Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အူးလေး ရွှေတိုက်စိုး ရဲ့ မင်္ဂလာနေ့ အမှတ်တရ

Mလုလင္November 24, 20121min129641

စာ .. နောက် မှ ရေးတော့မယ်ဗျာ .. တော်ကြာ ကျုပ်အတွက် မကျန်တော့မှာ စိုးလို့ ဗျို ့ ………..။

အသွေးထဲ ………… အသားထဲ က.. နေ ဂုဏ်ယူပါကြောင်း …….

နှစ်ကိုယ်တူ .. ချစ်သမျှ ..

ဒါက နောက်တစ်ပုံ

လိမ္မာစမ်းပါသားရယ် ~~~~ လိမ္မာစမ်းပါ ~~~ သား … ရယ်။

လေးစားစွာဖြင့်
Mလုလင်

41 comments

  • Mလုလင်

    November 24, 2012 at 6:39 pm

    အထက်ပါ ဓာတ်ပုံ ရဖို့ အတွက် မိတ်ကပ် ဖန်တီးရှင် … အသာတကြည်ဖြဲ တဲ့ မာမီရဲ ကို ကျေးဇူး တင်ပါကြောင်း …. သူ့ လက်ချက် နဲ့ သတိုးသား ဆိုတာများ .. နိုပျိုဥတို နေတာ .. ဂစ်ဂစ် …။
    Congratulation ပါဗျိုး ……………. (အကျယ်ကြီး အော်သည်။)

  • Hnin Hnin

    November 24, 2012 at 7:22 pm

    လိုက်တယ်နော်…’ နှစ်ကိုယ်တူ ပြုံးသမျှ ‘ 🙂

  • ရွာသူ jujuma .

    November 24, 2012 at 7:30 pm

    ဂုဏ်ယူပါတယ် ဥူးလေးတိုက် ….
    လိုက်ဖက်တဲ့စုံတွဲလေး ရာသက်ပန်ပေါင်းစည်းပြီး
    သားသားမီးမီးလေးတွေနဲ့ပျော်ရွှင်သောဘဝလေးပိုင်ဆိုင်နိုင်ပါစေဗျာ….

  • thit min

    November 24, 2012 at 7:41 pm

    ရွှေနဲ့မြလို နေနဲ့လ လိုလိုက်လဲလိုက်ဖက်။
    အပြုံးတွေကလဲ အားရပါးရ။
    နုပျိုလန်းဆန်းအချစ်ပန်းများပွင့်ပြီး ပျော်ရွှင်ကြည်နူး ဒီမင်္ဂလာဦးမှသည်
    မခွဲထာဝရ ရှိပါစေ။
    နားလည်မှုများနဲ့ ခွင့်လွှတ်သီးခံစိတ်များနဲ့ အကြင်နာတရားများနဲ့ ညှာတာစိတ်များနဲ့
    ချစ်ခြင်းငယ်ပြိုင် တွဲလက်တွေခိုင်ပါစေ။
    ဝမ်းသာစွာဆုတောင်းပေးလိုက်ပါတယ်……………..ညီငယ်လေးရွှေတိုက်စိုးရေ။
    ~~~~~~~~~~~
    တကူးတက အလျင်အမြန်တင်ပေးသော ကိုအမ်လုလင်အားလည်း ကျေးဇူးအထူးပါ။

    ခင်မင်စွာဖြင့်

    သစ်မင်း

  • ကိုရင်စည်သူ

    November 24, 2012 at 8:04 pm

    တကယ့်ကို နှစ်ဦးစလုံးရဲ့ ဖြူစင်တဲ့ အပြုံးလေးတွေနဲ့
    နားလည်မှုကိုယ်ဆီ ပိုင်ဆိုင်တယ်လို့ ခံစားမိပါတယ်ဗျာ…။
    အူးစည်လည်း အားကျပါ၏ အိမ်ပြန်ရင် ယုသန်ဒါတင်နဲ့
    လက်ထပ်မှာမို့ အူးလေးလုလင်မှ လာပီး ဓါတ်ပုံ
    ရိုက်ပေးပါရန် ကြိုတင်အကူအညီတောင်းရပါသည်… :kwi:
    ဒီညဘတ်ချလာနိုက်စ်ရှိသေးလားဗျို့…. လာသောက်မလို့.. ဟဲဟဲ :mrgreen:

