Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“တစ်ခါက နှင် ့ ဘိုးတော် ဆာမိ”

ေမာင္ရိုးJanuary 31, 20131min103856

“ဇမ္ဗူလက်ျာ တောင်ကျွန်း ဩဘာနိမိတ်ထွန်း ”  တဲ ့ …. ကျနော်တို့ ငယ်စဉ်ကတည်းက ကြားဖူးခဲ ့တာ …။

ကျနော်တို့ နေတဲ ့ နေရာက ဘာကျွန်းလည်းမသိပေမဲ့ အတိတ်နိမိတ် ၊ တဘောင် တွေကတော့ဖြင် ့

ခေတ်အဆက်ဆက် လက်ဆင် ့ကမ်းလာခဲ့ကြပါတယ် …။ အင်းဝ မပျက်ခင်က “အင်းကိုဟင်္သာဆင်းအံ ့ ၊

မုဆိုး လေးနှင့်ခွင်းအံ့ …”ဆိုပြီး တဘောင် စကားထွက်ခဲ့ဖူးတယ်လို့တော့ ကြားဖူးပါတယ် ။

ဆိုလိုတာက အင်းဝ ကို ဟံသာဝတီကသိမ်းပြီး ၊ ဟံသာဝတီ ကို မုဆိုးဖိုရွာသူကြီးက တော်လှန်မယ်ပေါ ့ ….။

ဒီလို….ဒီလို..နဲ ့ အတိတ် တဘောင်တွေ ပေါ်လာလိုက်တာ ခုထိဆိုပါတော့ …. ။ခုခေတ်ကျတော ့ ပိုလို့တောင်မှ

အားကောင်းနေသေးတယ် …. ၁ လုံး ၂ လုံး ၃ လုံးတွေနဲ့ သိုက်သိုက်ဝန်းဝန်း …. ရသေ ့ ၊ ရသေ ့မ ၊ ဘိုးတော်

အကြားအမြင် ၊ ဘာမှန်းမသိသော ပုဂ္ဂိုလ် …. စသည်ပေါ ့လေ ….။

 

အတိတ်စိမ်း တွေ ၊ အိမ်မက်နိမိတ်ကောက်တွေ ၊ အိမ်မြှေင်စုတ်ထိုးတွေ …. လေတိုက်တာတွေ  ၊ သစ်ရွက်လှုပ်

တာတွေ ….။ ရှိသမျှ အတိတ်ကောက်ပြီး  ၂လုံး ထီထိုးတော့တာပဲ ….။ “လေအတက်မှာ ၊ အချဉ်နံ ့ထွက်လို့

အနေမခက်အောင် ၊ ရေတစ်ခွက်လောက်ပေးပါ ….”  ဆိုလား ….. “ ဘိုးဘိုးအောင် တဘောင်နဲ ့ပေါ်လာပြီ”

ဆိုလား…… “ ဥုံ …စည်ပင်သာယာ … မသိသူကျော်သွား ၊ သိသူတက်နင်း ” ဆိုလား … အဲသလို ဘာမှန်း

မသိတဲ့ အတိတ်စိမ်းတွေ အတိတ်ပြာတွေနဲ ့ မွဲလှပေါ ့ …….။ ဒီလိုလောင်းကစား တွေ ဖွံ ့ဖြိုးတဲ့နေရာများထဲက

ကျနော်ကျင်လည်ခဲ့ဖူးတဲ့ မြို ့တစ်မြို ့ကိုညွှန်းရရင်တော့ …….

 

“တောင်ငူ” လို့ပြောလိုက်ရင ် ဒူးရင်းသီး ၊ မင်းဂွတ်သီး လိုင်ချီးသီး ..နဲ့ တကွ ရင်ဂို ၊ကျားပေါက် … စိုးပြည် ့သဇင် တို့နဲ့

နော်လီဇာ … ဒါထက်မက နတ်ရှင်နောင် ၊ ဓာတုကလျာ ၊ တပင်ရွှေထီး …..ဆိုပြီး အတိတ်ကာလအထိ

မှတ်မိစရာတွေနဲ့ပါ ….။ ပြီးတော့ …… နောက်တစ်ခုက လောင်းကစားအလွန် လွတ်လပ်တဲ့ မြို ့အဖြစ်

ထင်ရှားပါတယ် ..။ ဘယ်လောက်အထိ လွတ်လပ်ခဲ့သလဲဆိုရင် တစ်ချိန်က နှစ်လုံးထီကို မြို ့လည်ခေါင်က

အိမ်ခတ်ကျယ်ကျယ် ထဲမှာ ယူ(U) ပုံသဏ္ဍန် စားပွဲကြီးနဲ့ ကောင်တာတွေခွဲပြီး ရောင်းခဲ့ဖူးတာပေါ ့ ….။

 

အဲဒီတောင်ငူ ဆိုတာ ခရိုင်အဆင် ့ မြို ့ဖြစ်တဲ့အပြင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကလည်း မနီးမဝေးမှာ

ရုံးစိုက်ပါတယ် . … ။ ဒီလို အခြေအနေနဲ့ဆိုပေမဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကျော်ကတော့ ရုပ်ရှင်ရုံ

ထဲမှာ ဘောလုံးပွဲကို ပြပြီး လိုက်(ဖ်)ရှိူး လောင်းလို့ရခဲ့ပါတယ်  …။ ရုံပြင်မှာဆိုရင်လည်း လက်မှတ်ရောင်း

ကောင်တာဖွင် ့ပြီး နေ ့လည် ကတည်းက လောင်းကြေးဖွင် ့နေပါပြီ ။ ကလေးကထစ်ခွင်ချီထားတဲ့ အမျိုးသမီး

ကလေးအမေတွေရော …. ပင်စင်စားအဖိုးကြီးတွေပါမကျန် ကြီးကြီးငယ်ငယ်ဟူသမျှှ နှစ်လုံးထီ ၊ ဘောပွဲနဲ့

သုံးလုံးထီကို စိတ်ဝင်စားကြတာပေါ ့ ….။ ဘောပွဲဆိုရင် (၅၀၀) ကျပ်အထိ လက်ခံပါတယ် ။ အဲဒီအချိန်က

ငွေတန်ဖိုးအရ ခေါက်ဆွဲကျော်တစ်ပွဲဟာ (၆၀၀) ခန် ့ပါ ။ တစ်ချို ့များ ဘောပွဲလေးလောင်းလို ့ ရုံရှေ ့မှာ

ငုတ်တုတ်ထိုင်ပြီး အဖြေစောင် ့နေရင်း မျှော်လင် ့ခြင်းမျက်ဝန်းတွေနဲ့လေ …..။

 

သူတို့ လုပ်ခ ဘယ်လောက်ရသလဲ ..?  ထမင်းရောစားပြီးရဲ ့လား ….?  မသေချာပါဘူး …။

(၅၀၀) ကျပ်နဲ့ ညဦးပိုင်းပွဲလေးလောင်းလို့ အခြေအနေကောင်းရင် ညလယ် ပွဲပါ ဆက် ….ဒီလိုဒီလို နဲ့……

ရှုံးတစ်ခါ နိုင်တစ်လှည် ့နဲ့ ဇောကပ်နေလိုက်ကြတာ …. ခါးထစ်ခွင်ချီထားတဲ့ ကလေးက ဗိုက်ဆာလို့ငို …

မန်ချက်စတာ ယူူနိုက်တက် ဘယ်နှစ်ဂိုးသွင်းမှာလဲလို့ မျှော်ရတာလဲ အမောပေါ ့ …။ ဒီလို မြင်ကွင်းတွေဟာ

တောင်ငူ တစ်မြို ့တည်းတော့မဟုတ်ပါဘူး ။ နေရာအနှံ့ တောရော မြို ့ရော ပျံ  ့နှံ့နေပါပြီ ။ ချမ်းသာလို ့

ဖြစ်စေ … နောက်ခံ အင်အားတောင် ့လို့ဖြစ်စေ လောင်းကစားလုပ်တာ အပြစ်မဆိုသာပေမဲ့ ….

တစ်နေ ့ လုပ်အားခကို မစားမသောက်ရင်းပြီး မျှော်လင် ့နေတတ်ကြတာတော့ ဆိုးပါတယ် …။

ဒိုင်လုပ်တဲ့ လူများကလည်း အောက်ခြေလူတန်းစားအထိ လောင်းကစားလုပ်နိုင်အောင် လောင်းကြေးငွေကို

နှိမ် ့ ချထားပြီး စေတနာပိုကြတာတော ့ မေတ္တာတော်ကြီးလွန်းတယ်လို့ ဆိုရမလားလေ….. (ဆိုးပ )

 

လောင်းကစားဆိုတာက သိတော်မူတဲ့အတိုင်း …. တစ်ခါနိုင် နှစ်ခါပေး ပြီး ပွတ်ရင်းနဲ့ ပါးသွားတာမျိုးပါ ။

ဒီတော့ … ဘယ်လိုကြံ ဘယ်လို အားကိုးရှာကြသလဲဆိုတော့ …. အညိုဝတ် ၊ အဖြူဝတ်တွေ မှန်သမျှ

တွေ ့တာနဲ့ အတိတ်စိမ်းတောင်း ….. နိမိတ်ကောက် ပြီး နှစ်လုံးထီထိုးတဲ့သူကထိုး …. ဘောပွဲလောင်းတဲ့

သူကလောင်းနဲ့ တကဲ့ကို ပွဲတော်ကြီးပေါ ့ ။ နှစ်လုံးထီထွက်မည် ့ အချိန်ဆို ဈေးထဲက ဈေးသည်တောင်

ဈေးရောင်းဖို ့စိတ်မဝင်စားလောက်အောင်ပါပဲ …..။ ဘာဂဏန်းထွက်မလဲ လို့မျှော်လင် ့ရင်း လည်တဆန် ့ဆန့်

ဖြစ်နေသေးတာပါ ။ အဲ …. ဂဏန်းထွက်လို့ ကိုယ်ထိုးတဲ့ အကွက် မပေါက်ဘူးဆိုမှ မူရင်းဈေးရောင်းတဲ့

အလုပ်ကို ပြန်လုပ်ကြတာပေါ ့ ။ တစ်ချိုု ့ကရှိသေး ….. ထွက်ပြီးမှ မထိုးလိုက်ရလေခြင်းလို့ဆိုပြီး ရင်ထုမနာ

ငိုချင်းချပြီး ပေါက်ဖေါ်ချိုင်း လုပ်ကြတာလေ ။ မစားရ ဝခမန်း အာပေါင်အာရင်းသန်သန်နဲ့ အပြန်အလှန်ပြောရင်း

တစ်နေ ့တာကုန်လို့ နောက်တစ်နေ ့ ဘာထိုးရင်ကောင်းမလဲလို့ တွေးတဲ့သူကတွေး ….. အကြွေးတွေ ထူလာလို့

ငေးတဲ့သူက ငေးနဲ့ …. သာမန် လူတန်းစားဘဝတွေရဲ ့ ထွက်ပေါက်ရှာတဲ့ပုံရိပ်လေးတွေပါ  …..။

 

တစ်ချိန်က …. မောင်ဆာမိ လည်း အဲဒီမြို့ကို အလုပ်ကိစ္စနဲ့ မကြာမကြာ ရောက်ခဲ့ပါတယ် ။ ရောက်တိုင်းလည်း

မြို့လည်ခေါင်က တည်းခိုခန်းမှာတည်းပြီး ပြုဖွယ်အလုပ်ကိစ္စလေးတွေလုပ်တယ်လေ …။ ပြီးရင် နားနားနေနေ

ထိုင်နေကျ လက်ဘက်ရည်ဆိုင်က “ကဆောဝါး” ပါ  ။ အဆာပြေ အမြဲစားတတ်တာကတော့ ရွှေဆံတော်ဘုရား

အရှေ ့ဘက်မုဒ်က ဒေါ်ပိုမုန် ့ဟင်းခါး ….. ။ အဲဒီ တုန်းက အိမ်ထောင်မကျသေးတဲ ့ အချိန်…ကူဖေါ်လောင်ဖက် ကလည်းမရှိတဲ့ တစ်ကိုယ်တည်း သမားဆိုတော့….. အင်း…..ကိုယ် ့အဝတ်ကိုယ် လျော်ဝတ်ရတယ်ပေါ ့ဗျာ။

 

မောင်ဆာမိ ရဲ ့ အလုပ်ဆိုတာကလည်း ကားပေါ် ရထားပေါ် အချိန်မရွေး သွားလာရတော့ တစ်ခါတစ်လေ

အဝတ်အစားတွေက ပေကျံ စွန်းထင်းတာတွေ ရှိခဲ့ပါတယ် …. ဒီတော့ …

အပေအရေ ခံအောင် အရောင်ခတ်ရင် ့ရင့် ့တွေ ဝတ်ပြီး လျော်ရသက်သာအောင် အပျင်းကြီးတဲ ့ဇတ်လမ်း

ထွင်ရတာပေါ ့ ။ အဲဒီနေ ့ကလည်း အပေါ်က အညိုရောင် လက်ရှည်အင်္ကျီ နဲ့ ပုဆိုးက ခတ်မွဲမွဲ မကျီးစေ ့ကွက်

နဲ့ဆိုတော့ .ရုတ်တရက်ကြည့်ရင် အညိုဝမ်းဆက် ဝတ်ထားသလိုပါပဲ ။ ဖြစ်ချင်တော့ မနက်စောစောစီးစီး

`လက်ဘက်ရည်သောက်ချင်တာနဲ့ ထိုင်နေကျ “ကဆောဝါး”ကိုသွားလိုက်တယ် ။ ကျဆိမ် ့ နဲ့ ပဲပလာတာ

ပြီးတော့ လန်ဒန်စီးကရက် တစ်ပွဲ မှာပြီး ဘယ်မှမကြည် ့ဘဲ စားသောက်နေမိတာပေါ ့ ။ မကြာပါဘူး …..

မောင်ဆာမိထိုင်နေတဲ့ စားပွဲကို လန်ဒန်စီးကရက် အသစ်တစ်ဗူးနဲ့ ရှိသမျှမုန် ့တွေ လာချတော့တာပါပဲ ။

မောင်ဆာမိလည်း စီးကရက်နှစ်လိပ်ကုန်အောင်သောက်ပြီး ပိုက်ဆံရှင်းဖို့ ကောင်တာကို သွားတော့တာပေါ ့ ။

ကောင်တာက ထိုင်တဲ့သူဆရာသမားက ပြုံးဖြီးဖြီးနဲ့ “ စောစောကဘဲ ဟိုနားက ထိုင်နေတဲ့ အစ်မကြီး

နှစ်ယောက်က အားလုံးပေးပြီးသွားပြီ ”တဲ့ …. ကောင်းရော …..

ဘာမှန်းမသိ ညာမှန်းမသိနဲ့ လူမှားပြီးပေးသွားတယ်လို့ ထင်မိတာပေါ ့ လေ …. ရှိပါစေလေ … ဒီတော့

လန်ဒန်ဗူးလေး ယူပြီး နောက်လှည် ့ထွက်ရော … “ ဆရာ …. ဟိုအစ်မကြီးတွေက တစ်ခုခု ချီးမြှင် ့ခဲ ့ပါ

လို ့ မှာသွားပါတယ်ဆရာ …. ဟို …. ဂဏန်းလေးဖြစ်ဖြစ်ပေါ ့ …”တဲ့ …

 

မောင်ဆာမိ သိလိုက်ပါပြီ  ။ ခုတော့ ကောင်းကောင်းသဘောပေါက်သွားပါပြီ ။ လက်စသပ်တော့ ဘိုးတော်နဲ့

မှားသကိုး …… ခရီးသွားဟန်လွှဲ ဝတ်မိတဲ့ အညိုဝမ်းဆက်ရယ် ပြီးတော့ ခုနှစ်ရက်လောက် မရိတ်မိခဲ့တဲ့

မုတ်ဆိတ် နှုတ်ခမ်းမွှေးတွေရယ် ဆိုတော့ ဘိုးတော် လို့ထင်သွားကြတာပါ ။ မောင်ဆာမိမှာလည်း ရှင်းပြဖို့

ခက်သွားပါပြီ ။ သူများကျွေးတာ ဘုမသိ ဘမသိ စားမိလေတော့ တစ်ခုခုတော့ ပြောရပေမပေါ ့ ။

(အမှန်တော့ မဟုတ်ကြောင်းရိုးသားစွာပြောပြရမှာပါ ။ငယ်စဉ်က နောက်ချင် ပြောင်ချင်စိတ်နဲ့ ပဲ ……)

ဒီတော့ ….. လမ်းလျောက်လာရင်း တွေ ့ခဲ့တဲ့ ကျုံးဘေးက ဝက်ကြီးနှစ်ကောင်ကို သွားသတိယပြီး

“ဝက်ကြီးနှစ်ကောင် အမြီးထောင်” လို့ ပြောပြီး ရယ်ချင်စိတ်ကို မနဲမျိုးသိပ်ခဲ့ ရပြန်သေးတယ်လေ …။

 

အဲဒီညကပဲ ပြန်ဖြစ်ခဲ ့ပါတယ်…… ဘူတာရုံမှာ ညလယ်ရထားကိုစောင် ့ပြီး ခတ်မှောင်မှောင်

ထောင် ့တစ်နေရာမှာ ခေါက်ကုတင်လေးခင်းလို့ ရထားလာမည် ့အချိန်ကိုမျှော်ရင်းနဲ့ပေါ ့ ။

မောင်ဆာမိ တစ်ယောက် ကွမ်းလေးဝါးလိုက် လန်ဒန်စီးကရက်လေးဖွာလိုက်နဲ့ ဇိမ်ကျနေချိန်မှာ

လူတစ်စုက အညိုရောင် အပေါ်အောက်ဝတ်ထားတဲ့ မုတ်ဆိတ်ပါးသိုင်းတွေနဲ့ သက်လတ်ပိုင်းအရွယ်

လူတစ်ယောက်ကို အပြင်းအထန်ရှာဖွေနေလေရဲ ့ …အဲဒီအကြောင်းတွေကိုတော့ …..

နောင် နှစ်အတော်ကြာမှပဲသိခဲ့ရတာပါ …… အဲဒီနေ ့က နှစ်လုံးထီ ထွက်သွားတဲ့ ဂဏန်းက  (၄၄) တဲ့ ……။

 

မှတ်ချက် ။

ဝက်ကြီး နှစ်ကောင်ဆိုတော့ ဒီလို ယူဆကြတယ်

ဝက် .. ဝက် … = ၄၄  တဲ့

 

 

56 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 31, 2013 at 1:25 am

    မြန်မာပြည်ရဲ့ သာမန်လူတန်းစားတွေအတွက်က ငွေဆိုတာလေး မြိုးမြိုးမျက်မျက်ရဘို့ဆိုတာ
    ဒါလေးဘဲမျှော်မှန်းဘို့ရှိတယ်ဆိုရမလားဘဲ
    ဥပမာ တစ်နေ့ ငါးထောင်လောက်ရတဲ့သူဟာ တစ်ထောင်ဘိုးလောက်ကို လောင်းကစားဘို့
    လက်မတွန့်ကြတော့ဘူး တစ်နေ့မပေါက်တစ်နေ့ပေါက်မှာပေါ့ဆိုတဲ့ ရည်မှန်းချက်နဲ့ပေါ့
    ဂွတော့အကျသား
    တစ်ခါတစ်လေ ဘိုးတော်ဆိုတာက လည်းခပ်များများဘဲ
    သူတို့ဟာသူတို့ ဘယ်လိုရုံကြည်မှု့တွေနဲ့ ဘယ်လို ပုံအောနေကြသလဲမသိ
    ကျုပ်တစ်သက်နဲ့တစ်ကိုယ် ဘိုးတော်မလို့ ချမ်းသာတာ တစ်ယောက်မှမတွေ့ဘူးပေါင်
    ပြောင်ရင်ပြောင် မပြောင်ရင် ကြောင်တောင်တောင်ဖြစ်ကုန်တာဘဲ
    ကျုပ်တို့ရွာမလဲရှိတာဘဲ ဘိုတော်
    သူများအတွက်ဘာထူးလဲမသိဘူး
    ကျုပ်အမြင်
    ဘိုးတော်လည်း ကင်းခ ပေါ်တာခပေးရတာဘဲ
    ပေါ်တာဟေ့ဆို ဘိုးတော်ပြေးတာ တန်းးးးးးးးးးးနေတာဘဲ
    ရှိသေးတယ် မရိုသေ့စကားပေါ့ဗျာ ရွာမှာ
    ညဦးပိုင်းဆို ဗွီဒီယိုပြာတာပေါ့ ဗမာကားတို့ အင်္ဂလိပ်ဇာတ်ကြမ်းကားတို့ပေါ့
    ပြီးသွားရင် နောက်ဆုံးကား ဆိုပြီး ဟိုဒင်းကားပြဒယ် ( ဟိုဒင်းကား )
    ဘိုးတော် အရှေ့ဆုံးကဘဲ
    ဒါလဲ ချဲထွက်ခါနီးလူတွေတိုးနေတာဘဲ အံ့ရော

    • surmi

      January 31, 2013 at 10:27 pm

      ဟုတ်ပ ကိုပုရဲ ့
      ကျုပ်လည်း မကြာခဏ ဒါမျိုးတွေတွေ့နေရတာ …
      တလောက ငွေချေးလုပ်ငန်းလုပ်တဲ့ ဘော်ဒါတစ်ယောက် ပြောပြတာကတော့
      မနက်စောစော သူ့ဆိုင်ကို ဇော်ဂျီဝတ်စုံနဲ့ လူတစ်ယောက်လာသတဲ့ ။ ဒါနဲ့ အလှူခံဆိုပြီး
      ပိုက်ဆံထည် ့မယ် လုပ်တုန်း အဲဒီလူက လက်စွပ်တစ်ကွင်း ထုပ်ပြီးပေါင်တယ်ဆိုပဲ …။
      နောက်မှသိရတာက ဒီလူက အဲဒီနယ်ရဲ့ ့ နာမည်ကြီး ဘိုးတော်လေ …
      သွေးတိုးဆရာကြီးဦးသန်းမောင် … ဆရာကိုယ်တိုင်သွေးတိုးရှိသည် လို့ဆိုရမလိုပဲ
      သူလည်း နှစ်လုံးထီ ကိုယ်တိုင်ထိုးတာ မပေါက်ဘူးလေ …. အဲသလို ဗျို ့ ….

      @ ဒေါ်ပုချ်
      ဟင်းရည်ကျဲသုပ်ကို သတိရသွားပြီထင်တယ် ….
      လောင်းကစားက မပျာက်ပေမဲ့ လောင်းနိုင်တဲ့သူ က အတိုင်းအတာ တစ်ခုနဲ့ လောင်းရင်
      ဘာမှသိပ်မဖြစ်ပေမဲ့ လက်လုပ်လက်စားတွေရဲ ့ ထွက်ပေါက်လိုဖြစ်နေရင်တော့
      အဲဒါ ဆိုးသဗျ ။ အထက်မှာကိုပု ပြောသလိုပဲ ဘိုးတော်ဆိုသူတွေပါ လုပ်ပြနေကြတာ
      ယုံတဲ ့ သူလည်း ယုံတာကိုး ဗျ ။ ခက်တယ်နော

  • pooch

    January 31, 2013 at 1:46 am

    ဒေါ်ပိုမုန့်ဟင်းခါးသုပ်ကိုတောင် သတိရသွားပြီ

    တကယ်တမ်းက အဲ့ဒီလောင်းကစားကြောင့်ပဲ ကျန်ခဲ့တဲ့ ကျမ အမျိုးတွေ လူလုံးမလှကြဘူး တခါတခါ မန်းလေးထိ ပိုက်ဆံလာချေးတတ်ကြတယ် အကြောင်းရာကိုမေးလိုက်ရင် ဒါပဲ မရိုးရဘူး

    ခုနောက်ပိုင်းတော့ ရှိတဲ့ခြံပါ ခွဲဝေရောင်းပြီး အဝေးလွင့်ကုန်တယ်
    ချေးမလောက် ပေးမလောက် ကြာတော့ ခွေးမြီးကောက် ကျည်တောက်စွပ်ဖြစ်သွားပြီ

    ဒီလောင်းကစားက ဒီတသက် ပပျောက်ရန်လည်း လမ်းမမြင်ဘူး
    ဘယ့်နှယ့်ထိန်းကြမယ်မသိ 🙁

    • kai

      January 31, 2013 at 2:32 am

      လူတယောက်ထဲ.. (ရှေ့/ပစ္စုပ္ပန်/၊နောင်ဘဝ)သုံးကိုယ်ခွဲကစားတဲ့.. အကျင့်စရိုက်ပျောက်မှဖြစ်မှာခင်ဗျ…
      ကံကောင်းခြင်းလက်ဆောင်ကို.. တလွဲယူသုံးချင်ကြတာကိုး..
      မြန်မာပြည်အထွေထွေ ပြဿနာတွေအားလုံးရဲ့.. အခြေအမြစ်ကတခုထဲ…

      အဲဒါမပြင်နိုင်သ၍.. နှစ် ၁၀၀ဝကျိန်စာက ဆက်နေမှာ..။
      ဆိုတော့..
      ပြတ်ပြတ်သားသား.. ဟိန္ဒူနိုင်ငံကြေငြာရင်ကြြေငြာ….
      .. ပြတ်ပြတ်သားသား.. ဇတ်/လူတန်းစားခွဲရင်ခွဲ..
      အဲလိုမဟုတ်.. ဟိုက..ဒီက..စိတ်ကူးပေါက်သလို..ချိန်ညှိနေတဲ့ဘာသာရေးနဲ့တော့..

      ရင်လေး..ဝန်လေး..အကုန်လေးပါတယ်.. :buu:

      • Novy

        January 31, 2013 at 10:09 am

        သူကြီး “Oh My God” ဆိုတဲ့ အိန္ဒိယကားလေးအချိန်ရရင် ကြည့်ကြည့်ပါလားဟင်

      • surmi

        January 31, 2013 at 10:40 pm

        ဘဘသဂျီးဦးခိုင်ရယ် .. ဘယ် ့နယ် ဘာသာရေးနဲ့ဆိုင်လို့လဲဗျာ ။
        ဘာသာရေးသာ တစ်ကယ် လိုက်စားရင် လောင်းကစားဆိုတာ သမ္မာအာဇီဝ မှမဟုတ်တာ ။
        ကံ ကံ၏အကျိုးနဲ့လည်းမဆိုင်ပါဗျာ။ တစ်ကယ်တော့ ဆင်းရဲလွန်းလို့ ထွက်ပေါက်ရှာရင်း
        ပိုနစ်သွားရတာပါ ။ ုသဌေးတွေလောင်းတာကတော့ ကြိုက်သလောက်လောင်းပေါ ့ …..။
        ခက်တာက အခု မောင်းစနစ်နဲ့ လောင်းရင် ဘောပွဲကို ၂၀ဝ ဘိုးထိုးလို့ ရသဗျ ။
        စမ်းချောင်းမှာနော် အဲဒါ ။ ဒီတော့ ဘယ် လက်လုပ်လက်စားမဆို ကောင်းကောင်း လောင်းနိုင်
        သဗျ ။ နေ ့တွက် ၄၀၀ဝ တဲ့ နေ ့စားသမားက ဘောပွဲ ၂၀ဝ ဘိုး ၅ ကွက် ထိုးလို့ရတယ်ပေါ ့ဗျာ ။
        သဂျီးကတော့ မရ ရသလို ဆွဲထည် ့တော့တာပဲ :kwi:

        • kai

          February 1, 2013 at 12:23 am

          The end justifies the means
          အဆုံးသတ်ဟာ..အဆုံးအဖြတ်ပဲဦးကြီးဆာမိရေ..။ မြန်မာတွေ.. သီပေါမင်းလက်ထက်ကနေ.. ကံကိုအလောင်းအစားလုပ်တာ..သွေးထဲရောက်နေတာကိုပြတာ..။
          အဲဒါ ..ဘာသာရေးကြောင့်ပဲ..။ မှီပြီးမြင်သာတဲ့.. နှစ်၁၀ဝ ရလဒ်ကကောက်ချက်ဆွဲတာ..။

          စိတ်ဓါတ်ရေးရာပိုင်းပျက်စီးရင်.. ဘာသာရေးခေါင်းဆောင်တွေက.. ဆုံးမရမယ်.. ကြံရာပါမလုပ်ရဘူး..။
          ကြားနေပြီး..မဆုံးမရင်တောင်အပြစ်..။
          အခုဟာက.. ကြံရာပါ.. :buu:

        • surmi

          February 2, 2013 at 12:54 am

          ဘဘသဂျီး
          မြန်မာပြည် မီးပြတ်ပြန်ပြီ
          မနက်မှ မကြေပွဲ ပြန်နွဲပါဦးမယ်
          :harr:

        • surmi

          February 4, 2013 at 1:38 am

          ကံကိုယုံတယ်ဆိုတာက ရှေးက ပြုခဲ့ဖူးသော ကောင်းကံ မကောင်းကံလေ ….
          ကံ ကံ၏ အကျိုး နဲ့ လောင်းကစားနဲ ့က တိုက်ရိုက်မှ မပတ်သက်တာ ..။
          ကံကို ယုံပြီး ဆူးပုံတက်နင်းရင် ဆူး စူးမှာပေါ ့ ..ဒီလိုပဲ ..သူများပိုက်ဆံ
          အလကား ရပါစေတော့ဆိုပြီး လောင်းကစားလုပ်တာကိုက အစကတည်းက
          လောဘ ထွက်နေပြီ ….မပေါက်တဲ့အခါမှာလဲ ဒေါသကြီးပြီး ဆတိုး လောင်းလို့
          ဒေါသလည်း ထွက်ပြီ ….. ကဲ အဲဒါတွေကို ဘာသာရေးအဆုံးအမနဲ ့ ထိန်းရမှာလေ
          ခုဟာက ဘာသာရေးကြောင် ့ လောင်းကစား ဖွင် ့ဖြိုးတာမှမဟုတ်တာ …
          ထေရဝါဒကို အခြား အရောင်တွေအဆိုးခံရလို့ ချိနဲ့ရတာ …..

  • ဦး ကျောက်ခဲ

    January 31, 2013 at 6:03 am

    ခက်တယ် ဘိုးတော်ဆာမိ

    ဘိုးတော်က အနီ/အဝါဝတ် လူတန်းစားတစ်ရပ်ကို ချန်ခဲ့သေးတာကိုး…
    ဟိုးအရင် ဘုရင့်နောင်လမ်းမကြီးပေါ်က ကျောင်းတိုက်တစ်ခုဆို ခြိမ့်ခြိမ့်သဲစည်သဗျ…
    ဒီနေ့အထိ ကက်စီနိုသူဋ္ဌေးတွေကလွဲရင် ထိုးသားထဲက ချမ်းသားသွားသူ မတွေ့ဖူးပါဘူး….
    အဲ အတိတ်စိမ်းပေးတဲ့ ဘိုးတော် အဖြူ/အညို/အနီ/အဝါဝတ်တွေတော့ အူစိုတာပေါ့…
    ဒီလိုလုပ်ဗျာ…
    အရင်စတိုင်ပြန်ဖမ်း မကာအိုမှာ မြန်မာဘိုးတော်ဆိုပြီး လုပ်စားရအောင်…
    :kwi:

    • surmi

      January 31, 2013 at 10:48 pm

      ဦးကျောက်ရေ …
      အစ်ကိုပြောတဲ့ အနီဝတ်တွေကို သတိယပါ ့ဗျာ ။
      သိတယ်မဟုတ်လား ထေရဝါဒ ရှုံ ့ချရေး အဖွဲ ့သားတွေ က ရောင်တော်ပြန်နဲ ့ရောလွှတ်သွားမှာ
      စိုးလို့ဗျို ့ … ဒါပေမဲ ့လည်း ရပါဘူးဗျာ ဟဲ ဟဲ
      သူတို့ကြောင် ့လည်း ထေရဝါဒ သံဃာတော်တွေ နာမည်ပျက်ရတာ ။ ပြီးတော့ အဲဒီ ဘိုးတော်
      ဆိုသူတွေကြောင် ့လည်း ယုံကြည်ချက်နဲ့ လုပ်နေကြတဲ့ ဂန္ဓာရီလမ်းစဉ်သမားတွေ အပြောခံရတာပေါ ့ ။
      ပြောရရင် အရှည်ကြီးဗျို ့ ….
      မကာအိုမှာ ဘိုးတော်လုပ်ရမယ်ဆိုရင်တော့ စိတ်ဝင်စားသား …. 🙂

      • ဂန္ဓာရီ ဆြာအုပ်

        February 1, 2013 at 12:42 am

        ဟုတ်တယ် ဥစာမိ အနော်တို့လို ဂန္ဓာရီလမ်းစဉ်သမားတွေ အပြောခံရတယ် ခွိခွိ

  • padonmar

    January 31, 2013 at 6:29 am

    အဲဒီတောင်ငူက အမကြီး ၂ယောက်ဆိုတာ မယ်ပုအမေ နဲ့ နန်းတော်ရာသူ အမေတဲ့။
    ကိုဆာမိ ကျဆိမ့် လက်ဖက်ရည်၊ပလာတာ နဲ့ လန်ဒန်ဖိုး ပြန်ပေးပါတဲ့။
    မပေးနိုင်ရင် နောက်အတိတ် တစ်ခုပေးပါအုံးတဲ့။
    ………………….
    ဆင်းရဲမွဲတေမှု ပပျောက်ရေးမှာ ဒီ ၁-၂-၃ တွေကို နိုင်အောင် မနှိမ်နင်းသမျှ ဘယ်တော့မှ မလွတ်ဘူး။
    ဟိုတလောက ငယ်သူငယ်ချင်းတွေ စုံတာ ကျောင်းဆရာမ၊ဈေးသည်၊ကျူရှင်ဆရာမ၊အိမ်ရှင်မ၊
    အားလုံးဘာထွက်လို့ ဘာထိုးလိုက်မိတယ် ဆိုတဲ့ အကြောင်းပဲပြောကြလို့
    အော် ဒီအကြောင်းမပြောတတ်ရင် ခေတ်မမီတော့ဘူးလားလို့တောင် ထင်မိတယ်။

    • တိန်..မြိုင်ရာဇာ(ဥ)ဆာမိလုပ်တာနဲ့ တို့နန်းတော်ရာဂို ရွာထဲကလူဒွေအထင်အမြင်မှားကုန်ပြီ။
      ကွမ်ရင်ကယ်ဘာ၊ကျိကုန်းကယ်ဘာ….
      :kwi:

      မလုပ်ပါနဲ့အရီးရယ်…အိမ်ကဖားသားကော၊မားသားပါဝါသနာမပါပါဘူး။
      အက်ဒါ ဥဆာမိတို့အမျိုးဒွေပါ။မယုံရင်သေသေချာချာမေးကြည့် တောင်ငူမှာ လောင်းကဇားလုပ်နေကြတာမှန်သမျှ
      ဥဆာမိတို့အမျိုးဒွေချည့်ပဲ….
      သူတို့ဒွေပဲဒိုင်ကိုင်ပြီးချမ်းသာနေတာ…
      လုပ်ထားဘာ လုပ်ထားဘာ.ဥဆာမိရေ….ဒီအမှုကိုတော့အလွတ်ပေးလီု့မဖြစ်ဘူး။

    • surmi

      January 31, 2013 at 10:56 pm

      အစ်မ ပဒုမ္မာရေ ….
      အိမ်မက်မမက်လို့ အိမ်မက် မက်စေဖို့ မမက်မချင်း အိပ်တဲ ့သူတောင် တွေ ့ဘူးပါသဗျာ …
      ခက်တာက မိရိုးးဖလာဘာသာရေးဖြစ်နေပြီး ဘုမသိ ဘမသိ တွေ ့သမျှ ဘဘဘုရား လုပ်နေကြတာ ။
      အကျိုးတစ်ခုအတွက် မျှော်ပြီး ဟုတ်လား မဟုတ်လားတောင် မစဉ်းစားကြတော့တာ
      အထက်က ကိုပု ရေးထားတာ အမှန်ပဲ …. အဲဒီလိုလူတွေ တကယ်ကိုရှိတာ …

    • surmi

      January 31, 2013 at 11:05 pm

      @ အစ်မပဒုမ္မာ
      တကယ်ကို အဲ ့သည်အတိုင်းဖြစ်နေတော့တာပဲဗျာ
      မသိရင် ခေတ်မမှီသလို စကားဝိုင်းတောင် ဝင်မရတာ … အထက်က ကိုပုပြောသွားသလို
      တစ်ကယ်ရှိသဗျ …..။ ကျနော်လည်း အဲဒါမျိုးတွေ ကြားဖူးပါရဲ ့ …။
      ခက်တာက ဘာတွေကို လွှတ်ယုံနေမှန်းမသိတာဗျို ့ ….။

      @ နန်းတော်ရာသူ
      တောင်ငူ ရယ်လို့ မဟုတ်ပါဘူး ဗျာ …. တစ်နိုင်ငံလုံး ဖြစ်နေတာပါ ။
      တောင်ငူက လမ်းကြုံလို့ ခလုပ်တိုက်မိတာဗျို့ ့ … 🙂
      ကျုပ် ကိုတော့ သဲသဲ မဲမဲ မရှာပါနဲ့ဗျာ … ဟဲ ဟဲ …

  • ခိုင်ဇာ

    January 31, 2013 at 8:14 am

    ကျန်း….!!!!
    ဒီ ဘိုးတော်ဆာမိ ကတော့ ဒီ က သမီးတော်ကိုတော့ မေ့ထားတယ်ပေါ့လေ။
    မ စ ပါ။ မ စ ပါ။ တစ်ခု မဟုတ် နှစ်ခု ရအောင် မ စ ပါ။
    မဟုတ်ရင်တော့ ကျုပ် မြန်းဂလစ် နဲ့ တွေ့မယ်။
    ဒါပဲ။
    :kwi:

    • surmi

      January 31, 2013 at 11:10 pm

      မခိုင်ဇာရေ
      ကျုပ်က အားမရှိဘူး အိုပြီ …. ဦးကြောင်တို ့က အားကောင်းမောင်းသန်ဆိုတော့
      သူ ့ပဲ မခိုင်းလိုက်တော့မယ် ….. ဟဲဟဲ
      မြန်းဂလိတ်တော့ ကြောက်ကြောက် … :harr:

  • ဦးကြောင်ကြီး

    January 31, 2013 at 10:00 am

    ဖြစ်ပြီးသားကို နောက်ကြောင်းပြန်ကြည့်လို့ ကပ်လွဲတယ် အထင်မှား များပါတယ်။ ဖြစ်နေချိန်မှာ အမြင်က တမျိုးဗျ။ ဒါပေမဲ့ တိုက်ရိုက်တိုးတာမျိုးကြတော့လည်း ဆန်းပြန်ရော..။ ကျနော်ထင်တာတော့ ဒီလိုနံပါတ်မျိုးဆိုတာ ကျပန်းသဘောပါ၊ သို့သော် နာမ်ပိုင်းဆိုင်ရာကိုလည်း ပစ်ပယ်မရတော့ မမြင်ရတဲ့ပုဂ္ဂိုလ်တွေရဲ့ ဝင်ရောက်စွက်ဖက်မှုမျိုးလည်း ရှိနိုင်တယ်။ ကျပန်းဂဏန်း သဘောမှာ ကြိုမသိနိုင်လို့ ဖြစ်ခြင်းဖြစ် ကျပန်းသဘောကို ရပ်တန့်ပြီး ကိုယ်ပြုလုပ်မည့် နံပါတ်ကို တင်ကြိုအသိပေးမှုမျိုးလို့ ယူဆတယ်။ (သဘာဝနယ်လွန်ဖြစ်ရပ်တွေ ရှိတာ လက်ခံရင်ပြောပါတယ်) အင်တာနက် လုံခြုံရေး အစီအမံတွေကို ဟက်ကာတွေ ထိုးဖောက်တဲ့ သဘောမြင်ကြည့်နိုင်တယ်။ နေ့စဉ်သန်းနဲ့ချီ ကြိုးစားပေမဲ့ ရံဖန်ရံခါပဲ အောင်မြင်တယ်။ စောင့်ကြပ်သူက ဒေတာ၊ ကွန်ယက် စတာတွေကို ထိန်းချုပ်ဖို့ထက် ပြင်ပထိုးဖောက်မှုကို ကာကွယ်တာ၊ ဟက်ကာတွေက ကွန်ယက်လမ်းကြောင်းကို လိုသလို စီမံပြောင်းလဲယူတာ။ တခါတလေကြတော့လည်း အတွင်းလူဖောက်တာမျိုး ရှိချင်ရှိမှာပေါ့..။ တော်ပြီ၊ သမီးဒေါ်ဂလေးနဲ့ ချိန်းထားတယ်။ အထိန်းတော် ကြေးမုံဂျီးကို လက်ပံတောင်းမုံရွာက မြေကြီးတတောင်း လာဘ်ထိုးပြီး သွားတွေ့မှာ…. :harr:

    • surmi

      January 31, 2013 at 11:15 pm

      ဦကြောင် ရေ …
      မမြင်ရတဲ့ ဟာတွေအကြောင်း ပြောရင် သဂျီးနဲ့ ငြင်းရလိမ် ့မနော
      ကျနော်တော့ မအားသေးလို့ ငြင်းရမည် ့ အကြောင်းသိပ်မပြောတာ …ဟ`ဲ ဟဲ
      နာမ်ပိုင်းဆိုင်ရာတော့ လုံးဝ မပြစ်ပယ်ဘူးဗျိ ့ …..
      :hee:

      @အံဇာတုံး
      မတော့ မနေတာဘဲကွာ …
      ခက်တာက ကြွမလာဘူး ဟ ….

  • ဘိုးဘိုးဆာ ဖလားး
    ကျုပ်ကိုလည်း စွံဖို့အတွက်
    အတိတ်စိမ်း အတိတ်ပြာလေး
    ပေးတနားဒေါ်မူဘာ ဖလားးးးးးး
    စီးကရက်နဲ့ ကွမ်းဆက်ဘာ့မယ် ဖလားးး
    :mrgreen:

  • Novy

    January 31, 2013 at 10:19 am

    နိုဗွီတို့ ကျောင်းသူဘဝကလည်း ဖျာလိပ်နတ်မအောင်ဖြူကို
    3လုံးမေးဘူးပါကြောင်းးးး

    • ဆူး

      January 31, 2013 at 11:23 am

      ဘယ်လိုနေလဲ သိချင်ပါကြောင်း

      • surmi

        January 31, 2013 at 11:41 pm

        @မနိုဗွီ
        အဲဒီ မအောင်ဖြူအကြောင်းလေး လုပ်ပါဦး
        ဂျီဟောသူ လက်သစ်အကြောင်းလေးတွေပေါ ့ ….

        @ဘွားတော်ဆူး
        သိချင်တာတွေထက် သိပြီးတာတွေ ရေးဦးလေ …..

        @အစ်မ မအိ
        အဲသလို အတိတ်ဖြစ်သွားတာ အစ်မပြောမှ သတိထားမိတယ်
        ဟုတ်သားဗျနော ….. ဒီလိုမှန်းသိရင် ကိုယ်ပါလိုက်ထိုးပါတယ် .. 🙂

        @Wow
        ဒီတစ်ပတ်ေတော့ ။။
        ……………………
        အပြီးပေါက် … _ီးေခြောက် …. 😀

  • Ma Ei

    January 31, 2013 at 10:48 am

    ဒီတော့ ….. လမ်းလျောက်လာရင်း တွေ ့ခဲ့တဲ့ ကျုံးဘေးက ဝက်ကြီးနှစ်ကောင်ကို သွားသတိယပြီး
    “ဝက်ကြီးနှစ်ကောင် အမြီးထောင်” လို့ ပြောပြီး ရယ်ချင်စိတ်ကို မနဲမျိုးသိပ်ခဲ့ ရပြန်သေးတယ်လေ …။
    ….အဲ့ဒါ အတိတ် နမိတ် ပဲလေ ကိုဆာမိရဲ့…
    သတိထားပြီး ကြည့်မိလို့ရှိရင် အတိတ်ကောက်လို့ရတယ်…
    သူများကိုလဲ ဟောလို့ပြောလို့ ရတယ်…
    မှားတဲ့ အခါလဲ မှားပေမပေါ့နော်…
    :hee:

  • Wow

    January 31, 2013 at 1:18 pm

    ဒီတပတ်ကော ဘာရဲ အူးရေး.. အာရမလား ဒဲ့လား :harr:

  • ခင်ခ

    January 31, 2013 at 2:37 pm

    ကြုံမှကြုံတတ်ပလေတယ် ဘိုးဆာရယ်။
    (လူတစ်စုက အညိုရောင် အပေါ်အောက်ဝတ်ထားတဲ့ မုတ်ဆိတ်ပါးသိုင်းတွေနဲ့ သက်လတ်ပိုင်းအရွယ်
    လူတစ်ယောက်ကို အပြင်းအထန်ရှာဖွေနေလေရဲ ့ ….. ) အဲ ဒီလူတစ်စုက ပေးလျှော်လိုက်ရတဲ့ ဒိုင်တွေ ဘက်ကလားမှမသိတာ၊ ဘိုးဆာ ကို မတွေ့သွားလို့ တော်သေးတယ်မှတ်။

    • surmi

      January 31, 2013 at 11:48 pm

      @ဦးခ
      အစ်ကိုပြောမှ စဉ်းစားမိတယ်
      ဒိုင်တွေဆို ကျနော့ ကိုသတ်မှာဗျ … ဟေး ဟေး …

      @ကိုနေးချုား
      ပေါက်သောသူဟာ တစ်ခါတုန်းက ပေးခဲ့ဖူးသူပါဗျာ
      ကိုယ်ပေါက်တဲ့အချိန်မှာ အခြားသူတွေကတော့ ငိုနေမှာပေါ ့ …
      မျက်ရည်တွေကို စားနေရသလိုပါ ။
      ဒါနဲ ့ … အစ်ကိုအရင် လုပ်လေ ..နောက်က လိုက်ခဲ့မယ် ဟဲ ဟဲ

  • nature

    January 31, 2013 at 3:40 pm

    ဘိုးတော်ကအတိတ်ပေးပြီးပျောက်သွားတော့ ဘိုးဘိုးအောင်ကပဲအတိတ်လာပေးပြီး ကိုယ်ရောင်ပျောက်သွားသလိုလိုပေါ့။ အင်မတန်စွမ်းတဲ့ဘိုးတော်အကြောင်းအသိနောက်ကျသွားတယ်။ ဒီလိုမှန်းသာစောစောကသိခဲ့ရင် ဆုပေးပွဲမှာ အတိတ်တောင်းလိုက်ပါတယ်။ ထိုးတဲ့သူတွေဘယ်လောက်ဖိုးများပေါက်သွားသလဲမသိ။ ဒါမှမဟုတ် သမ္မတကြီးရဲ့ စီမံချက်နဲ့ပဲအဆွဲခံရပြီလားမသိ။
    ထီပေါက်ရင်ချမ်းသာပြီဆိုပြီး ဆင်းရဲတွင်းက လွတ်အောင် လွယ်လွယ်နဲ့ချမ်းသာနိုင်အောင် လမ်းလွဲကိုလိုက်နေကြတာပဲထင်ပါတယ်။ချဲထီက ၁၀၀ဝ မှာမှ တယောက်ပေါက်တာပါ။ ဒါဘယ်လောက်ခက်ခဲတယ်ဆိုတာကိုစမ်းချင်ရင် မဲလိပ်၁ဝလိပ်ကိုနှိုက်ရင်ပေါက်မဲ၁မဲကို ရဖို့ဘယ်လောက်ခက်တယ်ဆိုတာကိုစမ်းကြည့်ပါ။ ၁၀၀ဝ ကို ၁မဲပေါက်မယ်ဆိုတော့ ပိုဆိုးပါလိမ့်မယ်။ ထီထိုးတယ်ဆိုတာ တလတကြိမ် ၂လတကြိမ် ကံစမ်းတဲ့သဘောနဲ့ အနည်းငယ်တော့ထိုးသင့်ပါတယ်။

    ဉာဏ်ပညာဗဟုသုတနဲ့စဉ်းစားဆင်ခြင်မှုအားနဲ့လို့ ဆင်းးရဲခြင်းကလွတ်ကင်းအောင်ချဲထိုးနေသူတွေဟာလည်းမှန်ကန်တဲ့ ဖြေရှင်းမှုမျိုးမဟုတ်လို့ side effect အနေနဲ့ပိုမိုဆင်းရဲသွားဖို့သာရှိပါသည်ဟုထင်မြင်မိပါကြောင်း။
    ကိုဆာမိ ကျနော်ပြောတဲ့ဟာလေးလဲလုပ်လိုက်ဦးလေ။ 😛

    • ဆူး

      February 1, 2013 at 3:12 pm

      အခုမှ သတိရတယ်.. ပွဲတုန်းက ဘိုးတော် နဲ့ မျက်နှာချင်းဆိုင် ထိုင် လို့ ဒေါ်လှ ၁ဝ ပေါက်တာပဲ..
      ဘိုးတော် တယ်စွမ်း သကိုး..

  • Mr. MarGa

    January 31, 2013 at 6:55 pm

    ဒီဘိုးတော်ကို သိကြားမင်း အရေးယူမှထင်တယ်
    သိကြားဆီလဲ ဘိုးတော်တွေ ရောက်ရောက်လာကြလွန်းလို့ နှင်ထုတ်နေရတယ်
    အခုတော့ ဘိုးတော်ဆို ဘိုးဘိုးအောင်နဲ့ ဘိုးမင်းခေါင်ကိုပဲ အသိအမှတ်ပြုကတ်ပြား ထုတ်ပေးထားတယ်

  • Mobile

    January 31, 2013 at 8:09 pm

    ဦးဆာမိရေမင်္ဂလာပါ။
    တောင်ငူကိုဖြတ်တော့သွားဖူးတယ်ဗျ ဒါပေမယ့် တစ်ခါမှတော့ မြို့ထဲဝင်မလည်ဖူးဘူး။
    အခုလဲ လောင်းကစားတွေ စည်ကားသိုက်မြိုတ်တုန်းပဲလားလို့သိချင်ပါတယ်။
    ဒဂယ်လို့များအဆင်ပြေမယ်ဆိုရင် မနန်းတော်ရာသူရဲ့ သမီးရတနာလေးနဲ့ လက်ဆက်ပြီး
    တောင်ငူမှာ လောင်းကစားလုပ်စားရင်ကောင်းမလားလို့။ ယောက်ခမဂျီးတွေ ရှိတာကုန်သွားရင်လည်း
    ဘိုးတော်လုပ်ပြီး ပြန်အရင်းထူရမယ်ပေါ့။

  • မောင်ပေ

    January 31, 2013 at 9:04 pm

    ဆရာ့ ဆရာသမား ( ပီအိတ်ဒီ အမ်ဘီအေ ဘွဲ ့ရများ နိုင်ငံချားပညာတော်သင်ပြန်များ အစရှိသဖြင့် )
    သူရို ့တွေ ပြောစကားကြားဖူးတာကတော့
    ကျုပ်တို ့ ဘိရုမာ မှာ လောင်းကစားကို ပပျောက်အောင် လုပ်လို ့မရဘူးတဲ့
    နိုင်ငံရဲ ့ငွေကြေး လေးပုံတစ်ပုံလောက်က အဲဒီဟာတွေနဲ ့လည်ပတ် ဆက်စပ်မှု ရှိနေသတဲ့
    ဟုတ်တာ မဟုတ်တာ အပထား
    မယုံပုံပြင်မှတ်ပေါ့ဗျာ

    • surmi

      January 31, 2013 at 11:55 pm

      ကိုပေ ရေ …
      ခရိုနီကြီးတွေလည်း လောင်းစားနဲ့ ပွလာတာဆိုတော့ ကိုပေပြောတာ ယုံပါတယ်ဗျာ
      ဆိုတော့ကာ ……. ပပျောက်အောင်လုပ်လို့ မရသေးဘူးပေါ ့နော ….

      @သဂျားမင်းနဲ ့ ကိုရင်မိုဗိုင်း မင်္ဂလာပါဗျို့ ့ …..
      လာရောက်အားပေးတာ ကျေးဇူးတင်တယ်ဗျို ့ ……

  • panpan

    January 31, 2013 at 11:05 pm

    ဘိုးတော်ကြီးအူးအူးဆာမိ
    အတိတ်စိမ်းကောက်မယ်
    ဆာဆိုတော့ ၃
    မိက ၅
    ၃၅ အာမယ်
    ၃ပါဝါ ၈
    ၅ပါဝါ ဝ
    ၈ဝ အရန်အာမယ် :harr:

    • surmi

      January 31, 2013 at 11:24 pm

      @ပန်ပန်
      သူကမှ အတိတ်ကောက်တတ်နေသေး…
      ဟေ ….. ကျုပ်နံမည် ဂဏန်းထွက်လို့ကတော့ နောက်တစ်ခါ တွေ ့ဆုံပွဲမှာ
      ဒကာခံပလိုက်မယ် …. 🙂
      :harr:

      အန်ကယ်ကြီးရေ …..
      အဖြေကတော့ အကြမ်းအားဖြင် ့ ဆင်းရဲခြင်း ၊ အလွယ်လိုချင်တတ်ခြင်း
      အတွက်အချက်ညံ ့ ခြင်း ကိုအခြေခံမယ် ထင်တယ်ဗျ ..။
      ဖမ်းတယ်ဆိုရင်လည်း ဒိုင်ကြီးတွေဖမ်းတာမှ မဟုတ်ဘဲ …။
      ပေါက်စလေးတွေပဲ ခံရတာ

  • uncle gyi

    January 31, 2013 at 11:12 pm

    လောင်းကစားသူတောင်းစား
    လို့သာပြောလိုက်ချင်ပါတယ်ကိုဆာမိရယ်
    ကျွန်တော်တို့အဖေဆိုထီတောင်မထိုးဖူးဘူး
    ထီထိုးမယ့်ပိုက်ဆံခေါက်ဆွဲဝယ်စားမယ်တဲ့
    အခုလူတွေကတော့လွယ်လွယ်ပဲလုပ်နေကြတာ
    စဉ်းစားပုံတွေပြောင်းကုန်တာပြောပါတယ်
    ဘယ်လိုဖြစ်ပြီးအလွယ်လမ်းလိုက်ကုန်ကြတယ်ဆိုတာ
    စစ်တမ်းလုပ်ဖို့တော့လိုနေပြီနော်

  • nozomi

    January 31, 2013 at 11:21 pm

    ဘိုးတော်ကြီး ကျွန်တော်တို့ သူကြီး မြန်မာပြည်ပြန်လာဘို့ လေယာဉ်ခရှာနေတယ်
    သေချာတဲ့ တကွက်လောက် ပေးလိုက် စမ်းပါ ဗျာ
    ( အဲဒီအကွက် က ဆေးလိမ်းလို့ ပျောက်သွားပြီတော့ မလုပ်နဲ့နော်)

    • surmi

      January 31, 2013 at 11:32 pm

      ဦးနိုရေ …
      သဂျီးက ကံတွေ နိမိတ်တွေသိပ်မယုံတော့ ပညာတော့ ပြရသေးတာပေါ ့နော ဟဲ ဟဲ …
      ဖုန်းဖုန်းပေးတဲ့ သုံးသုံးလေး ဆိုပြီး ထိုးခိုင်းလိုက်ဗျာ ….
      ၃၃၄ ဆိုတော ့ အပူး ဒဲ ့ထိုး
      ခွ တော ့ မထိုးနဲ့လို့ …. တော်ကြာ ပတ်လည်ဝင်သွားဦးမယ် လို့ …..
      ချဲ ထိုး တာကိုပြောပါတယ် :harr:

      • kai

        February 1, 2013 at 12:15 am

        California State Lottery – SuperLotto ကတပါတ်.. ၂ခါ..။
        တခါကို ..၁ဝသန်းကနေ.. သန်း၁ရာ..၂၀ဝ အထိရောက်သွားတတ်တယ်..။

        ၂လုံး၃လုံးတွေထိုးမလားကွယ်..။ ပေါက်တာတောင်.. စိတ်မချရတဲ့ဟာကြီး..
        SuperLottoထိုးမပေါ့..။
        နံပါတ်ရှာပေး..ပေါက်ရင်.. အိမ်ကို..ရွှေချပေးမယ်..။ :kwi:

        http://www.calottery.com/

  • ဂန္ဓာရီ ဆြာအုပ်

    February 1, 2013 at 12:51 am

    တစ်သက်လုံး ၂ ခါပဲပတ်သက်ဖူးတယ်
    တစ်ခါက ၃ လုံးကို တွတ်ရတယ်
    နောက်တခါက ၂ လုံး မထိုးဖြစ်လို့ မပေါက်လိုက်ဘူး
    လောင်းကစားတို့ ကံစမ်းတာတို့ မဲနှိုက်တာတို့ တစ်ခါမှ ကံမကောင်းဖူးဘူး
    ၂ မဲမှာ ၁ မဲဗလာဆိုရင် တောင် အဲဒါ ဆြာအုပ်ဟာ
    ဂဇက်ပွဲမှာတောင် မနိုဗီ ပေးတဲ့ ဗလာမပါမဲမို့လို့ပေါက်တာ နောက်မဲ ကျတော့ ပေါက်ပါဘူး
    ထီတောင် ယောင်လို့မထိုးဘူး
    ဖဲရိုက်ရင်တောင် စရိုက်ကတဲက အရှုံးခံနိုင်တဲ့ အမောင့်ပဲ ယူပြီး ဆော့တာ
    တခါမှလဲ မနိုင်ဖူးဘူး
    ကံ ကို အားကိုးပြီး လုပ်ရတဲ့ အလုပ် ဘာမှ မလုပ်ဘူး

