Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

၂၀၁၃ ခုနှစ်မှာ ခေတ်စားလာမည့် ကျွမ်းကျင်မှုဆိုင်ရာ ဟိုတယ်အလုပ်အကိုင်အခွင့်အလမ်းများ

manawphyulayDecember 4, 20121min3016

အရင်တုန်းကတော့ ဒီလိုအလုပ်အကိုင် ကျွမ်းကျင်မှုမျိုးကို သင် သတိထားမိမှာ မဟုတ်ပါဘူး။ အခု ၂၀၁၂ ခုနှစ်မှာ ဟိုတယ်အတော်များများ ဈေးကွက်အတွင်း အလုအယက် နေရာယူလာကြပြီး နိုင်ငံတကာ ခရီးသွားများ မြန်မာနိုင်ငံသို့ အဝင်များလာခြင်း ရှိကြသည့်အပြင် ဟိုတယ်များကိုလည်း နိုင်ငံတကာ အဆင့်အတန်းမီစေဖို့ သရီးစတား၊ ဖိုးစတား၊ ဖိုက်စတားအဆင့်တွေ သတ်မှတ်လာကြတာကို တွေ့ရှိလာ ရပါသည်။ ဟိုတယ်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်း လိုအပ်ချက်တွေကိုလည်း စဉ်းစားလို့ လာကြပါပြီ။ ဟိုတယ်နဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုဆိုင်ရာ ဘာသာရပ်တွေကတော့ အများကြီးရှိပါသည်။
အခုဆိုရင် ကမ္ဘာတစ်ဝန်း နိုင်ငံများရဲ့ ဟိုတယ်နယ်ပယ်မှာ ကျွမ်းကျင်ဝန်ထမ်း ခေါ်ယူခန့်ထားဖို့ဆိုတဲ့ ကိစ္စက တကယ့်ကို အရေးပါလာတယ်ဆိုတာ သိသာနေပါပြီ။ ဘယ်လိုကျွမ်းကျင်ဝန်ထမ်းမျိုး လိုအပ်နေပြီလဲ။ ဘယ်နေရာတွေမှာ ဘယ်ဝန်ထမ်းတွေနဲ့ အဆင်ပြေ ဆက်သွယ်ပြီး ဘယ်လိုလူမျိုးတွေ ထားရှိမလဲ သိချင်ကြ သူများအတွက်နှင့် ဟိုတယ်ဆိုင်ရာ ဘယ်ပညာရပ်တွေ သင်ယူတတ်မြောက်ဖို့ လိုပြီး အလုပ်ခွင်ထဲမှာ ကိုယ်နဲ့ ကိုက်ညီမယ့်အရာ ဘယ်ဘာသာရပ်တွေရှိနေသလဲဆိုတာ အောက်မှာ ဖော်ပြမည့် ဟိုတယ် အလုပ်အကိုင် အခွင့်အလမ်းများကို ဆက်လက်ကြည့်ရအောင်။
ဟိုတယ်ဟူသော စကားရဲ့အဓိပ္ပာယ် ဖွင့်ဆိုချက်အရ ခရီးသွားဧည့်သည်များအား တည်းခိုနားနေရန် အိပ်ခန်းနှင့် အစားအသောက်များကို စီစဉ်ရောင်းချသော လုပ်ငန်းတစ်ရပ်ဖြစ်သဖြင့် (Hospitality Industry) ဟူ၍ လည်းကောင်း၊ (people Business) ဟူ၍ လည်းကောင်း ခေါ်ဝေါ်သတ်မှတ်လေသည်။
အထက်ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ခရီးသွားဧည့်သည်များ တည်းခိုနားနေနိုင်သော အိပ်ခန်းများ ပါမှသာ ဟိုတယ်ဟု ခေါ်ဆိုနိုင်ပါသည်။ ထို့ကြောင့် ဟိုတယ်တစ်ခုတွင် တည်းခိုခန်းများသည် အဓိက အခန်း ကဏ္ဍမှ ပါဝင်လျက်ရှိသည့်အပြင် အပြည်ပြည်ဆိုင်ရာ ဟိုတယ်လုပ်ငန်း ဆန်းစစ်ဖော်ပြချက်များအရ အစား အသောက်များ ရောင်းချရရှိသည့် အမြတ်ငွေနှုန်းထားထက် များစွာသာလွန်နေသည်မှာ ထင်ရှားလှပေသည်။
၁။ ဟိုတယ်ဧည့်ကြိုလုပ်ငန်း (Hotel Receptionist)
ဟိုတယ်တစ်ခုတွင် ခရီးသွားဧည့်သည်များအတွက် အရေးကြီးဆုံးနေရာသည် ဟိုတယ်ဝင်ပေါက်မှ ကြိုဆိုမည့် ဧည့်ကြိုကောင်တာတွင် လုပ်ကိုင်သော ဝန်ထမ်းများရဲ့ အဓိကကျသည့် ဆက်ဆံရေးနှင့် ဧည့်ကြို ဝန်ထမ်းများ တိုက်ရိုက်တွေ့ရှိမှုတို့သည် အဓိက ကျလှပေသည်။
Receptionist တစ်ယောက်ရှိသင့်သော အရည်အချင်းများ
(က) ဆက်ဆံရေးကောင်းမွန်ပြီး ယဉ်ကျေးပြုငှာစွာ ဆက်ဆံ ပြောဆိုတတ်ရမည်။
(ခ) အပြင်အဆင်၊ ဝတ်စားဆင်ယင်မှု Professional တစ်ဦးကဲ့သို့ ဖြစ်ရမည်။
(ဂ) မျက်နှာမှာ အပြုံးအမြဲဆောင်ပြီး စိတ်ရှည်သည်းခံစွာ ပြုမူပြောဆိုရမည်။
(ဃ) ဘာသာစကား (International Language) ကျွမ်းကျင်ရမည်။
(င) မိမိလုပ်ငန်းနှင့်ဆိုင်သော (Product Knowledge) ပြည့်စုံရမည်ဖြစ်သည့်အပြင် ဧည့်ကြိုတစ်ယောက်ရဲ့ တာဝန်ဝတ္တရားများလည်း ပြည့်စုံအောင် တတ်ကျွမ်းထားရမည် ဖြစ်ပါသည်။