  • ဦးဦးပါလေရာ

    November 24, 2012 at 8:33 pm

    မင်္ဂလာဆောင်သာဆိုတယ် ပျော်ပွဲစားကျနေတာပဲ….
    သတို့သားနဲ့သတို့သမီးကပါရောပြီး ဝရုန်းသုန်းကားသောင်းကျန်းနေကြတာ သူတို့မင်္ဂလာဆောင်နေတယ်ဆိုတာတောင် မေ့နေတဲ့အတိုင်း….
    ခန်းမထဲစဝင်ကတည်းက မျက်မှန်ချွတ်ထားလို့မမှတ်မိသလိုတောင်ဖြစ်ရတဲ့ ရှမ်းမချောကလေးကလဲ စတိုင်တကယ်မိတယ်….
    ပါးကလေးခွက်နေအောင်ပြုံးရယ်နေတဲ့ ခိုင်ခိုင်ရဲ့သမီးလေးက ပိုတတ်ပြီးပိုချစ်စရာကောင်းလာတာ…..
    မျက်နှာကပြုံးနေပြီး စိတ်ထဲကကြိတ်အားကျနေတဲ့ အမတ်မင်းကလဲ လိုက်ပြီးဧည့်ခံပေးရှာပါတယ်။
    မွေးနေ့နဲ့တိုက်ဆိုင်တဲ့ကြားက တက်ရောက်အားပေးတဲ့ မနိုဗွီလိုက်ကျွေးမှာကိုတော့ သွားစရာရှိသေးလို့ငြင်းခဲ့ရတယ်…
    ကျုပ်ကို ဟင်းကောင်းကျွေးကောင်းတွေခပ်ထည့်ပေးပြီး သူ့ကျတော့ ရှိတာနဲ့စားသွားတဲ့ ကိုနိုဇိုမိကြီးကိုလဲ အားတောင့်အားနာဖြစ်ရပြန်တယ်…
    မတွေ့ရတာကြာတဲ့ ကိုသူရဇော်နဲ့ ကိုရဲစည်ကိုလဲ နှုတ်ဆက်ဖြစ်တယ်…
    ကိုကြောင်ဝတုတ်တို့မောင်နှံရောက်ပြီးမကြာခင်မှာတော့ သူစိတ်ဖြောင့်ဖြောင့်နဲ့စားနိုင်အောင် အလိုက်တသိ ထ ပြန်ခဲ့ပါတယ်…။

    အင်း… တကဲ့ မင်္ဂလာဆောင်……

    • Yin Nyine Nway

      November 25, 2012 at 7:32 pm

      ဟီး…
      ” ခန်းမထဲစဝင်ကတည်းက မျက်မှန်ချွတ်ထားလို့မမှတ်မိသလိုတောင်ဖြစ်ရတဲ့ ရှမ်းမချောကလေးကလဲ စတိုင်တကယ်မိတယ်… ” ကျေးဇူးပါချင့် အမှန်က အကြွေးတောင်းသူများလိ့ ရုပ်ဖျက်ထားတာ ဦးဦးပါလေရာရေ …
      ဆရာအကို ကိုရွှေထိုက်ခိုးနဲ့ အုပ်ထိန်းသူဘဝမှ ရာထူးတက်သွားပြီး ရွှေတိုက်ကြီးအား ပိုင်ဆိုင်သွားသူ တီတီစိမ်း တို့ ပျော်စရာနေ့တွေပိုင်ဆိုင်ပြီး
      အရပ်ရှည်ရှည် ကလေးလေး မွေးပါဇေလို့ ….ဆုတောင်းပေးကြောင်း

