အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၁၃ ) ( D – 19 – SORRENTO – CAPRI ISLAND )
အဘဖေါ ရဲ့ ဥရောပသွား
ပေါ်တာ တောလား ( ၁၃ )
( D – 19 – SORRENTO –
CAPRI ISLAND )
စက်တင်ဘာ ၂၉ ရက်နေ့ ။
ဒီနေ့ တစ်နေ့လုံးကတော့ ၊
Sorrento မြို့နားက ၊
မြေထဲ ပင်လယ်ထဲမှာ ရှိတဲ့ ၊
လှပတဲ့ Capri ကျွန်းကို ၊
သွားလည်ကြမှာပါ ။
Sorrento မြို့မှာ အဘတို့တည်းတဲ့ Johanna Park Hotel ဟာ ၊
Ms. Johanna ဆိုတဲ့ အမျိုးသမီးပိုင်တဲ့ တောင်ပေါ် သံလွင် စိုက်ခင်း ထဲမှာ တည်ရှိတာပါ ။
အရမ်း အဆင့်မြင့်လှတဲ့ ဟော်တယ် မဟုတ်ပေမယ့် ၊
ဟော်တယ် ရဲ့ တစ်ဖက်ခြမ်းမှာ တောင်မြင့်ကြီး ရှိပြီး ၊
နောက် တစ်ဖက်ခြမ်းမှာ တော့ မြေထဲပင်လယ် ကမ်းခြေ ရှိပါတယ် ။
ဟော်တယ် တစ်ခုလုံး ပါတ်ပါတ်လည် ကိုတော့ သံလွင်ပင်ပေါင်း ထောင်ချီပြီး ဝန်းရံထားပါတယ် ။
သံလွင်ပင်တွေရဲ့ အောက်ခြေတွေမှာတော့ ကြွေကျတဲ့ သံလွင်သီးတွေ ၊
မြေကြီးပေါ် မထိအောင် Net ပိုက်ကွန်တွေနှင့် ကာထားတာ တွေ့ရပါတယ် ။
တကယ့်တောသဘာဝ အတိုင်း တိတ်ဆိတ် ပြီး ရှုခင်းတွေက စိမ်းစိုနေပါတယ် ။




ဒါနှင့် ၊ စကားမစပ် ၊ ဟိုတစ်ခါ ကျန်းမာရေးအတွက် စားသုံးရန် အသင့်ဆုံး စားဆီထဲမှာ ၊
တစ် ကမာ္ဘလုံးက ကျန်းမာရေးအဖွဲ့တွေက သံလွင်ဆီ ကို အကောင်းဆုံးလို့ သတ်မှတ်ကြပါတယ် ။
( မှတ်ချက် ။ ။ မြေပဲဆီဟာ အကောင်းဆုံး ၅ မျိုးထဲကိုတောင် မဝင်ပါဘူး )
အဲဒီ အကြောင်းကို အဘ Comment ပေးတုန်းက ၊ သံလွင်ဆီ ဟာ အရမ်းဈေးကြီးတယ် ၊
ဒါကြောင့် မသုံးနိုင်ဘူး ဆိုပြီး ၊ ရွာသူား တစ်ယောက်က ပြန်ပြောပါတယ် ။
အဲဒါ ၊ မနေ့က အဘ အိမ်အတွက် သံလွင်ဆီ သွားဝယ်တဲ့ ဈေးလေးကို ပြလိုက်ပါတယ် ။
သံလွင်ဆီ 4 Liter ကို A$ 13.50 ကျပါတယ် ။ 1 Liter ကို A$ 3.375 ပဲကျပါတယ် ။
ဆိုလိုတာက သံလွင်ဆီ 1 Liter ( ၅၅ ကျပ်သား ) ကို A$ 3.375 ( ၂၈၇ဝ ကျပ် ) ကျပါတယ် ။
( ဆီ 1 Liter = ၅၅ ကျပ်သား နှင့် 1.00 A$ = ၈၅ဝ ကျပ် နှုန်း နှင့်တွက်ထားတာပါ )
အဲဒီတော့ကာ သံလွင်ဆီ တစ်ပိသာ ကိုမှ ၅၂၂ဝ ကျပ် ပဲ ကျမှာပါ ။
ဒါဆိုရင် သံလွင်ဆီ က သိပ်ဈေးမကြီးတော့ဘူးလို့ ထင်ပါတယ် ။

တစ်ခုရှိတာက အခု ဓါတ်ပုံ / ကြော်ငြာထဲကဈေးက Discount တဝက် / ခေါက်ချိုး လျှော့ထားတာပါ ။
ဒါပေမယ့် ၊ ဩဇီမှာရှိတဲ့ Super Market ပေါင်း မြောက်များစွာက အလှည့်ကျ လျှော့နေတာပါပဲ ။
တစ်နှစ်မှာ အနဲဆုံး တစ်ခါ နှစ်ခါ လောက်တော့ ဒီလို လျှော့ဈေးနှင့် တွေ့ရတာပါပဲ ။
အဲဒီအခါမျိုးမှာ အဘတို့က တစ်နှစ် စာ မှန်းပြီး ဝယ်လိုက်ကြတာပါပဲ ။
ရွာသူားတို့ မယုံမှာစိုးလို့ ဈေးလျှော့ထားတဲ့ စာမျက်နှာလေးပါ scan ဖတ်တင်ပေးလိုက်ပါတယ် ။
တစ်ခုတော့ ဝန်ခံပါတယ် ၊ သံလွင်ဆီဟာ ဩဇီ ပုံမှန်ဈေးဆိုရင် 4 Liter ကို A$ 20.00 ကျမယ် ။
ကဲ ၊ ထားလိုက်ပါတော့ ၊ မနက် ရ နာရီလောက်မှာ ဟော်တယ်က ထွက်လာကြပြီး ၊
မနက် ၈ နာရီမှာ Sorrento မြို့ ကမ်းနား အဘတို့ Hydrofoil လျှပ်ပြေးရေယာဉ် စီးရမယ့် နေရာ ရောက်ပါတယ် ။
ခဏစောင့်ပြီး Hydrofoil လျှပ်ပြေးရေယာဉ် နှင့် ၄၅ မိနစ် သွားလိုက်တာ Capri ကျွန်းကို ရောက်ပါတယ် ။



လျှပ်ပြေးရေယာဉ် ပေါ်ကဆင်းပြီးတာနှင့် ပထမဆုံး ကျွန်းကို Boat အငယ်လေး နှင့် ပါတ်ကြည့်ကြပါတယ် ။
Capri ကျွန်းဟာ အီတလီပိုင် မြေထဲပင်လယ်ထဲက အရမ်းလှပတဲ့ နာမည်ကျော်ကျွန်းကလေးပါ ။
မြင့်မားလှတဲ့ ကျောက်ဆောင် တောင်တန်းတွေ နှင့် ကြည်လင်တဲ့ရေတွေနှင့် လှပတဲ့ ကျွန်းပါ ။



ပင်လယ်ပြင်ကြီးတစ်ခုလုံးကို စီးမြင်နေရတဲ့ ကျောက်ဆောင်တွေပေါ်က အိမ်တွေဟာ ၊
ဒေါ်လာ သန်းပေါင်းများစွာတန်ပြီး ၊ သူဋ္ဌေးကြီးတွေ နေကြတယ်လို့ ပြောပါတယ် ။
ပင်လယ်ရေဟာ တော်တော်ကြည်ပြီး အရောင် ပြာလဲ့နေပါတယ် ။


ဘုတ်တွေနှင့် ကျောက်ချပြီး ရေကူးအပန်းဖြေနေသူတွေလည်း တွေ့ရပါတယ် ။
အဘတို့လို ဘုတ်အငယ်စားလေး နှင့် ကျွန်းပါတ်လည် ရှုခင်းကြည့်သူတွေလဲ အများအပြားပါ ။

ပုံထဲက ကျောက်ဆောင်အောက်က လိုဏ်ပေါက်လေးကို ဖြတ်တုန်းမှာ ၊
ချစ်သူအချင်းချင်း နမ်းရှုံ့ပြီး ဆုတောင်းရင် ၊ ဆုတောင်းပြည့်ပြီး ရာသက်ပန် ပေါင်းရတယ်လို့ ဆိုပါတယ် ။
ဟဲ ဟဲ ၊ အဲဒီတော့ကာ ၊ အဘလည်း တာဝန်ကျေသွားအောင် ၊ ဟဲ ဟဲ ။

ကျွန်းပါတ်လည် ရှုခင်းကြည့်ပြီး အပြန်မှာတော့ တောင်မြင့်ကြီးပေါ်တက်ဖို့ ပြင်ပါတယ် ။
Capri ကျွန်းဟာ အဓိက သုံးပိုင်း ရှိပါတယ် ။
ပင်လယ်ကမ်းခြေ ရပ်ကွက် ၊ တောင်ပေါ် ရပ်ကွက် နှင့် တောင်မြင့်ကြီး ထိပ်ပိုင်းပါ ။
တောင်ပေါ်လမ်းတွေဟာ အကွေ့အကောက်များလွန်းပြီး ကျဉ်းမြောင်းတဲ့အတွက် ၊
Bus ကား အကြီးကြီးတွေ မသုံးနိုင်ပဲ Bus အငယ်စား များကိုပဲ စီးရပါတယ် ။

Bus အငယ်စားလေး နှင့် အကွေ့အကောက်များတဲ့ တောင်ပေါ် လမ်းကျဉ်းလေးတွေကို ဖြတ်ပြီးတဲ့အခါ ၊
တောင်ပေါ် ရပ်ကွက်ကို ရောက်ပါတယ် ။ တောင်ပေါ် ရပ်ကွက်ကတင် တော်တော်မြင့် နေပါပြီ ။
အဲဒီကမှ Cable Car ဆက်စီးပြီး တောင်မြင့်ကြီး ထိပ်ကို တက်ရမှာပါ ။
အဘတို့ အဖွဲ့က အတော်များများက Cable Car စီးပြီး တောင်ထိပ် ဆက်တက်ကြပါတယ် ။

ဒါပေသည့် အဘ မဟေသီ ခမျာ ၊ Boat စီးတုန်း လှိုင်းမူးပြီး အန်ထားတာရယ် ၊
တောင်ပေါ်ကို တက်တော့လည်း လမ်းကျဉ်းလေးတွေမှာ အကွေ့အကောက်များတဲ့ ဒါဏ်ကြောင့် ၊
မူးပြီး အားနည်းနေတာကြောင့် Cable Car စီးပြီး တောင်ထိပ်ပေါ်ကို ဆက်မတက်ဖြစ်တော့ပါဘူး ။
( ဒါတောင် ပင်လယ်ထဲမှာ ဘာလှိုင်းမှ မရှိခဲ့ပါဘူး Boat ကသေးလို့ လူးတာပါပဲ )
( လူတွေကတော့ ဝိုင်းပြောတာပေါ့ ကပ္ပတိန် ကတော် ဖြစ်နေပြီး လှိုင်းမူးတယ် ဆိုပြီး )
( အမှန်က ကပ္ပတိန် ကတော် မပြောနဲ့ ကပ္ပတိန် တောင် အခန့်မသင့်ရင် အားနည်းရင် လှိုင်းမူးတတ်ပါတယ် )
အဲဒါနှင့် ၊ တောင်ပေါ် ရပ်ကွက်လေး မှာပဲ လမ်းကျဉ်းလေးတွေထဲ လှည့်ကြည့်ပြီး ၊
တောင်ပေါ် တောင်အောက် ရှုခင်းတွေပဲ ဓါတ်ပုံ လိုက်ရိုက် နေလိုက်ပါတော့တယ် ။




တောင်ပေါ်က ပြန်အဆင်းမှာတော့ အပြောင်းအလဲဖြစ်အောင် ၊
Bus ကား နှင့် မဆင်းပဲ Tram လျှပ်စစ် ရထားနှင့် ပဲ ပြန်ဆင်းလာခဲ့ပါတယ် ။
ပင်လယ်ကမ်းနားမှာ အဘတို့ အပြန်စီးရမယ့် လျှပ်ပြေးရေယာဉ် စောင့်ရင်း ၊
နေ့လည်စာ လိုလို ၊ ညနေစာ လိုလို ကို အီတလီ တောင်ပိုင်းစာလေးတွေ စားပြီး ၊
လျှပ်ပြေးရေယာဉ်နှင့် Sorrento ဘက်က ဟော်တယ်ကို ပြန်ခဲ့ပါတော့တယ် ။
တော်သေးဘီ ။
အဘ ဖေါ ( F R ) ။



20 comments
koaung
December 22, 2012 at 11:31 pm
အရင်007 ရုပ်ရှင်ထဲမှာမြင်ဘူးတဲ့ကျွန်းနဲ့တူတယ် (မသေချာ) လှတာတော့ဘာမှပြောဘို့မလိုပါဘူးဗျာ နေရာကလှသလိုလူတွေကလည်း စည်းကမ်းရှိကြတာကိုး
padonmar
December 22, 2012 at 11:57 pm
င်္FR
စားအုန်းဆီ (မြန်မာပြည်)လက်ကားဈေး= 1325/ပိဿာ
ပဲပုပ်ဆီ က 3000 ခန့်၊ပဲဆီ 4000 ခန့် ဆိုတော့ သံလွင်ဆီက နည်းနည်းတော့ များနေသေးတယ်။
ပုံမှန်လူတန်းစားအတွက်တော့ စဉ်းတောင် မစဉ်းစားနိုင်ပါဘူး။
…………….
အိမ်လေးတွေ လမ်းလေးတွေက သန့်ပြန့်နေတာပဲနော်။
ရေလေးကြည်နေတာလည်း သိသာအောင်ရိုက်ပြထားတာ ကျေးဇူးပါ။
………………
တရုတ် ဖုန်းရွှေ မှာ ကျို့စန်း ခန့်ဟိုင် (တောင်ပေါ်မှာထိုင် ပင်လယ်ကိုကြည့်)လို့ ဖတ်ဖူးတယ်။
အီတလီသူဌေးတွေလည်း အဲဒီလို အယူရှိတယ်ထင်ပါ့။
padonmar
December 23, 2012 at 12:02 am
ကြားဖူးဖတ်ဖူးတာ သံလွင်ခက်သရဖူဆောင်းတယ်တို့၊ ခရစ်စမတ်လက်ဆောင်တွေမှာ သံလွင်ခက်ပုံပါတယ်တို့ အဲဒီထဲက အရွက်က အတွင်းချိုင့်တဲ့ အတွန့်လေးတွေနဲ့ တော်တော်လှတယ်လေ။အခု သံလွင်ရွက်က ရိုးရိုးကြီး။
သံလွင်သီးကြွေတာဘာလို့ မြေနဲ့မထိရတာလဲ။ ဆီကြိတ်ရင် သန့်အောင်လား။
Hnin Hnin
December 23, 2012 at 8:36 am
ဲဘ..ရိုက်ခဲ့တဲ့ ရေပြာပြာတွေရဲ့ လှချက်က James Bond movies တွေထဲက Daniel Craig ရဲ့
‘ piercing blue eyes ‘ တွေလိုပဲ ပြာလဲ့၊ကြည်လင်၊စူးရှ လှပလွန်း နေတာ…
(အသည်းစွဲမိတဲ့ အဲ့မျက်လုံးတွေက contact lenses တွေသုံးထားတာလို့ သတင်းထွက်တာ
တောင် တွေးမိသွားတာ.. 🙂 )
ဘရေးတဲ့ ” half price သံလွင်ဆီ ” က တန်လိုက်တာ…ရှလွတ်..ဝယ်တောင် စုချင်မိတယ်…
၁ပိဿာမှ ၅၂၂၀.. ဒီမှာက ၂၂ကျပ်ခွဲသား ပုလင်းလေး ၃၈၀၀..၁ပိဿာဆို ၁၅၂၀ဝ ဖြစ်ပြီ…
ဘတို့ဆီမှာ ဈေးမလျှော့တဲ့နှုန်းနား ကပ်နေပြီ…
ဒီမှာတော့ သံလွင်ဆီက (လျှော့ဈေး မမြင်ဖူးသေးလို့) ဈေးကြီးပါတယ်…
ခိုင်ဇာ
December 24, 2012 at 10:05 am
နှင်းနှင်းရယ်။ ရေကြည်ပြာတွေ အမြင်မှာ ကျနော်ကတော့ Damon Salvatore လေးကိုပဲ သတိရမိရဲ့။
:kwi:
MaMa
December 23, 2012 at 9:15 am
ရှပ်ပြေးတွေစီးတာ အားကျတယ်။
ဒီမှာလည်း ရှပ်ပြေးတော့ရှိပါတယ်။
ဒါပေမယ့် စီးမယ်ဆိုရင် အသက်ကို ဖက်နဲ့ထုပ်ထားရမယ်။ :eee:
Foreign Resident
December 23, 2012 at 9:57 am
တဖြေးဖြေးတော့ တိုးတက် / လုံခြုံ လာမှာပေါ့ မမ ရယ် ။
ခဏ တော့စောင့် ၊ စိတ်ရှည်ပါ ။
အခု အစိုးရက Trial & Error Method ကိုသုံးနေပါတယ် ။
တိုက် တစ်လုံး ပြိုလိုက် ၊ ဥပဒေ အသစ်တစ်ခု ထပ်ပြောင်းလိုက် ။
သင်္ဘော တစ်စီး နစ်လိုက် ၊ ဥပဒေ အသစ်တစ်ခု ထပ်ပြောင်းလိုက် ။
အဲဒီ ပြို တဲ့ ၊ နစ် တဲ့အထဲ ၊ ကိုယ်မပါအောင်တော့ ၊
ဘုရားသာ နာနာ ရှိခိုးပြီး ၊ ဆုတောင်းကြပေါ့ ။
Foreign Resident
December 23, 2012 at 9:42 am
Ko Aung ၊ မ padonmar နှင့် မ Hnin Hnin ရေ ။
” စားအုန်းဆီ ( မြန်မာပြည် ) လက်ကားဈေး= 1325 / ပိဿာ
ပဲဆီ 4000 ခန့် ဆိုတော့ သံလွင်ဆီက နည်းနည်းတော့ များနေသေးတယ်။
ပုံမှန်လူတန်းစားအတွက်တော့ စဉ်းတောင် မစဉ်းစားနိုင်ပါဘူး ”
ရန်ကုန်မှာ စားအုန်းဆီ ၁၃၂၅ ကျပ်ပဲ ရှိတာလား ။
အဘ မသိဘူး ။ အဘ က စားအုန်းဆီ ကို ၃၀၀ဝ လောက်ရှိမယ် ထင်တာ ။
အင်းပေါ့လေ အဲလောက် ဈေးကွာတော့ လဲ ၊
သံလွင်ဆီ ဘယ်စားမလဲ ၊ စားအုန်းဆီ ပဲ စားကြတော့ မပေါ့ ။
” ဘရေးတဲ့ ” half price သံလွင်ဆီ ” က တန်လိုက်တာ ၊ ဝယ်တောင် စုချင်မိတယ် ”
ဟုတ်တယ် ၊ ပြီးခဲ့တဲ့ Comment မှာတုန်းကလည်း ။
အဘကို ရန်ကုန်မှာ သံလွင်ဆီ တစ် ပိဿာ တစ်သောင်းကျော်တယ်လို့ ပြောကြတယ် ။
တစ်ခုတော့ရှိတယ် ၊ အဘ လဲအခုမှ သတိထားမိတယ် ။
အခု အဘ ပြတဲ့ ပုံထဲက Olive Oil က virgin အဆင့်ပဲ ရှိသေးတယ် ။
အဘတို့ သုံးနေကျ Extra Virgin ဆိုရင် A$ 20.00 ထက်လျော့တာ မတွေ့ဖူးဘူး ။
Extra Virgin က အကောင်းဆုံး တဲ့ ၊ Acid % နည်းတယ် ပြောတယ် ။
” ရေလေးကြည်နေတာလည်း သိသာအောင်ရိုက်ပြထားတာ ကျေးဇူးပါ ”
” ဘ..ရိုက်ခဲ့တဲ့ ရေပြာပြာတွေရဲ့ လှချက်က James Bond movies တွေထဲက Daniel Craig ရဲ့
‘ piercing blue eyes ‘ တွေလိုပဲ ပြာလဲ့၊ကြည်လင်၊စူးရှ လှပလွန်း နေတာ ”
” ရေကူးအပန်းဖြေနေသူတွေ ” ဆိုတဲ့ပုံကို သေချာ ကြည့်လိုက် ၊
အဲဒီပုံ ၊ လှေလေးတွေ ဘေးမှာ ရေကူးနေတဲ့ လူတွေ ရှိတယ် ။
ပုံ ကို Down ပြီး သေချာ ကြည့်လို့ ၊ Down လို့ရအောင် ၊
အဘ အဲဒီပုံရဲ့ Resolution / File Size ကို မူရင်းအတိုင်း တင်ပေးထားတယ် ။
” နေရာကလှသလို လူတွေကလည်း စည်းကမ်းရှိကြတာကိုး ”
” အိမ်လေးတွေ လမ်းလေးတွေက သန့်ပြန့်နေတာပဲနော် ”
အဘ သတိထားမိတယ် ။
နိုင်ငံတကာမှာ လမ်းကောင်းတာ သန့်ပြန့်တာကို ၊
အဘ Post တိုင်းမှာ အထူးအဆန်း လုပ်ပြီးကို ပြောနေကြတယ်နော် ။
စိတ် မ ကောင်းလိုက်တာ ၊ အဲဒါတွေက နိုင်ငံတကာမှာ ပုံမှန် မထူးဆန်းတဲ့ အရာတွေလေ ။
” အဲဒီထဲက အရွက်က အတွင်းချိုင့်တဲ့ အတွန့်လေးတွေနဲ့ တော်တော်လှတယ်လေ။
အခု သံလွင်ရွက်က ရိုးရိုးကြီး ”
မ padonmar ပြောလို့ ၊ သေခြာအောင် အဘ Wiki မှာလည်း ကြည့်ပြီးပြီ ၊
အဘ ရဲ့ သံလွင်ပင် / အရွက် / အသီးတွေ က အမှန်ပါပဲကွယ် ။ မမှားပါဘူး ။
” သံလွင်သီးကြွေတာဘာလို့ မြေနဲ့မထိရတာလဲ။ ဆီကြိတ်ရင် သန့်အောင်လား ”
အကောင်းဆုံး Quality ရအောင်လို့ တော့ ပြောတာပဲ ။
ကိုရင်စည်သူ
December 23, 2012 at 3:27 pm
အဘရေ.. ဘုတ်အငယ်စားလေးမှာပဲ တက်မကိုင်သွားလုပ်မလားလို့..
လစာတစ်လဘယ်လောက်လဲ.. အဘ သိလားဟင်…
ခေါင်းပေါ့လို့ဘာဗျာ.. ခေါင်းပေါ့လို့ဘာ..။ :kwi:
Foreign Resident
December 24, 2012 at 3:53 am
ကိုရင်စည်သူ ရေ ။
ပုံထဲက ဘုတ်အငယ်စားလေးရဲ့ တက်မကိုင် လား ။ 😛
မြင်သာမြင် မကြင်ရတဲ့ ဘုတ်သမား ဘဝ လေး ဖြစ်နေမယ်နော် ။
“ဘီလူးကြီး”ogre
December 23, 2012 at 4:27 pm
ကျုပ်ကတော့
ဘုတ်ပေါ်က ““မမ””တွေနဲ့အတူ
ကိုရင်စည်သူမောင်းတဲ့ ဘုတ်ကိုစီးချင်တယ်ဗျို့ 🙂
mobile (mandalay)
December 23, 2012 at 4:42 pm
ဗဂျီးဖော ရေအားပေးသွားပါဒယ်ဗျာ။
ဒီတစ်ခါပုံလေးတွေကတော့ ကျနော် အကြိုက်မပါလို့ ကူးယူမထားလိုက်တော့ဘူးဗျာ။
အီတလီ သူချောချောလေးတွေတွေ့ရင် လုပ်ပါ့ဦး။ ကျနော် တို့ရွာသားတွေ
မျက်စိ အရသာခံဖို့အတွက်ပါ။
Foreign Resident
December 24, 2012 at 3:50 am
” ဒီတစ်ခါပုံလေးတွေကတော့ ကျနော် အကြိုက်မပါလို့ ”
လူတစ်ကိုယ် အကြိုက် တစ်မျိုး ဆိုတာ တကယ့်ကို မှန်တာပဲ ။
အဘက ” ရေကူးအပန်းဖြေနေသူတွေ ” နှင့်
” မြေထဲပင်လယ် နှင့် Capri ကျွန်း အလှ ”
ပုံ နှစ်ပုံကို တော်တော် ကြိုက်တာကွဲ့ ။
” ရေကူးအပန်းဖြေနေသူတွေ ” ဆိုတဲ့ပုံဆိုရင်
Down ချင်ရင် Down လို့ရအောင် Original File ပါတင်ပေးထားတာ ။
မင်းနန္ဓာ
December 23, 2012 at 7:36 pm
Capri ကျွန်း ကမ်းပါးအမြင့်ကြီးပေါ်ကနေ ရေပြာပြာ ကြည်လဲ့ မြေထဲပင်လယ်ထဲကို
ဒိုင်ဗင်ထိုးချချင်လိုက်တာဗျာ..
အရီးခင်လတ်
December 24, 2012 at 5:00 am
အဘဖောရေ
အီတလီ ရဲ့ အင်မတန်လှတဲ့ သဘာဝ ရှုခင်း လေးတွေ ကို ငေးသွားပါတယ်။
သူဌေးတွေ လို ဒီလို ကျောက်ဆောင်ပေါ် နေရဖို့ ဟယ်လီကော်ပတာ သုံး မှ ရမယ်ထင်ရဲ့။
အတော် စရိတ်ကြီးမှာဘဲ။
Olive Oil က တော့ ဒီမှာ 1 Litre ကို ၄ပေါင် လောက် ရှိပါတယ်။
အသုတ်သုတ်ရင် တော့ သုံးပါတယ်။
ဆီသတ်ချက်တဲ့ ဟင်းမျိုး ဆိုရင်တော့ sunflower oil ကို သုံးတယ်။
အဲဒါက 1 Litre ကို ၁ပေါင်ခွဲ။
ဒါထက်
{{ ချစ်သူအချင်းချင်း နမ်းရှုံ့ပြီး ဆုတောင်းရင် ၊ ဆုတောင်းပြည့်ပြီး ရာသက်ပန် ပေါင်းရတယ်လို့ ဆိုပါတယ် ။
ဟဲ ဟဲ ၊ အဲဒီတော့ကာ ၊ အဘလည်း တာဝန်ကျေသွားအောင် ၊ ဟဲ ဟဲ ။ }}
၂၁ရက်နေ့ ကမ္ဘာပျက်မဲ့အကြောင်း တွေ ဆွေးနွေးတော့
{{ တကယ် ကမာ္ဘပျက်မယ်ဆို ၊ အဘ ဝမ်းသာအားရ လှိုက်လှိုက် လဲလဲ ကို ကြိုဆိုပါတယ် ။ }}
