Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မန္တလေးဂဇက် အယ်ဒီတာ့သင်ပုန်း (Nov 2012)

kaiNovember 26, 20121min51920

အိပ်မက်တို့ လာချေပြီ

နိုဝင်ဘာ ၁၉ရက်နေ့တွင် ယူအက်စ်သမ္မတ အိုဘားမားသည် နှစ်၁၀၀ဝကျော်ယဉ်ကျေးမှုထဲအိပ်ပျော်နားခိုနေကြသည့်မြန်မာအမျိုးသားတို့၏ မြို့ဟောင်းရန်ကုန်သို့သွားရောက်ခဲ့သည်။
အဆိုပါ၆နာရီခရီးစဉ်အတွင်း တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် (၅၄)အိမ်ဝတွင် မြန်မာသစ်၏ဒီမိုကရေစီမိခင်ကိုလည်းထွေးပွေ့နှုတ်ဆက်ခဲ့လေသည်။
ထို့နောက် မြန်မာ့ဘူမိနက်သန်ပညာမြေ ရန်ကုန် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် သမိုင်းဝင်မိန့်ခွန်းခြွေခဲ့ပါသည်။

လင်းယုန်ဘာကြောင့်ဝဲရတယ်

အဝေးမှလေပြော ထွေရောနေခြင်းနှင့်မဟုတ်၊ လူကိုယ်တိုင်ချင်းနင်းဝင်ရောက်လာသော အမေရိကန်တို့ မြန်မာပြည် ဘာလာလုပ်ကြသနည်း?
ပကတိအခြေအနေကြည့်လျှင် အိုဘားမားသည် ဒုတိယလေးနှစ်သမ္မတသက်တမ်းကိုသိမ်းပိုက်ပြီးဖြစ်သဖြင့် သူ၏ နောက်ဆုံးသမ္မတသက်ဖြစ်ကာ နောင်၂၀၁၆နှစ်အခါဒီမိုကရက်တစ်ပါတီမှ သမ္မလောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့်အလားအလာရှိသည့် နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်နှင့်အတူ လေယဉ်တစင်းထဲလာရောက်/ထွက်ပြန်ခဲ့သဖြင့် အမေရိကား၏ မြန်မာပြည်အပေါ် စိတ်ဝင်စားနေမှုမှာ မဟာဗျူဟာအဆင့်ရှိနေသည်ဟုထင်မိသည်။ ပြီးခဲ့သောနှစ်များကလည်း မြန်မာနိုင်ငံအပေါ် ထိတွေ့ဆက်ဆံမှုများဆုံးဖြတ်ချက်ချကြရာတွင် အမေရိကား၏နိုင်ငံရေးပါတီကြီး၂ခုမှနိုင်ငံရေးသမားများအတွင်း သဘောတူညီမှုများရှိနေခဲ့သဖြင့် ယခုခေတ်အမေရိကနိုင်ငံရေးတွင်အလွန်ထူးခြားသည့်ဖြစ်စဉ်ဖြစ်ခဲ့ရသည်။
အီရန်သို့ စီးပွားရေးပိတ်ဆို့မှုများပြင်းထန်စွာတိုးမြှင့်ပြုလုပ်နေချိန် မြန်မာနိုင်ငံသို့တားမြစ်ထားမှုများကိုလျှော့ချရုံမက ကူညီပံ့ပိုးမှုများပေးလာခြင်း၊ ဘန်ဂါဇီ(Benghazi)တွင်အမေရိကန်များလုပ်ကြံခံရမှုကို ဝါးတားဂိတ်ပုံစံထောက်ပြစိစစ်လာသော စီနိတ်တာဂျွန်မက်ခ်ကိန်း၏ မြန်မာပြည်ဖက်မျှော်မြင်မှုများကို အုပ်ကိုင်လာခြင်းတို့သည် ဒီမိုကရက်ပါတီကြီး၏ ကျားရွေ့ကွက်များဟု သုံးသပ်လိုပါသည်။ ဂျွန်မက်ခ်ကိန်းသည် မြန်မာ့အရေးအတွက်ဒေါ်အောင်ဆန်းစုကြည်နှင့်ပူးပေါင်းဆောင်ရွက်ရင်း မြန်မာ့ဒီမိုကရေစီအရေးကို ကနဦးရှေ့နှစ်များကပင် အားပေးထောက်ခံခဲ့သူတဦးသာလျှင်ဖြစ်၏။
မြန်မာပြည်သည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီး၂နိုင်ငံ(ချိုင်းနား၊ အိနိ္ဒယ)ကူးလူးရာလမ်းကြောင်း၊ အရှေ့အာရှနှင့် တောင်အာရှဆက်သွယ်ရာ ကုန်း/ရေလမ်းဆုံဖြတ်တွင်ရှိနေခြင်းသည် အလွန်အရေးကြီးသောအချက်ဟုထင်ပါသည်။
၂၀၂ဝတွင် အမေရိကားသည် ရေနံ၊သဘာဝဓါတ်ငွေ့ထုတ်လုပ်မှုတွင်ကမ္ဘာ့အများဆုံးနိုင်ငံဖြစ်သွားမည်ဟု အညွှန်းကိန်းများကပြဆိုနေသဖြင့် စစ်တို့ဖြစ်ရာအခြေခံသဘော ကမ္ဘာ့စွမ်းအင်၏အခန်းကဏ္ဍ မှိန်ကျလာမည်ထင်ရ၏။ သို့ဆိုသော်.. အရှေ့အလယ်ပိုင်းရေနံရောင်းနိုင်ငံများအပေါ် ဝင်ရောက်စွက်ဖက်မှီခိုနေရမူများ သိသာစွာလျှော့ချလာမည့်သဘောရှိပါသည်။
စွမ်းအင်မှီခိုမှုမှလွတ်မြောက်လာမည့် အမေရိကန်၏တိုင်းပြည်ကျိုးမျှော်စိတ်ဝင်စားရာကို စီးပွားရေးတိုးတက်လွန်းနေရာ လူသားအရင်းအမြစ်အကြီးဆုံးရှိရာ အာရှသို့ အာရုံစိုက်လာရပေမည်။
မြန်မာပြည်သည် စိတ်ဝင်စားသင့်ရာ ရည်ညွှန်းကိန်းတို့ ရှိနေသောနိုင်ငံဖြစ်နေနိုင်ပါသည်။
သေချာသည်မှာ လာမည်ဆယ်စုနှစ်တို့တွင် အမေရိကသည်အာရှကို အာရုံစိုက်၍မဟာဗျူဟာအကွက်များ ရွေ့မည်ဖြစ်လေသည်။

