အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၁၂ ) ( D – 18 – ASSISI – POMPEII – SORRENTO )
အဘဖေါ ရဲ့ ဥရောပသွား
ပေါ်တာ တောလား ( ၁၂ )
( D – 18 – ASSISI –
POMPEII – SORRENTO )
စက်တင်ဘာ ၂၈ ရက်နေ့ ။
ဒီနေ့ မနက် မှာတော့ ၊
Assisi မြို့ ကနေ ၊
Sorrento မြို့ကို သွားမှာပါ ၊
ကြားမှာ Naples မြို့
ကိုဖြတ်ပြီး ၊ အနားက ၊
နာမည်ကျော် Pompeii ကို ၊
ဝင်ကြည့်ကြဦးမှာပါ ။
တကယ့် ခရီး အဝေးကြီး မိုင် ၂၀ဝ လောက်ကို ကားစီးရမှာပါ ။
ဒါကြောင့် ၊ ဟိုတယ်မှာ ဘူဖေး Breakfast စောစော စားပြီး ၊
မနက်စောစော ရ နာရီလောက် ကတည်းက ထွက်လာခဲ့ပါတယ် ။
နေ့ခင်း ၁၁ နာရီလောက်မှာ လမ်းဘေးက Auto Grill ဆိုင်တစ်ဆိုင် မှာဝင် ၊
နေ့လည်စာစားပြီး ဆက်ထွက်လာခဲ့တာ ၊
နာမည်ကျော် Pompeii ကို နေ့လည် ၁ နာရီလောက်မှာ ရောက်ပါတယ် ။
ရာသီဥတုက ( 40 C လောက် ) အရမ်း ပူနေတဲ့အတွက် ၊
Pompeii မြို့ပျက်ထဲ မှာလဲ ဘာအမိုးအကာမှ မရှိတဲ့အတွက် ၊
Pompeii မြို့ပျက်ထဲကို တစ်ချို့ ခံနိုင်ရည်နည်းတဲ့ လူကြီးတွေ ဝင်မကြည့်ကြပါဘူး ။
လူတိုင်း ၊ Sun Block တွေလိမ်း ၊ ဦးထုပ်ဆောင်း ၊ ရေဘူးလေးတွေကိုင်ပြီး ဝင်ခဲ့ကြပါတယ် ။
Pompeii မြို့ကြီးဟာ AD 79 ခုနှစ်လောက်က Mount Vesuvius မီးတောင် ပေါက်ကွဲမှုကြောင့်
ချော်ရည်တွေ ပြာတွေ ရဲ့အောက် ၁ဝ – ၂ဝ ပေ လောက် ရောက်သွားပြီး မြို့ပျက်သွားပါတယ် ။
နောက် နှစ်ပေါင်း ၁၇၀ဝ လောက်ကြာပြီးမှ ၊ 1748 ခုနှစ်ကျမှ ပြန်လည်တူးဖေါ် တွေ့ရှိခဲ့တာပါ ။
အဲဒါကြောင့် အဘ က Pompeii မြို့ကို မြေကြီးအောက်ဆင်းပြီး သွားကြည့်ရမယ်လို့ ထင်နေတာ ၊
( အဘ တရုတ်ပြည်သွားတုန်းက Terra Cotta Army က
မြေကြီးအောက်ဆင်းကြည့်ရတာလေ )
တကယ့် တကယ်လည်း ရောက်ရော Pompeii မြို့က တောင်ကုန်းပေါ်မှာ ရှိနေတာပါ ။
Pompeii မြို့ထဲမှာ ရောမ ထုံးစံအတိုင်း Gladiator ကွင်းတွေလည်း ရှိတယ် ။
တစ်ချို့ နံရံ / မျက်နှာကျက် ဆေးရေး ပန်းချီတွေလည်း ကျန်ခဲ့သေးတယ် ။
AD 79 သာဆိုတယ် ၊ အဲဒီခေတ်က လမ်းတွေက မဆိုးဘူးပဲ ။ ပလက်ဖေါင်းတောင် ရှိတယ် ။
ညအမှောင်ထဲမှာ လမ်းကို မြင်ရအောင် လမ်းခင်း ကျောက်တုံး အကြီးကြီးတွေရဲ့ ထောင့်စွန်းကြားမှာ ၊
