နာမ်
မွန်းကျပ်နေတဲ့ ရင်ခွင်လည်ထဲမှာ မင်းလေးကိုဆွဲမခေါ်ရက်ပါဘူးကွာ
သိပ်ချစ်မိခဲ့တိုင်း ဘာကြောင့်အပြစ်တွေဖြစ်ဖြစ်လာရတာလဲ
မေတ္တာဆိုတဲ့ စကားလုံးအောက်မှာ ငါလေသုံးမရအောင်
ဖြုန်းတီးနေမိပြီလား သစ္စာရှိပေမယ့်လဲ အနှစ်သာရမရှိတော့တဲ့
မင်းရဲ့ ချစ်စရာကောင်းတဲ့ အမှုအရာတွေရော
အခုတော့ ပုံပြင်သက်သက်ဖြစ်နေခဲ့ပြီလားလေ
အရူးတစ်ယောက်လို မူးရစ်နေတဲ့ ငါ့ရဲ့ ဆူးနစ်တဲ့ နှလုံးသားလဲ
အခုတော့ သုံးမရအာင် ပျက်သုန်းလုလုဖြစ်နေပြီ
အချစ်ရယ် အပြစ်ပယ်လိုက်ပါနဲ့ မင်းလေးငြင်းပယ်လိုက်တဲ့တစ်နေ့
ငါဆိုတဲ့ နာမ်ရုပ်လေးလဲ အခိုးအငွေ့ဖြစ်သွားနိုင်တယ်ဆိုတာ………..
ပိတောက်မိုး
5 comments
အလင်းဆက်
November 27, 2012 at 7:49 pm
ရွှေ ကြည်
November 27, 2012 at 8:10 pm
အခိုးအငွေ့အဖြစ်ပျောက်ကွယ်လေမှ
ချစ်တတ်လေသတဲ့လားမိမိငယ်
ငါတကယ်ရင်နာပါရဲ့
နင်ချစ်တတ်ခဲ့ပေမယ့်ငါ့အတွက်တော့အဓိပ္ပါယ်မဲ့ခဲ့ရပြီ..။ 😆
မောင်ပေ
November 27, 2012 at 8:17 pm
နာမ်ဆိုတော့ဝိညာဉ်ပေါ့
ဝိညာဉ်
ှရှိမြင်
ဖိရင်
ထိကျင်
ပိပြင်
padauk moe
November 27, 2012 at 8:25 pm
ကိုပေ မိုက်တယ်ဗျာ ချစ်တက်သူတိုင်း ခံစားတက်ပါစေနော်
Nay Chi
November 28, 2012 at 10:24 am
စကားလုံးတွေ လှလိုက်တာ..။