Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Gmail Password ဟက်နည်း

Gmail Password ဟက်နည်း

+++++++++++++++++++++++++++

“Hack” … “ဟက်” .. တယ် ဆိုတဲ့ စကားကို ကြားလိုက်တာနဲ့ ကျနော်တို့တတွေဟာ မကောင်းတဲ့ဘက်ကို ပြေးမြင်မိကြမှာပါ။ အမှန်အားဖြင့် “ဟက်” ဆိုတဲ့ နေရာမှာ ကောင်းတာရော၊ မကောင်းတာပါ ဒွန်တွဲပြီး ရှိနေပါတယ်။ လောကကြီးရဲ့ ဒွန်တွဲခြင်း သဘောတရား အတိုင်းပေါ့ ခင်ဗျာ။

“Black Hacker” , “White Hacker” ဆိုပြီး ရှိပါတယ်။ ဘလက်ဟက်ကာ ကတော့ ဝက်ဘ်ဆိုက်တွေ၊ ပက်စ်ဝှက်တွေ ဘာညာသာရကာတွေကို လိုက်ဟက်ပြီး ဖျက်ဆီးတာ၊ ကိုယ်ကျိုးအတွက် အသုံးပြုတာပေါ့ဗျာ။ ဝှိုက်ဟက်ကာ ကတော့ အွန်လိုင်း၊ ကွန်ပျူတာ တွေဆီကို ဗိုင်းရပ်စ်တွေ မဝင်နိုင်အောင် ကာကွယ်ပေးပြီး အကျိုးပြုပေးတာပေါ့ဗျာ။ ဒါနဲ့ စကားစပ်တုန်း ထပ်ပြောရရင် အချို့သော ဟက်ကာတွေဟာ ဗိုင်းရပ်စ်ကို သူကိုယ်တိုင်ထွင်ပြီး နာမည်ကြီးအောင် ဖြန့်လိုက်တယ်။ ပြီးတော့ ခပ်တည်တည်နဲ့ သူမဟုတ်သလိုပဲ အဲဒီဗိုင်းရပ်စ်ကို သတ်နိုင်တဲ့ အန်တီဗိုင်းရပ်စ် ဆော့ဖ်ဝဲကို ထုတ်လိုက်တယ်။ ဒီအခါ သူ့ဆော့ဖ်ဝဲက အသုံးပြုသူများပြီး ရောင်းကောင်းသွားရော။ ဒီလိုမျိုး လူတွေလည်း ရှိတတ်ကြပါတယ်။ ဒါကို မကောင်းတဲ့ မားကတ်တင်း ဟက်ကာ လို့ ဆိုနိုင်လေမလားပဲ။

ထားပါတော့ …..။ ကျနော် အခု ပြောမှာက Gmail Password ကို ဟက်တဲ့နည်းနော်။ ဒီတော့ Gmail အကြောင်း နည်းနည်း ပြောကြတာပေါ့။

Gmail ကို ဟက်ဖို့ ဆိုတဲ့ ကိစ္စဟာ ဟက်ကာတွေ လောကမှာတော့ တကယ်ကို နာမည်ကြီးတဲ့ အကြောင်းတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ Gmail ကို ဘယ်လို ဟက်မလဲ …? ဆိုတဲ့ မေးခွန်းတွေ၊ Gmail ကို ဟက်နိုင်တဲ့ ကိရိယာ (hacking tools) တွေ အကြောင်းကိုလည်း အွန်လိုင်းကမ္ဘာမှာ အများအပြား တွေ့ရပါတယ်။ အဲဒါတွေနဲ့ Gmail Password ကို ဟက်ကြတယ်။ ဒါပေမယ့် သူတို့ ဟက်တာဟာ Gmail အသုံးပြုတဲ့ User တွေဆီကသာ ဟက်ကြတာပါ။ Gmail Server ကို သွားပြီး ဟက်ကြတာ မဟုတ်ပါဘူး။

