီစကဒ်နဲ့ မိန်းခလေးတွေအများကြီးတွေ့နေရပါပြီ…
သူတို့ကိုလဲ ဟိုမိန်းခလေးလို့မထင်တော့ပါဘူး…
ခေတ်တစ်ခေတ်ရဲ့ပြောင်းလဲမှု… နည်းပညာရဲ့တိုးတက်မှု… အနုပညာရဲ့မြင့်မားလာမှုအဖြစ် မြင်ကြည့်ပေးပါလား…
အမြင်ကောင်းလေးတစ်ခုပြောင်းသွားမှာပါ…
ခင်မင်လျက်-
ကြောင်ဝတုတ်
Thu Wai
November 22, 2012 at 3:35 pm
“ကျွန်တော်တူးဆွခဲ့သော အရေပြားများနှင့် မြုပ်နှံခဲ့သော ဆေးချက်များ” ဆိုတဲ့ခေါင်းစဉ်နဲ့
http://myanmargazette.net/155186/creative-writing
ဒီလင့်မှာ ကျွန်တော့်လက်ရာတွေကိုတင်ခဲ့ဘူးပါတယ်။
ပွဲဈေးမှာထိုးတဲ့သူတွေကိုလဲ အထင်မသေးပါဘူး တက်တူးကောင်းတစ်ပုံဖြစ်ဖို့အချိန်တော်တော်ကြာကြာပေးရပြီးတော့ သူတို့မှာ လဲ ပွဲဈေးဆိုင်ခန်းခ နဲ့ နောက်ပြီး လာထိုးနိုင်မယ့်သူရဲ့တတ်နိုင်တဲ့ငွေကြေးပမာဏပေါ်မူတည်ပြီး သူတို့လဲ မြန်မြန်ပြီးအေးရောဆိုတဲ့ပုံစံနဲ့ ထိုးကြသလို လာထိုးတဲ့ သူကလဲ ရောဂါကူးတတ်ဆိုတာသိပေမယ့်နောင်ခါလာနောင်ခါဈေးဆိုတဲ့ သဘောမျိုးနဲ့ကိုင်ကြပါလေရော။
Myanmar Ink ကကိုဇေယျာကြီးဆိုရင် ပွဲဈေးတန်းတက်တူးသမားတွေကို တစ်ခါသုံးဆေးခွက်တွေ၊ အပ်တွေ၊ လက်အိတ်တွေ ကို မယ်လမုဘုရားပွဲဈေးမှာလိုက်ဝေဘူးပါတယ် ။
ကျွန်တော်တို့ အခုထိုးနေတာကလဲ တစ်ခါသုံးလက်အိတ်၊ တစ်ခါသုံးဆေးခွက်/အပ်/တစ်ရှူး/တာငါ တွေနဲ့ပဲထိုးပြီး ဒီလူတစ်ယောက်ထဲကိုပဲ နောက်နေ့ဆက်ထိုးရရင်တောင် မနေ့ကထိုးလက်စ ကိုမသုံးပါဘူး ။
ပွဲဈေးတန်းက တက်တူးသမားတွေလဲ သူ့အထွာနဲ့သူ ချင့်ချိန်ပြီးဖြစ်သလိုထိုးရပေမယ့် ငါးထောင်လောက်ကျမယ့်ပုံကိုခြောက်ထောင်တောင်းပြီး တစ်ခါသုံး အပ် ၊ လက်အိတ် ၊ ဆေးခွက် ၊ တစ်ရှူးလောက်ကတော့ သုံးမယ်ဆိုသုံးလို့ရပါတယ် နောက်ပြီးအဲလိုသုံးတော့ မိတ်တောင်ပိုရမယ်လို့ထင်ပါတယ် ။
နောက်ပြီး ကို Mလုလင်နဲ့ ကျွန်တော်နဲ့ တစ်ရပ်ကွက်ထဲသားတွေပဲဗျ ကျွန်တော်လဲ မေတ္တာညွန့်သားပဲ :hee:
Khaing Khaing
November 22, 2012 at 4:03 pm
ကိုလုလင်ရေ … ဒီနှစ်ပွဲဈေးတော့ မရောက်ဖြစ်တော့ဘူး …… အရင်ကဆို နှစ်တိုင်းသွားဖြစ်တယ် … အဲဒီ ပွဲဈေးမှာ ဆိုးရွားတာတစ်ခုရှိသေးတယ် … လမ်းကကျဉ်းတော့ အကြော်ကြော်တဲ့ ညှော်နံ့တွေကြောင့် ပွဲဈေးသွား ပရိတ်သတ်တွေရော ပတ်ဝန်းကျင်အိမ်တွေကိုပါထိခိုက်တာတော့ အမှန်ပါပဲ …
တက်တူးထိုးတာတော့ ဘယ်မှာမှ မကြည့်ဖြစ်ဘူး …… ကြည့်ရမှာ ကြောက်လို့ ………. အခုလိုခေတ်မှီနေတဲ့ အချိန်မှာ နယ်မြို့လဲမဟုတ်ဘဲ မြို့လယ်ခေါင်လိုဒီလိုနေရာမျိုးမှာတောင် အသိပညာတွေ ဒီလိုနည်းပါးနေကြသေးတာ အံ့ဩဖို့ကောင်းတယ်နော် ……….