အဖြူရောင် ကျောက်တုံး သေးသေးလေးတွေကိုပါ ထည့်ခင်းပေးထားတယ် ။
ဒါတွေကတော့ ၊ သေဆုံးသွားတဲ့လူတွေရဲ့ ကျောက်ဖြစ် ရုပ်ကြွင်းတွေပါ ။
အိပ်နေတုန်း ကာဗွန်မိုနောက်ဆိုဒ် မီးခိုး ရှုမိပြီးသေကြပုံ ရပါတယ် ။
ဒါကြောင့် မျက်နှာတွေမှာ ဝေဒနာ ခံစားရပုံ မပေါက်ပါဘူး ။
AD 79 သာဆိုတယ် ၊ ခေတ်မှီသလား မမေးနှင့် ၊ မာမာစံ အိမ် ( Brothel ) တောင် ရှိတယ် ။
ခေတ် အဆက်ဆက် အဲဒီလုပ်ငန်း လုပ်စားတဲ့သူတွေဟာ သူဋ္ဌေးဖြစ်ကြပုံရတယ် ။
မာမာစံ အိမ် ( Brothel ) က ပွန်ပေမှာ ရှားရှား ပါးပါး နှစ်ထပ် ။
မာမာစံ အိမ် ( Brothel ) ကိုလာသူတွေက လူမျိုးပေါင်းစုံ ဘာသာစကားပေါင်းစုံ ပြောကြတဲ့အတွက် ၊
( AD 79 ထဲက ရောမ မှာ Multi-cultures စံနစ် ထွန်းကားခဲ့တဲ့ သဘောပေါ့ )
စကားမပေါက် မရှိရလေအောင် ၊ စားသုံးသူ အဆင်ပြေစေဖို့အတွက် ( Customer Convenience ) ၊
သူတို့ပေးမယ့် service ကို ၊ အခန်းဝ အပေါ်မှာ ပန်းချီဆွဲပြီးပြထား ပါတယ် ။
( ဟုတ်တယ် ၊ နောက်မှ လာ မငြင်းနှင့် ၊ မဝင်ခင်ကတည်းက သေချာကြည့် ၊
ကိုယ်ကြိုက်တဲ့ Service ဆိုတာ သေချာမှ ဝင်ပေါ့ ၊ ဟီ ဟိ )
ဒါပေမယ့် အဲဒီခေတ်က ကုတင်တွေရဲ့ပုံစံကတော့ သက်တောင့် သက်သာ မဖြစ်လောက်ဘူး ထင်တယ် ။
( Convenience ဖြစ်အောင် စီစဉ်ထားသော်ငြားလည်း Comfortable တော့ မဖြစ်ရှာဘူးပေါ့ကွယ် )
အဝေးက လာတဲ့ သင်္ဘောသားတွေ အတွက် လည်း အဆင်ပြေအောင် ၊
သင်္ဘောဆိပ် ကနေ မာမာစံ အိမ် ကို လမ်းညွှန် အမှတ် အသားတွေလည်း လုပ်ထားပေးတယ် ။
အဘ တို့ Local Guide ကတော့ အဲဒါကို Roman GPS System လို့ခေါ်တယ် ၊ ဟီ ဟိ ။
ပွန်ပေက ရဲအဖိုးကြီးက တိုးရစ်တွေကို အရမ်း ကူညီတာ / ဦးစားပေးတာ ကို တွေ့ရတယ် ။
အေးလေ သူတို့ တစ်မြို့လုံးလဲ အဲဒီ Tourist လုပ်ငန်းကနေပဲ ထမင်းစားနေတာကိုး ။
ညနေ ၃ နာရီခွဲလာက်မှာ အဘတို့ Pompeii ကနေ Sorrento ကိုထွက်လာခဲ့ပါတယ် ။
နောက် တစ်နာရီခွဲလောက် လှပတဲ့ ပင်လယ် ကမ်းရိုးတန်း တောင်ကမ်းပားကြီးတွေပေါ်မှာ ၊
မေါင်းပြီးတဲ့အခါမှာတော့ အဘတို့ တည်းရမယ့် Johanna Park Hotel ကိုရောက်ပါတယ် ။
ဟိုတယ်မှာ ခဏတာပဲ အနားယူခွင့်ရပြီး ပြန်ထွက်ရပါမယ် ။
