ဖြတ်သန်းခဲ့သောဘဝကို တစ်ပိုင်းတစ်စ ပုံဖော်ကြည့်ခြင်း
တစ်ခါတစ်လေမှာ အပူအပင်ကင်းတဲ့ ကလေးဘဝ အပြစ်လုပ်မိမှန်းမသိတဲ့ ကလေးဘဝလေးကို တွေးမိပြီး ပျော်မိတယ်။

တစ်ခါတစ်လေကျတော့လဲ စွန့်စားမှုတွေနဲ့ အသက်ရှင်ရတာကိုသဘောကျတယ် တစ်ခုခုစွန့်စားလိုက်ရမှ စားလို့ဝင်အိပ်လို့ပျော်တဲ့ ဘဝမျိုးလဲဖြစ်ကြည့်ချင်တယ်

တစ်ခါတစ်လေကျတော့လဲဘဝမှာ ဘယ်လောက်ပဲ အခက်အခက်တွေရှိနေပါစေ ဘယ်သူတွေကပဲတားနေပါစေ ချစ်သူသာ ထာဝရအားပေးပြီးအနားမှာမခွဲအတူရှိမယ်ဆိုရင် အားလုံးကိုကျောခိုင်းထားခဲ့ပြီး သူ့လက်ကိုတွဲရဲရဲလျှောက်ရဲတယ်။

တစ်ခါတစ်ရံမှာ သူများတကာတွေလုပ်လို့ မထင်ပေါ်ခဲ့ရတဲ့ ကိစ္စတွေ ကိုယ်ထလုပ်လိုက်တာနဲ့ ထင်ပေါ်ကျော်ကြားသွားအောင် ကြိုးစားအားထုတ်ခဲ့ဘူးတယ်။

တစ်ခါတစ်လေကျတော့လဲ ဘယ်သူ့စကားမှနားမထောင်ဘဲလုပ်ချင်တာလုပ်ပြီး မှားမှန်းသိတော့မှ မျက်နှာတောင်မပြရဲခဲ့ဘူး။

ဒါပေမယ့်လဲ ပတ်ဝန်းကျင်က လှောင်ပြုံးတွေ နောက်ကွယ်ကနေ စောင်းမြောင်းပြောတာတွေကိုမခံနိုင်လို့ ငါဆိုတာဘာကောင်လဲ သိစေရမယ်ဟေ့ဆိုပြီး လက်တွေ့ပြခဲ့တယ်။

တနေ့ခင်းလုံးရုံးထဲမှာအားနေတာနဲ့ စိတ်ကူးရလို့ဓာတ်ပုံလေးတွေနဲ့ ပိုစ့်တစ်ခုဖြစ်အောင် စီစဉ်ပြီးတင်လိုက်တာပါ။ နည်းနည်းလေးပဲဖြစ်ဖြစ် ပြုံးသွားကြပါအုံး။
6 comments
mamanoyar
January 14, 2013 at 2:05 pm
ပုံရောစာရော အလန်းတွေပါပဲလားးးးးးး
Thu Wai
January 14, 2013 at 2:19 pm
ပထမဆုံး ဈေးဦးလာဖောက်ပေးသူ မမနိုရာ ကို ရဲလေး မန်းကီးကော်ဖီကြော်ငြာထဲကအသံနဲ့ပြောလိုက်မယ်
-ကျေးဇူးပါ့း
ဘဲဥ
January 14, 2013 at 3:45 pm
အောက်ဆုံးပုံက မီးလောင်တဲ့အချိန်ဆိုရင် တော်တော် အသုံးဝင်လောက်တယ်
မီးသတ်ကားခေါ်စရာလိုဒေါ့ဘူး
Thu Wai
January 14, 2013 at 3:55 pm
ကိုဘဲဥ ရယ် ကျွန်တော်ဘယ်လောက်ခွန်အားရှိတယ်ဆိုတာ ပြထားတာတောင် လာလှောင်နေသေးတယ်
အဲဒါဆန္ဒပြတဲ့သူတွေကို လူစုခွဲဖို့ဗျ
P chogyi
January 16, 2013 at 4:06 pm
ဪ….. သုဝေဆိုတာ ရေပန်းကျောက်ရုပ်ကြီးပါလား
ကိုပေါက်(မန္တလေး)
January 16, 2013 at 4:31 pm
ပန်းနဲ့စပြီး ပန်းနဲ့ဆုံးတဲ့ ကိုသုဝေပါလားး ဟရို့
ဟိုက်ရှားဘားးးးးးးးးးးးးးးးးးးးးးးးးးးးစ်