ကမ်းလင့်လက်များ

မြန်မာတို့၏လက်ငင်းအခြေအနေအရကောက်လျှင် လူဦးရေ၏ ၂၅ရာခိုင်နှုန်းလျှပ်စစ်မီးမရှိနေကြရသောနိုင်ငံ၊ တိုင်းရင်းသား ၁၃၅ မျိုးသတ်မှတ်ထားရှိသောပြည်ထောင်စုနိုင်ငံ၊ ကမ္ဘာ့အကြာဆုံးပြည်တွင်းစစ်ရှိရာ ပဋိပက္ခတို့နှင့်မတည်ငြိမ်သောနိုင်ငံ၊ကုန်ထုတ်လုပ်မှုမပေးနိုင်သည့် သားသုံးသား(ဘုန်းကြီး၊စစ်သားနှင့်ကျောင်းသား)ထုကြီးစွာရှိသောနိုင်ငံ၊ ကမ္ဘာ့စံအညွှန်းကိန်းများနှင့်ကြည့်ှလျှင် ကမ္ဘာ့နိုင်ငံများထဲ နောက်ဆုံးမှတွက်ပါက ၁မှ၁ဝတွင်းစာရင်းပေါက်များစွာပါဝင်သောနိုင်ငံသာလျှင်ဖြစ်နေသည်။
အမေရိကပြည်ထောင်စုသည်ကား ကမ္ဘာ့စူပါပါဝါနိုင်ငံဖြစ်ယုံမက ကမ္ဘာ့ကုန်ထုတ်လုပ်မှု၏ ၂၅%ကျော်ကိုအုပ်စီးထားသောနိုင်ငံ၊ ကမ္ဘာ့အကောင်းဆုံးများကို စီချတွက်လျှင်ထိပ်ဆုံး၁ဝထဲများစွာပါသော နိုင်ငံကြီးတခုသာလျှင်ဖြစ်ပါသည်။
ပြီးခဲ့သော ဆယ်စုနှစ်၂ခုအတွင်း လူ၅သန်းကျော်ပြည်ပရွေ့ပြောင်းနေထိုင်ကြရသော “မဟာမြန်မာပြောင်းရွေ့မှု”ကြီးဖြစ်နေသည့်နိုင်ငံထိုထိုနိုင်ငံသို့ ကမ္ဘာ့စူပါပါဝါတခုချဉ်းကပ်လာခြင်းတွင် လက်ကမ်းပုံ လက်ဝေပုံ လက်ဆွဲယူပုံတို့အရေးကြီးလှသည် မြင်ပါသည်။
လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ် ဝန်ကြီးချုပ်ဦးနုလက်ထက်(၁၉၅၃)တွင် ယူအက်စ်ဒုသမ္မတနစ်ဆင်ကိုယ်တိုင်လာရောက်ကာ လက်ကမ်းခဲ့ဖူးသည်။  ဦးနေဝင်းလက်ထက်က ချိုင်းနား(တရုပ်နီ)ကွန်မြူနစ်တို့ လွှမ်းမိုးမသွားစေရန် တဖက်လှည့်အကူအညီများဖြင့် အမေရိကန်တို့ဝင်ရောက်ကူညီဖူးသည်။ အဆိုပါကမ်းလက်များသည် ထိုက်သင့်သော လိုက်လျှောမှုမရခြင်း ပုတ်ချခြင်းများနှင့်အတူ ဝေးလွင့်ပျောက်သွားဖူးပါသည်။
ယခုအခါတွင်မြန်မာ့ ရာဇဝင်တွင်ပထမအကြိမ် အမေရိကသမ္မတကိုယ်တိုင်လာရောက်ကာ ကမ်းလင့်သောလက်များဖြစ်သဖြင့် မြန်မာတို့ အိမ်နီးချင်းနိုင်ငံများနှင့် ညှိနှိုင်းချင့်ချိန်ကာ ဆွဲယူလိုက်သင့်သည်ဟု ရိုးသားစွာထင်မိပါသည်။
အမှန်တကယ်တော့ တိုင်းပြည်၏ထိပ်တန်းခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတအိုဘားမားတို့ သည်ဖခင်အုပ်ထိန်းမှုနှင့်ငယ်စဉ်ကပင်ကွဲလွဲခဲ့သူများဖြစ်၍ ငြိမ်းချမ်းရေးနိုဗယ်ဆုကိုယ်စီရရှိသောသူများဖြစ်ကာလူမျိုးဘာသာကိုးကွယ်ရာတခုသာမျှနီးစပ်တူညီခြင်းပင်မရှိသူများဖြစ်ပါသည်။ ယခု ထိုသူတို့၂ဦးသည် မောင်နှမသဖွယ်ချစ်ကြည်လေးစားမှုပြနိုင်ခဲ့ပါပြီ။
ယူအက်စ်သမ္မတသည် မြန်မာနိုင်ငံသို့ နောက်ထပ်လာပါဦးလိမ့်မည်။ ထိုအချိန်ခါတွင် ခိုင်မြဲသောလက်တို့ဖြင့်ဆုပ်ကိုင်ပြီးဖြစ်နေသင့်ပါသည်။

ဖယ်ဒရယ်

အမေရိကားသည်ဖယ်ဒရယ်ပြည်ထောင်စုဖြစ်ပေရာ မတူညီသော လူမျိုးနွယ်များ၊ကိုးကွယ်ရာများ၊အသားအရောင်များဖြင့် တိုင်းပြည်ထောင်ထားမှုတွင် အမေရိကနှင့်မြန်မာ သမိုင်းတို/ရှည်သာကွာခြားလျှက် အခြေခံတူညီမှုများရှိသည်။
မတူညီကွဲပြားမှုများနှင့် စုစည်းထားသော ပြည်ထောင်စုတခုတည်ဆောက်နိုင်ပါလျှင် ထိုထိုပြည်ထောင်စုသည် အလွန်စွမ်းအားမြင့်သော တိုင်းပြည်ဖြစ်လာသည်ကို အမေရိကားက ပြနေပြီးဖြစ်သည်။
အမေရိကားသည် ဖယ်ဒရယ်စနစ်ကို ကျင့်သားရ ကျွမ်းကျင်နေပြီးဖြစ်ရာ မြန်မာတိုင်းရင်းသားခေါင်းဆောင်များနှင့်အစိုးရ၊လွှတ်တော်တို့မှ ပညာတော်သင်၊လေ့လာရေးများ လာရောက်နိုင်ပါရန်အိမ်ဖြူတော်သို့ပင်တိုက်ရိုက်အကူအညီတောင်းခံသင့်သည်ထင်ပါသည်။ မြန်မာပြည်အစိုးရအတွက် အမေရိကန်အကြံပေးများလည်း  ခေါ်ခန့်ထားသင့်ပါသည်။
ဖယ်ဒရယ်စနစ်သည် ပြည်နယ်တို့ကိုပြည်နယ်သားတို့ပိုင်ဆိုင်ခြင်းအား အာမခံသော်လည်း ခွဲထွက်ခြင်းကို ဥပဒေအရလွတ်လပ်စွာခွင့်ပြုထားခြင်းကားမဟုတ်ပါ။
မြန်မာ့ဖယ်ဒရယ်ပြည်ထောင်စုဖြစ်လာရန် ပြည်နယ်အမည်များကို အင်အားကြီးလူမျိုးစုတိုင်းရင်းသားအမည်များနှင့်သတ်မှတ်ထားခြင်းကိုလည်း အခြေခံဥပဒေဖြင့်ညှိ၍ ပြင်ဆင်သင့်ပြီး မြန်မာတို့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်နှင့် ရှေ့ဆက်သွားသင့်လှပါသည်။ အဆုံးတနေ့တွင် ကမ္ဘာ့မိသားစုကြီးတခုဖြစ်သော “အာစီယံဖယ်ဒရယ်နိုင်ငံစု”တွင် မြန်မာနိုင်ငံသည်အစုဝင်နိုင်ငံတခုဖြစ်နေနိုင်သည်မဟုတ်ပါလော။

