ဖတ်မိဖတ်ရာ သတင်း များနဲ့တွေးမိတွေးရာ ရေးမိရေးရာ
အဲပုဂံ မီးလောင်ပျက်စီးထားတဲ့ ပုံတွေ ကြည့် ပြီးတွေး မိတာပါ
အဲဒီလောက် ဖြစ်သွားတာတောင် ခရီးသည် ၁ ယောက်ပဲသေတာ အတော်ထူးခြားတဲ့ ကံကောင်း မှုပဲ။ ကျန်တဲ့ခရီးသည်တွေ အတော်ကုသိုလ်ကံကောင်းတယ်၊ ကုသိုလ် ကံဆိုတာထက် အရေးပေါ်တံခါးကို ရအောင် ဖွင့်ခဲ့တဲ့သူရဲ့ကျေးဇူးအများကြီး ပါတယ်။ လေယာဉ်တစင်းလုံး ( ဓါတ်ပုံထဲမှာအမြင်အရ) ရစရာမရှိအောင် မီးလောင်ပျက်စီးခဲ့တဲ့ ဖြစ်စဉ်မှာ အသက်ရှင်လွတ်မြောက် ခဲ့ရတယ်ဆိုတာလေယာဉ် နဲ့ သေဖို့ ကံမပါလို့ ဘဲပေါ့။ သူတို့နဲ့ ပြောင်း ပြန် လေယာဉ်နဲ့ သေရ မယ့် ဦးပြား ကျတော့လေယာဉ် မစီး ပါပဲ လမ်းပေါ် ဆိုင်ကယ် စီးနေရင်း လေယာဉ် တိုက်လို့ သေရတယ်။ ကြို မသိ၊ မမြင်နိုင်တဲ့ ကံဆိုတာအဲဒါပါပဲ။
သေခြင်းတရားနဲ့ ပတ်သက်တဲ့ အလားတူ ဖြစ်စဉ်တွေ လည်း ဖတ်ခဲ့ဖူးပါတယ်။ ကားတိုက်ခံပြီးသေရမယ့် သူက ဘယ်မှ မသွားပါ ပဲအိမ်ထဲ နေရင်း လမ်းပေါ်က ကားက အိမ်ထဲထိဝင်တိုက်သွားတာတွေ။ ၂၀၀၈ လောက်တုန်း က မော်လမြိုင် ကားတစီး ကျိုက်ထိုအထွက်မှာ လမ်းဘေးမြောင်းထဲကျပြီး မှောက်သွားလို့ ခရီးသည်တွေရေနစ်သေကြရတယ်။ ရေနစ်သေရမယ့် သူက သင်္ဘောမ စီး ပါပဲ ကားစီးပြီးရေနစ် ရတဲ့အဖြစ်ပါ။
အဲဒါကြောင့်သေခြင်းတရားဆိုတာကြိုတင် မမြင် နိုင် တဲ့ အတွက် သတိလက်လွတ်၊အမှုမဲ့အမှတ်မဲ့ နမော်နမဲ့ မနေသင့်ပါဘူး။ သွားလာလုပ်ကိုင်နေထိုင် တဲ့နေရာမှာသတိရှိရှိ ၊ ဆင်ဆင်ခြင်ခြင် ၊ အမြဲနေထိုင်သင့်ပါတယ်။
ကျိုက်ထီးရိုး ဘုရားပေါ်က ကြိမ်လုံးနဲ့ ဘုန်းကြီး ပုံကြည့်ပြီးတွေး မိတာပါ
TheWinner ရဲ့ပိုစ့် မှာကျမ မန့်ခဲ့ တာပြန်ရေး ပါ့ မယ်။ ……စုံတွဲ ရဲ့ ဘယ်နေရာမှာ ဘယ်လို အနမ်းလည်း ဆိုတာအရေးကြီးပါတယ်။ ဘုရားဝတ်ပြုတဲ့ရင်ပြင် အနီး တဝိုက်က ရင်ပြင်မှာပြင်သစ်အနမ်း ကိုကြာကြာနမ်းနေရင်တော့ ဘုန်ကြီးမလွန်ပါဘူး။ ဝတ်ပြုတဲ့နေရာနဲ့ ဝေးတဲ့ရင်ပြင်၊ ဒါမှမဟုတ် ရင်ပြင်ပတ်လည်က အုတ်ခုံတွေမှာထိုင်ရင်း၊ သာယာတဲ့ရှုခင်း လေးတွေကြည့်ရင်း ချစ်သူ၊ ဇနီးမောင်နှံတွေ အချင်းချင်း ပခုံးလေး ဖက်ထားမယ်၊ ကြည်နူးတဲ့ စိတ်နဲ့ နဖူးလေး၊ ပါးလေး အမှတ် တမဲ့နမ်း လိုက်မိတာမျိုးကိုမှ လာဆော်တာမျိုးဆိုရင်တော့ ဘုန်းကြီး လွန်ပါတယ်။ …….အဲလိုမန့်ခဲ့ပါတယ်။
သူတို့ ဒေသ၊ သူတို့ အုပ်ချုပ်တဲ့ နေရာမို့ လို့ သူတို့ ဥပဒေ ကို လုက်နာသင့် တာမှန်သလို သူတို့ ဘက်ကလည်း ဒီခေတ်မှာရှေး ရိုး တအား စွဲ နေ ဘို့ မသင့် ပါဘူး။ ခရီးသွား ဒေသ တစ်ခုဖြစ်လို့ လူမျိုးစုံ၊ စရိုက် မျိုးစုံ လာနိုင်ပါတယ်။ အတိုင်းအတာ တစ်ခု အထိ နားလည်ပေးရ ပါမယ်။ ခရီးသွားတွေ ဘက် က တည်းခို ခန်း ခ မတရား ကြီး မြင့် တာတွေ ၊ ရိုက်စား အလှူခံတွေ၊ ရေ အတွက် ဘယ်လောက်ပဲ လှူကြလှူကြ ခုချိန် ထိ ဈေးကြီး ပေး ဝယ်သုံး ရ တာတွေ ၊ တောင်တတ် ကားစီး ရာ မှာ စနစ် တကျ ဖြစ်အောင် မစီစဉ် ပေး နိုင်တာ တွေ ( တန်းစီစနစ် သုံး လိုက်ရင် ပြီးတဲ့ ကိစ္စ ) ဒါတွေ ကို အလေး မထား ပဲ အရောက်လာ ကြ သေး တာ ပဲ မဟုတ်လား။ ကျမ ကတော့ အဲဒီ အချက်တွေ က မှ ကျိုက်ထီးရိုး ဘုရားဒေသ ရဲ့ နာမည် ညစ် နွမ်းစေတဲ့ အဓိက အချက်တွေ ပဲ လို့ မြင်တယ်။
နောက်တစ်ချက်က မိန်းကလေးတွေ ဘောင်းဘီဝတ်တဲ့ ကိစ္စ၊ ဘောင်း ဘီ အတို၊ အကြပ် တွေ မဝတ်သင့် ပေမယ့် ဘောင်းဘီ ရှည်၊ တွေ ကိုတော့ ခွင့် ပြုသင့် တယ်။ ။ တကယ်တော့ ဘောင်းဘီ ရှည် က သွားရ ၊ လာရ လှုပ်ရှား ရတာ အဆင်ပြေ ပြေ နဲ့ လုံခြုံ မှု ပို ရှိပါတယ်။ အရင် ခြေလျင် တောင်တက်၊တောင်ဆင်း ခေတ် ၊ အခု ခေတ် ကားပေါ် လုတတ်၊ လုဆင်းခေတ် ဘယ် ခေတ် မှာ မဆို ထမိန် နဲ့ ဘောင်းဘီ ရှည် ဘယ်ဟာ က ပို အဆင်ပြေ တယ် ဆို တာ သွား ဖူးတဲ့ မိန်းလေး တိုင်း သိပါတယ်။ ထမိန် က အောက်စ လွတ်နိုင်တယ်၊ကျွတ်ကျ နိုင်တယ်၊ လေတိုက်ရင် လိုက် ဖုံးနေရတယ်၊ နောက်ပြီး တောင်ပေါ် မှာ နွေ ရာသီတော့ မသိပေမယ့် မိုး ရာ ဆောင်း တွင်း ပါ အလွန်အေး ပါတယ်။ ဘောင်း ဘီ ရှည် ကမှ အချမ်း လုံတယ် ၊ ဒီတော့ မိန်းကလေး တိုင်းလောက် နီးနီး ထမီ အောက်မှာ (အဘွားကြီးတွေတော့မသိ) ဘောင်း ဘီ ရှည် ဝတ် ကြတယ်။ ရင်ပြင်ပေါ် တတ် ခါနီး မှ အိတ်ထဲက ထမီတွေ ထုတ်ပြီး ဝတ်လိုက်၊ချွတ်လိုက် လုပ်နေကြ တာပို ရုပ်ပျက်ပါတယ်။ ဒါကြောင့် ဘုရား ဝတ်ပြု တဲ့ နေရာ တဝိုက် ကလ ွဲလို့ ( တချို့ မိန်း ကလေးတွေ က ဘောင်း ဘီ ရှည် ပေမယ့် အရမ်း ကြပ်၊ တင်ပါးပေါ် လောက်ရာက်နေတတ်လို့ ဘုရား ရှိခိုး လို့ အဆင်မပြေ) ကျန်တဲ့ ရင်ပြင် နေရာ တွေ မှာ ဘောင်း ဘီ ရှည် ဝတ်တာ ကို အတင်း အကြပ် တားမြစ် ဖို့ မလိုဘူး လို့ မြင်တယ်။
ဘောင်းဘီရှည်နဲ့ ဆက်စပ်ပြီး တွေး မိတာက ကျမကတော့ မိန်းလေးတွေ ဘောင်း ဘီရှည် ဝတ်တာ အားပေးတယ် ။ ဘောင်း ဘီ ရှည်က ထမီ ထက် ပိုပြီး လုံခြုံ စိတ်ချရတယ်။ ထမီဝတ်ထားတဲ့မိန်းကလေးနဲ့ ဘောင်းဘီ ရှည် ဝတ် မိန်း ကလေး ၊ဘယ်သူ့ ကို အနိုင့် အထက် ပြုကျင့် ရတာ ပို လွယ် မလဲ။ ကွက်ကွက်ကွင်းကွင်း မြင်အောင် ရေး ပြ ရရင် ဘောင်း ဘီ ရှည် ဆို ကြယ်သီး ဖြုတ်ရမယ်၊ ဇစ်ဆွဲဖြုတ်ရမယ်၊ ဆွဲ ချွတ်ရ အုံး မယ်။ ထမီ ဆိုရင် ဘယ်လောက် လွယ် လိုက် သလဲ။ ခရီး သွားတဲ့ အချန် မှာ ကြိမ်းသေပေါက် ဘောင်းဘီ ရှည် ဝတ်သင့် တယ်။ ကျမ ဆိုလိုတာ ထမီ ကိုပစ်ပယ် ဖို့ ပြောတာ မဟုတ်ဘူး။ မိန်းကလေး တွေ ဘောင်းဘီ ရှည် ဝတ်တိုင်း ယဉ်ကျေး မှု မစောင့် ထိန်း ဘူး ဆို ပြီး ဝါး လုံး ရှည် နဲ့ မရမ်း သင့် တာ ကိုပြောချင်တာ။
ပြည့်တန်ဆာ သတင်းတွေ ဖတ်ပြီးတွေးမိတာပါ
မြောက်ဥက္ကလာ ၂ ဈေး နား မှာ ပြည့်တန်ဆာ မလေး က (သတင်း ကတော့ပြည့်တန်ဆာခေါင်း လို့ ဆိုတယ်) လှည့်ကင်း ရဲ ၁ ယောက်က ို ဓါးနဲ့ ထိုး ခဲ့ တာ ပြန် ဖမ်း မိသွားတဲ့ သတင်း ဖတ်မိပြီး ဓါးထိုး ခံ ရတဲ့ ရဲ ကို မသနား ပဲ ကောင်မလေး ပဲ သနားနေ မိပြန်တယ်။ အမှု ပိုကြီးအောင် ပြည့်တန်ဆာခေါင်း ခေါင်း လို့ရေးထားပေမယ့် ၂၄ နှစ် အရွယ် ၊ ကိုယ် တိုင် ကိုယ်ကျ မှောင်ရိပ် ထဲ ရှိနေတဲ့ သူ ဟာ ပြည့်တန်ဆာခေါင်း ထက် စာရင် ကိုယ်တိုင် လုပ်နေတဲ့သူ ပဲဖြစ်နိုင် တယ်။ ဒီ မိန်း ကလေး တော့ ပြည့်တန်ဆာ မှု အပြင် ဓားထိုး မှု ပါ အဆစ်ပါ နေပြီ၊ သူ့ ကို မှီ ခိုနေတဲ့ သူ့ မိသားစု တော့ ဒုက္ခ ။ ဒီလို တွေ ဖမ်းနေ ရုံ နဲ့ ပပျောက် မသွား တာကို ဥပဒေ သတ်မှတ်ပြီး တရားဝင်လုပ် ကိုင်ခွင့် ပေး သင့် နေပါပြီ။
မဟုတ်ရင် ရောဂါ လည်း ပို ကူး စက်လွယ်၊ သူတို့ ကျက်စားတတ်တဲ့ နေရာမှာ အမျိုးကောင်း သမီးတွေ သွား လာ ရတာ အဆင်မပြေ။ ဒါကြောင့် လွှတ်တော် ကိုယ်စား လှယ် ဒေါ်စန္ဒာ မင်း ရဲ့ အဆိုကို ကြိုဆို ပါတယ်။
လူရော၊ ငွေရော ရ တတ်တဲ့ ဂွင် တွေ ပျောက်ကုန်မှာစိုးလို့ ရဲတွေ ကတော့ သဘောကျ ပါ့ မလား မသိ။ ဟုတ်တယ်လေ….မန္တလေး မှာ လိုင်း ကြေး ပေး ပြီး ရပ်ကွက်ထဲ မှာ တင် ပေါ်တင် လုပ်ခွင့် ပေး ထား လို့ တိုုင် တာတွေ မကြာခဏ တွေ့ ရ တယ်။ နောက်ပြီး ဆင်ဆာ မဲ့ ခွေတွေ လည်း ဒီလိုပဲ ၊ ဝမ်းရေး အတွက် လမ်းဘေး ချ ရောင်းတဲ့ သူကြတော့ အဖမ်း ခံ ရပြီး အဓိက ထွက် လာ တဲ့ ဇစ်မြစ် ကျတော့ လွတ်နေတယ် ။ ထွက် လာတဲ့ မိန်း ကို ပိတ် လိုက် ရင် ၊ရောင်း စရာ ထွက် မလာ ရင် ဘယ်သူ မှ မရောင်းတော့ ဘူးပေါ့။ ပြောရရင်တော့ မရောင်ရာ ဆီလူး နေတာနဲ့ ပဲ တကယ်ရောင်တဲ့ နေရာ တွေ က အတွင်း လှိုက် စား ပြီး ဟောင်း လောင်း ဖြစ်နေပြီ။
အိမ်ရာဆောက်မဲ့ နေရာ က ကျူးကျော် တဲ တွေကြည့် ပြီး တွေး မိတာ ပါ
