ဆောင်းနံနက်ခင်းက ရန်ကုန်ကန်တော်ကြီး

“ဆောင်းနံနက်ခင်း ကန်တော်ကြီး
အရင်အခေါက်တွေတုံးက ရန်ကုန်ကိုရောက်တာနဲ ့မနက်စောစောထ ရွှေတိဂုံတက်
ပြီးရင်ကန်တော်ကြိးမှာလမ်းလျောက်ပေါ့။
မနက်စောစောထရပြီးရွှေတိဂုံသွားရင် ဘတ်စကားနဲ့သွားတော့ သက်သာလို့ပါ။
နေမြင့်ရင် ဘတ်စကား မစီးရဲပါဘူး။
ကျနော်ရုပ်က တောသားရုပ် အိတ်ကြီးလဲပါသေးတော့ ခါးပိုက်နိူက်ခံရမှာကြောက်ပါတယ်။
ဒီတော့ စောရင် ဘတ်စကားနဲ့ဒိုး နေမြင့်ရင် တက္ကဆီနဲ့သွားပေါ့။
ဘုရားသွားရင် မဒမ်ပေါက်ပါ ခေါ်သွားလေ့ရှိပါတယ်။



ဒီတစ်ခေါက် အတော်နဲ့ဘုရားကိုမသွားဖြစ်ပါဘူး။
6-1-2013နေ့မနက် မှာ သွားဖြစ်ပါတယ်။
ဒီတစ်ခေါက်တော့ ဘတ်စကားစီး ပြီး ရွှေတိဂုံမှတ်တိုင်မှာဆင်း။
ကန်တော်ကြီးထဲဝင်လမ်းလျောက် ။
ကျနော်က လမ်းလျောက်ရင်းလက်ဆော့၊
ဒီတစ်ခေါက်ကတော့ ကြာပင်တွေမတွေ့ရတော့ပါဘူး။
ဆောင်းရက်ဖြစ်တော့လမ်းလျောက်သူလဲများပါတယ်၊
ကြမ်းခင်းတွေက သံပြုတ်တဲ့နေရာကပြုတ်နေပါတယ်။
ကျနော်လမ်းလျောက်လို့တံတားအလယ်လောက်အရောက်နေရောင်လေးစထွက်လာပါတယ်။
အင်မတန်မှလှပတဲ့မြင်ကွင်းလေးလို့ခံစားမိပါတယ်။
ဟိုးတစ်ခါက တော့ ရွာသူတစ်ယောက်ကပြောဘူးပါတယ်။
“ ရန်ကုန်ကန်တော်ကြီးက ပိုလှတယ် “တဲ့။
သူပြောတာ မှန်တဲ့အကြောင်းကို ပုံလေးတွေနဲ့သက်သေပြလိုက်ပါတယ်။




လမ်းလျောက်ရင်းဓါတ်ပုံရိုက်ရင်းကနေ ကရဝိက်နားရောက်လာပါတယ်။
အဲဒီအနားရောက်တိုင်း ကျနော်နှစ်သက်တဲ့ သစ်ပင်လေးတစ်ပင်ရှိပါတယ်။
အရွက်မဲ့။
ကုန်းလေးပေါ်တက်ကြည့်လိုက်ရင် အပင်လေးရော ကရိဝိက်ရော မြင်ရပါတယ်။
လက်ဆော့လို့အားရတော့ ဘေးပေါက်ကထွက်။
တက္ကဆီငှား။
ရွှေတိဂုံဘုရားကိုသွားဘို့ပြင်ပါတယ်၊
လမ်းလျောက်ရတာမောဘီလေ။
ကိုပေါက်လမ်းသလားနေသည်
မဟာရန်ကုန်
(16-1-2013)
23 comments
cherry kyawlin
January 18, 2013 at 9:28 am
ရွာသူအသစ်လေးပါရှင့်
လေးပေါက်ရဲ့ပို့စ်တွေကိုလည်း အမြဲ ဝင်ကြည့်ဖြစ်ပါတယ်
နံပါတ်8က ပုံကို အကြိုက်ဆုံးပါ
ကိုပေါက်(မန္တလေး)
January 18, 2013 at 9:49 am
ရွာသူအသစ် cherry kyawlin ရေ
ပထမဆုံးဝင်မန်းပေးလို့ကျေးကျေးပါ။
သွားနိုင်လာနိုင်တုံးလေး ရိုက်ထားတာပါ
နောက်မကျန်းမာရင် အခုလို လက်ဆော့ နိုင်မည်မထင်ပါ။
လူဆိုတာ အသက်အရွယ်မရွေး အချိန်အခါမရွေး ခေါက်ကနဲ့ သေသွားနိုင်လို့
လုပ်ခွင့်ရတုံး(လောဘတကြိး)လေးလုပ်ထားတာပါကွဲ့။
Mon Kit
January 18, 2013 at 9:51 am
ကကြိုးဆင် ပုံလေး သဘောကျတယ်…….