မြန်မာ့အိပ်မက်

ငွေကြေးချမ်းသာသောအမေရိကန်များ ကိုယ်ကျိုးအကျိုးစီးပွားရှေ့ရှုကာ ဝင်ရောက်လာသဖြင့် တိုင်းပြည်၏မူလအခြေအနေများမှဆုံးရှုံးကာ လူထုမှ မွဲပြာကျသွားခြင်းမဖြစ်စကောင်း..တိုင်းပြည်၏ ဒေသအရေးပါမှုအခြေအနေအရ စူပါပါဝါတို့မှပေးအပ်လာသော အခွင့်အရေးများကို မြန်မာခေါင်းဆောင်တို့သည် ညာလက်ရုံးနှင့်သိမ်းပိုက်ဆွဲယူကာ ဘယ်လက်ရုံးနှင့် လူထုဆီသို့ ဝေမျှပေးသင့်ပါသည်။
၂၁ရာစုတွင် မြန်မာတို့၏အသိဉာဏ်နှင့်အသိတရားတို့ ခေတ်ဟောင်းယဉ်ကျေးမှု၁၉-၂ဝရာစုအတွင်းထောင်ချောက်ကျ ပိတ်မိမနေရန် လွန်စွာအရေးကြီးသည်။
“ရှေးစွန်းစွဲ”အယူအဆ အတွေးအခေါ်များမှ ဖေါက်ထွက်ပြီး လွတ်လပ်သော ချစ်ကြည်မှု တို့ဖြင့် မြန်မာတိုင်း တန်းတူအတန်းအစားမခွဲသော မြန်မာ့လူ့ဘောင်သစ်တည်ဆောက်သင့်ပါသည်။
လောက မဖြစ်နိုင်သောအရာဟူသည် မရှိ၊
အိပ်မက်တို့လည်းတကယ်မဖြစ်လာနိုင်ဟူ၍ အတတ်မပြောကောင်း၊ “မြန်မာ့အိပ်မက်” တကယ်ဖြစ်လာပါတော့မည်။
“မြန်မာ့အိပ်မက်”သည် မြန်မာနိုင်ငံသားတိုင်း တူသောအခွင့်အရေးတန်းတူရကြလျှက် တရားမျှတလွတ်လပ်သောမြေတွင် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ကြရေးဖြစ်ရမည်။♦

 မှတ်ချက်။   ။ Oct-Nov 2012 | Vol. 5/Issue 7 | 40 မန္တလေးဂဇက်သတင်းစာတွင် ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။

20 comments

  • pooch

    November 26, 2012 at 8:46 am

    မြန်မာတပြည်လုံးရဲ့အိမ်မက် များမကြာမီအကောင်ထည်ပေါ်လာနိုင်ပါစေလို့

  • aye.kk

    November 26, 2012 at 9:25 am

    လှပသောအိပ်မက်လူတိုင်းမက်နိုင်ပျော်နိုင်စေ။။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 26, 2012 at 10:15 am

    ်ဖယ်ဒရယ် မူအကြောင်းကို သားသားတို့လို ဆိုက်ကားသမားတွေနားလည်အောင်ရေးပါလား
    မနည်းမများ လက်ကမ်းစာစောင်လေးသဘောအနေအထားပေါ့
    ဒီသင်ပုန်းကြီးကိုတောင် ပုံနှိပ်ထုတ်ဝေဘို့ အထက်ဆရာတွေကို သတင်းပို့ထားပီးပါဘီ
    အမေဓိဂန်တွေ သူများနိုင်ငံက လောင်စာမှီခိုမှု့အားထားတာ လျှော့ချတဲ့ သက်သေရတဲ့အခါ
    တရားဝင်ဖြစ်ပါမယ်
    မြန်မာပြည်ဂျီးရဲ့ အဓိကပြဿနာမှာ လူတွေက သက်ဆိုင်ရာလူမျိုးစုရဲ့
    တစ်လမ်းလွဲ မျိုးချစ်စိတ်တွေအားကြီးလွန်းတယ်ထင်တာဘဲ
    စစ်အုပ်စုက နွားတွေကတော့ ဒါတွေနဲ့လုပ်စားနေကြတယ်လို့ယုံကြည်ပါတယ်
    ဆိုခဲ့ပြီးသလို ခေတ်ပေါ် ဖယ်ဒရယ်မူတွေကို လူဗျိန်းတွေနားလည်အောင်ရေးဂျဘို့
    တိုက်တွန်းနှိုးစော်ဘာဒယ်
    မြန်မာနိုင်ငံထဲက ဗမာဆိုတဲ့ လူမျိုးကြီးတွေအနေနဲ့လည်း တိုင်းရင်းသားတွေကို
    အပြန်အလှန်အသိမှတ်ပြုလေးစားစက်ဆံ ကြဘို့လိုမယ်လို့လည်း သဒိပေးဘာဒယ်
    အထူးသဖြင့် လေးတန်းမအောင်ကြတဲ့ လူဒဂ ပေါက်ကရပြောတာကို
    ဆယ်တန်းကျော်ကျော်အောင်တဲ့လူဒေက သဘောထားကြီးအပြန်အလှန် ပညာပေးသမှု့တွေကိုလည်း
    ပြုသင့်ပါတယ်လို့ အဆိုတင်သွင်းပါတယ်ခင်ဗျား

