သ = သူ ့မှာတမ်း နှင့် ကိုယ့် စာ အလွမ်း …
ရ = ရသင့်တာလေးတွေတောင် မရကြသေးလို ့
လ = လွတ်လပ်ရေး နှင့် ကျွန်တော် လျှောက်သော လမ်း
ဝ = ဝါသနာ မပါဘူးလို ့.. မပြောပါနဲ ့
%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%
အလင်းဆက်ဆိုတဲ့ ကောင်လေးတစ်ယောက်
အနုပညာသစ်တွေအကြောင်း ပြောလိုက် / မော်ဒန်ကဗျာတွေရေးလိုက်နဲ့ ဆိုတော့………
အလင်းဆက်ဟာ Modernist တစ်ယောက် လို ့ တချို့ မိတ်ဆွေတွေက သတ်မှတ်ပါတယ် ။
အလင်းဆက်ဟာ Modernist တစ်ယောက်ပဲ လို့ပြောလာ ရင် ကျွန်တော် မငြင်းပါဘူး ။
ဒါမှမဟုတ် အလင်းဆက်ဟာ သမားရိုးကျ အနုပညာ ဖန်တီးသူ လို ့ပြောလည်း ကျွန်တော် ဘာမှပြန်ပြောနေမှာ မဟုတ်ပါဘူး
( ကျွန်တော့်ကိုယ် ကျွန်တော် အနုပညာသမား ( သမား ) လို ့မသတ်မှတ်ရဲသေးပါဘူး )
ဘာပြောပြော မငြင်းတာဟာ လက်ခံတာလည်း မဟုတ်ပါဘူး ။
တကယ်တော့ ကျွန်တော် ဟာ အနုပညာနဲ့ ပက်သက်လာရင် ဝါဒစွဲ / အုပ်စုစွဲ/ ပုဂိ္ဂုလ်စွဲ….ဂိုဏ်းစွဲ မှ စပြီး ဘာ အစွဲကိုမှ စွဲ မထားချင်တဲ့ လူပါ ။
( ဒီနေရာမှာ အနုပညာ ဆိုတာ စာပေအနုပညာ ( literature art ) ကိုသာ ဆိုလိုပါတယ်။ )
ကျွန်တော်က အနုပညာကို အစွန်းကင်းကင်းနဲ့ ဖန်တီး / ခံစားချင်လို့ပါ ။
ဒီတော့ ကျွန်တော့်ကို ဘာဘာညာညာ တစ်ခုခု သတ်မှတ်သည်ဖြစ်စေ /
ဘာဘာ ညာညာ တစ်ခုခု မသတ်မှတ်မှတ်ရင်လည်း ဖြစ်စေ …..
ကျွန်တော်က ဟုတ်ကြောင်း / မဟုတ်ပါကြောင်းတွေ ပြန်လည် ရှင်းချက် ထုတ်နေမှာ မဟုတ်ပါဘူး ။
ကျွန်တော့်အလုပ် ( စာပေအနုပညာ ဖန်တီးခြင်း / ခံစားခြင်း )ကိုသာ ကျွန်တော် ဆက်လုပ်နေမှာ ဖြစ်ပါတယ်။
+++++++++++++++++++++++
ပြီးတော့ ကျွန်တော် ဖန်တီး ရေးသားလိုက် တဲ့ အနုပညာပစ္စည်း ( ဝတ္ထု / ကဗျာ / အခြားစာပေဆိုင်ရာ ) များဟာ
တစ်ခါတစ်ရံ မော်ဒန် ဖြစ်ချင် ဖြစ်သွားမယ်။
တစ်ခါတစ်ရံ သာမန် / သမားရိုးကျ ဖြစ်ချင် ဖြစ်သွားမယ်။
အသစ် ဖြစ်ချင်ဖြစ်မယ် ။ ထုံးတမ်းအစဉ်အလာ သာမန် အဟောင်းအတိုင်း ဖြစ်ချင် ဖြစ်သွားမယ်။
ကျွန်တော်ကတော့ ဘာ ဖြစ်စေ ညာဖြစ်စေ လို ့ ဂါထာ သွင်းပြီး ရေးနေမှာ မဟုတ်ပါဘူး ။
ကျွန်တော်ဟာ အနုပညာကို ခံစားတတ်သလို ခံစားပြီး ဖန်နီးတတ်သလို ဖန်တီး နေမှာသာ ဖြစ်ပါတယ် ။
အခု ကျွန်တော့် အကြောင်း နည်းနည်း ပြောပြီးပြီဆိုတော ့ ကဗျာ အကြောင်း စာအကြောင်း တွေ ပြောပါဦးမယ်။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++
မော်ဒန်ကဗျာတွေကို ချစ်ခင်မြတ်နိုးစွာ ဖတ်ခဲ့ / ရေးခဲ့ တဲ့ ကျွန်တော် အလင်းဆက်ဟာ ………….
ဂန္ထဝင် ကဗျာ ( သမားရိုးကျ သရုပ်မှန်ကဗျာတွေ ) ကို လည်း ပစ်ပယ် မထားပါဘူး ။
ရှေးရိုးကဗျာတွေထဲမှာ ကျွန်တော် …. ခိုက်ခိုက် တုန် အောင် ချစ်ခဲ့ ရတဲ့ ကဗျာတွေလည်း ရှိပါတယ်။
အခု ဆရာကြီး မင်းသုဝဏ်ရဲ ့ ကဗျာ တစ်ပုဒ်ကို ခံစားကြည့်ပါမယ် ။ ကဗျာ အမည်က သူ ့မှာတမ်း တဲ့ ။
+++++++++++++++++++++++++++++++++++++++++++++++++
သူတို့အဆုတ်
ထားခဲ့ မြှုပ်သည့်
ဗုံးငုတ် တိုက်မှား
မောင်ပြောက်ကျားကို
ရွာသားရွာသူ
မေးကြမြူသည်
အူအူယမ်းငွေ ့ ထတုန်းတည်း ။
စစ်ပွဲတစ်ပွဲရဲ ့ နောက်ဆက်တွဲ ရလဒ် တစ်ခုပါ ။
ရန်သူတွေ ဆုတ်ခွါ အသွားမှာ….. မြှုပ်ထားခဲ့တဲ့ ဗုံးကို စစ်သားကလေး နင်းခဲ့ မိတယ်။
သေအံ့မူးမူး ဖြစ်နေတဲ့ စစ်သားလေး . . .
သူ ့ကို အနီးအနားက…. ရွာသူ ရွာသားတွေက မေးမြန်းနေကြတာ ။
မေးကြမြူသည် မြူ ဆိုတဲ့ စကားလုံးကို သတိပြုမိပါတယ်။
နောက် တစ်ပိုဒ်
အမောင်ပြောက်ကျား
ချစ်သူအားကို
ဘာများ မှာခဲ့လိုသနည်း
ငယ်ကကြင်မြတ်
မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ
ချစ်သူကို ဘာပြောချင်သလဲ. . . တဲ ့။
နောက်ဆုံးစကား အနေနဲ့ပေါ့ ။ . . .
လွမ်းမောစရာ အချစ်ဇာတ်လမ်းတစ်ပုဒ် အပြီးသတ်ရတော့မယ့် အချိန်ကလေးမှာ ပြောခဲ့ချင်တဲ့စကား. . . . ။
ငယ်ချစ်ကလေးရေ. . . ခွင့်လွှတ်ပါတယ် တဲ့။
ခွင့်လွှတ်ထားခဲ့တယ် ဆိုတော့ အဲဒီ ငယ်ချစ်ကလေးက ဘာများ ခွင့်မလွှတ် နိုင်စရာ အမှား လုပ်ထားသလဲ ။ ဟင့်အင်း။
အဲဒီလို အမှားကြီးမှားတာတွေကို ပြောတာ မဟုတ်နိုင်ပါဘူး။
လူတစ်ယောက် သေဆုံးသွားရင် အဲဒီ သေသွားတဲ့လူဟာ
ကျန်ရစ်ခဲ့သူတစ်ယောက်ယောက်ကို ………
မကျေမနပ် ခွင့်မလွတ်နိုင်ခဲ့ပဲ သေသွားရင်
ကျန်ရစ်သူဟာ ဘယ်လိုမှ နေပျော်မှာ မဟုတ် ။
သူက ကျန်ရစ်ခဲ့မယ့် ငယ်ချစ်လေး အပေါ်မှာ အမှား သေးသေးလေးတွေက အစ ခွင်လွှတ်ခဲ့တာ…။
ငယ်ချစ်ကလေး ကျန်ရစ်ခဲ့ရာ ဘဝမှာ နေပျော်ပါစေ လို ့ရည်ရွယ်တဲ့ ခွင့်လွှတ်ခြင်း မို ့ ဖြူစင်မြင့်မြတ်လိုက်တာ . . . . ။
ဒီ အပိုဒ်မှာ မိသက်မှတ် ဆိုတဲ့ စကားလုံးလေးကို သတိပြုမိပါတယ် ။
+++++++++++++++++++++++++++++++++++++++++++++++++++++++
နောက် တစ်ပို်ဒ်…
အမောင်ပြောက်ကျား
မိဘအားကို
ဘာများ မှာခဲ့လိုသနည်း ။
မွေ့းသည့် မိခင်
မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ။
စစ်သားကလေးရေ . . . မင်း ဖေဖေနဲ ့ မေမေကို မသေခင် ဘာများပြောခဲ့ချင်လဲ………..။
သားကလေးတစ်ယောက်က သေဆုံးရတော့မယ့် အချိန်မှာ သူ ့ဖေဖေနဲ့ မေမေကို ပြောခဲ့ချင်တဲ့ နောက်ဆုံးစကားက ဘာလဲ ။
ဦးတင်ခဲ့ကြောင်း တဲ့ ။
ဦးတင် ဆိုတဲ့စကားလုံးဟာ ရှိခိုး ကန်တော့ တာကို ဆိုလိုတယ် လို့ ကျွန်တော် ယူဆပါတယ်။
ကြည့်စမ်း ။ ဘယ်လောက် ချစ်စရာကောင်းတဲ့ သားလေးပါလိမ့် ။
မသေခင် မိဘကို အပြောချင်ဆုံးစကား.. . ။
အဲဒါ က . . . ရှိခိုးကန်တော့ပါတယ် တဲ့။
ဒါပေမယ့်….ကွယ်….
သားလေး ရှိခိုးကန်တော့ချင်တဲ့
သားဘေးလးရဲ ့ဖေဖေနဲ့ မေမေက ဟိုးးးးးးး အဝေးကြီးမှာ . .. . . . . . .။
့
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
နောက် တစ်ပို်ဒ်…
အမောင်ပြောက်ကျား
တိုင်းပြည်အားက်ို
ဘာများ မှာခဲ့လိုသနည်း ။
တိုင်းပြည်အတွက်ရော ဘာမှာခဲ့ချင်သလဲ စစ်သားကလေးရေ. . . .
ဒီမေးခွန်း ဟာ ကျစ်ရစ်ခဲ့တဲ့ ကိုယ့်တိုင်းကိုယ့်ပြည်က ပြည်သူပြည်သား အားလုံးကို ပြောချင်တဲ့ စကား ဖြစ်လာမှာပါ ။
သူ စွမ်းစွမ်းတမံ သယ်ပိုးခဲ့တဲ့တိုင်းပြည်ရဲ ့အကျိုးအတွက် …..နောက်ဆုံးစကား ။
ဒီတိုင်းပြည်အတွက်. . .
သူ မသေခင် ဘာများ မှာခဲ့ချင်သလဲ. . တဲ့။
မေးခွန်းက လှပ ခန့်ညား သလို အဖြေကလည်း အံ့မခမ်းတောက်ပ တယ် ။
ခရီးမတ်တတ်
လမ်းခုလပ်တွင်
ကိုယ်လွတ်ရှောင်ခွါ
ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ ။
တိုင်းပြည်အတွက် အန္တရာယ်ကို ကာကွယ် ရင်း ……
သူ. . . သေရတော့မယ် ။
ငယ်ငယ်ရွယ်ရွယ်နဲ ့ သူ သေရတော့မယ် ။
သူဟာ တိုင်းပြည်ကို ရန်စွယ်တွေ ကာကွယ်ရင်း အသက် စွန် ့ခဲ့ ရသူပါ။
ဒါပေမယ့် သူ တာဝန်မကျေသလို ခံစားနေရတယ် တဲ့ ။
သူ သေသွားရတာကိုက ကိုယ်လွတ် ရုန်းသွား သလို ဖြစ်နေပြီလား . . . လို ့ သူ တွေးမိတယ် ။
သူ. . . ဒီထက်မက တိုင်းပြည် ကို ပေးဆပ်ချင်သေးတယ် ။
အခုတော့ . . .
သူ . . . သွားရတော့မယ် ။
သူ သေရတော့မယ် ။
ကိုယ်လွတ်ရှောင်ခွါ ခဲ့ရလို့ …………..
အားနာတယ်လို ့ ပြောခဲ့ချင်တယ်. . တဲ့ ။
++++++++++++++++++++++++++++++++++++
ကဗျာထဲက စစ်သားလေးရဲ့ တာဝန်သိစ်ိတ် နဲ့ ဖြူစင်မြင့်မြတ်တဲ့ စိတ်ဓါတ်ကို
ကျွန်တော် လေးစားမိပါတယ် ။
ကြက်သီး ဖြန်းခနဲ ထ သွားရတဲ့ အထိပါ။
မှန်တာပြောရရင် အဲဒီ စစ်သားကလေးကို ကျွန်တော် နှမြောတယ် ။
နောက်ဆုံးစာသား ။ ။
ယမ်းငွေ့အူအူ
တလူလူ နှင့်
မေးမြူကြတုန်း
အနောက်ကုန်းတွင်
နေလုံး ကွယ်လေပြီတကား ။
စစ်မြေပြင်အနားမှာ ယမ်းငွေ ့တွေ တလူလူ ဝေ့ဝဲ နေတယ် ။
စစ်သားကလေးကို ဘာများ မှာခဲ့ချင်သလဲ ကွယ်လို့ မေးမြန်း နေ ခိုက်မှာပဲ …..
ဟိုး အနောက်ဘက် တောတန်းကလေးဆီ….
နေလုံးကြီး နစ်…..ဝင် …..ကွယ်…. ပျောက် ။
တောင်စွယ်မှာ…နေ ကွယ်ခဲ့လေပြီ…
ခဲ့ လေ ပြီ ။
စစ်သားကလေးလည်း ခက်ခဲ ပင်ပမ်းစွာ ရှု ရှိုက်နေရတဲ့
သက်ရှင်မှုလေး
ရပ်တန့် သွားးးးး ပြီ ။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
ကျွန်တော် တို ့တ်ိုင်းပြည်ရဲ့ မြေပြင်ပေါ် မှာစစ်သားလေးတစ်ယောက် ရှိခဲ့ဖူးတယ်။
စစ်မြေပြင်ပေါ်ကနေ တိုင်းပြည်ကို ကာကွယ်ပေးရင်း အသက် စွန့်ခဲ့ရသူ /
တိုင်းပြည်အတွက် အားရအောင် ကိုယ်ကျိုး မစွန် ့ခဲ့ရသေးပါဘူး …… ရယ်လို ့ အားနာတတ်ခဲ့သူ /
ဖြူစင် မြင့်မြတ်သော စစ်သားကလေးတစ်ယောက် ရှ်ိခဲ့ဖူးပါတယ်။
++++++++++++++++++++++++++++++++++++++
ဆရာကြီး မင်းသုဝဏ် ရဲ့ သူ ့မှာတမ်း ကဗျာက်ို
( စာသားအဓိပ္ပါယ် ခံစားချက်ကလေးတွေနဲ့သာ ) ခံစား တင်ပြလိုက်ပါတယ် ။
ဆရာကြီး မင်းသုဝဏ် ရဲ့ ကဗျာ တွေကို သီဝရီ တွေ နှုန်း စံတွေနဲ့ တိုင်းတာပြီး ဝေဖန်ဖို ့ရာ
ကျွန်တော် မစွမ်းသာလို ့ မလုပ်ဝံ့လို ့
ကဗျာ ဝေဖန်ရေး မလုပ်ခဲ့ပါဘူး ။
အခု ကျွန်တော် ရေးသား တင်ပြခဲ့သမျှ စာသားတွေကို ကဗျာ ခံစားခြင်း အဖြစ်သာ
မှတ်ယူကြစေလိုပါတယ် ။
ကျွန်တော် ချစ်တဲ့ အနုပညာ /ကျွန်တော် ချစ်တဲ့ ကဗျာတွေထဲမှာ ဟောဒီ သူ ့မှာတမ်း ဆိုတဲ့ ကဗျာလည်း ပါပါတယ် ။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဆရာ ့ရဲ ့
သူ ့မှာတမ်းကို ပြန်ဖတ် ../ ပြန်ခံစားပြီး…
ကျွန်တော်…..
ဆရာ့ကို လွမ်းမိပါတယ် ။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
လေးစားစွာဖြင့်…
အလင်းဆက်
alinsett.art@gmail.com
—————————————————–
သူ ့မှာတမ်း
သူတို့အဆုတ်
ထားခဲ့ မြှုပ်သည့်
ဗုံးငုတ် တိုက်မှား
မောင်ပြောက်ကျားကို
ရွာသားရွာသူ
မေးကြမြူသည်
အူအူယမ်းငွေ ့ ထတုန်းတည်း ။
အမောင်ပြောက်ကျား
ချစ်သူအားကို
ဘာများ မှာခဲ့လိုသနည်း
ငယ်ကကြင်မြတ်
မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။
အမောင်ပြောက်ကျား
မိဘအားကို
ဘာများ မှာခဲ့လိုသနည်း ။
မွေ့းသည့် မိခင်
မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ။
အမောင်ပြောက်ကျား
တိုင်းပြည်အားက်ို
ဘာများ မှာခဲ့လိုသနည်း ။
ခရီးမတ်တတ်
လမ်းခုလပ်တွင်
ကိုယ်လွတ်ရှောင်ခွါ
ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ ။
————————-
မင်းသုဝဏ်
20 comments
Mr. MarGa
December 21, 2012 at 7:39 pm
္တတပ်သားလေးကတော့ တိုင်းပြည် ကို ချစ်လို့ အသက်ပေးပြီး တာတောင် အားနာပါတယ်တဲ့
ဗိုလ်ချုပ်ကြီးတွေကတော့ တိုင်းပြည်ကို ချစ်လို့ အကုန်ယူပြီးတာတောင် မဝသေးဘူး တဲ့
အလက်ဆင်းရေ
ဦးမာဃ ခံစားချက်လေး ပြောတာပါနော်
ကဗျာလေးကိုလဲ ခံစားသွားပါတယ်
ပို့စ်နဲ့ မဆိုင်သလိုတော့ ဖြစ်သွားပြီ။
မောင်ပေ
December 21, 2012 at 8:09 pm
ဆရာမင်းသုဝဏ် ကို အားကျပြီး
ဒီလိုလေး ဖွဲ ့ကြည့်မိတယ်
“ ပေ့မှာတမ်း ”
ငါ့ညီမောင်လင်း
ဟောင်ကောင်ပုလင်း
အသာဖွက်ကာ
တစ်ခါနှပ်မှာ
အမြည်းလဲမင်း
အသီးဆွဲရင်း
တူတူသောက်ရာ
ဘုံဆိုင်တစ်ခါ
padonmar
December 21, 2012 at 11:00 pm
အလက်ဆင်းရေ
ကဗျာလေးပြန်ခံစားရတာရော၊ အလင်းဆက်ထောက်ပြတဲ့ စာသားလေးတွေရော ကောင်းလိုက်တာ။
ဒီကဗျာလေးကိုပဲ ဆရာမောင်ဝံသက သူ ကင်ဆာရောဂွခံစားရတော့ ပြည်သူ့ခေတ်ဂျာနယ်မှာ ရေးခဲ့သေးတယ်။
ခေါင်းစဉ်ကတော့ အားနာခဲ့ကြောင်းမပြောချင် လို့ ထင်ပါတယ်။
အလွန်ကောင်းတဲ့ စာကလေးပါပဲ။
အန်တီတို့လည်း အားနာပါတယ်လို့ မပြောရအောင် ကြိုးစားကြပါစို့။
padonmar
December 21, 2012 at 11:00 pm
အလက်ဆင်းရေ
ကဗျာလေးပြန်ခံစားရတာရော၊ အလင်းဆက်ထောက်ပြတဲ့ စာသားလေးတွေရော ကောင်းလိုက်တာ။
ဒီကဗျာလေးကိုပဲ ဆရာမောင်ဝံသက သူ ကင်ဆာရောဂါခံစားရတော့ ပြည်သူ့ခေတ်ဂျာနယ်မှာ ရေးခဲ့သေးတယ်။
ခေါင်းစဉ်ကတော့ အားနာခဲ့ကြောင်းမပြောချင် လို့ ထင်ပါတယ်။
အလွန်ကောင်းတဲ့ စာကလေးပါပဲ။
အန်တီတို့လည်း အားနာပါတယ်လို့ မပြောရအောင် ကြိုးစားကြပါစို့။
ခင်ခ
December 22, 2012 at 9:26 am
သေသောသူသည် သုဿန်သို့ သက်သက်သာသာ သွားသည်။
အရင်တုန်းက ဖတ်ဖူးခဲ့တဲ့ဝတ္ထုစာအုပ်တစ်ခုရဲ့ခေါင်းစဉ်ပေါ့၊ အဲ ဒါကို အဓိပ္ပါယ် ပြောင်းပြန်ရွတ်ကြည့်ရင်
မသေသောသူသည် သုဿန်သို့ မသက်မသာ သွားသည် ဗျ။
အဲဒါလည်း ဟုတ်တာဘဲနော် သုဿန် ဆိုတာ ပျော်ရွှင်ကြည်နူးစရာ နေရာမှ မဟုတ်တာလေ။
ဗုံဗုံ
December 22, 2012 at 9:45 am
အမောင်ပြောက်ကျား
ချစ်သူအားကို
ဘာများ မှာခဲ့လိုသနည်း
ငယ်ကကြင်မြတ်
မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ
ဦးလေးလင်းဆက် မိဗုံကတော့ ဟိုလိုထင်တယ် သူသေသွားလို့ သူ့ချစ်သူကောင်မလေးက နောက်ထပ်တစ်ယောက်ကို လက်တွဲသွားရင်တောင်မှ သူကခွင့်လွှတ်ပါတယ်လို့ ပြောချင်တာလားလို့လေ ကဗျာလေးကို ဖတ်ရင်းနဲ့ တွေးကြည့်တာပါ 🙂
ထပ်ပြီးတော့ တွေးလိုက်သေးတယ် သူ့နေရာမှာ ဦးလေးလင်းဆက်ကြီးဆို ဘယ်လိုများ မှာမလဲလို့လေ :harr:
ဦးကြောင်ကြီး
December 22, 2012 at 10:16 am
သူ့မှာတမ်း
ငုဝါပန်း
နုကာလန်း
ညုတာမဆန်း
ဥဖြာသွမ်း
ဘုခါရမ်း
ထုမာကြမ်း
ခုလာစမ်း..။ :kwi:
အလင်းဆက်
December 22, 2012 at 7:15 pm
ဦးဦးမာဃ ရေ..
ဦးဦးရဲ ့ ခံစားချက် စာသားလေးတွေကလည်း..
ဒီ ကဗျာ စာသားတွေနဲ ့..
တွဲဆက် ယူပြိီး .ခံစားလို ့ရပါတယ်ဗျာ ။
ခံစား..မှု အတွက်.ကျေးကျေးနော့် ။
==============
လေးလေးပေ…
ငါ့င်္ညီ ပြောင်ဝင်း
မောင်သစ်ဆင်း ပဲ.ကြားဖူးတာ..
အခုတော့
🙂
လေးလေးရေ..
လေးလေးကဗျာလေးထဲကအတိုင်း….
တူတူ..ကစ်လိုက်ကြစို ့လေ..
ဟိဟိ ။
==================
အလင်းဆက်
December 22, 2012 at 7:26 pm
အန်တီပုဒုမ္မာရေ..
ကျွန်တော့်တင်ပြချက်ကလေး..
သဘောကျတယ်ဆိုလို ့ ဝမ်းသာပါတယ် ။
ကျွန်တော်..ထုတ်ပြ ခဲ့တဲ ့…စာသား..
မြူ…ဆိုတာ နဲ ့
မိသက်မှတ် ဆိုတာလေးကို..အဲဒီ စာတမ်းထဲမှာ.အကျယ်မပြောသာတော့လို ့..
အကျယ်ကို ချန်ထားလိုက်ရတာပါ ။
အမှန်က…
အဲဒီ စကားလုံးတွေကို…သေသေချာချာ ခွဲခြမ်း စိတ်ဖြာ ပြီး.ခံစားချင်သေးတာ ။
မြူ ဆိုတာလေး..ထည့် သုံးလိုက်တဲ ့ ဦးဝဏ် ကို.. တော်တော်…
ဦးခိုက် ချင်သွားတယ် ။
အဲဒီ မြူ..ဆိုတာလေး..ထည့်လိုက်လို ့..
အဲဒီ စကာလုံး ( လေးလုံး တစ်ပဒ ) က
နူးညံ့ ့ သိမ်မွေ့သွားတာပါ ။
မေးမြန်းကြသည်..ဆိုရင်…
နောက် တစ်ခြားစကားလုံး အစားထိုးကြည့်ရင်…
ကြမ်းတမ်းနေပါတယ် ။
မြူ..ဆိုတာလေး..ထည့်လိုက်တော့…
ချော့မြူ..ပြီး.မေးကြတယ်…
ညင်ညင်သာသာ..လေး…မေးရတယ်..ဆိုတာလေး.ပေါ်သွားတာ..။
————-
ပြိီးတော့…မိသက်မှတ်….
ကျွန်တော်..အဲဒီ စကားလုံးကို..
အဲဒီ ကဗျာ ပုံနှိပ် စာသားတော်တော်များများကို လိုက်ရှာပြီးမှ..အတည်ယူလိုက်တာပါ ။
မိ သ က် မှတ် ။
သက်..ကို..ကကြီးအသတ် နဲ ့ပဲ..ရေးထားတာ … .လေး သတိပြုမိလို့ပါ ။ သတ်ပုံများ..စာရိုက်သမားတွေ မှားရေးသလားလို ့.. မသေချာသေးလို ့.. လိုက်ရှာ ဖတ်ရတာပါ ။
နောက်ဆုံးတော့..ဦးဝဏ်က.. သက် လို့ပဲ..ရေးခဲ့တာ သေချာသွားပါတယ် ။.
မိ ….ဆိုတာက..ချစ်သူမိန်းကလေးကို ခေါ်တာ ။
သက်…. ဆိုတာ.က အသက် ကိုပြောတာ ..။
အနောက်က..မှတ်…ဆိ်ုတာနဲ ့တွဲပြီး.သတ်မှတ်တယ်.လို့ပြောတာ လုံးဝ မဟုတ်တာ သတ်ြိပုမိတယ် ။
သတ်မှတ် လို ့မသုံးပဲ…
သက်မှတ်..လို ့သုံးသွားတာ…
အဲဒါ..အားလုံးကို..ပေါင်းလိုက်ရင်…..
စစ်သားကလေးရဲ ့အသည်း အသက်လို မှတ်ယူထားရတဲ ့ချစ်သူကောင်မလေး ပေါ့ ။
သိပ်လှတဲ ့စကားလုံးလေးတစ်ခု..တွဲဆက် ပြသွားလို ့.မချီးကျူးပဲ..မနေနိင်ဘူးဗျို ့ ။
————————-
ပြီးတော့…
ငယ်က ကြင်မြတ်….
အဲဒါလည်း..အရမ်း လှတဲ ့စကားလုံးနော့ ။
အဲဒီလို စကားလုံးလေးတွေ ကို တစ်လုံးချင်းစီ…ခံစား..ကြည့်လိုက်ရင်..
ကဗျာဝေဖန်ရေးလည်း..ဆန်သွားမယ် ။
နေရာနဲ ့အချိန် အခက်ခဲ အရလည်း…
ရေးရတဲ ့ ကျွန်တော့်အတွက်ရော..
ဖတ်ရတဲ ့ စာဖတ်သူတွေ အတွက်ပါ… ကသိကအောက် နိုင်တယ် …ဆိုပြီး.
အကျယ်ကို မခံစားတော့တာပါ ။
ပြိီးတော့…
မင်းသုဝဏ်ဆိုတာ..
မြန်မာ ကဗျာလောက မှာ..လျှမ်းလျှမ်းတောက် ခဲ့တဲ ့
ဆရာတစ်ဆူပါ ။
အဲဒီလို ဆရာကြီးတစ်ယောက်ရဲ ့ကဗျာတစ်ပုဒ်ကို..
ကျွန်တော် အလင်းဆက်လို …
ဘာမှ မဟုတ်သေးတဲ ့ ချာတိတ်လေးတစ်ယောက်က..
ဝေဖန် ဖို ့..ဆိုတာ..
အင်မတန်…. အကြမ်းထည်.ဆန်လွန်းနေတယ်..ထင်လို ့…
ဝေဖန်ဖို ့မဝံ့ရဲလို ့..
ဒီလောက်ကလေးပဲ……
——————
အန်တီရေ….
ခံစား..အားပေးလို ့ကျေးဇူး..အထူးတင်ပါတယ်ဗျို ့ ။
မင်းနန္ဓာ
December 22, 2012 at 7:26 pm
ဗိုလ်ချုပ်ကြီးတွေလည်း တစ်ဘဝတည်း တိုင်းပြည်တာဝတ်ထမ်းရတာ အားမရလို့တဲ့
ဘောင်းဘီချွတ် လူဝတ်ပြောင်းပြီး ဆက်ကဲ့ယူ.. အဲ ကယ်ယူနေတုန်းပဲလေ..
အလင်းဆက်
December 22, 2012 at 7:29 pm
လေးလေးခင်ခ ရေ..
အဲဒီစာအုပ် သားဖတ်ဖူးတယ် ။
သေသောသူသည် သုဿန်သို ့ သွားသည် ။
ဘဘမင်းသိင်္ခ ရေးတာလေ. ။
လေးလေးခ ရဲ ့… ဒဿန ကိုတော့..အခုမှ သိတာ ။
အမှန်ပေါ့လေးလေးခရေ..။
🙂
အားပေးလို ့ကျေးဇူးပါ။
====================
အလင်းဆက်
December 22, 2012 at 7:32 pm
မိဗုံရေ…
ဟုတ်ပါတယ်ကွယ် ။ ဦးဆက်လည်း…အဲဒီလု်ိပဲ.ထင်တာပါ ။
ကျန်ရစ်ခဲ့မယ့်သူလေးအတွက်…
အမှားသေးသေးလေးတွေက..အစ……
========================
မိဗုံ…
ဦးဆက် သာ..
အဲဒီ စစ်သားလေးနေရာမှာဆို…
မသေချင်သေးဝူး….
မသေချင်သေးဝူး…လို ့အော်နေမှာနဲ ့ပဲ..
ဘယ်သ ူ့အတွက်မှ..
မှာစကားပါးနေဖို့အချိန်ရမှာမဟုတ်. ။
အဟိ ။
မိဗုံ….
မိဗုံ….
ဟင်းဟင်း…
:kwi:
အလင်းဆက်
December 22, 2012 at 7:36 pm
ဦးဦးကြောင်…
သုံးလုံးစပ်လေး.. ဟုတ်တော့မလိုလိုနဲ ့…
ညုတာမဆန်း…လုပ်ချလိုက်တယ် ။
ဘာပဲပြောပြော…
ချစ်တယ်.ဦးကြောင်ရယ်….
ဟယ်..ဟယ်…
🙂
============================
မင်းနန္ဓာ ရေ…
အဲဒါ.က…အဲဒလိုပေါ့နော်…။
အဟိ အဟိပေါ့နော်…။
ဟုတ်နေသလိုလို…ပေါ့နော် ။
အဟိ အဟိပေါ့နော်..။
အဟိအဟိ ။…. ..။
ရွှေ ကြည်
December 22, 2012 at 10:06 pm
ဆရာရဲ့ ပုံတူပန်းချီလား အလက်ဆင်း
အစ်မ မမြင်ဘူးလို့ ကျိန်းသေအောင်မေးတာပါ။ ပန်းချီကားရော ကဗျာ မျှဝေခံစားမှုရောအတွက်ကျေးဇူးပါ။
ဒီကဗျာကို ရွာသားတယောက်တင်ပြီးဆွေးနွေးဖူးသေးတယ်ထင်တယ်။
အဓိပ္ပါယ်ပြည့်ဝပြီး အနှစ်သာရ ရှိတဲ့ကဗျာတပုဒ်ပါပဲ။ မိနဲ့ဘကို ဦးတင်တယ်ဆိုတာ ရှိခိုးဦးတင်တာပါပဲ။
ကဗျာထဲမှာ ဆရာရဲ့စိတ်ဓါတ်ကိုမြင်တွေ့လိုက်ရသလိုပါပဲ။
လွတ်လပ်တဲ့ အနုပညာခံစားချက်နဲ့ အနုပညာဖန်တီးမှုတွေနဲ့ အလက်ဆင်းချစ်တဲ့ အနုပညာနဲ့ထာဝရလက်တွဲနိုင်ပါစေ။
ရွှေ ကြည်
December 22, 2012 at 10:20 pm
သူတို့ ဆူလို့
ပစ်လို့ ချကုန်
မီးဗုံးစုံကြောင့်
မီးခိုးအူအူ စစ်တမူသို့
ယမ်းတို့ အူအူထသတည်း။
လက်စွမ်းထက်သူ
လုပ်ဆောင်သူကို
ပြည်သူအများ
အမေးပါးသည်
အမောင် လူသား
ဘာများ ပြောကြားလိုသနည်း
တိုင်းပြည်ကောင်းရေး
ကြိုးစားပေးဖို့
လူထုသံဃာစတေးပါသည်
အားနာမိကြောင်းပြောပါလေ။
(ဆရာကြီးကို တုပခြင်းမဟုတ်ပါ အမှားပါရင်တောင်းပန်ပါတယ်)
MaMa
December 22, 2012 at 10:58 pm
အလင်းဆက်ရေ-
အက္ခရာတစ်လုံးထက် တစ်လုံး ပိုကောင်းလာတယ် ဆိုတာထက် ပိုကောင်းလာတယ်ဆိုတာကို ဘယ်လို ပြောရမှန်း မသိလို့ အားနာတဲ့အကြောင်း ပြောပါရစေ။ :kwi:
ဆရာကြီး မင်းသုဝဏ်ရဲ့ စကားလုံး တစ်လုံးချင်းစီကို သေသေချာချာ ခံစားတင်ပြထားတာမို့………
သာမန်ကာလျှံကာ ဖတ်သွားတဲ့ အရသာနဲ့ လုံးဝခြားနားဆန်းပြားစွာ ခံစားလိုက်ရတယ်။ :hee:
ခိုင်ဇာ
December 23, 2012 at 4:20 pm
ဟိုး… ငယ်ငယ်က ဆရာ မင်းသုဝဏ် ရဲ့ ဒီ သူ့မှာတမ်းကဗျာလေး စဖတ်ခါစ … ဖွံ့ဖြိုးချိန်မှာ ရှင်းပြတဲ့ မြန်မာစာ ဆရာမ ကလည်း တော်၊ ဆိုတော့ စာသင်ခန်းထဲမှာ မိန်းကလေးတွေ တော်တော်များများ ငိုခဲ့ကြတာ။
စစ်သားလေးတွေကိုလည်း သနားလိုက်ကြတာ။
နောက်တော့…၊ နောက်တော့…..၊ နောက်တော့………… အဲ……..မပြောတော့ပါဘူးနော့။
မောင်အလင်းဆက်ရဲ့ စာ အလွမ်းလေးနဲ့ဆိုတော့ ဖတ်ရတာ မြိုင်တာပေါ့ကွယ်။
နောက် ဆရာ့ကဗျာထဲက စိတ်ထဲ ကျန်နေတတ်တာက “ဖိုးမောင်လာပြီ” ကဗျာလေး။
•*¨နန်းတော်ရာသူ •*¨
December 23, 2012 at 8:00 pm
ငါ့ညီပြောင်ဝင်း မောင်အလက်ဆင်းရေ
ပြောစရာမလိုအောင် ခံစားချပြပေးသွားတာပါ။
အ ကိုတော့ရောက်လုလုဖြစ်နေပြီနော်..
ထပ်ပြီးစောင့်ဖတ်နေပါမယ်။
အလင်းဆက်
December 23, 2012 at 9:40 pm
မမရွှေကြည်..
အဲဒါ..ဆရာ့ ပုံတူပါပဲ. ။
နီးစပ်ရာ..ဂူးဂဲကနေပဲ..ဗြူးဗြဲ ပြီး.ရှာလိုက်တာပါ ။
တင်ပြ ထားတဲ ့မူရင်း ဓါတ်ပုံပိုင်ရှင်ကို..ခွင့်မတောင်းရသေးလိုူ ့အခု ဒီနေရာကနေ ပဲ ခွင့်တောင်းလိုက်ပါတယ်နော်။ ယူ သုံးတဲ ဲ ့အတွက်.. အပြစ်တော် မရှ ပါနဲ ့နော် ့။
==============================
မမရွှေကြည်ရေ…
တိုင်းပြည်ကောင်းရေး
ကြိုးစားပေးဖို့
လူထုသံဃာစတေးပါသည်
အဲသည်..စာသားလေး ဖတ်ရတာ..မျက်ရည်တောင် လည်မိချင်တယ် ။
တကယ် ။
==============================
အလင်းဆက်
December 23, 2012 at 9:54 pm
အန်တီမမရေ..
ကျေးဇုူးပါဗျ ။
အားထုတ် ရေးသားရကျိုး နပ်ပါပြီ. ။
ခင်မင်လေးစာလျက်ပါလို ့.ပြောရင်း..
နောက်လာမယ့် အက္ခရာ လက်ကျန် လေးတွေ ထိ လည်း..
လိုက်ပါ .ခံစာေးပးပါဦးလို ့….
————————-
မမခိုင်ဇာရေ…
ကျွန်တော့်စာ အလွမ်းလေးနဲ ့..
မမတို့ ရဲ ့…ခံစားချက် အလန်းလေးတွေနဲ ့ဆု်ိတော့..
ပို မြိုင်သွားပါတယ် ။
ဒီလိုပါပဲ…
ဆရာမင်းသုဝဏ်ရဲ ့ကဗျာတော်တော်များများက..
ကျွန်တော်တို ့အသည်း ထဲမှာ.နစ်ဝင် နေတာပါပဲ.. ။ နော့် ။
နောက်လည်း အဆင်သင့်သလို….. ဆရာ့ကဗျာလေးတွေကို..
ခံစားချက်..ကူးလူးဆက်သွယ်..ပြချင်ပါသေးတယ် ။
————————————————————
မမနန်းတော်ရာသူရေ….
အ အထိရောက်တော့မှာ..ကို…
ဆက်လက် စောင့်မျှော်… အားပေးနေမယ်ဆိုလို ့.အားတက်ရပါတယ် ။
အခုတလော..ကျွန်တော်တော့..ဘာစာမှ ကို ရေး လို ့မရချင်ဖြစ်နေတာ ..။
သ = အပြီးမှာ..
ဟ = ကိုရေးဖို ့..အခုထိ အဆင်သင့် မဖြစ်သေးလို ့..
နည်းနည်း..စိတ်လေ..နေပါတယ် ။
အားပေး စောင့်မျှော်တဲ ့သူတွေ….ရှိတာတွေ ့လေလေ..
ကျွန်တော်..စာရေး ဖို ့..အားတက်ရလေလေ..ပါ ။
ကျေးဇူးပါ ။