အဘတို့ အပိုထပ်ဝယ်ထားတဲ့ Optional Excursion တစ်ခုဖြစ်တဲ့ ၊
La Sorgente Farm ကိုသွားလေ့လာပြီး အီတလီ ညစာ စားကြမှာဖြစ်ပါတယ် ။
La Sorgente Farm ဟာ မိသားစုပိုင် နွား ဘဲ တိရိစာ္ဆန် တွေနှင့်
သံလွင်ပင်တွေ စိုက်ထားတဲ့ Farm တစ်ခုပါ ။
အဲဒီ Farm မှာ ရိုးရာသံလွင်ဆီ ထုတ်လုပ်ပုံတွေ ၊
နွားနို့ကနေ Cheese ထုတ်ပုံတွေကို ရှင်းလင်း ပြသ ပါတယ် ။
ပြီးတဲ့ အခါမှာ Pizza တွေဖုတ်ပုံ ကို ပြသတဲ့အခါမှာတော့ ၊
Cheese လုပ်ပြတဲ့ အဖွားကြီး Maria က အဘတို့ အဖွဲ့ထဲက ၄ ယောက် ကို ၊
Pizza တွေ ကိုယ်တိုင်ဖုတ်ကြဖို့ ရွေးပါတယ် ။
အင်း ထုံးစံအတိုင်းပါပဲ ၊
အဘက ပါရမှာစိုးလို့ အနောက်မှာ ကွယ်နေပေမယ့် အရွေးခံရပြန်ပါတယ် ။
အင်း ၊ အဘကိုမှ ဟင်းလာချက်ခိုင်းတယ် ၊
စားရမယ့် အဖွဲ့သားတွေ ကံ ဆိုးရှာတော့မယ် ။
ပထမတော့ လက်ကိုရေစင်အောင် ဆေးကြပါတယ် ။
အဲဒီမှာ ရယ်သံတွေ ကြားရလို့ လှည့်ကြည့်ကြတော့ ၊
အဘတို့ အရွေးခံရတဲ့ အထဲက တစ်ယောက်ကို ၊
ဟင်းချက်တဲ့အခါသုံးတဲ့ ခါးပတ် Apron ဝတ်ပေးနေတာပါ ။
ခါးပတ် Apron ဝတ် တာများ ၊ ဘာလို့ ရယ်ကြတာလဲ သေချာ ကြည့်လိုက်တော့ ၊
လားလား ၊ သူ့ Apron မှာက ဒေးဗစ် ပုံနှင့်ကိုး ( သေးနေလို့များ ရီကြသလား မသိ ) ။
သူပြီးတော့ နောက် မိန်းမရွယ် တစ်ယောက်ကို ဝတ်ပေးတော့လည်း ၊ ဟာသ ပါပဲ ။
အင်း ၊ အဘ အလှည့်တော့ ရောက်ပြီ ၊ သိပ် ပုံမဆိုးပါစေနှင့် ဆုတောင်းတာပဲ ။
Apron ဝတ်ပေးမယ့် အဖွားကြီးက အဘကို လက်ညှိုးလေးတွေ ကွေးပြီး ခေါ်နေပါပြီ ၊ ဘုရား ၊ ဘုရား ။
သူက အဘ ကိုယ်နားကပ်ပြီး ၊ Apron ပေါ်ကပုံ ကို အဘ သေချာ မမြင်ရအောင် ဝတ်ပေးပြီး ၊
အဘကို လူတွေဖက် ဆွဲလှည့်ပြလိုက် ပါတယ် ။
ဒီတစ်ခါ လူတွေက ဝိုင်း မရီကြပဲ ၊ ဝိုး အိုး ဆိုပြီး အာမေဋိတ် သံတွေ ထွက်လာတယ် ။
ကြည့်လိုက်တော့မှ ၊ လားလား ၊ အဘ Apron ပေါ်ကပုံက နည်းတာကြီးမှ မဟုတ်တာပဲကိုး ။
ဒေးဗစ်ပုံ သေးသေးလေးရထားတဲ့ ဆရာသမား ကတော့ အဘ ပုံ ကို မနာလိုဖြစ်နေပုံပါပဲ ။
လူတွေကတော့ ၊ ဘေးမှာ တဟားဟား နှင့်ပေါ့ ။
ကဲ ၊ Pizza စ လုပ်ပါပြီ ။
အောက်ခြေ ဂျုံ ဝိုင်းပြား Base စလုပ်ကတည်းက ကွဲတာပါပဲ ။
အဘ ဂျုံ ပြားက မဝိုင်းပဲ လေးထောင့် ဆန်ဆန် ဖြစ်နေတာပါပဲ ။
နောက်ဆုံး အဖွားကြီး Maria လာပြင်ပေးလို့သာပေါ့ ။
ကျန်တာကတော့ သူတို့ပေးထားတဲ့ ခရမ်းချဉ်သီး အနှစ်ရည် ဆမ်း ၊
ခုနလေးတင် အဘတို့ကို လုပ်ပြထားတဲ့ Mozzarella Cheese ဖြူး ၊
သံလွင်ဆီ ကို အပေါ်က ထပ်ဆမ်းပြီး ၊ နံပြားဖိုထဲ ထည့်လိုက်တာပါပဲ ။
အားလုံး Pizza လုပ်ပြီးသွားတဲ့ အခါမှာတော့ ၊
အဖွားကြီးက ဒေးဗစ်ပုံ ( သေးသေးလေး ) Apron ရထားတဲ့သူကို ၊
နှစ်သိမ့်ဆု အနေနှင့် သခွားသီး အကြီးကြီး ဆုချပါတယ် ။
အဲဒီမှာ နောက်တစ်ခါ ရယ်ရသေးတာပေါ့ ။
အဲဒါပြီးတော့ အဘတို့ တစ်ဖွဲ့လုံး ညစာ ဆက်စားကြပါတယ် ။
ဆိုင်ရှင်ကတော့ ပြောရှာပါတယ် ။
အဘတို့ လုပ်ထားတဲ့ Pizza တွေကို ကျွေးတာ မဟုတ်ပါဘူးတဲ့ ။
ကျွေးကြည့်ပါလား ၊ ဆိုင် တစ်ခါတည်း နှင့် နာမည်ပျက်သွားမှာပေါ့ ။
အဘ က Pizza ကို လေးထောင့်ပုံ လုပ်ထားတဲ့ အပြင် ၊ အဆာတွေကို စပ်ချင်သလို စပ်ထားတာလေ ။
ညစာထဲမှာပါတဲ့ Limon cello ဆိုတဲ့ အီတလီ အရက်ကလည်း ပြင်းသလား မမေးနှင့် ၊
တစ်ပက် လောက်မော့လိုက်တာနှင့် ပူထူ ဆင်းသွားတာပဲ ။
ညစာပြီးတော့ ဈေးရောင်းတဲ့အခါ အဖွဲ့သားတွေကတော့ ၊
အဲဒီ Limon cello ကို ဝိုင်းဝယ်နေကြတာတော့ တွေ့တာပဲ ။
ည ၉ နာရီမှာတော့ La Sorgente Farm ကနေ ပြန်မလို့ ၊
အီတလီ အဖွားကြီး Maria ကို အပြန်မှာ နှုတ်ဆက်တဲ့အခါ ၊
ရိုးစင်းတဲ့ တောသူ အဖွားကြီး Maria က ပွေ့ဖက်ပြီးကို နှုတ်ဆက်ရှာတာပါ ။
အဘကတော့ မလျှော်တာကြာပြီဖြစ်တဲ့ အဘ အင်္ကျ ီ အတွက် အားနာတာပါပဲ ။
ပြီးနောက် ၊ Sorrento မြို့ရဲ့ ညအလှကို လှည့်ကြည့်ကြပြီးနောက် ၊
တည်းတဲ့ ဟော်တယ်ကို ပြန်ပြီး အနားယူကြပါတယ် ။
တော်သေးဘီ ။
အဘ ဖေါ ( F R ) ။
20 comments
သကြားလုုံးကြော်
December 20, 2012 at 5:31 am
ဟင် Rome ကိုုကျော်သွားတာလား။ တောင်ဘက်မြို့တွေပြီးမှ Rome ကိုုဝင်မှာလား။
Foreign Resident
December 21, 2012 at 2:25 am
ဟုတ်တယ် သကြားလုုံးကြော် ရေ ။
တောင်ဘက်မြို့တွေပြီးမှ Rome ကိုုဝင်မှာ ။
အဘ သွားမယ့် ခရီးစဉ် ကို ၊
အဘ ရဲ့ “အဘဖေါ ပေါ်တာ အဆွဲခံရခြင်း” Post မှာ ကြိုရေးထားတယ်လေ ။
—https://myanmargazette.net/147998—
ဦးကြောင်ကြီး
December 20, 2012 at 11:45 am
တောလား
ပေါများ
ကျောယား
ထောသွား..
မောင်ပေ
December 20, 2012 at 7:39 pm
တောလားမှာ
ဘောထွားခဲ့တဲ့
ရေငန်ပိုင်အဘဖောပါကလား
ဟီဟိ
ခရီးသွားပို ့စ်တွေထဲမှာ သည်ပို ့စ်ကို သဘောအကျဆုံးပဲဗျို ့
ကျောက်ကုတင်ပုံကိုကြည့်ပြီး ၊ မဆီမဆိုင် ဒူးတွေနာလာသလိုပဲ
ဟီဟိ
မိုက်ကယ်ဂျော်နီအောင်ပု
December 20, 2012 at 7:45 pm
အဲ့သည်ဂလက်ဒီယေဒါတွေဆိုတာ ရောမခေတ်ရဲ့ပြယုတ်တစ်ခုလို့ဆိုနိုင်မလားသိဘူးနော
ရုပ်ရှင်တစ်ခုထဲက စကားလေးတစ်ခုသတိရမိတယ်
အိုင်အမ်နော့ပရော်ဖက်ရှင်နယ် အိုင်အမ်အ ဂလက်ဒီယေဒါ
ဆိုတာလေးပါ
ဇာတ်ကားနာမည်ကိုကလည်း ဂလက်ဒီယေဒါဘဲလားမပြောတတ် ( မသေခြာ )
အဲ့သည်ခေတ် ကျေးကျွန် တွေကို တစ်ဦးနဲ့တစ်ဦးသတ်ခိုင်းတာကို
ဘာသာရေးဘုန်းတော်ကြီးတစ်ပါးက အသက်အသေခံပြီး ကန့်ကွက်လို့ အဲ့သည်စနစ်ပပျောက်သွားတယ်လို့လည်း
ကြားဘူးဒါဘဲ ( ဟုတ်လားမဟုတ်လားမသိ )
( တောလားမှာ ဘောထွားခဲ့တဲ့ ရေငန်ပိုင်အဘဖောပါကလား ) ခရက်ဒစ် မောင်ပေ
mobile (mandalay)
December 20, 2012 at 9:25 pm
ဘဂျီးဖောရေကျေးဇူးပါဗျ။
ပုံလေးဒွေကူးယူထားလိုက်ပါဒယ်ဗျ။
ရောမကလူဒွေက တော်တော်အမျှော်အမြင်ရှိတာပဲနော်။
အရီးခင်လတ်
December 21, 2012 at 4:09 am
ရှက်ရှက် နဲ့ ဝန်ခံရရင် ရောမ က အဲဒီ မြို့ပျက်ကြီး အကြောင်း အခုမှ ကြားဖူး မြင်ဖူးပါတယ်။
အဘဖော ခရီး ထွက်တာ တစ်ရွာလုံး အတူတူ သွားရသလို ပါဘဲ။
virtual tour လိုမျိုးပေါ့။
တကယ်ကျေးဇူး တင်ပါတယ်။
ပုံထဲက ကျောက်ခုတင်ကြီး က သုံးတဲ့ အချိန်မှာတော့ မွေ့ယာလို မျိုး အခုအခင်းတော့ ပါမှာပါလေ။
သူများနိုင်ငံတွေက တိုးရစ်တွေ လာအောင် ဆွဲဆောင်တာများ အားကျစရာပါဘဲ။
ကျွန်မတို့ မြန်မာပြည်မှာ လဲ စစ် အတွင်းက အကြောင်းမျိုးတွေ/ နေရာမျိုးတွေ ကို သာ ပြနိုင်ရင် အင်္ဂလိပ် တွေ အတော်လာမှာ။
ကျွန်မ အသိတစ်ချို့ တွေ ရဲ့ အဘိုး တွေက စစ်အတွင်း မြန်မာပြည်ကို ရောက်ကြလို့ ဘားမား ဆို သိကြတယ်။
တစ်ချို့ အရမ်းသွားချင်ကြတယ်။
ဒါထက် အိမ်မှာရော အဲဒီလို ပီဇာ ကို ပြန်လုပ်ကြည့်ဖြစ်သေးလား။ 😉
Foreign Resident
December 22, 2012 at 9:38 am
” ရှက်ရှက် နဲ့ ဝန်ခံရရင် ရောမ က အဲဒီ မြို့ပျက်ကြီး အကြောင်း အခုမှ ကြားဖူး မြင်ဖူးပါတယ် ”
အရီးလတ် ရေ ။
ပွန်ပေ အကြောင်းက ငယ်ငယ် အထက်တန်းတုံးက ၊
ကျောင်းစာထဲမှာ ပါတယ် ထင်ပါတယ် ။
kai
December 21, 2012 at 5:20 am
အမှတ်မမှားရင်.. အဲဒီချော်ရည်..ပြာပူအောက်ရောက်သွားတဲ့..မြို့အကြောင်း.. နေရှင်နယ်ဂျီအိုဂရပ်ဖစ်ချာနယ်မှာ.. ပြဖူးတယ်..