    • kai

      November 26, 2012 at 4:50 pm

      ဖယ်ဒရယ်အကြောင်းရေးမလို့ဟာ.. မေးလိုက်တိုင်း.. ရှုပ်ထွေးနေတာချည်းနဲ့မိနေတာပဲ..
      ယူအက်စ်ဖယ်ဒရယ်စနစ်မှာ.. ပင်လယ်ထဲ.. ၃မိုင်အထိပဲပြည်နယ်ပိုင်ပြီး..အဲဒီနောက်က.. ဖယ်ဒရယ်ပိုင်တာလေးတော့.. ထူးထူးခြားခြား သတိထားမိတယ်..။

      ရခိုင်ပြည်နယ်က.. ဓါတ်ငွေ့သိုက်တွေ.. အနေအထားနဲ့.. ယူအက်စ်ဖယ်ဒရယ်ပုံစံဆို.. ရခိုင်ပြည်နယ်ကပိုင်ဖို့တော့.. မလွယ်ဘူးထင်မိတယ်..
      ဒီလသတင်းစာထဲ.. ဦးခွန်ထွန်းဦးနဲ့.. ယူအက်စ်ရောက်တုံး.. အင်တာပါဗျူးထားပါတယ်..
      ဖယ်ဒရယ်အကြောင်း..သူလည်းတော်တော်ပြောသွားတာ..

      တင်ပေးပါဦးမယ်..။ :harr:

  • ဦးကြောင်ကြီး

    November 26, 2012 at 10:38 am

    ဗေဒင်ဟောကိန်းတွေမှာတော့ ၂၀၁၃ အနှောင်းပိုင်းနဲ့ ၂၀၁၄တွေမှာ မြန်မာပြည် အတော်ရုန်းကန်ရ မတည်မငြိမ်ဖြစ်မယ်၊ အဲဒါကို ကျော်လွှားနိုင်မယ်ဆိုပဲ။
    နိုင်ငံတကာ အကူအညီကလည်း လောလောဆယ် ရေတိုသဘော ဆူလွယ်နပ်လွယ် ဆုတ်လွယ်တိုးလွယ် ရေတိုတွေသာပေးထား၊ ရှေ့ပြေးအစီအစဉ်များသာ လုပ်ထားကြမှာမို့ ၂၀၁၅ မတိုင်မှီအထိတော့ ရေရာသေချာမှု ရှိသေးမှာ မဟုတ်ဘူး။ တနိုင်ငံလုံးက ဒီမိုကရက်တစ် စံနှုန်းတွေကို တန်ဖိုးထားရင်၊ စစ်တပ်ကလည်း အပြောင်းအလဲကို လိုလားရင် လာမည့်သုံးနှစ်တာ ကာလကို မိုးထဲလေထဲမှာ ပူညံပူညံနဲ့ ကျော်ဖြတ်နိုင်စွမ်းရှိပါမယ်။ အဲဒီနှစ်ခု ပြည့်စုံပါလျက်နဲ့ မဖြစ်သင့်တာ တခုခုဖြစ်လာခဲ့ရင်တော့ (ဖွဟဲ့လွဲပါစေ ဖယ်ပါစေ) တိုင်းပြည်ကံကြမ္မာလို့ ပုံချရတော့မှာပဲ..။
    သဂျီး တိုင်းပြည်တကယ်ချစ်ရင် လစ်ဘရယ်တွေ ရုပ်ဝါဒတွေ ဘေးချိတ်ပြီး တနေ့ဆယ်နာရီ ကင်းမြီးကောက်ထောင် တလတိတိ ယတြာချေပေးပါလား။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အနည်းဆုံးတော့ ဇောက်ထိုးတလွဲ သဂျီးအမြင်တွေ တည့်မတ်သွားလိမ့်မယ်။ :harr:

  • uncle gyi

    November 26, 2012 at 11:58 am

    ခက်တာကဖယ်ဒရယ်ဖယ်ဒရယ်နဲ့
    သိနေကြတာကဖယ်လိုက်ဖို့နဲ့ဒရယ်ကောင်လို့ထင်နေကြတော့
    ဘယ်တော့များမှဖယ်ဒရယ်စစ်စစ်ဖြစ်မယ်
    မောပါ့သူကြီးရယ်

  • jullies cezer

    November 26, 2012 at 3:33 pm

    အနှစ် ၂ဝ လောက်မျှော်လင့်နေရသူတွေအဖို့ ၂၀၁၅ ဆိုတာမကြာမီလာမည်မျှော် :hee:

  • MaMa

    November 26, 2012 at 5:00 pm

    သဂျီးက ရွာထဲမှာ လက်ရည်တူ မရှိလို့ ခလာသေးသေးတွေနဲ့ လိုက်တမ်းပြေးတမ်းကစားနေတာ။
    ခုမှပဲ သဂျီးရဲ့ လက်ရည်အမှန်ကို တွေ့ရတော့တယ်။ :kwi:

    (နှစ်၁၀၀ဝကျော်ယဉ်ကျေးမှုထဲအိပ်ပျော်နားခိုနေကြသည့်မြန်မာအမျိုးသားတို့၏ မြို့ဟောင်းရန်ကုန်သို့သွားရောက်ခဲ့သည်။)
    ဘာပဲပြောပြော ဒီစာအရတော့ နှစ်၁၀၀ဝ ကျိန်စာက ပြီးဆုံးချိန်များရောက်ပြီလား။ :buu:

    • kai

      November 26, 2012 at 5:14 pm

      တခါးပိတ်ထားတဲ့.. ဂျပန်ကို.. မဲဂျီခေတ်မှာ.. အမေရိကန် က..လာပြီး..ဖွင့်သွားခဲ့ဖူးတယ်..။ သမ္မတအဆင့်မဟုတ်.. ရေတပ်က..သာမန်အရာရှိအဆင့်လောက်ပါပဲ..။
      ဒါပေမယ့်.. အဲဒီ ကမ်းလက်ကို.. ဂျပန်တွေ..ဆွဲယူတဲ့ချိန်သားကိုက်တာလေးနဲ့ပဲ.. ဂျပန်ဟာ.. ကမ္ဘာ့တတိယ(အရင်နှစ်တွေက.. ဒုတိယ) စီးပွားရေးအင်အားအကြီးဆုံးဖြစ်ခဲ့တာပါ…။

      The Meiji Restoration
      cla.calpoly.edu/~mriedlsp/history315/MeijiText.html
      In 1853, four American war ships steamed up the bay near Yedo. Commanded by Commodore Perry, the Americans had come to open up Japan. They wanted …

      မြန်မာတွေ.. ချိန်ဆတတ်..လုပ်တတ်ရင်.. ကမ္ဘာမှာရှေ့တန်းချက်ချင်းခုန်ပျံတက်သွားပါလိမ့်မယ်..
      အာစီယံက..နိုင်ငံတွေအကုန်ကို.. နောက်ကောက်ချနိုင်ပါလိမ့်မယ်…။

      ဆိုတော့…
      နှစ် ၁၀၀ဝ ကျိန်စာ လွတ်မလား..မလွတ်လား.. အခုခေတ်က.. မြန်မာတွေရဲ့အပေါ်လုံးဝ(လုံးဝ) တည်မှီနေပါတယ်..
      ဒီခေတ်အချိန်ဟာ.. မြန်မာ့သမိုင်းမှာ.. ထင်ရှားကျန်ရစ်မယ့်ခေတ်ပြောင်းခွင့်.. ရှိတဲ့အချိန်ပါ…

      ဒို့ခေတ်ရောက်မှ.. ညံ့ကြမှာလား… ရယ်… :kwi:

      • pooch

        November 26, 2012 at 8:32 pm

        လောလောဆယ်တော့ တတိုင်းပြည်လုံး မူးနောက်နေအောင် ရှုပ်ယှက်ခက်နေပါတယ်။ တော်တာမတော်တာ အပထား အသက်လေး ဝဝရှုဖို့ မနည်းဟဲနေရတယ် သိတယ်ဟုတ် ။ :mrgreen:

  • candle .

    November 26, 2012 at 7:18 pm

    မြန်မာပြည်သူ ပြည်သားအားလုံး….
    သူကြီး ပြောခဲ့ဘူးသော နှစ်တစ်ထောင်ကျိန်စာ….
    သို ့မဟုတ်
    မိုးကောင်းကင် အိပ်မက် များမှ အမြန်ဆုံးနိုးထနိုင်ကြပါစေ….

  • မောင်သုည

    November 26, 2012 at 11:59 pm

    အို..မြန်မာအပေါင်းတို့ နိုးထကြလော့…သင်တို့ အိမ်မက်တွေကောင်း ပြီးဆက်အိပ်နေရင် နောင် (၁၀)သက်တိုင် လူတန်းစေ့နေနိုင်မည်မဟုတ်…
    ထကြလော့…နိုးကြားလော့…ကြိုးစားကြလော့…သင်တို့၏ ကံ ကြမ္မာသည်သင်တို့၏လက်ထဲမှာသာရှိပါ၏…။
    ဆုတွေပဲတောင်းနေလို့ကတော့…

