Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့် ပေးပြီဆိုုရင်…

manawphyulayJanuary 9, 20131min40910

ယနေ့ကမ္ဘာမှာ စာနယ်ဇင်းတွေနဲ့ ပုံနှိပ်ဖြန့်ချိရေးလုပ်ငန်းတွေဟာ စိုးရိမ်စရာကောင်းလောက်အောင် အဆမတန် ဆုတ်ယုတ်ကျဆင်းလို့လာနေတာ တွေ့ရှိနေရပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတဲ့ စဉ်းစားစရာ အချက်တွေ လည်း ဖြစ်ပေါ်လို့ လာနေပါပြီ။ ယခုပွင့်လင်းလာပြီဆိုတဲ့အတိုင်း စီးပွားရေးလုပ်ငန်းရှင် အတော်များများ ကလည်း ပိုက်ဆံရှိသူတိုင်းက ပုံနှိပ်မီဒီယာလောကဘက်သို့ ရှေ့ဦးလှည့်လို့လာနေပြီလို့ ဆိုရမယ် ထင်ပါတယ်။ စာအုပ်ထုတ်ဝေရေးလုပ်ငန်းတွေကလည်း ဈေးကွက်အေးတယ်လို့ သတင်းတွေကြားနေ ရတဲ့ကြားထဲ ဂျာနယ် အသစ်တွေ ထုတ်ဝေဖို့ တာစူနေကြတာကလည်း ဒုနဲ့ဒေးပါပဲ။ ဒီတော့ စဉ်းစားစရာတွေက တောင်လိုပုံ လာခဲ့တယ်ပေါ့။ လက်ရှိစာပေနယ်ထဲက သူတွေက ဈေးကွက်အေးတယ်လို့ ပြောနေတဲ့ကြားက ဒီလောကကို ဝင်တိုးလာတယ်ဆိုတော့ အတော်တော့ ထူးဆန်းမနေဘူးလား။ ဟော ဒီကြားထဲ ဝမ်းသာစရာ သတင်းတစ်ခု မကြာခင်က ထပ်မံကြားသိခဲ့ရပြန်တယ်။ ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့်ပေးတော့မယ်ဆိုတော့ ဝမ်းသာ သလိုလို ဝမ်းနည်းသလိုလို ဘယ်လိုမှန်းမသိ စိတ်ထဲက ခံစားမိတယ်။ ဝမ်းသာတယ်ဆိုတာက အမှန်တကယ် ပြည်သူတွေကြားကို ပြည်သူ့သတင်းအစစ်အမှန်တွေ ချပြခွင့် တကယ်ရကြတော့မှာလား ဒါမှမဟုတ် ထုတ်ဝေ ခွင့်သာ ပေးလိုက်မယ် သတင်းတွေကို ကန့်သတ်ချက်တွေနဲ့ သတ်မှတ်နေဦးမလားဆိုတဲ့ ဝမ်းနည်းတဲ့စိတ်လို့ ခေါ်မလား။ ဘယ်လိုပြောရမလဲ။ အဲလိုတွေ စိတ်က ဒွိဟဖြစ်နေမိတယ်ဆိုပါတော့။
ခုနောက်ပိုင်း နည်းပညာတိုးတက်လာတာနဲ့အမျှ စာအုပ်စာပေတွေကို အလွယ်တကူ အင်တာနက် ကနေ ဖတ်ရှုသူများလာတော့ အပြင်စာအုပ်ဈေးကွက် အေးနေတယ်လို့ ပြောကြပေမယ့် ကျွန်မတို့လို စာအုပ်ကိုင်ဖတ်မှ စာပေရဲ့ အနှစ်သာရကို ပြည့်ပြည့်ဝဝ ခံစားရတယ်လို့ စိတ်က သတ်မှတ်ထားမိတာ ဘာကြောင့်လဲဆိုတော့ လိုချင်တဲ့စာအုပ်ကိုင်လိုက်တိုင်း သုံးထောင်၊ လေးထောင်အထက်တွေချည်းပဲ ဖြစ်နေတော့ လုပ်ခစား ဝန်ထမ်းအနေနဲ့ အမြဲမဝယ်နိုင်တဲ့ဘဝ ဖြစ်နေမိလို့ အားမလိုအားမရ ဖြစ်နေမိတယ်။ အွန်လိုင်းကလည်း သတင်းတွေက အချိန်နဲ့တစ်ပြေးညီဆိုသလို အမြဲတက်နေတော့ မီဒီယာသမားတွေအတွက် သတင်းက နောက်မှရောက်နေသလိုတောင် ဖြစ်နေတယ်။ ဥပမာ – ငလျင်လှုပ်တဲ့ သတင်းတွေ အွန်လိုင်းမှာ အရင်တက်ပြီးမှ နောက်ရက် ဖြန့်တဲ့ဂျာနယ်စာစောင်တွေမှာ ပါလာတာတွေ၊ နောက်ရွှေတိဂုံဘုရားပေါ်မှာ လင်းတနားတဲ့ကိစ္စတွေပဲ ကြည့်ဦးမလား။ အွန်လိုင်းမှာ အရင်တက်ပြီးမှ စာစောင်တွေမှာ ပါလာတယ်။ တကယ်လို့သာ ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်သာ ရခဲ့ရင် သတင်းဦး၊ သတင်းထူးများကို မကွယ်မဝှက်ဘဲ ပြည်သူတွေဆီကို အရင်ဦးဆုံးချပြနိုင်ခဲ့မယ်ဆိုရင်တော့ ဒီပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းတွေကို ကယ်တင်နိုင်ဖို့ အတွက် ပုံနှိပ်လုပ်ငန်းတွေ ဦးမော့လာအောင် ငွေပင်ငွေရင်း စိုက်ထုတ် မြှုပ်နှံပေးပြီး တွန်းအားပေးရုံနဲ့လည်း မပြီးသေးဘဲ သတင်းစာဆိုတဲ့အတိုင်း သတင်းအမှန်အကန်ပေးနိုင်ဖို့ကို ဦးစားပေးဖို့လည်း အဓိကကျ မနေဘူးလား။
ဟုတ်ပါပြီ။ ထုတ်ဝေခွင့်ရခဲ့ကြပြီဆိုပါတော့။ ဘယ်လိုသတင်းမျိုးတွေ ထုတ်ကြမလဲ။ သတင်းဆိုတဲ့ အတိုင်း သတင်းအမျိုးမျိုးရှိကြမှာပဲ။ သတင်းဖြစ်ပြီးရော အရူးချီးပန်းလျှောက်ရေးလို့တော့ ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့်ပေးလာလည်း အကြောင်းမထူးဘူးလို့ ထင်မိပါတယ်။ ကျွန်မ ခံယူထားတာ ပြောရရင်တော့ ဒီအကြောင်း နားလည်လို့လားဆိုတော့လည်း နားလည်လို့ရယ် မဟုတ်ဘူး။ သတင်းအရှင်နှင့် သတင်းအသေလို့ သိမှတ်ထားမိတယ်။ ဒီတော့ သတင်းအရှင်ကို ဦးစားပေးရေးကြမှာလား။ သတင်းအသေကို ဦးစားပေး ရေးမှာလား အရင်ဆုံး သုံးသပ်ကြည့်ကြမယ်ဆိုရင်ဖြင့် လူနှစ်ယောက် ရန်ဖြစ်နေတာလည်း သတင်းပဲ။ ဖြစ်စဉ်ကို ခဏရပ်ကြည့်နေတဲ့သူတစ်ယောက်က လမ်းမှာ တွေ့တဲ့သူတစ်ဦးကို ပြောမယ်။ ဟိုနားမှာ လူနှစ်ယောက် ရန်ဖြစ်နေတယ်။ ဒါဆို အပြောခံရတဲ့သူက သွားထပ်ကြည့်မယ်။ ပြီးတော့ သူက ဒီတိုင်းမနေဘူး။ လက်ရှိမှာ လူနှစ်ယောက် ရန်ဖြစ်နေတယ်။ ဘယ်နေရာမှာ ဘယ်အချိန်က ဘာအကြောင်းနဲ့ စပြီး ရန်ဖြစ်နေကြသလဲ။ ဖြန်ဖြေရင် အချိန်မှီသေးတယ်လို့ သူ ယူဆရင် ယူဆမယ်။ ဒါကို ပြန်သုံးသပ်မယ်ဆိုရင် လက်ရှိလည်း ဖြစ်နေတယ်။ ပိုပြီး တိကျအောင် ထပ်မံစုံစမ်းနေမှုကရတဲ့ ရလဒ်ကတော့ အမှန်တကယ် သတင်း အရှင်ပဲ။ သတင်းအသေလို့ ကျွန်မ ယူဆထားမိတာကတော့ အားလုံး အများသိကြတဲ့အတိုင်းပါပဲ နိုင်ငံသိ၊ ပြည်သိ၊ ကမ္ဘာသိ ဖြစ်သွားတဲ့ ကျွန်မတို့အားလုံး မထင်မှတ်ဘဲ တွေ့ကြုံရင်ဆိုင်ခဲ့ရတဲ့ မေလ ၂ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့် အချိန်ရဲ့ အဖြစ်အပျက်သွားတဲ့ နာဂစ်မုန်တိုင်းကြီးပါပဲ။ ပြင်ဆင်ခွင့်လေးတောင် မရှိခဲ့ဘဲ ယနေ့အချိန်အထိ ရင်ထဲ တုန်လှုပ်စွာ ခံစားခဲ့ရတဲ့ အသက်သွေးပေါင်းများစွာက သာဓကပြနေတယ်လို့ ယူဆမိတဲ့အတွက် သတင်းတော့ သတင်းပဲ သတင်းက ပြင်ဆင်ခွင့် မရှိတော့တဲ့ သတင်းအသေ ဖြစ်နေတာကို မျက်ဝါးထင်ထင် တွေ့မြင်ကြရတာ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်ပေးတဲ့ သတင်းက ဘယ်လိုအကျိုးရှိမလဲဆိုတာ ထုတ်ဝေခွင့်သာ ရခဲ့မယ်ဆိုရင် လက်တွေ့ကျကျ လုပ်ဆောင်ကြမှသာ ထုတ်ဝေခွင့်ပေးရကျိုးနပ်မှာ အမှန်ပဲ ဖြစ်ပါတယ်။
ဘယ်လောက်ပဲ အွန်လိုင်းပေါ်က မီဒီယာသမားများ သတင်းတွေ အရင်တင်နေပါစေဦးတော့ အားကိုးနိုင်လောက်တဲ့ သတင်းရင်းမြစ်တွေလို့ ဆိုနိုင်မှာလား။ သူတို့တွေက ပြည်သူတွေရဲ့ အတိတ် မှတ်တမ်း မှတ်ရာတွေကို ရှာဖွေဖော်ထုတ်နိုင်စွမ်းရှိကြသလား။ လူထုအစည်းအဝေးတွေကို မပျက်မကွက် တက်ရောက် နေကြသလား။ အာဏာရှိသူတွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေ လုပ်နိုင်မှာလား။ သဘာဝဘေးအန္တရာယ်ကျရောက် တဲ့ ဒေသတွေကို အပြေးအလွှားသွားနိုင်ကြမှာလားဆိုတဲ့ မေးခွန်းတွေက အလေးထားစဉ်းစားသင့်တဲ့ အချက်တွေ ဖြစ်တဲ့အပြင် မှန်ကန်မှုကို တာဝန်ယူရဲလားဆိုတာလည်း ထည့်စဉ်းစားရမယ့်အချက်တွေပါပဲ။
သေသေချာ စဉ်းစားကြည့်ရင် ငွေမရှိဘဲနဲ့လည်း ဘယ်လိုလုပ်ငန်းမျိုးမှ တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။ အဲ ငွေရှိတဲ့သူတွေကျတော့လည်း မီဒီယာလောကအကြောင်းကို ဂဃနဏ မသိပဲ ဂျာနယ်၊ သတင်းစာ လောကထဲ ဝင်လာနေကြရင် စာပေမြတ်နိုးမှု မရှိဘဲ စီးပွားရေးတစ်ခုဘဲ ကြည့်ဖို့ဆိုတာ တကယ်တော့ မဖြစ်နိုင်တဲ့ ကိစ္စရပ်တစ်ခုပါပဲ။ သို့ပေမယ့် တကယ်တမ်း ဆန်းစစ်ကြည့်ပြန်တော့ အစိုးရရဲ့ ငွေကြေးထောက်ပံ့မှု များများစားစား ရရှိနိုင်တဲ့ သတင်းဌာနတွေကလည်း ရှားရှားပါးပါး အစိုးရအာဘော် သတင်းဌာနတွေ ဖြစ်နေကြတာ တွေ့ရပြန်တယ်။ ယခု ပွင့်လင်းလာပြီလို့ ပြောနေပေမယ့် အငွေ့အသက်ကတော့ ဒီသတင်းဌာနတွေမှာ နည်းနည်းလောက် ကျန်နေသေးဦးမယ်လို့ ထင်မြင်မိတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ပုဂ္ဂလိက သတင်းစာ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းတွေဟာ အစိုးရရဲ့ ငွေကြေးထောက်ပံ့မှုကို မှီခို မနေခဲ့ဘူးဆိုရင်ကော အစိုးရသတင်းစာထက် သူတို့ကို သတင်းဦး သတင်းထူးတွေ ဖြန့်ချိခွင့်ပေးမှာလား ဆိုတာလည်း ပြည်သူတစ်ဦးအနေနဲ့ သိချင်မိတာ ရှိသလို ထုတ်ဝေခွင့်ရခဲ့ရင်လည်း စာဖတ်သူတွေအတွက် သင့်တင့်မျှတတဲ့ လူတန်းစားမရွေး ဖတ်ရှုနိုင်ရန် အခကြေးငွေကိုလည်း ထည့်သွင်းစဉ်းစားပေးပါလို့ ပြောရင်းနဲ့ ပြည်သူတွေ မျက်မှောက်သို့ ပြည်သူ့အရိပ် ပြည်သူ့သတင်းစာအဖြစ် ဘယ်တော့များမှ ရောက်ရှိလာမလဲလို့ မျှော်လင့်စောင့်စားနေမိပါတော့တယ်။
မနောဖြူလေး

10 comments

  • kai

    January 9, 2013 at 4:05 pm

    ကမ္ဘာ့ပုံနှိပ်..မဂ္ဂဇင်းလောကကမှာ.. ကျော်ကြားခဲ့တဲ့.. နယူးစ်ဝိခ်မဂ္ဂဇင်း.. ဒီနှစ်၂၀၁၃မှာ.. ပုံနှိပ်မထုတ်တော့ပါဘူး..
    ဆယ်စုနှစ်၈ခု.. ကမ္ဘာကိုအလုပ်အကြွေးပြုခဲ့တာပါ..။
    ဒစ်ဂျစ်တယ်ပြောင်းပါပြီ..။

    ဆိုတော့…
    ပုံနှိပ်တွေကျဆုံးရတော့မှာ..တော်တော်သေချာပါတယ်..။
    မြန်မာတွေက.. အခုမှ”ထ”တယ်ဆိုတော့ကာ.. အင်း..
    ကျုပ်လည်းပြန်သုံးသပ်နေရပါကြောင်း…. :kwi:

    Newsweek – Wikipedia, the free encyclopedia
    en.wikipedia.org/wiki/Newsweek
    Newsweek was an American weekly news magazine published in New York City from 1933 to 2012. Its print edition was distributed throughout the United States …

  • MaMa

    January 9, 2013 at 4:42 pm

    သတင်းစာ မဖတ်ဖြစ်တာ ကြာပြီ။
    RIT ဆရာကန်တော့ပွဲနဲ့ ကျောင်းသားဟောင်းများ တွေ့ဆုံပွဲကို သတင်းစာမှာ ထည့်ပေမယ့် သိပ်မသိလိုက်ကြဘူး။
    ကိုယ့်လိုလူတွေများနေပြီ ထင်တယ်။
    သတင်းစာဖတ်မှ ဖြစ်မယ်လို့ ကိုယ့်ကိုယ်ကို သတိပေးနေမိရာက သဂျီးပြောသလိုဆိုရင်တော့ ခေတ်ရှေ့ပြေးနေတယ်လို့တောင် ပြောရမယ်။ :kwi:
    ဒီလှိုင်းကတော့ သတင်းစာ ထုတ်တော့မယ် ပြောတယ်။

  • ဦးဦးပါလေရာ

    January 9, 2013 at 5:49 pm

    သတင်းစာဆိုတာ သတင်းဦးပေးနိုင်ဖို့အပြင်
    ဖျော်ဖြေရေး၊ အတွေးအခေါ်၊ သိမှတ်စရာ စတာတွေ အစုံသုပ်နိုင်ဖို့လဲလိုပါတယ်….
    ဒီတိုင်းပြည်မှာ အွန်လိုင်းအသုံးက နဲသေး မတွင်ကျယ်သေးတာမို့ စက္ကူသတင်းစာတွေထုတ်မယ်ဆိုတာ နောက်မကျသေးဘူးထင်ပါကြောင်း…
    ပရိတ်သတ်ရှိမှာ သေချာသလောက်ဖြစ်ပါကြောင်း…

  • အလင်းဆက်

    January 9, 2013 at 6:41 pm

    သတင်းစာ…ကို
    သတင်းစာ ပီပီသသ ဖတ်ချင်နေတာ ကြာပြီ ။

  • သတင်းစာမဖတ်ဖြစ်တာကြာပြီ။အရင်တည်းက အိမ်မှာသတင်းစာယူပေမယ့် လူကြီးတွေတိုင်းခန်းလှည့်လည်တဲ့အကြောင်းတွေချည့်မို့မဖတ်ချင်ပါ။
    Tech Space ဂျာနယ်နဲ့ 7DaysNews တော့ အပတ်စဉ်ဖတ်ဖြစ်တယ်။
    နေ့စဉ်ထုတ်သတင်းစာတွေပေါ်လာရင်တော့ သတင်းတွေဖောင်းပွဲဦးမှာအမှန်ပဲ။
    သတင်းမဖြစ်ဖြစ်အောင်တွေ သတင်းလုပ်ပြီး အတင်းသဘောဆောင်တဲ့သတင်းတွေ ထွက်လာဖို့များမယ်ထင်တာပဲ။

  • padonmar

    January 9, 2013 at 11:49 pm

    ကျမကတော့ နေ့စဉ်နီးပါး သတင်းစာဖတ်တယ်။
    ဒီလှိုင်းသတင်းစာ ထွက်လည်း အားပေးမှာပဲ။
    မြန်မာပြည်မှာ အင်တာနက်ကို လူတိုင်း မသုံးနိုင်သေးတာရယ်၊စိတ်သွားတိုင်းကွန်မပါနိုင်တာရယ်ကြောင့် ပုံနှိပ်တွေ မကျဆုံးနိုင်သေးပါဘူး။

    • kai

      January 10, 2013 at 8:02 am

      ဟုတ်ဦးမှာပါ…
      မြန်မာပြည်ပြင်ပမှာ.. အွန်လိုင်းလုပ်ကြတဲ့..မီဒီယာတွေက.. ပြည်တွင်းဝင်.. ပုံနှိပ်စာထုတ်ကြတယ်..
      ပြောင်းပြန်ကြီး.. :kwi:

      • မောင့်ကျက်သရေ ဂီ့

        January 10, 2013 at 9:14 am

        ဗျို့ သဂျီး …
        ဘောက်မဲ့ကြောင့် ရွာထဲ သင်္ချာ စာမေးပွဲလာစစ်နေတာတုန်း…။
        အန်ထွီ လယ်ဗယ် ယူဇာတွေ များပါတယ်ဆိုမှ メンドウくさい ဆိုပီး
        လာမမန့်ကြအောင် လုပ်ထားသလားဗျာ …. ရွာကြီး စည်အောင် တော့မလုပ်ဝူး…
        ပိုခက်အောင် လုပ်ထားတယ်…
        :byae:

  • မောင့်ကျက်သရေ ဂီ့

    January 10, 2013 at 9:12 am

    စက္ကူဖြုန်းအုံးမယ်ပေါ့ …
    ဝါးပင်လေးဒွေ သနားပါတယ်…
    ချဉ်ဇယာ …
    :byae:
    အနည်းဆုံး ယနေ့ခေတ်မှာ ဘရော့ကတ်စတင်း မီဒီယာ လုပ်သင့်တာ
    ရေဒီယိုလောက်နဲ့ ကျေနပ်မနေကြပါနဲ့ဗျို့ …
    ကိုယ်ပိုင် ချန်နယ်တွေကနေ သတင်းတွေ လွှင့်ဖို့ စိုင်းပြင်းကြပါတော့ဗျို့ …
    :chee:

    စာအုပ်ကိုင်ဖတ်မှ စိတ်ကျေနပ်တဲ့ ဖီလင်ကိုတော့ …
    အင်း….
    PodCast ခေတ် တောင် အတော်လေးဖြတ်သန်းသွားပြီးပြီလို့
    ပြောခဲ့ချင်ပါရဲ့ ..မစိတ်ဖွေးပိစိ ရေ…..

  • ဦးကြောင်ကြီး

    January 10, 2013 at 9:51 am

    နေ့စဉ်ထုတ် သတင်းစာဆိုတာကို ပုံနှိပ်စာအဖြစ် မမြင်ဘဲ သတင်းလွတ်လပ်ခွင့် အဆင့်တခု အနေနဲ့ မြင်ရပါမယ်။ အပတ်စဉ်ထုတ် ဂျာနယ်ဆိုတာ သတင်းစီးဆင်းမှု သိပ်နှေးတယ်၊ လတ်လတ်ဆတ်ဆတ် သတင်းမဖြစ်နိုင်ဘူး။ အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ နည်းပညာခေတ် ကမာ္ဘဂျီးနဲ့ မကိုက်ညီဘူး။ သတင်းစာ ခေတ်တခေတ် ဖြစ်လာရင် အွန်လိုင်းသတင်းစာ လွတ်လပ်ခွင့်ပါ တပါတည်း ပါလာတယ်။ မြန်မာပြည်မှာ အင်တာနက် ယဉ်ကျေးမှုး ထွန်းကားတဲ့အခါ အဆင်သင့် ဖြစ်ပါမယ်။ အခုလည်း ဘလော့ဂ်၊ ဖေ့စ်ဘွတ်တွေမှာ နေ့တိုင်း ကြိုက်သလို တင်လို့ရနေသားပဲ ဆိုပေမဲ့ သတင်းစာနဲ့ မတူဘူး၊ အလုပ်ကြီး အကိုင်ဂျီး လုပ်သူများ၊ အဖွဲ့အစည်းများအတွက် သတင်းစာ ထုတ်ဝေခွင့် လိုအပ်တယ်။ ဂျာနယ်ထက် အရင်းအနှီးပိုကြီး၊ နည်းပညာပိုင်း ပိုကျယ်ပြန့်လို့ ပုံနှိပ်စက်ရှိတိုင်း ဂျာနယ်ထုတ်တိုင်း ငွေရှိတိုင်း အဆက်အသွယ်ပေါတိုင်း ဝါသနာပါတိုင်း မဖြစ်နိုင်ဘူး၊ အဲဒီအချက် အတော်များများ ပြည့်စုံမှရမယ်။ ဒါမှမဟုတ်လည်း တဝက်တပျက် ပြည့်စုံသူအချင်းချင်း ပူးပေါင်းလုပ်ကြလိမ့်မယ်။အခြားအနေနဲ့ နိုင်ငံရေးပါတီ၊ ခရိုနီသူကြွယ်၊ လုပ်ငန်းရှင်သူဌေး၊ ပြည်ပဩဇာခံ စတာတွေ အရှုံးခံ လုပ်နိုင်ကြမယ်။ အရင်းအနှီးသိပ်များပြီး လုပ်ငန်းသိပ်ကျယ်ပြန့်လို့ အချိန်တခုအတွင်း သူ့အလိုအလျောက် ဇကာစစ်သွားပါလိမ့်မယ်။ အဲဒီကြရင် ဘယ်သတင်းစာက ဘယ်ဝှာဆိုတာ ဖုံးကွယ် မရနိုင်ဗာဂျောင်း………….

Leave a Reply