Hotel’s Receptionist တစ်ယောက်ရဲ့ တာဝန်ဝတ္တရားများ
(က) ဧည့်သည်ကို ဧည့်ခံခြင်း၊
(ခ) ဟိုတယ်ခန်းများ ရောင်းရန်၊ ဧည့်သည်ကို စာရင်းသွင်းရန် စတဲ့အခန်းသတ်မှတ်ပေးခြင်း၊
(ဂ) အခြားသော ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊
(ဃ) ဧည့်သည်မေးသမျှသော ဟိုတယ်အကြောင်း၊ ပြင်ပသက်ဆိုင်ရာ ဆက်စပ်လုပ်ငန်း ပတ်ဝန်းကျင် အကြောင်းအရာများ၊ ဧည့်သည်စိတ်ဝင်စားတတ်သော အကြောင်းအရာများကို လေ့လာထားပြီး ပြောပြနိုင် ရမည်။
(င) ဧည့်သည်ရဲ့ Account နဲ့ ပတ်သက်သောကိစ္စများကို တိတိကျကျ လုပ်ဆောင်ပြင်ဆင်ရန်။
(စ) ဧည့်သည်ရဲ့ လုံခြုံရေးနှင့် အရေးပေါ် အခြေအနေများကို ကိုင်တွယ်ဖြေရှင်းနိုင်ရမည်။
(ဆ) ဧည့်သည်တစ်ဦးချင်းရဲ့ အကြောင်းအရာများကို စေ့စပ်သေချာစွာ မှတ်သားထားရမည်ဆိုတဲ့ အဓိက အချက်တွေနဲ့သာ ပြည့်စုံနေမယ်ဆိုရင်ဖြင့် ဟိုတယ်ကြီးများတွင် ဧည့်ကြိုလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း အတွက် နေရာတစ်နေရာ ရရှိမည် ဖြစ်ပါသည်။