      တောင်ကြီးသူမ
      သံဘူလ

  • မောင်ပေ

    November 24, 2012 at 8:47 pm

    တစ်ကယ်ကြီး ဆောင်တာပေါ့နော်
    ပျော်ရွှင်နေတဲ့ သတို ့သား သတို ့သမီး မျက်နှာကို ကြည့်ပြီး ပျော်လာမိတယ်
    အဲဒီလင်မယားနှစ်ယောက် ယနေ ့မှ စ နှစ်တစ်ရာတိုင် ပျော်ရွှင်ချစ်ခင်ချမ်းသာစွာနဲ ့ပေါင်းသင်းရပါစေဗျား

  • pooch

    November 24, 2012 at 9:23 pm

    ဆံဖြူသွားကျိုးအိုအောင်မင်းအောင်ပေါင်းသင်းနိုင်ပါစေလို့
    😀

  • ရာဇဝင်လူဆိုး

    November 24, 2012 at 9:34 pm

    သားတစ်ရာ မြေး တစ်ကျိပ်နဲ့ တစ်ရေးမှ မအိပ်ရပါစေနဲ့ လို့ လူဗြိုကြီး လူဆိုး (ကြော်ငြာ) … လေးနက်စွာ ဆုတောင်းပေးလိုက်ပါဂျောင်း.. :harr:

  • ရွှေ ကြည်

    November 24, 2012 at 9:47 pm

    ကိုလုင် လက်ရာကတကယ်ကို ဟန်ဆောင်မှုမပါပဲကြည်နူးခြင်းတွေနဲ့မို့တကယ်အသက်ဝင်လှပါတယ်..။
    သူငယ်ချင်းတွေနဲ့ ဟန်ဆောင်မှုကင်းပြီး ပျော်ရွှင်စရာပွဲလေးဟာ တကယ်အမှတ်တရဖြစ်စေမှာပါ..။
    လောကဓံတရားကို လက်တွဲရင်ဆိုင်ကျော်ဖြတ် နိုင်ပါစေ..။
    မိသားစုဘဝရဲ့နက်ရှိုင်းတဲ့မေတ္တာနဲ့ ခိုင်မြဲတဲ့ချစ်ခြင်းကိုပိုင်ဆိုင်နိုင်ပါစေ..။
    ကြွေးဟောင်းတွေ ကောင်းစွာဆပ်လို့ ကြွေးသစ်တွေလည်း လှိုင်လှိုင်ကြီးချပေးနိုင်ပါစေလို့…။

  • မကျေနပ်ဘူးဗျာ
    ကျုပ်လက်မဆော့ရလို့

    ဟိုဘက်မှာဆုတောင်းပြီးသား ထပ်ဆုတောင်းပေးလိုက်ပါတယ်။
    နှစ်ပေါင်းများစွာ
    ရွင်ပျော်
    နေ့ပေါင်းများစွာ
    ကျန်းမာ
    အချိန်တို်င်းမှာ
    ချမ်းသာ
    သုခယှဉ်တွဲ ပျော်ပွဲတွေဘဲတွေ့စေသောဝ်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • may flowers

    November 24, 2012 at 11:42 pm

    Congratulation ပါ ကိုရွှေတိုက်စိုး၊။ အိုအောင်မင်းအောင် ပေါင်းသင်းနိုင်၊ ပျော်ရွှင်နိုင်ကြပါစေလို့ …။

  • etone

    November 25, 2012 at 12:18 am

    ကိုတိုက်နဲ့ မမစိမ်းတို့ရဲ့ မင်္ဂလာဦးမှသည် ရွှေရတု စိန်ရတုတိုင်အောင်….. သားသမီးမြေးမြစ်တို့နဲ့အတူ ပျော်ရွင်စွာ ဖြတ်သန်းနိုင်ပါစေ

  • မဟာရာဇာ အံစာတုံး

    November 25, 2012 at 12:38 am

    အပြုံးတွေ ဝေဆာနေတဲ့
    မင်္ဂလာ မောင်နှံမှာကွဲ့ ….
    ရှေးရေစက် ကံရယ်ကြောင့်
    နဖူးစာရယ် လာဆုံခဲ့ …
    အိုဘယ့် … မင်္ဂလာမောင်နှံမှာကွယ် …
    နှစ်တစ်ရာ အထက်တိုင်အောင်မယ်
    ပေါင်းရစေရန် ရွယ် …
    တောင်းဆုတွေလည်း ခြွေလိုက်တယ် …………။