    • surmi

      February 2, 2013 at 12:00 am

      @ဂန္ဓရီ
      ချဲဂဏန်း မပေးတဲ ့ ဂန္ဓရီပေါ ့ ကောင်းပါ လေ ့ဗျာ…..
      တကယ်တော ့သူများငွေအလကားရဖို ့ဆိုတာဘယ်လွယ်ပါ ့မလဲ
      ကံပါသူမှခံစားရပေမပေါ ့ ။ကံကိုယုံပြီးဆူးပုံနင်းလို ့မှမရပဲနော …

      @ကိုကမ်းရေ
      ရွှေလှည်းကိုစီး ငွေလှည်းကိုးစီးတော ့စိတ်ဝင်စားသဗျာ ဟဲဟဲ
      သေချာရင်သွားရအောင်လေ ….
      ဒါနဲ ့ ကိုကမ်းလည်း တောင်ငူ့အတော်နှံ ့စပ်တာဘဲ ။ လုပ်ပါဦး တောင်ငူအကြောင်းလေး ……

  • marblecommet

    February 1, 2013 at 1:17 am

    လက်စသပ်တော့
    ကျနော့် နောင်တော်ကြီးလည်း
    ဘိုးဘော်ဖြစ်ခဲ့ဖူးတာကိုး
    အံ့ရော အံ့ရော
    အရေးအသားကလည်း သွက်ပါ့
    ရွှင်ပါ့ဗျာ
    ကျနော်ကတော့ ချမ်းသာဖို့အတွက် လောင်းကစား
    မလုပ်ပေါင်ဗျာ
    ချမ်းသာဖို့ဆိုရင်
    တောင်ငူက မြတ်စောညီနောင်လား
    အဲ ဘုရားဝန်းကျင်က
    ရွှေလှည်းကိုးစီး
    ငှေလှည်းကိုးစီး
    ပဲ ရှာတူးတော့မယ်
    ညှင်း ညှင်း

  • မိုချို

    February 1, 2013 at 10:41 am

    မြန်မာပြည်မှာ ၂လုံး ၃လုံး ကို အဲလောက်ဝါသနာတွေ ကြီး ကြ ပြီး အရိုး စွဲ နေကြတာ ကို ပြင် မရမယ့် အတူတူ စလုံးက 4D/ TOTO တို့ လို တရားဝင ်လုပ်ပေး လိုက် ရင် အခွန် ပါ ရ အုံး မယ်။ ဒီမှာလည်း အဲဒါတွေ တန်း စီ နေတဲ့ အထဲ မြန်မာတွေ ၊ ကုလားတွေ ၊ ပြည်ကြီး တရုတ် တွေ ချည်း ပဲ။ စင်ကာပူ နိုင်ငံ သား တွေ ထဲက ဆို အဖိုးကြီး အဖွား ကြီး တွေ ပဲ တွေ့ တယ်။ ပြောသာပြောသာ ကိုယ်တိုင်တော့ တခါမှ မထိုး ဖူးဘူး ။ ကိုယ်က ထီနဲ့ ပက်သက်ရင် အဖိုးကြီး ၊ အဖွား ကြီးတွေ ၊ မသန် မစွမ်း တွေ ကို သနား လို့ သူတို့ ရောင်း တဲ့ sweep ( မြန်မာာပြည်က အောင်ဘာလေ ထီ လိုမျိုး ) ထီ လက်မှတ် လေး တွေ ပဲ တလ ၂စောင်၊ ၃စောင် လောက် အားပေးဖြစ်တယ်။

    • ဝင့်ပြုံးမြင့်

      February 1, 2013 at 4:10 pm

      စလုံးက ထီတွေလိုပဲ မြန်မာပြည်မှာလည်း ၁လုံး၊ ၂လုံး၊ ၃လုံးက တရားဝင်သဘောမျိုး အခွန်အခ သူ့ကြေးနဲ့သူပေါ့နော်။ ပြောရရင် သူ့အရပ်နဲ့ သူ့ဇာတ်ပါ။ ကမ္ဘာပေါ်က ရှိရှိသမျှနိုင်ငံတိုင်းလိုလိုမှာ ထီရှိနိုင်ပါတယ်။ ဒါပေမယ့် မြန်မာတွေက ဘယ်သူနဲ့မှကို မတူဘူး။ မြန်မာတွေဟာလေ ထူးထူးခြားခြားကို ညံ့ …. တယ်။ တရုတ်မလေးတွေ၊ ကုလားမလေးတွေ ၂လုံးသိပ်မထိုးကြဘူး။ ဒိုင်ကို ဘာသွားပြောရမှာလဲ။ ထိုးတဲ့လူရှိလို့ ရောင်းတဲ့လူ ရှိတာပဲ။ ဘဝပျက်ရုံတင်မက ငတ်သေတဲ့အထိကို ၂လုံးထိုးတဲ့လူရှိတယ်။ တိုက်ကြီးတွေ ရတဲ့ဈေးနဲ့ထိုးရောင်းပြီး ၂လုံးကြွေးဆပ်ရတဲ့လူတွေရှိတယ်။ အမိုက်မဲဆုံးလူမျိုးအဖြစ် ဂင်းနစ်စံချိန်တင်သင့်ပါတယ်။ (မြန်မာလူမျိုး လူတော် လူနည်းစုမပါ)

    • surmi

      February 2, 2013 at 12:20 am

      @မမိုချို
      မြန်မာပြည်က ဒိုင်တွေကတော ့ စိတ်မချရတာအမှန်ပဲဗျ
      ုဒိုင်ပြေးတာတွေ မကြာခဏကြားရသေးတယ်
      နောက်တစ်နည်းက ဒိုင်ကမလျော်တော ့ဘဲ အဖမ်းခံလိုက်တာ ။ထောင်ထဲသုံးလလောက်
      သွားနေပြီး အပျောက်ရိုက်လိုက်တာလေ
      အဲလို ထက်စာရင် တော ့ မမိုချိုပြောသလို
      လိုင်စင်နဲ ့အခွန်နဲ ့ စဉ်းစားစရာပေါ ့…..

      @အစ်မပြုံးရေ
      မအားလပ်တဲ ့ကြားက လာရောက်ဆွေးနွေးပေးတာကျေးဇူးပါဗျာ ။
      တကယ်တော ့ လောင်းကစားနဲ ့ပါတ်သက်ရင်
      လူမျိုးတိုင်းမှာ မလွတ်ကြဘူးထင်ပါတယ်
      တရုတ်တွေ ရှေ ့ဆုံးကပါ။
      ပြဿနာက ဆင်းရဲတဲ ့သူတွေဆီမှာ
      မျှော်လင့်ချက်အတွက်အမြစ်တွယ်နေတာပါပဲ …။
      လွန်ခဲ ့တဲ ့ဆယ်နှစ်ကျော်တုန်းကဆိုရင် စုံမ ရိုက်ရင်း အကြီးအကျယ် ကုန်သွားကြသေးတာပေါ ့

  • kyeemite

    February 1, 2013 at 2:32 pm

    ဆောရီးပါကိုရင်ဆာမိရေ…
    ဒီတစ်ပါတ်အလုပ်နဲနဲရှုပ်လို့ ကွန်မန့်ပေးနောက်ကျသွားတယ်…
    ကျနော်လည်း နှစ်လုံးထီ စွဲဖူးပါသဗျာ..အောင်ဘာလေဂဏန်း
    နောက်ဆုံးအလုံး ယူထိုးကြတုံးကပါ..တစ်လရဲ့ လဆန်း ရရက်မနက်ပိုင်းတွေကတော့
    နှစ်လုံးကိစ္စနဲ့ အလုပ်ရှုပ်ပီး အလုပ်တောင် ဖြောင့်အောင်မလုပ်နိုင်ဘူးဗျို့…
    ပြောရအုံးမယ်..ကျုပ်ကလည်းအတိတ် နမိတ်ကောက်တာတွေဝါသနာပါသဗျ..
    အယူတော်မင်္ဂလာဦးနိုးမဟုတ်တော့လည်း တည့်တဲ့အခါတည့်
    လွဲတဲ့အခါလွဲပေါ့ဗျာ…ဒါပေမဲ့ အတိတ်ကောက်ထိုးတာဆိုတော့
    မှန်ရင်တော့ကျေနပ်မိသဗျ…မှတ်မှတ်ရရ မရှုံးခဲ့ပါဘူး…
    နောက် အစိုးရထီ ပုံစံပြောင်းသွားမှ နှစ်လုံးထီရပ်ပြစ်လိုက်တာ.. :kwi:
    ဒါတောင်လောင်းကစားထဲ..ရှိုးတစ်ခုမဖြတ်နိုင်သေး..
    ဘော်ဒါတွေဆုံရင်ဆော်တုံး..ဟီး

    • surmi

      February 2, 2013 at 12:32 am

      @ဦးမိုက်ရေ ….
      နောက်ကျတယ်ဘယ်ဟုတ်ပါ ့မလဲဗျာ
      ဒီရက်တွေ မအားကြဘူးဆိုတာသိပါ ့ဗျာ ။ ခုလို မအားတဲ ့ကြားက လာအားပေးတဲ ့အတွက်
      ကျေးကျေးပါနော ။
      အပျင်းပြေ အတိတ်ကောက်ပြီးကံစမ်းတာတော ့
      ပျော်သာပေါ ့နော
      ကျနော်တို ့ငယ်ငယ်က လက်ဘက်ရည်ဆိုင်ထိုင်ပြီး
      ကားနံပါတ်လေးတောင် လောင်းခဲ ့ဖူးသေးတယ်
      ရှိုး ကတော ့ စိတ်မရှည်လို ့မတတ်ပါဗျာ ဟဲဟဲ

      @မြွေမင်းသား
      ဂဇက်ပွဲမှာ အေးအေးဆေးဆေး မတွေ ့လိုကရဘူးနော
      နောက်တစ်ခါ အတိတ်ပေးမယ် ဟဲဟဲ
      ခြုံရှင်းယုန်ရှာ
      ယုန်ရှာ မြွေတေ ွ ့ လို ့……

  • cobra

    February 1, 2013 at 2:46 pm

    အဲ…….
    အတိတ်ပေးတဲ့သူနဲ ့
    အတိတ်ကောက်တဲ့သူနဲ ့
    ဟုတ်နေတာပဲ။

  • အရီးခင်လတ်

    February 1, 2013 at 8:03 pm

    ကဆာမိ ရဲ့ ဘိုးတော်ပုံက မျက်စိထဲမှာကို ပေါ်လာအောင် ရေးနိုင်ပါပေတယ်။
    ကြည့်ရတာ ဘိုးတော်တွေကလဲ အဲလိုအပူဇော်ခံ ရတဲ့ အရသာကို တွေ့ပြီး လိမ်ပြီးရင်းလိမ် နေကြတာ ထင်ပါရဲ့။
    လိမ်သူအပြစ်လား၊ အလိမ်ခံသူအပြစ်လား။
    အဲဒါကတော့ သူတို့ဘဝ သူတို့ စိတ်ကြိုက် တက် နဲ့ လှော် နေသူ မို့ အပြစ်တင်သင့်/ မတင်သင့် တွေးမိပါရဲ့။
    ဒီလိုလူတွေ ထဲက တစ်ချို့က ဗဟုသုတကို မရှိလို့။ ဒီလို လူမျိုးတွေအတွက် လက်လှမ်းမှီသလောက် ပညာတွေ ပေးသင့်ပါတယ်။
    ဘိုးတော်က သူတို့ ဆီသွား ညာတာလေ။

    တစ်ချို့ကျတော့ လဲ သိသိကြီး နဲ့ လောဘ ကြောင့် ဖြစ်နိုး ရနိုး ပေါ့။ ဒီလို သူ တွေ ကတော့ သူတို့အကြောင်းနဲ့ သူတို့ ဘဲပေါ့။
    သူတို့က ဘိုးတော်ဆီ သွားပြီး အညာ ခံ နေတာကိုး။

    တစ်ခါက စီးရီး တွေ ကို ဆက်မျှော်နေသပေါ့ ကဆာမိရေ့။

    • surmi

      February 2, 2013 at 12:47 am

      @အရီး လတ် ရေ
      ဘိုးတော်များနေရာရချက်ကတော့ ပြောမကုန်ပါဗျာ
      ခက်တာက လူတွေကိုက လောဘနဲ ့ အမှောင်ပိတ်နေတာပဲ
      အဲဒီအထဲမှာ အထက်ပိုင်းလူကြီးများကလည်းသဲသဲလှုပ် ဆင်နွဲကြသေးတယ်လေ ။
      ဘယ်နေရာက ဘာထူးတယ်ဆိုရင် သူတို ့ထိတ်ဆုံးက…..
      တကယ်က ဘာသာရေးဗဟုသုတနဲ ့ စဉ်းစားချင့်ချိန်တာတွေ အားနည်းတော့
      ကိုးကွယ်မှု မှန်ကန်ဖို ့ ခက်သွားတာပါ ။
      အဲဒီမှာပဲ စုန်း နတ် ဘိုးတော်နဲ ့ ရသေ ့တွေက နေရာရလာတယ်ပေါ ့
      ဆက်ပြောရင် အခန်းဆက်ရေးရလိမ် ့မယ်ဗျို ့…..

      @အလင်းဆက် ….
      ဆက်ဆက်ရေ …. လာဖတ်ပေးသွားတာကိုပဲ ကျေးကျေးကုဋေပါဗျာ

  • အလင်းဆက်

    February 1, 2013 at 10:24 pm

    လေးလေးဆာမိရေ…
    ဖတ်ရှု သွားပါတယ်.လ.ို ့…သာ
    လောလောဆယ်..ပြောခဲ့ပါရစေ….
    🙂

  • နွေဦး

    February 2, 2013 at 2:09 pm

    ၂လုံး သုံးလုံး ပေါက် ပေါက် မပေါက်ပေါက်
    ဘိုးတော်ဆာမိ မ မ မ မမ
    ဖတ်လို့ကောင်းတာ အမှန်ပါဗျ..။

  • ဘဆွေ

    February 2, 2013 at 11:31 pm

    ကိုဆာမိရေ.
    ကျွန်တော့ သောက်မျိုးတွေအကြောင်း…. စောင်းရေးသွားသလိုပဲ…
    သူတို့တွေရူးကြ ၊ နှမ်းကြတာ နှစ်လုံး သုံးလုံးအတွက် ဒုက္ခခံကြရတာ တွေ အစီအရီ မျက်လုံးထဲပြန်ပေါ်လာတယ်။ ပထမ အစတုန်းကတော့နဲနဲပါးပါးအပျော်ပေါ့…
    နောက်ဘိုးတော်ပေးတာဆိုလားပဲ ထိုးဂဏန်းထွက်တော့ တမျိုးလုံးပေါက်ကြတာ ဆာလာအိတ်နဲ့ လေးငါး အိတ်သယ်ရတယ်..
    အဒေါ်တွေအဲဒီမှာ ငြိသွားပီးဆက်ဆော်ကြတာ လွန်ခဲ့တဲ့ ရှစ်နှစ်ဝန်း ကျင် လီမိတက် သိန်း၅၀ဝ စူပါစလွန်း သိန်း၃၅ဝ ဈေး လောက်က အမျိုးတွေစုစုပေါင်း ရစီးလောက် ပျောက်သွားတယ်..
    ယောက်ျား သင်းဘောသီးတွေ အိမ်ပြန်ရောက်တော့ ကုန်းကြောင်းလျှောက်ကြရတော့တာပဲ…
    သူတို့ကတော့ လင်ရှာတဲ့ငွေ ပွားအောင်ကြံမိတာ ဘာညာနဲ့ မျက်ရည်ခံထိုးတော့ ဦးလေးများကလဲ ရှိစေတော့ တစ်မျိုးလုံးကုန်တာပဲဟာ ဆုြိပီး သွားဖြီးနေလိုက်ကြရတယ်။
    ကြားထဲက ငထွားခါးနာ ကျွန်တော့ကားစုတ်လေးက နေ့ရောညပါ သူတို့ ဂဏန်းရမယ့် ဘိုးတော်တွေဆီ လိုက်ပို့ပေးရလို့ အင်ဂျင်ချလိုက်ရတယ်…ဒါတောင်ထိုးတာမဟုတ်သေးဘူး ..အရှိန်ခတ်ခံရတာ…

    • surmi

      February 4, 2013 at 1:24 am

      တောင်းပန်ပါတယ် ကိုနွေဦး နဲ့ အဘဆွေရေ ….

      ဟိုရက်က ရွာထဲမရောက်လို့ အချိန်မှီ Reply မလုပ်နို်င်ခဲ့ဘူးဗျာ ….
      ဖတ်ကောင်းတယ်လို့ အားပေးသွားတဲ့ ကိုနွေဦး ကို ကျေးကျေးပါလို့ ….
      နောက်လည်း ကြိုးစားပါဦးမယ်ဆိုတဲ့ အကြောင်း…..

      အဘဆွေရေ ……
      တစ်နိုင်ငံလုံး ဒီလို အဖြစ်တွေတူပါတယ်ဗျာ ….။ စုံ / မ လောင်းပြီး ခြံတစ်ခြံလုံး ပေးလိုက်ရသူတွေနဲ့
      ရွှေဆိုင် တစ်ဆိုင်လုံးပြောင်သွားရသူတွနဲ့ .. အများကြီးပါပဲဗျာ …..
      ဒီလို အတိတ်ပေး တဲ့သူတွေထဲမှာ ဗြောင်လိမ်တာကတော့ ဘောပွဲ ပေးတဲ့သူတွေပေါ ့
      ဗမာပြည် လောင်းကွက်က နှစ်ကွက်ဘဲရှိတာ ဆိုတော့ တစ်ယောက်လာရင် အထက်ကလောင်း…
      နောက်တစ်ယောက်လာရင် …. အောက်ကလောင်း ….
      တစ်ယောက်တော့ ကျိန်းသေ မှန်မှာပေါ ့ …. အဲသလိုဗျို ့ …..

  • Shwe Ei

    February 4, 2013 at 11:02 am

    ဟိုနေ့က ဘုန်းကြီးတရားဟောတာ ကြားလိုက်တယ်။
    “ဒကာ ဒကာမတို့ ဗေဒင်မေးသလား ” တဲ့။
    တက်ညီလက်ညီပြန်ဖြေသံက ” မေးပါတယ်ဘုရား “တဲ့။
    ဘုန်းကြီးက ပြန်ပြောတယ်။ ” အေး ရူးလို့ ” တဲ့။ :mrgreen:

Leave a Reply