ဒါဟာ ဘာလို့လဲ ဆိုတော့ Gmail ဆာဗာကို ဘယ်ဆော့ဖ်ဝဲ၊ ဘယ်တူးလ်နဲ့မှ ဟက်ဖို့ မစွမ်းနိုင်ကြလို့ပါပဲ။ ဒီလိုတောင် ဆိုထားတာ တွေ့ရပါသေးတယ်။ Gmail Server ကို ဟက်နိုင်တဲ့လူကို နိုဗယ်လ်ဆု ပေးရမယ် … တဲ့ ခင်ဗျ။ အခု ကျနော် ပြောမယ့် နည်းကလည်း Gmail Server ကို သွားပြီး ဟက်တာ မဟုတ်ပါဘူး။ Gmail Users တွေဆီကနေ Password ကို ဟက်တဲ့ နည်းလေးပါ။

ဒီနည်းလေးက လွယ်မယောင်နဲ့ ခက်သလို၊ ခက်မယောင်နဲ့လည်း လွယ်နေတတ်ပြန်တယ်။ အဓိကအားဖြင့် ဒီနည်းနဲ့ ဟက်မယ်ဆိုရင်တော့ဖြင့် ကိုယ်ဟက်မယ့် User ရဲ့ Gmail Account Name ကိုတော့ သိထားဖို့ လိုပါလိမ့်မယ်။ ဒီထက် ကောင်းတာကတော့ ကိုယ့်ရဲ့ Friends List ထဲကို အဲဒီ User ကိုသာ Invite လုပ်ထားခြင်းပါပဲ။ အကယ်၍များ Friends List ထဲက ယူဆာကို ဟက်မယ်ဆိုရင် … ယုံမလားတော့ မသိဘူး … သူနဲ့ Chat နေရင်းနဲ့ကို ဟက်လို့ ရနိုင်ပါတယ်။ (ထိုနည်း သိလိုပါက ကွန်မန့်ဖြင့် မေးမြန်းနိုင်ပါသည်။)

အိုကေ …. စပြီးတော့ Gmail Password တစ်ခုကို ဟက်ကြည့်ကြရအောင် …….။

  • ၁။ ပထမဆုံး ကိုယ့် Gmail ကို Login ဝင်လိုက်ပါ။
  • ၂။ ပြီးရင် Gmail ရဲ့ ဘယ်ဘက် အခြမ်းက Compose ဆိုတဲ့ Button လေးကို နှိပ်ပါ။
  • ၃။ ပေါ်လာရင် To ဆိုတဲ့ နေရာမှာ ကိုယ်ဟက်ချင်တဲ့ Gmail Account ကို ဖြည့်ပါ။
  • ၄။ Subject ဆိုတဲ့ နေရာမှာ Your Gmail Password ဆိုတာကို ဖြည့်ပါ။ (မှတ်ချက်။   ။ ရှေ့ဆုံး စာလုံးများကို အကြီးစာလုံးနဲ့ ရေးရပါမယ်။)
  • ၅။ ပြီးရင် အောက်က စာကိုယ်ထဲမှာ ကိုယ်ဟက်မယ့် ဂျီမေးလ် နာမည်ကို ရေးပါ။ (နောက်မှ @gmail.com ပါစရာ မလိုပါ။)
  • ၆။ ပြီးရင် အောက်ကလို ရေးပြီး ပို့လိုက်ပါ။

 “အို … ချစ်သော မိတ်ဆွေ …

သင်၏ ဂျီမေးလ် ပက်စ်ဝှက်ကို ကျွန်ုပ်အား ပေးပါ။”

  • ၇။ ထိုသူမှ မှန်ကန်သော ပက်စ်ဝှက်ကို ပေးလာပါက Gmail Password ကို အောင်မြင်စွာ ဟက်နိုင်သွားမည် ဖြစ်ပါသည်။

 

{အဟမ်း … ဟမ်း …

တွေ့ဒယ် မီဟုတ်လား ….