ကိုပေါက် က လမ်းသလားပီး လက်ဆော့ရိုက်လို့သာဘဲ…….
လန်းတယ် ပုံအားလုံးးး………… :hee:
ကိုပေါက်(မန္တလေး)
January 18, 2013 at 11:44 am
မယ်မွန်ရေ
လမ်းမသလားဘဲ အတည်ပေါက်ရိုက်လဲ ဒီလောက်ဘဲထွက်မယ်ထင်ပါတယ်။
ကျနော်က ဒီထက်ပို မတတ်လို့ပါဗျိုးိ။
ဦးကြောင်ကြီး
January 18, 2013 at 10:41 am
ကန်တော်ကြီး
လျှံပေါ်ညီး
ဆံတော်ထီး
ပျံကျော်မီး
လံတော်ဟီး
မာန်ပျော်ဖီး
သန်မော်နီး
အံကော်သီး..။
ကိုပေါက်(မန္တလေး)
January 18, 2013 at 11:55 am
အန်ကော်သီး မရှိ အန်ထော်နီုတော့သိ
သန်မော်သီးတော့ မသိ သင်္ဘောသီးတော့ရှိတယ်။
မာန်ပျော်ဖီးကတော့ မလာသေးဘူး ဖီးကြမ်းငှက်ပျောသီးတော့ လိုချင်ရင်ရမယ်။
လံတော်ဟီး ဆံတော်ထီးနဲ့ ကန်တော်ကြီးက ညီအကိုသုံးယောက်
လျှံပေါ်ညီးနဲ့ပျံကြော်မီးက မယားညီအကို
မြို့ကြောင်လာလာ တောကြောင်လာလာ ရွာကြောင်လာလာ
ဘာကြောင်လာလာ လာသမျကြောင်
လာစမ်းပါ့ကောင် အရေခွံခွာ ကျပ်တင်
အသားကို မကင်ခင်အရက်နဲ့စိမ်
ကလီဇာမှန်သမျှ ရေလုံပြုတ် ပြီးမှ
အသုပ်လုပ်စားပစ်မယ်ဟေ့နော်………………………………………….
Mr. MarGa
January 18, 2013 at 9:07 pm
လေးပေါက် လေးပေါက်
လုပ်စားရင် ဦးမာဃကို ခေါ်ဦးနော်
အတူတူ စားရအောင်
မိုချို
January 18, 2013 at 10:49 am
လေးပေါက်
နံပါတ် ၅ က တော်တော် လှတယ် ။ သစ်ပင်အောက်က လူတွေ မပါရင် ပို ကောင်း မယ် နော်။
ရန်ကုန် ကန်တော်ကြီးနဲ့ မန်းလေး က ကန်တော်ကြီး ( လေးပေါက် သွားရိုက်လေ့ ရှိတဲ့ ပြည်ကြီး မွန် ဖောင် ရှိတဲ့ ကန် ) ဘယ်ကန် ပို လှလဲ။
ရန်ကုန် ကန် တော်ကြီး က အခု လေးပေါက် ရိုက် တဲ့ နားတွေ မှာ( ကရဝိတ်၊ မျှော်စင်ကျွန်း နားတွေ မှာ) ရေမှော်တွေ နဲ့ နောက်နေ တာ တော်တော် ကြာ နေပြီ ။ ခုထိ မဆယ် ရ သေးဘူး လားမသိဘူး။
ကိုပေါက်(မန္တလေး)
January 18, 2013 at 11:58 am
မိုချိုရေ
အဲဒီ ကကြိုးဆင် ကို လူမပါဘဲရို်က်ချင်တာ မရခဲ့ဘူးရယ်။
မနက်ဆို ကျန်းမာရေးလေ့ကျင့်သူအပြည့်ဗျာ
