Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အမွေရဖို့ ကျွန်တော် အမေရိကသွားတဲ့ ခရီး (Story-1)

အမေရိကန် သမ္မတကြီး အိုဘားမား လာတုန်းက လူကြုံပါလာတဲ့ စာဆိုပြီး ကျနော့်ဆီရောက်လာတယ်

ရွှေတိဂုံစောင်းတန်းက ဆိုင်မှာ မြန်မာပြည်အမှတ်တရ ပစ္စည်းဝယ်ရင်းနဲ့ ဆိုင်ရှင်ကို လက်ဆွဲ နှုတ်ဆက်တုန်းက ပေးခဲ့တာပါ။

စာပို့လိုက်တဲ့ သူက Thomas Smith Kai တဲ့ စာအိတ်ပေါ်မှာ ရေးထားတာ။ စာအိတ်ကို ကြည့်ပြီး ရင်ထဲမှာ လှိုက်ခနဲ ဖြစ်သွားသေး Kai ဆိုလို့လေ..။ တို့ဂေဇတ်သူကြီး နာမည်ကလည်း Kai ပါတယ်မဟုတ်လား..။

ဒါနဲ့ ခပ်မြန်မြန် စာကိုဖောက်ဖတ်ကြည့်တော့ ဗြုံန်းခနဲ ဝမ်းသာ။ ဗျာကယာ ဝမ်းနည်း။ နောက် တိတ်တခိုး ပျော်မဆုံး ဖြစ်ရပါတော့တယ်..။

စာပါ အကြောင်းအရာတွေကတော့…

ဟုတ်ပါတယ်..။ စာရေးလိုက်တဲ့ သူက ကျနော်တို့ ဂေဇက်မှ သူကြီး ဥခိုင် ဖြစ်ပါတယ်။ သူက ကျနော် ငယ်ငယ်လေးကတည်းက အမေရိကကို ပြောင်းသွားတဲ့ ကျနော့် ဦးလေးအရင်းခေါက်ခေါက်ပါတဲ့ (ဗြုံန်းကနဲ ဝမ်းသာ..)

ဂေဇက်မှာ ကျနော် ပေါက်ကရစာတွေ ရေးနေတာ တွေ့ပေမယ့် ပါစင်နယ်နဲ့ ပရော်ဖက်ရှင်နယ် မရောထွေးချင်လို့ မခေါ် မပြောဖြစ်တာ တောင်းပန်ပါတယ်တဲ့။ (ခွင့်ပြုတယ်၊ ခွင့်လွှတ်တယ်.. ငါကွ သူကြီးတူ.. ရွာထဲမှာ ရာထူးတိုးပေးဖို့တောင်းမယ်)

ကျနော် စာဖတ်နေချိန်မှာ လူ့လောကကြီးထဲ သူ မရှိတော့ပါဘူးတဲ့။ ဟောဗျာ.. (ဗျာကယာ ဝမ်းနည်း..) အသိနောက်ကျလေခြင်း ဦးလေးရယ်.. အီး ဟီး။

အဲဒါ သူ့ ပိုင်ဆိုင်မှုတွေကို အမွေ ဆက်ခံဖို့ အမေရိကကို လာခဲ့ဖို့ သူ့ရှေ့နေကတဆင့် ခေါ်ခိုင်းထားတာတဲ့။ ဟယ်.. အ..အ အမွေရမယ်တဲ့ (တိတ်တခိုး ပျော်မဆုံး) ဟီ ဟိ။

ဒီလိုနဲ့ ရွာစားကျော်တစ်ယောက် အမေရိကကို အမွေဆက်ခံဖို့အရေး ခရီးထွက်ခဲ့တယ်ဆိုပါတော့ဗျာ..။ ကျနော့်ရဲ့ အမေရိကသွား မြို့လားကို ဖတ်ပြီး ရွာသူားတွေ ဗဟုသုတရစေဖို့ ရေးသားတင်ပြလိုက်ပါတယ်နော်..။