Mလုလင်
November 22, 2012 at 10:56 pm
အဲ့ဒါလေး Weekly Eleven မှာတွေ့လို့ ……… လက်တွေ့လုပ် လို့ ရတာ တစ်ခု ကတော့ ကျွန်တော် တွေး မိတာ က … ပညာပေး လက်ကမ်းစာဆောင် လေးတွေ ဝေတာ ပါ … ပွဲဈေး ဖြစ်မြောက်ရေး ကော်မတီ ကို အကူအညီ တောင်းပြီး ဝေခိုင်း လို့ ဖြစ်မယ် ထင်ပါတယ် . .။
မိုက်ကယ်ဂျော်နီအောင်ပု
November 23, 2012 at 12:22 am
တက်တူဆိုလို့ဝင်ပွားလိုက်အုန်းမယ် ( ကွိကွိ )
တက်တူဘဲထားပါတော့ အရုပ်တွေထိုးထားကြတဲ့လူတွေ
အချို့ဆို ဖြစ်သလိုထိုးထားကြတဲ့ပုံစံဆိုးဆိုးတွေကို နောက်ထပ်ငွေကုန်ခံပြီး ဆရာကြီးတွေဆီမှာပြန်ထိုးကြတယ်
ဥပမာဗျာ
ငယ်ငယ်ကပေါက်ကရတွေထိုးထားတဲ့ ဇွဲတို့ သတ္တိတို့ ကိုအပေါ်ကနေ အခြားကိုယ်ကြိုက်ရာအရုပ်ပေါ့
အချို့ကလည်း ထောင်ထဲမှာတို့ ဘာညာပေါ့
လူတစ်ယောက်တွေကဘူးတယ် အဲ့လိုဘဲ အရုပ်တွေ
ကျုပ်သူ့ကိုမေးကြည့်တယ် ဘယ်လောက်ပေးရသလဲပေါ့ ထိုးခ
သူပြောတာက ပိုက်ဆံပေးပြီးထိုးထားတာမဟုတ်ဘူး ပိုက်ဆံရလို့ထိုးထားတာတဲ့
ဖြစ်ပုံက ဆက်တူထိုးတာသင်တဲ့လူတစ်ယောက်က သူ့ကိုအရက်တိုက် ပိုက်ဆံပေးပြီးထိုးပေးလိုက်သဒဲ့ဗျာ
မှတ်ကရော
ဟုတ်တော့ဟုတ်တယ်ဗျ
ကျုပ်တို့ရွာမှာ ထိုးတဲ့ဆရာကြီးတွေဆို ရာဘာလက်အိပ်အပါးကလေးတွေတောင်စွပ်ထားတယ်
အဝတ်နေရာမှာ တစ်ရှူးကိုသုံးပြီးပြစ်ပလိုက်ဒါဘဲ
တက်တူဆိုတာကလည်း ကိုယ်သေတဲ့အခါ ကိုယ့်နောက်ပါလာမယ့်အရာတစ်မျိုးလို့လည်းပြောလို့ရသပေါ့
jullies cezer
November 23, 2012 at 3:18 pm
မိုချိုနဲ့မွန်မွန်လိုပဲ တို့လဲတက်တူးထိုးတဲ့သူဆိုဘယ်လိုမှမကြိုက်ဘူး
ပြီးတော့ ကိုMလုလင်မြန်မာပြည်မှာတက်တူးတစ်ခုထဲတင်ဘယ်ကမလဲ
ရွှေအိမ်ကျော်ဂိုဏ်းမှာစုတ်နဲ့ ဆေးထိုးပေးတဲ့ခွေကိုကြည့်ဖူးတဲ့သူများ
သိပါလိမ့်မယ် စုတ်နဲ့တစ်ယောက်ပြီးတစ်ယောက်ထိုးပေးတယ် ဦးခေါင်းရယ်
လျှာရယ် လက်ရယ် တစ်ခါသုံးအပ်မပြောနဲ့အဝတ်နဲ့တောင်မသုတ်ဘူး
ဘယ်လိုပြောရမလဲ ရောဂါဘယကိုကြောက်ရကောင်းမှန်းမသိဘူး