Gmail Password ကို ဟက်တာလေးများ လွယ်လွယ်လေး …

အဟီးးးးးးး  :mrgreen: }

+++++++++++++++++++++++++++

29 comments

  • Hnin Hnin

    December 1, 2012 at 3:57 pm

    အတော်နောက်တဲ့ မောင်မောင်ဂစ်…
    ရိုးသားတဲ့သူဆိုတော့ ယုံမိပါတယ်… Compose မတိုင်ခင်အထိ.. :mrgreen:

  • ဘဲဥ

    December 1, 2012 at 3:59 pm

    နာ့ဂျီမေးအကောင့် ပျောက်တွားဒါ ဒင်းလက်ချက်ကိုး….. ဟွင်း ဟွင်း
    သတ်ချင်သတ် သေတောင်ပြောဘူး ရင်ဘတ်ကြီးထဲပဲ သိမ်းထားမှာ :harr:

    • အဟိ .. ခွိ .. ခွိ ..
      :harr:
      ++++++++++++++

      ဘုအဲ .. ဘဲဥ

      ဟေ့ ..
      ညည်းက ပျောက်လှချည်လားအေ့ …
      ငါ့တီယောက်ထဲ ပစ်ထားရက်တယ် ..
      အဲ .. ညည်း ရင်ဘတ်ကြီးထဲ သိမ်းထားမယ် ဆိုတဲ့ ကိစ္စလေ ..
      အိုက်ဒါကို Chat နေရင်နဲ့ ဟက်လို့ ရနိုင်တယ်ဟဲ့ ..
      သိရဲ့လား … :mrgreen:
      ++++++++++++++

      နှင်းနှင်း …

      ယုံလက်စနဲ့ အဆုံးထိ ယုံလိုက်တာ မဟုတ်ဘူး ..
      တကယ်ပြောတာ ..
      အိုက်ဒီ နည်းလမ်း ဘယ်လောက် ကောင်းဒလဲလို့ … :mrgreen:

      • Good™

        December 1, 2012 at 10:38 pm

        မကြာမတင်က ယင်တိုက် လို့ သေတဲ့ သူ က ဂျီမေး တွေ လိုက်ဟက်နေတာလား။

        • ဗျဲ .. ဟဲ .. ဟဲ …
          တရဲခြောက်ဒါ …. :mrgreen:
          ကျွန်ုပ်ကား တစ္ဆေဘဝဖြင့် ဟက်ခြင်း အမှုကို ပြုလုပ်နေခြင်းပင်
          ဖြစ်ချေတော့သည် တမုံ့ …
          ယခုအခါ …
          ကျွန်ုပ်အား တိုက်သွားသော ယင်အား ပြန်ရှာဖွေနေ၏ …
          ထိုယင်ကို တွေ့ပြီးနောက် နဖန်ကျင်းလိုက်မှသာ ကျွတ်မည်ဟု
          အထက် ဘိုးဘိုးကြီးက မိန့်လိုက်၍ ယခုကဲ့သို့ ပြန်လာရခြင်းပင်
          ဖြစ်ချေတော့သည် နှစ်မုံ့ ….

  • myanmarcitizen

    December 1, 2012 at 4:01 pm

    To : မဟာရာဇာ အံစာတုံး@gmail.com
    Subject : Your Gmail Password

    အို … ချစ်သော အံစာတုံး …
    သင်၏ ဂျီမေးလ် ပက်စ်ဝှက်ကို ကျွန်ုပ်အား ပေးပါ။

    ကဲခုပဲ Hack လိုက်ပီ ဟွင်း ဟွင်း ..

    • ရော့ …. အင့် …
      ဒါ .. ပက်ချဝှက်ဘဲ ….
      ………………………………….

      (မှတ်ချက် ။ ။ ဘုန်းကံ ရှိသူများသာ မြင်နိုင်၏။)

      • myanmarcitizen

        December 1, 2012 at 4:21 pm

        မြင်ရတယ်ဗျို့ 🙂
        ဘာမှမမြင်ရလဲ မြင်ရတယ်ပြောရမှာပဲ … သူမှတ်ချက်ကြီးကရှိနေတာကိုး …

        • အိမ် …
          အသင်က မြင်ချေသည်ဟူတော့ ..
          ဘုန်းရှိသူ ဖြစ်ချေတော့သည် တမုံ့ …
          မမြင်သူများကား ဘုန်းမရှိသူများသာ ဖြစ်ချေတော့သည် နမုံ့ …