(အင်္ဂလိပ်စကားပြော လေ့လာမယ်..ဆိုပြီးလုပ်နေတာ၊ ရွာသူားတွေနဲ့ အတူလေ့လာရင် ပိုလုပ်ဖြစ်မလားလို့ စာရေးတင်တာပါ..။ ကျနော်တို့ ဥပေက္ခာသူဂျီးက သူ့ကို လောကထဲကမရှိတော့ဘူးပြောလို့ စိတ်မဆိုးလောက်ပါဘူးနော။ ခွင့်လွှတ်တယ်ဆိုရင် အင်္ဂလိပ်စကားပြော movie လေးတွေ ပို့စ်ထဲမှာ တခါတည်း ဖွင့်လို့ရအောင် မ.စ. ပါလားလို့.. နော်.. နော်။ မဟုတ်ရင် စိတ်ဆိုးတယ်လို့ မှတ်သွားမှာ.. ဒါဗျဲ.. သဂျူတီး.. Alex Smith YwarZarrKyaw !)

အမေရိကရောက်ရောက်ချင်း လေယာဉ်ပေါ်ကဆင်းတော့ ကြုံရတာက ဒီလိုပါတဲ့ဗျာ။

EE01ST

movie ထဲက စကားပြောလေးတွေက ဒီလိုပါ

At the Immigration Counter (လူဝင်မှုကြီးကြပ်ရေးတွင်..)

Imm. Agent: Good afternoon.

ကောင်းသောနေ့ပါ။

Imm. Agent: May I see your passport please?

လူကြီးမင်းရဲ့ ပတ်စ်ပို့ ကျေးဇူးပြု၍ ကြည့်ပါရစေရှင်။

Alex:             Yes, here it is, and here’s my visa.

ဟုတ်ကဲ့၊ ဒီမှာပါ။ ဒီမှာက ကျွန်တော့် ဗီဇာပါ။

Imm. Agent: Thank you. You have a tourist visa for three months.

ကျေးဇူးတင်ပါတယ်။ ခင်ဗျား ခရီးသွားဗီဇာ သုံးလ ရတာပဲ။

Alex:             Yes, that’s right. I plan to travel some in the U.S.

ဟုတ်ကဲ့၊ မှန်ပါတယ်။ ကျွန်တော် US ရဲ့ တချို့နေရာတွေ ခရီးသွားမလို့ပါ။

Imm. Agent: Where are you going?

ဘယ်ကို သွားမလို့ပါလဲ။

Alex:             I’m going to spend some time in Atlanta.

ကျွန်တော် အတ္တလန်တာမှာ ခဏ နေပါမယ်။

Alex:             After that, I’m going to Washington, Chicago, and California.

ပြီးရင် ကျွန်တော် ဝါရှင်တန်၊ ချီကာဂို နဲ့ ကယ်လီဖိုးနီးယားကို သွားပါမယ်။

Imm. Agent: All right. Enjoy your stay!

ဟုတ်ပါပြီ။ US မှာ ကြည်နူးပျော်ရွှင်ပါစေရှင်။

 

At the Customs (အကောက်ခွန်တွင်..)

Cust. Agent:   Hi! Anything to declare?

ဟိုင်း..၊ အခွန်ဆောင်စရာ တစ်ခုခု ပါပါသလား?

Alex:             Excuse me? I don’t understand.

တဆိတ်လောက်.. ကျွန်တော် နားမလည်လို့ပါ။

Cust. Agent:   Do you have any valuables or alcohol to declare?

ခင်ဗျားမှာ အဖိုးတန်ပစ္စည်း ဒါမှမဟုတ် အရက်လို အခွန်ဆောင်စရာ ရှိပါသလား?

Alex:             No, nothing at all.

ဟင့်အင်း။ လုံးဝ မပါပါဘူး ခင်ဗျာ။

Cust. Agent:   O.K. You can go ahead.

ကောင်းပါပြီ။ ဆက်သွားနိုင်ပါပြီ။

Alex:             Thank you.

ကျေးဇူးပါပဲ။

___+++___***___+++___

အထက်ပါ စကားပြော မူဗီလေးနဲ့ စာကြောင်းတွေက ဟောဒီ Learn to speak English (8.0) စာအုပ်ထဲမှ ဖြစ်ပါတယ်။ စကားပြော သင်ခန်းစာ ၃ဝ ပါတာကို ကျနော် ပို့စ်တင်သွားမှာပါ။

Credit to: Learn to Speak English 8.0
Credit to: Learn to Speak English 8.0

Wookbook ဖတ်ရန် pdf file ပါ EnglishWorkbook

___+++___***___+++___

နောက်ဆက်တွဲ… လေဆိပ်မှာ ပြောဆိုဖို့ လိုနိုင်တာလေးတွေ ထပ်ရေးလိုက်ပါတယ်

–          Have you been here before?

