Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ ၁၃ ဂဏန်းနှင့် ကျွန်တော်တို့ ဗိုလ်ချုပ် ´´

ခင္ခJanuary 3, 20131min50913

“ ၁၃ ဂဏန်းနှင့် ကျွန်တော်တို့ ဗိုလ်ချုပ် ´´

 

“ ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဘို့ ဂျပန်ပြည်မှာကွယ်၊ တကယ်ဘဲ အသက်နဲ့လဲလို့ ဆင်းရဲ ဒုက္ခခံကာ ကြံစည်တယ် သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ် xxxxxx xxxxx

ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဘို့ ဂျပန်ပြည်မှာကွယ်၊ တကယ်ဘဲ အသက်နဲ့လဲလို့ ဆင်းရဲ ဒုက္ခခံကာ ကြံစည်တယ် သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ် xxxxxx xxxxx

ငါတို့ဗမာ့ပြည် မိဘတိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေမွေးရမယ်၊ ငါတို့ဗမာ့ ပြည် ……  မိဘ အပေါင်းတို့ကွယ် အာဇာနည်အစစ်ကို ရှိဖို့မွေးရမယ် xxxxxx xxxxxx

ဪ ဘုရင်နောင်နဲ့ ရာဇာဒရာဇ်တို့လို မင်းရဲကျော်စွာ ပမာပုံဆောင် အလောင်းဘုရားတို့လိုကွယ်… ဗမာတိုင်း ဗမာမျိုး အားကိုးလောက်ပေတဲ့ မကြောက်တမ်း မရွံတမ်း ဗမာတွေအောင်ပန်း ဆွတ်ကြရှာလေတယ် xxxxxxxx

ရာဇဝင် အတ္ထုပ္ပတ္တိလည်းရှိရမယ် မော်ကွန်းလည်းထွန်းတောက်တဲ့ မြင့်မြတ်တဲ့ဗိုလ်အောင်ဆန်းရယ် ရာဇဝင် အတ္ထုပ္ပတ္တိလည်းရှိရမယ် မော်ကွန်းလည်းထွန်းတောက်တဲ့ မြင့်မြတ်တဲ့ဗိုလ်အောင်ဆန်းရယ် xxx တိုင်းပြည် အကျိုးစွန့်ခဲ့တဲ့ များဇာနည်နွယ် လွတ်လပ်ဖို့ ဒို့များကိုကျွန်တွင်းမှကယ် ဒို့ဗဗာတွေစိုးမိုးဖို့ မျော်ကြ ရှာလို့ ပေါ်လာတယ် xxxxxxxxxxx xxxxxxxxx xxxxxxxxxx xxxxxxx xxxxxxxxx xxxxxxx

ဗမာ့နိုင်ငံ ထူထောင်ရန်နဲ့ မျိုးရိုးမတိမ်အောင် သူကြံဆောင်လေတယ် နေမျိုးသာဂီ ဗမာ့ပြည်လက်ရုံး ဗမာ့ နိုင်ငံလုံး  ထင်ပေါ်စေတယ် စိတ်အားသန်သန် မန်ကိုမလျောတဲ့ ငါတို့လူမျိုးတန်ခိုးရှိဖို့ သူရဲကောင်းတွေ စုံညီတယ် တကယ်ပင် သတိုးမဟာဗန္ဓုလနယ် စွမ်းသတ္တိရာဇဝင်ပြောင်တယ် သားကောင်းများလို့ ခေါ်ရ လောက် ပေတယ် ဥဒါန်းတွင်စေဖွယ် ဗမာ့သူရဲကောင်းအပေါင်းတွေရယ် xxxxxxxxxxxxx xxxxxxxx

ရာဇဝင် အတ္ထုပ္ပတ္တိလည်းရှိရမယ် မော်ကွန်းလည်းထွန်းတောက်တဲ့ မြင့်မြတ်တဲ့ဗိုလ်အောင်ဆန်းရယ် ရာဇဝင် အတ္ထုပ္ပတ္တိလည်းရှိရမယ် မော်ကွန်းလည်းထွန်းတောက်တဲ့ မြင့်မြတ်တဲ့ဗိုလ်အောင်ဆန်းရယ် xxxxxxxxxxxx တိုင်းပြည်အကျိုးစွန့်ခဲ့တဲ့ များဇာနည်နွယ် လွတ်လပ်ဖို့ ဒို့များကိုကျွန်တွင်းမှကယ် ဒို့ဗဗာတွေစိုးမိုးဖို့ မျော်ကြ ရှာလို့ပေါ်လာတယ် xxxxxxxxxxx xxxxxxxxx xxxxxxxxxx ´´