  • surmi

    December 1, 2012 at 4:10 pm

    လန် ့လိုက်တာကွာ
    ချယ်လ်ဆီးလောင်းမလို ့ စဉ်းစားထားတာ
    လိပ်ပြာရေ ……… ကလူ ကလူ …

    • အန် …
      ဟေ့ဂလူ ဥဆာမိဂျီး …
      ခညား ပို့စ်မှားလာဒါလား …
      ဒါနဲ့ ……..
      ခညား လွှင့်သွားတဲ့ လိပ်ပြာကို ပြန်ခေါ်လို့ ရဒေါ့ဘူး …
      ပုစဉ်းဘဲ ပြန်လာဒယ် ..
      အိုက်ဒါ ဘိုလုပ်မဲ … :mrgreen:

      • surmi

        December 1, 2012 at 4:22 pm

        မမှားပါဘူး
        နင် ့ဂျီမေး သိချင်ရို ့
        ဂွိ ဂွိ

        • ခညားဂျီးက ကျုပ်ဂျီမေးကို ဟက်ချင်လို့ပေါ့လေ ..
          ဟုတ်စ ..
          ဂလိုနည်းနဲ့ ဘယ်ရမဲ … ငွင်း .. ငွင်း …

  • surmi

    December 1, 2012 at 4:13 pm

    ဒီည အကောင်းဆုံးပွဲသိချင်ရင် mail ပို ့လိုက်

  • ဘဲဥ

    December 1, 2012 at 4:26 pm

    အဲ့ဒီနည်းနဲ့ဆို
    ဖေ့ချဘုတ် အကောင့်ရော တခြားရှိသမျှအကောင့်အားလုံး ဟတ်လို့ရဒလယ်
    မယုံမစိနဲ့ 😆

    • ချက်ဆို နားခွက်က မီးတောက်တယ်ဆိုတာ ..
      ဘဲဥ လိုမျိုး နေမှာ .. :mrgreen:
      အရိပ်ပြ အကောင်မြင်တတ်တော့ …
      ဟိုဟာပြရင် ဟိုဟာ မြင်လောက်ဒယ် ..
      ဟုတ်ဒလား ဘုအဲ .. :mrgreen:

      • ဘဲဥ

        December 1, 2012 at 4:47 pm

        ဘယ်ဟာပြမှာလဲအေ့ ရင်တုန်အောင်လုပ်စမ်းဘာနဲ့အေ
        ပြောတာနဲ့တင် အသဲယားထာ
        သများဒို့ဂ
        ချက်ဆို ဗိုက်မှာ ကပ်ပါလာပီးသား :mrgreen:

        • ဟေ့ .. ဟေ့ ..
          လျှောက်တွေးပြီး အသဲယားနေနဲ့ …
          ငါ ပြမယ်ဆိုတာက …
          မနေ့က ဒီမှာ မိုးရွာတယ် .. ငါ့လက်ထဲမှာ ထီး ကိုင်ထားတယ် …
          အဟဲ … အဟီးးး .. ခွိ .. ခွိ .. :mrgreen: :mrgreen:

  • Mr. MarGa

    December 1, 2012 at 6:33 pm

    အင်းးးးးးးးးးးးးးး ငါကိုက ဒီလိုဖြစ်မယ်မှန်းသိရဲ့သားနဲ့ ဝင်ဖတ်တာဆိုတော့
    ဖတ်မိတဲ့ ငါ့အမှားပေါ့လေ

  • သခင် Mobile

    December 1, 2012 at 7:58 pm

    အခုလို လျှို့ဝှက်ဆန်းကြယ် နောက်ဆုံးပေါ်နည်းပညာသုံးထားတဲ့ ဟတ်နည်းလေးကို ဝေမျှလို့
    အထူးကျေးဇူးတင်မိပါတယ်။ နောက်ထပ်နည်းလေးတွေရှိရင်လည်း ဆက်လတ်ဖော်ပြပေးပါဦး
    မသာဘာဂျာ အန်ဆာဒုံး