ဒီကို အရင်က ရောက်ဖူးပါသလား။

–          This is my first visit.

ဒါ ပထမဆုံးအကြိမ်ပါ။

–          What is the purpose of your visit to America?

အမေရိကကို ဘာရည်ရွယ်ချက်နဲ့ လာသလဲ။

–          I came here to get a job.

အလုပ်လုပ်ဖို့လာတာပါ။

–          What kind of visa do you have?

ဘာဗီဇာနဲ့လာတာပါလဲ။

–          Job/Employment visa.

အလုပ်ဗီဇာပါ။

–          How long do you intend to stay here?

ဒီမှာ ဘယ်လောက်ကြာကြာနေဖို့ ရည်ရွယ်ထားပါသလဲ။

–          Two years.

နှစ်နှစ်ပါ။

–          When do you plan to return to your country?

ခင်ဗျားနိုင်ငံကို ဘယ်တော့ပြန်ဖို့ စီစဉ်ထားလဲ။

–          In 2014. After my contract with the factory ends.

၂၀၁၄ ခုနစ်မှာပါ။ စက်ရုံနဲ့ စာချုပ်ချုပ်ထားတဲ့ အချိန်ကုန်တဲ့ထိပေါ့။

–          I’m sorry. I can give you only one year.

ဝမ်းနည်းပါတယ်။ ကျွန်တော် ခင်ဗျားကို တစ်နှစ်ပဲပေးနိုင်မယ်။

–          Why? I’ve got a job visa as well as a work permit.

ဘာကြောင့်လဲ။ ကျွန်တော့မှာ အလုပ်လုပ်ခွင့် ပါမစ်ရော အလုပ်ဗီဇာပါ ပါတာပဲ။

–          In that case, how can I get a visa extension?

ဒါဆိုရင် ဘယ်လိုလုပ်ပြီး  ဗီဇာ သက်တမ်းတိုးရမလဲ။

–          You’ll have to get the extension at the immigration office before your visa expires.

ခင်ဗျားဗီဇာသက်တမ်းမကုန်ခင် လူဝင်မှုကြီးကြပ်ရေးရုံးမှာ သွားပြီး သက်တမ်းတိုးရမယ်။

–          Where do you plan to stay? What is your address in America?

ဘယ်မှာနေဖို့ စီစဉ်ထားလဲ။ အမေရိကမှာ နေမယ့် လိပ်စာပေးပါ။

–          I’m not sure yet. First, I need to contact the company I’m working for. They said they will find me somewhere to stay.

မသေချာသေးပါဘူး။ အလုပ်လုပ်မယ့် ကုမ္ပဏီနဲ့ အရင်ဆက်သွယ်ရမယ်။ ကုမ်ပဏီက နေရေးထိုင်ရေးစီစဉ်ပေးမယ်လို့ ပြောတယ်။

–          Give me your company address then.

ဒါဆိုလည်း ကုမ်ပဏီလိပ်စာပပေးပါ။

–          Sure. Here it is.

ရပါတယျ။ ဒီမှာပါ။

–          May I see your health certificate, please?

ခင်ဗျားရဲ့ ကျန်းမာရေးစစ်ဆေးချက်ထောက်ခံစာလေး ကြည့်ပါရစေ။

–          I haven’t got one?

ပါမလာပါဘူး။

–          Then, you’d better go to the room over there and have a medical check-up. Come back again after that.

