P-3 စားသောက်ဆိုင် သို့ ဂန္ဓာရီ လမ်းညွှန်
ကန်တော်ကြီးထဲက မျှော်စင်ကျွန်းဘက်ကို လာဖူးတဲ့ သူလဲရှိမယ်.. မလာဖူးတဲ့သူလဲရှိမယ် ထင်ပါတယ်.. ဒါကြောင့် ဒီနေ့ မျှာ်စင်ကျွန်းထဲဝင်ပြီး P3 စားသောက်ဆိုင်ကို ဝင်ရိုက် ပစ်လိုက်တယ်..မှားစရာ အကြောင်းမရှိပေမယ့် မသိသေးတဲ့ သူတွေအတွက် မျက်စိထဲမှ မြင်ယောင်နေအောင် တင်ပေးလိုက်တာဖြစ်ပါတယ်..
မျှော်စင်ကျွန်းကို ဝင်တဲ့ အပေါက် ၂ ဖက် ရှိပါတယ်.. တာမွေဖက်က ဝင်တာရယ်.. သိမ်ဖြူဘက်က ဝင်တာရယ်.. ပုံမှာ မျှားအဝါနဲ့ ပြထားတာက တာမွေဘက်က ဝင်ရင် တွေ့ရမယ့် မြင်ကွင်းများ ဖြစ်ပြီး မျှား အနီက သိမ်ဖြူဘက်က ဝင်ရင်တွေ့ရမယ့် မြင်ကွင်းတွေ ဖြစ်ပါတယ်.. ပုံတွေမှာ နံပါတ်တပ်ထားပေး ပြီး နံပါတ်တွေကို မြေပုံပေါ်မှာ ပြန် ဖော်ပြပေးထားပါတယ်..ပုံ နာမည်တွေမှာ L1 ပုံဆိုရင် မြေပုံပေါ်က L1 လို့ပြထားတဲ့ နေရာမှ ရိုက်ထားတာပါ.. L နဲ့စတာတွေက သိမ်ဖြူဘက်က ဝင်တာဖြစ်ပြီး R1, R2.. စတာတွေ ကတော့ တာမွေဘက်က ဝင်တဲ့ လမ်းကြောင်းပါ..



















30 comments
ဦးဦးပါလေရာ
January 13, 2013 at 8:33 am
ကောင်းလိုက်တာ ဆြာအုပ်ရယ်…
ဒီလို ဒါ့ပုံလေးတွေ ဝေဝေဆာဆာနဲ့ လမ်းညွှန်တော့
အစက တွေ့ဆုံပွဲသက်သက်လာဖို့ သိပ်စိတ်မပါရင်တောင်
အတွဲချောင်း… အဲ.. အဲ… အပန်းဖြေရင်း လာဖို့ စိတ်ပါသွားမှာပေါ့….။
:harr:
ဒီပိုစ့်လေးကို ကျေးဇူးတင်ပါကြောင်း…။
🙂
Foreign Resident
January 13, 2013 at 8:51 am
ဪ ၊ တချို့ ရွာသားတွေက တွေ့ဆုံပွဲ ကို ၊
တကယ့်ကို အားတက်သရော အကျိုးဆောင်နေကြတာပါလား ၊
ကျေးဇူး အထူးတင်ပါတယ် ဆြာအုပ် ရယ် ။
ဦး ကျောက်ခဲ
January 13, 2013 at 10:08 am
ဆြာအုပ်ရယ်…ကျေးဇူးတင်လိုက်တာ
ဦးပါ ပြောသလို အတွဲမချောင်းရတာကြာ… ဟုတ်ပေါင်
အဲသည့်နေရာ မရောက်တာ နှစ်ဆယ့်ငါးနှစ်ကျော်ပြီမို့
တိုင်ပတ်မယ့်အရေး ခင်ဗျားရှင်းပေးလိုက်တာ
ကျေးဇူးပါဗျိုး…..
စာကြွင်း
ကျုပ်လို ဖြူဖြူချာချောကို ရုပ်ဆိုးအောင် ဓာတ်သေရိုက်ရင် ဟိုဟာမကြီးနဲ့ညားပါစေ…..
:harr:
MaMa
January 13, 2013 at 10:40 am
တော်လိုက်တဲ့ ဆြာအုပ်။
ဒါ့ကြောင့်လည်း ဆြာဘွဲ့ရပေတာပေ့ါ။ :harr:
TheWinner
January 13, 2013 at 10:46 am
ဦးဆြာအုပ်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ gazette အတွက် အချိန်ပေးမှုကတော့ အံ့မခမ်းပါပဲနော်—
မင်းနန္ဓာ
January 13, 2013 at 12:31 pm
မြေပုံအရဆို လမ်းလျှောက်သွားလို့ ရမယ်
တက္ကစီခ မကုန်တော့ဘူး..
ဓာတ်ပုံလေးတွေတင်ပေးတာ ကျေးဇူး ဆြာအုပ်ရေ
ကန်တော်ကြီးထဲ ယောင်နန မဖြစ်တော့ဘူးပေါ့
mamanoyar
January 13, 2013 at 12:33 pm
မျှော်စင်ကျွန်း အင်းလျားလဲမသွားချင်ပါ
အဲလေ ….ဟုတ်ပေါင် ကန်တော်ကြီး အင်းလျားလဲမသွားချင်ပါ ကိုယ်လေ မသွားဘူး
ပြန်မြင်ယောင်ကာ ဆွေးနိုင်တယ်
မောင်ပေ
January 13, 2013 at 12:35 pm
အတွဲချောင်းပြီး မောမောနဲ ့ ဝါးတီးဝင်ဆွဲရမယ် ဆိုပါတော့လေ
နိပ်မယ့်ပုံပါပဲ ဆြာအုပ်
အာဂ
January 14, 2013 at 4:34 pm
စကားမစပ် ဆြာပေက သူကြီးနဲ့ ရာထူးတူသွားတယ်နော်..။ ပွဲလေးဘာလေး လုပ်ပေးဖို့များအစီအစဉ်ရှိမလားလို့..။++++++ အဟိး..။
မောင်ပေ
January 14, 2013 at 8:34 pm
လာခဲ့ဗျာ
မန်းတလေးကို
မူးမာ မူးမာ
အဲဒါ အဲဒါ
ဟဲဟဲ
မနွယ်ပင်တော့ ထားခဲ့
လွတ်လွတ်လပ်လပ် ပေါ့
cobra
January 13, 2013 at 1:07 pm
ရိုက်ချက်ကတော့ကမ်းကုန် သူ့ဟာသူ
ရှလူးနေတဲ့အတွဲတောင်ပါအောင်ရိုက်လာသေးတယ်။
မျှော်စင်ကျွန်းကို အလာကတော့ ကားခကုန်ဦးမယ်
အပြန်ကတော့ လမ်းကြုံလိုက်မယ်နော် ဘူတာရုံလမ်းဘက်ပြန်မယ့်သူတွေရှိတယ်ဟုတ်။
kai
January 13, 2013 at 4:07 pm
ရူ့ခင်းတွေ.. တော်တော်လှတယ်နော..
ကျုပ်သာဆို.. တွေ့ဆုံပွဲမတက်ပဲ.. ဓာတ်ပုံရိုက်ရင်း.. ရွာလည်နေလောက်တယ်..။
အင်း..
ဓာတ်ပုံဆရာတော်လို့. ဖြစ်မှာပါ.. :kwi:
မဟာရာဇာ အံစာတုံး
January 13, 2013 at 7:03 pm
ဘာဘဲဖစ်ဖစ် …

ကျုပ်ကတော့ ခညားနဲ့ လိုက်ခဲ့မှာနော့ …
အိုက်ကျရင် ခညား ခံမှာ မဟုတ်လား (ကားခ ပြောဒါ) …
ပုံလမ်းညွှန်အတွက် ရှဲရှဲ သန်းကျူးဘာ …
ဒါနဲ့ ဟို ရိုမန်းတစ် ထဲမှာ ဟိုကောင်က ခေါင်းဂျီးဘဲ ပါဒယ် …
ဆြာအုပ် သောက်မြင်ကပ်လို့ ကိုယ်ပိုင်း ချန်ခဲ့ဒါ မီဟုတ်လား …
ဗုံဗုံ
January 14, 2013 at 10:20 am
သေချာတယ် အံချာတုံး တု့ိ အတွဲတော့မဟုတ်ဘူး
ဂန္ဓာရီ ဆြာအုပ်
January 13, 2013 at 11:01 pm
ဦးပါ ၊ ဦး ကျောက်၊ ကိုပေ တို့ မပူနဲ့ နေရာကောင်းလေးတွေ ရှာထားတယ်..
ဆွေးမနေနဲ့ mamanoyar ရေ.. ရှာပေးမယ် ပူနဲ့..
ရှလူးနေတာတွေကတော့ အများကြီးပဲ ကို cobra ရေ.. နေရာလွတ်တောင် ချိဘူး
အံစာ တို့ကတော့ အမြည်းက ဂလောက်ပဲရမှာပေါ့..နောက်နေ့မှ တယ်လီ နဲ့သွားဆွဲမယ်..
