အရင်က မြန်မာနိုင်ငံ
သူကြီးမင်းရဲ့ ခရီးသွား မှတ်တမ်း စတန်းဖို့ကျောင်းကြီး ကတစ်ဆင့်ပွါးသွားတဲ့ စာစုလေးပါ။
အားလုံးထဲမှာ ရှေးကျလှတဲ့ အောက်စ်ဖို့ က လောကဓာတ်ပညာကျောင်းကြီးကို ၁၁ရာစု (1096 ) လောက်မှစပြီး သင်ကြားနေချိန် မြန်မာပြည်မှာ အဲဒီအချိန် ဘာတွေများ ဖြစ်နေ၊ လုပ်နေခဲ့လဲ ဆိုတာ သိ ချင်တာ နဲ့ မြန်မာမင်းဆက်များ စာရင်း ကို ဝီကီပီးဒီးယား ကနေ ကြည့်ပြီး ပြုစုလိုက် ပါတယ်။
မှားနိုင်ပါတယ်။
အမှား တွေ့ပါလျှင် ပြင်ပေးကြပါ။ ဒါမှမဟုတ် ပိုပြီး ပြည့်စုံအောင်လဲ ဖြည့်စွက် ပြီး ပါဝင်ပူးပေါင်းပေးပါလို့ လဲ ပန်ကြားပါတယ်။
ပြောခဲ့တဲ့ အောက်စ်ဖို့ လောကဓာတ်ပညာကျောင်းကြီး စာစသင်တဲ့ နှစ် 1096 က မြန်မာပြည်မှာ အနော်ရထာမင်းပြီးလို့ ကျန်စစ်သားမင်း လက်ထက်ပေါ့။
အဲဒီအချိန် အမေရိက နိုင်ငံ ဆိုတာမဖြစ်သေး။
United States of America ဆိုတာ 1492 မှာ (၁၅ ရာစု) ကိုလန်ဘတ်စ် ကတွေ့ နောက်ပိုင်း အင်္ဂလိပ် ကိုလိုနီဖြစ် ဇူလိုင် ၄ရက် 1776 (၁၈ရာစု) မှာ လွတ်လပ်ရေးရ။ အခုမှာတော့ ကမ္ဘာ့ ထိပ်ဆုံးနိုင်ငံဘဲ။
1492 ခု ဆိုတာ မြန်မာပြည်မှာ အင်းဝခေတ် – မင်းခေါင်(၂) အုပ်စိုးချိန်
1776 ခုနှစ်မှာက ကုန်းဘောင်ခေတ် – စဉ့်ကူမင်း လက်ထက်
အမေရိက နိုင်ငံ ရဲ့ စတန်းဖို့ ကျောင်းတည်ထောင်တဲ့ 1891 မှာတော့ သီပေါမင်း ပါတော်မူပြီး မြန်မာပြည် အင်္ဂလိပ်လက်အောက် အချိန်ပါ။
ကျေးဇူးရှင်ဝီကီ တန်ခိုး နဲ့ စုဆောင်းထားတဲ့ မြန်မာမင်းဆက် အချက်အလက် လေးတွေ
အပြည့်အစုံ မဟုတ်ပေမဲ့ နှစ်တွေ ဆက်သွားအောင် စုထားပါတယ်။
တစ်ချို့နှစ်တွေ မှာ ခေတ်အပြိုင် မင်းအပြိုင်တွေ လဲ ရှိပါတယ်။
အေဒီ ရရာစု (600-700) နောက်ပိုင်း ယူနန်အနောက်ပိုင်း နန်စောနိုင်ငံ ကနေ ရွှေ့လာတယ်လို့ ယူဆရတဲ့ ပျုမင်းဆက်တွေရှိခဲ့တယ်။
မင်းအမည်တွေက
ပျုစောထီး၊ ထီးမင်းယာဉ်၊ ယာဉ်မင်းပိုက်၊ ပိုက်သေည်လည်၊ သေည်လည်ကြောင်၊ ကြောင်တူရစ် လို့ ခေါ်ဆိုလား။
နန်စောနိုင်ငံ ကနေ ရွှေ့လာတယ်လို့ ယူဆရတဲ့အကြောင်းက နန်စောမင်း တွေ ရဲ့ အမည်ကလဲ အဖေ့နောက်ဆုံးစာလုံးကို သားရဲ့ ပထမ စာလုံး ယူသုံးလို့ ထင်ကြတာလဲ ဖြစ်မလားဘဲ။
လော်ရှန့်၊ ရှန့်လော်ဖီ၊ ဖီလော်ကော၊ ကောလော်ဖွင့်၊ ဖွင့်ကျာယီ၊ ယီပိုယွန် လို့ ဆိုပါတယ်။
(အမည်များကို ဗိုလ်မှူး ဘရှင် ၏ “အနော်ရထာအရင်က မြန်မာနိုင်ငံ” မှ ကူးယူပါသည်)
အေဒီ ၈၃၅မှာ ပျုနိုင်ငံပျက် အရည်းကြီး တွေ ကြီးစိုးပြီး ပြည် (အလယ်ပိုင်း) ပျက်လု ဖြစ်နေချိန် ပုဂံမင်းဆက် နဲ့ ပြန်စတာထင်ရဲ့။
စရရင်
ပုဂံမင်းဆက်
(1) ညောင်ဦးစောရဟန်း 924-1001
(2) ကွမ်းဆော်ကြောင်းဖြူမင်း 1001-1021
(3) ကျည်းဆိုး 1021-1038
(4) စုက္ကတေး 1038-1044
(5) အနော်ရထာမင်း 1044-1078
(အနော်ရထာမင်း လက်ထက်မှာ ယဉ်ကျေးမှု၊ တိုင်းရင်းသားစည်းလုံးမှု တိုးတက်၊ ပထမ မြန်မာနိုင်ငံ တည်ထောင်နိုင်ခဲ့ပါသည်)
(6) စောလူးမင်း 1078-1084
(7) ကျန်စစ်သား 1084-1113
(8) အလောင်းစည်သူ 1113-1167
(9) နရသူ 1167-1171
(10) နရသိင်္ခ 1171-1174
(11) နရပတိစည်သူ 1174-1211
(12) ထီးလိုမင်းလို 1211-1235
(13) ကျစွာ 1235-1249
(14) ဥဇနာ 1249-1256
(15) နရသီဟပတေ့ 1256-1287
(16) ကျော်စွာ 1289-1297
(17) စောနှစ် 1297-1325
(18) ဥဇနာ(၂) 1325-1368
(ပုဂံ နောက်ဆုံးမင်းဆက်)
အင်းဝမင်းဆက်
(1) သတိုးမင်းဖျား (Founder) 1364-1367
(2) စွာတော်ကဲ 1367-1400
(3) တရဖျား 1400-1400
(4) မင်းခေါင်(၁) 1400-1422
(5) သီဟသူ 1422-1425
(6) မင်းလဂဲ 1425-1425
(7) မောင်ညို 1425-1426
(8) မိုးညှင်းသတိုး 1426-1439
(9) မင်းရဲကျော်စွာ 1439-1442
(10) သီဟသူရ 1468-1480
(11) မင်းခေါင်(၂) 1480-1501
(12) ရွှေနန်းကျော့ရှင် နရပတိ 1501-1527
(13) သိုဟန်ဘွား 1527-1542
(14) ခွန်မိုင်း 1542-1546
(15) မိုးဗြဲနရပတိ 1546-1552
(16) စည်သူကျော်ထင် 1552-1555
(အင်းဝ နောက်ဆုံးမင်းဆက်)
တောင်ငူမင်းဆက်
(1) မင်းကြီးညို (Founder) 1510-1530
(2) တပင်ရွှေထီး 1530-1551
(3) ဘုရင့်နောင် 1551-1581
(4) နန်ဒဘုရင် 1581-1599
(5) ညောင်ရမ်းမင်း 1599-1606
(6) အနောက်ဖက်လွန်မင်း 1606-1628
(7) မင်းရဲဒိဗ္ဗ 1628-1629
(8) သာလွန်မင်း 1629-1648
(9) မင်းတလဲ 1648-1661
(10) ပြည်မင်း 1661-1672
(11) နရာဝရ 1672-1673
(12) မင်းရဲကျော်ဒင် 1673-1698
(13) စနေမင်း 1698-1714
(14) တနင်္ဂနွေမင်း 1714-1733
(15) မဟာဓမ္မရာဇာဓိပတိ 1733-1752 ( နောက်ဆုံး တောင်ငူ မင်းဆက်)
ကုန်းဘောင်မင်းဆက်
(1) အလောင်းဘုရား (Founder) 1752-1760
(2) နောင်တော်ကြီး 1760-1763
(3) ဆင်ဖြူရှင် 1763-1776
(4) စဉ့်ကူမင်း 1776-1782
(5) ဖောင်းကားစားမောင်မောင် (၆ ရက်)
(6) ဘိုးတော်ဘုရား 1782-1819
(7) ဘကြီးတော် 1819-1837
(8) သာယာဝတီမင်း 1837-1846
(9) ပုဂံမင်း 1846-1853
(10) မင်းတုန်းမင်း 1853-1878
(11) သီပေါမင်း 1878-1885 (ကုန်းဘောင် သာမက မြန်မာ့ နောက်ဆုံး မင်းဆက်)
အဲဒီ စာရင်းထဲ က မင်းတိုင်း မှာ သူ့သမိုင်း နဲ့သူ ရှိပြီး ကျန်ပါတယ်။
တစ်ချို့လဲ ကောင်းခြင်းများနဲ့ တစ်ချို့လဲ ရွံ့မုန်းစရာများနဲ့ ရာဇဝင် တွင်ပါတယ်။
အများ သိတဲ့အတိုင်း 1885 သူများ လက်အောက်ခံ ဖြစ်ပြီး နှစ်ပေါင်း ၆၃နှစ် ကြာ အပြီး1948 မှာ လွတ်လပ်ရေး ရပါတယ်။
ဒီနေ့ ဆို လွတ်လပ်ရေး ရတာ ၆၅နှစ်ပေါ့။။
၁၈၈၅ ကနေ ၁၉၄၈ – ၆၃နှစ် အတွင်း မြန်မာပြည် တိုးတက်မှု …
နဲ့
၁၉၄၈ ကနေ ၂၀၁၃ – ၆၅နှစ် အတွင်း မြန်မာပြည် တိုးတက်မှု …
တိုင်းပြည် နဲ့ လူထုကို သူများကျွန်ဘဝ ကလောက်တောင် လူရောင်မထွက် အောင် စီမံခန့်ခွဲထားနိုင်သူ တာဝန်ရှိသူ အားလုံး ရှက်တတ်ရင် ရှက်ကြပါ။
ကိုယ့်ဝမ်းဝဖို့ ဘဲ ကြည့်တာတွေ ရပ်ကြပါတော့။
နေရာ အတွက် စစ်မက်တွေ ဖြစ်တာ ရပ်ကြပါတော့။
တိုင်းပြည်ကို ဆက်ပြီး ဒုက္ခမပေးကြပါနဲ့။
မဟုတ်လို့ ဒီအတိုင်း အသုံးမကျသူ အာဏာရူး တွေ ဆက်အုပ်ချုပ် နေရင်တော့ မြန်မာ့သမိုင်းက ရက်စွဲ တွေ ထဲ မှာ ကောင်းကျိုးရလာဒ် အဖြစ်အပျက် တွေ ကို ဘယ်တော့မှ မော်ကွန်းတင်ရမှာ မဟုတ်ပါဘူး။
ကိုယ့် ရဲ့ နောင်မျိုးဆက် တွေအတွက် အစစ်အမှန်စေတနာထားဖို့ အချိန်ရောက်ပါပြီ။
ကိုယ့် မလုပ်နိုင်တာ၊ မလုပ်တတ်တာ သိကြပါ။
တိုင်းပြည် အတွက် တကယ်လုပ်နိုင်သူ လက်ထဲ ကို ရသင့်တဲ့ အာဏာ ပါဝါ လွှဲပေး လိုက်ကြပါ လို့ တောင်းပန်လိုက်ပါတယ်။
သမိုင်းဆိုတာ အမြဲကျန်ရစ် တတ်တဲ့ သဘော ရှိတာ မမေ့ကြပါနဲ့။
ကောင်းသောပြောင်းခြင်း နဲ့ ကိုယ့်သမိုင်း ကို အရုပ်ဆိုးအကျည်းမတန်ရလေအောင် ရေးသွားနိုင်ကြပါစေ။
(အင်တာနက် မှ ဝီကီပီးဒီယား (http://en.wikipedia.org/wiki/Thibaw_Min) ကို သုံး၍ စုဆောင်းထားသော အချက်အလက်များ ဖြစ်ပါတယ်။)
35 comments
surmi
January 4, 2013 at 8:49 am
အချိန်ကိုက်ပဲအရီးရေ…
လွတ်လပ်ရေးနေ ့မှာ မလွတ်မလပ်အကြောင်းတွေ ပြန်သတိယစေတာပေါ့
နှစအလနုက်နှိုင်းယှဉ်ကြည် ့ရင်တော ့စိတ်ပျက်စရာပါ
ကိုယ် ့ဆီမှာ ကွေးကွေး ကောက်ကောက် အက္ခရာတွေကိုပုံတူကူးပြီး
ကျောက်စာထွင်းနေချိန်မှာ သူတို ့ဆီမှာ တက္ကသိုလ်ကြီးတွေဖွင် ့နေပြီ
ဒိုင်းးးးး ကနဲအသံမည်ပြီး ကားး ကနဲသေသွားအောင်သေနတ်နဲ ့ပစ်နေချိန်မှာ
ကျုပ်တို့ ့တွေက မျှားချွန်တုန်း ………
ခုလည်း ……. အင်တာနက်ကိုမှီငြမ်းပြီး သင်ကြားနေချိန်မှာ
ကျနော်တို ့ဆီမှာ လော်ဂရစ်သမ် ကျကွဲတာ ခေတ်မတုန်းသေးးး…..
နောက်မှထပ်လာခဲ ့ဦးမယ် …..
အရီးခင်လတ်
January 4, 2013 at 8:17 pm
ကိုဆာမိ ရေ
ဝင်ပြီး ဆွေးနွေးပေးလို့ ကျေးဇူးပါရှင်။
ကိုဆာမိ ပြောသလိုပါဘဲ။
သူများဆီမှာ လောကဓာတ်ပညာ စနေချိန် မြန်မာပြည် မှာ ဘုရားတွေတည် တာကတော့ အများကြီး ရှိပါတယ်။
ကိုယ့်ဟာကိုယ် နွား ခြေရာခွက် ထဲမှာ ရှိစဉ်ကတော့ ပုဂံဘုရားလက်ရာ တွေဟာ အလွန် အံ့မခန်း ပြောင်မြောက် တာပေါ့။
ဒါပေမဲ့ အပြင်ထွက်ချိန် မှာ တစ်ခြားသူတွေ အမြင် ကတော့ မြန်မာပြည်ရဲ့ ဗိသုကာပညာ ဟာ အရမ်းအားနည်း တယ် လို့ ဝေဖန်ပါတယ်။
မှားတဲ့ အမြင်လဲ ဖြစ်နိုင်ပါတယ်။
ဥပမာ – မနုဟာဘုရား က ကျောင်းဆောင်သေးသေးလေး ထဲမှာ ကြပ်ပြီး ရှိနေရတာက ဘုရားအကြီးကြီး ဆောက်ပြီး တော့ အဲဒါထက် မြင့်တဲ့ အဆောက်အဦး အတွက် မလုပ်နိုင်လို့ သေးသွားတာ လို့ ပြောကြတယ်။
မြန်မာ့သမိုင်းထဲ မှာတော့ အကျဉ်းကျ နေရတဲ့ ခံစားမှုတွေကို သူများတွေလဲ သိအောင် တမင်ကျဉ်းကျဉ်း ဆောက်တာတဲ့။
အမှန်က ဘာလဲ လို့တော့ တကယ်မသိပါဘူး။
အခုခေတ်မှာလဲ တစ်ချို့ ဘုရားတွေ (ဥပမာ – ပြည်မှာ ၁ဝထပ်ကြီး) ဘယ်လိုမှ တန်ဆောင်းကို ဆောက်လို့ မရဘူးပြောပါတယ်။
တကယ်ဖြစ်ချင်ရင် နည်းပညာ အမှန် ကို လေ့လာပြီး မဖြစ်ဖြစ်အောင် ဆောက်သင့်ပါ တယ်။
အခုတော့ ရာဇဝင်ထဲက ကျိမ်စာ ဆိုတာ တွေ က လက်တွေ့မှာ ယူထားဆဲဘဲလား။
တစ်ချို့ အယူအလွဲ တွေ က တိုးတက်ဖို့ အမှန်ကို ဖုံးထားသလို ဖြစ်နေသလား လို့ပါ။
ကျွန်မ လဲ မြန်မာလူမျိုးပါ။ ကိုယ့် လူမျိုး ကို ချစ်ပြီး ဂုဏ်ယူပါတယ်။
ဒါပေမဲ့ မှန်သည်ဖြစ်ဖြစ် မှားသည်ဖြစ်ဖြစ် ကိုယ့်ကို သူများတွေ ဘယ်လို မြင်တယ် ဆိုတာ မသိရင် သူများထက် သာဖို့ မပြောနဲ့ သူတို့ နဲ့ ယှဉ်ပြီး နေနိုင်ဖို့တောင် မလွယ်ဘူး။
