ရှင်ဒေဝဒတ်ကို မြေမျိုခြင်းအကြောင်း
(ဗုဒ္ဓဝင်ထဲမှ ရှင်ဒေဝဒတ်နဲ့ အဇာတသတ်မင်းကြီး အကြောင်း တင်ဆက်လိုက်ပါတယ်။ ဗုဒ္ဓဝင်ထဲက အချက်အလက်တွေအတိုင်း ရေးတာဖြစ်ပြီး အချို့နေရာမှာတော့ စာရေးသူရဲ့ စိတ်ကူးနဲ့ ဟာသ ထည့်ထားပါတယ်။ ဟာသ ဆိုပေမယ့် တကယ့်အဖြစ်အပျက်တွေ အပေါ်မှာ ဟာသလုပ်တာ ဖြစ်ပါတယ်။ ဟာသကလည်း မြတ်စွာဘုရားရှင်ကိုတော့ မလုပ်ဝံ့လို့ ရှင်ဒေဝဒတ်နဲ့ အဇာတသတ်မင်းသား အခန်းတွေမှာ ဟာသထည့်ထားပါတယ်)
အချိန်ကား ဘုန်းတော်ကြီးသော ဂေါတမမြတ်စွာဘုရားရှင်သည် ကောသမ္ဗီပြည်တွင် သီတင်းသုံး နေထိုင်တော်မူသော အခါဖြစ်ပေသည်။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ရှိတော်မူသော အခါဖြစ်သဖြင့် သာသနာတော်ဝယ် လွန်စွာ လှူဒါန်းပူဇော်သူ များသော အခါလည်းဖြစ်သည်။ လူတို့သည် ကျောင်းသို့ရောက်လျှင် မြတ်စွာဘုရားရှင် အဘယ်မှာနည်း စသည်ဖြင့် ကျောင်းသို့လာကြလေသည်။ ဘုရားရှင်ကို ဖူးတွေ့ပြီးလျှင် အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန် အရှင်မဟာကဿပ အရှင်ဘဒ္ဒိယ စသော သာဝကကြီးတို့ကို မေးမြန်းကြလေသည်။ အရှင်ဒေဝဒတ်သည် ထိုကိစ္စနှင့် ပက်သက်ပြီး မကျေမလည် ရှိလေသည်။ သူကား လှူဒါန်းပူဇော်သူ ရလိုသောကြောင့် ဖြစ်သည်။ သူကား ပုထုဇဉ် သာရှိသေးသူတည်း။ လောကီဈာန် တန်ခိုးများနှင့်မူ ပြည့်စုံလေသည်။ ပုထုဇဉ် မှန်သမျှ လာဘ်လာသ ကျော်စောမှုကို မက်သူချည်းပင် ဖြစ်ရာ ဒီအထိတော့ သူမမှားသေးဟု ဆိုနိုင်သည်။
မြတ်စွာဘုရားရှင် ကိုယ်တိုင် ရှိသောအခါဖြစ်သဖြင့် လာဘ်လာဘကတော့ ရှားပါးသောအခါ ဆိုသည်မှာ ကြုံတောင့်ကြုံခဲပင် ဖြစ်သည်။ သို့ပေမယ့် ရှင်ဒေဝဒတ်ကား အရေးပါသော သူများက သူ့ကို ကိုးကွယ်စေလိုခြင်းဖြစ်သည်။
(ပထမဦးစွာ ရှင်ဒေဝဒတ်၏ ဘဝခေါ် သူ၏ ကိုယ်ရေးရာဇဝင်ကို ကြည့်လျှင် ဒေဝဒဟပြည့်ရှင် ဘုရင်သုပ္ပဗုဒ္ဓနှင့် အမိတာဒေဝီမိဖုရားကြီးတို့၏ သားတော် ရွှေလင်ပန်းနှင့် အချင်းဆေးခဲ့သူပေတည်း။ ခေတ်စကားနဲ့ ဆိုရသော် ရှင်ဒေဝဒတ်က သူသည် elite ခေါ် လူ့အထက်တန်းလွှာမိဘနှစ်ပါးက ပေါက်ဖွားခဲ့သူပါဟု ဆိုလျှင် အလွန်မှန်ပါသည်ဟု ဆိုရမည့်သဘော။ ကြည့်လေ ဖခင်သုပ္ပဗုဒ္ဓမင်းကြီးက မာယာဒေဝီမိဖုရားကြီး၏ မောင်အရင်း မိခင် အမိတာဒေဝီက သုဒ္ဓေါဒနမင်းကြီး၏ နှမအရင်း ငယ်စဉ်ကတည်းက ကပိလဝတ်နှင့် ဒေဝဒဟကို ကားယားခွပြီး ငါကွဟု လက်မထောင်ခဲ့သူပေ။ ဒီလိုလူကမှ elite မဟုတ်ဟုဆိုလျှင် ဘယ်သူမှလည်း ဟုတ်စရာ မရှိတော့။)
ဒီတော့ ရှင်ဒေဝဒတ်က သူ့ကို ကိုးကွယ်မည့်သူရှာသည်။ ရှင်ဒေဝဒတ်ရဲ့ အတွေးကို ဒီမှာတင် တွေ့နိုင်သည်။ သူက သာမန် ယုံကြည်ကိုးကွယ်နိုင်မည့် သူဋ္ဌေးသူကြွယ် ဒါယကာလောက်ကို မလိုချင်။ သူက ဒီလိုတွေးသည်တဲ့။ “ဗိမ္မိသာရမင်းသည် မြတ်စွာဘုရားရှင်ကို ပထမအကြိမ် ဖူးတွေ့စဉ်ကပင်လျှင် သောတာပန်တည်သူ ဖြစ်သည်။ ထိုဗိမ္မိသာရမင်းကြီးနဲ့တော့ တစိတ်တဝမ်းတည်း ဘယ်နည်းနဲ့မှ မဖြစ်နိုင်(သူ့ကို ကိုယ့်ဘက်ပါအောင် ဆွယ်လို့ရမည်မဟုတ်)။ ကောသလမင်းကြီးနှင့်လည်း ဘယ်လိုမှ မဖြစ်နိုင်။ ထက်ဝန်းကျင် ထီးဆောင်းနန်းနေ ပဒေသရာဇ်မင်း အားလုံးနီးပါးသည်လည်း ဘုရားရှင်၏ ဥပါသကာတွေချည်း။ ဗိမ္မိသာရမင်းကြီး၏ သားတော်ဖြစ်သော အဇာတသတ်မင်းသားလေးကား ငယ်လည်း ငယ်သေးသည်။ ထိုမင်းသားကို ငါ့အား ဆရာပြု၍ ကိုးကွယ်စေရသော် များစွာသော လာဘသက္ကာရ ဖြစ်လတ္တံ့။ ထို လာဘသက္ကာရကိုမှီ၍ ပရိသတ်လေးပါးတို့ ပြန့်ပွားစည်ပင်စွာဖြစ်မည်” ဟုတွေးလေတော့သည်။
(ကဲ ကြည့် စစဉ်းစားကတည်းက အခွင့်အာဏာရှိသော ရှင်ဘုရင်တွေကို စပြီး စဉ်းစားခြင်းဖြစ်သည်။ ရှင်ဒေဝဒတ ်အတွေးကတော့လည်း မှားတော့မမှား။ လူ့သဘော လူ့မနောကိုတော့ အတော်ကျမ်းကျေသူ ဆိုတာ သူရဲ့ လုပ်ရပ်တွေ တွေးပုံတွေက ပြနေသည်ထင်သည်။ ခေတ်စကားနဲ့ ဆိုသော် နေရာတိုင်းတွင် Admim ခေါ် အုပ်ချုပ်စီမံရေးကို ကိုင်ထားသူများကို ပိုင်လျှင် ကျန်တာတွေ လွယ်တယ်ဆိုတာ သူကောင်းကောင်း သိသည်ဆိုသည့်သဘော။ ဒါကြောင့် စစဉ်းစားကတည်းက Admin ခေါ် အုပ်ချုပ်ရေး အာဏာပိုင်သော ဘုရင်တွေကို စစဉ်းစားခြင်းဖြစ်သည်။ စဉ်းစားကြည့်ပေါ့ admin ခေါ် အုပ်ချုပ်ရေးကို ကိုင်ထားသော ဘုရင်ကိုပိုင်လျှင် ကျန်တဲ့လူက အရင်းလဲလျှင် အဖျားထင်းဖြစ်ပဲ။
လူဆိုသည့် သဘာဝကလည်း အာဏာရှိသူ လုပ်ပိုင်ခွင့် တစုံတရာရှိသူတွေက လုပ်လျှင် သူ့နောက်လိုက် အသိုင်းအဝိုင်း သူ့အာဏာ မကင်းသူတွေက ကြောက်လို့တကြောင်း မျက်နှာလုပ်ချင်လို့ တကြောင်း လိုက်လုပ်ကြသည်သာ။ မထောက်ခံချင်တောင် ကန့်ကွက်ဖို့ သတ္တိမရှိတော့။ အဇာတသတ်မင်းသားလေးက အိမ်ရှေ့မင်းသား နောက်တတ်မည့် ဘုရင် သူကကိုးကွယ်ပြီး ရှင်ဒေဝဒတ်ဝါဒတွေကို ထောက်ခံသော သဘောပြောလိုက်သည်နှင့် သူ့အာဏာစက် အောက်မှာ နေရသူတွေက မျက်နှာရချင်တာ တကြောင်း နောက်မရေးရတော့မှာ ကြောက်တာတကြောင်း အဲလေ ယောင်လို့ ရာဇဝတ်သင့်မှာ ကြောက်တာတကြောင်းတို့ကြောင့် ထောက်ခံရတော့မည်သာ။ ဒီကြားထဲ ခပ်ကဲကဲ အဇာတသတ်နဲ့ ရွယ်တူ မင်းမှုထမ်းကလေးတွေဆိုလျှင် ဆရာဒေဝဒတ်၏ တရားပွဲတိုင်း လာပြီး ဘာပြောပြော ဒီတရားလေးကတော့ အဘဆရာ ဒေဝဒတ်က ဘာလဲ ဘူလဲ ဆိုတာ ပြလိုက်တာပဲ ဆိုပြီး စကားတောင် မပီမသနဲ့ ထောက်ခံပေအုံးတော့မည်လေ။ အမှန်လဲ ရှင်ဒေဝဒတ်က ထိုအချိန်တွင် အသက်က အဇာတသတ်မင်းသား ထက်များစွာကြီးပြီး အဘအရွယ်ပါပဲ။)
အဲဒီတော့ ရှင်ဒေဝဒတ်က ရာဇဂြိုဟ်ပြည်၏ နောက်တတ်မည့် သူကြီးလောင်း အဲလေ မင်းကြီးလောင်းကလေးအား စည်းရုံးသိမ်းသွင်းရန် ကောသမ္ဗီပြည်မှ ရာဇဂြိုဟ်ပြည်သို့ သူရထားသော ဈာန်တန်ခိုးများဖြင့် လာခဲ့ပါပြီ။ ရာဇဂြိုဟ်ပြည်နားရောက်တော့ ရဟန်းအသွင်ကို ပယ်ပြီး အသက် ၁၆ နှစ်ခန့် သူငယ်အသွင်ကို ဖန်ဆင်းပြီး လက်နှစ်ဖက် ခြေနှစ်ဖက်စီမှာ မြွေတကောင်စီ လေးကောင် လည်ပင်းမှာ မြွေတကောင်ပတ်ပြီး အခြားမြွေတကောင်ကို ခေါင်းပေါ်မှာ ပတ်ပြီး မြွေခြောက်ကောင်ကို အမြီးချင်း ယှက်ထိုးပြီး သူ့ကိုယ်သူ မြွေတွေနဲ့ တန်ဆာဆင်လိုက်ပါတယ်။ နောက်တော့မှ ကောင်းကင်ခရီးနဲ့ ပျံလာပြီး အဇာတသတ်မင်းသားလေးရဲ့ အိပ်နေတဲ့နားမှာ ထိုင်လိုက်ပါတော့တယ်။
ဒီတော့မှ အဇာတသတ် မင်းသားလေးက လန့်ပြီး အော်တာပေါ့။ အဲဒီတော့မှ ရှင်ဒေဝဒတ်က မင်းသား ကြောက်သလောပေါ့။ အဲဒီတော့မှ အဇာတသတ် မင်းသားလေးက “သင်ဘယ်သူလဲ လူလော နတ်လော နဂါးလော” လို့မေးတော့မှ ရှင်ဒေဝဒတ်က “မကြောက်ပါနဲ့ မင်းသား။ ငါကား ရှင်ဒေဝဒတ်တည်း။ တန်ခိုးစွမ်းအင်ကို သိစေလို၍ ထုတ်ကြွား အဲ ပြပါသည်ပေါ့” အဲဒီတော့မှ အဇာတသတ် မင်းသားလေးက ရှင်ဒေဝဒတ်ဆိုရင် ရဟန်းအသွင်ကို ပြပါလို့ ပြောတော့မှ သူငယ်အသွင်ကို ပယ်ပြီး ပရိက္ခရာရှစ်ပါးနဲ့ ရဟန်းအသွင်ကို ပြလိုက်ပါတော့တယ်။
(ဒီမှာတင် ရှင်ဒေဝဒတ်ရဲ့ လူကင်းပါးပုံကို တွေ့ရပြန်ပြီ ပရိသတ်ကြီးရေ။ လူလူချင်း မိတ်ဆက်တဲ့ နေရာမှာ ကိုယ်ပိုင်တဲ့ အာဏာပါဝါကို ပြပြီး မိတ်ဆက်ရင် တဘက်သားရဲ့ အထင်ကြီးမှုကို အလွယ်ရတယ်ဆိုတဲ့ အလွန်ရိုးလှတဲ့ နည်းလမ်းကြီးကို အသုံးချတာပါပဲ။ သူက ဒီလို လာမိတ်မဆက်ပဲ ရိုးရိုးသားသား ကောသမ္ဗီကနေ ကြွလာပြီး အဇာတသတ်မင်းသား နန်းတော်ထဲဝင် “ကျနော့်နာမည် ဒေဝဒတ်ပါ။ ကောသမ္ဗီမှာ နေပါတယ်” ဆိုပြီး ပြောလို့ကတော့ အဇာတသတ်မင်းသားက မျိုးကျော့မြိုင်နဲ့ မှားပြီး ဝမ်းစမိုးလို့တောင် ထအော်အုံးမယ်။ ပိုင်လိုက်တဲ့ ရှင်ဒေဝဒတ်ပေါ့။ ခေတ်စကားနဲ့ ပြောရင်တော့ လူဘဝနဲ့သာ ဆိုရင်တော့ ရှင်ဒေဝဒတ်က မြေပဲယိုသီချင်း ထဲကလို ဘယ်ဆိုင်မှာ သွားစားခဲ့တာ ဘယ်လိုတွေ သုံးဖြုန်းခဲ့တာ ဘယ်ကောင်မလေးနဲ့ တွေ့တာတို့ ဘယ်ဘွဲ့တွေရတာတို့ ပြောမှာပေါ့။ ခုတော့ ရဟန်းဘဝနဲ့ ဆိုတော့ သူ့ရဲ့ တန်ခိုးကို ထုတ်ပြရတာပေါ့။
ဒါပေမယ့် လောကီတန်ခိုးကျတော့ အရိယာမဖြစ်သေးသူတွေဟာ သုံးရင် မှားနိုင်တယ်ပေါ့။ ဘာလို့လဲဆိုတော့ လောဘ ဒေါသ မောဟ မကင်းလို့တဲ့။ ထေရဝါဒ အရပေါ့။
အမှန်တော့ ဒီအချိန်ထိ ရှင်ဒေဝဒတ် မမှားသေးဘူး။ ဘာလို့လဲ ဆိုတော့ ပုထုဇဉ်တိုင်း လာဘ်လာဘ နာမည်ကျော်ကြားမှုကို မက်မောတတ်တာကိုး။ ရအောင်ကြိုးစားတာတော့ မမှားသေးပါဘူး။
ထူးခြားတာက ရှင်ဒေဝဒတ်ရဲ့ အပြုအမူတွေဟာ ဒီနေ့ခေတ်လူတွေ အထိ လုပ်နေဆဲ ပြောနေဆဲ အပြုအမူတွေ ဆိုတာပဲ။ စဉ်းစားကြည့်လေ။ သူ့ရဲ့ အဇာတသတ် မင်းသားလေးကို ဖျားယောင်း သွေးဆောင်တဲ့ အခန်းမှာတင် personal professional transparency နဲ့ privacy ဆိုတဲ့ ဟာတွေကို တွေ့နေရတယ်။ ပထမဆုံး သူပိုင်ဆိုင်တဲ့ သူ့ရဲ့ တန်ခိုးတွေဆိုတာ သူ့ရဲ့ ပါစင်နယ် ပိုင်ဆိုင်မှုတွေပါ။ သူ့လို ရှိသူလည်းရှိ မရှိသူလည်းရှိပေါ့။ အဲဒါကို အဲဒီအချိန်မှာ မြတ်စွာဘုရားကလည်း ချစ်သားတို့ ဒီတန်ခိုးတွေကို ထုတ်မပြကြနဲ့လို့ သိက္ခာပုဒ် ပညတ်ပြီးသား။ ဆိုလိုတာကို personal ကို privacy လုပ်ဖို့ပြောတာ။ အဲဒါကို သူက အဇာတသတ ်မင်းသားလေးကို သွေးဆောင်တဲ့ နေရာကျတော့ မင်းသားလေးက သူ့ကိုယုံအောင် ပွင့်လင်းမြင်သာမှု(transparency) လို့ခေါင်းစဉ်တပ်ပြီး ထုတ်ပြလိုက်ရော။ နောက်တော့မှ မင်းသားလေး ဆီကနေ အလှူခံမှာကိုး ။ တကယ်က သူရဲ့ အဓိကအလုပ်က ရဟန်းဘဝနဲ့ ရဟန်းတရားကို အားထုတ်ဖို့။ အဲဒါက သူရဲ့ professional ပဲ။ မင်းသားက ဘယ်သူလဲလို့ မေးတော့မှ ငါ ရှင်ဒေဝဒတ်ပါဆိုပြီး သူ့ရဲ့ ပရော်ဖက်ရှင်နယ် အသွင်ဖြစ်တဲ့ ရဟန်းအသွင်ကို ပြန်ယူလိုက်ရော။ အဲဒီတော့ ရှင်ဒေဝဒတ်လည်း စကတည်းက သူ့ဘာသာသူ ပါစင်နယ် ပရော်ဖက်ရှင်နယ် ထရန်ပဲရန်စီနဲ့ ပရိုက်ဗိတ်စီတွေကို ရောထွေးနေပါလေရော။ စဉ်းစားကြည့် မိတ်ဆွေတို့ အဲဒီအတိုင်း တကယ်ဖြစ်ခဲ့တာ။ ရှင်ဒေဝဒတ်ကား ပါစင်နယ်နဲ့ ပရော်ဖက်ရှင်နယ်ကို ထရန်ပဲရန်စီဆိုသော စည်းဖြင့် ရောထွေးခဲ့သူပေ)
