Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တာ တာ့ ပြရတော့မည်။

ခင္ခDecember 27, 20121min37716

တာ တာ့ ပြရတော့မည်။

 

( တစ်နှစ်ကူးလို့ အသစ်အဖူးဖြစ်ရပြန်လေ

တောတောင်ရေမြေ ကုန်နေရေလေ

သက်ရှိသက်မဲ့ သတ္တဝါတွေ

လောကဓာတ်ကြီး တစ်ခုလုံးဖွင့်လို   မို့

ဒီနှစ်တွင်လည်း ချစ်ချစ်ခင်ခင်

ချစ်ချစ်ခင်ခင် ရွှင်ရွှင်ပျော်ပျော် လေ —————–။ )

 

ဦးသုမောင်ဆိုထားတဲ့ စစ်ကိုင်းတောင်သီချင်းကို ရုံးနားကအလှုတစ်ခုကဖွင့်တာ ကြားမိပြီး ပြက္ခဒိန်လှမ်းကြည့် မိလိုက်တယ်။၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂ရ ရက် နေ့ရောက်ပြီဆိုတော့ နောက် ၄ ရက်လွန်မြောက်ပြီးရင် ၂၀၁၂ ခုနှစ်ကို တာ တာ့ ပြရတော့မှာပါလားနော်။

၂၀၁၂ ခုနှစ်အတွင်း ပြုလုပ်ခဲ့ကြတဲ့ မိမိအတွက် မိမိ မိသားစုအတွက် မိမိဝန်းကျင်အတွက် စားရေး ဝတ်ရေး နေရေး သာရေး နာရေး စတဲ့ ကိစ္စတွေ ဖြေရှင်းဖို့ လုပ်ဆောင်မှု့တွေကို ပြန်ပြီးတွေးတောမိကြပါရဲ့လား ပြန်တွေး ကြည့်ပြီး မမျော်လင့်တဲ့အမှားတွေ မလိုအပ်တဲ့အသုံးတွေ မဖြစ်သင့်တဲ့လုပ်ဆောင်မှု့တွေ ရှိခဲ့တွေးမိခဲ့မယ်ဆိုရင် နောက်နှစ်ကိုသယ်မသွားဘဲ ကောင်းတဲ့ အမူအကျင့် ပြုပြင်ပြောင်းလဲမှု့တွေကို ပြင်ဆင်ပြီး ၂၀၁၃ ခုနှစ်မှာ လက်ရှိအခြေအနေထက် သာလွန် ကောင်းမွန်တိုးတက်အောင် ပြုလုပ်သွားကြဖို့တိုက်တွန်းရင်း ၂၀၁၂ ခုနှစ်ကို နုတ်ဆက် တာ တာ့ ပြကြရအောင်လား ဂဇက်ရွာသူရွာသားအပေါင်း တို့ခင်ဗျ။

လာမည့် ၂၀၁၃ ခုနှစ်မှာလည်း ဂဇက်ရွာသူရွာသားများအားလုံး ချစ်ချစ်ခင်ခင် ရွှင်ရွှင်ပျော်ပျော် နဲ့ ဆက်လက် လက်တွဲသွားနိုင်ကြပါစေကြောင်းဆုမွန်တောင်းလို့ 2013 Happy New Year ကို ကြိုလင့်လိုက်ပါတယ်ဗျာ။

 

ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။

ခင်ခ။

16 comments

  • ခိုင်ဇာ

    December 27, 2012 at 10:51 am

    အချိန်ကုန်မြန်လိုက်တာ ကို ခရယ်။
    အမေ့မေ့ အလျော့လျော့နဲ့ အသက်တွေ တစ်နှစ်ပြီးတစ်နှစ်ကြီးလာပြီ။
    ပုံစံခွက်ထဲက နေ့တွေကလည်း ထူးမခြားနား။
    ဘာပဲ ဖြစ်ဖြစ် ရောက်လာမဲ့ နှစ်သစ်ကိုတော့ ကြိုရမှာပေါ့လေ။
    “နှစ်သစ်ကူး အထူး လျှော့ဈေး” တွေကိုရောပဲ။ :kwi:

  • Novy

    December 27, 2012 at 11:05 am

    တာတာ့ပြရတော့မည်ဆိုလို့ ကိုခတစ်ယောက်ဘယ်ကိုများယွန်းမလို့လဲအောက်မေ့နေတာ
    လက်စသက်တော့ 2012ကို တာတာ့ပြတာကို

    တာတာ့ပါ 2012ရေ

  • Mon Kit

    December 27, 2012 at 11:07 am

    “Bye Bye for year 2012 & Welcome to year 2013.”
    :hee:

    • ခင်ခ

      December 27, 2012 at 11:28 am

      နှစ်သစ်ကူး အထူးလျှော့ဈေး ဆိုပြီး အရင်ရောင်းဈေးကို ဆိုင်ပြင်ထုတ်ရောင်းတာမျိုးနဲ့ ကြုံနေရအုံးမယ်နော်၊
      တစ်ချို့ဆိုင်တွေလုပ်တတ်လို့ သတိပေးတာပါ မခိုင်ဇာရေ၊ ဦးဆုံးကွန်မန့်အတွက် ကျေးဇူးဗျာ။

      အဲဒီခေါင်းစဉ်နဲ့ တင်လိုက်ပြီး ပြန်ဖတ်မှ မနိုပြောသလို တွေးမိသွားသေးတယ်ဗျ။

      same to you ပါ Mon Kit ရေ။

  • မဟာရာဇာ အံစာတုံး

    December 27, 2012 at 12:03 pm

    ကျုပ်ကတော့ …
    ဒီနှစ်ကူးမှာ အချစ်တွေနဲ့ ထူးနိုင်အောင်
    ကျိုးစားလိုက်ချင်ဒယ် ….။
    သို့ပေမယ့် .. သို့ပေမယ့် ပေါ့လေ …

    • ခင်ခ

      December 27, 2012 at 12:17 pm

      ထူးရင်ထူး မထူးရင်ရူးဆိုတော့ အရူးတော့မခံနဲ့
      ထူးသာ ထူးလိုက်စမ်းပါ မောင်အံစာတုံးရေ။

  • ဗုံဗုံ

    December 27, 2012 at 1:37 pm

    တာ့တာ ပြရတော့ဆိုလို့ လန့်သွားတယ် လေးခရယ် လေးခများ ဘုန်းကြီးဝတ်တော့မလားလို့လေ
    2013 မှာ အကောင်းဆုံးတွေနဲ့ ပျော်ရွှင်နိုင်ပါစေ ရှင် 🙂

    • ခင်ခ

      December 27, 2012 at 2:19 pm

      မဗုံဗုံရေ ဘုန်းကြီးဝတ်ကာ တောထွက်ဖို့တော့ မစဉ်းစားနိုင်သေးပါဘူးဗျာ။
      အိမ်ထောင်တာဝန်တွေက ရှိနေသေးတယ်ဗျ။ ဆုတောင်းအတွက် ကျေးဇူးပါ။

  • mobile (mandalay)

    December 27, 2012 at 6:11 pm

    ကြိုတင်ပြီး ဆုတောင်းပေးလိုက်ပါတယ် ကိုခင်ခရေ
    ဟက်ပီး နှစ်သစ်ပါခင်ဗျ။ နှစ်ထောင့်ဆယ်သုံးမှာ ပျော်ရွင်တဲ့
    မိသားစုဘဝလေးနဲ့ အေးအေး ချမ်းချမ်းဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျ။
    ကိုခင်ခရဲ့ နှစ်သစ်ကူး အခါသမယ သတိပေးတာလေးဖတ်လိုက်မှ
    ကိုယ့်ကိုယ်ကို ပြန်ပြီးဆန်းစစ်မိတယ်ဗျ ပြင်သင်တာတွေကို ပြင်ရအုံးမယ်ဗျို့…………………