ဧရာဝဏ်နဲ့ ရတနာ အိမ်ရာတွေ ဆောက်မယ် ဆိုတဲ့ နေရာတွေ မှာ ၁ရက် အတွင်း တဲ ၁၀ဝ ကျော် ဆောက် လိုက်ကြ သတဲ့။ ကျူးကျော် တွေ ကို ချ ပေး မယ် လို့များ ကြား ကြ လို့ လား မသိ၊ သေချာ တာကတော့ လူတွေ ဟာ ဆင်း ရဲ တွင်း နက် လွန်း ပြီး အချောင် ရ မယ် ဆို ဘယ် လို များ ရ မလဲ လို့ ကြံစည် အား ထုတ် နေကြ တယ်။ ဆင်း ရဲ လွန်း လို့ ပဲ အချောင် ရ ယူချင်စိတ် များနေကြ တာလား၊ အချောင် လိုချင် စိတ် များ လွန်း လို့ ပဲ ဆင်း ရဲ နေကြ တာ လား မတွေးတတ်တော့ ဘူး။ ဘာ မဆို အချောင် ယူချင်တဲ့ သက်ဆိုင် ရာ တွေ နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း တွေ ကို မြင်ပြင်း ကပ်သလို ဆင်း ရဲ တာနဲ့ ပဲ ၊ အလုပ် ကို လက်ကြာ တင်းအောင် မလုပ်ချင်ပဲ အချောင် လို ချင် ကြ တဲ့ သူတွေ ကိုလည်း သဘော မကျ ပါဘူး။
ဆောက်လုပ်ရေး က လူကြီး တစ်ယောက် ပြောတဲ့ ဘယ်လို လူတွေ ကို ရောင်းပေး မလဲ ဆိုတာ မပြောနိုင်သေး ပါဘူး ဆိုတာလည်း သဘာဝ မကျ ပါဘူး။ စလုံး က HDB တွေ လို ဘယ်အချက်တွေ နဲ့ ညီ တဲ့ သူတွေ ကို ရောင်း ပေး ပါမယ် ဆိုတာ မျိုး တိကျတဲ့ ပြဌာန်း ချက် ရှိ ရ ပါမယ်။ အဲလို မဟုတ် ရင် လက်သင့် ရာ ပေးတာတွေ၊ သူ့ လူနဲ့ သူ ပြီးသွားတာ တွေ ဖြစ်လာ နိုင်ပါတယ်။ ဆက်လက် စောင့် ကြည့် ရ ပါဦးမယ်။
တော်သေး ပါပြီ။ တွေးနေ မိတာတော့ အများကြီး ပါ။ ရေး လို့ တောင် ဆုံး မှာ မဟုတ် ပါဘူး။
အခု ပိုစ့် မတင်ခင်လေး တင် ပြန် ဝင် ဖတ်လိုက် တော့ သမ္မတ ကြီးရဲ့ အား ရစရာ မိန့်ခွန်း ကြီး ဖတ်လိုက် ရ ပြန်ပြီ။ တွေး စရာ ရေး စရာတွေ အများ ကြီး ပါ ။
29 comments
ခင်ခ
December 26, 2012 at 1:31 pm
ဘောင်းဘီရှည် (အရမ်းကြပ်တာမျိုးမဟုတ်ပါ) ဝတ်ပြီး အမျိုးသမီးများ ဘုရာဖူးတာကိုတော့ လက်ခံသင့်ပါတယ်။ မြတ်စွာဘုရားက အဝတ်အစားလုံခြုံစွာဝတ်ပြီးမှ လာရှစ်ခိုးဖို့ သတ်မှတ်ခဲ့တာတော့ မဟုတ်ဘူးထင်တယ်၊ ဗရာဇာရီက မြတ်စွာဘုရားအနီးရောက်တော့ အဝတ်အစားဆိုလို့ ဘာမှမပါ ဘူးလို့ဖတ်ဖူးတယ်၊ အဲဒီမှာ ချစ်သမီးဗရာဇာရီသို မြတ်စွာဘုရားခေါ်တော်မူလို့ ဗရာဇာရီ က မြတ်စွာဘုရားကို ဝင်ရောက်ကန်တော့တဲ့အခါ တရားဟောတယ်တဲ့။ အမှန်တော့ ဘုရားရှစ်ခိုကြတယ်ဆိုတာ မိမိရဲ့သဒ္ဒါစိတ်ကသာအဓိကပါဗျာ။
ခိုင်ဇာ
December 26, 2012 at 1:41 pm
ကိုခ၊ ပဋာစာရီက အဝတ်မပါတာတော့ အသိစိတ်လွတ်နေလို့ပါဗျ။
တစ်ဖက်က ပြန်စဉ်းစားပြန်ရင်လည်း ကျနော့ တို့ လူမျိုးက (ရေတွင်းထဲ အဆိပ်ခတ်တဲ့ စကားမဟုတ်ပါ။ ယေဘူယျ ပြောတာ)
တားမြစ်ထားတဲ့ ကိစ္စတွေကိုတောင် လစ်ရင် ဖောက်ဖို့ ကြိုးစားနေကြတာကိုး။
နည်းနည်းလျှော့လျှော့ပေါ့ပေါ့ဆိုရင် များများလုပ်ကြမှာစိုးလို့နေမှာ။ ကိုယ့်အသိစိတ်နဲ့ ကိုယ်က ရှားတယ်ရယ်။
တသက်လုံး အကြောက်တရားနဲ့ အုပ်ချုပ်မှုအောက်နေလာခဲ့ရတော့ ကြောက်ရမှပဲ လိုက်နာနိုင်မယ် ထင်ရဲ့။ :harr:
ခင်ခ
December 26, 2012 at 1:58 pm
မခိုင်ဇာရေ ပဋာစာရီက အသိစိတ်လွတ်လို့ အဝတ်မပါတာပါ ဆိုတာကို လက်ခံပါပြီ။
ဒါပေမယ့် လုံခြုံတဲ့အဝတ်အစားဖြစ်တဲ့ ဘောင်းဘီရှည်တို့၊ စကပ်ရှည်တို့တော့ ဝတ်ခွင့်ပြုလို့ ရပါတယ်။ ပြောင်းလဲလာတဲ့ခေတ်နဲ့အညီ တစ်ချို့အတင်းအဓမ္မချုပ်ကိုင်ထားတာတွေတော့ ဖြေလျော့သင့် တာပေါ့။ တစ်ခါတလေကျရင် ဆွေးနွေးညှိုနိုင်းပညာပေးရင်း ပြုပြင်ယူသွားမှ ခေတ်မှီတိုးတက်မယ်လေ။
လှေထိုးကြီး ရိုးရိုးဆိုရင် ဒီအတိုင်းဘဲဖြစ်နေမှာပေါ့။
ခိုင်ဇာ
December 26, 2012 at 2:13 pm
ကိုခ ရယ် လူကြီးတွေထဲမှာ “ဪ ဒီကလေးတွေ ဒီလို လိုက်နာအောင် ဒီလို သိတတ်အောင် ပြုပြင် ညှိနှိုင်း ဆွေးနွေးပါ့မယ်လေ” ဆိုတဲ့လူ ဘယ်နှစ်ယောက် မြင်ဘူးလို့တုန်း။ ကျနော်တို့ နိုင်ငံမှာပြောပါတယ်။
တခြား မျိုးရိုးစဉ်ဆက် လူအခွင့်အရေးအပြည့်ရနေတဲ့ နိုင်ငံက လူကြီးတွေမဆိုလိုပါဘူးနော့။
ခုထိကို “”ကလေးတွေကို ရိုက်ဆုံးမမှ လိမ်မာမယ်”” ယူဆတဲ့ သက်လတ်ပိုင်း ဆရာ/ဆရာမတွေလည်း အများကြီးပဲရှိသေးတယ်။
ကိုခပြောသလို ခေတ်မီတိုးတက်နားလည်မှုရှိတဲ့ လူကြီးပိုင်းရောက်ဖို့ တော့ ဘယ်လောက်စောင့်ရမယ်လည်းမသိသေးဘူး။
နောက် တစ်မျိုးဆက်လောက်ဆိုရင်ရော………………………??