မနက်ရုံးအလာ မော်တော်ကားမောင်းလာရင်း မီးပွိုင့်လမ်းဆုံတစ်ခုမှာ ကားရပ်ထားစဉ် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်လို့တင်စားလောက်တဲ့ အထက်မှာရေးထားသော ဗိုလ်ချုပ်အောင်ဆန်း အတွက်စပ်ဆို ထားခဲ့ကြတဲ့ သီချင်းလေး ကို ကြားခဲ့ရပြီး မနက်ဖြန်ရောက်ရှိမယ့် ၂၀၁၃ ခုနှစ်အတွက် လွတ်လပ်ရေးနေ့ အမှတ်တရပိုစ့်လေး ရေးမယ် လို့စိတ်ကူးစဉ်စားလိုက်တော့ အခုက ၂၀၁၃ ခုနှစ်ဆိုတော့ ၁၃ ဂဏန်းနဲ့ အဆုံးသပ်ထားတဲ့နှစ်ဖြစ်တာကြောင့် အဲဒီ ၁၃ ဂဏန်းနဲ့ပက်သက်ပြီ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ရေးခဲ့ပုံကို ဖတ်ဖူးတဲ့စာပေထဲကနေ ပြန်လည်ပြီး “ ၁၃ ဂဏန်းနှင့် ကျွန်တော်တို့ ဗိုလ်ချုပ် ´´ လို့ခေါင်းစဉ်ပြုကာ လွတ်လပ်ရေးနေ့အမှတ်တရ မျှဝေရေးလိုက် ပါတယ်။

၂၀၁၃ ခုနှစ်ဟာ ၁၃ ဂဏန်းနဲ့ ဆုံးတဲ့အတွက် “၁၃” ဂဏန်းသည် အနောက်တိုင်းတွင် နိမိတ်မကောင်းသော ဂဏန်းအဖြစ် မှတ်ယူထားကြသည်။ အရှေ ့တိုင်းတွင်လည်း “၁၃” ဂဏန်းသည် လာဘ်ကောင်းလေ့မရှိ။ လေယာဉ်ပျံများတွင် “၁၃” နံပါတ် ထိုင်ခုံမပါ။ ဟိုတယ်အတော်များများ၌ “၁၃” နံပါတ် အခန်းမရှိ….. ဆိုတာ လေး တွေ့လို့ပါ…… ၁၃ ဂဏန်းကို လေယာဉ်ပျံထိုင်ခုံတွေမှာ ထားလေ့မရှိဆိုပေမယ့် လေယာဉ်ပျံတိုင်းမှာ ၁၃ ယောက်မြောက် ခရီးသည်တော့ ရှိသလို ၁၃ ယောက်မြောက် တည်းခိုတဲ့ဧည့်သည်လည်း ဟော်တယ်တွေမှာ ရှိတာပါပဲ… ဥပဒါန်ကြောင့် ဥပါဒ်ရောက်မှာ စိုးပါတယ်…..

ဗိုလ်ချုပ်အောင်ဆန်းကို မွေးခဲ့တာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဖြစ်ပါတယ်…. ၁၃ ဂဏန်းဟာ နိမိတ် မကောင်းဘူးဆိုရင် ၁၃ ရက်နေ့မှာ မွေးဖွားခဲ့သူတစ်ယောက်က မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် စွမ်းဆောင် ပေးခဲ့တာ မမေ့ဖို့ လိုအပ်ပါတယ်…. ၁၃ ဂဏန်းနဲ့ ပါတ်သက်လို့ ဗိုလ်ချုပ်ရဲ့ အမြင်ကို သူကိုယ်တိုင်ရေးခဲ့တဲ့ အတ္ထုပ္ပတ္တိမှာ ဒီလိုရေးခဲ့ပါတယ်…..

လူတိုင်းလိုလိုပင် ဂဏန်း ၁၃ ကို အထူးတလည် ကြောက်ရွံ့ကြလေသည်…. အမှန်စင်စစ်ကိုသာ သိကြလျင်မူ ဂဏန်း ၁၃ သည် သူတို့ထင်သလောက် နိမိတ်မကောင်းသည့် ဂဏန်းမဟုတ်ချေ….. ဂဏန်း ၁၃ နှင့် သက်ဆိုင်သော အရုပ်ကားကို အမျိုးမျိုး အဖုံဖုံ ရေးကြဆွဲကြသော်လည်း အမြဲတစေ သဘောတစ်ခုထဲပင် ဆောင်လေသည်…..