အဲဒီလို ရဟန်းအသွင်ကို ပြန်ယူတော့မှ အဇာတသတ်မင်းသားလေးက စဉ်းစားပါလေရော။ အထင်လဲ ကြီးသွားပြီလေ ရာဇဂြိုဟ်ပြည်ရဲ့ သူကြီးလောင်း အဲလေ မင်းကြီးလောင်း ကလေးကပေါ့။ သူက ဒီလို စဉ်းစားတယ်တဲ့။ “ရှင်ဒေဝဒတ်ကား ကြီးမားသော တန်ခိုးအာနုဘော် ရှိသည်။ နာနာဘာဝ ရူပကာယ ကိုလည်း ပြခြင်းဌာ စွမ်းနိုင်သည်။ ခမည်းတော် ကိုးကွယ်သော ဘုရားသော်မှ ဤကဲ့သို့ မပြနိုင်” ဖြစ်ပုံ ဖြစ်ပုံ ဘုရားရှင်နဲ့ ရဟန္တာတွေကပဲ သူ့ရှေ့မှာ သူပျော်အောင် ခဏခဏ တန်ခိုးပြရမလို ဖြစ်နေတယ်။ သူကလည်း အဲဒီအချိန်ကတော့ အလိမ္မာတုံးလေးပေါ့။
(ဒီစကားကို ထောက်တာနဲ့ အဇာတသတ် မင်းသားလေးဟာ ဘုရားရှင်ကို ကောင်းကောင်း မြင်ဖူးတွေ့ဖူးကြောင်း သိသာတယ်။ ဗိမ္မိသာရမင်းကြီးကလည်း ကျောင်းတော်ကို ခေါ်သွားပုံရတယ်။ ဒါပေမယ့် သူကိုယ်တိုင်က ဘုရားရှင် အနားကိုလာပြီး တရားနာတာတွေ ဘာတွေ လုပ်ခဲ့ပုံ မရဘူး။ အဲဒီတုန်းက ဘယ်ချောင် ပုန်းနေမှန်း မသိပေါ့။
အဲဒီလို ဘုရားရှင်က သူ့ကို တန်ခိုးမပြခဲ့တော့လည်း သူ့စိတ်ထဲမှာ စဉ်းစားကောင်း စဉ်းစားနိုင်တယ် ပရိသတ်ကြီးရေ။ ဘာလို့လည်း ဆိုတော့ ဒီလိုစဉ်းစားခဲ့တာလည်း သူ့စကားမှာ ပေါ်တယ်။ ခမည်းတော် ကိုးကွယ်တဲ့ ဂေါတမဗုဒ္ဓဆိုတဲ့ ဘုရားရှင်လည်း လမ်းပဲလျှောက်ရတာပဲတို့ ငါမြေပုံထဲ ထောက်ကြည့်တော့လည်း မိုင်ငါးဆယ် လောက်ပဲတွေ့တယ်တို့ ဝီကီပီးဒီးယားထဲမှာလည်း ဈာန်ပျံတယ်လို့ ရေးထားတာ မတွေ့ပါဖူးတို့ပေါ့။ အောင်ခြင်း ၈ပါးတဲ့ ဘာညာပေါ့။)
အဇာတသတ် မင်းသားလေးမှာ ငယ်စဉ်ကတည်းကပင် ထူးဆန်းသော စိတ်ထားရှိသူဟု ဆိုနိုင်သည်။ ဇောတိက သူဌေးကြီး၏ အိမ်တတ်မင်္ဂလာသို့ ဗိမ္မိသာရမင်းကြီး သွားသောအခါ မင်းကြီးကလည်း သားတော်လေးကို လက်ဆွဲပြီး သွားသည်။ ထိုစဉ်က မင်းသားလေးမှာ ရ နှစ်သား အရွယ်သာ ရှိပါသေးသည်တဲ့။ ထိုစဉ်က ဇောတိက သူဌေးကြီး၏ စည်းစိမ်များကို မြင်ပြီး သူက ဒီလိုတွေးခဲ့သည်တဲ့။ “ငါ၏ ဖခင်မင်းကြီးသည် အလွန်မိုက်လေစွတကား။ မိမိ၏ ကျေးကျွန်ဖြစ်သော သူဌေးသည် ရတနာခုနှစ်ပါး အတိပြီးသော ပြသာဒ်ဖြင့်နေလျက် မိမိမှာ သစ်သားဖြင့် ပြီးသော နန်းတော်မှာ နေရှာသည်။ ငါသာ မင်းဖြစ်လျှင် ဤဇောတိကကို သတ်ပြီး ပြသာဒ်ကို ယူမယ်” လို့ကြံတယ်တဲ့။
(ခေတ်စကားနဲ့ ပြောရရင် “အော် ငါ့ဖားသားကြီးဟာ တော်တော့်ကို ဒိတ်အောက်နေပါလား။ တကယ်ဆို ကိုယ်က ဘုရင်ပဲ။ ဇောတိက ပစ္စည်းတွေ ပြည်သူပိုင်ပစ္စည်း ငါ့ပစ္စည်းဆိုပြီး သိမ်းလိုက်ရင် ရတာပဲ။ အဲဒီလိုလည်း မလုပ်ရဲဘူး ကိုယ့်ကိုကိုယ်လည်း မယုံဘူး ထင်ပါတယ်။ ကြည့်ရတာ ငါ့ခမည်းတော်ဟာ အငုံ့စိတ် သိမ်ငယ်စိတ် မိမိကိုယ်ကို မယုံကြည်စိတ်တွေ ရှိတယ်ထင်တယ်။ တို့ရာဇဂြိုဟ်ပြည် သိပ်မတိုးတတ်ဘူးလို့ ထင်တာ လက်စသတ်တော့ ငါ့ဘိုးတော်ကြီးရဲ့ ငါးပါးသီလကို နိုင်တီးဂွမ်တီးက အမြင်တွေနဲ့ အဓိပ္ပါယ်ဖွင့်နေတဲ့ ရှေးရိုးစွဲဝါဒကြောင့်ကိုး။ တကယ်ဆို ဇောတိက ပစ္စည်းတွေကို ပြည်သူပိုင် ပစ္စည်းဆိုပြီး သိမ်းလိုက်ရင် ပြည်သူပိုင်ပစ္စည်းကို ခိုးရင် ခိုးမှုမမြောက်ဘူးဆိုတဲ့ ဝါဒအရ ဘာမှမဖြစ်နိုင်ပါဘူး။ ငါတတ်လာမှပဲ ဒါတွေကို ပြောင်းရတော့မှာပဲ။ အင်း ဘာသာရေး အနှစ် ၂၀၀၀ဝ ကျိန်စာ ကြာစိမ် အနိစ္စ ဘာညာပေါ့ဗျာ။)
အဲဒါနဲ့ အဇာတသတ် မင်းသားလေးဟာ ရှင်ဒေဝဒတ်ကို ဆရာတင်ပြီး ရထားငါးရာနဲ့ နံနက်ခင်း ညနေခင်း အချိန်မှန်မှန် သွားရောက် ဆည်းကပ်ပါသတဲ့။ နေ့တိုင်း ဆွမ်းအိုးငါးရာကိုလည်း လှူပါလေရော။ ဆွမ်းအိုးတအိုး တအိုးဟာ လူဆယ်ယောက်လောက် စားလို့လောက်ပါသတဲ့။ မင်းချင်းတို့လည်း အသီးသီး ချီးမြှောက ်ပူဇော်ကြလေသည်ပေါ့။
(ရှင်ဒေဝဒတ် တွက်သလိုပဲ ဖြစ်လာပါတယ်။ အဇာတသတ်မင်းသားက ကိုးကွယ်မှတော့ သူ့နောက်က အမှူထမ်းရတဲ့ မင်းချင်း မင်းမှုထမ်းတွေပါ အလိုလို ကိုးကွယ်ရတာကိုး။ စိတ်ပါတာလဲရှိ မင်းသားကို ဖားချင်တာလဲ ရှိမှာပေါ့။ ဟုတ်တယ်လေ မိတ်ဆွေတို့။ ပဒေသရာဇ်ခေတ်က အဇာတသတ်လို စိတ်ခက်ထန်တဲ့ မင်းသားက ဒီဝါဒကို ယုံကြည်ပါတယ်လို့ ပြောမှတော့ ဘယ်သူကလည်း သူ့ကိုဆန့်ကျင်ပြီး လုပ်ဝံ့တော့မှာလဲ။ သူ့နောက်လိုက်ရတာပေါ့။ နည်းနည်းပါးပါး အင်တင်တင် လုပ်ချင်တဲ့ အမတ်ကြီးတွေ ဆိုရင်တော့ မင်းသားက သူ့အိမ်တော်မှာပဲ ဖြစ်ဖြစ် ညီလာခံလို နေရာမှာပဲဖြစ်ဖြစ် သူ့ဆရာ ရှင်ဒေဝဒတ်ရဲ့ တရားတခုခုလောက်ကို ညွန်းပြီး “ကဲ တူးဖော်ကြ ဆွေးနွေးကြ ပျော်ပျော်ပါးပါးပေါ့ ငါ့ဆရာ အရှင်ဒေဝဒတ်ရဲ့ ဝါဒ awareness တွေတပုံကြီးရ” လို့ ပြောလိုက်တာနဲ့ မင်းမှုထမ်းတွေကလည်း “ထောင်ပါတယ် ကိုယ်တော်လေးဘုရား ထောင်လိုက်ပါပြီ ဘုရား။ လက်မ လက်မပါဘုရား။ လက်မ အမြင့်ကြီးနဲ့ အကြီးကြီး ထောင်ပါတယ် ဘုရား” ပေါ့။
မင်းသားက အတင်းအကျပ် ကိုးကွယ်ခိုင်းတာလည်း ရှိနိုင်တာပေါ့လေ။
ဒီထက်ပိုပြီး ဂျစ်ကန်ကန် လုပ်ချင်တဲ့ အသက်ခပ်ကြီးကြီး အမတ်တွေ ဆိုရင်တော့ မင်းသားက ခပ်တည်တည်နဲ့ “ကျုပ်ဆီမှာ အမှုထမ်းရင် ကျုပ်ထုတ့်တဲ့ စည်းကမ်းကို လိုက်နာရမယ်။ ဒါအဇာတသတ်ရဲ့ ချာတာပဲ။ ထပ်ပြောရရင် ခင်ဗျားတို့ကို အခကြေးငွေ ပေးထားတယ်။ Virtual life မှာပေးထားတာ မဟုတ်ဖူး real life မှာပေးထားတာ။ ကျုပ်စည်းကမ်းကို ကျန်တဲ့လူတွေ ဘာမှမပြောပဲ ခင်ဗျားတို့ လိုက်နာဖို့ အဆင်မပြေဖူးဆိုရင် အဆင်ပြေမယ့် နေရာရှာသင့်တယ်။ အခုလောလောဆယ် ကျုပ်စည်းကမ်းတွေကို အမြဲမလိုက်နာဖူး ဆိုပြီး ညီလာခံတိုင်း ကျုပ်ကို အတိုက်အခံလုပ်တဲ့ ကျုပ်အဘိုးကြီးရဲ့ ဘော်ဘော် ဟိုစံဝဏ္ဏမဟာ ဆိုတဲ့ အမတ်ကြီးကို အရင်ဖမ်းချုပ်ရမယ်။ ဆိုတော့ ဟဲ ဟဲ ဟဲ ဟဲ” ဆိုပြီး ပြောလိုက်တာနဲ့ ကျန်တဲ့ အမတ်တွေလည်း ထောင်ပါပြီ ဘုရား။ ထောင်ပါပြီ။ လက်မ လက်မပါပေါ့။ အမြင့်ကြီးနဲ့ အကြီးကြီး ထောင်လိုက်ပါတယ်ပေါ့။)
အဲဒီလို လာဘ်ပူဇော်သက္ကာတွေကို ရတဲ့အထိ အရှင်ဒေဝဒတ် ဘာမှမဖြစ်သေးပါဘူး။ အဲဒီမှာ သူဖြစ်လာတကာက ငါဘုရားရှင်ကို သတ်ပြီး သံဃာတွေကို သင်းခွဲမယ်လို့ စဉ်းစားလိုက်တာနဲ့ သူ့ရဲ့ လောကီဈာန်တန်ခိုးတွေ ပျောက်သွားပါတော့တယ်။
အဲဒါကို ရှင်မဟာမောဂ္ဂလ္လာန် မထေရ်ရဲ့ အလုပ်အကျွေးဖြစ်တဲ့ နတ်သားက ရှင်မောဂ္ဂလ္လာန် မထေရ်ထံ လာပြီး လျှောက်ပါတယ်။ ဒါနဲ့ မထေရ်ကြီးက ဘုရားကို လျှောက်တော့ မြတ်စွာဘုရားက “ချစ်သား နတ်လျှောက်တိုင်း မှန်သည်သာတည်း။ သင်ချစ်သားကော အဘိညာဉ်တန်ခိုးဖြင့် သိသလောလို့ မေးတော့ မထေရ်မြတ်က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား တပည့်တော်လည်း အဘိညာဉ်၏ တန်ခိုးဖြင့် သိပါသည်လို့” လျှောက်တယ်တဲ့။
အဲဒါနဲ့ မြတ်စွာဘုရားရှင်က “ချစ်သား မောဂ္ဂလ္လာန် ဤစကားကို စောင့်စည်းလော့။ ဤစကားကို စောင့်စည်းလော့။ ထို ဒေဝဒတ်သည် မိမိကိုယ်ကို ကိုယ်တိုင်ပင် ထင်စွာပြုလိမ့်မည်” လို့ ပြန်မိန့်တော်မူပါတယ်။ ဆိုလိုတာက ရှင်ဒေဝဒတ် ဒီလို တန်ခိုးအစွမ်းတွေ ကင်းမဲ့သွားတာကို ကိုယ်ကတော့ ထုတ်မပြောဖို့နဲ့ နောက်ပိုင်း တဖြည်းဖြည့် သူ့ဘာသာသူ သိသာလာလိမ့်မယ်ပေါ့။
နောက်တော့ မြတ်စွာဘုရားရှင်ဟာ ကောသမ္ဗီပြည်ကနေ ရာဇဂြိုဟ်ပြည်ကို ကြွလာတော့ ရဟန်းတော်တွေက “ဘုန်းတော်ကြီးသော မြတ်စွာဘုရား ယခုအခါ အဇာတသတ် မင်းသားသည် ရှင်ဒေဝဒတ်ထံသို့ ရထားငါးရာဖြင့် နေ့တိုင်း ဆည်းကပ်ပါသည်။ ဆွမ်းချက်အိုး ငါးရာ(ဆွမ်းအုပ်ငါးရာ) တို့ကိုလည်း နေ့စဉ်ပို့ပါ၏” လို့လျှောက်ကြပါတယ်။
မြတ်စွာဘုရားရှင်ကလည်း “ငါ၏ ချစ်သား ရဟန်းများတို့ ဤမျှလောက်သော လာဘ်ပူဇော်သက္ကာတို့ များလာသည်ကား ဒေဝဒတ်အား ကောင်းကျိုးစီးပွား များစေခြင်းဌာ ဖြစ်လာသည်မဟုတ်။ ဆုတ်ယုတ်ခြင်း ဖြစ်ရန်အတွက်သာ။ ဥဏ်အမြင်နည်းသော ပုဂ္ဂိုလ်တို့ထံ ရောက်သော လာဘ်ပူဇော်သက္ကာသည် မွန်မြတ်သော အကျင့်သီလကို ဖျက်ဆီးခြင်းဌာ တရားဆုတ်ယုတ်ခြင်းဌာ အကုသိုလ် ပွားများစေရန် အတွက်သာဖြစ်၏” လို့ရဟန်းတွေကို လာဘ်များတိုင်း အားမကျဖို့ မိန့်ကြားပါသတဲ့။
ဒီနောက်တော့ ရှင်ဒေဝဒတ်က ဘုရားရှင်ထံ လာပြီး “ဘုန်းတော်ကြီးသော မြတ်စွာဘုရား ကိုယ်တော်ကား အသက်ကြီးပါပြီ။ မျက်မှောက်ချမ်းသာ ခံစားကာဖြင့် ကြောင့်ကြမဲ့ စံနေတော်မူပါ။ ဘိက္ခူ ဘိက္ခူနီ ဥပါသကာ ဥပါသိကာမဖြစ်သော တပည့် ဒကာ ဒကာမ သာဝက အပေါင်းတို့အား ကျွန်ုပ်ကို လွှဲထား အပ်နှင်းတော်မူပါ” လို့လျှောက်ပါတယ်။ တရားဝင် ဘုရားရာထူး လွှဲပေးရန် တောင်းခြင်းပါပေ။
မြတ်စွာဘုရားကလည်း “ချစ်သား ဒေဝဒတ် ဤအခွင့်ကား မသင့်ချေသေး။ သင်၏ ကိုယ်ရေးကိုသာ အားထုတ်ဦးလော့။(ရဟန်းတရားကို ရဟန်းကိစ္စပြီးအောင် အားထုတ်ရန်) ဤကိစ္စကို သင်အလိုမရှိနှင့်” ဆိုပြီး ပယ်တော်မူပါတယ်။
(ပရိသတ်ကြီးရေ ဒီမှာ ပြောချင်တာက ဘုရားရှင်တောင် ရှင်ဒေဝဒတ်ကို သူ့ရဲ့ ကိုယ်ရေး အဓိကအလုပ်ဖြစ်တဲ့ ရဟန်းတရားကိုပဲ အားထုတ်ဖို့ပြောတယ်။ ခေတ်စကားနဲ့ ပြောရရင် သူ့ရဲ့ professional(အဓိကအလုပ်) ကိုလုပ်ခိုင်းတာပဲ။ ဘာလို့လဲဆိုတော့ ရှင်ဒေဝဒတ်က ပါစင်နယ်တွေကို ပရိုက်ဗိတ်ဆီ မလုပ်ပဲ ထရန်ပဲရန်စီဆိုပြီး ချပြကာ ပရော်ဖက်ရှင်နယ်နဲ့ ရောထွေးနေတာကိုး။)
ရှင်ဒေဝဒတ်ကလည်း သုံးကြိမ်တိုင်အောင် တားတဲ့ကြားကပဲ ထပ်လျှောက်ပါတယ်။ အဲဒီတော့မှ ဘုရားရှင်က တင်းတင်းပြောမှ ရမှာဖြစ်လို့ “ ချစ်သား ဒေဝဒတ် အယုတ် အလတ် အမြတ်အားဖြင့် သုံးပါးရှိကုန်သော သတ္တဝါတို့သည် ငါဘုရားကို ရည်မှန်း၍ ရဟန်းပြုသည်သာ ဖြစ်ရကား သူတပါးအား လွှဲထားခြင်းဌာ မသင့်။ သာရိပုတ္တရာ မောဂ္ဂလ္လာန် တို့ကိုတောင် သာဝကသံဃာကို ငါဘုရား မအပ်သေး။ သူတထူး ပစ်ထွေးသော တံထွေးနှင့်တူသည့် ပစ္စည်းများကို စားသုံးသော(မစင်ကြယ်သော ပစ္စည်းများကို စားသုံးသူ) သင့်အား အများသံဃာကို အဘယ်ကြောင့် လွှဲအပ်ရမည်နည်း” လို့မိန့်ကြားပါတယ်။