ကျွန်မ တို့ မညံ့ဘဲနဲ့ သူများနောက်ကျန်နေရတာတော့ ဝမ်းနည်းဖွယ်ပါဘဲ။
ခိုင်ဇာ
January 4, 2013 at 9:05 am
ရာဇဝင်ကိုကြည့်လိုက်တော့ ခေတ်တိုင်းမှာ တစ်ခေတ်တစ်ယောက်ထွန်း နိုင်ငံကို တိုးတက်ပြောင်းလဲနိုင်တဲ့ ခေါင်းဆောင်တွေ တစ်ယောက်စ၊ နှစ်ယောက်စ ရှိသားလား။
တစ်ခြား အနောက်နိုင်ငံနဲ့ မယှဉ်ချင်သေးရင် ဘေးက နိုင်ငံတွေ၊ အရှေ့တောင် အာရှမှာပဲ ကြည့်လိုက်ပါဦး။ နှစ် ၄ဝ ပလန်တွေနဲ့ ဘာမှမရှိတဲ့ ကျွန်းနိုင်ငံတွေ ထိုးတက်သွားတာ အစီအရီ။
ဒီ ၆၅ နှစ် အတွင်း တိုးတက်ပြောင်းလဲစေနိုင်တဲ့သူ ပေါ်ထွန်းခွင့်မရတာတော့……………………………………………………. ဂျေမီ သီချင်းလေးပဲ ဆိုရကောင်းမလားပဲ။
“””ဝဋ်ရှိလို့သာ ခံစားခဲ့ရတာ၊ ဘယ်သူ့ကိုမှလည်း အပြစ်မတင်ရက်တော့ပါ”””
(အပြစ်တင်ရရင်လည်း ဦးဖိုးကျား အပြစ်တင်သလို နောက်ဆုံး ကိုယ့်ခေါင်းပေါ်ကျမှာလည်း စိုးရသေး)
အရီးခင်လတ်
January 4, 2013 at 8:19 pm
သမီး ခိုင်ဇာ ရေ
ဝင်ဆွေးနွေးပေးလို့ အားတက်ပါ၏။
ကျေးဇူးနော်။
ဗိုလ်မှူး ဘရှင် ၏ “အနော်ရထာအရင်က မြန်မာနိုင်ငံ” စာအုပ်ထဲမှာ ဝေဖန်ထားတာလေး ထပ်မျှချင်ရဲ့။
တကယ်တော့ အဲဒါကလဲ တရုတ်သမိုင်းတွေက ဝေဖန်တာဆိုဘဲ။
(ပြောရရင် သူကြီးကို အားပေးရာတော့ ရောက်တော့မယ်။)
မြန်မာပြည်မှာ ရှေးတုန်းက ကျောင်းကို ဘုန်းကြီးကျောင်း မှာ သင်ရတာတဲ့။
စာသင်တဲ့ကလေးတွေ ထဲ က အင်မတန် ထူးချွန်ထက်မြက် သူတွေ ဆိုရင် အရွယ်ရောက်ရင် ဘုန်းကြီး ဝတ်ကြတယ် တဲ့။
မထက်မြက်သူတွေကတော့ ကိုယ့်ဟာကိုယ် အိမ်ပြန် ယာလုပ် နေမှာပေါ့။
အဲဒါက မြန်မာပြည်မှ မဟုတ်ဘူး။ အနားက ယိုးဒယားတို့၊ ကမော္ဘဒီးယား တို့ မှာလဲ ဒီလိုဘဲ ဆိုလား။
အရီးအမြင် ဆက်တွေးကြရရင်
အဲဒီမှာ ထက်မြက်ပြီး တော်တဲ့ အများစု က လောကဓာတ်ပညာတွေ အတွက် မျိုးဆက် ဆက် မဖြန့်ပေးတော့ဘဲ ပြတ်သွားတာများလားလို့တောင် တွေးမိတယ်။
(အဓိက ပိုပြီး ဝေဖန်နေတာ အရီးနားက လူ)
မဟာရာဇာ အံစာတုံး
January 4, 2013 at 11:00 am
ကျန်သေးတယ် အရီး ….
အဲ့ဒီ တက်ဂဒိုဂျီး မဖြစ်ခင် …..
အနော်ရထာ မတိုင်ခင် ကတည်းက ….
မြန်မာမင်းဆက်မှာ ဟုန်းဟုန်းတောက် နံမယ်ကြီးခဲ့သော်လည်း
ရာဇဝင် ဆရာတို့ရဲ့ စနက်ကြောင့်
နံမယ် ပျောက်နေတဲ့ မင်းတစ်ပါး ကျန်ခဲ့သေးတယ်ဂျ ……….။
အိုက်ဒါ ကျုပ် တီယောက်ဘဲ သိဒယ် …
အိုက်ဒါ ဘူရဲ သိလား .. အဟီးးးးး
လုံမလေးမွန်မွန်
January 4, 2013 at 3:30 pm
မတိချင်ဝူး..
အရီးခင်လတ်
January 4, 2013 at 8:20 pm
ဟေး မောင်အံ
အရီးလဲ သိတယ်။
အစိမ်းရောင် မျက်နှာလေး နဲ့ မဟာရာဇာ အဇတ တဲ့။
အားဖြည့်လို့ သင်းခရူးကြီးပါ။
မောင်ပေ
January 4, 2013 at 1:35 pm
အရီးရေ
အရီးပို ့စ်ကို မှတ်သွားပါတယ်ဗျား
နောင်တစ်ချိန် ဒီအကြောင်းအရာနဲ ့ပတ်သက်ပြီး ပြောစရာကြုံရင်
အရီးပို ့စ်ထဲက ပြန်ယူရုံပဲ
ကျေးကျေးပါ
အရီးခင်လတ်
January 4, 2013 at 8:20 pm
မောင်ပေရေ
ကျေးဇူးပါနော်။
အရီး ရတဲ့ အချက်အလက်တွေမှာ အမှားတွေ အများကြီးတော့ မဖြစ်လောက်ဘူး ထင်ရဲ့။
ပါလဲ ပြင်ပေးကြမှာပါ။ ဟုတ်တယ်နော်။ :hee:
koaung
January 4, 2013 at 3:14 pm
တိုင်းပြည် နဲ့ လူထုကို သူများကျွန်ဘဝ ကလောက်တောင် လူရောင်မထွက် အောင် စီမံခန့်ခွဲထားနိုင်သူ တာဝန်ရှိသူ အားလုံး ရှက်တတ်ရင် ရှက်ကြပါ။
ကိုယ့်ဝမ်းဝဖို့ ဘဲ ကြည့်တာတွေ ရပ်ကြပါတော့။
နေရာ အတွက် စစ်မက်တွေ ဖြစ်တာ ရပ်ကြပါတော့။
တိုင်းပြည်ကို ဆက်ပြီး ဒုက္ခမပေးကြပါနဲ့။
မဟုတ်လို့ ဒီအတိုင်း အသုံးမကျသူ အာဏာရူး တွေ ဆက်အုပ်ချုပ် နေရင်တော့ မြန်မာ့သမိုင်းက ရက်စွဲ တွေ ထဲ မှာ ကောင်းကျိုးရလာဒ် အဖြစ်အပျက် တွေ ကို ဘယ်တော့မှ မော်ကွန်းတင်ရမှာ မဟုတ်ပါဘူး။
ကိုယ့် ရဲ့ နောင်မျိုးဆက် တွေအတွက် အစစ်အမှန်စေတနာထားဖို့ အချိန်ရောက်ပါပြီ။
ကိုယ့် မလုပ်နိုင်တာ၊ မလုပ်တတ်တာ သိကြပါ။
မလတ်ပါခင်ဗျား မန်းတလေးဂဇက်မှ ဖြစ်ပါတယ် ခင်ဗျားဒို့ရှက်မရှက် မသိဘူ:ဗျာ ကျနော်ကခင်ဗျားတို့ အစား ရှက်ပေးလိုက်ပါတယ် (လေးစားပါတယ် မလတ်)
အရီးခင်လတ်
January 4, 2013 at 8:20 pm
ကိုအောင်
ကျေးဇူးကြီးပါ။
တိုးတိုးပြောပါရှင့်။
အိမ်မပြန်ရဘဲ ဖြစ်နေဦးမယ်။
ကျွန်မက ပုဆိုးခြုံထဲက လက်သီးပုန်း ပြနေတာလေ။ အဟိ။
😆
kai
January 4, 2013 at 3:34 pm
ပုဂံမတိုင်မှီခေတ်
မြန်မာ့သမိုင်းတွင် ပထမဆုံးအဖြစ် ဗမာ လူမျိုးတို့ အုပ်ချုပ်သည့် ပုဂံခေတ်တွင် မင်းဆက်ပေါင်း ၅၈-ဆက်ရှိခဲ့သည် ဟုဆိုပါသည်။ ခရစ်နှစ် ၁ဝရ -ခု (AD 107 ) ၊ မြန်မာ သက္ကရာဇ် ၂၉ -ခု တွင် နန်းတက်သော မဟာသမုဒ္ဒရာဇ် မင်း မှစ၍ ခရစ်နှစ် ၁၃၆၈ -ခု (AD 1368 ) ၊ မြန်မာသက္ကရာဇ် ၇၃ဝ ပြည့်နှစ်တွင် နန်းကျခဲ့သော စောမွန်နစ် မင်းအထိ။ ၁၂၆၁ -နှစ်ကြာအောင် ရှည်သော အပိုင်းကို ပုဂံခေတ်ဟု သတ်မှတ်ပါသည်။ မင်းဆက်ပေါင်း ၅၅ ဆက် ရှိသည် ဟုဆိုသော်လည်း ဘိသိပ်မခံသောမင်း ၊ ကျောက်စာ အထောက်အထား မရှိသောမင်း ၊ ကျောက်စာ တွင်ပါဝင်သော်လည်း ရာဇဝင်တွင် စာမတင်သောမင်း စသဖြင့် အယူအဆ အမျိုးမျိုး ကွဲပြားနေပါသည်။
၁၀ရ -ခုနှစ် မဟာသမုဒ္ဒရာဇ်မင်း မှစတင် ပြီး ၁၃၆၉-ခုနှစ် စောမွန်နစ်မင်း အထိ နှစ်ပေါင်း (၁၂၆၂)နှစ် မင်းဆက် (၅၈) ဆက် ကြာအောင် တည်တံ့ခဲ့သည် မြန်မာပြည်၏ အရှည်ကြာဆုံး ခေတ်ဖြစ်သော ပုဂံခေတ်၏ မင်းဆက် များကို
(က) အထောက်အထား ခိုင်ခိုင်မာမာ မရှိသော ၁ဝရ မှ ၁၀၄၄ အထိတစ်ပိုင်း၊
(ခ) အထောက်အထား များဖြင့် ခိုင်ခိုင်လုံလုံ ပြောနိုင်သော ၁၀၄၄ မှ ၁၃၆၉ အထိ တစ်ပိုင်း၊
၂ ပိုင်း ခွဲ၍ ရနိုင်သမျှ အထောက်အထားများ ပေါင်းစပ်၍ ဖော်ပြလိုပါသည်။
ထုတ်နုတ်- ရှင်မဟာသီလဝံသ ၏ ရာဇဝင်ကျော် (ဟံသာဝတီ၊၁၉၆၅)
မင်းဆက် (၅၈)ဆက်
မင်းဆက်(၁) သမုဒ္ဒရာဇ်မင်း (ကောဇာ သက္ကရာဇ် ၂၉-နှစ်)
မင်းဆက်(၂) ရသေ့ကြောင် (ကောဇာ သက္ကရာဇ် ၇၄-နှစ်)
မင်းဆက်(၃)ပျူမင်းထီး (ကောဇာ သက္ကရာဇ် ၈၉-နှစ်)
မင်းဆက်(၄) ထီးမင်းယဉ် (ကောဇာ သက္ကရာဇ် ၁၆၄-နှစ်)
မင်းဆက်(၅) ယဉ်မင်းပိုက် (ကောဇာ သက္ကရာဇ် ၂၂၁-နှစ်)
မင်းဆက်(၆) ပိုက်သေဉ်လည် (ကောဇာ သက္ကရာဇ် ၂၄၆-နှစ်)
မင်းဆက်(၇) သေဉ်လည်ကြောင် (ကောဇာ သက္ကရာဇ် ၂၆၆-နှစ်)
မင်းဆက်(၈)ကြောင်တူရစ် (ကောဇာ သက္ကရာဇ် ၃၀၉-နှစ်)
မင်းဆက်(၉)သည်ထန်မင်း (ကောဇာ သက္ကရာဇ် ၃၃၄-နှစ်)
မင်းဆက်(၁၀) မုက္ခမန်အမတ် (၂) (ကောဇာ သက္ကရာဇ် ၃၆၁-နှစ်)
မင်းဆက်(၁၁) သူရဲအမတ်(၃) (ကောဇာ သက္ကရာဇ် ၃၆၁-နှစ်)
မင်းဆက်(၁၂) သာရမွန် (သည်တန်မင်းသား) (ကောဇာ သက္ကရာဇ် ၄၁၆-နှစ်)
မင်းဆက်(၁၃) သိုက်တိုင်မင်း (ကောဇာ သက္ကရာဇ် ၄၃၈-နှစ်)
မင်းဆက်(၁၄)သေဉ်လည်ကြောင်ငယ် (ကောဇာ သက္ကရာဇ် ၄၄၅-နှစ်)
မင်းဆက်(၁၅) သေဉ်လည်ပိုက် (ကောဇာ သက္ကရာဇ် ၄၅၄-နှစ်)
မင်းဆက်(၁၆) ခန်းလောင်း (ခဲလောင်းမင်း) (ကောဇာ သက္ကရာဇ် ၄၆၉-နှစ်)
မင်းဆက်(၁၇) ခန်းတက် (ခဲလတ်) (ကောဇာ သက္ကရာဇ် ၄၇၉-နှစ်) မှန်နန်းရာဇဝင်၌ (ခန်းလတ်)
မင်းဆက်(၁၈) ထွန်းတိုက် (ကောဇာ သက္ကရာဇ် ၄၉၁-နှစ်)
မင်းဆက်(၁၉) ထွန်ပစ် (ကောဇာ သက္ကရာဇ် ၅၀၃-နှစ်)
မင်းဆက်(၂၀) ထွန်ချစ် (ကောဇာ သက္ကရာဇ် ၅၂၀-နှစ်)
မင်းဆက်(၂၁) ပုပ္ပါးစောရဟန်းမင်း (ကောဇာ သက္ကရာဇ် ၅၃၅-နှစ်) (သက္ကရာဇ်ဖြို)
မင်းဆက်(၂၂) ရွှေအုန်းသီး (ကောဇာ သက္ကရာဇ် ၂)
မင်းဆက်(၂၃) ပိန်သုံ (ကောဇာ သက္ကရာဇ် ၁၄)
မင်းဆက်(၂၄) ပိန်တောင်း (ကောဇာ သက္ကရာဇ် ၂၂)
မင်းဆက်(၂၅)စောခွေး (ကောဇာ သက္ကရာဇ် ၇၂)
မင်းဆက်(၂၆)မြင်းကျွေး (ကောဇာ သက္ကရာဇ် ၇၈)
မင်းဆက်(၂၇) သိန်ခဲ (ကောဇာ သက္ကရာဇ် ၈၈) မှန်နန်းရာဇဝင်၌ (သိင်္ခ)
မင်းဆက်(၂၈) သိန်ခွန် (ကောဇာ သက္ကရာဇ် ၉၆) မှန်နန်းရာဇဝင်၌ (သိန်းစွန်)
မင်းဆက်(၂၉) ရွှေလောင်း (ကောဇာ သက္ကရာဇ် ၁၀၆)
မင်းဆက်(၃၀) ထွန်တွင်းမင်း (ကောဇာ သက္ကရာဇ် ၁၁၅)
မင်းဆက်(၃၁) ရွှေမှောက် (ကောဇာ သက္ကရာဇ် ၁၂၄)
မင်းဆက်(၃၂) ထွန်လတ် (ကောဇာ သက္ကရာဇ် ၁၄၇) မှန်နန်းရာဇဝင်၌ (မွန်လတ်)
မင်းဆက်(၃၃) စောခင်နှစ် (ကောဇာ သက္ကရာဇ် ၁၆၄)
မင်းဆက်(၃၄) ခဲလူးမင်း (ကောဇာ သက္ကရာဇ် ၁၉၁)
မင်းဆက်(၃၅) ပျဉ်းပြားမင်း (ကောဇာ သက္ကရာဇ် ၂၀၈) (ပုဂံတည်)
မင်းဆက်(၃၆) တန်နက်မင်း (ကောဇာ သက္ကရာဇ် ၂၂၀)
မင်းဆက်(၃၇) စလေငခွေး (ကောဇာ သက္ကရာဇ် ၂၃၈) (မင်းခွေးချေး)
မင်းဆက်(၃၈) သိန်းခိုမင်း (ကောဇာ သက္ကရာဇ် ၂၆၃)
မင်းဆက်(၃၉) တောင်သူကြီးမင်း (ကောဇာ သက္ကရာဇ် ၂၇၉) (ညောင်ဦး စောရဟန်းမင်း)
မင်းဆက်(၄၀) ကွမ်းဆော်ကြောင်ဖြူ (ကောဇာ ၃၁၂)
မင်းဆက်(၄၁) ကျဉ်စိုး (ကောဇာ သက္ကရာဇ် ၃၃၃)
မင်းဆက်(၄၂) စုက္တတေး (ကောဇာ သက္ကရာဇ် ၃၃၉)
မင်းဆက်(၄၃) အနော်ရထာ (ကောဇာ သက္ကရာဇ် ၃၆၄) (အနော်ရထာစော)
မင်းဆက်(၄၄) စောလူး (ကောဇာ သက္ကရာဇ် ၃၉၇)
မင်းဆက်(၄၅) ကျန်စစ်သား (ကောဇာ သက္ကရာဇ် ၄၂၃) (ထီးလှိုင်ရှင်) တရုတ်ပြည်ကို သံစေလွှတ်ပါသည်။
မင်းဆက်(၄၆) အလောင်းစည်သူ (ကောဇာ သက္ကရာဇ် ၄၅၀)
မင်းဆက်(၄၇) မင်းရှင်စော <ထီးနန်းမရ>
မင်းဆက်(၄၈) နရသူ (ကောဇာ သက္ကရာဇ် ၅၂၀) (ကုလားကျမင်း)
မင်းဆက်(၄၉) နရသိင်္ခ (ကောဇာ သက္ကရာဇ် ၅၂၃) (မင်းယဉ်နရသိင်္ခ)
မင်းဆက်(၅၀) နရပတိစည်သူ (ကောဇာ သက္ကရာဇ် ၅၂၆)
မင်းဆက်(၅၁) ဇေယျသိင်္ခ (ကောဇာ သက္ကရာဇ် ၅၅၉) (ထီးလိုမင်းလို)
မင်းဆက်(၅၂) ကျစွာ (ကောဇာ သက္ကရာဇ် ၅၈၁) (ဓမ္မရာဇာဘွဲ့ခံ)
မင်းဆက်(၅၃) ဥဇနာ (ကောဇာ သက္ကရာဇ် ၅၉၇) (ပုသိမ်စား)
မင်းဆက်(၅၄)သီဟသူ (ပြည်စား) <ထီးနန်းမရ>
မင်းဆက်(၅၅) နရသီဟပတေ့ (ကောဇာ သက္ကရာဇ် ၆၀၂) (မင်းခွေးချေး၊တရုတ်ပြေးမင်း)မွန်ဂိုတာတာများ ပုဂံကိုဝင်ရောက်တိုက်ခိုက်သည်။
မင်းဆက်(၅၆) ကျော်စွာ (ကောဇာ သက္ကရာဇ် ၁၂၈၇-နှစ်)(၆၄၆) (ဓမ္မရာဇာ)
မင်းဆက်(၅၇) စောနစ် (ကောဇာ သက္ကရာဇ် ၁၃၀၀-နှစ်)(၆၆၂)
မင်းဆက်(၅၈) စောမွန်နစ် (ကောဇာ သက္ကရာဇ် ၁၃၃၁-နှစ်)(၆၈၄)
နာပတ် ၃ဆက်မြောက် ပျုမင်းထီးသည်
သို့သော် မွန်ဂိုတို့၏ တိုက်ခိုက်မှုကြောင့် ပုဂံပျက်ဆီးပြီးနောက် နန်းတက်ကြသည့် ပုဂံမင်းဆက်၏ နောက်ဆုံးမင်းများမှာ အမည်ခံမျှသာဖြစ်ကြပြီး အမှန်တကယ် တန်ခိုးထွားသူများမှ သျှမ်းညီနောင်သုံးဦးဖြစ်သည်။
ဒေါက်တာသန်းထွန်း
*ဦးကုလား ရေးသော ရာဇဝင်ချုပ်စာအုပ်မှ သက္ကရာဇ်များကို အမှန်ယူ ရေးသားပါသည်။
==
http://shanniyouth.blogspot.com/2010/04/blog-post_8056.html
အရီးခင်လတ်
January 4, 2013 at 8:21 pm
သူကြီး ရေ့
ဝင်အားဖြည့် ပေးလို့ ကျေးကျေးနော။
ပထမ တော့ သူကြီး Post ကနေပြီး သူများနဲ့ ကိုယ့်ဆီက Timeline တွေ ကို စိတ်ဝင်စား သွားလို့ ဝီကီ ကကြိုးစ ဆွဲရင်း သီပေါမင်း အရောက်မှာ လွတ်လပ်ရေးနေ့ ကို သတိရပြီး Post တစ်ပုဒ် ဖြစ်သွားတာပါ။
ကိုယ်က သမိုင်းပညာရှင်လဲ မဟုတ်၊ သမိုင်းစာအုပ်တွေ လဲ များများစားစား မဖတ်ဖူး တာမို့ တင်လိုက်ဖို့ မရဲ ပေမဲ့ အမှား ရှိရင် အမှန်ပြင် ပေးနိုင်မဲ့ ကိုစံလှကြီး တို့၊ သူကြီး တို့ ရှိတာမို့ တင်တာပါ။
သိတဲ့အတိုင်း ဝီကီ က အတိုင်းအတာတစ်ခု အထိဘဲ စိတ်ချရပါတယ်။
ဒီက ကလေးကျောင်းမှာ လဲ အင်္ဂလန် မင်းဆက် သမိုင်းကို ၂တန်း၊ ၃တန်း လောက်က စသင်ပါတယ်။
ဟင်နရီ (၈) အကြောင်းပါ။
စာမသင်ခင် ကလေးတွေက သူတို့ဟာသူတို့ အချက်အလက်တွေ ရှာရတာ။
ပြီးတော့ အတန်းထဲ မှာ ဆရာနဲ့ ဝိုင်းဆွေးနွေးပေါ့။ မှားလဲ ဆရာက ပြင်ပေးမှာပေါ့။
ကလေး က ရှာနေတဲ့ အချက်အလက်တွေ ကြည့်ပြီးစာတွေ စိတ်ဝင်စားလို့ ဒီလိုဘဲ အင်္ဂလိပ်မင်းဆက်တွေ ရဲ့ နှစ်တွေကို စုကြည့်သေးတယ်။
kai
January 4, 2013 at 11:56 pm
ကိုရင်စံလှကြီးလား..
ကျုပ်ကိုမြေကြီးထဲပို့ဖို့(မြေမြိုခိုင်းဖို့)သာ စိတ်ဝင်စားတာ.. သမိုင်းစာတွေတော့…မေ့လိုက်ပြီတဲ့..။
နောက်တာနော..။ :kwi:
တကယ်တော့.. မြန်မာက နှစ်ထောင်ချီယဉ်ကျေးမှုကြီးရှိလျှက်နဲ့.. ဒီခေတ်ဒီလောက်မအေင်မြင်ပဲဖြစ်နေတာ.. သမိုင်းထဲအဖြေတွေအများကြီး ရှာသင့်..ရှာနိုင်တယ်ထင်မိတယ်..။
အချင်းချင်း..” ချ”နေကြတာနဲ့.. အင်အားတွေ.ပြုတ်သုန်းကုန်သလားမသိ… :harr:
လုံမလေးမွန်မွန်
January 4, 2013 at 3:43 pm
ပု၊ ပင်း၊ အင်း၊ တောင်၊ ညောင်၊ ကုန်းဘောင် ဆိုပြီးတော့တော့ မှတ်ထားဖူးတယ်… သေချာတော့ မသိတော့ဘူးရယ်…
တစ်ခု သိချင်တာက အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် (တကယ်တော့ အနှစ်လေးဆယ် အပြည့်တော့ မဟုတ်ဘူးတဲ့) ဖြစ်တယ်ဆိုတော့ အင်းဝနဲ့ အပြိုင်က ဟံသာဝတီ ဖြစ်မယ်ထင်တယ်.. ဗညားဦး၊ ဗညားနွဲ့၊ ဓမ္မစေတီ၊ ရှင်စောပု ဆိုတာတွေကလည်း တကယ့်မင်းကောင်းတွေပဲ.. သူတို့ကိုကျတော့ ဘာလို့ မင်းဆက်အနေနဲ့ မပါတာလဲ မသိဘူး..
အရီးရေ..သမီးသိချင်တာပါ… ဘာမှတော့မဟုတ်ဘူး..လဂွန်းအိမ်အကြောင်းကို ဖတ်ပြီးတော့ အဲ့ဒီမင်းတွေကို စိတ်ဝင်စားလို့…
ချစ်တဲ့
လုံမ
အရီးခင်လတ်
January 4, 2013 at 8:23 pm
လုံမလေးရေ့
အရီး Post ကို ပံ့ပိုး ပေးတဲ့ မေးခွန်းလေးတွေပါ။
သင်းခရူးကြီးပါ။
အရီး က ခရစ်သက္ကရာဇ် တွေ ဆက်မိအောင် နီးရာ မင်းဆက် ကို ယူပြလိုက်တာပါ။
မပြည့်စုံပါဘူး။
ပင်းယ မင်းဆက်၊ အင်းဝ မင်းဆက် ပြိုင်ရှိနေတာ တွေ့တယ်။
ပြီးတော့ ရခိုင်တို့၊ မွန်တို့ (သုဝဏ္ဏဘုံမိ လား) ဘက် မှာလဲ မင်းဆက် တွေ ခေတ်ပြိုင် ရှိနေတာလို့ သိဘူးပါတယ်။
မြန်မာသမိုင်း အကြောင်း ရေးထားတဲ့ စာအုပ်တွေ အစုံဖတ်ဘူးသူ တွေ/ လေ့လာထားတဲ့ ပညာရှင်တွေ က ပိုပြီးကောင်းကောင်း ရှင်းပြနိုင်မှာ။
အဲဒီအချိန်တုန်းက
အချင်းချင်း နယ်မြေလု စစ်တွေ နဲ့ အာဏာသိမ်းပွဲ တွေ က မြန်မာပြည်မှ မဟုတ်ပါဘူး။
ဒါပေမဲ့
အခု အနောက်တိုင်းတွေ မှာက ပြည်တွင်းစစ်ဆိုတာ မရှိတော့လောက်အောင် လူတွေရဲ့ အတွေးအခေါ် ပြောင်းလဲ တိုးတက် နေပါပြီ။
မြန်မာပြည်မှာတော့ အာဏာမက် နေဆဲ လူတစ်စု ရဲ့ စိတ်ဓာတ်ရေးရာ နိမ့်ကျ မှုတွေ က တိုင်းပြည်ကို ဆက်ပြီး ဒုက္ခပေးနေဆဲ။
လုံမလေးမွန်မွန်
January 6, 2013 at 7:35 pm
အရီးရေ..Timeline လေး အကြောင်းကို သတိရလို့ပါ…
Contract Law ကို သင်တော့ Myanmar Contract Act 1872 တဲ့… မြန်မာမင်း ပါတော်မူတာက 1885 မို့လားဟင်… ဆိုတော့ အဲ့အက်ဥပဒေက မြန်မာရေးတာလား..အင်္ဂလိပ်က ရေးတာလားမသိဝူး… 🙄
အရီးခင်လတ်
January 6, 2013 at 9:08 pm
အင်္ဂလိပ်တွေက သီပေါမင်းပါတော်မမူခင် ကထဲ က မြန်မာပြည်ကို အောက်ပိုင်းကနေ တစ်တိတိနဲ့ သိမ်းလာပြီး 1885 က တစ်ပြည်လုံး ကို သိမ်းသွားတာ ထင်ရဲ့။
ရန်ကုန်ကောလိပ် (ရန်ကုန် တက္ကသိုလ်) ကလဲ 1878 မှာ တည်ထောင်ခဲ့တာ လို့ ဆိုတာဘဲ။
ရန်ကုန် ကို ပထမ သိမ်းပြီး နောက်မှ မန္တလေးကို သိမ်းဖို့ အတွက် လှေကြီးတွေနဲ့ အသွား ရန်ကုန်ကောလိပ် က ကျောင်းသားတစ်ယောက်ကိုတောင် မင်းသားလို အယောင်ဆောင်ခိုင်းပြီး ခေါ်သွားတာ လို့ ဒေါက်တာသန့်မြင့်ဦး စာအုပ်က သိဖူးတယ်။
ဒီတော့ ဥပဒေ တစ်ချို့လဲ 1885 ထက်စောပြီး ရှိနေမှာပါ။ အိန္ဒိယ နဲ့ တွဲဖက် ဥပဒေတွေ လဲ ရှိမှာ။
ရန်ကုန်ကောလိပ် ကလဲ ကလကတ္တားတက္ကသိုလ် ရဲ့ လက်အောက်ခံဘဲကိုး။
ထပ်ဝင် ဆွေးနွေးလို့ ကျေးဇူးနော် သမီး။
(မသိတဲ့ Field ကို ရွှီး နေတာ ဖြစ်မစိုးလို့ မှားရင် ပြင်ပေးကြပါဗျို့။) 😆
•*¨နန်းတော်ရာသူ •*¨
January 4, 2013 at 7:56 pm
အရီးရေ ပုဂံမင်းဆက်တွေကို အပျိုဘဝတည်းက မှတ်စုစာအုပ်ထဲမှာရေးမှတ်ထားပေမယ့်
အလွတ်မရပါ။
ယဉ်မင်းပိုက်
ပိုက်သေဉ်လလည်
သေဉ်လည်ကြောင်
ကြောင်ဒူရစ်
ဆိုတဲ့ မှတ်ရလွယ်တဲ့မင်း၄ပါးသာ အစဉ်လိုက်ရပါတယ်။
အနော်ရထာ စောလူး ကျန်စစ် အလောင်းစည်သူ ရယ်ကတစ်ထစ်။
တောင်ငူမင်းဆက်တွေကိုတော့ မင်းကြီးညို၊တပင်ရွှေထီး၊ဘုရင့်နောင် ရဲ့အောက်ပိုင်းတွေကိုအလွတ်မရပါ။
ငယ်ငယ်ကတော့ ရွှေဆံတော်ဘုရားပေါ်တက်တိုင်း တောင်ငူမင်းဆက်ရုပ်တုဆောင်ကို အမြဲသွားပါတယ်။
ဒိုးဒိုးဒေါက်ဒေါက်နဲ့ ဘယ်အချိန်မေးမေး တစ်ရေးနိုးမေးတောင် ဖြေနိုင်တာကတော့
လောင်း၊နောင်၊စဉ်၊ဆင့်၊မောင်၊ဘိုး၊ဘ၊သာ၊ပု၊မင်း၊သီ။
လို့ ခုနှစ်တန်းတည်းက အတိုကောက်မှတ်ထားခဲ့ရတဲ့ ကုန်းဘောင်မင်းဆက်တွေပါပဲ။
ဗဟုသုတများစွာအတွက် ကျေးဇူးပါရှင်
အရီးခင်လတ်
January 4, 2013 at 8:25 pm
နန်းတော်ရာသူ ရေ
ထပ်ပြီး အားဖြည့်ချက်လေးတွေ အတွက် ကျေးဇူးပါနော်။
အရီက ငယ်တုန်းက သမိုင်းဘာသာမှာ အရမ်းအားနည်းပါတယ်။
အခုလဲ မသိတာတွေ အများကြီးပါ။
ဒါပေမဲ့ အရင်ထက် အများကြီး စာဖတ်လာနိုင်လို့ သမိုင်း ဆိုတာ စိတ်ဝင်စားစရာကောင်းမှန်း၊ တွေးစရာ၊ သင်ခန်းစာယူစရာ အများ ရှိမှန်းသိပြီလာပါပြီ။
သူများတိုင်းပြည်မှာ ဘယ်လို Status နဲ့ နေနေ မြန်မာ ဟာ မြန်မာ ပါဘဲ။
ဇာတိ ဆိုတာ ဖျောက်လို့ မှမရတာလေ။
ဒီတော့ ကိုယ်က ကိုယ့်တိုင်းကိုယ့်ပြည် ရဲ့ ကိုယ်စားလှယ်တော်ဘဲ မို့ သိသင့်တာတွေ သိထားရအောင်ပါ။
ကိုယ်သိလိုက်တာလေးလဲ သူများကို မျှရင်းပေါ့။
တောင်ငူက သမီးပြောတဲ့ ရုပ်ထုတွေကရော ရှေးဟောင်းလက်ရာတွေလား။
လက်ရှိ ခေတ်မှာ ထုထားတာလား။
ရှေးအရုပ်တွေ ဆိုရင် ကြုံလို့ ဓာတ်ပုံလေးများရိုက်ဖို့ အခွင့်သင့်ချိန် လေး တစ်ခု တင်ပါဦးလား။
အရီးတို့ မရောက်ဖူးသူတွေ တွေ့ဖူးသွားတာပေါ့။
•*¨နန်းတော်ရာသူ •*¨
January 4, 2013 at 8:35 pm
အရီးရေ တောင်ငူမင်းဆက်ရုပ်တုတွေက ဒီဘက်ခေတ်ကလူတွေသိရအောင်ထားတဲံ့ပလာစတာရုပ်တွေပါ။
ရှေးဟောင်းရုပ်တွေမဟုတ်ပါဘူး။လောလောဆယ်တော့ သမီးလည်းတောင်ငူမှာမရှိလို့ သင်္ကြန်ပိတ်ရက်ကျမှရိုက်ပြီးတင်ပေးပါမယ်။
သမီးတို့ရဲ့ အ.ထ.က(၂)တောင်ငူက နန်းတော်နေရာဖြစ်ပြီး
၊ကျောင်းတံတိုင်းအပြင်မှာ တပင်ရွှေထီးထန်းတော အခုထိရှိပါတယ်။
အခုတော့ ထန်းတောပိုင်းလို့ခေါ်တယ်။
မြို့လယ်ကောင် အဓိကလမ်းမကြီးဖြစ်တဲ့ ဗိုလ်မှူးဖိုးကွန်းလမ်းနဲ့ကပ်ပြီး ထန်းတောကြီးရှိနေတာ
တစ်မျိုးတော့ ထူးဆန်းနေတာပေါ့နော်။
သမီးအခွင့်သင့်မှ ရိုက်ခဲ့ပြီး စုံအောင်တင်ပါဦးမယ်ရှင်။
•*¨နန်းတော်ရာသူ •*¨
January 4, 2013 at 8:37 pm
အရီးရေ တောင်ငူမင်းဆက်ရုပ်တုတွေက ဒီဘက်ခေတ်ကလူတွေသိရအောင်ထားတဲံ့ပလာစတာရုပ်တွေပါ။
ရှေးဟောင်းရုပ်တွေမဟုတ်ပါဘူး။လောလောဆယ်တော့ သမီးလည်းတောင်ငူမှာမရှိလို့ သင်္ကြန်ပိတ်ရက်ကျမှရိုက်ပြီးတင်ပေးပါမယ်။
သမီးတို့ရဲ့ အ.ထ.က(၂)တောင်ငူက နန်းတော်နေရာဖြစ်ပြီး
၊ကျောင်းတံတိုင်းအပြင်မှာ တပင်ရွှေထီးထန်းတော အခုထိရှိပါတယ်။
အခုတော့ ထန်းတောပိုင်းလို့ခေါ်တယ်။
မြို့လယ်ကောင် အဓိကလမ်းမကြီးဖြစ်တဲ့ ဗိုလ်မှူးဖိုးကွန်းလမ်းနဲ့ကပ်ပြီး ထန်းတောကြီးရှိနေတာ
တစ်မျိုးတော့ ထူးဆန်းနေတာပေါ့နော်။
သမီးအခွင့်သင့်မှ ရိုက်ခဲ့ပြီး စုံအောင်တင်ပါဦးမယ်ရှင်။
အလင်းဆက်
January 4, 2013 at 8:58 pm
တိုင်းပြည် အတွက် တကယ်လုပ်နိုင်သူ လက်ထဲ ကို ရသင့်တဲ့ အာဏာ ပါဝါ လွှဲပေး လိုက်ကြပါ လို့ တောင်းပန်လိုက်ပါတယ်။
တဲ ့
ကောင်းလိုက်တဲ ့စကားလုံးလေး…
အရီးရေ….
အရီးခင်လတ်
January 4, 2013 at 9:13 pm
အလင်းဆက်။ ကျေးကျေးနော်။
ဦးဦးပါလေရာ
January 5, 2013 at 6:51 am
မြန်မာနိုင်ငံဟာ နှစ်ပေါင်းထောင်ချီတဲ့ ရှည်လျှားတဲ့သမိုင်းကြောင်းရှိခဲ့တယ်ဆိုတာမှန်ပေမယ့်
အဲဒီနှစ်ပေါင်းထောင်ချီထဲမှာ စစ်မတို်က်ပဲ နားအေးပါးအေး နေခွင့်ရတဲ့အချိန်ဘယ်လောက်များရှိပါ့မလဲလို့
အတွေးဆက်မိတယ်။
တကယ်တော့ ပထမမြန်မာနိုင်ငံဖြစ်တဲ့ ပုဂံခေတ်တလျှောက်လုံးမှာလဲ ဘုရင်ကြီးကသာ ဘုရင်ငယ်တွေကိုနိုင်လို့ စုစည်းမိသွားတာ – တိုင်းပြည်ဖွံ့ဖြိုးစည်ပင်အောင်လုပ်ခဲ့တဲ့လက္ခဏာ မတွေ့ရသလောက်ပဲ
ဒုတိယမြန်မာနိုင်ငံဖြစ်တဲ့ အင်းဝခေတ်မှာမှ လက်မှု့ပညာ စာပေအနုပညာနဲ့ ကုန်ထုတ်လုပ်မှု့ ကုန်သွယ်မှု့လေးတွေ စလုံးရေး စ ခဲ့တယ်လို့ ထင်မိတယ်။ အနော်ရထာကစတွက်ရင်တောင် နှစ်ပေါင်းသုံးရာကျော် စစ်တိုက်ပြီး အလဟဿ ကုန်သွားတယ်။
အင်းဝခေတ်ပင်းယခေတ်တခုလုံး စပါးစိုက်လိုက်စစ်တိုက်လိုက်နဲ့
သူများနိုင်ငံတွေအပြိုင်းအရိုင်းတိုးတက်ချိန်မှာ ကိုယ်တွေက ရတုလေးဆို ဘုရားလေးတည် အေးဆေး….
ကျုပ်တော့ ကျွန်စော်နံတယ်ပဲပြောပြော-
ကျုပ်တို့နိုင်ငံ စ တိုးတက်တာ ကိုလိုနီခေတ်ကမှ လို့ ထင်မိတာပဲ…..
အဲဒါ ကျုပ်အထင်မဟုတ်လဲအရေးမကြီးပါဘူး
အရေးကြီးတာက အခုထိလဲ အချိုးမပြင်သေးတာ…
:saut:
ဦးကြောင်ကြီး
January 5, 2013 at 11:39 am
အရှေ့နဲ့အနောက် မတူတဲ့စနစ် ယဉ်ကျေးမှုအမြင်တွေနဲ့ တိုင်းပြည်တည်ဆောက်ကြရာမှာ ကိုယ်ကျင့်သီလ စင်ကြယ်မြင့်မြတ်မှု အခြေခံတဲ့ အရှေ့တိုင်းသားတွေက စာသာရှိပြီး လက်တွေ့မလိုက်နာ မကျင့်ကြံနိုင်တာ ခေတ်နောက်ကျကျန်ရစ်ခြင်း ကျွန်ပြုခံရခြင်း တရားခံ ဖြစ်ပါမယ်။ စာအတိုင်း ရွတ်နေပြီး လက်တွေ့ မလိုက်နိုင်တဲ့အခါ အဖြစ်သဘော လုပ်ဆောင်ရင်း နိမ့်ကျသွားရပါတယ်။ ဥပမာ – ဧကရာဇ် ဘုရင်ဘွဲ့ခံဖို့ ဘယ်နှစ်ပြည်ထောင် သိမ်းနိုင်မှဖြစ်တယ် စာရှိတော့ နီးစပ်ရာ နယ်ပယ်လေးတွေသိမ်းပြီး ထီးဖြူဆောင်းမင်းတရာ အရှင်သခင်လုပ်သူလုပ်၊ ဆင်ဖြူရှင် မဖြစ်ဖြစ်အောင် မြစ်ထဲမျှောလာတဲ့ ဆင်ဖြူအသေ တက်စီးသူစီး၊ ဆင်မဖြူလည်း အတင်းဖြူအောင် စာနဲ့ညှိသူညှိ ရသေ့စိတ်ဖြေလုပ်တာမျိုးပါ။ ဗေဒင်ယတြာ အတတ်တွေကလည်း အဲလိုအဖြစ်သဘောမျိုး အစဉ်အလာဖြစ်အောင် အားပေးအားမြောက် ပြုကြဟန်တူတယ်။ ဥပမာ – နတ်သိကြား ဝတ်စုံဝတ်ထားသူတွေရဲ့ ဘိသိက်ဆင်ယင်ပေးခြင်း ခံတာမျိုး၊ ကျမ်းဂန်ပါ ပုဏ္ဏားဖြူ၊ နီ၊ ဝါ ဆိုပြီး မရှိတော့တာကို အတင်းရှိလုပ်တာမျိုး ဖြစ်ပါများတော့ အစစ်မရှိလည်း အတုနဲ့ နှစ်ပါးသွားကြရင်း တကယ် အဟုတ်ထင်ကုန်ပါတယ်။
ဒီလိုနဲ့ ကိုယ့်ထက်အားကြီးသူ ရောက်လာတဲ့အခါ စိတ်ပိုင်းမှာလည်း မခိုင်ခံ့၊ ရုပ်ပိုင်းမှာလည်း မတွန်းလှန်နိုင် ဒါနဲ့ပဲ ထီးသုန်းနန်းသုန်း ဘဝရောက်ကြတာပါ။ လီယိုတော်စတွိုင်းရေးတဲ့ လူပေါကြီးအီဗန်ဝတ္ထုမှာ (ဘာသာပြန်ဖတ်ဖူးတာပါ) သူ့ရွာကို အနီးနားတိုင်းပြည်က စစ်သားတွေ လာအနိုင်ကျင့် သိမ်းတော့ ဘယ်သူမှ မခုခံဘူး၊ ဒေါသလည်း မထွက်ဘူး၊ စစ်သားဆိုတာ အထူးအဆန်းလုပ် ထွက်ကြည့်တယ်၊ ရိုက်လည်းခံ သတ်လည်းခံတယ်။ နောက်ဆုံး စစ်မတိုက်ရတဲ့စစ်သားတွေ မနေနိုင်တော့ဘဲ တပ်ပျက်သွားတယ်။ ကုန်သည်ကြီးတဦးကလည်း ရွှေငွေတွေပြပြီး သီးနှံဂျုံပြောင်းတွေ လက်ဝါးကြီးအုပ် ဝယ်ဖို့ကြိုးစားတော့လည်း ရွှေဒင်္ဂါးတွေကို ခလေးတွေဆော့ဖို့လောက်သာ သီးနှံနဲ့ လဲလှယ်ကြပြီး နောက်ထပ်ဘယ်သူမှ မရောင်းတော့လို့ ကုန်သည်ကြီး ကုန်မပြောနဲ့ ထမင်းတောင် မစားရတော့ဘဲ ထွက်ပြေးရတယ်။
စိတ်ကူးယဉ်ဝတ္ထုဆိုပေမဲ့ စိတ်စင်ကြယ်မှု အဓိကထားတဲ့ အရှေ့တိုင်းယဉ်ကျေးမှု စနစ်နဲ့ သဘောတရား ဆင်ခြင်ကြည့်ဖို့ပြောတာ။ အရင်ကလူတွေ လုပ်ရပ်အကျင့်ကို မလိုက်နိုင်တဲ့အခါ ပြင်သင့်ချိန်မှာ မပြင်ဘဲ တရားသေ ဆုပ်ကိုင်ရင်း မိမိရော သူများပါ အကုန်ရောဆွဲချသွားတဲ့ စိတ်ဓာတ်ကြောင့် အားလုံးဒွတ်ခရောက်သွားရပါတယ်။
MaMa
January 5, 2013 at 2:24 pm
မလတ်ရဲ့ အခုစာကိုဖတ်ပြီး အတွေးတစ်စ ဖြစ်လာတာက………..
စတန်းဖို့ တက္ကသိုလ်ကြီး ဒီလောက်သက်တမ်းကြာရှည်စွာ တည်တံ့ခိုင်မြဲတာကို ကြည့်ခြင်းအားဖြင့် သူတို့နိုင်ငံ သူတို့လူမျိုးတို့ရဲ့ ယဉ်ကျေးမှုနဲ့ စိတ်ဓာတ်က လေးစားအားကျအတုယူစရာလို့ ထင်မိတယ်။
၂ယောက်ရှိရင် ၃စုကွဲတဲ့ စိတ်ဓာတ်တွေ ပြင်ကြဖို့ လိုနေပြီ။
နှစ် ၁၀၀ဝ ကျိန်စာ :byae:
koaung
January 5, 2013 at 3:15 pm
မုုဒိတာမထားနိုုင်တဲ့စိတ်တွေဗျ ငါသိတယ် ငါတတ်တယ် ငါတော်တယ် ဝကလဲမရှိ ဝိကလဲလုုပ်ချင်
နာခံမှု လေ့လာမှုမရှိ ဆရာလုုပ်ချင်တဲ့စိတ်ကများ အရေးအကြောင်းကျမှ အဖေကယ်ပါ အမေကယ်ပါ
နောက်ဆုုံးမှ ငါမှားပါလား ပြောတဲ့အချိန် လွန်သွားရှာပြီ ၆၅နှစ်
ကိုပေါက်(မန္တလေး)
January 5, 2013 at 3:51 pm
ကိုလတ်ရေ
ကျနော်တို့မြန်မာတွေ သူများနောက်ဘာကြောင့်ရောက်လဲလို့မေးတာကိုဖြေရရင်
ကိုယ်နည်းနည်းအောင်မြင်တာလေးကို အကြီးကြီး လုပ်ပြီး ဝံ့ကြွားနေခဲ့ကြလို့ပါဘဲ.။
စင်္ကြာဝတေးမင်းတို့ လေးကျွန်းသခင် တို့ ဆင်ဖြူမင်းတရားကြီးတို့
ရွှေတွင်ငွေတွင်း ပယင်းဒုတ္ထာ တို့ကို ပိုင်သတော်မူသောဆိုတဲ့ စကားလုံးတွေနဲ့ ပိပြီး
ရှေ့ဆက်တက်ဘို့ လမ်းတွေပိတ်ကုန်တာပါဘဲ။
နောက်တစ်ချက်
မြန်မာသမိုင်းအဆက်ဆက် အချင်းချင်းနန်းလု သတ်ဖြတ် ဇိမ်ခံနဲ့ဘဲ ဘဝဆုံးသွားကြတာလဲ
ုနိင်ငံ မတိုးတက်ခဲ့တဲ့ အကြောင်းတရားတစ်ခုပါဘဲ။
(တိုင်းပြည် အတွက် တကယ်လုပ်နိုင်သူ လက်ထဲ ကို ရသင့်တဲ့ အာဏာ ပါဝါ လွှဲပေး လိုက်ကြပါ လို့ တောင်းပန်လိုက်ပါတယ်)
အခုချိန်မှာ လိုချင်ရင် ရအောင်ယူ ဆိုပြီး လက်ကလေးနဲ့ကိုင်ထားတုံးရှိပါသေးတယ်
ယူနိုင်တဲ့ အရည်အချင်းရှိသူများ က ဒီအချိန်မှာ အမိအရ ယူနိုင်ဘို့ အရေးကြီးပါ၏
အရီးခင်လတ်
January 5, 2013 at 9:10 pm
ကိုပါ၊ ကိုကြောင်၊ မမ၊ ကိုအောင် နဲ့ ကိုပေါက် တို့ရေ
အချိန်ပေး ပြီး ဝင်ဆွေးနွေး ပေးသွားတာမို့ တကယ်ကြီး ကျေးဇူးတင်ပါတယ်။
ကျွန်မတို့ အားလုံး ကိုယ့်တိုင်း ကိုယ့်ပြည်ကို တကယ်ဘဲ တိုးတက်စေလိုတာ အမှန်ပါဘဲ။
လူမျိုး ဆိုတာကိုတော့ ထည့်မတွေး တော့ဘူး။
ဒီပြည်မှာ နေရင် ဘယ်သူမဆို ဒီတိုင်းပြည်ရဲ့ သားသမီး ဘဲ။
ဘာလူမျိုး ဖြစ်ဖြစ်၊ ဘယ်ဘာသာ ကိုးကွယ် ကိုးကွယ် ဒီ တိုင်းပြည်ကောင်းကျိုး အတွက် အားလုံး တစ်သွေးတစ်သားထဲ ညီညီညွတ်ညွတ် ဖြစ်နေသင့်လို့ပါ။
uncle gyi
January 5, 2013 at 10:46 pm
ပြောသာပြောရတယ်အရီးရေအာဏာဆိုတာကိုင်ပြီးရင်တယ်လက်မလွှတ်ချင်တဲ့အရာကိုး
သမိုင်းကိုသင်ခန်းစာယူရမယ်ပြောနေကြတာပါးစပ်ပြောပြောနေကြတာ
လက်တွေ့မပါတော့အခုမြင်နေကြားနေရတာတွေဖြစ်နေကြတာ
အာဏာရဲ့အထက်တရားဥပဒေရောက်မှအများမျှော်နေတာတွေဖြစ်လာမယ်ထင်ပါတယ်ဗျာ
Mr. MarGa
January 6, 2013 at 1:40 pm
သမိုင်းမှာ လူတော်တွေ ပေါ်ခဲ့ပါတယ်
လူကောင်းတွေလဲ ရှိခဲ့ပါတယ်
ဒါပေမယ့်
သက်ဦးဆံပိုင် ဘုရင်စနစ်ကြောင့်
မှေးမှိန်သွားတယ်ထင်ပါတယ်။
ရာဇဝင် အဆက်ဆက် ရှိခဲ့တဲ့ နိုင်ငံ တစ်ခုအနေနဲ့
ထိပ်ဆုံးမဟုတ်တောင်
အလယ်အလတ်တန်းတော့ ဝင်အောင် လုပ်သင့်ကြောင်း
ပြောချင်တာလေး ဝင်ပြောလိုက်ပါတယ်
သူများတော့ ပြောပြီးပြီ ကိုယ်တိုင်ပြင်ဦးမှ
padonmar
January 6, 2013 at 7:50 pm
အင်းဝခေတ်နှောင်းပိုင်းနဲ့ တောင်ငူမင်းဆက်တွေကို ရောရောနေတယ်။
မလတ်စုဆောင်းပေးတဲ့ မင်းဆက်တွေရဲ့ ခုနှစ်တွေယှဉ်ကြည့်မှရှင်းသွားလို့ ကျေးကျေးပါ။
ဘုရင်အမည်ခံပေမယ့် တိုင်းပြည်တွက် ပြည်သူပြည်သားတွေတွက် စဉ်းစားပေးတဲ့ ထိုင်းဘုရင် ဘူမိဘော၊သီရိဒုံတို့လို လေးစားစရာ မင်းတွေသာဆိုရင် ဘုရင်စနစ်ရှိလည်း ကောင်းပါတယ်။
ခက်တာက ဘုရင်မျိုးမဟုတ်ပဲ ပြည်သူ့ဆန္ဒမကြည့်တဲ့ ပြည်သူတွေတိုးတက်ဖို့မစဉ်းစားတဲ့ ဘုရင်ဖြစ်ချင်တဲ့ ဘုရင်လိုနေချင်တဲ့သူတွေကြောင့် ကျမတို့တိုင်းပြည် ဒုက္ခရောက်နေရတာပါ။
အခုချိန်မှာ အစိုးရ၊ပြည်သူ၊စစ်တပ် သုံးနားညီတြိဂံမှာ အတိတ်က ဖြစ်ခဲ့တာတွေ ခဏမေ့ထားပြီး ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ကောင်းဖို့ပဲ ဦးတည်ကြဖို့လိုနေပါပြီ။ခုနေပြင်ရင် အချိန်မီပါသေးတယ်။
အရီးခင်လတ်
January 6, 2013 at 9:14 pm
ကျွန်မလဲ အရင်က မသိဘဲ အခုလို ချပြီး စုကြည့်လိုက်တော့ မှ သိတာပါ။
ဒါနဲ့ဘဲ ရွာထဲ ကို ထပ်မျှလိုက်တာ။
အမှားပါလဲ ပြင်ပေးမဲ့သူရှိရင် အမှန်သိအောင်လို့ပါ။
ဝီကီက ရာနှုန်းပြည့်တော့ စိတ်မချရလောက်ဘူး။
ဂျပန်မှာလဲ ဘုရင် ကို ချစ်ကြတာပါဘဲ။
ဒီလို နန်းမျိုးနွယ်တွေ ထားတာ ဒီခေတ်မှာတော့ တိုးရစ်ပြစရာပေါ့။
မြန်မာပြည်ကတော့ အစစ်တော့ မရနိုင်တော့ဘူး။
အတု ဆိုရင်တော့ ပြစရာရှိကောင်းရှိမယ်။ 😆
ကိုယ်ကျိုးလဲရှာ၊ တိုင်းပြည်အတွက်လဲ ကြည့် ဆို တောင်မှ မဆိုးပါဘူး။
အခုဟာက တစ်ကိုယ်ကောင်းဆန် ကိုယ်ကျိုးရှာတာတောင် ပညာမဲ့လွန်းအားကြီးတယ်။
အစ်မပြောသလို အသိဝင်လို့ ပြင်နိုင်ရင်တော့ မပြင်တာထက်စာရင် တိုးတက်ဖို့ ရှိပါတယ်။
အားဖြည့်ပေးလို့ ကျေးကျေးပါ ချစ်အစ်မ ရေ။
P chogyi
January 7, 2013 at 8:53 am
အရီးရေ
အကြောင်းအရာမတူပေမဲ့
လွတ်လပ်ရေးနေ့အကြောင်းလေးပါလို့ ပြောချင်ပါတယ်။
လွတ်လပ်ရေးနေ့မှာ လမ်းတွေပိတ်ပြီး
ပျော်ပွဲရွှင်ပွဲတွေလုပ်တာ
ကိုယ်လွတ်လွတ်လပ်လပ်ပျော်ကြပေမဲ့
တစ်ခြားသူအနှောက်အယှက်ဖြစ်စေမယ်လို့
မစဉ်းစားတဲ့သူတွေအကြောင်းပါ။