အမ မိုချို။ မဆိုင်တာတွေ ရောက်ကုန်ပြီထင်တယ်။ အမ အတွေးကနေ ကျနော် ထပ်တွေးစရာတွေ အများကြီးရသွားပြီ။ :harr:
kai
December 26, 2012 at 2:55 pm
သောတာပန်မိန်းမ(ဥတ္တရာ)က.. အောက်ထပ်မှာ ..ဂေါတမဗုဒ္ဓကိုပင့်ဖိတ်.. ဘုရားတရားနာနေချိန်.. အပေါ်ထပ်မှာနေတဲ့.. တခြားဘာသာကိုးကွယ်တဲ့..ယောက်ျား(နန္ဒသူဌေး)ကို..(ငြိမ်အောင်) ပြည့်တန်ဆာ(သီရိမာ)နဲ့လွှတ်ပေးထားတဲ့ဇတ်လမ်းလည်း…ရှိသေး..။
အောက်ထပ်မှာ.. ဂေါတမဗုဒ္ဓရှိနေချိန်.. အပေါ်ထပ်မှာ.. ပြည့်တန်ဆာနဲ့.. ဘာလုပ်နေကြသလည်းတွေးမိကြသလား..
ဆိုတော့…
ယဉ်ကျေးမှုမျက်နှာဖုံးတွေတပ်.. လူတွေကို.. အတန်းအစားခွဲ. လူသားအချင်းချင်း.. (ကိုယ့်ကိုယ်ကိုယ်ရာထူူးယူ).နှိမ့်ချစော်ကားအနိုင်ကျင့်တာတွေ.. ရပ်တန်းကရပ်သင့်.. အဲဒီရှေးစွန်းစွဲအတွေးအခေါ်တွေ..လွှတ်ချသင့်ပြီဖြစ်ပါကြောင်း..
ဒီအချိန်မှလွှတ်မချရင်..လွတ်ကျအောင်.. (သဘာဝတရားက) ရိုက်ချတော့မှာ..ဖြစ်ပါကြောင်း..
မြန်မာများကလည်း.. လူသားများဖြစ်တာကြောင့်.. အချိန်မတန်သေး..အကြောက်တရားနဲ့အုပ်ချုပ်ရမယ်..။ ငရဲနဲ့ခြောက်ဘုံနဲ့မြှောက်ရမယ်.. မရှိပါကြောင်း… ရယ်.. :kwi:
ခိုင်ဇာ
December 26, 2012 at 3:14 pm
ဒီ နှုန်း အတိုင်းသွားရင်တော့ ကြာဦးမယ် ထင့်။
ယဉ်ကျေးမှု၊ ဂါရဝတရား၊ မိရိုးဖလာ အစဉ်အလာ၊ လူ့ အခွင့်အရေး၊ စည်းကမ်း၊ ဥပဒေ တွေကို မရောထွေးတဲ့နေ့ကို ရောက်ဖို့။
အမျိုးမျိုးသော နောက်ကိုပြန်ချင်တဲ့သူတွေကျန်သေးတာတော့ ကိုယ်တွေ့မို့ပြောရတာဗျ။ (တစ်ချို့နေရာတွေ ကိုယ် ကိုယ်တိုင် အပါ)
ဒီလောက် ခေါင်းမတဲ့သူတွေ သဘာဝ တရားကြီး ဘယ်လိုရိုက်ချမလဲပဲ စောင့်ကြည့်ရသေးတာ့ပ။
မိုချို
December 26, 2012 at 4:24 pm
ခိုင်ဇာရေ
အဲဒီ အကြောက်တရား ကို ပဲ မုန်း တာ ၊ အထူး သဖြင့် ဘာသာရေး နဲ့ ပတ်သက်ရင် ဘုန်းကြီးတွေ ကိုကြိမ်လုံး ကြီး တကိုင်ကိုင် နဲ့ ကြောက်စရာလို့ မမြင် စေချင်ဘူး။ ငယ်ငယ် က ရွက်ခဲ့ တဲ့ စွမ်း အုပ်နီနီ ကဗျာ မှာ ကို က ရေးသူ ကို (ဆရာကြီး မင်း သုဝဏ် ထင်ပါရဲ့ ) ကို အပြစ် တင်လိုခြင်း မဟုတ်ပါ။ ဘုန်းကြီး ကျောင်း ကို ကလေး မလိုက် ဖို့ ၊ လိုက်လို့ ဆော့ရင် ဘုန်း ကြီး က ကြိမ်လုံး နဲ့ရိုက် လိမ့် မယ် ဆိုတဲ့ အဓိပ္ပါယ် ဟာ ကလေးတွေ အတွက် ဘုန်းကြီး ဆိုတာ ကြောက်စရာ၊ ကြိမ် လုံး နဲ့ တွဲ ပြီး မြင်သိ သွား စေတယ် ဆိုတာ ကြီးလာတော့ တွေး မိပါတယ်။
အမေတို့ ငယ် တုန်း ကခရစ်ယာန် ကျောင်းတွေ မှာ ဘုန်းတော် ကြီးတွေ က ဝတ်ရုံ ကြီးတွေ ထဲ မှာ သကြား လုံးတွေ ထည့် ထား ပြီး တွေ့ တဲ့ ကလေးတွေ ပေးလေ့ ရှိတော့ ကလေးတွေက ဘုရားကျောင်းတွေ လိုလိုလားလား သွား ချင်ကြတယ် လို့ ပြောပြတော့ ကျမ တို့နဲ့ ကွာခြားနေ ပါတယ်။
ကျမ တို့ ဘာသာမှာတော့ ဘုန်းကြီးနဲ့ ဘုန်းကြီးကျောင်း ဆိုတာကလေးတွေ အတွက် ကြောက် စရာ ၊ ရှောင်စရာ လို့ မြင်နေမှာ စိုး မိပါတယ်။
ခုနောက် ပိုင်း ခေတ်မီ တဲ့ ဆရာတော် တွေ ကတော့ ကလေးတွေ အတွက် အကြောက် တရား မပါ တဲ့ ၊ လွတ်လပ် ပေါ့ ပါး နွေးထွေး တဲ့ ဆက်ဆံရေး မျိုး နဲ့ ကလေး သီးသန့် တရားစခန်း လိုမျိုး တွေ ဖွင့် ပြီး ကလေးတွေ ကို ဘာသာ ယဉ်ကျေး မှု ဘက် ကိုပညာသား ပါပါ ဆွဲ ခေါ် နိုင် တာတော့ သဘောကျ မိပါတယ်။
ယဉ်ကျေးမှု ဆိုတဲ့ နေရာ မှာလည်း အဝတ်အစား တစ်ခုထဲ ကို မဆိုလိုပဲ၊ ကိုယ်ကျင့် တရား၊ ကိုယ်ချင်း စာတရား၊ တာဝန်သိတတ်မှု၊ ကိုယ်နဲ့ ထိုက်သင့် တာ မဟုတ်ရင် အချောင် မရယူ လိုမှု စတဲ့ ယဉ်ကျေးတဲ့ သူတွေ ရဲ့ အမူအကျင့် တွေ ကို ဆိုလို ပါတယ်။
P chogyi