မကြောက်ရမဲ့ဟာတွေကိုကြောက်နေတဲ့ အသိဉာဏ်နဲပါးမှုလို့သာ
ယူဆပါကြောင်း 😕 စကားမစပ်ပုစွန်ထုတ်ကျောကြော်ကြီးတော့ စားချင်သား :kwi:
1
November 26, 2012 at 9:55 am
ကိုလုလင်ရေ အဲဒီတက်တူးသမားတွေက အသိမရှိတာထက် မိုက်ရူးရဲတာဖြစ်သွားပါပီ…..အေအိုင်ဒီအက်စ်ကို မည်သို့မည်ပုံကူးစက်တတ်တယ်ဆိုတာကို ၈ တန်းအရွယ်ကျောင်းသားလေးတွေကအစ နားလည်ကြပါပီ….. ပွဲဈေးတွေမှာ အရုပ်ထိုးတဲ့အပ်ကတဆင့် မလိုလားအပ်တဲ့ရောဂါတွေရလာနိုင်တယ်ဆိုတာကို သိကြပါတယ်…. ဒါပေမယ့် အဲလိုအရုပ်ထိုးတဲ့လူတော်တော်များများက HERO ကြီးတွေလို့ ခံယူတယ်ထင်မိတယ်ဗျ……များသောအားဖြင့်လဲ အရုပ်ထိုးတဲ့အချိန်ဟာ အပေါင်းသင်းများနဲ့ သောက်စားပျော်ပါးကြတဲ့အချိန်ပဲလေ…….. ကျွန်တော်တို့ငယ်စဉ်က အရုပ်ထိုးတဲ့လူကြီး တွေဆိုလူမိုက်ကြီးတွေ၊ ဖိုက်တာကြီးတွေလို့မြင်မိတယ်ဗျ….. အရုပ်ထိုးတဲ့လူကြီးတွေလာရင် ကြောက်သလိုလိုတောင်ဖြစ်ခဲ့သေးတာ……. အဲသလို…… ထင်ဆို ထောင်ထွက် သူခိုးဂျပိုးတွေဟာ တက်တူးကြီးတွေ ဗလပွနဲ့ကိုးဗျ…… (အရုပ်ထိုးသူတိုင်းဟုမဆိုလိုပါ)….တကယ်ဆို အခုခေတ်အတိုင်းအတာမှာ အန္တရာယ်ကင်းတဲ့ တက်တူးထိုးနည်းတွေ အများကြီးပေါ်ပေါက်လာပါပီ…… တက်တူးထိုးတဲ့ အပ်ကလဲ ဈေးပေးရတဲ့အထဲမှာ မပါပါဘူး…… အရောင်သွေးစိုစိုနဲ့ လှပတဲ့ တက်တူးထိုးတဲ့နေရာတွေရှိပါတယ်……. အခုဆို မိန်းကလေးတွေမှာတောင် တက်တူးထိုးထားတာတွေကို မြင်တွေ့နေရပါပီ….. ဆိုတော့ တစ်ခါသုံးအပ်မသုံးပဲ ဆေးမင်းထိုးရဲတဲ့လူဆိုတော့ကာ အဘယ်သို့ယူဆရမည်ကို ကျွန်ုပ်တစ်ယောက် ချာချာလည်တွေးရင်း မိုက်ရူးရဲဟုသာခေါင်းစဉ်ပေးချင်မိပါသည်……. ခင်မင်လေးစားစွာဖြင့်
သူရဇော်
ကိုပေါက်(မန္တလေး)
November 26, 2012 at 1:10 pm
ပုံလေးတွေရိုက်ထားတာ အားကျစရာ။
မီးလုံးလေးက အရိပ်ကျတာ လှပ၊
တက်တူး ကတော့ အခုထိုးတဲ့လူများ များ လာပါပြီ.
မသိလို့မကြောက်
သိလျက်နဲ့မကြောက်