အဲဒီအချိန်က စပြီး ရှင်ဒေဝဒတ်ဟာ ပိုပြီး ဆိုးလာပါတယ်။ အဲဒီနောက်တော့ အဇာတသတ် မင်းသားအိမ်သွားပြီး မင်းသားကို ဘယ်လို ဆုံးမဩဝါဒ ပေးသလဲဆိုတော့ “ရှေးသောအခါ လူများသည် အသက်ရှည်ကြ၏။ ယခုအခါ အသက်တိုကြ၏။ မင်းသား၏ ခမည်းတော်သည် အသက်အရွယ် နုနယ်ပျိုမြစ်သေး၏။ ဖခမည်းတော် ကံကုန်မှ မင်းလုပ်ရလျှင် အိုမင်းရင့်ရော်သောအခါမှ မင်းဖြစ်လိမ့်မည်။ အိုမှ ဘုရင်ဖြစ်ရင်တော့ အရသာ မရှိတဲ့ သိုးနေတဲ့ ထမင်းတွေ မုန့်တွေကို စားရတာနဲ့ ဘာမှမထူးဘူး။ ဒါကြောင့် ငယ်ငယ်ကတည်းက ဘုရင်ဖြစ်အောင် ဖခမည်းတော်ကို လုပ်ကြံပြီး နန်းတတ်ပေတော့။ ငါလည်း ယောက်ဖတော် ဂေါတမကို သတ်ပြီး ဘုရားလုပ်အံ့” လို့ပြောပါတယ်။
(အံမယ် ပရိသတ်ကြီးရေ။ ရှင်ဒေဝဒတ် ခေါ်ပုံလေးတွေ့လား ဂေါတမကိုသတ်ပြီး ဘုရားလုပ်အံ့တဲ့။ သူက ရန်သူလုပ်တော့မှာကိုး။ မြတ်စွာဘုရားလို့ မခေါ်တော့ပဲ နာမည်ကို ခေါ်လိုက်တာ။ နောက်ပြီး သူပြောပုံကို စာထဲမှာ တွေ့တဲ့အတိုင်းဆို အဇာတသတ်မင်းသားလေးကို နောက်မှ ရောက်လာမည့် စည်းစိမ်ချမ်းသာ ဆိုတာ မသေချာဘူး။ အရသာ မရှိဘူး။ အခုလက်ငင်း ရအောင်လုပ်လို့ ပြောတာ။ ဒီလူ့ ကြည့်ရတာ ပစ္စုပ္ပန်ဝါဒီတယောက်လို့တောင် ပြောလို့ရတယ်။ အသေးစိတ် တွေးကြည့်ရတာတော့ သူလည်း စာတတ်ဘုန်းကြီး ဖြစ်ခဲ့တာဆိုတော့ ပါဠိတွေ ညှပ်ပြီးပြောချင်လည်း ပြောမှာပေါ့။ ဥတ္တိရိမနုဿတို့ ပါပရေပါပတို့ ဘာညာပေါ့။ နောက်ပြီး သူပြောပုံ အတိုင်းဆို နောက်ဘဝဆိုတာ မသေချာဘူး မင်းသား။ အသက်ကြီးမှ ရမယ့်ဟာတောင် မသေချာတာ။ နောင်ဘဝဆိုတာ မြင်ရလို့လား မင်းသား။ ဒီဘဝမှာ လုပ်ရမယ့်ဟာကို နောက်ဘဝကို မလွှဲချနဲ့ မင်းသား။ သုံးကိုယ်မခွဲပါနဲ့လို့ ဒါကြောင့်ပြောတာတို့ ဘာတို့တွေကလည်း ပါမယ်ထင်တယ်။
နောက်ပြီး ဆေးပေါ့လိပ်နဲ့တူတဲ့ အယူအဆတွေကို စွဲလမ်းမနေနဲ့ မင်းသား။ မင်းသားရဲ့ အဘိုးကြီးက ငယ်တုန်းရွယ်တုန်းမှာ ဘုရားသွား ကျောင်းတတ် လုပ်နေတာတွေဟာ ဆေးပေါ့လိပ် စွဲသလိုဖြစ်ပြီး လူ့လောကကြီး မတည်ငြိမ်ဖို့ လမ်းစပဲတို့ ဘာတို့ပေါ့။)
အဲဒါနဲ့ မင်းသားလေးလည်း ပေါင်မှာ သံလျက်ကိုဖွက်ပြီး ခမည်းတော်နေတဲ့ နန်းတော်ကို သွားတော့ အစောင့်တွေက မသင်္ကာတာနဲ့ ဖမ်းပြီးစစ်တော့ မိပါလေရော။ စစ်တော့ ဘယ်သူခိုင်းတာလဲ ဆိုတော့ ရှင်ဒေဝဒတ်ပါပေါ့။ အဲဒီမှာ တချို့အမတ်တွေကလည်း မင်းသားကိုရော ဆရာဒေဝဒတ်ကိုရော သတ်သင့်တယ်ပေါ့။ အချို့ကတော့ မလုပ်ကြနဲ့အုံး။ မင်းကြီးက သူ့သားတော် သူ့ကို လုပ်ကြံမယ်ဆိုတာ သိပြီးသားပဲ။ မင်းကြီးကို အရင်လျှောက်ပေါ့။ ဒါနဲ့ ဗိမ္မိသာရမင်းကြီးဆီကို ရောက်တော့ သားတော် ဘာလို့ ဖခမည်းတော်ကို လုပ်ကြံချင်တာလဲ ဆိုတော့ ရွှေထီးရွှေနန်းကို လိုချင်လို့ပါဘုရား လျှောက်တော့ ထီးနန်းကို လိုချင်တာများ သားရယ် တကယ်ဆို ဒီထီးနန်းက ငါ့သားကို ပေးဖို့ပဲ ကဲယူပေတော့ဗျား ဆိုပြီး ချက်ချင်းကို ဘုရင်အဖြစ် ဘိသိက်သွန်းပါလေရော။
(မင်းမြှောက်တာတောင် ရိုးရိုးမဟုတ်ဘူး ပရိသတ်ကြီးရေ။ သူ့သားကို ရန်လုပ်နိုင်တဲ့ သူ့ကို သစ္စာရှိတဲ့ မှူးမတ်တွေကိုပါ ရာထူးကနုတ်ပြီး မင်းမြှောက်တာ။ ဒီကောင်တွေ ငါ့သား အလိမ္မာတုံးလေးကို ငါ့ကိုပဲ သစ္စာရှိမယ်ဆိုပြီး လုပ်ကြံရင် ဒုက္ခဆိုပြီးပေါ့။ စပယ်ရှယ်ကို သူ့သားအတွက် လုပ်ပေးတာ။ အဲဒီမှာ အမတ်ကြီး စံဝဏ္ဏမဟာတို့ ပါသွားပါလေရော။ သူက အမြဲတမ်း အိမ်ရှေ့မင်းသားကို ဆန့်ကျင်ဘက် လုပ်ခဲ့တာကိုး ဟဲ ဟဲ။
အဲဒီတော့ အဇာတသတ်မင်းကြီး ဘေးနားမှာလည်း ခမည်းတော် သစ္စာခံတွေ မရှိတော့ဘူး။ ပြောလိုက်တာနဲ့ ဘောင်းတော်ညိတ် စိတ်တော်သိပြီး ကိုယ်တော်ကြီး ကျေးဇူးတွေ ကုန်ပြီဘုရား။ အခု ကိုယ်တော်ကြီးကျေးဇူးတွေ မရှိတော့ဘူး။ အခုဟာက ကိုယ်တော်လေး ကျေးဇူးတွေပဲ ရှိတော့တယ်လို့ ပြောမယ့်အမတ်နဲ့ ထောင်လိုက်ပါပြီ ဘုရား။ ထောင်လိုက်ပါပြီ။ လက်မ လက်မလို့ ပြောတဲ့ အမတ်တွေပဲ ရှိတော့တာပဲ။)
အဲဒါနဲ့ ရာဇဂြိုလ်ပြည်ရဲ့ သူကြီးအသစ် အဲလေ မင်းကြီးအသစ်လေးလဲ ပျော်ပြီး သူ့ဆရာဆီလာပြီး “အရှင်ဘုရား ကျွန်ုပ်ကိစ္စကား ပြီးပါပြီ။ အရှင်ဘုရားကိစ္စသာ ကျန်ပါတော့သည်” ပေါ့။ အဲဒီတော့ ရှင်ဒေဝဒတ်က “ဘယ်လို လုပ်တာလဲ မင်းသား။ မြွေပွေးမြွေဟောက်ကို ခါးပိုက်ပိုက် ထားသလို ပါပဲလား။ သင့်ခမည်းတော်က သက်သက် ဟန်ဆောင်နေတာ။ နောက် နည်းနည်းကြာတာနဲ့ သူနန်းပြန်တတ်မှာ။ ရန်ကြွင်းရန်စကို မထားကောင်းဘူးပေါ့။” ဒါနဲ့ မင်းသားလည်း ခမည်တော်ကို ဓားနဲ့တော့ မသတ်သင့်ဘူး မဟုတ်လားလို့ ပြောတော့ ရှင်ဒေဝဒတ်က ထောင်ထဲမှာ ထားပြီး အစာအာဟာရ ဖြတ်ပြီး သူ့ဘာသာသူ သေရင် အပြစ်မရှိလို့ ပြောပါလေရော။ ကောင်းလိုက်တဲ့အကြံ အဝီစိရောက်ဖို့။
ဒါနဲ့ မင်းသားလည်း ခမည်းတော်ကို ထောင်သွင်း အကျဉ်းချပြီး အစာရေစာ ဖြတ်ပါလေရော။ အစတုန်းကတော့ မယ်တော် ဝေဒေဟီ မိဖုရားကြီးက နည်းအမျိုးနဲ့ ယူပြီးပို့တယ်။ နောက်တော့ မယ်တော်ပါ မဝင်ရဘူးဆိုတော့ ဗိမ္မိသာရမင်းကြီးက သောတာပန်ဆိုတော့ သူရထားတဲ့ တရားကို ဆင်ခြင်ရင်း စင်္ကြကြွပြီးနေတော့ အသားအရေတွေက ရှေးကထက်တောင် စိုပြေလာသတဲ့။ ဒါနဲ့ အဇာတသတ်မင်းကြီးက ခမည်တော် နတ်ရွာစံပြီလား မေးတော့ မစံသေးဘူး။ အသားအရေတွေက ဟိုတုန်းကထက်တောင် စိုပြေနေသလိုပဲလို့ လျှောက်တော့ ဘာအာဟာရကြောင့်လဲလို့ မေးတော့ စင်္ကြကြွနေတာကြောင့် ဖြစ်မယ်လို့ ပြောတာနဲ့ ခြေဖဝါးကို ဓားခွဲပြီး မီးကင်ခိုင်းတော့တာပဲ။ ဒါကတော့ အားလုံးသိတဲ့အတိုင်းပဲ။ အဲဒါနဲ့ မင်းကြီးလည်း နတ်ရွာစံတော့ စတုမဟာရာဇ်နတ်ပြည်မှာ ဇနဝသဘဆိုတဲ့ နတ်သား သွားဖြစ်သတဲ့။
(စကားချပ် ဗိမ္မိသာရမင်းကြီး၏ ဇတ်လမ်းမှာ အေဝမ်းဦးတင်မောင် ရိုက်သော ဗိမ္မိသာရဇတ်လမ်းတွင် ကြည့်ရှုနိုင်ပါသည်။ ရှိလျှင် ရှာပြီးကြည့်ကြပေတော့။ ဖခင်မေတ္တာဘွဲ့ အနေနဲ့တော့ အလွန်ကောင်းပါသည်။ အိမ်က အဖေနဲ့ မတည့်သူများ အနန္တငါးပါးဆိုတာ တမင်ဇတ်ခွဲထားတာလို့ အယူရှိသူများ မကြည့်ကြပါရန်။ စေတနာဖြင့် ပြောခြင်း ဖြစ်ပါသည်။)
အဲဒီမှာ ရှင်ဒေဝဒတ်လည်း ဘုရားရှင်ကို သတ်ဖို့ကြံစည်တယ်။ ပထမဆုံး လေးသမားတွေ လွှတ်ပြီး ဘုရားရှင်ရှိတဲ့ နေရာကိုသွားပြီး ပစ်ခိုင်းတယ်။ မအောင်မြင်ဘူး။ ပစ်လိုက်တဲ့ မြှားတွေ ပျောက်ကုန်လို့။ အဲဒါနဲ့ တောင်ပေါ်မှာ ကျောက်မောင်းကြီးဆင်ပြီး လှိမ့်ချတယ်။ ဒါလဲ မအောင်မြင်ဘူး။ ကျောက်တုံးကြီးက ကျလာတော့ မြတ်စွာဘုရားရှင်နားလဲ ရောက်ရော ကျောက်တုံးကြီးနှစ်ခုက မြေကြီးကထွက်ပြီး ခံလိုက်လို့။ ကျောက်တုံးချင်း တိုက်မိလို့ ကျောက်ချပ်တခုကွာပြီး ဘုရားရှင် ခြေမတော်ပေါ်ကျတာ ခြေမတော် ဖြန်းဖြန်းကွဲပါလေရော။ အဲဒီမှာတင် အရှင်ဒေဝဒတ်လဲ အဝီစိငရဲသွားဖို့ တခါတည်း ပါမစ်ရသွားတော့တာပဲ။ နောက်တော့ နာဠာဂီရိဆင်နဲ့ တိုက်တယ်။ ဒါလဲ မရဘူး။ ဒါတွေကတော့ အားလုံး သိပြီးသားပါ။
အဲ အဲဒီလို ဘုရားရှင်ကို လုပ်ကြံပြီးမှ ရှင်ဒေဝဒတ်က သံဃာကို သင်းခွဲဖို့ ဘုရားရှင်ရှိရာကို တခါပြန်လာသေးတယ်။ အဲဒီမှာ အချက်ငါးချက်ကို တောင်းတယ်။ တခုမှ ဘုရားရှင်က ခွင့်ပြုတော် မမူဘူး။ ပထမလေးချက်ကတော့ သိပ်ကောင်းလို့ မြတ်စွာဘုရားရှင်က ဓုတင်အကျင့် အနေနဲ့ ခွင့်ပြုခဲ့တယ်။ ဆိုလိုတာက လုပ်နိုင်သူတွေ လုပ်ဖို့နဲ့ မလုပ်မနေရ စည်းကမ်းအဖြစ် မသတ်မှတ်ထားလို့ပဲ။ အဲဒီ အကျင့်တွေက ကောင်းပေမယ့် ပြင်းထန်လွန်းလို့ အများစု မလုပ်နိုင်ဘူး။ အများစု မလုပ်နိုင်အောင် ကောင်းတဲ့ အချက်က ကောင်းကျိုးထက် ဆိုးကျိုးပေးနိုင်လို့ပဲ။ အမှန်တော့ ရှင်ဒေဝဒတ်ကလည်း ဒါတွေကို လိုချင်တာ မဟုတ်ပါ။ ဒါတွေကို ပြောပြီး ရန်တိုက်ပေးဖို့နဲ့ သင်းခွဲဖို့ ရောက်လာတာပါ။
(အဲဒီမှာတင် ဘုရားငြင်းလိုက်တာနဲ့ ရှင်ဒေဝဒတ်က သံဃာငယ်တွေဆီသွားပြီး မြတ်စွာဘုရားရှင်က ဒီအကျင့်ကောင်းတွေကို ခွင့်မပြုဘူးဆိုပြီး သင်းခွဲတော့တာပဲ။ မျက်စိဖွင့်ပြီး လေ့လာကြပါတို့ ဘာတို့ကလည်း ပါမှာပေါ့လေ။ ငါဟာ လောလောဆယ် သာကီဝင်ဖြစ်ချင်စိတ် ကုန်ခန်းနေတဲ့ သာကီဝင် တယောက်ပါတွေ ဘာတွေလည်း ပြောချင်ပြောမှာပေါ့။ ရှစ်စပ်က ဂျင်ခြေလည်တဲ့ ရှင်ဒေဝဒတ်ပေကိုး။ ဝေသာလီပြည်သား သံဃာငါးရာကို ဖျားယောင်းပြီး သင်းခွဲသွားတယ်။)
နေရာကား ဂယာသီသတည်း။ ရှင်ဒေဝဒတ်သည် သူဖျားယောင်း သွေးဆောင်လာသော ရဟန်းငါးရာတို့နှင့်အတူ ငါးပါးသောကျင့်ဝတ်ကို ဆောက်တည်သော ကာလဖြစ်သည်။ ရာဇဂြိုဟ်ပြည်မှ ထွက်လာသည်မှာ နှစ်လခန့် ရှိပြီ။ သံဃာငယ်တို့သည် အကျင့်ငါးပါးကို မခံနိုင်တော့သဖြင့် လူထွက်ရန် စဉ်းစားနေကြပြီ။
ဇေတဝန်ကျောင်းတော်မှ မြတ်စွာဘုရားရှင်သည် ထိုအကြောင်းကို မြင်သဖြင့် အဂ္ဂသာဝက နှစ်ပါးကို ခေါ်ပြီး မလိမ္မာသော အပေါင်းအသင်းကို ရသဖြင့် ပျက်စီးရှာတော့မည့် သံဃာငယ်တို့အား လိုက်ပြီး ခေါ်ကြ ချစ်သားတို့ဟု စေတော်မူသည်။
အဂ္ဂသာဝက နှစ်ပါးလည်း မြတ်စွာဘုရားရှင်၏ အမိန့်တော်အတိုင်း ဂယာသီသလို့ လာကြလေသည်။ အဂ္ဂသာဝက နှစ်ပါးကိုမြင်လျှင် မိမိအနီးရှိသော ကောကာလိကကို ဤသို့ပြောကြား၏။ “ကောကာလိက ယောက်ဖတော် ဂေါတမ၏ သာဝကကြီးတို့သည် ငါထံသို့ လာကြပြီ။ ငါ၏ တရားကို သူတို့နှစ်သက်၏။” ကောကာလိကလည်း ပြန်ပြောပါ၏။ “ဆရာ သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့ကို လက်မခံနှင့် သူတို့သည် မယုံရပေ။” ရှင်ဒေဝဒတ်ကလည်း မလျော့ပေ။ “ကောကာလိက ရှေးတုန်းကဆိုလျှင် ဟုတ်ပါလိမ့်မည်။ အခုတော့ ကောင်းသောလာခြင်းပါ။”