၂။ ဟိုတယ်အိပ်ခန်းဆောင်ထိန်းလုပ်ငန်း (Hotel Housekeeping)
လူလူချင်း ပြုစုသည့် လုပ်ငန်းရပ်ဖြစ်သော ဟိုတယ်လုပ်ငန်းတွင် အဓိက အကျိုးအမြတ် ရရှိသည့် ဟိုတယ်အိပ်ခန်းဆောင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျ ဧည့်ဝတ်ကျေပွန်စွာ ဆောင်ရွက်ခြင်းဖြင့် ဧည့်သည်ရဲ့စိတ်ကျေနပ်မှုကို ရရှိပြီး တည်းခိုနေထိုင်သွားသော ဧည့်သည်၏တစ်ဆင့်စကား တစ်ဆင့်နားသို့ ကြေငြာပေးခြင်းမျိုးကို ရရှိကာ အောင်မြင်သော ဟိုတယ် ဖြစ်လာနိုင်ပါသည်။
ဟိုတယ်အိပ်ခန်းဆောင်ထိန်းလုပ်ငန်းဆိုသည့်အတိုင်း ကျွမ်းကျင်လေ့ကျင့်ပြီးဖြစ်သော ဝန်ထမ်းများဖြင့် အိပ်ဆောင်လုပ်ငန်းများကို ဆောင်ရွက်ရပါသည်။
1. HOUSEKEEPER
2. ASSISTANT HOUSEKEEPER
3. LINEN KEEPER
4. LAUNDRY INCHARGE
5. CLEANER/ ROOM ATTENDANT
FUNCTION OF HOUSEKEEPING
1. CLEAN
(ဟိုတယ်တစ်ခုလုံး သန့်ရှင်းသပ်ရပ်နေစေရန်အတွက်)
2. COMFORTABLE
(ဧည့်သည်များ သက်တောင့်သက်သာဖြင့် စိတ်တိုင်းကျ တည်းခိုနေထိုင်နိုင်ရန် အတွက်)
3. ATTRACTIVE
(ဟိုတယ်အိပ်ခန်းဆောင်တွင်းသာမက ဟိုတယ်တစ်ခုလုံး၏ အတွင်းအပြင် သာယာရေးနှင့် ဆွဲဆောင်နိုင်ရေးတို့အတွက်)
4. GOOD STATE OF REPAIR
(ဧည့်သည်များ အရန်သင့် ချောမွေ့ကောင်းမွန်စွာနှင့် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရေးအတွက်)
5. WELFARE OF GUEST AND STAFF
(ဧည့်သည်နှင့် ဝန်ထမ်းများ၏ သာရေးနာရေးကိစ္စရပ်များအတွက်)
အိပ်ခန်းဆောင်ထိန်းသိမ်းရေးလုပ်ငန်း၏ အဓိကလုပ်ငန်းကြီး (၅) ချက်ကို နည်းစနစ်ကျနစွာနှင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အိပ်ခန်းဆောင် ထိန်းသိမ်းရေးဌာနကို စနစ်တကျ ဖွဲ့စည်းဆောင်ရွက် ကြရမည် ဖြစ်ပြီး ယင်းဖွဲ့စည်းပုံတွင် ပါဝင်ကြမည့် အဆင့်ဆင့် တာဝန်ယူ ဆောင်ရွက်ကြမည့်သူများသည် သက်ဆိုင်ရာလုပ်ငန်း ဘာသာရပ်အလိုက် သင်တန်းများကို တက်ရောက်အောင်မြင်ပြီး ကျွမ်းကျင်လုပ်သားများ ဖြစ်ရန် လိုအပ်ပါသည်။ အခန်းထိန်းများသည် လည်း ဧည့်သည်များ တည်းခိုနေထိုင်သော အိပ်ခန်းများအတွင်း ဝင်ရောက်လုပ်ဆောင်ရခြင်းကြောင့် လုပ်ငန်းကျွမ်းကျင်ရုံနှင့်မပြီးဘဲ ရိုးသားဖြောင့်မတ်မှန်ကန်မှုနှင့်လည်း ပြည့်စုံရန် လိုအပ်ပါသည်။
အိပ်ခန်းဆောင်ဝန်ထမ်းများသည် တစ်ကိုယ်ရေ ကျန်းမာရေးနှင့် ဝတ်စားဆင်ယင်မှုတို့လည်း အထူး ဂရုစိုက် ဆောင်ရွက်ရပါသည်။

