ပု ထု ဇဉ် ဆို သည်မှာ လေ—————-
“မောင်”
“ဘာလဲကွ”
” ဟိုဘက်လမ်းထိပ်က ပဲပြုတ်သည် ဒေါ် စိန်လေ”
“ဘာဖြစ်လို့တုံးကွ”
“သူ ့ခဗျာ မနေ ့ညက သူ ့အိမ် သူခိုးဝင်ခိုးလို ့တဲ ့ အဲ့ဒါ ရှိသမျှ ပဲပြုတ်ရောင်းစားလို ့ရတဲ ့ အရင်းအနှီးတွေရောသူ ့သားလေး နောက်နှစ် တက္ကသိုလ်တက်ဖို ့စုထားတဲ ့ ပိုက်ဆံလေးတွေပါ အကုန်ပါသွားတယ်တဲ့ သူ ့ခဗျာ သနားပါတယ်————- မရှိလို ့ မှ ပဲပြုတ်ရောင်းစားရတာ ——–သူခိုးကလည်း ခိုးစရာရှားလို ့ ဒီလို အိမ်မှ သွားခိုးရလားမသိဘူး ————–ပြီးတော့ သူက ကျမတို ့အိမ်ကိုလည်းအကြွေးရောင်းပေးတယ်မဟုတ်လား”
တစ်
ပတ်
အ
ကြာ
” တော်ရေ ့”
“ဘာလဲကွ”
“ဟိုဘက်လမ်းထိပ်က ပဲပြုတ်သည် ဒေါ် စိန်လေ”
“ဘာဖြစ်ပြန်ပြီတုံးကွ”
“သိန်း ၁၀၀ဝထီပေါက်လို့တဲ ့တော်ရေ ့ အလကား အလုပ်မရှိ ၁၀၉ သူများ အိမ်တကာ လှည် ့ပြီး ပဲပြုုတ်ရောင်းတာကနည်နည်း အတင်းပြောတာက များများနဲ ့၊ ပြီးတော့ သူ ့ရဲ ့ အဲ့ ဒီ ကျက်သရေမရှိတဲ ့ မျက်နှာနဲ ့ သူဌေး ဂိုက်ဖမ်းနေမှာ မြင်ယောင်သေးတယ် ၊သ ူ ့သားကလည်း ရပ်ကွက်ထဲ လှည် ့ရန်ဖြစ်နေတ ဲ ့ ပေါက်လုပ်ပဲစား အုတ်ကြားမြက်ပေါက် ပြုံးပြလှည့်ပြန် ဓါတ်တိုင်သေးပန်း အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား သူ ့အပြစ်ငါမပြော င့ါအပြစ် သူမပြော ကောင်မျိုး။ ခုလည်း သူတို ့ထီပေါက်လို ့ အိမ်မှာ အလှူ လုပ်နေတယ်လေ ဘာမှမဟုတ်ဘူး ကျွေးတာကတော်တော် ကြွားမှာကများများ”
” အလှူ လုပ်တယ်ဆို မင်းကိုလည်း ဖိတ်ထားတယ်မဟုတ်လား မင်း မသွားဘူးလား”
“သွားပါဘူး သူ ့ရဲ ့ကျက်သရေ မရှိတဲ ့မျက်နှာ ကြီး ကြည့်ဖို ့များ -အိမ်မှာလည်း စား နိုင် ပါတယ်တေ ာ ့ ——-” ။ ။
22 comments
Thu Wai
November 30, 2012 at 11:05 am
ဪ လူတိုင်းတော့ မဟုတ်ရပါဘူးကွယ် ရို့
juu juu
November 30, 2012 at 12:59 pm
အော် တတ်လည်းတတ်နိုင်ပါ့နော်
မဟာရာဇာ အံစာတုံး
November 30, 2012 at 4:42 pm
ဂလိုဒွေလည်း ရှိတယ် ..
ဂလိုနဲ့ ဆန့်ကျင်ဘက်ဒွေလည်း အားဂျီးဘဲ …
ဘိုဘဲဖြစ်ဖြစ် …
ကိုယ်ကောင်းအောင်နေဖို့ အဓိကပဲ မဟုတ်လားဗျာ ..
kai
November 30, 2012 at 5:04 pm
ကျုပ်လည်းတခြားလူမျိုးတော်တော်များများနဲ့.. ဆက်ဆံဖူးပါတယ်..