အဂ္ဂသာဝကနှစ်ပါးကို နေရာပေးလေပြီ။ အဂ္ဂသာဝက နှစ်ပါးကမူ ရှင်ဒေဝဒတ်ပေးသော နေရာသို့ မလာကြပေ။ မည်သို့မျှလည်း မပြော ဆိတ်ဆိတ်နေကြ၏။ ထို့နောက်တွင် ရှင်ဒေဝဒတ်သည် “ငါ့ရှင် သာရိပုတ္တရာ ငါကား ညောင်းညာပြီ။ သင်သာလျှင် သံဃာတို့အား တရားဟောရစ်လော့” ဆိုပြီး အိပ်လေသည်။
အဂ္ဂသာဝကနှစ်ပါးလည်း မြတ်စွာဘုရား၏ တရားတော်ကို အဆန်းတကြယ် ဟောသောအခါ ရဟန်းငယ်ငါးရာ သောတာပန် တည်လေတော့သည်။ ထို့နောက်တွင် အဂ္ဂသာဝကနှစ်ပါးနှင့်အတူ ကောင်းကင်မှ ရာဇဂြိုဟ်ပြည်သို့ ပြန်လိုက်လေတော့၏။
ထိုအချိန်တွင် ရှင်ဒေဝဒတ်၏ ဘော်ဒါကြီး ကောကာလိကသည် သူအိပ်နေရာသို့ သွားပြီး “ငါ့ရှင် ဒေဝဒတ် သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့ကို အရောမဝင်နှင့်ဟု သင့်ကို ငါသတိပေးခဲ့သည် မဟုတ်လောဟု” ပြောကာ ဒေဝဒတ်၏ ရင်ဝကို ဒူးဖြင့်တိုက်ပြီး ရှင်ဒေဝဒတ်ကို နှိုးပါတော့သည်။ ထိုအချိန်မှစပြီး ရှင်ဒေဝဒတ်သည် သွေးအန်သောရောဂါကို ရတော့သည်။
(စကားချပ် ရှင်ဒေဝဒတ်ရဲ့ ဘော်ဘော်ကြီး ကောကာလိကရဲ့ ပုံစံကို ကြည့်ရတာ စရိုက်ခပ်ကြမ်းကြမ်း လူတယောက် ဖြစ်မယ်လို့ ထင်မိတယ်။)
ကိုးလတိုင်တိုင် ထိုဝေဒနာကို ခံစားရရှာသည့် ဒေဝဒတ်ကား သူ့တပည့်တို့ကို မြတ်စွာဘုရားရှင်ကို တောင်းပန်လိုသဖြင့် ပို့ပေးကြပါဟု တောင်းပန်ရှာလေသည်။ တပည့်များကလည်း နောက်ဆုံး သနားကြသဖြင့် ထမ်းစင်ပြုလုပ်ပြီး ဇေတဝန်ကျောင်းတော်သို့ လိုက်ပို့ကြရှာသည်။ ရဟန်းတော်တို့က ဘုရားရှင်အား ဘုန်းတော်ကြီးသော မြတ်စွာဘုရား ရှင်ဒေဝဒတ်သည် နောင်တရကာ တောင်းပန်ကန်တော့ရန် လာနေပါပြီ ဘုရားဟု လျှောက်ထားသည့်အခါ မြတ်စွာဘုရားသည် ဒေဝဒတ်သည် ယခုဘဝတွင် ငါဘုရားကို ဖူးမြင်ခွင့် မရှိတော့ပြီဟု မိန့်ကြားတော် မူလေသည်။
ထို့နောက်တွင် ရှင်ဒေဝဒတ်နှင့် သူ့တပည့်များသည် ဇေတဝန်ကျောင်းတော်၏ တံခါးဝနားသို့ ရောက်လာလေပြီ။ တပည့်များလည်း ထမ်းစင်ကို ထမ်းရသဖြင့် မောကြပြီ။ ရောဂါဖောက်နေသော ရှင်ဒေဝဒတ်လည်း မောလှပြီ။ နေပူထဲမှ လာသူများ၏ ထုံးစံအတိုင်း ရေကန်ကို တွေ့သော် ထမ်းစင်ကို ခဏချပြီး တပည့်များကား ရေကန်ထဲဆင်းကာ ရေသောက် ရေချိုး ခဏအပန်းဖြေကြသည်။
ထမ်းစင်ပေါ်တွင် လိုက်ပါလာသော ရှင်ဒေဝဒတ်လည်း ထမ်းစင်ပေါ်မှ ထပြီး မြေကြီးပေါ် ခြေနှစ်ဖက်ချကာ ထိုင်မိရှာလေသည်။ သူလည်း ပင်ပန်းလှပြီ မဟုတ်လား။
သူ၏ ခြေများ မြေကြီးပေါ် ချလိုက်သည် ဆိုသည်နှင့်ပင်………………………………။
(ရယ်စရာ နည်းနည်း ထည့်ထားပေမယ့် အတည်ဆွေးနွေးချင်သူက ဆွေးနွေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော့်ဟာသက ကြိတ်ရယ်လို့ပဲ ကောင်းပြီး ဆွေးနွေးဖို့ အခက်အခဲ ရှိလို့ပါ။)
137 comments
ဦးကြောင်ကြီး
December 15, 2012 at 12:51 pm
ပြောမနေနဲ့တော့ ပြောမနေနဲ့တော့… ဒါနဲ့ သဂျီးငြိမ်နေပါလား.. ဧကန်ဏ သူရှုံးပြီနဲ့တူ၏… မှားမှန်းသိရင်လည်း ဝန်ခံစကားတော့ ဆိုသင့်တယ်… သူပဲ တောင်းပန်ရမယ် ကျေအေးရမယ် ပြောပြီး အလှည့်ကြတော့….. အေးလေ ဒါကြောင့်ပဲ သဂျီးလုပ်စားလို့ ရနေတာပေါ့… ဆန်းဘူး….. :buu:
San Hla Gyi
December 15, 2012 at 4:30 pm
အမြဲတမ်း အခုလို မြှောက်ပေး အဲလေ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုကြောင်ကြီး။ ကျနော်အနေနဲ့ ကွန်မန့်တွေကို တခုချင်း ပြန်ဖြေပါတယ်။ ဘာလို့လဲဆိုတော့ ရေးတာကလည်း တလလုံးမှ တခါတလေ တပုဒ်လောက် နှစ်ပုဒ်လောက် ရေးတော့ ရေးတဲ့အချိန်ကလည်း အများအားဖြင့် ကျနော် အချိန်နည်းနည်း ရှိတတ်တဲ့ weekend ဖြစ်တော့ ကျနော့်စာဖတ်သူတွေကို စာရေးသူ တဦးအနေနဲ့ လောကဝတ် သဘောမျိုးလဲ ပါပါတယ်။
ဒီ NAJA ဆိုသူရဲ့ ပထမကွန်မန့်ကတော့ ကျနော် တခုချင်း ပြန်ဖြည်မှလဲ ရပါမယ်။ သေသေချာချာ အချိန်ယူပြီး ရေးထားပုံလည်း ရပါတယ်။ ခြုံပြောရရင် ပါးပါးနပ်နပ်နဲ့ သူများကို အပြစ်ပုံချတဲ့ ကွန်မန့်လို့ ထင်ပါတယ်။ မရှင်းတတ်ရင် တချီတည်း ထိုင်တောင်းပန်ရမယ့် အချိုးပဲ။
ကြည့်လေ ကိုယ်ကစတော့ သူများကို “စကားလုံးတွေကို ကိုယ်နားလည်တိုင်း အဓိပ္ပါယ် မဖွင့်ပါနဲ့။ ဆွဲမစိပါနဲ့” လို့ပြောပြီး ကျနော့်စကားလုံးတွေကျတော့ အရင်ပို့စ်က ဟာတွေကိုပါ ဂေဇက်ပရိသတ်တွေ သိကြပါတယ်ဆိုပြီး ရှင်းနေလိုက်တာများ။ အဲဒါ ခင်ဗျားတို့ကို ပလာတာ ကျွေးတာခေါ်တယ်။
အဲဒါ ကျုပ်က ခင်ဗျားစကားနဲ့ ကိုယ်လုပ်တာက ရှေ့နဲ့နောက် မညီပါလားလို့ ပြောတော့ ကျနော်ဘက်လိုက်ဖို့ ရောက်လာပါတယ်တဲ့။ နောက်ကွန်မန့်ကျတော့ ကျနော့် ရှေ့စကားနဲ့ နောက်စကားက ရှေ့နောက် မညီညွှတ်လည်း အဲဒါက သူ့အတွက် အရေးမကြီးပါဘူးတဲ့။ ရှက်လည်း မရှက်တတ်ပါဘူး ဆိုတော့ သွားရော။ ကိုယ့်ရေးတဲ့ စာကိုတောင် ကိုယ်တာဝန်မယူပါဘူး ရှက်လည်းမရှက်တတ်ပါဘူး ဆိုမှတော့ ဒီလိုလူက ဘာသဘောတရားတွေ ပြောပြော သူ့သဘောတရားတွေကရော မျှတပါအုံးမလား။
သူကတောင် သူများကို ငါ့စကားနွားရလို့ စွပ်စွဲလိုက်သေးတယ်။ တခုချင်း ရှင်းပြတဲ့လူက ငါ့စကားနွားရလား “ကျနော်ပြောတဲ့ စကားတွေ ရှေ့နောက်မညီလည်း အရေးမကြီးပါဘူး။ ရှက်လည်း မရှက်ပါဘူး” ဆိုတဲ့ လူက ငါ့စကားနွားရလား ဦးကြောင်ကြီးရာ။
အမှန်တော့ ကျနော့် သူ့ကို သဂျော်ဂဒီးလို့ ခေါ်လိုက်တာ ဆဲတာမဟုတ်ပါဘူး။ သူက ကိုယ်ပျောက်ရွာသား ဆိုပြီး သဂျီးကိုဖြစ်ဖြစ် သူတို့ပြောတဲ့ အဘဘယ်သူဆိုလား ထိရင်ဖြစ်ဖြစ် မိုးပြာကိုယ်တော် ခံရတုန်းကဖြစ်ဖြစ် ပေါ်လာတတ်တာရယ် ရေးတာကလည်း မိန်းကလေးတယောက်နဲ့ တဖြည်းဖြည်း တူလာလို့ရယ် အဲဒီလို ယုံကြည်လို့ ခေါ်လိုက်တာပါ။ နောက်ကွန်မန့်ကျတော့ သူက မဟုတ်ဘူး ပြောလို့ ခင်ဗျား မဟုတ်ရင် ပြီးတာပါပဲလို့တောင် ပြောလိုက်ပါသေးတယ်။
ကျနော့်ကို ပြောတာတွေလဲ ရှင်းပြီးသားအတိုင်း နှစ်ဘက်မျှ ရေးမထားပါဘူး။ သူပြောတဲ့ လူတယောက်က အခြား ဆောင်းပါးရှင်ရဲ့ နာမည်ကို ဆောင်းပါးထဲမှာ ထည့်ပြီး အဲဒီလူရဲ့ ပို့စ်တို့ ကွန်မန့်တို့ကို အခြေခံပြီး ရေးလေ့ရှိပါတယ်။ အဲဒါ သူ့အကျင့်ပါ နားလည်ပေးပါဆိုတော့ ကျနော်ကလည်း ဟာ ကျနော်ကလည်း လူနာမည်ကို ဆောင်းပါးထဲတောင် မထည့်ပဲ သူပြောတဲ့ စကားလုံးလေးတွေကို ဟာသလုပ်ပြီး ရေးတတ်ပါတယ်။ စကားလုံးကတော့ ဘယ်သူမှ မူပိုင်ခွင့် တင်လို့မရလို့ တူတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကိုလည်း နားလည်ပေးပါပေါ့။ နှစ်ဘက်မျှပါတယ်နော် ဟဲ ဟဲ။ ကျန်တာတွေလည်း ကျနော် ရှင်းပြီးသား အတိုင်းပဲ။
San Hla Gyi
December 15, 2012 at 4:32 pm
သဂျီးကိုတော့ ဆွဲမထည့် ပါနဲ့ဗျာ။ ဘာလို့လဲဆိုတော့ ကျနော်က အခု NAJA ဆိုတဲ့ လူနဲ့ ပြောတာဆိုတာ ဆိုတော့ ကျနော် ကိုမိုးတိမ်ကို ပြောဖူးသလို ဝင်မပါတဲ့လူကို တရားမျှတခြင်း စည်းမျဉ်းအရ ဆွဲထည့်လို့ မကောင်းလို့ပါ။
ကျနော် ကိုအမတ်မင်းကို တချက်လှမ်းခေါ်တာကလည်း NAJA ရေးတဲ့ ကွန်မန့်က အပြုသဘောဆောင်တဲ့ အကောင်းဆုံး ကွန်မန့်လို့ ပြောသွားလို့ ကျနော် နှစ်ဘက်ယှဉ်ပြီး ရေးတဲ့ ကွန်မန့်လေးကိုလည်း အားပေးပါလို့ request လုပ်လိုက်တာပါ။
မောင်ပေ
December 15, 2012 at 8:08 pm
အင်း
နံပါတ် ၁၃ ကို ဖောက်လိုက်ဦးမှပဲ
ဟီဟိ
ဦးဦးစံရေ
မနေ ့ညကတဲက သည်ပို ့စ်ကို ဝင်ဖတ်ဖြစ်တယ် ။ ကွန်မင့်တွေ ထပ်နေလို ့ သိပ်မရှင်းလို ့
အဲဒီ NAJA ဆိုတာ တစ်ကယ်ကြီးကို သဂျော်ဂဒီး လားဗျ
ဖြေပေးပါဦးနော
NAJA
December 15, 2012 at 9:10 pm
ဗျို ့ကိုစံလှကြီး…
စကားကပ် ပြိုင်ငြင်းရတာ တော်တော်တော့ အရသာရှိသား.. နော..
10 01 တွေ ခြံမခတ်ဖို့ ကြိုတောင်းပန်ထားရက်နဲ့ဗျာ..
ခက်လှပါဘိတောင်း..
သူ့ ပိုစ့် ကိုယ့်ပိုစ့် ခွဲနေပြန်ပါပြီ..
ဟိုပို့စ် ဒီပို့စ် ဘယ်လိုပြောင်းပြောင်း ကျွန်တော်တု့ိတွေ က ပြောင်းမှ မပြောင်းတာပဲဗျာ..
အဲသည် ကိစ္စအရေးမကြီးလှပါဘူး..
နပန်းလုံးနေကြတာမှမဟုတ်တာ..
ကျွန်တော်တို့အတွက် ကပ်သီးကပ်သတ် ပြောရတဲ့ အတွေ ့အကြုံပိုတိုးတာပေါ့ဗျာ..
ဟုတ်ဘူးလား..
သူများတွေတော့ တော်တော်မျက်စိနောက်ကုန်တော့မယ်ဗျာ..
(သည်းခံကြပါခင်ဗျာ)
အဟမ်း..
ဆက်ရမယ်ဆိုရင်တော့..
ကျွန်တော့် အရေးအသား မိန်းကလေး ဆန်လာတယ်ဆိုတာကနေ ပတ်သတ်ပြီး စမဗျို ့..
ဘယ်နားများ ဘယ်လိုဆန်လာတာလဲ ထောက်စေချင်ပါတယ်..
တစ်ချိန်လုံး “ကျွန်တော်က ကျွန်တော်က” ဘာလို့ ထင်ပါတယ် “ခင်ဗျ”
ညာလို့ ထင်ပါတယ် “ခင်ဗျာ” စသဖြင့်
ကျွန်တော်တွေ .. ခင်ဗျ တွေ ထပ်နေအောင်ပြောခဲ့တဲ့အကြောင်းရင်က
ကျွန်တော့်အသက် က အခု ၂၅ နှစ်ခင်ဗျ..
အဲသည်တော့..
မင်းသားဝင်းဦးတို့ ကျွန်တော့်အသက်နဲ့ ကောင်းကောင်း မမှီလိုက်တဲ့အရာတွေ ကို တော်တော်သိပုံထောက်ပြီး..
ကျွန်တော့်ထက်.. အသက် တော်တော်လေးကြီးလောက်တယ် ဆိုတဲ့အသိနဲ့
ကျွန်တော်.. ခင်ဗျ ခြင်းထပ်အောင်..လေးစားသမှုနဲ့ ဆက်ဆံခဲ့တာခင်ဗျ
အဲသည်အတွက်ကြောင့်များ မိန်းမဆန်တဲ့ အရေးအသား ဖြစ်သွားလေသလား မဆိုနိုင်ဘူး..
လေးစားသမှုနဲ့ ဆက်ဆံတာလား.. မိန်းမသား ဆန်တဲ့အရေးအသားလား
မခွဲနိုင်တာတော့ စိတ်မကောင်းစရာပေါ့ဗျာ..
၁) ရှေ့စကား နောက်စကား မညီတဲ့လူ
၂) အဲဒါကိုအရှက်မရှိတဲ့လူ..
၃) ကိုုယ့်စကားတာဝန်မယူတဲ့လူ
ဆိုပြီး ကိုစံလှကြီး ကျွန်တော့်ကို သုံးမျိုးတံဆိပ်ကပ်ပေးထားသဗျ..
တစ်နဲ့နှစ်ကတော့ ဟုတ်ကောင်းဟုတ်မယ်ဗျ..
ကျွန်တော်သာ တစ်ကယ်လို့ ရှေ့စကားနောက်စကား မညီညွှတ်မှုမျိုးကို လုပ်ခဲ့မိတယ်ဆိုဦး..
အထူးတလည် ရှက်နေမှာမဟုတ်တာ သေချာတယ်လို့ ထပ်ပြောတယ်ဗျာ..