အဲဒီမြီု့က.. ပြည့်တန်ဆာမြို့လို့တောင်ခေါ်လို့ရတာပါ…။
အဲဒီခေတ်က.. မိန်းမဆိုတာ.. ကလေးမွေးပေးတဲ့..သတ္တဝါလောက်သဘောထားသူတွေရှိတာမို့.. ယောကျာ်းအချင်းချင်း.. ပျော်ပါးကြတဲ့မြို့လည်းဖြစ်ပါတယ်..။
ဆိုတော့… အဲဒါနဲ့.. ဘုရားသခင်က..
.. ဒဏ်ခတ်လိုက်တယ်ဆိုတာပဲ..။ :harr:
pooch
December 24, 2012 at 1:16 pm
ဘုရားသခင် ဒဏ်ခတ်တယ်ဆိုတာဟုတ်လောက်တယ်။
ကျမတို့ ဆီမှာလည်း မန်း ရွှေစက်တော်ရာဘုရားမှာ တနှစ်က ဘုရားလူကြီးများ မကောင်းတဲ့မိန်းမတွေ ထားပေးလို့ ညကြီးသန်းခေါင် တောင်ကျရေတွေ တဝေါဝေါနဲ့ စီးလာပြီး တဲတွေရော လူတွေ ရောအကုန်တိုက်ချ သွားတာ ကြားဖူးတယ်။ အကုန်သေတာပဲတဲ့။
သန့်ပေးတာ ပြောတယ်။
အခုနောက်ဆုံး အခေါက် ရောက်ဖြစ်ခဲ့တုန်းကတော့ အမူးသမား အရူးသမားတွေနဲ့ ပွဲဈေးတွေ ပြွတ်သိပ်ပြီး တဲတွေကလည်း ပြွတ်နေတာပဲ ။ ရေတွေလည်း နောက်နေပြီ။ စီးပွားရေး ပိုဆန်လာသလို ညစ်ပတ်လာတယ်။
နောက်ဆို လုံးဝ မသွားတော့ဘူးလို့ ဆုံးဖြတ်မိတဲ့ အထိပဲ ။ မသာယာတော့ဘူး။ စောင်းတန်းက လည်း ဈေးဆိုင်တွေ အများကြီးနဲ့ ။
ငယ်ငယ်က ရောက်ဖူးတဲ့ မန်းစက်တော်ရာလေးများ လွမ်းစရာ ခုများတော့ 🙁
ခိုင်ဇာ
December 21, 2012 at 8:55 am
ကျောက် ကုတင် ဟုတ်လို့လားဟင်။
ကျောက်ဖြစ်သွားတဲ့ ကုတင် (အော်) ကျောက်ဖြစ်ရုပ်ကြွင်း ကုတင် များလား။ :harr:
ဒီ ဂလက်ဒီအေတာ ကွင်းက ရောမမှာ ကနဦး/အစောဆုံး ဆိုလား ကြားဖူးတယ်။
ဘဖောရယ် ရပ်စယ်ခရိုးလို ဝတ်စုံပြည့် ဝတ်ပြီးတော့ ကွင်းထဲဆင်းပြီး ဘာလို့ မရိုက်ခဲ့တုန်း။
သူကြီးပြောတဲ့ အကြောင်းတော့ ခုမှ ကြားဖူးရဲ့။ မှတ်ဖွယ်မှတ်ရာပဲ။ :kwi:
မောင့်ကျက်သရေ ဂီ့
December 21, 2012 at 9:00 am
ဆိုတဲ့ ပုံကို သက်သေတည်လို့ ..အခုအခင်း ပါမှာ မြေကြီးလက်ခတ်မလွဲဖြစ်ပီး
သက်သောင့်သက်သာ ဖြစ်မှာ ဧကန်မုချ ၁၀၀% အာမခံပါဂျောင်း…..။
တော်သေးဘီ
(ဆက်ဆွဲရင် ညှီလော့မည်)
:harr:
ခိုင်ဇာ
December 21, 2012 at 9:18 am