မြန်မာတွေမနာလိုဝန်တိုစိတ်.. တော်တော်ကြီးပါတယ်..
ဒေါ်အောင်ဆန်းစုကြည်လည်း.. အဲဒီသဘောကို.. သိပ်မကြာသေးခင်ကတင်.. ပြောခဲ့တယ်..
( ကြုံလို့.. အဆင်ပြေသိသူများရှိရင်.. ဘယ်နေရာမှာပြောတယ်.. တိတိကျကျစာသားလေးနဲ့ညွှန်းစေချင်ပါတယ်..။ ကြည့်ရတာ.. ယူအက်စ်လာတုံးပြောတာလို့.. ထင်မိနေတာ…)
ဆိုတော့..
အဲဒီအပေါ်က.. အဖြစ်အတိုင်း.. တကယ်ဖြစ်ကြတာ.. ဖြစ်ပါကြောင်း.. :kwi:
အရီးခင်လတ်
November 30, 2012 at 5:07 pm
အဲဒါ စနစ် ကြောင့် လူတွေ စိတ်ဓာတ် ပျက်သွားတာ မဖြစ်နိုင်ဘူးလား သူကြီးရေ ??????? 😆
kai
November 30, 2012 at 5:14 pm
အမေရိကားရဲ့ဒီမိုကရေစီစနစ်ထဲရောက်ရောက်.. ဂျပန်ရဲ့..ဆာမူရိုင်းဒီမိုကရေစီထဲရောက်ရောက်.. မြန်မာက.. မြန်မာပါပဲ..
အဲဒီမှာ.. မြန်မာနိုင်ငံသေးသေးလေး..Small Myanmar မိုဒယ်လုပ်ကြည့်လို့ရတယ်..။
ဆိုတော့..
စနစ်ကြောင့်မဟုတ်.. စနစ်ကြောင့်မဟုတ်ပါကြောင်းပါနော…။ :harr:
အရီးခင်လတ်
November 30, 2012 at 5:27 pm
ဆို … ဆို … ဆို ….
စနစ်ကြောင့် မဟုတ် လူတွေကြောင့်၊
စနစ်ကောင်း ရဖို့ လူတွေ ကအရင်စပြင်ရမယ် ဆိုတာ လေး သိပြီပေါ့နော်။ 😉
အဲဒီ လူကောင်းတွေ က ပြုပြင်ပြီး ချလိုက်တဲ့ စနစ် ကမှ နောက်ပိုင်း မှာ လူတွေ ကို ပြန်ထိန်း သွားမှာပါ။
ဒီတော့
စနစ်ကောင်း ရဖို့ ဘယ်သူတွေက များ ကိုယ့် ကိုယ်ကျိုးစွန့်ပြီး ပြင်ပေးမှာလဲ။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဏာမရှိတဲ့ လူနည်းစု နဲ့ ကတော့ ဒီလိုဘဲ တအိအိ နဲ့ သွားနေတော့မှာဘဲ။
pooch
November 30, 2012 at 5:40 pm
ရှေးတုန်းက မင်းတွေကတော့ တွက်ချက်လိုက်လို့ တိုင်းပြည်ကပ်ဆိုက်မယ် ဘေးဒုက္ခရောက်မယ်ဆိုတာ သိရင် အဲ့ဒီဘေးဆိုး က လွတ်အောင် သူတို့ အသက်ကို အသေခံပြီး အဲ့ဒီနှစ် သက္ကရာဇ်ကို ဖြိုတဲ့ အလေ့ရှိကြတယ်။
ဖတ်စက သိပ်နားမလည်ဘူး ဘာကြောင့်များ အသက်ကို စတေးပြီး ဒီလိုလုပ်လည်းပေါ့ ။ နောက်တော့ မှ သိတယ် မင်းကျင့်တရား ဆယ်ပါးညီတဲ့ မင်းတွေပဲ စတေးခံဝံ့တယ်ဆိုတာကိုလေ။
ဆိုတော့ ခုလည်း ဘေးကျပ်နံကျပ်ရောက်နေတာဆိုတော့ စနစ်ကောင်းတခု ရဖို့ လူကောင်းတွေ ပြန်ဖြစ်လာဖို့ ဘယ်သူတွေများ သက္ကရာဇ်ဖြို စတေးခံဝံ့ ကြလည်း မသိဘူးနော် 😆
Inz@ghi
November 30, 2012 at 5:47 pm
နိုးနိုး.