December 28, 2012 at 10:28 am
မမိုချိုရေ
ကျွန်တော်ကတော့ ဘုန်းကြီးဆိုတော်တော်ကြောက်တာ
ငယ်ငယ်က ဧလာမြို့မှာ ဘုန်းကြီးကျောင်းဝန်းထဲက
မူလတန်းကျောင်းမှာတက်တော့ ဘုန်းကြီးက ကြိမ်လုံးတစ်ချောင်းနဲ့
တစ်ချိန်လုံးပတ်ကြည့်နေတာ အမြင်မတော်ရင်ဝင်ဆော်သွားတာ
ငယ်ငယ်ကတည်းက ကြောက်ရတယ်ဗျ။
ခင်ခ
December 26, 2012 at 1:58 pm
မခိုင်ဇာရေ ပဋာစာရီက အသိစိတ်လွတ်လို့ အဝတ်မပါတာပါ ဆိုတာကို လက်ခံပါပြီ။
ဒါပေမယ့် လုံခြုံတဲ့အဝတ်အစားဖြစ်တဲ့ ဘောင်းဘီရှည်တို့၊ စကပ်ရှည်တို့တော့ ဝတ်ခွင့်ပြုလို့ ရပါတယ်။ ပြောင်းလဲလာတဲ့ခေတ်နဲ့အညီ တစ်ချို့အတင်းအဓမ္မချုပ်ကိုင်ထားတာတွေတော့ ဖြေလျော့သင့် တာပေါ့။ တစ်ခါတလေကျရင် ဆွေးနွေးညှိုနိုင်းပညာပေးရင်း ပြုပြင်ယူသွားမှ ခေတ်မှီတိုးတက်မယ်လေ။
လှေထိုးကြီး ရိုးရိုးဆိုရင် ဒီအတိုင်းဘဲဖြစ်နေမှာပေါ့။
မိုချို
December 26, 2012 at 3:58 pm
ဦးခင်ခရေ
ကျမ ဆိုလိုချင်တာ အဲဒီ အတိုင်း ပါပဲ။ ထမီမဟုတ် တာနဲ့ စကပ် ရှည်တို့ ၊ဘောင်းဘီ ရှည် တို့ ဝတ်ရုံနဲ့ အကဲဆက်နေလွန်းစရာ မလိုဘူး ထင်မိ ပါတယ်။ စကပ် ရှည် ဆို အောက်စလွတ်နိုင်တာ ၊လေ လွင့် နိုင်တာတွေ မှာထမီနဲ့ သိပ်မသာပေမယ့် ခဏခဏ ပြန် မဝတ်ရ တာ၊ မကျွတ်လွယ်တာ တွေ ထမီ ထက်အားသာ တယ်။ ခန္ဓာကိုယ် ကောက်ကြောင်း တွေ ကို ထမီလောက်တောင် မပေါ် စေဘူး။ ဘောင်းဘီ ရှည်ကတော့ ခန္ဓာကိုယ် ကောက်ကြောင်း ပေါ် နိုင် ပေမယ့် ပြောခဲ့ သလို တခြား အား သာချက်တွေ အများ ကြီး ရှိတယ်။ ဒါကြောင့် ယဉ်ကျေး မှု နဲ့ မညီဘူး ဆိုရုံ နဲ့ အတင်း ပိတ်ပင် နေဖို့ မလို ဘူး ထင်မိပါတယ်။
ဖြေလျော့ သင့် တာ ဖြေလျော့ သင့် ပါတယ်။ ကျိုက် ထီးရိုး တစ်ခု ထဲ ကို ရည်ရွယ် တာ မဟုတ်ဘူးနော်။ ရှေး ရိုး စွဲ နေတဲ့လူတွေ ကို ပြောတာ။
ကြည်ဆောင်း
December 26, 2012 at 1:59 pm
မိုချိုရဲ့ရေးမိရေးရာတွေကိုဖတ်ပြီးတကယ်ဘဲ ဟိုတွေးဒီတွေး တွေးဖြစ်သွားတယ်….
ဒီလိုစဉ်းစားတော့လဲ ဒီလို…
ဟိုလိုစဉ်းစားပြန်တော့လဲ ဟိုလို ..နဲ့
တွေးစရာတွေအများကြီးဖြစ်သွားတယ်
မိုချို
December 26, 2012 at 4:44 pm
ကြည်ဆောင်းရေ မိုချိုကတော့ အလုပ် မရှိတဲ့ သူ ဆိုတော့ ဦးနှောက် ကို အလကား မထား ပဲ စာတွေ၊ သတင်းတွေ ဖတ် ပြီးတိုင်း လျှောက်တွေး နေမိတာပဲ။
မဟာရာဇာ အံစာတုံး
December 26, 2012 at 4:20 pm
မိန်းကလေးတွေ သိုင်းပညာ သင်ထားသင့်ပါတယ် …
ငွင်းး ငွင်းး
ဒါဆို ကိုယ့်ကိုယ်ကို အတော်အတန် ကာကွယ်နိုင်မယ် ထင်ပါတယ် …
ဘောင်းဘီ ဝတ်ထားရင် တစ်ခါတည်း ဖိုက်ရုံဘဲ …
ထမီ ဝတ်ထားရင် ခါးတောင်းကျိုက်ပြီး ဖိုက်ပေါ့ …
ဒီတော့ကာ … အမိန့်ချမှတ်လိုက်မယ် …
ယနေ့မှစ မိန်းကလေးတွေ ကိုယ်ခံပညာ သင်ဂျပေလော့ …
မိုချို
December 26, 2012 at 4:47 pm
မောင်အံဇာရေ အစ်မ ကတော့ သိုင်း တတ် ရင် တောင် ထမီ ဝတ်ထား လို့ ကတော့ ထမီ ကို အရင် ဆုံး ကွင်း သိုင်း ရ မယ်။ ထမီ မမြဲ တတ်လွန်း လို့။
Hnin Hnin
December 26, 2012 at 7:05 pm
မမို ရေးတာဖတ်ပြီး ပြုံးမိတယ်…အစ်မတစ်ယောက်တော့ သိုင်းမတတ်ဘဲ ထမီကွင်းသိုင်း
တယ်လေ… :kwi: (အအိပ်ဆော့လို့)
ဘောင်းဘီကတော့(အရှည်ဆို ပိုကောင်းမယ်ထင်) မိန်းကလေးတွေအတွက်
အကောင်းဆုံးပါ…ကျိုက်ထီးရိုးမှာ ဘောင်းဘီရှည် ဝတ်တာတော့ အားပေးတယ်…
အင်္ကျီတင်ပါဖုံး အရှည်နဲ့ဆိုရင် ပိုသင့်တော်တာပေါ့…
နှင်းနှင်းကိုယ်တိုင်လည်း နေ့လယ်ကြီး ကျီးကန်းပါးစပ်သွားတော့ ရင်ပြင်တော်ပေါ်တုန်းက
ပတ်ထားတဲ့ထဘီ ထမင်းဆိုင်မှာ အပ်ခဲ့တာ..ပြန်အတက်က တစ်လမ်း ဖြစ်နေတယ်.