အားလုံးအတွက် ဒီpost လေးက အသုံးဝင်တယ်ဆိုရင် ကျေနပ်ပါပြီဗျို့.. အားပေးတာ ကျေးဇူးပါ
mamanoyar
January 14, 2013 at 9:59 am
ဒါဆို ဦးဦးးဆြာကိုအားကိုးလိုက်ပီနော်
ရှာပေးမယ်ဆိုလို့
padonmar
January 13, 2013 at 11:02 pm
ဆရာအုပ်က အားကိုးရပါပေတယ်။
ပွဲကျရင်လည်း အော်မေ့ဂိုဏ်းသူတွေကို လှလှလေးဖြစ်အောင် ရိုက်ပေးပါအုံး။
weiwei
January 14, 2013 at 9:31 am
ရန်ကုန်မှာနေပြီး ကန်တော်ကြီးထဲကို တစ်ခါမှ မရောက်ဖူးဘူး ..
ဒီတစ်ခါမှသာ မန်းဂဇက်ကျေးဇူးနဲ့ ရောက်ဖူးရတော့မယ် …
ရွှေတိုက်စိုး
January 14, 2013 at 10:39 am
ရွာသူားများခင်ဗျား……… R11 ဝင်ပေါက်မှ ဝင်ကြပါရန် လေးစားစွာပြန်ကြားအပ်ပါသည်ခင်ဗျား…
အဲဒီဝင်ပေါက်မှာ ကြိုဆိုရေးထားထားလို.ပါ….
အာဂ
January 14, 2013 at 4:35 pm
ကိုတိုက် L 1 ကဝင်လို့ မရဘူးလားခင်ဗျ.။ အနော့် အိမ်က အဲဒီအပေါက်နဲ့နီးလို့ပါ။
ဂန္ဓာရီ ဆြာအုပ်
January 14, 2013 at 5:35 pm
နှစ်ပေါက်က ၁ဝ ပေလောက်ပဲကွာပါတယ်ဗျို့
Mon Kit
January 14, 2013 at 11:02 am
ကန်တော်ကြီး က ဆြာအုပ် လက်ရာကြောင့် ပိုပီး လှပနေသလိုဘဲ…
:hee:
ဆူး
January 14, 2013 at 11:08 am
စိတ်ကူးလေး ကောင်းလိုက်တာ.. သေချာ လမ်းညွန်ပေးထားတာပဲ..
ပုံလေးတွေကလည်း တော်တော် လှတယ်.. အပြင်မှာထက် ပို လှနေတယ်.. တနေ့က ကားပြပဲ ရှိလို့ အဲ့ဒီ ကို ရောက်သေးတယ်.. အဲ့ဒီ အထဲမှာ ရှိတဲ့ ရေကန်က စိမ်းပြီး ညစ်ပတ်နေတာ.. အနံတွေတောင် ထွက်နေတယ်။ ဓါတ်ပုံဆရာရဲ့ တော်ချက်ကတော့ တကယ်ကို ချီးကျူးပါတယ်။
Thu Wai
January 14, 2013 at 1:15 pm
ကြွေးမယ့်အစားအသောက်လေးတွေပါဓာတ်ပုံရိုက်ပြီးတင်ပေးပါလားဗျာ
အစားအသောက်များရင်များသလို ကြိုပြီး ဝမ်းနုတ်ထားလို့ရတာပေါ့
kyeemite
January 14, 2013 at 1:25 pm
ဆြာအုပ် ရေ..နတ်လမ်းညွှန်လေးအတွက်ကျေးဇူးပါ…
အော်..သူများတွေကျတော့ လွှမ်းညွှန်ရင်းလည်း
ပို့စ်ဖြစ်တာပဲကိုး… :kwi:
ညလေး
January 14, 2013 at 5:31 pm
အွန်းးးးး ရက်စက်ပါပေ…ဆြာအုပ်ရယ်…….
မသွားရ…အညှော်ခံ နေရတယ်…
လွမ်းမိပါတယ်…ကရဝိတ်ရယ်…..8-(((((
Mr. MarGa
January 14, 2013 at 8:54 pm
သေချာစွာ မှတ်သားထားလိုက်ပါသည်။
သိကြားမင်း လမ်းမှားသည် ဆိုပါက ကြားမကောင်းလေသောကြောင့်
သိကြားမင်း၏ ဓါတ်သေများကိုလဲ ကောင်းမွန်စွာ ရိုက်ပေးပါ လို့
အဲဒါလေး
:hee:
အရီးခင်လတ်
January 14, 2013 at 9:05 pm
အစားအသောက်ဆိုင် ကို ညွန်ပြရုံမက အစားအစာတွေကိုပါ ဒါ့ပုံလေးတွေ နဲ့ မှတ်တမ်းတင်ပေးဖို့ ရီကွက် လုပ်ပါတယ် မောင်အုပ်ရေ။ :hee:
ဂန္ဓာရီ ဆြာအုပ်
January 14, 2013 at 10:33 pm
ကို Thu Wai နဲ့အရီး.. အစားအသောက်အတွက်က
ဆြာရွှေတိုက် တို့ ဆြာမတ် တို့ကိုပြောရင်ရမယ်ထင်ပ
အလင်းဆက်
January 19, 2013 at 6:42 pm
ကျေးကျေး..ဗျိ ု ့….