ဒါပေမဲ့ ကျွန်တော်ပြောချင်တဲ့ အပိုင်းကို ကိုစံလှကြီး မှိန်ထားလို့ ဟိုက်လိုက် လုပ်ပါမယ်..
ကျွန်တော်မရှက်တာဘာကြောင့်လဲဆိုတော့..
ကျွန်တော်သာ အဲသလိုလုပ်မိရင်.. ငါဟာ လူဖြစ်လို့ လူပီပီ မှားတာပဲ..
အဲဒီတော့ လူပီပီ “တောင်းပန်မယ်၊ ဝန်ခံမယ်” ဆိုတဲ့စိတ်ကို ရာနှုံးပြည့်မွေးထားလို့
မရှက်တာခင်ဗျ.. ရှင်းလောက်မယ်ထင်ပါတယ်..
ဒီပို့စ်မှာလဲ ရှေ့စကားနောက်စကားမညီမှုမျိုး ကျွန်တော်မလုပ်မိသေးဘူးလို့ ယုံကြည်သဗျ..
ကိုစံလှကြီး ကျွန်တော့်ကို ရှေ့နောက်မညီဘူးလို့ အဓိက စွတ်စွဲမိစေတဲ့
“ကိုယ်မလိုက်နာနိုင်တဲ့ ကိစ္စကို သူများကို လာထောက်ပြတယ်” ဆိုတဲ့အချက်ကလဲ
အထက်မှာ ကျွန်တော် ဝန်ခံ/ရှင်း ပြီးသားဖြစ်တဲ့အတွက်ထပ်ရှင်းနေရင်..
အဲဒါမှ ရွာလည်တာ အစစ်ဖြစ်နေပါဦးမယ်..
ဆိုတော့ကာ
၁ အချက်ဖြစ်တဲ့ ရှေ့နောက်မညီဘူးဆိုတာက ကိုစံလှကြီးရဲ့ အထင်နဲ့ စွတ်စွဲချက်ပဲဖြစ်တဲ့အတွက်
ဒီလောက်နဲ့ရပ်တယ်ဗျို ့..
၂ အချက်ဖြစ်တဲ့ အဲဒါကို အရှက်မရှိဘူးဆိုတာတော့ မှန်တယ်ဗျာ.. မှန်တာပြောတဲ့အတွက်..
မှန်ကြောင်း ပြန်လု့ိထောက်ခံပေးပါတယ်.. ဘာကြောင့်မရှက်လဲကတော့
အထက်မှာ ပြောသလိုပဲပေါ့နော.. ဝန်ခံခြင်း က စိတ်လုံစေတာကိုး…
၃ အချက်ဖြစ်တဲ့ ကိုယ့်စကား ကိုယ်တာဝန်မယူတဲ့လူပါဗျို ့..ဆိုတာကတော့..
ရှင်းနေတဲ့အချက်လို့ မြင်တယ်ခင်ဗျ..
ကျွန်တော် ကိုယ့်စကားကိုယ်တာဝန်ယူသလား မယူသလားကတော့
အခုထိ ကျွန်တော် ဘယ် Alliance ရဲ့ အားကိုမှယူပြီး ကျွန်တော့်စကားမှန်ကြောင်း..
အထောက်အကူ အဖြစ် မသုံးသေးဘူးဗျ..
ကျွန်တော့်စကားတွေ အတွက် ကျွန်တော်တစ်ယောက်တည်းပဲ တာဝန်ယူဆွေးနွေးနေတာခင်ဗျ..
ကိုစံလှကြီးပြောခဲ့တဲ့ “ခင်ဗျားတို့” ဆိုတဲ့စကားလုံးကိုတောင် ကျွန်တော်
အဲသည်အချက်ကြောင့် ပယ်ခိုင်းခဲ့တာခင်ဗျာ..
ပြီးတော့ ကိုစံလှကြီးကတော့ ဘယ်လိုလူပါဗျာ.. ဘယ့်နှယ်လူပါဗျာ လို့
တစ်ခြားတစ်ယောက်ယောက်ကိုလဲ ဘယ်တော့မှ ပြောမှာမဟုတ်ဘူးဗျ..
ပြောစရာရှိရင် ကိုစံလှကြီးနဲ့ပဲ ပြောမှာ ဆွေးနွေးမှာဖြစ်ပါတယ်..
ဘာလို့ဆို အတင်းတုတ်တဲ့ ပုံစံပေါက်သကိုးဗျ..
နောက်တစ်ချက် ကိုစံလှကြီးပြောတဲ့….
သဂျီးဘက်သားတွေခံရရင် ရောက်ရောက်လာတယ်ဆိုတာကလဲ
ကျွန်တော့ဝသီဖြစ်လိ်မ့်မဗျ.. အဲဒါလဲ ဟုတ်လောက်ပါတယ်.. ဟီဟိ
အဲဒါကတော့ ကိုစံလှကြီး ကျွန်တော်ကိုယ်တိုင်မသိတဲ့ ကျွန်တော့်ရဲ့
ဂုဏ်ယူဖို့ကောင်းတဲ့ အချက်တစ်ချက်ကို ထုပ်ပြောပေးသလိုပဲလို့ ကြံဖန်တောင် ဂုဏ်ယူလိုက်သေးတော့..
“လူတွေဆိုတာ အားနဲနေတယ်ဆိုတဲ့ ဘက်က အားပေးဖု့ိအတွက် ငါးဆယ်ရာနှုံးအဆင်သင့်ရှိနေတတ်ကြတယ်ဗျာ
(အားနဲ့တဲ့လူ မှားမှား မှန်မှန်ပေါ့.. အဲဒီအတွက် ငါးဆယ်ရာနှုံးနော်)
အဲသည့်အားနဲတဲ့လူသည်သာ မှန်နေတယ်ဆိုရင် ရာနှုံးပြည့်အားပေးဖို့ သေချာသွားပြီဗျ..”
အဲဒါ ကျွန်တော့်အတွေးအခေါ်ပါ..
မိုးပြာကိစ္စမှာ ဘာကြောင့် ဝင်ပါတာလဲဆိုတာက…
ဝိုင်းတိုက်တဲ့ ကိစ္စမှာ (ကိုစံလှကြီး ထိပ်ဆုံးက ရွပ်ရွပ်ချွံချွံထင်ပါတယ် xD)
မိုးပြာဆရာတွေ တော်တော်အထိနာတာဟုတ်လောက်သဗျ..
သူတို့ခဗျာ ရေးတာရေးနေရတာ သူတို့ဘက်က လူသူပရိတ်သတ် ရှိဟန်မပေါ်သလိုပဲ..
ရှိတဲ့လူတွေကလဲ ဆင်ခြင်တုံတရားတွေနဲ့ နေနေကြတယ်ထင်ပါ့..လေ..
အဲဒီအခါမှာ ကျွန်တော် ဝင်ပါတာ မိုးပြာ ဘာကြောင့်ပြာလဲမသိပဲ ဝင်ပါတာဗျ..
ဘာလို့ဆို..
မိုးပြာဘာမှန်းသေချာမသိပေမဲ့.. မိစ္ဆာဒိဌိ အယူတွေပါလို့ပြောနေတာကိုတော့ လက်မခံဘူးဗျာ..
သူတို့ဟာသူတို့ ဘာသာသီးသန့်မထောင်တာ မှားကောင်းမှားမယ်..
အတွေးအခေါ်တွေ ရင့်သန်အောင်.. အတွေးတွေဆွပေးနိုင်တဲ့ အပေါက်ကောင်း တစ်ခု
ဖြစ်နိုင်တယ်လို့ ကျွန်တော်ယူဆတယ်..
အဲဒိအတွက် အဲဒီအပေါက်ကို ပိတ်အောင် ဝိုင်းကြိုးစားနေကြတာမြင်ရလို့
“အားနဲ့တဲ့လူ မှားတာမှန်တာ နောက်ထားပြီး ငါးဆယ်ရာနှုံးသော” အားပေးမှုနဲ့ မိုးပြာဖက်က ဝင်ပါခဲ့တာခင်ဗျ…
(စကားချပ်.. နောက်ခါတွေ မိုးပြာအကြောင်း ထဲထဲဝင်ဝင် ဖတ်ပြီးရင်
ကိုစံလှကြီးကို ကျွန်တော်အဲဒီထဲက မြင်သမျှတွေ ဆွေးနွေးဖို့ ကတိပြုပါတယ်)
ကျွန်တော်ကိုယ်တိုင် မိုးပြာဖြစ်စရာအကြောင်းတော့မရှိဘူးဗျ..
ဘာလို့ဆို အခုတောင် ကိုကြောင်ကြီးဟိုနေ့ကရေးသွားတဲ့ ပိုစ့်ထဲကလိုပဲ
ကျွန်တော်ကိုယ်တိုင်ဟာ လူသားဝါဒ ကိုင်ထားတဲ့လူလားလို့တောင် ဒီရက်ပိုင်းသုံးသပ်နေမိပြီး..
ကျွန်တော် ဘာသာအယူတစ်ခုထဲခံယူကျင့်သုံးနေဖို့ မဖြစ်နိုင်သလိုခံစားမိတယ်ဗျာ..
ဗုဒ္ဒဘာသာအမည်ခံထားပြီး ဒီဘာသာတစ်ခုထဲရဲ့ တရားတွေကိုတောင် ထဲထဲဝင်ဝင်မလေ့လာနိုင်မှတော့.. ကိုယ်နဲ့လက်လှမ်းမှီရာက ကောင်းတယ်လို့ထင်ရတဲ့ အတွေးအခေါ် အယူအဆ အဆုံးအမတွေကို ဘယ်ဘာသာ
ဘယ်သူရဲ့ အဆိုအမိန်ပဲဖြစ်ဖြစ်
လက်ခံကျင့်သုံးတာက ပိုပြီး အံဝင်ခရီးရောက်မယ်လို့တွေးမိတယ်..
အဲဒါကြောင့် မိုးပြာကိုလဲ လေ့လာဖို့ ဆုံးဖြတ်ထားတယ်ခင်ဗျ..
အချိန်မရသေးလို့ အခုတော့ မထိနိုင်သေးဘူးဗျာ..
ကိုစံလှကြီးလဲ မိုးပြာတွေကို မိစ္ဆာဝါဒ လို့မှတ်ယူတယ်ဆိုရင်.. အဲဒိ မိစ္ဆာဝါဒက
ဘယ်လိုလဲဆိုတာ သေချာလေ့လာပြီးမှ သူတို့ရဲ့ အံချော်တာတွေကို
သေချာထောက်ပြပြီး အတွေးအခေါ်အားဖြင့်..
သူတို့ကို အမြစ်ဖြုတ်သင့်သဗျ..
ဒီထဲ လမ်းစ လာချရုံချတဲ့လူတွေကို ..
သူတို့သိစေချင်တာကို သိအောင်လဲမလုပ်သေးပဲ.. ကိုယ်တိုင်လဲ ဗုဒ္ဒဘာသာစစ်စစ်ရဲ့
တရားအဆီအနှစ်တွေကို ကိုင်စွဲထားပြီး ငါစွဲ အတ္တစွဲတွေပြုတ်နေတာ မဟုတ်သေးတဲ့အတွက်.
ရှင်းနိုင်ရင် ရှင်းစမ်းပါ.လို့စိမ်ခေါ်ပြီး..
မောင်းထုပ်တဲ့ နည်းကတော့ နည်းလမ်းမကျသလို
သူတို့အမြစ်ပြုတ်စရာ အကြောင်းမမြင်ဘူးဗျ…
(ကိုယ်တိုင်လဲ ဗုဒ္ဒဘာသာဝင်စစ်စစ်.. မြတ်စွာဘုရားရဲ့ တပည့်သား..
သူ့အဆုံးအမတွေကိုခံယူတဲ့လူ အဖြစ်လက်ခံထားတယ်ဆိုတာ..
ဘယ်အချက်တွေကြောင့်အဲသလို ခံယူရတာလဲဆိုတာလေးပါ ရှင်းပြပေးပါခင်ဗျ)
စကားတွေ အတွေးထဲပေါ်တာ လျှောက်ပြောရင်း တောရောက် တောင်ရောက်နဲ့..
ဖြစ်ကုန်ပြီဗျို ့.. ပြောနေတဲ့ဆိုလိုရင်း မိုးပြာဘက်က ဘာကြောင့်အဲဒိတုန်းက ဘက်လိုက်ခဲ့ရလဲ
ဆိုတာ တောင် လွတ်ကုန်ပြီ..
(ငါးဆယ် ရာနှုံးသောအားကြောင့်နော်.. မိုးပြာလို့မစွတ်စွဲနဲ့ဦး.. မိုးပြာတရားဘာမှမသိသေးလို့ ဟဲဟဲ)
နောက်ထပ်ဝင်ပါတာတွေကတော့..
ကျွန်တော်ကိုယ်တိုင်လဲ အတိုက်ခိုက်ခံတွေ ကိုယ်တိုင်က မှန်တယ်လို့
တစ်ကယ်ယုံကြည်တဲ့ ကျွန်တော့်ရဲ့ ယုံကြည်စိတ်ကြောင့်.. ဝင်ပါတာဗျ..
အဲသည်တော့ များများရှင်းစရာရှိလှမယ်မထင်ဘူး..
“စဉ်းစားကြစေလိုပါတယ် တိုင်းရင်းသားအရေးလို ပြည်ထောင်စုဖြိုခွဲရေး လုပ်တာကိုလဲ
ယုံတာပဲလား”
လို့ ကိုစံလှကြီး အမေးရှိလာခဲ့ရင်လဲ ကြိုဖြေထားမဗျ..
FR ရဲ့စာတွေ တောက်လျှောက်ဖတ်လာတော့ သူဟာ အဲသလို စိတ်ထားမျိုးရှိတဲ့လူ
မဟုတ်ဘူးဆိုတာ ယုံနေလို့ဗျ.. သူရေးတဲ့စာတွေဟာ သူ့စိတ်ကို ဟတ်နေတော့ မှန်းလို့ရတာပေါ့ဗျာ.. ကိုစံလှကြီးပြောသလို.. ကြွားတဲ့အပိုင်းတွေပါကောင်းပါမှာပေါ့ဗျာ..
သူပွင့်လင်းတာလဲဖြစ်ကောင်းဖြစ်မှာပေါ့..
လေထဲ ပေငါးထောင် အထက်တောင်မရောက်ဖူးသေးတဲ့..
ကျွန်တော်တို့လို့ နွားခြေရာခွက်ထဲကလူတွေအတွက်တော့ အကြွားခံရတာတောင်
ခပ်ကောင်းကောင်းဗျ…
ဒီနေ့ည ဆွေးနွေးတာတော့ တော်လောာက်ပြီထင်ပါ့..
နဲနဲတောင်ရှည်နေပြီထင်တယ်..
အဲ.. နောက်ကွန်းမန့်တစ်ခုဆွေးနွေးရင်လဲ
စကားရှေ့နောက်မညီတာ လောက်နဲ့ပဲရပ်မနေပါနဲ့ဦးဗျ..
နောက်ထပ်လေးလဲ အဆင့်တက်ပါဦး..
မဟုတ်ရင်ကျွန်တော့်မှာ ကိုစံလှကြီးရဲ့ အထက်က ကွန်းမန့်တွေပဲ ပြန်ပြန်ဖတ်ပြီး..
စကားအမှားရှာရတော့မလိုဖြစ်နေပြီဗျို့..
အဲသလိုလုပ်နေရင်.. ရှေ့ရောက်မှာမဟုတ်ဘူးဗျ.. နောက်ကြောင်းဆွဲနေလိမ့်မယ်..
ဒါ့ထက်..
ဘပုတို့
ဦးကြောင်တို့လို ..မထင်ရင် မထင်သလို ဆော်တတ်တဲ့ရွာလူကြီးတွေနဲ့..
အလွှမ်းသင့်အောင်ပေါင်းထားနိုင်တာတော့ ကောင်းသဗျ.. သူတို့က ရွာကို
သဂျီးတု့ိ FR တု့ိထက် ဩဇာပိုညောင်းတယ်..
ဟီဟိ..
စတာနော..
မင်္ဂလာညချမ်းပါခင်ဗျာ..