ရန်ကုန်ကန်တော်ကြီးက ကောက်ကောက်ကွေ့ကွေ့နဲ့လှ ကရိဝိက်က လေးဘက်မြင်
မန်းလေးကန်တော်ကြိး က ရှင်းလင်းကျယ်ပျံ့ပြီးလှ ကရိဝိက်ကတော့ အရှေ့ဘက်က ကြည့်ချင်ရင်လှေနဲ့သွားမှာရမယ်။
မန်းလေး ပြည်ကြီးမွန် ကရိဝိက်ကို အရှေ့ကရိုက်ဖို့ တစ်ရက် လှေငှားစီးအုံးမယ်ဗျို့
moonpoem
January 18, 2013 at 11:51 am
ကိုပေါက်နဲ ့မဒမ်ပေါက် ရန်ကုန်လာပြီး ကဲနေတယ်ပေါ့။ ရွာသူရွာသားတွေ ့ဆုံပွဲရော တက်ဖြစ်မှာလား လေးပေါက် မဒမ်ပါ ခေါ်ခဲ့လေ။
ကိုပေါက်(မန္တလေး)
January 18, 2013 at 12:40 pm
7-1-2013 ညက မန်းလေးကိုပြန်ခဲ့ပါတယ်။
အခုမန်းလေးမှာဆိုတော့ ပွဲမတက်နိုင်ပါကွဲ့။
ဒီပိုစ်တွေက မန်းလေးပြန်ရောက်မှရေးတော့
ကိုပေါက်စားမြုံ့ပြန်ခြင်းလို့ရေးရင် မှန်သလိုလိုပါဘဲ။
ဂန္ဓာရီ ဆြာအုပ်
January 18, 2013 at 12:41 pm
ကပေါက်တို့ ဝီရယကတော့ လေးစားစရာ
ကင်မလာ မှန်ဘီလူးမှာ ဖုန်တွေကပ်နေသလားပဲ
ပုံလေးတွေလှတယ်ဗျို့ .. မြင်တတ်တဲ့ ကိုပေါက်ကိုလဲ ချီးကျူးပါတယ်
အနော်တောင် ကန်တော်ကြီးထဲ မရောက်တာ တော်တော်ကြာပေါ့
မျှော်စင်ကျွန်းထဲပဲရောက်ဖြစ်နေတယ်
သွားလိုက်ဦးမယ်
ကိုပေါက်(မန္တလေး)
January 18, 2013 at 1:03 pm
ဟုတတယ် ဗျ မူန်လို့ ဆိုင်ပြကြည့်တော့ ဖုံက မှန်ဘီလူး တစ်ထပ်နဲ့တစ်ထပ်ကြားက အတွင်းထဲမှာကပ်နေတယ်ပြောတယ်။
အလင်းမလုံလောက်တဲ့အချိန်မှာ မီးဖွင့်ရိုက်မိရင် ဖုံကွက်တွေပါလာတတ်တော့
မီးပိတ်ရို်က်တာများတယ်။
အဲတော့ နည်းနည်းမှုန်သွားတာကိ ုမြူမှုန်တယ်တယ်ဆိုရောကျိတ်လိုက်တာပေါ့
ဆြာအုပ်ရဲ့
marblecommet
January 18, 2013 at 1:13 pm
ရန်ကုန် နံနက်ခင်းက
ဆောင်းယောင် ဆောင်နေတာပါ ကိုကြီးပေါက်ရယ်…
ဒါတောင် ကိုကြီးပေါက် လာတုန်းက
အအေးလှိုင်းဖြတ်ခါနီးမို့
နည်းနည်း အေးချင်ယောင်ဆောင်သာ……
အဂု မအေးလော့ဝူး…
နံပါတ် 5 ပုံ ကို သဘောကျတယ်ဗျ
သစ်ခြောက်ပင်ရယ် ရေကန်ရယ် ဟို အရုပ်ကြီးရယ် သစ်ရွက်တွေရယ်
အားလုံး မတူဆက်စပ်နေကြသလိုလို…….