ဘာမှ မဆိုင်ပါဘူးလေ။ မဟုတ်လား။
အဟိ။ ဖွတာ။
အီတလီ ရောက်ဖူးသွားလို့ ကျေးဇူးပါ။ :hee:
Foreign Resident
December 24, 2012 at 7:11 am
” တကယ် ကမာ္ဘပျက်မယ်ဆို ၊ အဘ ဝမ်းသာအားရ လှိုက်လှိုက် လဲလဲ ကို ကြိုဆိုပါတယ် ”
အရီးခင်လတ် ရေ ။
အဘ ကတော့ ၊ လူ့ ဘဝ ကြီးမှာ နေရတာ သိပ် အပျော်လှကြီးတော့ မရှိပါဘူးဗျာ ။
( ငယ်စဉ် အခါတုန်းကတော့ သိပ်ပျော်ခဲ့ဘူးပါတယ် )
သူ့သဘော သူဆောင်နေတဲ့ လောကကြီးကို ဘေးက ထိုင်ကြည့်နေရသလိုပါပဲ ။
ဘယ်အရာကမှ စိတ်ကို အရမ်း မလှုပ်ရှားစေတော့ပါဘူး ။ အိုပြီကိုး ဗျ ။
တတ်နိုင်သမျှ လူသက်သာအောင် နှင့် စိတ်ပျော်အောင်တော့ ၊
ကြိုးစားပြီး နေနေပါတယ် ။ ဒါပါပဲလေ ။
pooch
December 24, 2012 at 11:40 am
ကျမက မအိုပဲနဲ့ တခါတခါ ဘာလို့ အဲ့ဒီလို တွေ ခံစားနေရသလဲ မသိဘူး ။ ကိုယ့်ကိုယ်ကို ပုံမှန်မဟုတ်ဖူးလို့တောင် ထင်တယ်။ ကြည့်ရတာ စိ်တ်အိုတာ မြန်တယ်ထင်ရဲ့။
ဒါပေမဲ့ ခုတလော ကျန်းမာရေးမကောင်းတာတောင် လုပ်ချင်တာတွေ ဖြစ်အောင် လုပ်နေရလို့ ကိုယ့်ကိုယ်ကို ကျေနပ်နေတယ် တနည်း နည်းနည်းပျော်နေတယ်ပေါ့ ဟီး 😀
သံလွင်ဆီကို ဟိုရက်ကမှသေချာစားဖူးတယ် ။ တီချယ့်အိမ်မှာ မုန့်ပစ်သလက်နဲ့ တို့စားတာ အတော်လေး စားကောင်းတာပဲ ။ ကြိုက်တောင် သွားတယ်။
အရင်က သိပ်စိတ်မဝင်စားဘူး။ အိမ်ကို နည်းနည်းဆွယ်တရားဟောကြည့်အုန်းမှပဲ ။ မားသားကြီးက မြေပဲ ဆီမှ ကောင်းတယ် ထင်တာ။
ဒီပုံတွေ ကြိုက်တယ် ကျမက ပင်လယ်ပြာ ကောင်းကင်ပြာ သစ်ပင်စိမ်းတွေ မြင်ရရင် ဘာနဲ့မှ မတူအောင် စိတ်ချမ်းသာတယ်။
ခိုင်ဇာ
December 24, 2012 at 10:09 am
ဘဖော ဒီကမ်းခြေ၊ ရေကြည်ကြည်ပြာပြာ၊ ကျောက်ဆောင်တွေက တော့ ရင်သတ်ရှုမောဖြစ်အောင် လှလွန်းရဲ့။ ကေဘယ်ကား အလုံပိတ်လေးကိုကို အတော်သတ္တိမွေးရတာ။ ခု ကြည့်ရတာ အဲလို ထိုင်ခုံလေးနဲ့ပဲ ဆိုတော့အသည်းယားစရာ။ :harr:
Mr. MarGa
December 24, 2012 at 8:47 pm
်အဘရေ
ပင်လယ်လေတော့ တဝကြီး ရှူပြီးပြီ
နောက်တစ်နေရာက ဘယ်လဲဗျ
•*¨နန်းတော်ရာသူ •*¨
December 24, 2012 at 8:57 pm
သွားရေကတော့ကျပြီးရင်းကျပါတယ်အဘရေ…
ရောက်နိုင်ဖို့တော့ ကျွန်မတို့နဲ့ဝေးလှပါတယ်။
အခုပဲ အသက်က၃ဝနားကပ်နေပြီ။နိုင်ငံခြားဆိုလို့ မဲဆောက်နဲ့ဂျယ်ဂေါင်တောင်မထွက်ဘူးသေးဘူး
:harr: