ကူးလာပြီး လာတင်ပါတယ်
ကျွန်တော် ဖေ့ဘုတ် သုံးပါတယ်
ကျွန်တော့်ဖေ့ဘုတ် အကောင့်မှာ ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra ရင်လတ်ရှင်နာဝပ်ထရာ လို ့အသံထွက်မယ်ဗျာ
သူ ့ကို like လုပ်ထားပါတယ်
သည်ကနေ ့တနင်္ဂနွေနေ ့ ညပိုင်း ဖေ့ဘုတ်ဝင်ကြည့်တော့ ၊ သူမ ဒီနေ ့တင်ထားတဲ့ ဓါတ်ပုံတွေထဲမှာဗျာ
သူ ့နိုင်ငံက ပြည်သူတွေနဲ ့ တစ်သားထဲသွားလာနေပုံ ၊ ဈေးထဲမှာလိုက်ကြည့်နေပုံများကို တွေ ့ရလို ့ တော်တော်အံ့ဩမိပါတယ် ။ ဓါတ်ပုံတွေထဲမှာ လုံခြုံရေးတွေ အရမ်းများတာကိုလဲ မတွေ ့ရပါဘူး ။ ဘော်ဒီဂတ်အနဲငယ်နဲ ့သွားနေတယ်လို ့ထင်မိပါတယ်
ပတ်ဝန်းကျင်မှာတော့ စနိုက်ပါတွေ ချထားမလားတော့ မပြောတတ်ဘူး
မနေ ့ကလဲ အမေရိကန်တွေကြားမှာ အိုဘားမားသွားနေတဲ့ပုံ တွေ ့ခဲ့ရပါသေးတယ်
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ… သူတို ့နိုင်ငံရဲ ့ခေါင်းဆောင် ဟာ လူထုကြားထဲမှာ ဒီလို ဆိုတော့
ကျုပ်တို ့ဆီမှာလဲ ၊ လူထုကြားထဲကို ခေါင်းဆောင်များ လုံခြုံရေးနဲနဲ နဲ ့၊ ရင်းနှီးစွာသွားလာမယ့်နေ ့ ရောက်လာတော့မလားရယ်လို ့ ရည်ရွယ်ပြီး တင်ပါတယ်
ပုံတွေကို ဖေ့ဘုတ်က ယူလာတာပါ
http://www.facebook.com/Y.Shinawatra?ref=stream
******* အားလုံးကို ကျေးဇူးတင်ပါတယ် *******
မြန်မာပြည်ကအဘတို့ကဒီလောက်မရဲသေးလို့နေမှာပေါ့ကိုပေ။
စကားမစပ် ထိုင်းဝန်ကြီးချုပ်တို့လှချက်ကရက်စက်ပါ့နော်။
Was this answer helpful?
LikeDislikeဟုတ်ပ …
ဖူ ဖွေး နေတာ ပဲ နော် …
အဘ တို့ကတော့ အာ့လို နေရဲပေါင် … ခိခိ ။
Was this answer helpful?
LikeDislikeမေလေးတို့ဆီက လူကြီးတွေက ခန်းခန်းနားနားဖြစ်လေ ကြိုက်လေမို့ပါ ကိုကြီးပေရဲ့။
Was this answer helpful?
LikeDislikeကိုပေ
အဓိကကတော့ ယုံကြည်မူ့အပြန်အလှန်တည်ဆောက်ထားကြလို့ပါဘဲ။
Was this answer helpful?
LikeDislikeကိုပေရေ မင်္ဂလာပါခင်ဗျာ။
ထိုင်းဘုရင် ဘူမိဘောအဒူယာဒက် ယခုလ ၅ ရက်နေ့မှာမွေးနေ့ပွဲ
ကျင်းပခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းသူပြည်သားအားလုံးက
စည်ကားသိုက်မြိုက်စွာပါဝင်ဆင်နွဲးခဲ့ကြတာဖြစ်ပြီး ။မြန်မာအလုပ်သမား
များမှာလဲ အလျှူအတန်း လုပ်ခြင်း အခြားပါဝင်ဆင်နွဲးမှုများဖြင့်
သက်ဆိုင်ရာ ဒေသတိုင်းမှာ ပျော်ပျော်ရွင်ရွင်ဆင်နွဲးခဲ့ကြပါတယ်။
၅-၁၂-၂၀၁၂ ဟာထိုင်းဘုရင်ရင်ရဲ့ ၈၂ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။
မွေးနေ့အခမ်းအနားကို ထိုင်းရုပ်သံမှ တိုက်ရိုက်ထုတ်လွင့်ပေးပါတယ်။
တိုင်းသူပြည်သားအားလုံးနီးပါ အလုပ်နားခဲ့ကြပြီး သွေးလျှူပွဲများ
ကုန်ပစ္စည်းများ ဈေးနှုန်းလျှော့ချပြီး ရောင်းချမှုများ ပြုလုပ်ခဲ့ကြပါတယ်။
ထိုင်ဘုရင်ဟာ ကျန်းမာရေးအရ ကောင်းစွာ စကားမပြောနိုင်တော့ပါဘူး။
ဘုရင်မွေးနေ့ကို တိုက်ရိုက်ကြည့်ရှု့သူ တိုင်းသူပြည်သား အချို့ဆိုရင်
မျက်ရည်တောင်ကျခဲ့ကြပါတယ်။ ဘုရင်ကြီး ကျန်းမာဖို့ အသက်ရှည်ဖို့
ဝိုင်းဝန်းဆုတောင်းပေးမှုများ ပြုလုပ်ကြပါတယ်။ ထိုင်းနိုင်ငံရဲ့ အိမ်တိုင်းမှာ
ဘုရင် ရဲ့ပုံတွေမြင်သာ တဲ့နေရာမှာ ချိတ်ထားကြပါတယ်။ ဘုရင်ကို လေးစား
ချစ်ခင်မြတ်နိုမှုရှိတယ်ဆိုတာ ပေါ်လွင်ပါတယ်။
လက်ရှိထိုင်းဘုရင် ဘူမိဘောအဒူယာဒက်ဟာ အကိုအရင်းဖြစ်သူ ပဉ္စမမြောက်ဘုရင်
မဟာချူလာလောင်ကွန်ကို လုပ်ကြံပြီနန်းတက်ခဲ့တာလို့ သိရပါတယ်။
ဒါကတော့ ထိုင်းနိုင်ငံနဲ့ပတ်သတ်တဲ့ အုပ်ချုပ်သူနဲ့ ပြည်သူအကြား အခြေအနေကို
သိသလောက် ရေးသားဖော်ပြခြင်းဖြစ်ပါတယ်။
ပုံမှာပါတဲ့ ထိုင်းသမ္မဒ မစ်စ်ယင်လပ်ရှင်နာဝပ် ဈေးထဲမှာလျှောက်သွားပြီး ငါးတွေကို
ကြည့်နေတာကတော့ ကြော်စားဖို့လား ချက်စားဖို့လား ဘယ်လိုလားဆိုတာ
သတင်းအတိအကျ မသိရပါဘူး။
:harr:
အားပေးသွားပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးး
Was this answer helpful?
LikeDislikeကျမ အမှတ်မမှားရင်တော့ ထိုင်းဘုရင် ဘူမိဘောက 85 နှစ်ပြည့်တာဖြစ်မယ်ထင်တယ်။အဖေနဲ့ အသက်တူလို့ မှတ်ထားမိလို့ပါ။
သူ့ပြည်သူတွေအတွက် တကယ်ကောင်းတဲ့ ဘုရင်ပါ။
ထိုင်းဝန်ကြီးချုပ်ယင်လပ်ရဲ့ အကို သက်ဆင်တုံးကလည်း ဒီလိုပဲ လူတွေကြားထဲသွားလာနေတတ်တာတွေ့ဖူးပါတယ်။
ဒါကြောင့် ဆင်းရဲသားတွေကြိုက်ပါတယ်။
ဒါလည်း မဲဆွယ်နည်းတစ်ခုပါပဲ။
Was this answer helpful?
LikeDislikeမှန်ပါတယ် မဒုံမာရေ ကျနော်မှားတာ နေမှာဗျ။
သူငယ်ချင်းတစ်ယောကိုမေးကြည့်တော့လဲ
၈၅ လို့ပြောပါတယ်။ ကျနော် ၈၂ လို့ထင်ပြီးရေးလိုက်တာပါ။
Was this answer helpful?
LikeDislikeလုံမ သိထားတာဆိုရင်တော့ အခုလက်ရှိထိုင်းဘုရင်က အသက် (၁၉) နှစ်မှာ ဘုရင်ဖြစ်လာပါတယ်..အမေရိကန်နိုင်ငံ (သူကြီးအဆိုအရ အမေရိက) မှာ မွေးဖွားကြီးပြင်းခဲ့ပါတယ်တဲ့..သူ့ကိုယ်သူ ဘုရင်ဖြစ်မယ်လို့ လုံးဝမမျှော်လင့်ထားပါဘူး…ဘာလို့လည်းဆိုတော့ သူ့ရှေ့မှာ ထီးနန်းဆက်ခံမယ့် ဦးရီးတော်တွေအများကြီးမို့လို့ပါတဲ့..ဒါပေမယ့် သူ့အသက် (၁၉)နှစ်မှာပဲ အားလုံးကွယ်လွန်သွားကြလို့ ထီးနန်းဆက်ခံမယ့်သူမရှိဖြစ်ပြီး ဘုရင်ဖြစ်လာခဲ့ပါတယ်တဲ့…(ဧည့်လမ်းညွှန် ပြောတာကတော့ သူတို့တွေက အမျိုးအချင်းချင်းပြန်ယူပြီး သွေးချင်းရောကြလို့ အသက်တိုကြတယ်တဲ့… အခုဘုရင်ကတော့ အမျိုးကိုယူထားတာ မဟုတ်ဘူးဆိုပဲ..)
ဆိုတော့ အသက် (၁၉)နှစ်ကတည်းက ဘုရင်ဖြစ်လာတဲ့သူ့ကို တိုင်းသူပြည်သားတွေက အရမ်းချစ်ကြပါတယ်… ပြည်သူနဲ့တစ်သားတည်းရှိခဲ့တဲ့ဘုရင်နဲ့မိဖုရားရဲ့ပုံတွေကို မြို့ရဲ့နေရာအနှံမှာ တွေ့ရပါတယ်…သူတို့ဘုရင်ကို မထီမဲ့မြင်နဲ့ စနောက်တဲ့နိုင်ငံခြားသားဆိုရင် ချက်ချင်းပြန်ခိုင်းပြီး အမည်မည်းစာရင်းသွင်းလိုက်ပါတယ်တဲ့..
ဒါကတော့ လုံမသိထားတာပါ… လွဲနေတာလည်း ရှိနိုင်ပါတယ်…
Was this answer helpful?
LikeDislikeဘုရင်တွေ အမျိုးပြန်ယူရင် အသက်တိုတယ်ဆိုတာကို ငြင်းတာမဟုက်ပါဘူးခင်ဗျ
ကျနော်တို့ ဂေါတမ ဘုရားကတော့ ယသော်ဓယာ ဟာသူနဲ့ မောင်နှမဝမ်းကွဲ
တော်တယ်လို့ ကြားဖူးပါတယ်။
သူတို့ခေတ်အဆိုက ဒီလိုတဲ့ဗျ
မောင်နှမချင်းထပ်မြတ်၏ လို့ဆိုသတဲ့ဗျာ
Was this answer helpful?
LikeDislikeဒီလိုဆို
ကိုယ့်အမ ကိုယ့်ညီမ ကို ပြန်ယူမယ်ဆိုပါတော့လေ
Was this answer helpful?
LikeDislikeဪသူလား အသက်ကြီးပေမဲ့ လန်းတုန်းနော့ ကုသိုယ်ကောင်းပါ့ဗျား (အိမ်ကမိန်းမလိုဘဲ) ဟီးဟီး အရဂါးနောက်တာ
Was this answer helpful?
LikeDislikeယင်လပ်လည်း ဒီဈေးတန်းထဲရောက်ခဲလို့သာ ဖုန်းကင်မရာတွေနဲ့ ဓာတ်ပုံဝိုင်းရိုက်နေတာပေါ့။
သူလည်းလှုပ်နေတဲ့ ကုလားထိုင်တွက် စည်းရုံးရေးဆင်းတာဖြစ်မယ်ထင်ပါတယ်။
Was this answer helpful?
LikeDislikeလူကြားထဲ သွားရဲတယ်ဆိုတာကလည်း …. လူမုန်းများစရာကိစ္စမျိုး သိပ်မလုပ်ထားခဲ့ဖူးလို့ .. သူ့လိပ်ပြာသူလုံလို့ဖြစ်မယ် .. အဟဲ … ဒီကဟာတွေလည်း … လူကြားထဲ အဲ့လိုလေး သွားကြည့်ပါလား … ဆွမ်းကြီးဝိုင်းလောင်းခံရမယ့်ကိန်း … အဲ့ဂလိုကို … ကြည်ညိုချစ်ခင်ကြတာ .. ခွစ်ခွစ် …
Was this answer helpful?
LikeDislikeကျနုတ် သတ်မဒကြီး ဖြစ်ပါက
ဝန်ကြီးချုပ်ပေအား အီလိုသွားစေမည်ဖြစ်ကြောင်း … ဟောင်း..ဟောင်း
…
သွားဂျပါတယ်ဗျ
အခွန်လွတ်ဈေး တခေတ်တခါတုန်းက ငါးစိမ်းတန်းထဲဝင် လက်ကလေးတွေ ပြလို့
:harr:
Was this answer helpful?
LikeDislike…….ဒါ်ယင်းလက် လှချက် ကတော့ တကယ်ပါပဲ။ …….
ဗန်း ထဲက ကောက်ရိုးမှို အလုံးလေးတွေ နဲ့ ဇလုံ ဖြူ တွေနဲ့က ငါးပိကောင်တွေ ထင်ပါရဲ့ ၊ စားချင်လိုက်တာ။
Was this answer helpful?
LikeDislike:*:
.: :……
……; :
………………: Like
Was this answer helpful?
LikeDislikeအောင်မငီး မြတ်စွာဘုရား ရင်လပ်ဘယ်တုန်းက သမ္မတဖြစ်သွားပါလိမ့် နာလည်းမတိလိုက်ပါလား အန်ကယ်မိုဘိုင်းက အမှားတွေရေးပြီး ဆာဗာကြီးလေးအောင်လုပ်နေတာပဲနော် …….. ညွှတ်ညွှတ်ညွှတ်
Was this answer helpful?
LikeDislikeအားလုံးကို ပလက်စ်ဝမ်းပေးပါတယ်
ကိုဖိုးထောင်ရေ အဲဒါက မန်းဂေဇက်ရဲ ့စွယ်စုံကျမ်း နံပါတ်၂ ဗျ
Was this answer helpful?
LikeDislikeတော်တော်ခက်တဲ့လူဒေ


အဲ့ဒါဘဲဗမာပျီဂျီးမတိုးတက်တာ
ခုနေဗျာ
ဗိုလ်ချုပ်မှူးကြီးချုပ်သီဟသူရဗာလချောင်အပလာခွေးသူခိုး အဘဘိုးဘိုးကြီးအန်ကယ်ဦးသန်းရွှေသာ
ဖါတစ်လုံးဂေါင်းဂျားနှလုံးမူပြီးဒဂေါင်ထဲ ဟုတ်ပါဘူးယောင်လို့ ဂဒေါ့ဂဒေါ့
တစ်ယောက်တည်း တစ်ကိုယ်တော် အိုင်စီဝိုင်းနဲ့ ဝမ်းမန်းရှိုး မျောက်ဖိုးစိန်လိုကပြမယ်ဆိုရင်
ခင်ဗျားတို့အနေနဲ့ ဘာအာဃာတ တရားမှမထားဘဲ အုပ်နီဂဲနဲ့ ဝိုင်းမထုကြမယ်လို့
အာမခံနိုင်ကြမလား
( ဗျောင်းဗျန်တွေးရရင်တော့
ဝံဂျီးဂဝံဂျီးဘဲ ပျီသူတွေရဲ့ ကိုယ်မလိုတိုင်း ရန်မမူတတ်တဲ့သဘောလည်းစိပေသပေါ့
တစ်ခုစိဒါကလည်း သူတို့ရဲ့ မဲနယ်မြေတွေမှာတော့ ဒီလိုဘဲသွားလာကြတာဘဲ
ဥပမာ ထိုင်းနိုင်ငံမြောက်ပိုင်း ကလားနယ်တွေသွားရင် စစ်တပ်ကြီးပါ မ ပြီးသွားရပေသပေါ့ )
အထူးပြောခြင်တာက ကျုပ်ပြောတာ မကျေနပ်ကြရင်
သဂျီးကိုဝိုင်းဘန်းကြ
သူဘဲမြှောက်ပေးတာ ဘယ်သူနဲ………………….မှမတူပါနဲ့ဆိုလို့
Was this answer helpful?
LikeDislikeတစ်နေ့နေ့တော့ မြန်မာပြည်က လူကြီးလူကောင်းတွေလဲ အဲလို လာလိမ့်မပေါ့
အခုတော့ စောင့်ပါဦး
Was this answer helpful?
LikeDislikeတစ်ဦးနှင့်တစ်ဦး အပြန်အလှန်ယုံကြည်မှုတွေရှိလာရင်
ဒီလိုမျိုးအခြေအနေတွေတွေ့ရမှာပါ။
Was this answer helpful?
LikeDislikeကျုပ် သမဒဂျီး ဖြစ်တဲ့အခါ
ဒီလူမျိုးတွေ လျောက်သွားပစ်မယ်လို့
တွေးလိုက်မိသေးရဲ့ ….
Was this answer helpful?
LikeDislikeအဲဒါ မရင်လတ်
ကျုပ် မြည်းဖို့ မှိုကဇွန်းနဲ့ ငါးကြော်လုပ်ပေးအုံး ခိုင်းလိုက်တာ
နှစ်သစ်ကူး အထူးလျှော့ဈေးဆိုလို့ အခွန်လွတ်ဈေးမှာ အသီးအရွက် နဲ့ ငါးထွက်ဝယ်တဲ့ ပုံတွေမလား..
:harr:
Was this answer helpful?
LikeDislike