၃။ ဟိုတယ်စားပွဲထိုးလုပ်ငန်း နှင့် Bartender လုပ်ငန်း (Food and Beverage Service Bartender)
ဟိုတယ်စားပွဲထိုးဆိုသည်မှာ ရိုးရိုးသာမန်လက်ဖက်ရည်ဆိုင်များတွင် လုပ်သော စားပွဲထိုးများထက် ပိုမိုသာလွန်ကောင်းမွန်သည့် လုပ်ငန်းအတတ်ပညာရပ်တစ်ခုပဲ ဖြစ်ပါသည်။ စနစ်တကျ လေ့ကျင့်သင်ကြား ပေးထားသည့် waiter and waitress များရဲ့ သိသင့်သိထိုက်သည့် အကြောင်းအရာများ တတ်မြောက် ထားမည် ဆိုပါလျှင် အချိန်ပြည့် လုပ်ငန်းများနှင့် အချိန်ပိုင်းလုပ်ငန်းများတွင် အသုံးချနိုင်ပါသည်။

Waiter and Waitress နှင့် Barman တစ်ယောက်ရှိသင့်သော အတတ်ပညာ အရည်အချင်းများ
(က) စားသောက်ခန်း၊ အရက်ခန်း ကြိုတင်ပြင်ဆင်ခြင်း။
(ခ) ဧည့်သည်အား ကြိုဆိုနှုတ်ဆက်ခြင်း။
(ဂ) ဧည့်သည်အား လက်ခံခြင်း၊ နေရာပေးခြင်း။
(ဃ) စားပွဲခင်းကျင်းပုံ နည်းစနစ်များ။
(င) စားသောက်ခန်း မဖွင့်မီ တွေ့ဆုံဆွေးနွေးခြင်း၊ စစ်ဆေးခြင်း။
(စ) အဖျော်ယမကာ အမှာလက်ခံခြင်း၊ အမှာလွှာရေးခြင်း၊ ဧည့်ခံကျွေးမွေးခြင်း။
(ဆ) အစားအစာ အမှာလက်ခံခြင်း၊ အမှာလွှာရေးခြင်း၊ ဧည့်ခံကျွေးမွေးခြင်း။
(ဇ) ဝိုင်၊ ရှန်ပိန်များ ဧည့်ခံကျွေးမွေးခြင်း။
(ဈ) ငွေရှင်းလွှာပေးရာတွင် စစ်ဆေးရမည့် အချက်အလက်၊ ငွေရှင်းပုံရှင်းနည်းများ၊ ပြန်အမ်းငွေများ ကျနစွာ ပေးဆောင်ခြင်း။
(ည) လိုက်ပါ၊ ပို့ဆောင်၊ နှုတ်ဆက်၊ ဖိတ်ကြားခြင်း စတဲ့ ဝန်ဆောင်မှုများ ကျွမ်းကျင်စွာ တတ်မြောက်ထားမည် ဆိုပါလျှင် Waiter and Waitress နှင့် Barman ကောင်းတစ်ဦးဖြစ်လာမည်မှာ အမှန်မုချပင် ဖြစ်ပါသည်။
ယခုအခါ ပွင့်လင်းရာသီဖြစ်သည့်အတွက် ဟိုတယ်များ၊ စားသောက်ဆိုင်များမှ ပွဲလမ်းသဘင်များ အတွက် အချိန်ပိုင်း ဝန်ထမ်းများကို ခေါ်ယူဝန်ဆောင်မှုများ ပြုလုပ်ကြတာကြောင့် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုးတိုးတက် ကောင်းမွန်သည့် လုပ်ငန်းစဉ်တစ်ခုလည်း အပါအဝင်ဖြစ်ပါသည်။