ဒါဆိုရင် ဟိုနားက အခန်းသွားပြီး ကျန်းမာရေး စစ်ဆေးချက်ယူရမယ်။ ပြီးရင် ပြန်လာခဲ့ပါ။

 

17 comments

  • မင်းနန္ဓာ

    December 5, 2012 at 12:35 pm

    ချစ်ခင်ရပါတဲ့ သူကြီးခိုင် (သို့) Moderator တစ်ဦးဦးမှ အင်္ဂလိပ်စကားပြော မူဗီလေး ပို့စ်ထဲမှာ တစ်ခါတည်းဖတ်လို့ရအောင် လုပ်ပေးမယ်ဆိုရင် အရမ်းကို ကျေးဇူးတင် ဝမ်းမြောက်မိမှာပါခင်ဗျာ
    ကူညီပေးပါလား… ဖိုင်ဆိုဒ် ၄ မဂ် လောက်ပဲရှိပါတယ်

  • kai

    December 5, 2012 at 1:04 pm

    မေလ်းနဲ့ပို့လိုက်ပါလား..
    ဒါမှမဟုတ်.. http://mandalayTube.com မှာကိုယ်တိုင်တင်လည်းရပါတယ်..
    ပြီးမှလင်ခ်ပေးပေါ့..

    • မင်းနန္ဓာ

      December 5, 2012 at 1:34 pm

      အူးရေး
      အနော် ခု ကွန်မင့် လာတဲ့ အက်ဒမင် မေးလ်ကို အတက်ချ်နဲ့ ပို့လိုက်ပါဘီ
      မန်းဒလေးကျုမှာ registration လုပ်ခိုင်းနေလို့ နောက်ပို့စ်မှ အဲဒီမှာ ကိုယ့်ဖာသာ လုပ်တော့မယ် နော်
      … ကျေးဇူး အူးခိုင်

    • မင်းနန္ဓာ

      December 5, 2012 at 2:24 pm

      မူဗီက ဖွင့်ကြည့်တာ ဖျတ်ဖျတ်ဖျတ် ဗလစ်ဗလစ်ဆို ပြီးသွားတယ်
      အဆင်မပြေဘူးလား မသိဘူး ထပ် ကြည့်ပေးပါအုံး..
      ဪ.. ဒါနဲ့ မေ့နေလိုက်တာ လန့်ရအုံးမှာပဲ
      အမရေး.. တရဲ တရဲ :kwi: :harr:

  • ဦးဦးပါလေရာ

    December 5, 2012 at 1:51 pm

    ဆိုင်းဆရာ တကယ်များအမွေရသလားလို့
    အလှူထပ်ခံမလို့ အားတက်သရောဝင်ဖတ်ကြည့်တာ
    စပိကင်းလက်ဆင်တွေ တင်ပေးတာကိုး….
    အဲဒါ လမ်းကြုံရင်လေ-
    နိုင်ငံခြားသားတွေ မြန်မာပြည်ရောက်တုန်း အိမ်သာရှာတဲ့အခါ အမေးအဖြေလုပ်ရမှာလေးတွေလဲ တင်ပေးပါဦး…
    လောလောဆယ် ရန်ကုန်မှာ အရေးတကြီးလိုနေတယ်…. :harr:

    • မင်းနန္ဓာ

      December 5, 2012 at 1:57 pm

      အဲဒါများ ဦးပါရယ်..
      တစ်ခွန်းတည်း ဖြေလိုက်ရင် ရတာကို
      Follow your nose! လို့ :harr:
      (ရီစရာပြောတာပါ..၊ မြန်မာတစ်ယောက်သွားပြောမယ်ဆိုရင်တော့ တည့်တိုးကြီး ဘာသာပြန်ပြီး သူ့ကို ခွေးပြောတယ်ထင်စရာရှိလို့လေ။ ဒါက တည့်တည့်သွားပါ လို့ ပြောတဲ့အီဒီယံစကားပါ)

    • Inz@ghi

      December 5, 2012 at 2:04 pm

      နယ်ဆို သာဆိုးသေး ..
      နယ်က စားသောက်ဆိုင်တွေ အိမ်သာနံရံမှာ တံမျက်စည်း ထုံးသုတ်ပြီး
      ပြူးနေအောင်ရေးထားကြတယ်..
      ကျား


      တဲ့ .. လူပြတ်တဲ့အချိန်များ ဒင်းတို့ အိမ်သာသွားရင်
      မျက်လုံးလေး ကလည်ကလည်နဲ့ အင်မတန် သနားဇယာကောင်းတာကလား..

