ကို်ယ်တိုက်ရိုက် အမှန်အကန်ပါ
ရိုက်ထားမိတဲ့ပုံလေးတွေပါ ကြားဖူးနားဝဟာသလေးတွေ တင်ပေးချင်ပေမယ့် တော်ကြာအခြားဆိုဒ်ထဲရေးပြီးသားတွေဖြစ်နေမှာစိုးလို့ ဒီတစ်ခါတော့ ကိုယ်တိုင်ရိုက်တဲ့ပုံလေးတွေ တင်ကြည့်ပါဦးမယ် ရွာထဲမှာ ဓါတ်ပုံဆိုင်တွေများပေမယ့် ကျနော်လဲ ဓါတ်ပုံဆိုင်လေးဖွင့်ပါရစေ
မိသားစု စုံစုံလင်လင်
အကောင်သေးပေမယ့် တစ်ကောင်တည်းနေပါရစေ
တစ်ကိုယ်တည်းအဖေါ်မပါ
ဝဲပါရစေရွှေလိပ်ပြာ
ကိုအညာသားရေ (ကျနော်လည်းအညာသားပါပဲ) ဒီတစ်ခါတော့ ဘယ်သူ့မှ ခရက်တစ်မပေးတော့ဘူးဗျို့(နှမြောလို့)
11 comments
ခိုင်ဇာ
December 27, 2012 at 7:34 am
ဟယ်။ လိပ်ပြာက အစစ်လား။ လှလိုက်တာ။
MaMa
December 27, 2012 at 7:46 am
ဓာတ်ပုံဆိုင်ကလည်း အညာသားလို့ မပြောရဘူး။
မန်းလေးဆြာပေါက်နဲ့ အပြိုင် ပုံလေးတွေကို နာမည်ပေးထားတာ မိုက်တယ်။ :hee:
MaMa
December 27, 2012 at 9:12 am
လျှာနည်းနည်း ရှည်ချင်လို့။
ခေါင်းစဉ်ကို ဖတ်ပြီး နားမရှင်းဘူး ဖြစ်နေတာ။
ကိုယ်တိုင်ရိုက် အမှန်အကန် လို့ ပြောချင်တာ ထင်ပါရဲ့။
ကိုယ်တိုင် ပြင်ခွင့် ရှိရင်တော့ ပြင်လိုက်စေချင်တယ်။
ပြင်ခွင့် မရှိရင်တော့ သဂျီးကို အကူအညီတောင်းပေရော့။
ခင်ခ
December 27, 2012 at 9:30 am
လိပ်ပြာလေး အဲ လိပ်ပြာကြီး ကိုရိုက်ထားတဲ့ပုံကတော့ လှပါပေ့ဗျာ။
ရွာထဲလည်း ဓာတ်ပုံပညာရှင်တွေ ခုဆိုများလာကြပြီ ရှုခင်းစုံ အလှစုံ မြင်ရတာပေါ့ဗျာ။
ဗုံဗုံ
December 27, 2012 at 1:47 pm
ဦးကြီး ဖိုးထောင် အပေါ်ဆုံးက ပုံလေး ကြိုက်လို့ယူသွားတယ်နော် နောက်တစ်ခါကြုံရင်လည်း ယူအုံးမှာနော်:)
Khaing Khaing
December 27, 2012 at 4:10 pm
ကိုကိုထောင် … ပုံတွေက ကြီးလှချေလား … လှတော့လှတယ် … ပုံမတင်ဘူးတာသိသာတယ် …. အားပေးသွားတယ်နော် ကိုကိုထောင် …….
mashwetote
December 27, 2012 at 4:30 pm
“အကောင်သေးပေမယ့် တစ်ကောင်တည်းနေပါရစေ” ဆိုတဲ့ ပုံလေးကို အရမ်းကြိုက်တယ်။
နောက်တင်မယ့်ပုံတွေကိုလည်း အားပေးဖို့ စောင့်နေမယ်နော်။
မောင်ပေ
December 27, 2012 at 8:00 pm
ဘယ်သူ ့မှ ခရက်ဒစ်မပေးရင်နေပါ
ကျုပ်ကိုတော့ အရက်သစ်ပေးသင့်ပါတယ်လေ
ဟီဟိ
padonmar
December 27, 2012 at 10:47 pm
ညွှတ်ညွှတ်လေးတော့ မူပိုင်တင်ထားပါ။
ဖိုးထောင်
May 6, 2013 at 4:37 pm
အားလုံးသော ကိုကို မမ ဦးဦး ဒေါ်ဒေါ်တို့ကို ကျေးဇူးတင်ပါတယ် လိုတာ အကုန်ယူပါ ခိခိ
ကိုပေါက်(မန္တလေး)
May 6, 2013 at 4:49 pm
ယူလို့ကုန်လောက်မှ ယူပါလာပြောနေသေးတယ်အေ့
ဖိုးထောင်ဘယ်သွားအိပ်ပျော်နေတာလဲအေ့