၄။ ဟိုတယ်စားဖိုမှူးလုပ်ငန်း
ဒီစားဖိုမှူးလုပ်ငန်းကတော့ အများသိတဲ့အတိုင်း ချက်ပြုတ်တဲ့အပိုင်းဆိုတာတော့ မပြောပဲနဲ့သိမှာ ဖြစ်ပါတယ်။ ခုနောက်ပိုင်း စားဖိုမှူးလုပ်ငန်းများသည် ဟိုတယ်များအတွက် စားဖိုမှူး၊ သင်္ဘောပေါ် ရေယာဉ်များ ပေါ်အတွက် စားဖိုမှူးအပြင် တစ်ချို့က ဝါသနာအရ ချက်ပြုတ်တတ်ချင်တဲ့အတွက် မိသားစုစားဖိုမှူးရယ်လို့ ပိုင်းခြားပြီး သင်ယူတတ်မြောက်ထားကြမယ်ဆိုရင်ဖြင့် သင့်အတွက် ပြည်တွင်းနေရာများအပြင် ပြည်ပနိုင်ငံများ အထိ လုပ်ကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာမည် ဖြစ်ပါသည်။ ချက်နည်းပြုတ်နည်း စုံလင်အောင် တတ်မြောက်ထားသူများအတွက် စတားအဆင့် သတ်မှတ်ထားသော ဟိုတယ်ကြီးများပါ နေရာ အမှန်တကယ် ရရှိလာမည် ဖြစ်ပါသည်။

၅။ မုန့်ဖုတ်ပညာရပ်လုပ်ငန်း
ဒါကတော့ ဟိုတယ်တွေအပြင် ခုနောက်ပိုင်း ဒီမုန့်ဖုတ်နည်းပညာရပ်ကို အမျိုးပေါင်း ၈ဝ ကျော်၊ ၁၀ဝ ကျော်သာ သင်ယူတတ်မြောက်ထားကြမယ်ဆိုရင် ကိုယ်ပိုင် တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်များ လုပ်ကိုင်လာနိုင်ပြီး စီးပွားရေးလုပ်ငန်းရှင် အသေးစားများတောင် ဖြစ်လာနိုင်စရာ ရှိပါသည်။ ဒီလိုပညာရပ်များကို အထင်သေးလို့ မရဘူးဆိုတာ သင်တကယ် ပညာရပ်တစ်ခုခုသာ တတ်မြောက်ထားမည် ဆိုပါက အလုပ်အကိုင် အခွင့်အလမ်း များ အချိန်မရွေး ရွေးချယ်ပိုင်ခွင့်များ ရရှိနိုင်ပါမည်။
အဲဒီအတွက် ဘယ်လိုဘာသာရပ်တွေကို ထိထိရောက်ရောက် သင်ယူရမည်ဆိုတာကို မပြောနိုင် ပေမယ့် စီးပွားရေးအမြင် ကျွမ်းကျင်သူများအတွက် နေရာ တစ်နေရာရှိနေတယ်လို့ ဆိုလိုပါသည်။ ဘာပဲဖြစ်ဖြစ် ၂၀၁၃ ခုနှစ်မှာတော့ နိုင်ငံတကာ Sea Game လည်း ဝင်လာတော့မှာဖြစ်တဲ့အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး နယ်ပယ်မှာ ကျွမ်းကျင်သူတွေ လိုနေတာတော့ အမှန်ပါ။ ဟိုတယ်ဈေးကွက်ကို နိုင်ငံတကာနှင့်အပြိုင် မြန်မြန်ပြောင်းဖို့ဆိုတာ ကျွမ်းကျင်ဝန်ထမ်းတွေရဲ့ အကူအညီလည်း လိုအပ်နေဆဲ ဖြစ်ပါသည်။ နိုင်ငံတကာ ဟိုတယ်တွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ကတော့ နောက်ကျန်ခဲ့ဖို့ မဟုတ်ပဲ ရှေ့ကို တိုးပြီး သွားနေဖို့လည်း အထူးလိုအပ်လှပါတယ်လို့ ပြောရင်းနဲ့ ယခုအချိန်ကစပြီး ကိုယ့်ရဲ့ Life အတွက် Professional ပညာရပ်တစ်ခုခုတော့ တတ်မြောက်ထားဖို့ လိုအပ်တယ်လို့ ပြောကြားရင်း လုပ်ငန်း ကျွမ်းကျင်မှု နယ်ပယ် အလိုက် တကယ့်လုပ်ငန်း လိုအပ်ချက်နဲ့ ကိုက်ညီတဲ့သူများကို ဆိုင်ရာ ဆိုင်ရာ ဌာန အလိုက် ခေါ်ယူခန့်ထားဖို့ ဆိုင်းပြင်နေကြသည်ကို တွေ့ရှိရခြင်းဖြင့် ဟိုတယ်ပိုင်းဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ပေါ်ပေါက်လာပြီဆိုတော့ ဘယ်လိုအလုပ်မျိုးနဲ့ ဘယ်လိုလူတွေနဲ့ ကိုက်ညီသလဲဆိုတာ သိချင်ကြမယ်လို့ ကျွန်မ ယူဆမိတဲ့အတွက် ဘယ်နေရာတွေနဲ့ ဘယ်အလုပ်က အံဝင်ခွင်ကြဖြစ်မယ်ဆိုတာ ရေးသား တင်ပြလိုက် ရခြင်းပင် ဖြစ်ပါတော့သည်။

မနောဖြူလေး
၂၅.၁၁.၂၀၁၂
1:39 PM

6 comments

  • ခင်ခ

    December 4, 2012 at 9:09 pm

    ဟိုတယ်လုပ်ငန်းခွင်အတွက် လိုအပ်မှု့လေးတွေဖော်ညွှန်းထာတာမို့ ကောင်းပါတယ်ဗျာ။
    ကျွန်တော်တို့ကတော့ ကုန်သွယ်လုပ်ငန်းခွင်ထဲ ရောက်ပြီးသားမို့ အလျဉ်းမသင့်ပေမယ့် အလုပ်အကိုင်ရှာ လူငယ်တွေအတွက်တော့ မျှဝေရတာမို့ ကူးထားလိုက်မယ်ဗျာ။

  • ကထူးဆန်း

    December 4, 2012 at 10:47 pm

    ုနိင်ငံတစ်ကာ ဟိုတယ်လုပ်ငန်းမှာ လူတွေ လိုနေတာ ကြာနေပါပြီ။
    ထို့အတူ မြန်မာနိုင်ငံမှာ လည်း ကျွမ်းကျင် သူတွေ လိုအပ်နေတာ ကြာပါပြီ။
    ဟိုတယ် မှာ လုပ်ချင်သူတွေ အတွက်ကတော့ ကိုယ့်ဟာကိုယ် အရင်ဆန်းစစ်ပါ ။
    ငါ လူတွေ နဲ့ ဆက်ဆံ စကားပြောခြင်ရဲ့လား ..
    ငါ့ ကိုပြောဆိုတာခံရရင် စွပ်စွဲ တာ ခံရရင် မျက်နှာ မပျက် နေနိုှု်င်ရဲ့လား
    ငါ လိုခြင်တပ်မက်စိတ်ကို ထိန်းချုပ်နိုှု်င်ရဲ့လား ။
    နာရီ များစွာ အလုပ်လုပ်နိုင်ရဲ့လား။
    သူများ ပျော် ရွှင်နေတဲ့ အချိန်၊ နှစ်သစ်ကူး ၊ ပွဲ တော် ရုံးပိတ်ရက်တွေမှာ ငါ့ မိသားစု ချစ်သူတွေ နဲ့ အတူ မရှိဘဲ အလုပ်ခွင်မှာ ပျော်ရွှင်စွာ လုပ်နိုင်ရဲ့လား .

    အဲ့ဒါတွေ အရင်ဆန်းစစ်ပြီးမှ ဟိုတယ် ဝန်ထမ်း ဘဝ ကို စတင်ရန် စဉ်းစားပါ ။

  • Mobile

    December 5, 2012 at 12:22 am

    ဗဟုသုတရစေပါကြောင်း ။ ။ ။ ။ ။ ။
    အခြေအနေအချိန်အခါလိုက်၍ ခေတ်မကောင်းလျှင် ဝင်လုပ်သင့်က လုပ်ရမည်ဖြစ်ပါကြောင်း။
    အခြေအနေကောင်းသည်ဆိုပါ အထက်ပါ သတ်မှတ်ချက်များနှင့်အညီ ဝန်ထမ်းများကို ခေါ်ယူခန့်အပ်
    နိုင်ရန် ဟိုတယ် ပိုင်ရှင်လုပ်မည်ဖြစ်ပါကြောင်း။ အလုပ်လျှောက်လိုသူများ ကြိုတင်စာရင်းပေးသွင်း
    ထားနိုင်ပါကြောင်း ။ ။ ။ ။ ။ ။ ။ ။

  • jullies cezer

    December 5, 2012 at 1:17 pm

    accounting နဲ့ဆိုင်တာတွေမပါပေမဲ့ ကျန်တဲ့ဗဟုသုတတွေအတွက်ကျေးဇူးပါ
    မမနောရေ …….

  • TheWinner

    December 5, 2012 at 3:20 pm

    ဟိုတယ် life က တကယ်တော့လည်း ပျော်ဖို့ကောင်းပါတယ်။ ဒါပေမယ့် မိသားစုကို သိပ်ပြီး တွယ်တာလွန်းရင်တော့ ပျော်ဖို့နည်းနည်းခက်ပါတယ်။
    ဧည့်သည်တွေနဲ့ စကားပြောရတာ၊ ကိုယ်မသိတဲ့ နိုင်ငံတွေအကြောင်း၊ လူတွေအကြောင်း၊ ဘာသာ၊ ယဉ်ကျေးမှုတွေအကြောင်းကအစ အနီးစပ်ဆုံး လေ့လာလို့လည်း အကောင်းဆုံး နေရာလေးပါပဲ။ အထူးသဖြင့်တော့ Front Of The Hotel ပိုင်းပေါ့နော်။
    Back of the Hotel ပိုင်းမှာလည်း မနောပြောပြထားတဲ့ Housekeeping အပြင်၊ Maintenance, Security, Admin & Finance စတဲ့ နေရာတွေမှာလည်း စိတ်ဝင်စားစရာတွေ အများကြီးရှိပါတယ်။
    တစိုက်မတ်မတ်နဲ့ ရိုးသားစွာ ကြိုးစားတဲ့သူတွေအတွက်ကတော့ နောင် ၁ဝ နှစ်လောက်ကြာတဲ့ အခါမှာ မနောလေးရေးပြထားတဲ့နေရာတွေကနေတဆင့် Resident Manager တွေ General Manager ဖြစ်လာကြမှာပါ။

  • ko Kyaing

    December 6, 2012 at 10:12 pm

    ဟိုတယ်ဝန်ထမ်းဘဝအတွက်ကြားဘူးထားတာလေးပြောပြချင်ပါတယ်အတိအကျကြီးမမှတ်မိပေမဲ့ကျွန်တော်အတွက်အားဆေးဖြစ်စေတဲ့စာသားလေးတွေပါ။ —- ဟိုတယ်ဝန်ထမ်းတစ်ယောက်သေဆုံးပြီး သူဟာ ဝိဉာဉ်ဝင်မှုကြီးကြပ်ရေးကိုရောက်သွားပါတယ် – လူ့ဘဝမှာအကောင်း အဆိုးလုပ်ခဲ့တာတွေမူတည်ပြီး နတ်ပြည် ငရဲပြည်ကိုပို့ပေးပါတယ် ။ အရာရှိကြီး က သူ့ကိုမေးပါတယ် – အရက်သောက်လား အပျော်အပါးလိုက်စားလား မူးယစ်ဆေးသုံးဘူးလားစသည်ဖြင့်မေးခွန်းတွေမေးတော့ သူဟာမကောင်းအားလုံးနီးပါးလုပ်ဘူးကြောင်းဖြေတော့ သူ့ကိုငရဲပြည်ကိုပဲပို့ရတော့မှာပေါ့ ဒါပေမဲ. နတ်ပြည်ကိုပို့လိုက်ပါတယ် ဒါကတော့နောက်ဆုံးမေးခွန်းလေးကြောင့်ပါ ။ မေးခွန်းကတော့ လူ့ပြည်အသက်ရှင်စဉ်မှာဘာအလုပ်လုပ်သလဲလို့မေးပါတယ် သူကဟိုတယ်ဝန်ထမ်းဖြစ်ကြောင်းဖြေလိုက်တော့ အရာရှိမင်းကဒီလိုပြောပါတယ် အော်မင်းကလူ့ပြည်မှာတုန်းကငရဲကျခဲ့တာကိုး အခုနတ်ပြည်ကိုသွားဆိုပြီးနတ်ပြည်ကိုပို့လိုက်ပါတယ်
    ဟိုတယ်life ဟာ——————-

Leave a Reply