Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

”နာရီ လွဲချက် သီအိုရီ”

Wai Aung Chan MyoDecember 9, 20121min58212

ဒီ သီအိုရီကို ကွယ်လွန်သွားပြီ ဖြစ်တဲ့ စာရေးဆရာ တာရာမင်းဝေရဲ့
နာရီဟန်ချက်သီအိုရီကို ဖတ်ပြီး ရေးဖို့ စိတ်ကူးရခဲ့တာပါ။

ဆရာ တာရာမင်းဝေရဲ့ နာရီ ဟန်ချက်သီအိုရီကို အရင် ဖော်ပြချင်ပါတယ်။ အကျဉ်းချုပ်ပေါ့။

”နာရီ ဟန်ချက် သီအိုရီ”
ဂမ်မာ အမည်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးထံ လက်ဆောင်တွေ ဂုဏ်ပြုထူးချွန်လွှာတွေ
အထပ်ထပ်လာပေးခံနေရပြီး အခန်းတစ်ခုလုံးလည်း လက်ဆောင်တွေ
ဂုဏ်ပြုဆုတွေနဲ့ချည်း ပြည့်နေသည်။ ထိုအချိန်တွင် တံခါးခေါက်သံကြောင့်
ဂမ်မာဆိုသူက သွားဖွင့်ပေးရာ…
”ပရော်ဖက်ဆာ ဒေါက်တာဂမ္မာ ဆိုတာ ခင်ဗျားလား?”
”ဟုတ်ပါတယ်” ”ဝင်ပါအုံး၊ ထိုင်ပါအုံး” ဟု ဆိုကာ နေရာထိုင်ခင်းပေး၍
ထိုသူက တစ်ဆက်တည်း…
”မေးခွန်းလေးမေးချင်လို့ပါ”
”ဟုတ်ကဲ့ မေးပါ”
”ဘာစာတမ်းကို ပြုစုလို့ ဒီလို ချီးမြှင့်ခြင်းကို ခံရပါသလဲခင်ဗျား”
ချောင်းတစ်ချက် ဟန့် လိုက်ပြီး…
”ဒါက ဒီလိုပါ… ကျွန်တော်တို့ နာရီတံ မိနစ်တံပါတဲ့ နာရီတစ်လုံးမှာ
အဲ့ဒီ နာရီတံ နဲ့ မိနစ်တံ နှစ်ခုဟာ ထပ်တူကြတဲ့ အချိန် ဆိုတာရှိပါတယ်။
တစ်နေ့မှာ ၂၄ နာရီ ရှိတယ် ဆိုတာတော့ လူတိုင်း သိကြပါတယ်။ ဒါပေမယ့်
တနေ့မှာ ၂၄ နာရီ ရှိပေမယ့် တကယ့်တကယ် နာရီတံ နဲ့ မိနစ်တံဟာ ၂၂ကြိမ်ပဲ
ထပ်ပါတယ်။ ဒီလောက်တိကျတဲ့ နာရီတောင် တစ်နေ့မှာ ၂၄ကြိမ် မထပ်ဘဲ
၂ကြိမ်လွဲချော်သေးရင် လူသားတွေ အနေနဲ့လည်း တနေ့မှာ အနည်းဆုံး ၂ကြိမ်တော့
လွဲချော်ခွင့် ရှိသင့်ပါတယ်။
ဒါက ကျွန်တော်ထုတ်လိုက်တဲ့ သီအိုရီပါ။”
”ဟာဗျာ ကျွန်တော် ဆရာ့ကို တကယ် မသိလို့ မချေမငံ ဆက်ဆံမိတာ ခွင့်လွှတ်ပါ
ဆရာရယ်” ဟု ဧည့်သည်ခမျာ တောင်းပန်ရှာသည်။
”ရပါတယ်ဗျာ ဒါ ဒီနေ့ တစ်နေ့တာအတွက် ပထမ အမှားလို့ သတ်မှတ်လိုက်တာပေ့ါဗျာ။”
”ဟုတ်ကဲ့ အခုလို ရှင်းပြပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်” ဟု
ဆိုကာ ဧည့်သည် လည်း ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်သွားလေသည်။

နာရီဟန်ချက် သီအိုရီ ရဲ့ အဆက်ပါ။
ဒီသီအိုရီကို တော့ ဆရာ တာရာမင်းဝေရဲ့ နာရီဟန်ချက်သီအိုရီ ကို ဖတ်ပြီး တွေးမိတာပါ။

သီအိုရီက…
”နာရီ လွဲချက် သီအိုရီ”