  • မောင်ပေ

    December 1, 2012 at 8:55 pm

    ဘာများလဲလို ့
    မဟာအံကြီး ဟာသလုပ်ပြီ
    ချဲဆီးကလဲ ၁-ဝ နဲ ့အစောကြီး ဥဆောင်ပြီးသားကို သေနာတွေ တစ်ဂိုးပြန်ပေးလိုက်တယ်
    အကောက်ရှုံးကျပြီ အံကြီးရေ

  • uncle gyi

    December 1, 2012 at 9:52 pm

    မှတ်သားလောက်ပါတယ်ဗျ
    မှတ်သားလောက်ပါတယ်
    အဲလိုဟိုလိုမှတ်သားစရာတွေကို
    မမေ့မလျော့အောင်
    သေချာမှတ်သွားပါကြောင်း
    ကိုကိုအံစာရေ

  • တကယ့် နည်းလမ်းပေးဒါဘာ …
    တကယ့် တကယ့် နည်းလမ်း ပေးဒါဘာ … :mrgreen:
    အားလုံးဘဲ အဆင်ပြေမှာဘာ ..
    သေချာ မှတ်သွားဂျဒါဒွေ သိရလို့လည်း ဝမ်းဒါဘာဒယ် … ငွင်း .. ငွင်း …

    လူဒါး အားလုံးဘဲ ..
    ပေါ့ပါးစွာ ပြုံးတွားနိုင်ဂျဘာစေ …….

  • အလင်းဆက်

    December 2, 2012 at 9:10 pm

    တော်တော်.. ဟုတ်တာပဲ ။

    အဲဒီ နည်းနဲ ့ဟက်ဦးမယ် ။

    အို..ချစ်သော…အံစာ….သင်၏ ဂျီမေးလ် ပက်စ်ဝှက်ကို ကျွန်ုပ်အား ပေးပါ။”

  • သုရှင်

    December 3, 2012 at 8:13 am

    ကို အံစာ တို့ကတော့ ရုပ်တည်ကြီးနဲ့ ဗျာ..
    အဟုတ်မှတ်လို့။

  • တိမ်မည်း

    December 3, 2012 at 9:01 am

    မှတ်သားစရာပါပဲဗျာ…..
    မှန်တွားဘီဗျို ့……..

    Hacker အမျိုးမျိုးထဲမှာ Joke Hacker ဆိုပီးတမျိုးတိုး ပထမဆုံး မန်ဘာအနေနဲ ့ ဦးအံစာတုံးကို ထည့်လိုက်မယ်နော်…….

  • “Joke Hacker” …. မိုက်သား …
    အသစ်တစ်မျိုး ဖြစ်သွားတာပေါ့ …

    ကျနော် ပြောလိုတာက အစပိုင်းမှာ Hack ဆိုတာနဲ့ ပတ်သက်ပြီး၊
    တစ်နည်းအားဖြင့် ဂျီမေးလ်ကို ဟက်တယ်ဆိုတဲ့ အကြောင်းလေးကို ပြောလိုတာပါလို့ …
    နောက်ပိုင်း ဟက်နည်း ဆိုတာကတော့ ဘာမှ ဟုတ်ပါဝူးးး
    အပျော်သဘောမျိုးနဲ့ ပြုံးရွှင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြောလိုက်တာပါလို့ …
    အားလုံးပဲ ပြုံးသွားကြလို့ ဝမ်းသာမိပါရဲ့ ခညာ …

    အားလုံးဘဲ ..
    လာရောက် အားပေးသွားသူအပေါင်းကို
    ရှဲရှဲ သန်းခရု အကြီးကြီး ပါလို့ …….။

    ချစ်တဲ့ ……
    အံစာတုံး

  • we R one

    December 3, 2012 at 7:10 pm

    လူဇိုးးးးးးးးးးးးးးးးး ဒီက တီကယ်မှတ်လို့ ဘယ်အကောင့်ကို ဟက်ရမလဲ စဉ်းစားနေတာာ.. 😀

Leave a Reply