ဗုံဗုံ
January 18, 2013 at 1:34 pm
လေးပေါက် ရန်ကုန်သွားတာ ဂျေဒိုးနတ်လည်း ပါမလာဘူး ဒါနဲ့ မိဗုံတို့ မန်းလေးကန်တော်ကြီးက ပိုလှတယ် စိမ်းစိမ်းစိုစိုနဲ့ မန်းလေးသူား တွေက လှကြလို့ထင်ပါရဲ့နော
ကိုပေါက်(မန္တလေး)
January 18, 2013 at 3:43 pm
ဂျေဒိုးနတ်
ဗေဒုးိပတ်
ဆွေမျိုးစပ်
ပြေတီဦးလို့ မှတ်
Tin Tin
January 18, 2013 at 4:09 pm
လေးပေါက်ရဲ့ ပို့စ်တွေရော၊ ဓါတ်ပုံတွေရောကို အမြဲစောင့်ကြည့်အားပေး နေပါတယ်ရှင်….
စိတ်ကြည်နူးစရာ၊ မျက်စိအေးစရာလှပတဲ့ မြင်ကွင်းအစုံစုံနဲ့ နံနက်ခင်းကော ဆည်းဆာချိန်ပါမကျန် ရှုထောင့်အမျိုးမျိုးကနေပြီး ရိုက်ထားတာတွေက အားလုံးလှနေတော့တာဘဲ…
လေးပေါက်ရဲ့ ပညာသားပါပါ ကြည့်တတ်၊ ရိုက်တတ်တာတွေကတော့ အားကျစရာပါဘဲရှင်…
ကိုပေါက်(မန္တလေး)
January 18, 2013 at 10:31 pm
ကျေးကျေးပါ တင်တင်ရေ
အလိုလိုလှနေတဲ့ နေရာကို ကံကောင်းစွာနဲ့ ရောက်သွားလို့ ပုံလှလှတွေရလိုက်တာပါဗျိုး
အရီး လေး
January 18, 2013 at 7:21 pm
ပုံ ၁-၄-၅-ရ ကိုအကြိုက်ဆုံးပါ
ကိုပေါက် ရဲ့ဒါ့ပုံတွေကို တော်တော်များများကြိုက်ပါအိ
ရန်ကုန်မှာနေပြီး ကန်တော်ကြီး ရဲ့ နံက်ခင်းအလှကို ခုမှ ခံစားရလို့
ကျေးဂျူးတင်ပါအိ
:harr:
ကိုပေါက်(မန္တလေး)
January 18, 2013 at 10:43 pm
ကျနော်ကိုယ်တိုင်က လဲ နံပါတ်5 ကကြိုးဆင် ကို နှစ်သက်ပါ၏
ရန်ကုန်ခဏရောက်တုန်းလေး ဝင်လက်ဆော့ ရတာ
လူ300 ကင်မရာ 500 ပေးရတယ်ဗျို့
မောင်ပေ
January 18, 2013 at 8:32 pm
ဒီပို ့စ်ထဲက ပုံတွေ မြင်ရတော့ မြန်မာဘီယာကို ချက်ခြင်းသတိရမိသွားပြီး ရေငတ်သွားပါတယ်
အဲဒါ အဲဒါ
မဟာရာဇာ အံစာတုံး
January 18, 2013 at 8:52 pm
စောစောစီးစီး
ကန်တော်ကြီးက တယ်လှဒဂိုးဂျ ….
အင်းးး ဒါ့ပုံ ချရာက တော်ဒါ နေမှာ …
ကျုပ်ကဒေါ့ …
ဟို တံတားလေးနဲ့ ပုံလေးကို ပိုပြီး ခိုက်မိသဗျို …
ဪ … လူ့ဘဝ ဆိုတာလည်း …
ကွေးလိမ်ပြီး မဆုံးနိုင်သော တံတားတစ်စင်းနဲ့ ဆင်တူ နေမလားနော် … 🙄
ကိုပေါက်(မန္တလေး)
January 20, 2013 at 9:18 am
သိပ်မကြာခင်အချိန်မှာ ဒီကန်တော်ကြီးမြေမှာရွာသူားတွေ ဆုံကြတော့မှာနော်။