      :harr:

  • အိမ်လွမ်းသူ

    December 5, 2012 at 2:22 pm

    travel some နေရာမှာ travel နဲ some ကို break လုပ်ပြီး မှပြောလို အကြံပြုပါရစေ တဆက်တဲသွားပြောလို တော်ကြာ troublesome အသံ ထွက်သွားရင် ငါ US မှာ ပြသာနာ ရှာဖို့ အကြံရှိတယ် လို့ပြောတယ် ထင်ပြီး တခါတည်း အဖမ်းခံနေရ အုံးမယ်။ I plan to troublesome in the U.S ! :kwi: :kwi:

    • မင်းနန္ဓာ

      December 5, 2012 at 2:40 pm

      အကြံပေးတဲ့ အိမ်လွမ်းသူရေ ကျေးဇူးပါ..
      ကျနော်တို့ အင်္ဂလိမ်စကားနဲ့ လေသံအကျွမ်းမဝင်သူတွေ ငပိသံနဲ့ လုံးရောပြီးပြောတဲ့သူတွေ ဂရုပြုစရာပါ
      သရ အသံစုံ ထွက်မယ်ဆို
      travel ကို (trav-vel) ထရက်-ဗဲလ် လို့ အသံထွက်မည်ဖြစ်ပြီး
      trouble ကို (tro-u-bel) ထရား-အူး-ဘဲလ် (အူးသံကို ဖျော့ပြီး) ထွက်ရမယ် ထင်ပါတယ်..
      ကျနော်တို့အတွက်တော့ ပြောဖို့ရော ကွဲဖို့ရော ခပ် ခက်ခက်ပါ

  • Mobile

    December 5, 2012 at 3:09 pm

    မြန်မာစာမှာသာ က အစ အ အဆုံးစါလုံးပေါင်း မတောက်တစ်ခေါက်နားလည်ပေမယ့်
    အင်္ဂလိပ်စာဆိုရင် တစ်လုံးတစ်လေမှ မတတ်လေတဲ့အတွက် သင်ပေးကြပါ့ဦးကွယ်

    • မင်းနန္ဓာ

      December 5, 2012 at 9:15 pm

      ဒီလိုဆို ကျနော်နဲ့ အတူ ဒီသင်ခန်းစာလေးတွေ အတူလေ့လာကြတာပါ့ မိုဘိုင်းရေ

  • ကထူးဆန်း

    December 5, 2012 at 11:04 pm

    Imm. Agent: Good afternoon.
    ကောင်းသောနေ့ပါ။
    Imm. Agent: May I see your passport please?
    လူကြီးမင်းရဲ့ ပတ်စ်ပို့ ကျေးဇူးပြု၍ ကြည့်ပါရစေရှင်။

    ဟိဟိ .. နဲနဲ ဝင်ကွန့်လိုက်ဦးမယ် ။ မြန်မာနိုင်ငံက Immigration Officer တော့ သိဖူး ။
    တစ်ခြား နိုင်ငံက Immigration တွေက တော့ ဘယ်တော့ မှ နုတ်မဆက်တဲ့ အပြင် မျက်နှာ ရှစ်ခေါက်မက ဆယ်ခေါက်ချိုး နဲ့ ။ May I see your passport လဲ ဝေလာဝေး.. Passport အပြင် ဘာမှ တောင်မပြောဘူး ။ ကိုယ်က နုတ်ဆက်ရင်တောင် မကြားချင်ယောင်ဆောင်သေးတယ် ။
    White card ဖြည့်ထားတာတွေ များ မှားလို့ မဖြေ့မိလို့များကတော့ ပြန်တောင် မောင်းထုတ်လိုက်သေးတယ် ။
    မြန်မာနိုင်ငံသားဖြစ်လို့ ပါတ်စပို့ အနီကိုင်ထားလို့ မဟုတ ်။ အခြားနိုင်ငံသား တွေကို လည်း ဒီလိုဘဲ ။ နောက်ပိုင်း စကာင်္ပူ ကတော့ အဲ့ဒါတွေကို ပြင်ဖို့ Immigration officer တွေကို ယဉ်ယဉ်ကျေးကျေူးပြောဖို့ campaign လုပ်သေးတယ် ။