  • Inz@ghi

    November 27, 2012 at 6:58 am

    ဂနေ့ညနေ ရာဇမင်္ဂလာကွင်းမှာ မြန်မာနဲ့ ယိုးဒယားနဲ့ကန်မယ်…
    တသက်လုံး ဒင်းတို့ထုတ်တဲ့ ဘောကန်အကျင်္ ီ ဝတ်ပီး
    မျက်နှာငယ်ခဲ့ရတဲ့ ငါတို့အသင်း အခုတော့ လော့တို ဝတ်ပြီး ကန်ရမှာ ..
    ယပက်လက်ဆိုတာ ငယ်နိုင်ဆိုတာ နောက်တကြိမ် သက်သေပြကြဇို့…

    • blackchaw

      November 27, 2012 at 9:30 am

      ဒို့ မြန်မာဂုဏ်ဆောင် အားကစားသမားများသည်…
      အမိ နိုင်ငံတော်ကို ကျေးဇူးဆပ်ရမည်…
      မျိုးဆက်သစ်တို့ အားမာန်ဝင့်ကာချီ…
      အာရှမှာ မြန်မာကသာ အနိုင်ယူ ဗိုလ်စွဲပြမည်…
      မျိုးဆက်သစ်တို့ ဇာတိမာန် မြန်မာသိရန်
      အောင်လံတလူလူ လွှင့်ခဲ့ပြီ…။
      အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ပါသည်…
      အားကစား ရည်မှန်းချက်သည်
      မြန်မာအားကစား ကဘာကိုလွှမ်းရမည်…

    • မိုးတိမ်

      November 27, 2012 at 7:31 pm

      ရး၅ဝ တဲ့ဗျ။စောင့်ပြီး အော်ဟစ်ဆဲဆိုအားပေး (အဲဟုတ်ပေါင်) စောင့်မျှော်ပြီး မြန်မာကိုသာ အားပေးနေပါဂျောင်းးးးးးးးး

  • ဦးဦးပါလေရာ

    November 27, 2012 at 8:24 am

    ပိုစ့်ကိုတော့ ကွန်မင့်မရေးတော့ပါဘူး…
    ကွန်မင့် တွေကိုပဲ ကွန်မင့်ပြန်ရေးဦးမယ်….

    ဖယ်ဒရယ်ဆိုတာကို သေသေချာချာ ပိုစ့်တင်ရေးပြရင် နောင်လာနောက်သားတွေ အကျိုးများပါလိမ့်မယ်..။
    ဒါပေသိ အဲဒါက အခြေအနေနဲ့ ရင့်ကျက်မှု့ လိုအပ်ပါတယ်။

    အခြေအနေဆိုတာမှာ
    သမိုင်းနောက်ခံ
    ပထဝီ အနေအထား
    ဒေသတွင်းဦးဆောင်နိုင်ငံတွေ+ကမ္ဘာ့ဦးဆောင်နိုင်ငံတွေ+နယ်နိမိတ်ထိစပ်တဲ့ အိမ်နီးချင်းတွေရဲ့ မဟာဗျူဟာ တွေလဲ ပါဝင်ပါတယ်…။

    ရင့်ကျက်မှု့ဆိုတာကတော့ ဒီနိုင်ငံရဲ့ ဆွမ်းကြီးလောင်းဓလေ့ကိုကြည့်ရင်ပဲ အဆင်သင့်ဖြစ်မဖြစ်သိနိုင်ပါတယ်။

    ဆိုတော့ တနေ့ အဆင်ပြေပြေနဲ့ ဖက်ဒရယ်မူကိုကျင့်သုံးနိုင်ခဲ့ရင်တော့ အကောင်းဆုံးဖြစ်မယ်ထင်ပါကြောင်း..။
    အဲဒီနေ့ကို ကျုပ်တို့ မမီမှာ သေချာပေမယ့် ထာဝရဘုရားသခင်တော့ မီလောက်ပါကြောင်း….

    ပြီးတော့လေ…
    ူမြန်မာ နဲ့ ဂျပန် တူတယ်လို့ သိပ်မထင်မိပါဘူး
    နာဂစ်တုန်းက ဆန်ဝေ/ပစ္စည်းဝေ ဘူးတဲ့လူတွေ သိနိုင်လောက်တယ်….

    များသွားဘီ
    :harr:

  • surmi

    November 27, 2012 at 10:00 am

    သဂျီးရေးမည် ့ ဖယ်ဒရယ် ရှင်းတန်းကို စိတ်ဝင်စားပါတယ်
    ဖတ်လည်းအလွန်ဖတ်ချင်ပါတယ် ……တောင်းဆိုပါတယ်ခင်ဗျ ။
    သို ့ပင်သို ့သော်ငြားလည်း ……….
    ရှေးဟောင်းထေရဝါဒ ကိုအပြစ်မတင်ကြေး းးးးးးးးးးးဟေးဟေး…..
    :harr:

  • Mr. MarGa

    November 27, 2012 at 4:14 pm

    သူကြီးရေ
    ပို့စ် ကိုတော့ မဝေဖန်တော့ပါဘူး
    သတင်းစာကိုတော့ လိုချင်ပါတယ်။
    အဆင်ပြေရင် link ပေးတာဖြစ်ဖြစ်
    မေးပို့တာဖြစ်ဖြစ် လုပ်ပေးပါလားဟင်