မောလွန်းလို့ရယ်..ဘုရားဦးခိုက်ပြီး ခဏဖူးပြီးတာနဲ့ပြန်ဆင်းကြမယ်ဆိုပြီး…
ထဘီပြန်ဆင်းမယူတော့ဘဲ..သူများတွေလည်း ဝတ်နေကြတာပဲ…ရမလားဆိုပြီး မရဲတရဲ
စည်းဖောက်ကြည့်တာ…လူက တအားရှင်း၊ အကျႌကလည်း အနီရဲရဲဆိုတော့..တန်းမိတာ။
ဦးချရုံရှိသေးတယ်…အကျႌအနီနဲ့အစ်မ..ထဘီလဲပေးပါတဲ့….လှေကားထစ်ကြောက်လို့ ပြန်မဆင်းတော့ကာမှ ဆင်းယူရတာပါပဲ…ရှက်လည်းရှက်၊ မှတ်လည်းမှတ်ပဲ…
ညနေစောင်းတော့လည်း ဘောင်းဘီရှည်ဝတ်ပြီး ရင်ပြင်တော်ပေါ်မှာ သွားလာနေတဲ့
မိန်းကလေးတွေ တွေ့တာပဲ..မနက် အရုဏ်တက် ဘုရားဖူးပြီး ပြန်ဆင်းကြတော့လည်း
တောင်အဆင်းပဲမို့ ဂျင်းဘောင်းဘီတွေ ဝတ်ပြီးဆင်းကြတာပဲ…
လူအများစု ဝတ်ထားကြတော့ မပြောကြတော့ဘူး ထင်တယ်…
မိုချို
December 27, 2012 at 9:26 am
နှင်းနှင်း
မိန်း ကလေးတွေ ကိုယ့်အိပ်ခန်းမဟုတ်တဲ့ တခြားနေရာမှာညအိပ်ဖို့ကြုံလာ ရင် ဘောင်းဘီရှည်ဝတ်အိပ်တာ အကောင်းဆုံး ပဲ။
ကျိုက်ထိုဟိုတယ်ဘက် အခြမ်း မှာတည်းမိတဲ့ သူက ကျီးကန်းပါးစပ်၊ရေတံခွန်၊ကျောက်ထပ်ကြီးတွေဘက် သွားဖို့ ရင်ပြင်တော်ပေါ်ကဖြတ်သွားရတယ်။
အောက်က ဘောင်းဘီရှည်ပါပေမယ့် လူမြင်ကွင်း မှာ ထမီကို ဝတ်လိုက်၊ချွတ်လိုက် က မကောင်းတတ် ပြန်တော့ အတတ်အခါ အကွယ်လေး ရှာ ဝတ်လိုက်၊ အဆင်း တခါ အကွယ်လေး ရှာ ချွတ်လိုက် နဲ့ မိန်း ကလေး တွေ မှာ အလုပ် ပိုရတယ်။ အဲဒါကြောင့် ဘုရားရှေ့ လာထိုင် ရှိခိုး တာ မှ မဟုတ်ရင် ရင်ပြင်ပေါ်ဘောင်း ဘီ ရှည် နဲ့ ဖြတ်သွား ရုံ လောက်နဲ့ ပြသနာ မရှာသင့် ဘူး လို့ထင်ပါတယ်။
kai
December 27, 2012 at 3:11 pm
မိန်းကလေး.. ဂျင်းဘောင်းဘီကိုသာ ခါးပါတ်နဲ့ဝတ်လိုက်… တော်တော်ကိုလုံခြုံတယ်..တဲ့.. :kwi:
၁၉၉၆လောက်က.. ဂျပန်တယောက်ရန်ကုန်သွား..မြန်မာမယူတော့.. အဲလိုဂျင်းဘောင်းဘီဝတ်..မြန်မာအမျိုးသမီးနဲ့..ဘန်ကောက်မှာ..၂ပါးသွားမရခဲ့ပဲ.. ဂျပန်ရောက်တော့လည်း.. အိမ်ထွက်ပြေးသွားတာကို.. သတင်းအဖြစ်ဖတ်ဖူးတယ်..
Hnin Hnin
December 27, 2012 at 12:09 pm
ဟုတ်တယ်..မမို ပြောသလိုပဲ…အဲ့ဟိုတယ်မှာ(အဟောင်း၊လမ်းဘယ်ဘက်ခြမ်း) တည်းတော့ ထဘီ လူမြင်ကွင်းဝတ်ရတာ မကောင်းတော့ ဟိုတယ်မှာကတည်းက ပတ်ထားရတာ..တစ်ခါဆို ထဘီကိစ္စ လုံးပမ်းနေရတာနဲ့ ဟိုတယ်က ဝင်းသူဇာ
ဖော့ဖိနပ်ကြီး စီးပြီး ထွက်သွားမိလို့ အတော်လျှောက်ပြီးမှ သိပြီးပြန်လှည့် လဲရ
သေးတယ်။ ရယ်လည်း ရယ်ရတယ်။ နိုင်ငံခြားသား တစ်ချို့တော့ အေးဆေးပဲ စီးထားတာ။ ကိုယ်ကတော့ ရှိုးပဲ့တယ်ပဲထင်။အသစ်ထပ်ဆောက်တဲ့ ဟိုတယ်
(လမ်း ညာဘက်ခြမ်းမှာ) ၂၀၀ရ ခုနှစ် နောက်ဆုံး တည်းဖူးတာကတော့ သူတို့အခန်းတံခါး သော့တွေက Card Key လိုလို၊ စတီးပြား လေးထောင့်စပ်စပ်
လော့ကတ်ပြားနဲ့တူတယ်။ ဖွင့်နေကြမဟုတ်တော့ စစချင်း တောသားမြို့ရောက် လည်နေတာလေ။ မကြာခင်မှာလည်း ကျိုက်ထီးရိုးသွားဖို့ရှိတော့ နှင်းနှင်းကတော့
အောက်ခံ stocking နဲ့ စကတ်ထူထူ၊ရှည်ရှည်ပဲ ဝတ်တော့မယ်လို့… 🙂
မိုချို
December 26, 2012 at 4:43 pm
သဂျီးရေ
ကျမ ကတော့ ဗုဒ္ဓဘာသာစစ်စစ် ဖြစ်လို့ အပယ် ၄ဘုံ ကို ယုံကြည် သလို ကြောက် လည်း ကြောက်ပါတယ်။ ဒါကြောင့် ဗုဒ္ဓ လမ်း ညွှန်ခဲ့ တဲ့ အတိုင်း ရှောင်ရ မယ့် အချက်တွေ ( ဥပမာ ကံ၅ပါး) စတာတွေ ကို တသွေ မသိမ်း လိုက်နာ ပါတယ်။
ဒါပေမယ့် ဗုဒ္ဓဘာသာ ဆိုပြီး တချို့ နေရာတွေ မှာ ဘုရား ဟောလည်း မဟုတ် ပါပဲ လွဲနေတာတွေ တော့ ပြင်းပြင်း ထန်ထန် ကန့်ကွက် ဆန့်ကျင်ပါတယ်။ သဂျီး ပြော တဲ့ အတိုင်း ပါပဲ …..ယဉ်ကျေးမှုမျက်နှာဖုံးတွေတပ်.. လူတွေကို.. အတန်းအစားခွဲ. လူသားအချင်းချင်း.. (ကိုယ့်ကိုယ်ကိုယ်ရာထူူးယူ).နှိမ့်ချစော်ကားအနိုင်ကျင့်တာတွေ.. ၊ နောက် ရှိပါသေးတယ် ဘာသာရေးနဲ့ နွယ် နေတဲ့ ပကာသနတွေ ( ရှင်ပြုတွေ မှာ အများ ဆုံးတွေ့ ရတယ်)။ နာရေးနဲ့ ပတ်သက်တဲ့ အလွဲတွေ ။ သင်္ကန်း ဝတ်ထားပေမယ့် ဘုရားချမှတ်ခဲ့ တဲ့ ကျင့် ဝတ်တွေ ကို မလိုက်နာ တဲ့ ဘုန်း ကြီးတွေ ။ပြောရရင် နောက်ထပ် ပိုစ့် တစ်ခု ရေးရ ပါဦး မယ်။
ဒီတော့ ဗုဒ္ဓဘာသာ ဝင်တွေ ဟာ အပိုတွေ မထည့် ပဲ ဘုရားဟောတဲ့ အတိုင်း နေထိုင် ကျင့်ကြံ နိုင်ရင် အားလုံး ထဲ မှာ အပြီးပြည့် စုံ ဆုံး လူသားတွေ ဖြစ်နေ မှာ ပါပဲ။
ကိုရင်စည်သူ
December 26, 2012 at 5:41 pm
မမိုချိုရေ.. ပြည်တန်ဆာကတော့ ဗမာပြည်မှာ တရားဝင် လိုင်စင်ချပေးသင့်တယ်။
ဂေလ်းလမ်းလိုမျိုး… တစ်လမ်းလုံး အဝှာတွေချည်းပဲဆို လူနေအိမ်ကြား လုပ်စားနေတဲ့
အဝှာတွေကြောင့် ပတ်ဝန်းကျင်လည်း သိက္ခာမညိုနွမ်းတော့ဘူး.. လိုချင်တဲ့လူလဲ
တန်းသွားလိုက်ရုံပေါ့ဗျာ.. လမ်းဘေးမှာ တရပ်ရပ်နဲ့ လူမြင်မတင့်ပါဘူးနော့
နောက်တစ်ချက်က… ဘုရားပရဝဏ်မှာ သမီးရည်းစားတွေ တော်တော်ကျူးကျူးလွန်လွန်
နေကြပါတယ်။ အဓိကအားဖြင့် ယောက်ျားလေးတွေက တွေ့ရာနေရာမှာ မစောင့်စည်းတော့သလို
မိန်းကလေးတွေကလည်း အရမ်းအလိုလိုက်ကြပါတယ်..။ ကိုရင် ပုဂံသွားတော့ ဘုရားတစ်ခုရဲ့
အပေါ်ကိုတက်ကြည့်တော့ လူပြတ်တဲ့ ထောင့်နားတစ်နေရာမှာ သုံးပြီးသား ကွန်ဒုံးတစ်ခုပစ်ထားတာ
တွေ့ရပါတယ် (လုံးဝအမြင်မသင့်ပါဗျာ)
ဘုန်ကြီးများ ကြိမ်လုံးပြနေတာထက်
ဂေါပကလုံခြုံရေးများ တာဝန်ပိုယူသင့်တယ်ထင်မိကြောင်း..