San Hla Gyi
December 15, 2012 at 10:02 pm
ဟာ ဒီလူတော့ မစ္စတာ NAJA ရေ
မိန်းကလေးဆန်တဲ့ အရေးအသား ဆိုတာ ကျနော်ထင်တာပါ။ ခင်ဗျား ကျနော့်ကို “ခင်ဗျာ” လို့ခေါ်လို့ မဟုတ်ပါဘူး။ ဘယ်နေရာမှာ ထင်တာလဲ ဆိုတော့ “အပေါ်က တယောက် ပြောသလို တစ်မျိုးကြီးပဲ” ဆိုတဲ့ နေရာဟာ ခင်ဗျား မဆိုင်တဲ့ မိန်းကလေးတယောက်ကို စိတ်ဆိုးလိုက်ပုံကို ပြနေလို့ပဲ။ အဓိကကတော့ သဂျီးကို နည်းနည်လေး ပြောလိုက်လို့နဲ့ တူပါတယ်။ အဲဒီအသုံးလေးဟာ မိန်းကလေး တယောက် စိတ်ဆိုးတဲ့ အသုံးအနှုန်းလေးနဲ့ တူနေလို့ပဲ။ အွန်လိုင်းမှာ စာရေးတာ မိန်းမဖြစ်ဖြစ် ယောကျာင်္းဖြစ်ဖြစ် ထားလိုက်စမ်းပါ။ ခင်ဗျား ကျနော့်ကို အခု မိန်းမကြီးနဲ့ တူတယ်လို့ ပြောလည်းရတယ်။ ဒါပေမယ့် ကျနော်သိတယ်။ ကျုပ်က ယောကျာင်္းကြီးတယောက်ပါ။
ဒီလိုဗျ။ တောင်းပန်ရမယ် ဆိုတဲ့ စကားက ဒီမှာခဏ ခဏ သုံးနေကြတယ်။ အဲဒါက ကိုယ်မှားမှဗျို့။ ကိုယ့်ကို မတရား လာပြောလို့ ကိုယ်က ပြန်ချေပရင်တော့ မလိုပါဘူးဗျာ။ ဘာလို့လဲဆိုတော့ တရားလို့ပဲ။ ချေပပုံကတော့ နည်းအမျိုးမျိုး ရှိမှာပေါ့။
“ခင်ဗျားတို့” ဆိုတဲ့ ကိစ္စကတော့ ကျနော် အမှန်မှာ ခင်ဗျားကို ပြောခဲ့ပြီးပြီ။ တကယ်တော့ တရားနည်းလမ်းအရ ကိုယ့်ကိစ္စက မကျေနပ်ရင် ကိုယ်ပဲလျှောက်လဲသင့်တယ်။ တခြားတယောက်က ဝင်ပြီး အစအဆုံး လျှောက်လဲချက်ပေးတော့ ပေးတဲ့လူရယ် ကာယကံရှင်ရယ် နှစ်ယောက်ကိုပေါင်းပြီး “ခင်ဗျားတို့” လို့ခေါ်လိုက်ရတာ။ ဒါမှမဟုတ်လည်း လျှောက်လဲချက် အပေးခံရတဲ့ ကာယကံရှင်က လျှောက်လဲနေတဲ့လူ ပြောတဲ့ စကားတွေကို သူသဘောမတူပါဘူး သူခွင့်မပြုပါဘူးဆိုရင်တော့ ကျုပ်က ခင်ဗျားကိုပဲ ဦးတည်ပြောမှာ ဆိုတော့ “ခင်ဗျား” လို့ပဲ သုံးရလိမ့်မယ်။ အဲလိုဆိုလဲ ခင်ဗျား ပြောတာတွေက လုံးဝအဓိပ္ပါယ် မရှိတော့ဘူး။ ကာယကံရှင်က သဘောမှ မတူတော့ပဲ။
ခင်ဗျားပြောလို့ ပြောရအုံးမယ်။ သဂျီးဘက်သားတွေ ခံရရင် ရောက်လာတယ်ဆိုလို့ သဂျီးဘက်သားတွေက ဘယ်သူရော အားနည်းလို့လဲဗျာ။ ကျုပ်တော့ မတွေ့မိပါဘူး။ ခုနပြောသလို ဘာပြောပြော စတစ်ကီ ရတတ်တာနဲ့ တခုခုဖြစ်ရင် အခု ခင်ဗျားလို ဝိုင်းမယ့် ဝန်းမယ့်လူတွေနဲ့ တောင်းပန်ပေးမယ့် လူတွေမရှား အဲဒါက အားနည်းတာလား။ မရွှီးပါနဲ့ဗျာ။
ကျုပ်ကလည်း ခင်ဗျားကို ပြောရအုံးမယ်။ ကျုပ်က အသစ်တွေကို ဘယ်တော့မှ မဝေဖန်ဘူး။ ကျုပ်ကို မဆဲရင်ပေါ့။ သူတို့လည်း မဆဲပါဘူး။ ကျုပ်ဝေဖန်တာက အတိုင်းအတာ တခုအထိ အသိုင်းအဝိုင်းရှိတယ် ဝိုင်းပြီး အားပေးမယ့်လူတွေ များနေတဲ့လူမျိုးကိုပဲ ဝေဖန်တာ။ ဒါလည်း ဝေဖန်တဲ့ အကြောင်းကို ပြောပါတယ်။ အသစ်တွေကို သူကြီး ဝေဖန်ရင်တောင် ကျနော် တတ်နိုင်သမျှ ဝင်အားပေးသေးတယ်။
မိုးပြာဆရာတွေကို ရွပ်ရွပ်ချွံချွံတိုက်တာ ကျုပ်က ထိပ်ဆုံးကဆိုတာ ဟုတ်ပါတယ်။ အဲဒါ ဘာကြောင့်လဲ ဆိုတော့ သူတို့လဲ ထေရဝါဒ ဗုဒ္ဓဘာသာရဲ့ အဓိကအကြောင်းတွေ ဆရာတော်ကြီးတွေကို ဝေဖန်တဲ့ အခါမှပါ။ ကိုအောက်အော့ဖ်ရဲ့ ပို့စ်မှာလည်း သဂျီးကပဲ ကျုပ်နာမည်ထည့်ပြီး ဒီမှာ ဒီမှာ ကိုယ်တိုင်ရေးပို့စ်တွေ့ပြီဆိုလို့ ဝင်ပါရတာပါ။ အခုသွားကြည့် တွေ့လိမ့်မယ်။ အဲဒီတုန်းက ခင်ဗျားကိုတောင် ပြောခဲ့ပါသော်ကော။ သူ့ကို နောက် ကျုပ်နာမည်ကို ဆွေးနွေးဖို့ မခေါ်ပါနဲ့။ ကျနော်မှာခွဲထားတာ ရှိပါတယ်ဆိုပြီး request လုပ်ရမယ်လို့။
ခင်ဗျား မကြိုက်ပေမယ့် ကိုယ့်စကားကို တာဝန်ယူမှ ဆွေးနွေးမယ်ဆိုတာ ဆွေးနွေးပွဲရဲ့ တကယ့်နည်းပဲ။ နောက်တော့ ခင်ဗျားဘာသာ ခင်ဗျား မိုးပြာအယူဝါဒတွေ လေ့လာပြီး ရေးချင်လည်းရေးပေါ့။ အဲဒီကျရင် ကျနော် လာခဲ့မယ်။ ဒါပေမယ့် ကြိုပြောထားမယ်။ ရေးကတည်းက ကျနော် ဒီဝါဒကို ယုံပါတယ်လို့ ဝန်ခံရေးပြီး ရေးတာကိုလည်း တာဝန်ယူရမယ်။ ကျနော့် ရှေ့စကားနဲ့ နောက်စကား မညီတာမျိုးက အရေးမကြီးပါဘူး။ ရှက်လည်း မရှက်ပါဘူးလို့ အဲဒီကျလို့ ပြောရင် ကျနော်မလာတော့ဘူး။ ကျနော်ကိုယ်တိုင် မရှင်းတာကိုလည်း မေးမယ်။ ထုံးစံအတိုင်း အဲဒီကျရင်တော့ ခင်ဗျား ယုံပါတယ် တာဝန်ယူပါတယ်လို့ ပြောမှ ကျနော်ကလည်း မေးလို့ရမှာပေါ့။
လမ်းချော်ကုန်မယ်။ အမှန်မှာ အဲဒီလို ပွဲကျရင်တော့ ခင်ဗျားကွင်းခတ်ထားတဲ့ ဘာလို့ မြတ်စွာဘုရားရှင်ရဲ့ တပည့်သား အဖြစ်ခံယူထားသလဲ ဆိုတာ ရှင်းပြမယ်။ အခုတော့ မဆိုင်တာရယ် နောက်ပြီး ခင်ဗျား လာကတည်းက ဘက်လိုက်မယ်ဆိုပြီး ခံယူထားလို့ မပြောတော့ဘူး။
ခင်ဗျားပြောတဲ့လူရဲ့ အဲဒီလို စိတ်မျိုး မရှိဘူးဆိုတာ အမှန်မှာ ခင်ဗျားက ကျုပ်ရေးတဲ့ စဉ်းစားကြစေလိုပါတယ် (၁၈) တိုင်းရင်းသား အရေးသို့ ပြန်ကြားချက်မှာ လာဆွေးနွေးရမှာ။ အဲဒီတုန်းက ပြောရင် ပွဲကောင်းပဲ။ ကျနော် စာလုံးအနက်တွေနဲ့ပါ သေသေချာချာ ပြခဲ့တာ။ အဲဒီတုန်းက ခင်ဗျားလာပဲ တောင်းပန်တယ်။ အခု သိပ်ဝေးတဲ့ အကြောင်းကို ပြောရတာ ဖီလင်မလာဘူး။
နောက်ပြီး ဒီပို့စ်မှာ ခင်ဗျား ပြောကတည်းက စကားရှေ့နောက် မညီတာကို တာဝန်မယူဘူး။ မရှက်ပါဘူး ပြောကတည်းက ရှေ့ဆက်တတ်လို့ မရတော့ဘူး။ ခင်ဗျားရဲ့ လမိုင်း တခါတည်း ပျက်သွားပြီ။ နောက် ခင်ဗျား မိုးပြာဆရာ ဖြစ်လာရင် အဲဒီလို မပြောမှ လာဆွေးနွေးလို့ရမယ်။ အခုတော့ ခင်ဗျား ဘာပြောပြော ယုံလို့မရတော့ဘူး။ ပြောလည်း လေကုန် အချိန်ကုန်တာပဲ ရှိမယ်။
နောက်ပြီး ကျုပ်က ဒီဆိုက်ဒ်ထဲမှာ အပြင်မှာ ဘယ်သူနဲ့မှကို မသိဘူး။ သူတို့နဲ့လည်း အချိတ်အဆက် လုပ်လို့မရဘူး။ သူတို့နဲ့ ကျုပ်နဲ့ ပြောတာတွေလည်း ကျန်တဲ့လူက အကုန်လုံး မြင်နေမှာပဲ။ ပေါင်းလည်း ဘာဖြစ်သလဲဗျာ။ အခု ခင်ဗျားတောင် သူများအတွက် အခမဲ့ရှေ့နေလုပ်ဖို့ ဘက်လိုက်မယ် ပြောကတည်းက ကျုပ်တို့လည်း ဘော်ဒါကဏဏ္ဍ လုပ်တော့လည်း တရားပါတယ်။ မေးမငေါ့ပါနဲ့။ အပြန်အလှန်ပေါ့ဗျာ။
NAJA
December 15, 2012 at 9:18 pm
ကိုပေရေ…
ကျွန်တော်လဲ မန်းလေးကပဲဗျ..
ကိုပေစိတ်ရှိရင် တွေ ့နိုင်ပါတယ်ဗျ..
လောလောဆယ်တော့ လာရှိုးမှာ အလုပ်ကိစ္စနဲ့ခဏရောက်နေပါတယ်..
အချိန်ကုန်ခံလို့တော့ တွေးမနေပါနဲ့…
မောင်ပေ
December 16, 2012 at 6:41 pm
ကို နာဂျားရေ / သဂျော်ဂဒီး လို ့အထင်မှားမိတဲ့အတွက် ဆောရီးပါဗျ
တောင်းပန်ပါတယ်
San Hla Gyi
December 15, 2012 at 10:07 pm
ကဲ ကပေရေ ခင်ဗျားတော့ ဒုက္ခပဲ။ ဘောလုံးပွဲကနေ ရှင်းပွဲ ဖြစ်လာတော့မယ် ထင်တယ်။
NAJA
December 15, 2012 at 10:25 pm
မပူပါနဲ့ဗျ..
ကျွန်တော်မန်းဂေဇက် စဖတ်ကတည်းက
windtalker နာမည်နဲ့ ဘောပွဲအကြောင်းတွေ ရေးတာသူတစ်ယောက်ထဲရှိလို့..
ဒေါင့်ပေါင်းစုံ.. စုံလဲစုံတဲ့ မန်းဂေဇတ်ဆိုပြီး..
တွေးစေတဲ့ ကလောင်ရှင် တစ်ယောက်ဗျ..
အဲသည်တော့..
လေးစားသမှုရှိပြီးသားဖြစ်လေတော့..
ဘာမှမပူပါနဲ့ခင်ဗျ..
San Hla Gyi
December 15, 2012 at 10:42 pm
အမယ်လေးဗျာ။ မပြီးနိုင် မစီးနိုင် ဘယ်လိုဖြစ်နေတာလဲ။ တကယ်တော့ ကျနော် ပြောတာဟုတ်တယ်။ ခင်ဗျားပြောတဲ့ စကားတွေဟာ သူများကို ပြောရမှာ မဟုတ်ဘူး။ ခင်ဗျား ကိုယ်တိုင် ကျင့်သုံးရမှာ။ အခု ခင်ဗျားပဲ မပြီးနိုင် မစီးနိုင် ဖြစ်နေပြီ။ ခင်ဗျား ပြောသလို ကိုယ်မကြိုက်ရင် မသိချင်ယောင် ဆောင်နေလိုက်ပေါ့ဗျာ။ ဘာမှထပ်ပိုလို့ မရပါဘူးဆိုသလိုပေါ့။ အဲဒါလေး ကိုယ်တိုင် လုပ်စမ်းပါ။ ကျနော် စည်းကမ်းတခုကို ချိုးဖောက်ရမယ်ထင်တယ်။ စည်းကမ်းတော့ မဟုတ်ပါဘူး။ ကျနော်ထားတဲ့ ထုံးစံလေးပါ။ ကျနော့်ပို့စ်တွေကို လာတဲ့ လူတွေကို ကျနော်အမြဲ ပြန်ပြီး လောကဝတ်လုပ်တယ်။ မကြိုက်ရင်လည်း မကြိုက်တဲ့အလျှောက်ပေါ့။
အခုတော့ ခင်ဗျား အခြေအနေကို ကြည့်လိုက်တာနဲ့ အဲဒီထုံးစံကို ပြင်ရတော့မယ်။ အခုပို့စ်ကတော့ ပြောလက်စမို့ ထားလိုက်တော့။ နောက်ပိုင်းပို့စ်တွေက ကျနော် ခင်ဗျားကို request လုပ်ထားတာရှိတယ်။ တကယ်လို့ ခင်ဗျား ရောက်လာခဲ့ရင်လည်း ကျနော် ပြန်ဖြေချင်မှဖြေမယ်။ အဲဒီအတွက် ဆဲဆဲ ပြောပြော နာမည်တပ်ပြီး ဆောင်းပါးရေးရေး ခင်ဗျားလုပ်ချင်သလိုသာလုပ် ကျနော်ဘာမှ ပြန်မရေးဘူး။
အဲဒါ ခင်ဗျားပြောတာကို ကျနော် တကယ်ကျင့်သုံးပေးမယ်။ ခင်ဗျားအပေါ်ကိုပါ။ အဲဒါက ခင်ဗျားရဲ့ အခုအခြေအနေအတွက် အသင့်တော်ဆုံးပဲ။
NAJA
December 15, 2012 at 11:43 pm
မပြီးနိုင်မစီးနိုင်ဆိုမှ..
ကိုယ့်စကားကိုယ်တာဝန်ယူပြီး..
ရှင်းစရာတွေက ကျန်ကျန်နေတာကိုးဗျ…
“အပေါ်ကတစ်ယောက် ပြောသလို တမျိုးကြီးပဲ”
ဆိုတာက.. စရှင်းရရင်..
ရွာထဲမှာ.. သဂျီးနဲ့ ဝါဒရေးရာ “မဆူး” က စစ်ဖြစ်လေ့ရှိသော်ညား..
လေးစားသမှုတော့ အမြဲရှိခဲ့တယ်…
သို့သော်.. ဒီပို့်စ်.. မှာ ကိုစံလှကြီး အကောင့်နှစ်ခုနဲ့ အပင့်အထောင်လုပ်ကြောင်း..
ဟုတ်သော်ရှိမဟုတ်သော်ရှိ.. သဂျီးက ချပြတော့…
သူများရဲ့ နိုင်ပေါက်ကို နှိပ်ရကောင်းလာရယ်လို့ “မဆူး” ကမြင်ပုံရပြီး..
“တစ်မျိုးကြီးပဲ”.. ဆိုတာမျိုးထွက်လာတယ်လို့
သူ့ ကွန်းမန့်ဖတ်ပြီး ကျွန်တော်ကမြင်တာဗျို ့..
ကျွန်တော်ကိုယ်တိုင်လဲ.. အဲသလိုပဲ..
သဂျီးရှင်းပြတဲ့ Admin rights ကို နားလည်လက်ခံသော်ညား..
စိတ်ထဲတော့.. သဂျီးဘယ့်နှယ်ဟာ လုပ်ပါလိ်မ့်လို့.. “တစ်မျိုးကြီး”
ဆိုတာမျိုးဖြစ်သဗျ.. အဲဒါနဲ့.. မဆူးဖြစ်သလိုကျွန်တော်ဖြစ်တာကို ပေါင်းပြီး ကျွန်တော်ရေးတဲ့ကွန်းမန့်..
မိန်းမဆန်ဆန်သဘော ဖြစ်သွားပုံရတယ်ခင်ဗျ..
(သဂျီးသာ.. မနှိပ်စေလိုတာ.. ခုများတော့ ကိုယ်တိုင် ငါးစိမ်းသည်ဖြစ်နေတာ..
ရှေ့နောက်မညီဘူးပြောတာ နဲတောင်နဲပါသေးတယ်လေလို့တွေးမိပါသဗျာ)
နောက်တစ်ခု..
မိုးပြာကိစ္စ..
ကျွန်တော်မိုးပြာကိစ္စ ဆွေးနွေးဖို့အတွက်ကို
ကျွန်တော်ကိုယ်တိုင် မိုးပြာကိုသက်ဝင်ယုံကြည်ရမယ်….
ကိုယ့်ကိုယ်ကို မိုးပြာဘာသာဝင်ပါလို့ .. claim လုပ်နိုင်ရမယ်ဆိုတာတော့..
တစ်ဆိတ်.. စည်းကျပ်လွန်းတဲ့ လက်ဝှေ့ပွဲလိုနေမယ်ထင်သဗျာ..
မိုးပြာကိုလေ့လာပြီး ကောင်း၏ မကောင်း၏ ဆွေးနွေးဖို့အတွက်..
မိုးပြာဖြစ်နေဖို့ လိုမယ်လို့ ကျွန်တော်မထင်ဘူး..
နောက်တစ်ခု..
အပျင်းပြေ စကားရေလေးလုရင်း..
ထောက်စရာလေးထောက်ခဲ့လိုက်ဦးမယ်နော… အဟိ..
အထက်ကွန်းမန့်မှာကိုစံလှကြီးပြောခဲ့တဲ့..
“ပေါင်းလည်း ဘာဖြစ်သလဲဗျာ။ အခု ခင်ဗျားတောင် သူများအတွက် အခမဲ့ရှေ့နေလုပ်ဖို့ ဘက်လိုက်မယ် ပြောကတည်းက ကျုပ်တို့လည်း ဘော်ဒါကဏဏ္ဍ လုပ်တော့လည်း တရားပါတယ်”
ဆိုတာလေး..
တရားပါတယ်ခင်ဗျာ.. ဆိုလိုချင်တာက..
ဒီပို့စ်ရဲ့.. အာဘော်လေးတစ်ခုပေါ့နော
admin ဆိုတဲ့ အုပ်ချုပ်ရေးပိုင်းကို ပိုင်ရင် ကျန်တာတွေလဲ အလွယ်လေး ဆိုပြီး.. admin တွေကို ချုပ်ပြီး လုပ်ချင်ရာလုပ်နေတဲ့ လူ ့သဘော လူ ့မနော..
ပိုင်တဲ့.. လူတွေကို.. သရော်ထားတာလေးပါ..
ဆိုတော့ကာ.. (အဟိ)
အက်ဒ်မင်ထက်.. ဩဇာညောင်းတဲ့ လူကြီးတွေနဲ့ ဘော်ဘော်အခန်းလေးပါ..ဆိုတော့..
ကိုစံလှကြီးလဲ လူ့သဘော လူ့မနော အထာညက်ပြီး..
ကိုယ့်ကိုယ်ကိုများ .. စတဲယားထားသလားလို့ပါ..
ကိုစံလှကြီးခင်ဗျား..
ဘုရားဟောကတော့.. ကိုယ့်ကို ဗရုတ်သုတ်ခ မြှောက်ပင့်ပြီး အကျိုးပျက်ရာကြံတဲ့လူတွေထက်..
ကိုယ့်အကျိုးရှေးရှုပြီး… ကိုယ့်အကျိုးအကန်းတွေထောက်ပြတဲ့လူက
အဆွေခင်ပွန်းကောင်းမည်တယ်လို့ ဆိုသဗျ…
ချစ်လို့စတယ်မှတ်ပါနော..
နောက်ပိုစ့်တွေတော့လဲ တုံနှိဘာဝေတော့ မလုပ်ပါနဲ့ဦး..
အခုတော့ အနှင်ခံရတာလဲများပြီဆိုတော့..
ကိုစံလှကြီးခြံထဲက ထွက်တော့မယ်ဗျာ…
San Hla Gyi
December 16, 2012 at 7:02 am
Very good ပါ။ သူတို့က အက်ဒမင်ထက်ပိုပြီး ဩဇာညောင်းတယ်။ တကယ်လားဗျာ။ မထင်ပါဘူး။ ဟုတ်မှ ကပေတို့ကို ကျုပ်ပို့စ်တွေ ဘာရေးရေး စတစ်ကီ ပေးဖို့ ပြောရအုံးမယ်။ အခု ခင်ဗျားက ကိုယ်သာ ဘက်လိုက်မယ်ဆိုပြီး ဝင်လာတာ သူများကျတော့လည်း မရှုဆိတ်ပြန်ဘူး။ နောက်ပို့စ်တွေကတော့ ကျနော် ပြောတဲ့ သဘောထားအတိုင်း ဖြစ်လိမ့်မယ်ထင်တယ်။ ကျနော် ကိုယ်တိုင်လည်း အဲဒီအတိုင်းပဲ။ ဒါကြောင့် ကိုကြောင်ဝတုတ်ကိုလဲ သူ့ပို့စ်တွေကို ကျနော် နောက်ပိုင်း သိပ်လာဖြစ်မှာ မဟုတ်ဘူးလို့ ပြောလိုက်တာ။ ဘာလို့လည်းဆိုတော့ အားမနာတမ်း against လုပ်ပြီးပြီ ဆိုကတည်းက နောက်ပိုင်း ဘယ်လောက်ပဲ လေးစားတယ်ပြောပြော ကျနော့် အမြင်အရ စကားပဲဗျာ။ တယောက်နဲ့ တယောက်က အဖုအထစ် ဖြစ်သွားပြီပဲ။ အဲဒါကတော့ ကျနော့် ဆုံးဖြတ်ချက်ပါ။
ခင်ဗျား အခုလို ပုံစံနဲ့ မိုးပြာဆောင်းပါးရေးလဲ ကျနော်လာမှာ မဟုတ်ဖူး။ ခင်ဗျားကိုယ်တိုင် မယုံကြည်တဲ့ ဝါဒတခုကို ကျုပ်က လာဆွေးနွေးရင် အခုဒီမှာ ခင်ဗျားပြောသလို ကျနော့် ရှေ့စကားနဲ့ နောက်စကား မညီတာ ကျနော့်အတွက် အရေးမကြီးပါဘူး။ ရှက်လဲ မရှက်ပါဘူးပြောရင် ကျန်တဲ့လူ မောလိမ့်မယ်။
San Hla Gyi
December 15, 2012 at 8:41 pm
သူကတော့ မဟုတ်ပါဘူးလို့ ပြောတာပဲ။ ကျနော်လဲ အတိအကျတော့ ဘယ်သိမလဲ ကိုပေရာ။ သူမဟုတ်ဘူး ပြောတော့ နောက်မခေါ်တော့ပါဘူးလို့တောင် ပြောလိုက်သေးတယ်။ ဘာလို့လဲဆိုတော့ ကျနော် သူ့ကို အရင်ဆုံး စမြင်ဖူးတာက ကျနော်ရေးတဲ့ “စဉ်းစားကြစေလိုပါတယ် (၁၈) တိုင်းရင်းသား အရေးသို့ ပြန်ကြားချက်” မှာစတွေ့ဖူးတာပဲ။ သူကတော့ ကျနော့် ပရိသတ်လို့ ပြောတယ်။ အရင်ကတော့ မမြင်ဖူးပါဘူး။ အဲဒီမှာ ကျနော့်ကို လာတောင်းပန် အခြားပို့စ်ကိုလည်း သွားတောင်းပန်ပေါ့။ ဘယ်သူ့အတွက် ရှိရမှာလဲ။ “အဘရဲ့ ကိုယ်ရေးကိုယ်တာကို မပြောကြပါနဲ့” ဆိုပြီးပေါ့။ အမှန်မှာ အဲဒီအချိန်မှာ ခံနေရတဲ့လူက ကိုယ့်ဘာသာကိုယ် မဟုတ်တာတွေရေး တာဝန်မဲ့ စကားတွေပြောတဲ့အပြင် အဲဒီလိုပို့စ်မျိုးကလည်း စတစ်ကီရတယ် ဆိုပြီး လူတွေက ဝိုင်းသမနေကြတာ။
အဲဒါကို သွားတောင်းပန်ရှာတယ်။ နောက်တခါကျတော့ သူကြီးကို သူပြောတဲ့ “အောင်ခြင်း ၈ပါးတဲ့ ဂေါတမဗုဒ္ဓများ တခါမှ သီးခံ သီးခံဆိုပြီး အရှုံးမပေးဘူး နိုင်အောင်ကိုလုပ်တယ် ဆိုတော့ အောင်ခြင်းပေါ့” ဆိုတဲ့ စကားနဲ့ ပက်သက်ပြီး “ကန့်ကွက်ဖြစ်အောင် ကန့်ကွက်ကြပါ” ဆိုတဲ့ ပို့စ်မှာလား မသိဘူး ကျနော်က ဝေဖန်တော့ ချက်ချင်း ပေါ်လာပြီး “ပုံတော်မှာ ဂုဏ်တော် မကိန်းပါဘူး” ဆိုပြီး ဝင်ပြောတယ်။ သူ့ကိုယ်သူလည်း ကိုယ်ပျောက်ရွာသားလို့ ပို့စ်တခုမှာ ပြောတယ်။
နောက်တခါ ကျနော်က မိုးပြာဆရာ ကိုအောက်အော့ဖ် ဆိုသူနဲ့ ဆွေးနွေးလို့ ဟိုဘက်က တော်တော် နာနေပြီဆိုမှ “မိုးပြာဆရာတွေဟာ သတိမကွာပဲ တုန့်ပြန်တတ်ပုံကတော့ ချီးကျူးစရာပါ” ဆိုပြီး ဝင်ချီးကျူးတယ်။ အားပေးတဲ့ သဘောပေါ့။ အဲဒီတုန်းကလည်း စာတကြောင်းကို တမင်ကို သိသိကြီးနဲ့ မှားရိုက်ထားသလိုပဲ။ အဲဒါကြောင့် ကျနော်တောင် ခင်ဗျားဟာ ကိုယ်ပျောက်ရွာသား ဆိုပေမယ့် ပေါ့သေးသေး မဟုတ်ဖူး။ ပေါ့ကြီးကြီးထဲကပဲလို့တောင် ပြောလိုက်သေးတယ်။
သူ့ဘာသာသူ ဘယ်သူဖြစ်ဖြစ် ပြောတဲ့အခါ မျှမျှတတ ရှိဖို့တော့ ကောင်းတာပေါ့ ကိုပေရာ။ အခုလဲ ကျနော် ဘက်လိုက်ချင်လို့ပါ ဆိုပြီး သူများကို မလုပ်နဲ့ပြောပြီး ကိုယ်ကျတော့ နေ့တောင် မကူးသေးဘူး ဒီကွန်မန့်မှာပဲ စိမ်ပြေနပြေလုပ် ပြောတဲ့စကား ရှေ့စကားနဲ့ နောက်စကား မညီလဲ အရေးမကြီးပါဘူး။ မရှက်ပါဘူးလို့ ပြောပြီး အဲဒီလိုလူကပဲ သူများကို ငါ့စကားနွားရ ပြောပါတယ်ဆိုပြီး စွပ်စွဲဆိုတော့ “အို အသင်လောက အသင်လောက” လို့အော်ရတော့မလို ဖြစ်နေတာပေါ့။
Passing By
December 16, 2012 at 1:22 am
အကို San Hla Gyi ရေးတာကိုကြိုက်တယ်ဗျာ .. ဖတ်လို့ကောင်းတယ်ဗျာ .. ကာရံလေးလည်းစပ်၊ ဟာသလည်းနှောထားတော့ ဖတ်ရတာ အရသာရှိတယ်ဗျ ..
တစ်ခုဘဲ .. အကို (or ဦးကြီး) ..
ဟို .. မြေမြိုတယ်ဆိုတာလေး ပြောပြလို့ရမလား? တခါမှမတွေ့ဖူးလို့ ဘာဖြစ်လို့ကမာ္ဘမြေကြီးကလူကိုမြေမြိုရတာလဲ? သူကသက်ရှိမို့လို့လား? ပြီးတော့ အဝီစိက ကမာ္ဘ့အောက်ခြေမှာတကယ်ရှိတာလား? တကယ်ရှိရင် ဦးကြီးခိုင်က အဝိစိမှာနေတာပေါ့ နော .. ကျွန်တော် Google Earth နဲ့ကမာ္ဘပတ်ကြည့်တော့ အောက်ခြေမှာ အမေရိကန်နိုင်ငံတွေ့တယ်ဗျ ..
(ကန်တော့ပါဘုရား .. ဘုရားကမေတ္တာတရားလွန်စွာ ကြီးမားမှန်းကျွန်တော်မျိုးသိပါတယ် ဒါကြောင့် ကျွန်တော်မျိုး ပြောမှားဆိုမှားရှိခဲ့သော် ခွင့်လွှတ်မှာအမှန်ဘဲ ဟုတ်တယ်ဟုတ်)
ဘာသာရေးကို စော်ကားလိုသောရှုထောင့်ကမေးမြန်းခြင်းမဟုတ်ပါဘူး
ဦးဖြေနိုင်မယ်လို့ ကျွန်တော်မျှော်လင့်မိပါတယ် .. ဟီး ..
ဦးကြောင်ကြီး
December 16, 2012 at 10:13 am
ကိုပက်ဆင်းဘိုင် (မွတ်ဆလင် နာမည်နဲ့တူတယ်နော်) ဟုတ်ရင် မာမွတ်ဘိုင်လို့ ခေါ်ပါတယ်။ ကျုပ်လည်း မနေနိုင်လို့ ဝင်ပြောမယ်။ သဂျီးမသိပါစေနဲ့ ဒီလူဂျီးနဲ့ မတန်ဘူး။
ကျမ်းဂန်အလို ကျုပ်တို့နေတဲ့ ကမာ္ဘမြေလွှာထုအောက်မှာ ကျောက်လွှာတွေ အထပ်ထပ်ရှိတာ ဘူမိဗေဒသဘောအရ အများသိပြီးသားပါ။ အဲဒီအောက်မှာ ရေထု လေထု အာကာသ စတဲ့အလွှာအထပ်ထပ် ရှိပြီး နတ်နဂါး ဂဠုန်များ နေကြောင်းဆိုတယ်။ ဒီဖက်ခေတ် အကြားအမြင်ပေါက်တဲ့ ရဟနာ္တများ၊ သမထပုဂ္ဂိုလ်များလည်း အတည်ပြုပြောဆိုတယ်။ ရွာထဲက တရုတ်သဗုံ ကြေးမုံဂျီးနောက်ဆုံးတင်တဲ့ မြေငလျင်ရစ်ချ်တာစကေး ပို့စ်မှာတောင် ထင်တယ် မြေထုအောက် ရွေ့လျားနေတဲ့ ကျောက်လွှာများအောက်မှ ရေထုရှိကြောင်း သိပ္ပံပညာရှင်များ လက်ခံထားကြပြီ။ တကယ်တမ်း သိပ္ပံလေ့လာ စူးစမ်းမှုများ ပြုနိုင်တာ ကမာ္ဘမြေအောက် ဆယ်မိုင်ထက် မပိုနိုင်သေးပါဘူး။ ဒါတောင် နေရာကွက်ကွက်လေးပဲ လုပ်နိုင်တာ။ ဆိုတော့ သဂျီးဦးခိုင် အဝီဇိငရဲ ဖင်ခုထိုင်နေတာ ဘယ်သိနိုင်ပါ့မလဲ…။
San Hla Gyi
December 16, 2012 at 10:23 am
ကို Passing by ရေ။ ခင်ဗျားနာမည်ကလဲ ဦးကြောင်ကြီး ပြောမှပဲ ရယ်ရတော့တယ်။ ကာဆင်ဘိုင် ဆိုရင် ပိုပြီးမိုက်မယ်ဗျ။ ဒီအင်္ဂလိပ်နာမည်လဲ ကောင်းပါတယ်။ လာတဲ့အတွက် ကျေးဇူးတင်ပါတယ်။
San Hla Gyi
December 16, 2012 at 7:40 am
Passing by ရေ
အော် ဒီလိုမေးခွန်းမျိုးကို ခင်ဗျား ပထမဆုံး မေးတာ ကျနော်တွေ့ဖူးတယ် ထင်တယ်။ မိုးပြာဆရာတွေ အကြောင်းရေးတဲ့ ပို့စ်မှာပဲ။ ကျနော်ရေးတဲ့ ကွန်မန့်တခုကို ခင်ဗျားစေ့စေ့စပ်စပ် မဖတ်လို့ပါ။ ကျနော်လဲ မြေမျိုတာကို တခါမှ မမြင်ဖူးသေးဘူး။ ဘာကြောင့် ရေးတာလဲဆိုရင် ရှေးဆရာတော်ကြီးတွေ ရေးတဲ့ စာအုပ်တွေနဲ့ လူကြီးတွေ ရေးတဲ့စာအုပ်တွေမှာ ပါလို့ပဲ။ စာအုပ် ဆိုတာလဲ အမြဲတမ်း ရာနှုန်းပြည့် မှန်တယ် မဆိုနိုင်ပေမဲ့ လူ့အတွေ့အကြုံတွေကို မှတ်တမ်းတင်ထားတာကိုး။
မြေမျိုတာက တော်ရုံတန်ရုံ အကုသိုလ်နဲ့ မရဘူး။ သိပ်အပြစ်ကြီးမှ ရတယ်လို့ ဆိုတယ်။ လွတ်လပ်ရေး ရကာစကတော့ ဘုရားရှိခိုးနေတဲ့ အမေကို နောက်က ဆောင့်ကန်ပြီး ဓားနဲ့လိုက်လို့ မြေမျိုခံရတဲ့ လူတယောက်အကြောင်းဆိုတာ သတင်းစာထဲမှာ ပါဖူးတယ်လို့ ဆိုတယ်။ ခက်တာက အဲဒီ အချိန်က မြန်မာပြည်က မတိုးတတ်သေးတော့ ဗီဒီယိုတွေ ဘာတွေ မရိုက်လိုက်နိုင်ဘူးထင်တယ်။ ကျနော် ဖတ်ဖူးတဲ့ စာအုပ်ကတော့ ၆-၆-၅၁ ဗုဒ္ဓဟူးနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ “မိခင်ကို သတ်ရန် ဓားနဲ့လိုက်သူ မြေမျိုခြင်း” ဆိုတဲ့ သတင်းပါဖူးတယ်ဆိုပဲ။ မျိုတာကလဲ မေလ ၂၅ ရက်ကနေ ဇွန်လ ၂ ရက်နေ့အထိ တဆင့်ချင်း ရက်အကြာကြီး မျိုတယ်ဆိုပဲ။ ဖြစ်တာက ကျိုက်လတ်မှာ ဖြစ်တာလို့ ရေးထားတယ်။ အဲဒီတုန်းကလည်း လူတွေ အများကြီး ဝိုင်းအုံကြည့်ကြတယ်လို့ ပြောတယ်။
ဆိုတော့ မယုံကြည်သူများလည်း ကိုယ့်ဘာသာ စမ်းကြည့်ကြပေါ့။ ကျုပ်တော့ကြောက်တယ်။ စမ်းကြည့်မယ်ဆိုလဲ လက်တို့ထားအုန်း။ တခုခုဖြစ်ရင် ရွာထဲကလူတွေ သွားကြည့်ကြပြီး ဓတ်ပုံဆရာတွေ ဘာတွေကို မှတ်တမ်းတင ်ခိုင်းရအောင်။
ခုနပြောသလို ရဟန္တာပုဂ္ဂိုလ်တွေ ဘာတွေကို သတ်ရင်လဲ မြေမျိုတယ်လို့ ဆိုတယ်။ ခင်ဗျား မေးတုန်းကတော့ ရွှေဝါရောင် သံဃာ့ အရေးအခင်းတွေ ဘာတွေအကြောင်း ပြောတာတွေ့တယ်။ ကျုပ်စိတ်ထင်တော့ အဲဒီမှာ စီတန်းလမ်းလျှောက်တဲ့ သံဃာက ပုထုဇဉ်သံဃာတွေ ဖြစ်ပြီး ရဟန္တာပုဂ္ဂိုလ် ပါလိမ့်မယ် မထင်ဘူး။ ဘာလို့လည်းဆိုတော့ ရဟန္တာပုဂ္ဂိုလ်က အဲဒီလို မလုပ်တတ်ဘူး။ စိတ်အကြောင်း အသေးစိတ်ကို နီးစပ်ရာ ဆရာတော်ကြီးတွေဆီမှာ လျှောက်ကြည့်ပါ။
ဒါပေမယ့် ပုထုဇဉ် သံဃာကို ပြစ်မှားလဲ အဲဒီလူရဲ့ သီလ သမာဓိပေါ်တည်ပြီး အပြစ်တော့ ဖြစ်မှာပေါ့။ အကြီး အသေးနဲ့ ချက်ချင်းအကျိုးပေးတာ မပေးတာ ကွာလိမ့်မယ်။
ကမ္ဘာမြေကြီးက ဘာလို့ ဆွဲငင်အားရှိပြီး သူ့ပေါ်ရှိတဲ့ ဟာတွေကို ဆွဲငင်နေရတာလဲ။ နိယာမတရားကို။ အဲဒီတော့ သက်ရှိမဟုတ်လဲ မြေမျိုတာကို နိယာမလို့ မှတ်ပေါ့ဗျာ။
နောက်ပြီး မြေမျိုတာက လူတွေ သီလ ဖြူစင်တဲ့ အခါနဲ့ မဖြူစင်တဲ့ အခါလဲ နည်းနည်းကွာတယ်။ သီလ ဖြူစင်တဲ့ ခေတ်မှာ ကျူးလွန်တဲ့ အပြစ်ဟာ အဖြူပေါ်မှာ အမဲစက်ကျသလို ဖြစ်တော့ သိပ်ထင်ရှားလို့ ချက်ချင်းအကျိုးပေးတယ်။ သီလ မဖြူစင်တဲ့ခေတ်မှာတော့ အားလုံးဟာ လက်နှီးစုတ်လို ဖြစ်နေတော့ ချက်ချင်း အကျိုးမပေးဘူး နည်းနည်းကြာတယ်လို့ ဆိုတယ်။
နောက်ပြီး သဂျီးခိုင်ကို အဝီစီရောက်နေတယ်လို့လည်း မပြောသေးပါဘူးဗျာ။ အဝီစိက ကမ္ဘာ့အောက်ခြေမှာ ရှိမရှိကတော့ ကျနော်လဲ ဈာန်အဘိညာဉ်မရလို့ မသိနိုင်ဘူး။ မယုံရင်တော့ စမ်းကြည့်ပါ။ ချက်ချင်း မြေမျို မမျို မသေချာပေမယ့် ထိခိုက်နစ်နာမှာတော့ သေချာပါတယ်။
kthwinzayarmyo
December 16, 2012 at 10:25 am
အချိန်ကား ဘုန်းတော်ကြီးသော ရွာသူကြီးဦးခိုင်သည် မန်းဂေဇက ်တွင် သီတင်းသုံး နေထိုင်တော်မူသော အခါဖြစ်ပေသည်။ သူကြီးဦးခိုင် ကိုယ်တော်တိုင် ရှိတော်မူသော အခါဖြစ်သဖြင့် ဂေဇက်တော်ဝယ် လွန်စွာ ရေးသားဖတ်ရှု.ဆွေးနွေး.မှတ်သား.ကူးယူဖြန့်ဝေသူ များသော အခါလည်းဖြစ်သည်။ လူတို့သည် ဂေဇက်သို့ရောက်လျှင် သူကြီးဦးခိုင်၏ရေးသားချက် မှတ်ချက်များအဘယ်မှာနည်း စသည်ဖြင့် ဂေဇက်သို့လာကြလေသည်။ ဦးခိုင်ရေးသော စာများကို ဖတ်ရှုပြီးလျှင် ကိုကြောင်ဝတုတ်.ကိုFR. ကိုပေါက်.အရီးခင်လတ်.ကိုဘလက်ချော စသော သာဝကကြီးတို့ကို မေးမြန်းကြလေသည်။ ကိုအင်္ဂါသားကြီးသည် ထိုကိစ္စနှင့် ပက်သက်ပြီး မကျေမလည် ရှိလေသည်။ သူကား ဂေဇက်တွင်အရေးတယူရှိမှု.နာမည်ကြီးလေးစားခံရမှု ရလိုသောကြောင့် ဖြစ်သည်။ သူကား ပုထုဇဉ် သာရှိသေးသူတည်း။ ဆိုလိုရင်းကို မကြည့်ဘဲ စာပေကပ်သပ်ရေးသားမှုများနှင့်မူ ပြည့်စုံလေသည်။ ပုထုဇဉ် မှန်သမျှ လာဘ်လာဘ ကျော်စောမှုကို မက်သူချည်းပင် ဖြစ်ရာ ဒီအထိတော့ သူမမှားသေးဟု ဆိုနိုင်သည်။
သူကြီးဦးခိုင် ကိုယ်တော်တိုင် ရှိသောအခါဖြစ်သဖြင့် ရေးသားဖတ်ရှုညွှန်းဆိုသူ ရှားပါးသောအခါ ဆိုသည်မှာ ကြုံတောင့်ကြုံခဲပင် ဖြစ်သည်။ သို့ပေမယ့် ကိုအင်္ဂါသားကြီးက အရေးပါသော သူများက သူ့ကို အရေးတယူရှိစေလိုခြင်းဖြစ်သည်။
(ပထမဦးစွာ ကိုအင်္ဂါသားကြီး၏ ဘဝခေါ် သူ၏ ကိုယ်ရေးရာဇဝင်ကို ကြည့်လျှင် စာပေအရေးအသား များအရ ရွှေလင်ပန်းနှင့် အချင်းဆေးခဲ့သူပေတည်း။ ခေတ်စကားနဲ့ ဆိုရသော် ကိုအင်္ဂါသားက သူသည် elite ခေါ် လူ့အထက်တန်းလွှာမိဘနှစ်ပါးက ပေါက်ဖွားခဲ့သူပါဟု ဆိုလျှင် အလွန်မှန်ပါသည်ဟု ဆိုရမည့်သဘော။ ကြည့်လေ —————————————-။ ဒီလိုလူကမှ elite မဟုတ်ဟုဆိုလျှင် ဘယ်သူမှလည်း ဟုတ်စရာ မရှိတော့။)
ဒီတော့ ကိုအင်္ဂါသားက သူ့ကို အရေးတယူဖတ်မည့်သူရှာသည်။ ကိုအင်္ဂါသားကြီးရဲ့ အတွေးကို ဒီမှာတင် တွေ့နိုင်သည်။ သူက သာမန် ဖတ်ရှု ကော်မန့်ပေးမည့်ကြယ်တစ်ပွင့်လောက်ကို မလိုချင်။ သူက ဒီလိုတွေးသည်တဲ့။ ဇမ္ဗူ့လောကပါလကြောင်ဝတုတ် သည်ဦးခိုင်ရေးသည့်စာကို ပထမအကြိမ် ဖတ်ဖူး့စဉ်ကပင်လျှင် ရည်ရွယ်ချက်ကို နားလည်သူ ဖြစ်သည်။ ထိုဇမ္ဗူ့လောကပါလကြောင်ဝတုတ် ကြီးနဲ့တော့ တစိတ်တဝမ်းတည်း ဘယ်နည်းနဲ့မှ မဖြစ်နိုင်(သူ့ကို ကိုယ့်ဘက်ပါအောင် ဆွယ်လို့ရမည်မဟုတ်)။ NAJA်ကြီးနှင့်လည်း ဘယ်လိုမှ မဖြစ်နိုင်။ ထက်ဝန်းကျင် ပဒေသရာဇ်မင်း အားလုံးနီးပါးသည်လည်း သူကြီးဦးခိုင်နှင့် ဘော်ဒါတွေချည်း။ ဇမ္ဗူ့လောကပါလကြောင်ဝတုတ် ကြီး၏ သားတော်ဖြစ်သော ဦးကြောင်ကြီးလေးကား ငယ်လည်း ငယ်သေးသည်။(ဦးကြောင်ကြီးခင်ဗျား. အမျိုးစပ်စရာ နာမည်တူ မတွေ့လို့နာမည်ယူသုံးမိပါတယ်.ခွင့်လွှတ်ပါခင်ဗျာ) ထိုမင်းသားကို ငါ့အား ဆရာပြု၍ ထောက်ခံကော်မန့်ပေးစေရသော် များစွာသော လာဘသက္ကာရ ဖြစ်လတ္တံ့။ ထို လာဘသက္ကာရကိုမှီ၍ ပရိသတ်လေးပါးတို့ ပြန့်ပွားစည်ပင်စွာဖြစ်မည်” ဟုတွေးလေတော့သည်။
(ကဲ ကြည့် စစဉ်းစားကတည်းက အခွင့်အာဏာရှိသော ရှင်ဘုရင်တွေကို စပြီး စဉ်းစားခြင်းဖြစ်သည်။ ကိုအင်္ဂါသားကြီ်းအတွေးကတော့လည်း မှားတော့မမှား။ လူ့သဘော လူ့မနောကိုတော့ အတော်ကျမ်းကျေသူ ဆိုတာ သူရဲ့ လုပ်ရပ်တွေ တွေးပုံတွေက ပြနေသည်ထင်သည်။ ခေတ်စကားနဲ့ ဆိုသော် နေရာတိုင်းတွင် Admim ခေါ် အုပ်ချုပ်စီမံရေးကို ကိုင်ထားသူများကို ပိုင်လျှင် ကျန်တာတွေ လွယ်တယ်ဆိုတာ သူကောင်းကောင်း သိသည်ဆိုသည့်သဘော။ ဒါကြောင့် စစဉ်းစားကတည်းက Admin ခေါ် အုပ်ချုပ်ရေး အာဏာပိုင်သော ဘုရင်တွေကို စစဉ်းစားခြင်းဖြစ်သည်။ စဉ်းစားကြည့်ပေါ့ admin ခေါ် အုပ်ချုပ်ရေးကို ကိုင်ထားသော ဘုရင်ကိုပိုင်လျှင် ကျန်တဲ့လူက အရင်းလဲလျှင် အဖျားထင်းဖြစ်ပဲ။
လူဆိုသည့် သဘာဝကလည်း အာဏာရှိသူ လုပ်ပိုင်ခွင့် တစုံတရာရှိသူတွေက လုပ်လျှင် သူ့နောက်လိုက် အသိုင်းအဝိုင်း သူ့အာဏာ မကင်းသူတွေက ကြောက်လို့တကြောင်း မျက်နှာလုပ်ချင်လို့ တကြောင်း လိုက်လုပ်ကြသည်သာ။ မထောက်ခံချင်တောင် ကန့်ကွက်ဖို့ သတ္တိမရှိတော့။ ဦးကြောင်ကြီးလေးက အိမ်ရှေ့မင်းသား နောက်တတ်မည့် ဘုရင် သူကကိုးကွယ်ပြီး ကိုအင်္ဂါသားကြီးဝါဒတွေကို ထောက်ခံသော သဘောပြောလိုက်သည်နှင့် သူ့အာဏာစက် အောက်မှာ နေရသူတွေက မျက်နှာရချင်တာ တကြောင်း နောက်မရေးရတော့မှာ ကြောက်တာတကြောင်း အဲလေ ယောင်လို့ ရာဇဝတ်သင့်မှာ ကြောက်တာတကြောင်းတို့ကြောင့် ထောက်ခံရတော့မည်သာ။ ဒီကြားထဲ ခပ်ကဲကဲ ကိုကြောင်ကြီးနဲ့ ရွယ်တူ ကော်မန့်ရေးကာစကလေးတွေဆိုလျှင် ဆရာအင်္ဂါသားကြီး၏ ပိုစ့် တိုင်း လာပြီး ဘာပြောပြော ဒီတရားလေးကတော့ အဘဆရာ အင်္ဂါသားကြီး ဘာလဲ ဘူလဲ ဆိုတာ ပြလိုက်တာပဲ ဆိုပြီး စကားတောင် မပီမသနဲ့ ထောက်ခံပေအုံးတော့မည်လေ။ အမှန်လဲ ကိုအင်္ဂါသားကြီးက ထိုအချိန်တွင် အသက်က ကိုကြောင်ကြီး ထက်များစွာကြီးပြီး အဘအရွယ်ပါပဲ။)
ကျန်စာသားများကိုယ့်ဖာသာ ပြောင်းရင်း မူရင်းပိုစ့်ကို ဆက်ဖတ်ပေးကြပါကုန်—–
မဟာရာဇာ အံစာတုံး
December 16, 2012 at 10:50 am
အဟမ်းးးး
ဦးစံလှကြီး ဘာပြောမလဲဆိုတာ
စောင့်ကြည့်ဦးမဗျို့ ……။
ဒါနဲ့ စကားမစပ် …
ကိုစံလှကြီး ဆိုတော့ .. ကကြီးနဲ့စတော့ တနင်္လာများ ဖြစ်လေမလားပဲ …
San Hla Gyi
December 16, 2012 at 3:02 pm
ကိုမဟာရာဇာအံစာတုံး
ကျနော် ဘာမှပြောရန် မရှိပါ။ အမှန်တော့ သူများစာကို အားလုံး ပုံတူကူးချပြီးမှ ရေးတတ်သူသည် ကိုယ်ပိုင် ဥဏ်နည်းလို့သာ ဖြစ်ပါသည်။ ရေးလိုလျှင်လည်း ကိုယ်ပိုင်နည်းလမ်းတော့ ရှာနိုင်သင့်ပါသည်။ သူ၏ ဗဟုသုတ အတွေးအခေါ် ချို့ငဲ့ခြင်းကို ပြရှာခြင်းပါတည်း။ သဂျီးပြောသော သိမ်ငယ်စိတ် ဖြစ်ပါသည်။ ကျနော်က ထိုလူမျိုးကို အထင်ကြီးစိတ် မရှိပါ။
အမှန်တော့ ကျနော် အထင်သေးပြီဆိုလျှင် ထိုသူ ဘာပြောပြော လုပ်လုပ် လျစ်လျူရှုလေ့ ရှိပါသည်။ ပြောနေသေးလျှင် တော်ပေသေးသည်။ လုံးဝ မပြောမဆိုတော့လျှင် စိတ်ဆိုးတာလဲ မဟုတ်သော အထင်သေးခြင်းပင်တည်း။ ကျနော် တတ်နိုင်သော အမြင့်မားဆုံး လျစ်လျူရှုမှု ဖြစ်ပါသည်။ အမှန်က အပြင်တွင်လည်း ထိုနည်းလည်းကောင်း။ တကယ်တော့ ကျနော်က တနလာင်္သား မဟုတ်သလို အင်္ဂါသားလည်း မဟုတ်ပါ။
အချို့မှာ မိမိကိုယ်ကို ဘာဝါဒပါဟု ဝန်ခံသော်လည်း ကိုယ်တိုင် တာဝန်ယူပြီး ဆောင်းပါးတပုဒ်ပင် မရေးရဲ။ အဘယ်ကြောင့်ဆိုသော် အတွေးအခေါ် ဖြစ်ပါက ကျိန်းသေတာဝန်ယူရမည် စိုးသောကြောင့်။ ထို့ကြောင့်ပင် သူများပို့စ်များတွင် ဝင်ရောက်ကာ ဆောင်းပါးရှင်က ဒီလိုဆိုတာလားလို့ ဟိုလိုဆိုတာလားလို့ စသည်ဖြင့် မေးတတ်ပါသည်။ ဒီတော့ သူ့တွင် ဘာတာဝန်မှ မရှိတော့ပဲ လူပါးလုပ်ခြင်းသာ။ စောစောကပင် အကဲခတ်မိပြီး ဖြစ်ပါသည်။ ထိုသူများကိုတော့ အထင်ကြီးစရာ မရှိသောကြောင့် အမှန်ပင် လျစ်လျူရှုနိုင်ပါသည်။
San Hla Gyi
December 16, 2012 at 7:18 pm
ကိုမဟာရာဇာအံစာတုံးရေ
ပြောဖို့ ကျန်ခဲ့လို့ဗျ။ ဒီ kthwinzayarmyo ဆိုတဲ့လူကို တချက်လောက် ကြည့်စမ်းပါ။ ကိုယ်ပိုင်ဥဏ် နည်းတဲ့လူမို့ ကျနော့် အလုံးကြီးတွေ ပါးစပ်ထဲ ရောက်နေတာ တွေ့တယ်မလား။ အားလုံး ကျနော့်အလုံးတွေ ချည်းပဲဗျာ။ ကျနော့် အလုံးတွေကို ငုံပြီး ပြောနေတာကိုး။ အမယ်လေးဗျာ စိတ်ထဲတောင် ဖီလင်တမျိုးကြီး ဖြစ်လာပြီ။ မခံစားနိုင်တော့ဘူး။ ထွက်တော့မယ်။
အော် ကျနော့် အလုံးကြီးတွေ kthwinzayarmyo ပါးစပ်ထဲ ရောက်နေတယ်ဆိုတာ စကားလုံးတွေကို ပြောတာပါ။ ထွက်တော့မယ် ဆိုတာ စာတွေ သူလုပ်လို့ ရေးပြီး တပုဒ်ပြီး တပုဒ် ထွက်လာတော့မယ်လို့ ပြောတာပါ။
မောင်ပေ
December 16, 2012 at 8:07 pm
မောင်ပေ သည် အက်ဒမင် မဟုတ်ကြောင်းပါ
အဲဒါ… အဲဒါ
San Hla Gyi
December 16, 2012 at 9:48 pm
ကိုပေရေ
အဲဒါလေး ရှင်းထားစမ်းပါ။ ခင်ဗျားတို့နဲ့ ကျုပ်သိတဲ့အတိုင်း ကျုပ်တို့ချင်းက အပြင်မှာလည်းမသိ အဆက်အသွယ်လည်း လုပ်လို့မရဟာကို ဗြောင်ကြီး ခင်ဗျားတို့ကို အရေးပါ အရာရောက်သူတွေ ဆိုပြီး ဆွဲစိနေတာသာကြည့်တော့။ ကိုယ်ပိုင်ဥဏ်တော့ နည်းတဲ့လူတွေပဲ။ အယူအဆတူရင် ထောက်ခံလို့ ရတယ် ဆိုတာကို ဇွတ်ဆွဲစိနေတာသာ ကြည့်တော့။
အခုလဲ ဒီမိုးပြာဆရာကြီး ကျနော့်အလုံးကြီးတွေကို သူ့ပါးစပ်ထဲ အတင်းထည့်နေတာသာ ကြည့်တော့။ ခက်တော့နေပြီ။ ဒီမှာ တော်တော်ဖီလင် တတ်နေပြီ။
ကျနော့် အလုံးကြီးတွေဆိုတာ ဆောင်းပါးထဲက စကားလုံးကြီးတွေကို ပြောတာပါ။
ကျွတ် ကျွတ် မိုးပြာဆရာကြီး kthwinzayarmyo ခင်ဗျားပါးစပ်ထဲက ကျုပ်အလုံးကြီးတွေကို မြန်မြန် ထုတ်လိုက်ပါလားဗျာ။ ဒုက္ခတော့ ဖြစ်ပြီ။ ခင်ဗျားဟာက ဆောင်းပါးတပုဒ်လုံး ကူးချနေရတော့ ဘယ်လိုမှ တိုက်ဆိုင်တာ မဖြစ်နိုင်လို့ပါ။
ကိုပေါက်(မန္တလေး)
December 31, 2012 at 4:45 pm
မိမိအယူအဆကိုအပြန်အလှန်ကော်မင်းပေး၍ ဖော်ထုတ်ကြရာတွင်
ယခုပိုစ်တွင် ပါသော ကော်မင်းအတော်များများ သည် ပညာသားပါ၍လှပါ ပါသည်။
ကြိုက်၏။