ပျက်နေတဲ့ နာရီတစ်လုံး၊ နာရီလက်တံတွေတော့ အစုံအလင် ရှိသေးတယ်ပေ့ါ။
ဒီနာရီဟာ ဘယ်လိုအကြောင်းနဲ့ပဲ ပျက်နေပါစေ၊ သူ့ကို (နာရီတံ မိနစ်တံ
ရပ်နေတဲ့ အချိန်မှာ) သွားကြည့်ရင်တော့ ကြည့်သူအတွက် မှန်တဲ့ အချိန်ကို
ပြပေးနေမှာပါပဲ။ တစ်နေ့မှာ သူဟာ ၂ ကြိမ်တိတိ မှန်နေပါတယ်။

ဒါကြောင့် လူတိုင်းတိုင်း ဟာလည်း ဘယ်လောက်ပဲ ဆိုးသွမ်း ပျက်စီးနေပါစေ…
လူရယ်လို့ ဖြစ်လာပြီးတဲ့နောက်မှာ…
တစ်နေ့ကို အနည်းဆုံး လောကကြီးအတွက် ၂ကြိမ်လောက် ကောင်းပေးသင့်ပါတယ်။
မှန်မှန်ကန်ကန် နေပေးသင့်ပါတယ်။

ဒါမှ လူအဖြစ် လူဆိုတဲ့ ရပ်တည်မှုအောက်မှာ
ရှိနေတော့မှာပေါ့။

12 comments

  • Mobile

    December 9, 2012 at 10:21 am

    အင်မတန်ကောင်းပါတယ်ဗျာ။ ဗဟုသုတအဖြစ် နှင့် သူတစ်ပါးကို ဝေငှဖို့ကူးယူထားလိုက်ပါတယ်။
    ကျနော် ဟာလူတစ်ယောက်ဖြစ်တယ် ဘယ်လိုလူတစ်ယောက်လဲဆိုတော့
    အထက်ကပါတဲ့အတိုင်း နာရီအကောင်းနဲ့တူတဲ့လူဖြစ်တယ်
    ဒါပေမယ့် ကျနော်တစ်ခုခုလုပ်တဲ့အချိန်က တစ်ရက်မှ နှစ်ခါမှားတဲ့အချိန်နဲ့ လာလာကြုံနေတယ်……

  • Wai Aung

    December 9, 2012 at 11:07 am

    ကျေးဇူးပါ
    တရက်မှာ လူတိုင်းအပေါ် အနဲဆုံး ၂ခါမှန်ပေးနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

  • မောင်ပေ

    December 9, 2012 at 12:13 pm

    ကျုပ်ကြားဖူးတာတစ်ခုကတော့ ဒီလိုဗျ
    ဥရောပထဲက လာတယ်လို ့မှတ်တာပဲ
    လူတစ်ယောက်ဟာ တစ်နေ ့မှာ တစ်ခါ မကောင်းတဲ့စိတ် (သို ့မဟုတ်) ဆိုးသွမ်းတဲ့စိတ် (သို ့မဟုတ်) အောက်တန်းကျတဲ့ စိတ် ပေါက်ဖွားစမြဲတဲ့

  • Wai Aung

    December 9, 2012 at 1:05 pm

    ဒါက သူတို့ဆင်ခြေပါဗျာ

  • Mobile

    December 9, 2012 at 5:24 pm

    ကျွန်တော်တို့ နာရီတံ မိနစ်တံပါတဲ့ နာရီတစ်လုံးမှာ
    အဲ့ဒီ နာရီတံ နဲ့ မိနစ်တံ နှစ်ခုဟာ ထပ်တူကြတဲ့ အချိန် ဆိုတာရှိပါတယ်။
    တစ်နေ့မှာ ၂၄ နာရီ ရှိတယ် ဆိုတာတော့ လူတိုင်း သိကြပါတယ်။ ဒါပေမယ့်
    တနေ့မှာ ၂၄ နာရီ ရှိပေမယ့် တကယ့်တကယ် နာရီတံ နဲ့ မိနစ်တံဟာ ၂၂ကြိမ်ပဲ
    ထပ်ပါတယ်။
    ———————–
    အဲ့ဒါလေးကို မရှင်းလို့ ရှင်းပြပေးပါ့ဦး ကျနော် တွက်ကြည့်တာ ၂၄ ကြိမ်ထပ်တာပါပဲ
    ည ၁ နာရီ ၅ မိနစ်မှာ တစ်ကြိမ် (၁)
    ည ၂ နာရီ ၁ဝ မိနစ်မှာ တစ်ကြိမ် (၂)
    ည ၃ နာရီ ၁၅ မိနစ်မှာ တစ်ကြိမ် (၃)
    ည ၄ နာရီ ၂ဝ မိနစ်မှာ တစ်ကြိမ် (၄)
    ိနံနက် ၅ နာရီ ၂၅ မိနစ်မှာ တစ်ကြိမ် (၅)
    နံနက် ၆ နာရီ ၃ဝ မိနစ်မှာ တစ်ကြိမ် (၆)
    နံနက် ရ နာရီ ၃၅ မိနစ်မှာ တစ်ကြိမ် (၇)
    နံနက် ၈ နာရီ ၄ဝ မိနစ်မှာ တစ်ကြိမ် (၈)
    နံနက် ၉ နာရီ ၄၅ မိနစ်မှာ တစ်ကြိမ် (၉)
    နံနက် ၁ဝ နာရီ ၅ဝ မိနစ်မှာ တစ်ကြိမ် (၁၀)
    နံနက် ၁၁ နာရီ ၅၅ မိနစ်မှာ တစ်ကြိမ် (၁၁)
    နေလည် ၁၂ နာရီမှာ တစ်ကြိမ် (၁၂)
    —————————
    နေ့လည် ၁ နာရီ ၅ မိနစ်မှာ တစ်ကြိမ် (၁၃)
    နေ့လည် ၂ နာရီ ၁ဝ မိနစ်မှာ တစ်ကြိမ် (၁၄)
    နေ့လည် ၃ နာရီ ၁၅ မိနစ်မှာ တစ်ကြိမ် (၁၅)
    နေ့လည် ၄ နာရီ ၂ဝ မိနစ်မှာ တစ်ကြိမ် (၁၆)
    ိညနေ ၅ နာရီ ၂၅ မိနစ်မှာ တစ်ကြိမ် (၁၇)
    ညနေ ၆ နာရီ ၃ဝ မိနစ်မှာ တစ်ကြိမ် (၁၈)
    ညနေ ရ နာရီ ၃၅ မိနစ်မှာ တစ်ကြိမ် (၁၉)
    ည ၈ နာရီ ၄ဝ မိနစ်မှာ တစ်ကြိမ် (၂၀)
    ည ၉ နာရီ ၄၅ မိနစ်မှာ တစ်ကြိမ် (၂၁)
    ည ၁ဝ နာရီ ၅ဝ မိနစ်မှာ တစ်ကြိမ် (၂၂)
    ည ၁၁ နာရီ ၅၅ မိနစ်မှာ တစ်ကြိမ် (၂၃)
    ည ၁၂ နာရီမှာ တစ်ကြိမ် (၂၄)
    နှစ်ဆယ်နဲ့ လေးကြိမ် အတိအကျထပ်ပါကြောင်း ၂၂ ကြိမ်ထပ်ပုံလေးကို
    ရှင်းပြစေလိုကြောင်း …………………..

    • Mr. MarGa

      December 10, 2012 at 5:26 pm

      ကို Mobile တွက်တာ နည်းနည်း လွဲနေသလိုပဲ
      ဦးမာဃ ကတော့ မတွက်ပါဘူး တွေးကြည့်တာ
      ၁၁နာရီ ၅၅ မိနစ်မှာ နာရီလက်တံဟာ မထပ်နိုင်ပါဘူး
      ဘာကြောင့်လဲဆိုတော့ မိနစ်လက်တံက ၁၁မှာ ရှိမယ်(၅၅ မိနစ်မို့လို့)
      ဒါပေမယ့် နာရီလက်တံကတော့ ၁၂နာရီထိုးဖို့ ၅ မိနစ်သာ လိုတော့တဲ့ အတွက် ၁၂ နားကို ကပ်နေပါတယ်
      ဒါဆိုရင် သူတို့တွေ မထပ်နိုင်တော့ဘူးလေ
      ဦးမာဃ တွေးကြည့်တာနော်
      တွက်တာမဟုတ်ဘူး

      • MaMa

        December 10, 2012 at 5:39 pm

        ဦးမာဃ ပြောမှပဲ သဘောပေါက်တော့တယ်။
        ၁ဝ နာရီ ၅၃- ၅၄ လောက်မှာ ထပ်တာမို့ ၂၂ ကြိမ် ဖြစ်သွားတာ နေမှာ။

        အခုစာကိုဖတ်ပြီး ကိုသစ်မင်းရဲ့ အချိန်ပိုင်းဗီလိန် ကို သတိရမိသွားတယ်။
        ဘယ်သူမဆို အမြဲ မမှန်နိုင်ဘူးလေ။