ဒင်းတို့ ဖုန်းကံနိမ့်ရင်လည်း ဖြိုတာပဲ.
အဲ့လို အဖြိုကောင်းလို့ ဗိရုမာ ပြက်ကဒိန်မှာ နှစ်နည်းနည်းလေး ရှိတာ.
ကောဇာ နဲ့ရော ယိုးဒယား ပြကဒိန်နဲ့ပါ ပိုးစိုးပက်စက် ကွာကုန်တာ.
ငပိန်းတေ.
ချဉ်ထှာ.
pooch
November 30, 2012 at 5:50 pm
ချဉ်ရင်လည်း လဲသေလိုက်ပေါ့အေ့ 😆
Thanlwinoo
December 2, 2012 at 11:31 am
လက်ရှိသွားနေတဲ့ စနစ်အတိုင်းကို လူတွေပြောင်းကြည့်ရင် ကောင်းမလား..?
ဘီလ်ဂိတ်တို့၊ လီကွမ်ယုတို့နဲ့ အစားထိုးပြီး လက်ရှိစနစ်အတိုင်း တသွေမတိမ်း လုပ်သွားရင်….. ဘယ်လိုဖြစ်ကုန်မလဲမသိဘူးနော်..သူကြီး..
:hee:
Inz@ghi
November 30, 2012 at 5:42 pm
成せば成る
成さねばならぬ
なにことも
成らぬは人の成さぬんありけりだ
インザーギー
pooch
November 30, 2012 at 5:48 pm
Where there is will, there is a way
Had to be made
What can
There is not built in but do not made of human Keri
Inzaghi ー
ဂူးဂဲ က ပြန်လာတာ ဟီး 😆
Inz@ghi
November 30, 2012 at 5:57 pm
မွှားပ့ဒယ်.
လုပ်ရင်ဖြစ်တယ် မလုပ်ရင် မဖြစ်ဖူး
မဖြစ်ဖူးဆိုတာ ဖြစ်အောင်မလုပ်တဲ့ လူရဲ့ အပြစ် တဲ့
စနစ်ကြောင်မှုတ်ဖူး. စနစ်ကြောင့်မှုတ်ဖူးး
စနစ်ဆိုတာ လူကလုပ်တာ. လူမကောင်းမှတော့ အဲ့လူလုပ်တဲ့ စနစ်ကလည်းကောင်းမှာ မဟုတ်.
ပညတ် ပရတ်မတ် နဲ့ ရှင်းရဦးမား ကွယ်.
ခိခိ
( သဂျီးဘက်မှ အရီးဘက်ကို သဂျက်သမီး တိုက်စစ်မူး ငဂီ့ က တစ်ဂိုး ရှူး သွားပါသည် )
ဒက်ဂလောက်စ်
အရီးခင်လတ်
November 30, 2012 at 6:05 pm
ဟဲ့ ဂီဂီ ရဲ့ (ဒေါ်မြလေးပုံဖြင့် ခေါ်သည်)
မင်းစိတ်ကူးယဉ် ခမည်းတော်ကြီး က သာ အရင်က စနစ် စနစ် နဲ့ စနစ် ကို ကိုင်ထားတာလို့ ထင်တာဘဲ။
မယုံရင် မေးကြည့်။
အရင်က တစနစ်ထဲ စနစ်နေတာ။
အခုတော့ သူလဲ ပေါက်သွားပြီထင်ရဲ့။ (သဘော) 😆
အရီး က နဂိုထဲ က ခေါင်းချောင်ချင်နေတာ မင်းလုပ်မှ ပိုချောင်သွားပြီ။
pooch
November 30, 2012 at 6:08 pm
ဂိုးရှူးရအောင် ဂဇက်ကို ဘောကွင်းများမှတ်နေသလား ဖားပြုတ်ရဲ့
မနိုင် နိုင်ရာ ဝင်ဟောင်သွားပါသည်။ အစကထဲက ရှင်းရှင်းလင်းလင်းရေးပါ့လား ။ ဂူးဂဲကြီးကလည်း စိတ်ချရတာ မဟုတ်ဖူး ။ 😆
kai
December 1, 2012 at 12:41 am
အောင်မြလေး.. အရီးတော်ရယ်..