စနစ်တစ်ခုလုံး ပြင်ချင်ရင် ဝလုံးကစပြီး စိတ်ဓါတ်တွေ စမတ်ကျကျ မြှင့်တင်ပေးဖို့..ဆိုဒါလေး.. 🙄
မိုချို
December 27, 2012 at 9:12 am
ကိုရင်စည်
သူတို့ ကိုသီးသန့်နေရာပေးလိုက်ချင်တာအဓိက ပါပဲ၊ မဟုတ်ရင် လမ်းပေါ်မှာရှိနေတဲ့ မိန်းမတွေ အကုန်လုံးမျက်လုံးစိမ်းနဲ့သိမ်းကျုံး အကြည့်ခံရတာ အဆိုးဆုံး ပါပဲ။ သူတို့ ကို အမှန်တကယ်ပပျောက်အောင် ( အလုပ် အကိုင်အခွင့် လမ်းတွေ တိုးတတ်အောင်)မလုပ်ပေးနိုင်သရွေ့ အရေ အတွက် အားဖြင့် တိုး လာနေ အုံး မှာပဲ။ အလုပ်ကကို်င် တွေ ပေါများ လာရင်တောင် ရေသာခိုချင်တဲ့ မိန်း မတွေ နဲ့ဝါသနာအရ လုပ်တဲ့မိန်း မတွေ ရှိနေအုံး မှာ ။ ဒါကြောင့် သူတို့ ကို ဥပဒေ တစ်ရပ် ထုတ်ပြီး လိုင်စင်သဘောမျိုးလုပ်ပေး၊ နေရာသက်မှတ်ပေးထား လိုက်ရင် အများ အတွက်ကော ၊သူတို့ အတွက်ကော ပိုကောင်း မယ်။
သမီးရည်းစားတွေ လွန်ကျုးကြတာ သူတို့ လွတ်လပ်ခွင့် မို့ လို့ မဝေဖန် လို ပေမယ့် ဘုရားပရဝဏ်လို နေရာ မျိုး မှာမဖြစ်သင့် ဘူး ဆိုတာ မျိုး အသိ က ရင်ထဲ အထိ ရှိ ဖို့ လိုတယ်။လူငယ် တွေ ကို ပညာပေးတယ် ဆို တာ ရှက်သင့်တာ ရှက်တတ်အောင်၊ ဂုဏ်ယူထိန်းသိမ်း ရမယ့် သမိုင်းဝင်နေရာ တွေ ကို ကိုယ်တိုင် ပါဝင် ထိန်း သိမ်း ချင်အောင် စည်း ရုံး နိုင် ဖို့ လိုတယ်။ အဲလိုမှ မဟုတ်ပဲ ဟိုလို မနေနဲ့၊ ဒီလို မနေနဲ့ ၊ နေရင် ရိုက် မယ် ဆိုလို့ ကတော့ အရည်းကြီး ခေတ်နဲ့ ဘာထူး မတုံး နော။
လူငယ် တွေ မလုပ်သင့် မလုပ်ထိုက်တာ မလုပ်နိုင်အောင်ကြိမ်လုံး ပြ ဆုံးမတာ က ဆေးမြီးတို နဲ့ တူတယ်။ ကြိမ်လုံး ရှေ့ မှာ ရှောင်လိုက် ပေမယ့် သူတို့ ရင်ထဲက သဘောပေါက် လက်ခံတာ မဟုတ်တဲ့ အတွက် အခွင့် သင့် ရင် ပြန် လုပ် အုံး မှာ ပဲ။ သူတို့ စိတ်ထဲမှာ ဘယ် အပြုမူ မျိုးက မလုပ်သင့် ဘူး၊ ဘယ်အမူအကျင့် က ရှက်စရာကောင်း ပြီး နိုင်ငံကြီးသား မပီသဘူး ဆိုတာ စွဲနစ်တဲ့ အသိရှိနေ ဖို့ လိုတယ်။
မောင်ပေ
December 26, 2012 at 9:56 pm
မမိုချိုရေ
ကျိုက်ထီးရိုးမှာ ထဘီနဲ ့ပဲ ခွင့်ပြုတယ်ဆိုတဲ့အချက်ကိုတော့ ပြင်စေချင်တာ ထပ်တူကျပါတယ်
အခုလိုမျိုး အေးတဲ့ရာသီမျိုးဆိုရင် ဘုရားဖူးလာတဲ့ အမျိုးသမီးများခဗျာ အအေးဒဏ်ကြောင့် ဘုရားဖူးရာမှာ စိတ်နောက်ကြရတာကလား
မိုချို
December 27, 2012 at 9:55 am
ကိုပေရဲ့
ဒေါ် မိုချို တို့အပျိုဘဝ ဆောင်းတွင်းဘက် သွား တုန်း က ညဘက် ဆို ဘောင်းဘီရှည် ပေါ်က ထမီ ၊ အနွေး ထည်က ၂ ထပ် ၊ဒါတောင် ချမ်းသေးလို့ အပေါ်ကနေ စောင်ကို တကိုယ်လုံးခြုံ ပြီး ဘုရားသွား ရှိခိုးရတယ်။ ထမီကျွတ်နေလည်း မသိဘူး ။ထပြီးလမ်းလျှောက်တော့ ကွင်းလုံး ကျွတ်ပြီး ခလုတ်တိုက် မှ သိတယ်။ ထမီက မဖြစ်မနေ ဝတ်ထား ရတဲ့ အပို ဖြစ်နေတာ ကိုး။
uncle gyi
December 26, 2012 at 10:31 pm
သေကံမရောက်သက်မပျောက်
ရှောင်သင့်ပါတယ်သာသနာ့နယ်နဲ့အကြင်နာအနမ်း
ုုယိုးဒယားလိုပြည်မြန်မာ
ပြည့်တန်ဆာနဲ့လုပ်ကိုင်ခွင့်
ဝင်လာလိုက်မယ့်sexတိုးရစ်
ပေါလာလိုက်မယ့်သရုပ်ပျက်အဖြစ်
အစကတည်းကမမှန်တာကျူးတွေပါ
သနားစရာဖြစ်အောင်ရေးတာဂျာနယ်တွေပါ
အခက်တွေ့တာအစိုးရပါ
အော်နေတာကလူ့အခွင့်အရေး
လုပ်နေတာကကိုယ့်အခွင့်အရေး
မိုချို
December 27, 2012 at 9:47 am
အန်ကယ်ကြီး
ကိုယ့် သဘောထား ကို ကဗျာတစ်ပုဒ် နဲ့ ပြည့်စုံအောင် ဖေါ်ပြနိုင်တဲ့အန်ကယ်ကြီးရေ အပေါ် မှာလည်း မိုချို့ သဘောထား တော်တော် များများ ပြောခဲ့ ပြီးပါ ပြီ။