    • မင်းနန္ဓာ

      December 6, 2012 at 10:12 am

      Official passport ကြောင့်လားတော့မသိ။
      မျက်နှာရှစ်ခေါက်ချိုးနဲ့ ဟောက်တာတော့ မခံရဖူးဘူး။
      သို့ပေသည့် ဒီနေရာမှာ ဒါပေးရမှာ သိပြီးသားဆိုတဲ့သဘောလားပဲ ဘာမှ မပြောဘဲ လက်ကလေးပဲကမ်းပြီးတောင်းကြတယ်။
      ကြုံဖူးတာတော့ ဘင်္ဂလားကိုသင်တန်းအတွက်သွားတုန်းက ကိုယ့်ပတ်စ်ပို့ကြည့်ပြီး သူတို့ချင်း ကွိကွကွိကွ လုပ်နေတယ်။ ပြီးမှ ဗီဇာမပါလို့တဲ့။ မြန်မာနဲ့ ဘင်္ဂလား အစိမ်းဆိုရင် ရက်တစ်ရာ ဗီဇာလွတ်တယ်ဆိုတာ အတော်ရှင်းပြတာ မရဘူး။
      နောက်ဆုံး သင်တန်းက လာကြိုတဲ့သူတွေပါ ဝင်ပြော၊ သင်တန်းတက်မယ့် အထောက်အထားတွေပြပြီးမှ ကိစ္စပြတ်တော့တယ်။

  • kai

    December 6, 2012 at 3:55 pm

    တကယ်လက်တွေ့မတော့…
    Immigration Counter မှာ.. အရာရှိကို.. လောကွတ်စကားပြော.. သွားမလုပ်သင့်ဘူး.. ထင်မိတယ်…
    သံသယဝင်သွားပြီး.. အသားကုန်စစ်လိမ့်မယ်..။
    သူတို့ကလည်း.. လောကွတ်.. လုပ်မယ်မထင်ပါ…

    • မင်းနန္ဓာ

      December 7, 2012 at 12:22 pm

      ဟုတ်တယ်
      သူတို့တည်သလို ကိုယ်လည်း ကိုယ့်မင်ကိုယ့်မောင်းနဲ့ နေလိုက် ပြီးတာပဲ..
      ဒါနဲ့ သူကြီး မန်းကျုမှာတင်ထားတဲ့ သင်ခန်းစာ မူဗီက duration 2 sec ပဲ ဖြစ်နေပြီး ဖွင့်ကြည့်ရင် အဆင်မပြေဖြစ်ဖြစ်နေတယ်..
      တခါတခါ အောက်က အဲရာကုတ်လည်း ပြနေတယ်..

      Error, mediainfo request failed: http://mandalaytube.com/flashcomm.php, message: faultCode:Server.Error.Request faultString:’HTTP request error’ faultDetail:’Error: [IOErrorEvent type=”ioError” bubbles=false cancelable=false eventPhase=2 text=”Error #2032″]. URL: http://mandalaytube.com/flashcomm.php

  • မောင်ပေ

    December 6, 2012 at 9:41 pm

    အင်း..
    လာမယ့် လေးငါးနှစ်အတွင်း ၊ အဆင်ပြေတာမြန်ရင်တော့ ၂နှစ်လောက်အတွင်းပေါ့ဗျာ
    အဲဒီ ဦးမစ်စတာခိုင် တို ့ဆီ အလည်သွားမှာဗျ
    ဆိုတော့
    ရွာစားရေ
    ခင်ဗျား သင်ခန်းစာနောက်ကို လိုက်ပြီ ဖြစ်ပါကြောင်း
    အဲဒါ အဲဒါ ( ခရက်ဒစ် တူ သဂျီး )

    • မင်းနန္ဓာ

      December 7, 2012 at 12:33 pm

      အဲဒါ အဲဒါ ( ခရက်ဒစ် တူ သဂျီး )
      အတူသွားကြတာပေါ့
      ကိုယ်လည်းအဆင်ပြေရော သဂျီးကလည်း အဆင်ပြေလို့ ပြန်လာမယ်ဆို အဝင်အထွက်လွဲနေအုံးမယ်
      ..
      သဂျီး
      မန်လေးကျုက ကျနော့်ကို ကွန်ဖမ်းမေးလ် ပြန်ဝင်မလာဘူး..
      သဂျီးတင်ပေးထားတဲ့ ကျနော့် သင်ခန်းစာမူဗီကလည်း duration 2 sec ဖြစ်ပြီး အဲရာဖြစ်နေတယ်ဗျ
      ပို့စ်ထဲ ရောက်အောင်လည်း လုပ်ပေးပါအုံး အဟီး

Leave a Reply