ထိုပုံတွင် လယ်ထဲ၌ အရိုးစုတစ်ခုသည် ကောက်ရိတ်လျက်၊ ၎င်း၏ခြေနှင့်လက်များသည် အသစ်ပေါက်သော မြက်တောထဲမှ ထိုးထောင်နေ၏….. သရဖူဆောင်းထားသည့် ယောက်ျားဦးခေါင်းတစ်လုံးသည် ဆံပင်ကို ခေါင်းအလယ်တည့်တည့်တွင်ခွဲကာ ဖားလျားချပြီး နောက်ပိုင်းနားတွင် ပေါ်ထွက်နေသည်…..

ဤမျှ ထူးဆန်းထွေလာ အတိတ်ပြ၊ နိမိတ်ပြ အဓိပ္ပါယ် နက်နဲလှသောအရုပ်ကား၏ အမှန်သဘောကို လှန်လှော ၍ သိရှိနားလည်ရန် ဂဏန်း ၁၃ မှ ၁ နှင့် ၃ နှစ်ခုပေါင်းရသော ၄ ဂဏန်းတစ်ခုတည်း၏ အဓိပ္ပါယ်ကို ပြန်ပြောင်း စိစစ်ရပေမည်….. ၄ ဂဏန်းတစ်လုံးသည် သူကိုယ်တိုင်ကပင် ထူးဆန်းသော ဂဏန်းတစ်လုံးဖြစ်သည်။ ဤဂဏန်းစီးနင်းခြင်း ခံရသ ူလူများသည် အထင်လွဲ အမြင်လွဲ ခံရတတ်၏….အဖော်မပါပဲ တစ်ကိုယ်တည်းသာ နေရတတ်၏…. မိမိတို့အား အမြဲတစေ တိတ်တဆိတ်ကြိတ်၍ ကြံစည်သော ရန်သူများနှင့် အတိုက်အခံပြုရ တတ်၏…… ရပ်ရွာကိစ္စ၊ အစိုးရကိစ္စတို့တွင် ထုံးတမ်းစဉ်လာကို မှတ်၍ ခေတ်ပြောင်းတော်လှန်တတ်ကြသည်၊ ၄ ဂဏန်းစီနင်းထားသူတို့သည် အမျိုးစုံသော လူမှုရေးပြဿနာများ၊ ခေတ်ပြောင်းပြုပြင်ရေးကိစ္စများကို ဆောင်ကြဉ်းရန် ဝါသနာပါကြသည်….. သူတို့သည် အထက်အာဏာပိုင်များကို ပုန်ကန်ခြားနား၍ သမ္မတ နိုင်ငံတော်သစ်ကိုလည်းကောင်း၊ ထီးသစ် နန်းသစ်များကိုလည်းကောင်း တည်ထောက်စိုက်ထူတတ် လေသည်…..

၁၃ ဂဏန်းသည် ဤအထက်တန်းကျသော ဂုဏ်ပုဒ်တို့နှင့် အားလုံးပြည့်စုံသည်သာမက ပို၍ပင် နက်နဲထက် မြက်ပေ၏….. အထက်ပါကိုင်ရို၏ ဟောစာတမ်းသည် ကျွန်ုပ်အတွက်မူ ယခုထိ တစ်စိတ်တစ်ဒေသ မှန်သင့် သလောက် မှန်ခဲ့ချေပီ….. ဗေဒင်ပညာ၌ ဤသို့သော မှန်နိုင်သည့် သတ္တိတစ်ခုခုရှိဟန်တူလေသည်… သို့ရာ တွင် ထိုဗေဒင်၏ သဘာဝကို လုံးဝနားလည်ကာ စနစ်တကျ လောကဓါတ်ပညာတစ်ရပ်ဖြစ်အောင်စုရေးကာ ထိုပညာတွင် ပါရှိသည့် မှန်ကန်အောင် အဟောထုတ်နိုင်ခြင်းဆိုင်ရာ အဓိကဖြစ်သော အခြေခံအကြောင်း တရားကို ဗေဒင်ပညာလိုက်စားသူတို့ ရှာဖွေတွေ့ရှိလာသော အချိန်အခါထိ စောင့်ဆိုင်းနေကြရပေသည်….. လို့ ဗေဒင်ပညာနဲ့ ၁၃ ဂဏန်း၊ ၄ ဂဏန်းကို ဗိုလ်ချုပ်ရဲ့ လေ့လာမှုနဲ့ ထင်မြင်ယူဆချက်တွေပါ……