    ဒီကဗျာလေးနဲ့ ကိုရွှေတိုက်နဲ့ အမစိမ်းတို့ရဲ့
    မင်္ဂလာအတွက် တောင်းဆု ခြွေလိုက်ပါတယ် ခင်ဗျာ ….။

    ဒါ့ပုံဆြာ Mလုလင်ရဲ့ လက်ရာကလည်း မိုက်ဒလယ်ဂျာ …
    ပုံက ရှယ်ဘဲ …
    ဒီပုံလေးကို ပုံကြီးချဲ့ပြီး ဧည့်ခန်းမှာ ထားလိုက်ရင်ဖြင့် …
    မြင်သူတကာ (အဓိက လူပိုဂျီးဒွေ၊ အပိုဂျီးဒွေပေါ့ .. :mrgreen: ) မင်ဂါဆောင်ချင်သွားလိမ့်မယ် ထင်ဘာရဲ့ ခညာ ….

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 25, 2012 at 4:15 am

    သူငယ်ချင်းကြီးရွှေတိုက်ခိုး… (အကြောင်းသိချင်ဦးကြီးမိုက်မေးကြည့်)…
    ဒီလင်… ဒီမယားအိုအောင်မင်းအောင်ပေါင်းရပြီး…
    အချစ်မဝဘဲ… တစ်နှစ်တစ်သားကျပါစေကြောင်း…. ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျား…

    အားလုံးထဲမှာ ကျုပ်ဦးတယ်ဗျာ…
    ကွန်ပျူတာနဲ့မန့်တာ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • စိုင်း ကွမ်းခေး

    November 25, 2012 at 7:13 am

    ကြိုတင်ပြီး စရံသပ်ထားချင်သဗျာ

    လက်ရာကိုကြိုက်လွန်းလို့… လာမယ့်မေလမှာများ အားသလားလို့ပါ။

    စကားမစပ်၊ အားကျတာဗျာ
    သူတောင်

    အိမ် “ထောင်” ကျသွားလေပြီဘဲ

    :harr:

  • မိုချို

    November 25, 2012 at 8:22 am

    တကယ့် ကို ကြည်နူး စရာကောင်း တဲ့ ဓါတ် ပုံ လေး ပါ။ သတို့ သမီး ၊ သတို့ သား ရဲ့ ကြည် နူး မှု အပြုံး ၊ အပျော် လေးတွေ က ကြည့် မိ တဲ့ သူ ရင် ထဲ ကို ကူး စက် စီး ဝင် စေ ပါတယ်။
    မင်္ဂလာ ဓါတ် ပုံ တိုင်း အဲ လို မဖြစ် ပါဘူး။ ဓါတ် ပုံ ဆရာ ရဲ့ သဘာ နဲ့ စေတနာ က စကား ပြော တယ် ထင် ပါ ရဲ့။

  • weiwei

    November 25, 2012 at 5:05 pm

    ဓါတ်ပုံကြည့်ပြီး အပျော်တွေကူးစက်သွားပါကြောင်း ..

  • kai

    November 25, 2012 at 5:12 pm

    မင်္ဂလာဆောင်တယ်ဆိုတာ.. ၂ဖက်ဆွေမျိုး..မိတ်ဆွေ.. အသိုင်းအဝိုင်းပါ… ပူးပေါင်းပါဝင်ချိပ်ဆက်သွားတာဖြစ်ပါတယ်..
    အဲဒါလေးသတိထားပြီး..
    ဘဝတလျှောက်..ဆက်ပျော်ကြနိုင်ပါစေကြောင်း.. ဆုမွန်ပေးပါတယ်..။

    အောင်ကြစေ..ပျော်ကြစေ.. မော်ကြပါစေသတည်း … :528:

  • kyeemite

    November 25, 2012 at 5:29 pm

    မောင်ရွှေတိုက်ခိုးနဲ့ မရွှေတိုက်စိုးတို့
    အိုအောင်မင်းအောင်သားသမီးမြေးမြစ်တွေနဲ့
    ပျော်ရွှင်သောဘဝကိုတည်ဆောက်နိုင်ပါစေသော်….
    (လုင်ရိုက်ချက်အသက်ဝင်လှတဲ့ဓါတ်ပုံလေးပါပဲ) :528:

  • Good™

    November 25, 2012 at 9:16 pm

    ပျော်ရွှင် နေတဲ့ လှချက် ကို မှင်သက် နေမိတယ် ဗျာ။
    မင်္ဂလာ ဆုတောင်း ကတော့ အပေါ်က လူတွေ ပြောတဲ့ အတိုင်း ပဲ လို့။

    ပုံထဲ က ပျော်ရွှင် ကြည်နူး မှု မျိုး ကို ထာဝရ ပိုင်ဆိုင် နိုင် ပါစေ လို့ ဆုတောင်း ပေးတယ် နော်။

  • kyawtheinmyint

    November 25, 2012 at 9:19 pm

    ဓါတ်ပုံက အသက်ဝင်တော့ မြင်ရတဲ့ ကျနော်ကိုယ်တိုင် အေးချမ်းသွားတယ်။ရွှေတိုက်စိုးရေ နှစ်ကိုယ်တူချစ်သမျှနဲ့ အပြစ်တွေကိုလဲ နားလည်မှူနဲ့ ချေဖျက်ရင်း အဖိုးချစ် အဖွားချစ်ထိ သက်ဆုံးတို်င် တည်စေလို့ ဆုတောင်းပေးလိုက်တယ်။

  • nature

    November 25, 2012 at 9:28 pm

    ရွှေနဲ့မြလို လိုက်ဖက်ပါ့။ လိုက်ပြီးဖက်ခိုင်းနေတာမဟုတ်ဘူးနော့်…။ ဘယ်လောက်အထိချစ်သလဲဆိုတော့ အဝတ်အစားကအစ အရောင်တူ….။

    ဒီနေရာမှာ ကြုံလို့ပြောချင်တာက လိုက်ဖက်တဲ့အတွဲတွေကို နေနဲ့လလို့ တင်စားကြတာတော်တော်များများတွေ့ဘူး ပါတယ်။ နေလိုထွန်းတောက်အောင်မြင်မှုနဲ့ လလိုအေးချမ်းမှု ၇ရှိပါစေလို့တင်စားကြတာဖြစ်ကောင်းဖြစ်ပါမယ်။ ကျနော့်အယူကတော့ နေဆိုတာ ထွန်းလင်းတောက်ပတာမှန်ပေမဲ့နေ့ဘက်မှာ ပဲထွန်းလင်းတောက်တာပါ။ လဆိုတာ ညဘက်မှပဲအေးချမ်းမှုကိုပေးနိုင်တာပါ။ နေနဲ့လဆိုတာ ဆုံဆည်းနိုင်ခွင့်မကြုံတဲ့အတွက် စုံတွဲတွေကို နေနဲ့လ လို့တင်စားတာ လွဲများနေသာလားလို့ပါ။

    သဘောကောင်းတဲ့ ရွှေတိုက်စိုး တို့ဇနီးမောင်နှံ နေလိုထွန်းလင်းတောက်ပတဲ့ အောင်မြင်မှုမျိုးနဲ့ လ လို အေးချမ်းတဲ့ ဘဝခရီးလမ်းကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုမွန်ကောင် တောင်းပေးလိုက်ပါတယ်။

    • ရွှေ ကြည်

      November 25, 2012 at 9:44 pm

      နေချားရေ ရွှေကြည်အတွေးလေးပြောမယ်နော်..။
      နှစ်ယောက်တစ်ကမ္ဘာတည်ထောင်ထားတဲ့အိမ်ထောင်မှုကမ္ဘာကို တယောက်ကနေမင်းလို နောက်တယောက်ကလမင်းလို တလှည့်စီအလင်းပေးရင်း
      အိမ်ထောင်မှုကမ္ဘာသာယာအောင် ဆောင်ရွက်ကြခြင်းလို့.. :harr:

  • uncle gyi

    November 25, 2012 at 10:59 pm

    အခုမှရွှေတိုက်ကိုတကယ်စိုးပါတဲ့
    ရွှေတိုက်စိုး
    အပျော်တွေပြုံးပါလို့
    ဘဝအမောတွေ
    ပြေပါစေကြောင်း
    မမစိမ်းရယ်တဲ့ချော့သိပ်မဲ့သူ
    တသက်တာကြင်ဖော်ကွဲ့
    မြဲလက်လှမ်းလိုက်တယ်
    မြန်းနိင်ပါစေရွှေလမ်းငွေလမ်း

  • မင်းနန္ဓာ

    November 25, 2012 at 11:18 pm

    သူတို့သား သတို့သမီးနှစ်ဦးလုံးရဲ့ ကြည်နူးမှု အပျော်တွေကို အပြည့်အဝ ဖမ်းဆုပ်ပြလိုက်သလိုပါလား လုလင်ရေ ..
    မောင်မယ်နှစ်ဦး မင်္ဂလာဦးမှသည် ရွှေရတု စိန်ရတုတိုင်အောင်….. သားသမီးမြေးမြစ်တို့နဲ့အတူ ပျော်ရွင်စွာ ဖြတ်သန်းနိုင်ပါစေ

  • Crystalline

    November 26, 2012 at 8:25 am

    ှCongratulations and Best Wishes to Ma2 Sein and Ko Shwe Tike Soe.

  • 1

    November 26, 2012 at 9:28 am

    ကိုတိုက်က မယူခင် သူကြိုက်တဲ့ သီချင်းလေးတစ်ပုဒ်အမြဲလိုလိုဆိုသဗျ…..
    ငယ်ငယ်တုန်းက ကစားခဲ့တယ် စွန်ငယ်စက္ကူ စိမ်းစိမ်းရယ် လေထဲမှာကြိုးပြတ်ပီးပြတ်သွားမှာ ကြောက်လွန်းတော့ ကျွန်တော်ဟာ ဝမ်းနည်းခဲ့ရတယ် အရွယ်ရောက်တော့ချစ်စိတ်ဝင်…..ကောင်မလေးတစ်ယောက်ပြေးပီးမြင်…..စိမ်းရယ်ချစ်တယ်…..ချစ်တယ်စိမ်းရယ်……နာမည်လေးကစိမ်းတဲ့ကွယ်…….(သီချင်းစာသားလေးတွေနည်းနည်းမှားနေမလားပဲ)
    ကွန်ကရက်ကျူလေးရှင်းပါဗျို့……..

  • Green Rose

    November 26, 2012 at 9:58 am

    Congratualation Shwe Tite Soe and Ma Ma Seinn

    With best wishes,

    (Green Rose)

  • ဆူး

    November 26, 2012 at 10:13 am

    ပျော်နေကြတယ်.. ပုံက အသက်ပါလိုက်တာ..

  • Novy

    November 26, 2012 at 11:19 am

    မိတိုက်က မမအုပ်ကို ဓါတ်ပုံထဲ့မှာ စကားတွေပြောနေတယ်နော်
    ဘာပြောလဲသိလား

    ဟင်းးးးးးးးးးးးးးး ငါကိုက်စားလိုက်ရတဲ့ :harr:

  • ခင်ခ

    November 26, 2012 at 11:47 am

    မင်္ဂလာဇနီးမောင်နှံ
    အမြဲမခွဲ တူယှဉ်တွဲလျှက်
    ငွေရတု ရွှေရတု စိန်ရတု တွေစီရီကာ
    ပျော်ရွှင်ပြည်စုံ ပြုံးပန်းဝေကြပါစေဗျာ။

  • Wow

    November 26, 2012 at 12:08 pm

    လပြည့်ဝန်းရွှန်းလဲ့တာ ‘စိမ်း’ မျက်နှာလေးပါ… နေရောင်ခြည်လိုဝင်းဝါ ‘တိုက’ ်မျက်နှာပါ… အရမ်းကိုလိုက်ဘက်ညီတဲ့ စုံတွဲလေးပါရှင်.. ယနေ့မှစ နှစ်တစ်ရာတိုင် သားတစ်ရာ မြေးတစ်ကျိတ် မြစ်အစိတ် ရသည်ထိ… ပျော်မဆုံးမော်မဆုံး ဘောလုံးကစားနိုင်ဂျပါဇေ… အဲလေ ဘာဆိုင်လို့လဲ ဘောလုံးနဲ့.. အို ဆိုင်ဆိုင်မဆိုင်ဆိုင် ပြောပြီးဘီ :harr:

  • Mon Kit

    November 26, 2012 at 1:03 pm

    နတ်ဖက် တဲ့ စုံတွဲလေးပါဘဲ…
    ဖူးစာရေးနတ်မင်းကြီးက ရေးပေးလိုက်တာ…
    ကိုရွှေတိုက်စိုးနဲ့ မဒမ်ရွှေတိုက်စိုးတို့…
    ကျမ်းမာ. ချမ်းသာ. သုခနှစ်ဖြာနဲ့..
    သားတစ်ရာ.မြေးတစ်ဖြာ ရသည်ထိ အိုအောင်မင်းအောင် ပေါင်းရပါစေသတည်းတဲ့… :hee:

  • Khaing Khaing

    November 26, 2012 at 2:42 pm

    လှလိုက်တဲ့ပုံလေး ……. အဲဒီပုံလေးကို အကြီးချဲ့ချိတ်ထားပါလား ….. ကာလာအနေအထားရော … သတို့သား သတို့သမီးနှစ်ယောက်လုံးရဲ့မျက်နှာလေးတွေက အရမ်းကို ချစ်စရာကောင်းတယ် … အထူးချစ်စရာ ကောင်းတာ အုပ်အုပ်ပါ … ဂျပုမကတော့ သိပ်ချစ်စရာမကောင်းဘူး ……..

  • MaMa

    November 26, 2012 at 5:23 pm

    ရွာသူားတွေထဲမှာ အစပထမဦးဆုံး ရင်းနှီးခင်မင်ခွင့်ရတဲ့ ရွာ့ယောင်းမ တစ်ယောက်အနေနဲ့ မှတ်တမ်းတင်ပါတယ်။ :hee:

    ဟိတ်ဟန်မပါ၊ စတိုင်မထုတ်ပဲ လာသမျှ မိတ်ဆွေတွေကို ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ဧည့်ခံနေတဲ့ သတို့သားနဲ့ သတို့သမီးက ဧည့်ဝတ်မကျေပွန်မှာစိုးလို့ ဧည့်ခမ်းမဆောင်ရှေ့မှာ ကိုယ်ပွားချထားပြီး ဧည့်ခံတာ ဒီမင်္ဂလာဆောင်ရဲ့ ထူးခြားချက်ပဲ။
    ရေပက်မဝင်ဘူးဆိုတာ ဂေဇက်ရွာသူားတွေ တွေ့ကြတဲ့ပွဲကို ပြောတာဖြစ်မယ်။ :hee:

    မင်္ဂလာမောင်မယ်တွေ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ ဘဝတစ်လျှောက်လုံး အောင်မြင်ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ :hee:

  • Mလုလင်

    November 26, 2012 at 7:14 pm

    နောက် ထပ် … နောက်ထပ် … update လုပ် ပေးမည် ဖြစ်ပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးး

  • Ma Ei

    November 27, 2012 at 10:13 am

    ရာသက်ပန် ပျော်ရွှင်ချမ်းမြေ့စွာဖြင့်
    အောင်မြင်သောဘဝခရီးလမ်းကို
    လျှောက်လှမ်းနိုင်ကြပါစေ…..
    ပုံလေးက တစ်ကယ်ကို ပျော်ရွှင်နေကြမှန်း ပေါ်လွင်နေတယ်…
    အမိရ ရိုက်နိုင်တဲ့ ဓါတ်ပုံဆရာကလည်းတော်လိုက်တာ…

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 27, 2012 at 10:52 am

    သားအဖပုံလေးက လဲလှတယ်နော်…ဟိဟိ

    ခင်မင်လျက်-
    ကြောင်ဝတုတ်

Leave a Reply