သာသနာ့ နယ်မြေမှာ ဘုရားဆင်းတုတွေ ဗန်း ပြပြီး ခရီးသွားတွေ ဆီ က အေး ဓါးပြ တိုက် အလှူ ခံတွေ လောက် ညစ်နွမ်းရုပ်ဆိုးတာ မရှိဘူး။
အတော်ကြီး သရုပ်ပျက်တဲ့ အတွဲတွေ ကို သတိပေး တား မြစ်သင့် ပေမယ့်ဇနီး ခင်ပွန်း ၊ (သို့ ) ချစ်သူ ၂ ဦး အေးအေးဆေးဆေး စိတ်လက်ကြည်နူး စွာ ရှိနေချိန် ကြိမ်လုံး တဝင့်ဝင့် နဲ့ ဘုန်းကြီး ရဲ့ တရား ခံ ရှာတဲ့ အကြည့် နဲ့ ကြည့် ခံ ရရင် စိတ်တို မိမှာ သေချာ တယ်။
sexတိုးရစ် ကတော့ ဥပဒေနဲ့ ခွင့် ပြု မှကို မဟုတ်ဘူး ။ အခုလည်း ဝါသနာပါတဲ့ သူက ရအောင်ရှာတာ ပါပဲ။ ဟိုတယ် ဝန်ထမ်း ကိုပါး ရိုက်သွားတဲ့ ဂျပန်ကြီး ကသက်သေပဲနော။
မောင့်ကျက်သရေ ဂီ့
December 27, 2012 at 2:04 pm
ဘာရယ်မဟုတ် ဘဘဘလက်ရဲ့ ချိုပေါ့ကျ ကို တောင် သွားသတိရသေးတယ်ဗျို့ ..
အစ်မ အစဆွဲထုတ်ထားတဲ့ အတွေးစလေးတွေကို ဝင်စဉ်းစားကြည့်ရင်း မတူတဲ့အတွေးနဲ့ မန့်မယ်ဗျာ..
အဲ ပုဂံသူဌေး လေနဲ့ အကျိုးမပေး နှင်းနဲ့ အကျိုးမပေး..
:kwi:
အဲ့သတင်းနဲ့ ပါတ်သတ်လို့ ဟို ၂ယောက်ကတော့ တယောက်က ချက်စားမယ်
တယောက်က ကြာပွတ်နဲ့ ဆော်မယ် ဖစ်ကုန်ဘီ ဟီဟိ
:harr:
အရက် လောင်းကစား နဲ့ လိင်ကိစ္စ ဟာ
ဘာသာအသီးသီးက ဘုရားတွေ မမွေးခင်ကတည်းကလည်း ရှိတယ်
ဘုရားတွေ သေလွန်ပီးကုန်တော့လည်း မကွယ်ပျောက်သွားဘူး
အဲ့ဒါကို ယဉ်ကျေးမှု ကွန်ချာကြီး အုပ်ပြီး ထိန်းလို့တော့မရဘူး
အခွန်-ကျန်းမာရေး-တရားဥပဒေ ဒီသုံးခုနဲ့ ထိန်းမှ ဝင်း-ဝင်းဖြစ်မယ်ဆိုတာ
အဘတို့ သိအောင် ပြောပြပေးပါဗျာ…
:chee:
ရှက်
:byae:
မိုချို
December 28, 2012 at 9:44 am
ဂီဂီ
ဦးဘလက်ရဲ့ ချိုပေါ့ ကျ လည်း မသောက်ရတာ ကြာပေါ့။
.
……အဲ့သတင်းနဲ့ ပါတ်သတ်လို့ ဟို ၂ယောက်ကတော့ တယောက်က ချက်စားမယ်
တယောက်က ကြာပွတ်နဲ့ ဆော်မယ် ဖစ်ကုန်ဘီ ဟီဟိ…….
အဲတုန်း က သူတို့ သမတ်၊ယောက်ခမ ၂ ယောက် သား အငြင်းတွေ ပွားနေကြလို့ ကိုယ်လည်း ကိုယ့် ဘာကိုယ် ပိုစ့် တင်ပြီး မှ ပြောတော့ မယ်လို့ အသာလေး အသံတိတ် နေ တာ….
ပြောရရင်တော့ ဘုန်းကြီး မှ မဟုတ်ဘူး ၊ ဆရာ၊ဆရာ မတွေ တောင် ကြိမ်လုံး ကြီး တဝင့်ဝင့် နဲ့ ဆို ဘယ်လို မှ သဘောမကျ ဘူး။ လူ အချင်းချင်း ရိုက်နှက် ဆုံး မ တာ ကမှ ဟိုး မြေရှင်ကြေးရှင်ခေတ်၊ ယဉ်ကျေး မှု မရှိတဲ့ သူတွေ ရဲ့ အပြု အမူ လို့ မြင်တယ်။
အဲဒီ ယဉ်ကျေး မှု ဆိုတာကြီး ပါးစပ်က တွင်တွင်ပြော ပြီး ကိုယ် ချင်း စာတရား ခေါင်း ပါး၊ လူအချင်းချင်း ခေါင်း ပုံ ဖြတ်၊ အမြီးကျတ် အမြီးစား၊ခေါင်းကျက် ခေါင်းစား၊ လူရှေ့ သူရှေ့ ကျ ရင်တော့ သူတော်ကောင်း ယောင် ယောင် ဟန်ဆောင် ကောင်း နေတဲ့သူတွေ များနေ သရွေ့ ၊ မျိုး ဆက်သစ်တွေ ကလည်း အဲဒီ အမူအကျင့်တွေ လက်ဆင့် ကမ်း အတုယူနေသရွေ့တော့ စစ်မှန်တဲ့ ယဉ်ကျေး မှု ရှိလာ မှာ မဟုတ်ဘူး။
P chogyi
December 28, 2012 at 10:39 am
အခုခေတ်အဝတ်များနေတဲ့ ခါးတိုဘောင်းဘီတွေနဲ့ဆိုရင်တော့လည်း
အဆင်မပြေဘူးထင်ပါတယ်။
မိုချို
December 28, 2012 at 12:32 pm
P chogyi
ဘုန်းကြီးတွေ ဆို ကြိမ်လုံး ကြောက်တာ ရယ်၊ ကြိမ်လုံး မကိုင် ရင်တောင် မရိုမသေ လုပ်မိမှာ ၊ စကားတွေမပြောတတ်မှာကြောက် တာနဲ့ ပဲ လူငယ်တွေ ဟာ ဘုန်းကြီးကျောင်း နဲ့ ဝေး နေကြတာ၊ ဟာ ကိုယ့် ဘာသာရဲ့ အား နဲချက်ပဲ။