  • blackchaw

    November 27, 2012 at 4:20 pm

    ကမာရွတ်စာပေဟောပြောပွဲမှာ ဇာဂနာက ဖယ်ဒရယ်နဲ့ ပတ်သက်လို့ အခုလို ပြောသွားတာကို
    မှတ်သားထားမိပါတယ်ဗျာ…။

    ကျွန်တော်တို့ တိုင်းပြည်မှာ ပြသနာ ရှိနေတာက…
    အဲဒီ ဖယ်ဒရယ် ဆိုတာကို သဘောမပေါက်တဲ့ ပြသနာပဲ…။
    ဖယ်ဒရယ်ဆိုတာကို တိုင်းရင်းသားတွေရော…၊ ကျွန်တော်တို့ရော…၊ တပ်မတော်ရော…
    ဘယ်သူမှ သဘောမပေါက်ဘူး…။
    ဒါက အဓိက ပြသနာ…။
    အဲဒါကြောင့် ကျွန်တော်တို့ ပညာပေးတဲ့ ကိစ္စလုပ်ရပါလိမ့်မယ်…။
    တပ်မတော်ဘက် အခြမ်းမှာ…ဖယ်ဒရယ်ဆိုတဲ့ ဝေါဟာရကိုကြားလိုက်တာနဲ့…
    ခွဲထွက်တယ်လို့ ထင်နေကြတယ်…။
    ဒါဟာ အထင်မှားကြီးတစ်ခုပဲ…။
    ဒါကလည်း အပြစ်လို့ ပြောလို့မရဘူး…။
    ရှေးအစဉ်အဆက်က အဲဒီလို လုပ်ခဲ့ကြတော့…ဖယ်ဒရယ်ဆိုတာကို ကြားတာနဲ့…
    ခွဲထွက်တော့မယ်လို့ ထင်နေကြတာ…တပ်မတော်ထဲမှာလည်း ဒီပြသနာရှိတယ်…။
    အဲဒီတော့ ကျွန်တော်တို့ဟာ တိုင်းသူပြည်သားကို ပညာပေးဖို့ရော…
    တပ်မတော်ကိုပါ ပညာပေးဖို့ပါ လိုပါတယ်…။
    အဲဒီပညာပေးအစီအစဉ်ကို စက်တင်ဘာလမှာ ကနေဒါနိုင်ငံက…
    တစ်ကမ္ဘာလုံးကို ပညာလိုက်ပေးနေတဲ့ ဖိုရမ် ဖေါ် ဖယ်ဒရေးရှင်း ဆိုတဲ့ အဖွဲ့ကြီးကို
    ကျွန်တော်တို့ ဖိတ်ကြားထားပါတယ်…။
    အရပ်သားတွေကိုရော…၊
    ကျောင်းသားတွေကိုရော…၊
    တပ်မတော်သားတွေကိုရော…၊
    ရဲကိုရော…၊
    ရှိသမျှလူထုလူတန်းစားအဖွဲ့အစည်းအသီးသီးကို
    ဖယ်ဒရယ်ဆိုတာ ဘာလဲလို့ သိအောင် သူတို့ ပညာလာပေးကြပါလိမ့်မယ်…။

    ဇာဂနာပြောတဲ့ ပညာပေးအဖွဲ့လာသွားတာကိုတော့ မကြားမိလိုက်ပါဘူး…။
    သို့သော်…
    မြန်မာပြည်ထဲမှာ…
    ဖယ်ဒရယ်နဲ့ပတ်သက်ပြီး မသိတာ နားမလည်ကြတာတွေကို
    ပညာပေးဖို့ လိုအပ်နေတယ်ဆိုတာကတော့ အသေအချာပါ…။
    ဆိုတော့…
    သူကြီးတင်မယ့် ဖယ်ဒရယ်အကြောင်း ကို စောင့်ဖတ်နေပါမယ်ဆိုတဲ့အကြောင်း…။

  • kai

    November 27, 2012 at 4:35 pm

    မန္တလေးဂဇက် နိုဝင်ဘာ ၂၀၁၂ ပုံနှိပ်ထုတ်တဲ့သတင်းစာရဲ့.. ပီဒီအက်ဖ်ကို..
    http://www.scribd.com/doc/114375844/The-Mandalay-Gazette-Nov-2012
    (or)
    http://mandalaytube.com/mediadetails.php?key=6822f48fcef5a2531e4f&title=The+Mandalay+Gazette+Nov+2012
    (or)
    http://mandalayggazette.org/Mandalay_Gazette_Nov_2012_P40Web.pdf

    အဲဒီအပေါ်က.. လင်ခ်တခုခုကနေ..ဒေါင်းနိုင်ပါတယ်…။

Leave a Reply