  • aye.kk

    December 27, 2012 at 6:49 pm

    ချစ်ချစ်ခင်ခင်
    ရွှင်ရွှင်ပျော်ပျော်
    မိတ်ဖော်ဆွေရင်း
    ဂဇက်တွင်းမှာ
    စိတ်ချင်းတူစွာ
    သာယာပျော်မွေ ့
    နှလုံးတွေ ့မည့်
    အသိလိမ္မာ
    စာပန်းရနံ ့
    မွှေးထုံပြန် ့သင်းလှိုင်ရအောင်။။(aye.kk)

  • မောင်ပေ

    December 27, 2012 at 7:54 pm

    ၂၀၁၂ အကုန်ည ၊ နယူးရီးယားညမှာ ရွာသူားအားလုံး စိတ်ချမ်းသာ ဘေးအန္တရာယ်ကင်းစွာနဲ ့ ပျော်ရွှင်နိုင်ကြပါစေဗျာလို ့
    လေးခ ပို ့စ်ကနေ ထပ်လောင်း ဆုတောင်းမေတ္တာပို ့လိုက်ပါတယ်
    အားလုံးသိကြတဲ့အတိုင်း မူးဆူရမ်းကာများအန္တရာယ်က အဓိက ကင်းဝေးကြပါစေဗျား

    • ခင်ခ

      December 27, 2012 at 10:51 pm

      ဆုတောင်းလေးအတွက်ကျေးဇူးပါ ကိုမိုဘိုင် နဲ့ ဆရာပေ ခင်ဗျ။

  • လုံမလေးမွန်မွန်

    December 28, 2012 at 12:12 am

    အားလုံးပဲ မင်္ဂလာနှစ်သစ် 2013 ပါလို့.. 2012 နဲ့ အပိတ်လေးတွေက သိပ်မလှပေမယ့် 2013 မှာ လှလှလေးဖွင့်နိုင်ဖို့ မျှော်လင့်မိပါတယ်…

  • Shwe Phyu

    December 28, 2012 at 8:58 am

    ငယ်ငယ်တုံးကတော့ ကျောင်းရယ်၊စာရယ်၊အိမ်ရယ်၊သူငယ်ချင်းတွေနဲ့ကစားတာ၊ဟေးလားဝါးလားလုပ်တာရယ်။ ဒါတွေဘဲဆိုတော့ အသက်ကလေးရလာတော့ ရက်၊လ၊နှစ် တွေကုန်တာငယ်ငယ်တုံးကထက် မြန်မြန်လာတယ်လို့ခံစားရတယ် (ကိစ္စများမြှောင်တဲ့ လူ့ဘောင်ကို Indenpendent အနေနဲ့ဝင်ရောက်ရပြီဆိုတော့)..
    ဘာဘဲဖြစ်ဖြစ် ၂၀၁၃ ကနေစပြီးတော့ မြန်မာနိုင်ငံအတွက် ကောင်းတဲ့နှစ်သစ်တွေဖြစ်စေချင်တယ်…တကယ်ပဲဆုလည်းတောင်းပါတယ်…
    MG ရဲ့ဝိုင်းတော်သားအားလုံးကိုလည်း ၂၀၁၃ ကနေစပြီးအစစအရာရာတိုးတက်ကြီးပွါးကျန်းမာချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းရင်း………

    • ခင်ခ

      December 28, 2012 at 9:17 am

      လုံမလေးမွန်မွန်ရေ ၂၀၁၃ မှာ လှလှလေးဖွင့်လို့ တစ်နှစ်ပတ်လုံးလည်း စိတ်ကူး အိမ်မက် လှလှလေးတွေ စီကာရီကာ ပိုင်ဆိုင်ရပါစေဗျာ။

      Shwe Phyu ရေ ဝင်ရောက်အားပေးကွန်မန့်လေးအတွက် ကျေးဇူးနော်။ ဆုတောင်းလေးလည်း MG ရဲ့ ဝိုင်းတော်သားတွေ အပြည့်အဝရပါစေလို့။

  • P chogyi

    December 28, 2012 at 11:12 am

    ကျွန်တော်တွေးမိတာက တစ်မျိုးဗျ။
    ”လူတွေက အဟောင်းကိုပစ်ပြီး အသစ်နောက်ကိုလိုက်ဖို့ တာစူနေကြတယ်။”

Leave a Reply