        • Mr. MarGa

          December 10, 2012 at 5:51 pm

          အဲဒါပဲလေ
          ပညာရှိဆိုတော့ တွေးရုံနဲ့တင် အဖြေထွက်တာ
          (ကိုယ့်ကိုယ်ကို မြှောက်ကောင်းပါတယ်နော) :harr:

      • Mobile

        December 10, 2012 at 7:39 pm

        မစ္စတာ မာဃ ပြောတဲ့အတိုင်းဆိုရင်
        နာရီလက်တံဟာ ၁၂ နားကိုကပ်နေပါပြီ ဟုတ်ပါတယ်။
        ဒါဆိုရင် ၁၂ ထိုးဖို့ ၁ မိနစ် အလိုလောက်မှာဆိုရင်တော့ နာရီလက်တံနဲ့ မိနစ်လက်တံ
        နှစ်ခု ထပ်တူကျပါတယ်။ အဲ့ဒီလို လိုက်တွက်လိုက်မယ်ဆိုရ်င် တစ်နာရီကို တစ်ခါ
        ပုံမှန် ထပ်တူကျနေမှာဖြစ်ပါတယ်။
        ဥပမာ ၁ နာရီ ၅ မိနစ်မှာ ထပ်တယ်ဆိုပေမယ့် တစ်နာရီ ၅ မိနစ်ရောက်တဲ့အခါမှာ
        နာရီလက်တံဟာ ၁ နေရာတည့်တည့်မှာမရှိတော့ပါဘူး နည်းနည်း ရှေ့ကိုရွေ့နေမှာဖြစ်ပါတယ်။
        အဲ့ဒီတော့ ၁ နာရီ ၅ မိနစ်နဲနဲကျော်လာတဲ့အခါမှာ မှာထပ်တူညီပါမယ်။
        အဲ့ဒီလို အဲ့ဒီလို တွက်သွားပါက ၂၄ ကြိမ်ထပ်တူညီမှာပါ။
        အထက်က တွက်ပြပုံမှာ လက်တန်း တွက်ပြခဲ့တာဆိုတော့ သဘောကိုပဲ တွက်ပြခဲ့တာပါ။

  • Mobile

    December 11, 2012 at 12:53 am

    အထက်မှ ကျနော် ငြင်းထားခဲ့သော ကွန်မန်းများမှာ တွက်ချက်ပုံး
    မှာယွင်းကြောင်းဝန်ခံပါ၏။ တစ်နာရီလျှင် တစ်ခါ နာရီလက်တံနှင့် မိနစ် လက်တံထပ်တူကျသော်လဲ
    ၁၁ နာရီ နှင့် ၁၂ နာရီမှာ ထပ်တူကျချိန် တစ်ချိန်တည်း တူညီနေသည့်အတွက် တစ်ရက်လျှင်
    ၂၂ ကြိမ်သာ နာရီလက်တံနှင့် မိနှစ်လက်တံ ထပ်တူကျသည်မှာ မှန်ကန်ပါ၏ ……….

    • Mr. MarGa

      December 11, 2012 at 4:37 pm

      ကျွန်တော် လာရှင်းမလို့ဟာ ကိုရင်မိုဘိုင်းက အရင် ဦးသွားတယ်
      အခုမှ ဒီကွန်းမန့်ကိုတွေ့လို့ ရှင်းစရာ မလိုတော့ဘူး ထင်ပါတယ်နော်

  • Wai Aung

    December 12, 2012 at 1:09 pm

    ကဲ ၂ရက်လောက် အင်တာနက်မသုံးလိုက်တာ ကျနော့်ပို့စ်မှာ အငြင်းအခုံတွေဖြစ်သွားပါပကော။
    🙂
    ဘာပဲဖြစ်ဖြစ် ကျနော်ရေးထားတဲ့ ပို့စ်လေးကို အခုလို ဝိုင်းဝေဖန်ကျလို့ ကျေးဇူးပါဗျာ။
    အခုတော့လဲ အားလုံး သူ့ဟာနဲ့သူ အဆင်ပြေသွားပြီ ထင်ပါတယ်။ ကျနော်ရှင်းပြဖို့ လိုမယ်မထင်တော့ပါဘူး။

    အားလုံး တရက်မှာ ၂ကြိမ်မှားခြင်းမှ ကင်းဝေးပြီး ၂ကြိမ် အနဲဆုံး မှန်အောင် နေနိုင်ကြပါစေ
    ခင်မင်တဲ့
    ဝေအောင်

Leave a Reply