ဒီလို ဆက်စပ်မိတော့လည်း ဟုတ်သားကလား။ :hee:
Mr. MarGa
December 21, 2012 at 12:32 pm
အင်းးးးးးးးးးးးးးအဲဒီမြို့ကတော့ စံပဲနော်
မိုက်ဒလယ်
ခရီးသွားတွေကို ဆွဲဆောင်နိုင်သား
Hnin Hnin
December 21, 2012 at 1:13 pm
အမြင့်ကြိုက်လို့လားတော့ မသိဘူး…
တောင်ကမ်းပါးယံဘေးက ဖြတ်သွားတဲ့ တောင်ပေါ်လမ်းကြီးတော့ သဘောအကျဆုံးပဲ…
အောက်ကိုကြည့်လိုက်တော့ ကမ်းခြေလား မသိ…ရေကူးကန်လိုလို..ဝါဝါလေးတွေက
ထီးတွေများလား…
ဘ ပြောတဲ့ ” Limon cello ” ဆိုတာ ” Lemon cello ” များလား…
ပုလင်းလှလှ၊ ဝါတာတာလေးနဲ့ သံပယိုနဲ့များ မွှေးနေမလား…
Foreign Resident
December 22, 2012 at 9:36 am
” Lemon cello များလား… ”
Hnin Hnin ရေ ။
အမှန်ကတော့ Lemon ပါ ။
ဒါပေမယ့် Wiki ထဲမှာကြည့်လိုက်တော့ ၊
အီတလီလို Limon cello လို့ရေးတယ် ဆိုပြီး တွေ့ရတယ်လေ ။
အဲဒါကြောင့် ။
koaung
December 21, 2012 at 6:29 pm
ဆရာဖောရဲ့တောလားတွေထဲမှာ ဒီတောလားကိုတော့တော်တော်သဘောကျမိပါတယ်ဗျာ မြို့ဟောင်းပျက်ကြီးကိုမြင်ရလို့ပါ မြင်ဘူ:တာတွေကသဘာဝ ကျောက်
တန်းတွေမျိုးဘဲ တိုးရစ်တွေလာလိုက်မဲ့ဖြစ်ခြင်း ဓတ်ပုံတွေအတွက်ကျေးဇူးပါ
Foreign Resident
December 22, 2012 at 9:32 am
” ဒီတောလားကိုတော့တော်တော်သဘောကျမိပါတယ်ဗျာ မြို့ဟောင်းပျက်ကြီးကိုမြင်ရလို့ပါ ”
အင်း ၊ လူများစုကတော့ ပုံလှလှလေးတွေ ကြိုက်ကြောင်း ပြောကြတယ်ဗျ ။
koaung ရဲ့ Comment ဖတ်ရတော့လည်း ၊
လူတစ်ကိုယ် အကြိုက်တစ်မျိုး ဆိုတာ သေချာသွားတာပေါ့ ။
Comment အတွက် ၊ ကျေးကျေးပါ ခမျ ။
MaMa
December 22, 2012 at 7:22 am
အခုဘယ်ရာစု ရောက်ပြီလဲ မသိဘူး။
ဒီကလမ်းမှာ ပလက်ဖောင်း မရှိသေးဘူး။ :buu:
•*¨နန်းတော်ရာသူ •*¨
December 24, 2012 at 8:40 pm
ရောက်ဖူးသွားသလိုခံစားရပါတယ်။
အရှေ့တောတွေစုံအောင်လိုက်မလားခဲ့ဖူးတော့ မမန့်တတ်ပေမယ့်
တော်တော်တော့ဗဟုသုတရပါတယ်အဘရေ…မန်းဂေဇက်ရဲ့အာဟာရတွေထဲကတစ်ခုပါပဲ။