ဒီအတွက် မလိုအပ်တာကို တွေးပီး စိတ်ပူနေမယ့်အစား၊ မိမိ လုပ်သင့်တာကို အကောင်းဆုံး လုပ်ဆောင်သွား ကြရင်း အပြန်အလှန် ကိုယ်ချင်းစာစိတ်လေးများနဲ့ မိမိတာဝန်သိသိ နေ့တဓူဝ လုပ်ဆောင်သွားကြရင်ဖြင့် လှပတဲ့ အနာဂါတ်တွေ ပိုင်ဆိုင်မှာပါလို့ပဲ ဆိုပါရစေ။

လွပ်လပ်ရေး ဟူသော အရသာကို မြန်မာပြည်သူအပေါင်း နေရာတိုင်း အချိန်တိုင်း လူမျိုးတိုင်း ပြည်သူတိုင်း ပြည့်ဝစွာ ခံစားစံစားနိုင်ကြပါစေလို့။

 

ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။

ခင်ခ။

13 comments

  • ကြည်ဆောင်း

    January 3, 2013 at 11:54 am

    ကြည်ဆောင်းက မွေးဂဏန်း 4 မို့လို့လားမသိ 13 ဂဏန်းကိုသိပ်မကြောက်ဘူးရယ်..
    ပေါင်းလိုက်ရင် 4 ဘဲရတာလေ..
    ဗိုလ်ချုပ်အတွက်စပ်ဆိုထားတဲ့သီချင်းလေးကတော့ တကယ်ကြိုက်တယ်

    • ခင်ခ

      January 3, 2013 at 12:09 pm

      ဦးဆုံးကွန့်သူ ကြည်ဆောင်းရေ ကျေးဇူးတင်သလို အဲဒီ ဗိုလ်ချုပ်သီချင်းက ခေတ်အဆက်ဆက် ဆိုခဲ့ကြတာ အခုတိုင် မရိုးနိုင်ဘဲပေါ့ဗျာ။ ကျွန်တော်လည်း အရမ်းကြိုက်ပေါ့ဗျာ။

  • ခိုင်ဇာ

    January 3, 2013 at 12:26 pm

    ၁၃ ဂဏန်းတော့ အယူသည်းတဲ့ သူထဲ ကျနော် မပါပါဘူး။
    ဖေဖော်ဝါရီ ၁၃ မွေးတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ ကြောက်တတ်လိုက်တာမှ ယောင်္ကျားလေးနဲ့မတူအောင်ပဲ။
    ဗိုလ်ချုပ်လို လူမျိုး သတ္တိရှိတယ်၊ တော်တယ်၊ ထက်တယ်၊ အကြံကြီးတယ် ဆိုတာတော့ ၁၃ ဂဏန်း နဲ့လည်း မဆိုင်လောက်ဘူးလားမသိ။
    ဘာပဲဖြစ်ဖြစ် သီချင်းစာသားလေး ကူးသွားတယ်။ ကျေးဇူးပါ ကိုခ။
    အလုပ်လျှောက်ချင်ရင် ဦးစားပေးနေရာပေးပါ့မယ်။ :kwi:

    • ခင်ခ

      January 3, 2013 at 12:53 pm

      အထက်က ၁၃ ဂဏန်းအဟောသည် ဆရာကြီးကိုင်ရိုရဲ့ အဟောကို ဗိုလ်ချုပ်ဖတ်ပြီး ပြန်ပြောတဲ့အကြောင်း ဗိုလ်ချုပ်အတ္ထုပ္ပတ္တိမှ ဖတ်ခဲ့ဖူးတာပါ။
      မွေးဖွားချိန် မွေးဖွားခုနှစ် ကာလ အဲလိုတွေပေါ်မူတည်ပြီးလည်း အဟောတွေက ကွာမလားဘဲပေါ့ မခိုင်ဇာ ခင်ဗျ။ သေချာတော့သိပါဘူးလေ။

  • ခင်ခ

    January 3, 2013 at 12:48 pm

    အထက်က ၁၃ ဂဏန်းအဟောသည် ဆရာကြီးကိုင်ရိုရဲ့ အဟောကို ဗိုလ်ချုပ်အတ္ထုပတ္တိမှ ဖတ်ခဲ့ဖူးတာလေ။
    မွေးဖွားချိန် မွေးဖွားခုနှစ် ကာလ အဲလိုတွေပေါ်မူတည်းပြီးလည်း အဟောတွေက ကွာမလားဘဲပေါ့ မခိုင်ဇာ ခင်ဗျ။

  • ဟာ !!!
    ကျုပ်လည်း အခုမှ ကျိမိတယ် …
    ၁၃ ဂဏန်းပိုင်ရှင်ဘာဒဂါးးးး :mrgreen:
    နောက်ဒါဘာ …..။

    ဟော်တယ်တွေ၊ လေယာဉ်တွေမှာ
    ၁၃ ဂဏန်းမရှိတာ ခုမှ သိရသဗျာ ..
    ကျေးဇူးပါ …..။

    ဒါ့နဲ့ .. ကျုပ်တို့ ဗိုလ်ချုပ်လည်း ..
    ခုများ အချိန်မှာ ဘယ်ဆီ ဘယ်ဝယ်မှာပါလိမ့် .. 🙄

  • aye.kk

    January 3, 2013 at 3:12 pm

    လေ့လာထားမိ။သတိပြုထားမိတာလေး။
    အမြင်ကိုပြောပြချင်ပါတယ်။
    လေးဂဏန်းပိုင်ဆိုင်သူအတော်များများဟာ
    သူ ့ရဲ ့ဆန် ့ကျင်ဖက်ဖြစ်တဲ့၊ရန်ဖက်ပေါ့နော်။
    တစ်နည်းပြောရရင်။အတိုက်အခံနဲ ့တွေ ့ရင်။
    ရန်ကိုအောင်မြင်အောင်။ဖောက်ထွက်ကျော်လွှားနိုင်ကြပါတယ် ။
    အောင်မြင်နိုင်ကြတဲ့သူတွေအဖြစ်။အတော်များများတွေ ့ရှိရပါတယ်။
    လေးဂဏန်းရဲ ့သဘောသဘာဝက။အတိုက်အခံတွေ ့လာရင်။
    အတိုက်အခံကိုဆန် ့ကျင်တွန်းလှန်နိုင်တဲ့။အစွမ်းသတ္တိခွန်အားတွေရှိနေခြင်းပါဘဲ။။

    • ခင်ခ

      January 3, 2013 at 3:22 pm

      ( ဒါ့နဲ့ .. ကျုပ်တို့ ဗိုလ်ချုပ်လည်း ..
      ခုများ အချိန်မှာ ဘယ်ဆီ ဘယ်ဝယ်မှာပါလိမ့် .. )
      ကိုအံစာတုံးရဲ့ အတွေးအမေးကို ကျွန်တော်တော့ ဖြေနိုင်ပေါင်။

      မအေးရေး ခုလိုထပ့်ဆင့်ဖြည့်စွက်ရေးပေးတဲ့အတွက် ကျေးဇူးပါဗျာ။

  • မောင်ပေ

    January 3, 2013 at 7:42 pm

    အရှေ ့တောင်အာရှသားမို ့ ၊ ၁၃ဂဏန်းဆိုတာကို သိပ်အာရုံမစိုက်ကြောင်းပါ ဖလာ့

  • ဦးဦးပါလေရာ

    January 4, 2013 at 12:56 am

    ကျုပ်လဲ ၁၃ ဂဏန်းသမားပဲ
    ကောင်းသလား မကောင်းသလားဆိုတာကတော့ လူရဲ့အကြိုက်ပေါ်မှာမူတည်ပါတယ်…။
    စိန်ခေါ်မှု့တွေကို ရင်ဆိုင်ရခြင်းမှာ…
    ပြဿနာတွေကို ဖြေရှင်းရခြင်းမှာ…
    အခြေအနေသစ်တွေကို ဖန်တီးရခြင်းမှာ…
    အဲဒါတွေမှာပျော်မွေ့တတ်ရင် ၁၃ ဂဏန်းဖြစ်ရတာ ကောင်းတယ်လို့ပြောလို့ရတယ်။
    အဲလိုလူမျိုးက ရေကိုဆန်တက်ရသလို အမြဲလှော်နေရတာ
    နားအေးပါးအေးတော့ တသက်လုံးနေရမယ်မဟုတ်ဘူး..။

  • သမီးလည်း ၁၃ ဂဏန်းကို အယူမသည်းပါဘူး… သိပ်မယုံကြည်တာလည်း ပါမှာပေါ့နော်….

    ဗိုလ်ချုပ်သီချင်းကိုတော့ ဘယ်လောက်ကြိုက်လဲဆိုရင် အဲ့ဒီ ရာဇဝင်အထ္ထုပတ္တိဆိုတဲ့ နေရာကို ဖုန်း ringtone လုပ်ချင်နေတာ..အခုလောလောဆယ်တော့ နိုင်ငံတော်သီချင်းတီးလုံးထည့်ထားတယ်.. :mrgreen:

  • ခင်ခ

    January 5, 2013 at 8:28 am

    ဝင်ရောက်အားပေးကွန်မန့်ရေးကြသော မျိုးချစ်ဇာနည် များအား ကျေးဇူးပါခင်ဗျ။

Leave a Reply