ကျုပ်က.. “စနစ်ကြောင့်မဟုတ်”ဆိုတဲ့စာသားကို.. မူပိုင်ယူသုံးနေတာ.. ကမ္ဘာဦး.. အဲ..အဲ.. “ဂဇက်ဦး”ကတည်းက..။
နောက်တဆင့်တောင်တက်ပြီ.း.. အဖြေရှာပေးထားသေး..
.. နှစ်၁၀၀ဝ ကျိန်စာ..တဲ့..။
အော်.. စကားအတင်းစပ်..
လူသားတွေရဲ့..စိတ်ဓါတ်ကိုချယ်လှယ်လွှမ်းမိုးတာ.. ဘာလည်းသိလား.. ဘာသာရေး..တဲ့..။ :kwi:
ဦးကြောင်ကြီး
December 1, 2012 at 10:25 am
ဒေါ်စုက ခေတ်စနစ်မပျက်ခင်မှာ ကြီးပျင်းခဲ့လို့ မှန်ကန်တဲ့ အခြေခံပညာရေး စနစ်ကိုရသွားတယ်။ ကြီးလာတော့လည်း အထက်တန်းနဲ့ တက္ကသိုလ်ပညာရေးကို အိန္ဒိယနဲ့ အင်္ဂလန်မှာ သင်ယူခဲ့ရတယ်။ ဘဝတလျောက်လုံးလည်း စနစ်တကျ အုပ်ချုပ်တဲ့ စနစ်တွေအောက်မှာ လေ့လာသင်ယူခွင့်ရတယ်။ သူသာ မဆလခေတ်၊ စစ်အာဏာရှင်စနစ်အောက်တွေမှာ နေခဲ့ရရင် အခုလို ထွန်းတောက်နိုင်ပါ့မလား သဂျီးဇုတ် သဂျုပ်ဇီးရဲ့….. :chee:
အလင်းဆက်
November 30, 2012 at 9:53 pm
အော်.. ။
အဲဒလို အဖြစ်မျိုးလဲ.ရှိသလား..လို ့ပဲ..
တရုတ်ကားထဲက ဘုရင်မင်းမြတ်တွေလို …
မေးလိုက်ချင်ပါတော့ဒယ်.. ။
သခင် Mobile
December 1, 2012 at 3:48 am
မြန်မာတွေရဲ့ စရိုက်လက္ခဏာ တွေထဲက နှစ်သက်စရာနဲ့
မနှစ်သက်စရာ ယှဉ်မယ်ဆိုရင် မနှစ်သက်တာကများတယ်
ကျုပ်လဲ မြန်မာ ထဲကမြန်မာတစ်ယောက်ပဲ တတ်နိုင်သလောက်တော့
မြင့်မြတ်တဲ့ လူမျိုးဖြစ်လာအောင် လူတိုင်းမှာ ကြိုးစားဖို့တာဝန်ရှိတယ်လို့ထင်တာပဲ။
MaMa
December 1, 2012 at 2:56 pm
မေတ္တာ၊ ဂရုဏာ၊ မုဒိတာ လို့ ဆိုတဲ့အထဲမှာမှ…
ကိုယ့်ထက် နိမ့်ကျသူကို အားနည်းသူကို မေတ္တာ၊ ဂရုဏာထားဖို့ လွယ်ပေမယ့်…..
ကိုယ်နဲ့တန်းတူ (သို့) ကိုယ့်ထက်နိမ့်သူက ကိုယ့်ထက်မြင့်သွားတဲ့အခါမှာ မုဒိတာ ထားဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ :eee:
ဦးဦးပါလေရာ
December 2, 2012 at 1:05 pm
သူကြီးမင်းသာ
ဦးပိုင်ကိုကိုင်ရတဲ့ နအဖဗိုလ်ချုပ်တယောက်ယောက်ရဲ့သားဖြစ်ပြီး
ဖေါ်လံဖါးတရုန်းရုန်းနဲ့ ကြီးပြင်းလာရရင်
ဒီနေ့သူကြီးရဲ့ စိတ်ဓါတ်+အသိဉာဏ်+ဆင်ခြင်တုံတရား+အတွေးအခေါ် မျိုး
ရှိလာမယ်ထင်ကြပါသလား…
ထင်တဲ့သူရှိရင် ကြိုက်တဲ့ကြေးနဲ့ လောင်းရဲပါကြောင်း….
:kwi: