Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒါဇင်ပလပ်၏ ဆဌမအကြိမ်မြောက်အလှူ..

amatminJanuary 14, 20131min84325

၂၀၁၃ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်၊တနင်္ဂနွေနေ့..

မန်းဂဇက်.ဝက်ဆိုဒ်တွင် စာရေးစာဖတ်ပြုရာမှ ရင်းနှီးခင်မင်လာသူများ.အပါအဝင် ကိုယ်စီကိုယ်ငှ ပက်သက်နေရာ.

ပတ်ဝန်းကျင်မှမိတ်ဆွေများဖြင့် ပါဝင်ဖွဲ့စည်းထားသော ဒါဇင်ပလပ်စ်ပညာရေးဦးစားပေး လူမှုကူညီလေးအဖွဲ့ငယ်လေး၏

ဒီဇင်ဘာလအတွက်ရည်ရွယ်သော ခြောက်ကြိမ်မြောက်လှူဒါန်းမှုကို (၁၃.၁.၂၀၁၃) ရက်.တနင်္ဂနွေနေ့တွင်

ရန်ကုန်တိုင်း.သုဝဏ္ဏမြို့နယ်..ရန်ကုန်သစ်ရပ်ကွက်ရှိ သီရိရတနာ သီလရှင်စာသင်တိုက်နှင့် အမျိုးသမီးပရဟိတကျောင်းမှ

မိဘမဲ့ ကလေးငယ်များထံသို့ စာရေးကိရိယာအပါအဝင် ငွေသားတချို့ကို သွားရောက်လှူဒါန်းခဲ့ပါ၏.။

မိဘမဲ့.ခိုးကိုးရာမရှိ ကလေးငယ်များ၏ လူမှုဘဝ မြှင့်တင်ရေးတွင် အဓိက ကျသောပညာသင်ကြားရေးအတွက်

ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်လှူဒါန်းသော စာရေးကိရိယာတချို့အပါအဝင်..ငွေသား (၁၅၀,၀၀၀) ကျပ်တိတိကို

သီလရှင်ဆရာမကြီး ဒေါ်စန္ဒာရီမှ လက်ခံရယူခဲ့ပါသည်။

donati.on
အလှူတိုင်းအတွက် တွဲလက်များ 🙂

အထက်ပါ သီရိရတနာ ကျောင်းတွင်.မိဘမဲ့ကလေး ၁၆ဝ နီးပါးကိုသီလရှင်ဆရာမကြီး ဒေါ်စန္ဒာရီ တပါးတည်းမှ..

တာဝန်ယူစောင့်ရှောက်ထားပီး ၂၀၀၉ ခုနှစ်တွင် အစပြုခဲ့ကြောင်းလည်း သိခဲ့ရသည်။

၆ နှစ်ကျော် ကလေး ၁ဝ ဦးခန့်မှ လွဲပီး ကျန်ကလေးများကို မယ်သီလရှင် ဝတ်ပေးထားကာ

ကလေးများစုမှာ တိုင်းရင်းသားကလေးငယ်များဖြစ်ကြသည်။ ၂၀၁၂ မတိုင်ခင်ကကလေးဦးရေမှာ ၉ဝခန့်သာရှိပီး

၂၀၁၂ ခုနှစ်အတွင်း ကချင်ဒေသစစ်ပွဲများ၏သက်ရောက်မှုဖြင့်ရောက်လာသော

ကလေးငယ်၆ဝ ကျော်ကိုစောင့်ရှောက်ခဲ့ရကြောင်းပြောပြပါ၏။

အများစုမှာ ပဒေါင်.ပလောင်.ပအိုဝ့် ကလေးငယ်များဖြစ်ပီး ရောက်စကမြန်မာစကားးပင် မတတ်ကြောင်းသိရသည်။

13012013163

ပြုံး..ပြုံးသာ.ပြုံး..အိုဘယ့် တကယ့်အပြုံးများ 🙂

မူလက ကိုယ်ပိုင်ကျောင်းမရှိသေးပဲ.

ကလေး အားလုံးနီးပါးကို သန်လျင်တံတားအနီးရှိ

မှန်ကင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ပို့ပီး ကျောင်းတက်ခိုင်းရကြောင်းလည်းသိရသည်။

ယခုပညာသင်နှစ်ရောက်မှသာ မူလတန်းဖွင့်ခွင့်ရခဲ့ပီးကျန်မူလတန်းအထက်.ကလေးငယ် ၅ဝ ခန့်ကို

မှန်ကင်းကျောင်းသို့နေ့စဉ်တက်ရောက်စေ နေသေးကြောင်းလည်းသိရသည်.။

သီရိ်ရတနာ စာသင်တိုက်ရှိ မူလတန်းကလေးများကို သင်ကြားနိုင်ရန်အတွက်မူ.အပြင်ဆရာမ ၅ဦးကို

ခန့်ထားပီး.ရံဖန်ရံခါ.လုပ်အားပေးလာရောက်သူများလည်း ရှိကြောင်းပြောပြ၏။

ကလေးများကို စောင့်ရှောက်ကျွေးမွေးရာတွင်လည်း မနက်လေးနာရီ အိပ်ရာမှထစေပီး.

လေးနာရီခွဲတွင်.တကြိမ်…မနက်၁ဝနာရီခွဲ တွင်တကြိမ် ၂ ကြိမ်ကျွေးမွေးလျက် ညနေစာကိုမူ

မယ်သီလရှင်များဖြစ်သောကြောင့် ရှောင်လွဲစေကြောင်းသိရ၏။ 🙂

13012013161

စည်းကမ်းအစ ခြေဖဝါးအောက်က. 🙂

လစဉ်ကုန်ကျစရိတ်အားဖြင့် ဆရာမ ၅ဦးအတွက် တလလျှင် ၂သိန်းခွဲ ပေးချေရပီး

မှန်ကင်းကျောင်းသို့နေ့စဉ်ကျောင်းတက်သော ကလေးငယ်များကို ကားကြိုပို့ခ အနေဖြင့် ၂

သိန်း၂သောင်းခန့် ကုန်ကျပီး စုစုပေါင်း လစဉ် ၅ သိန်းခန့်ကို ပုံမှန်သုံးစွဲနေရကြောင်း လည်း သိရသည်.။

13012013162

စာသင်ခုံအသစ်.ကျောင်းဆောင်အသစ်.နဲ့ …ကလေးများ

အထက်ပါ လုပ်ဆောင်ချက်များကို.တဦးတည်းလုပ်ကိုင်နေသော သီလရှင်ဆရာမကြီး၏ လုပ်ဆောင်ချက်အပေါ်

အားကျဂုဏ်ယူမိကြရင်းမှ..

သူ့စေတနာ စကားဖြစ်သော.”သူတို့လေးတွေ ပညာရေးအတွက် အထောက်အကူပြုနိုင်ဖို့နဲ့ ကိုယ်စီကိုယ်ငှ..

ဝါသနာပါရာ လေးတွေကိုလုပ်ဆောင်ပီး

အဆင်ပြေချောမွေ့တဲ့ ဘဝလေးတွေ ဖြစ်အောင်.သူ့အနေနဲ့ တဘဝလုံးမြှုပ်နှံပီး လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပါတယ်..”

ဆိုသော..စကားတခွန်းကိုတော့ ဒါဇင်ပလပ်အဖွဲ့သူားများ ကြည်နူးစွာ ယုံကြည်ခဲ့ကြပါ၏.။

အဆိုပါ အလှူမှ အိမ်သို့အပြန် ဒါဇင်ပလပ်အဖွဲ့သူားတိုင်း၏

စိတ်အတွေးတွင်လည်း နောက်လ နောက်တကြိမ်အလှူကိုကြိုတင်မျှော်တွေးရင်း..

တနိုင်တပိုင် စာနာမှု ခဲလုံးလေးများ၏.မှန်ကန်သောပစ်ချက်တိုင်းအတွက် ..

ဝမ်းမြောက်စွာပြုံးပျော်ရင်းဂေဇက်မှ ရွာ့မိတ်ဆွေများအတွက်သာဓုခေါ်စရာ ဝေငှလိုက်ပါကြောင်း..။

မင်္ဂလာနှစ်သစ် ၂၀၁၃ ….. မှာကြည်နူးပြုံးပျော်နိုင်ကြရင်း.ချစ်သောမျက်စိဖြင့်ရှုကြည့်နိုင်ကြပါစေ..ကြောင်း။

လေးစားစွာဖြင့်
Dozen+ အဖွဲ့သူအဖွဲ့သားများ
(www.dozenplus.org)

dozenplus-h-logo

25 comments

  • မောင်ပေ

    January 14, 2013 at 8:17 pm

    သာဓု သာဓု သာဓု ပါ ဗျို ့
    နောက်ထပ်လဲ ဒီထက်မက အဆပေါင်းများစွာ လှူနိုင်ကြပါစေဗျာ

  • Mr. MarGa

    January 14, 2013 at 8:38 pm

    သာဓုပါဗျာ
    သာဓု သာဓု
    နောင်နောင်မှာ အဖွဲ့ကိုယ်ပိုင်ရန်ပုံငွေနဲ့ ဒီထက်မက လှူနိုင်ပါစေ လို့

  • uncle gyi

    January 14, 2013 at 10:32 pm

    အမတ်မင်းရဲ့ဝမ်းသာစရာလည်းကောင်းဝမ်းနည်းစရာလည်းကောင်းပါရဲ့
    လှူဒါန်းမှုအတွင်လည်းသာဓုပါဗျာ
    မလှူဖြစ်တာနဲ့စာရင်လှူဖြစ်တာကအမြတ်ပါ
    လှူတာလည်းလစဉ်ကြေးများစုပြီးလှူနိုင်ရင်ပိုကောင်း
    လစဉ်စုပြီးလှူရင်တလ၁၀၀၀ဝတစ်သောင်းပါဝင်လှူပါ့မယ်ဗျာ

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      January 15, 2013 at 10:48 am

      အန်ကယ်ကြီးရေ…

      ကျွန်တော်တို့ ဒါဇင်ပလပ်မှာ အလှူရှင်ပေါင်း (၄၀)ကျော်ရှိပါတယ်…
      ကြိုတင်ပြီး (၃)လစာ၊ (၆)လစာ၊ တစ်နှစ်စာရယ်လို့ အလှူငွေထည့်ထားသူများရှိသလို…
      လစဉ်လတိုင်း (၅၀၀၀) စီအလှူထည့်နေကြသူတွေလဲ ရှိပါတယ်…
      ကျွန်တော်တို့အဖွဲ့လေးကတော့ ဆင်းရဲနွမ်းပါးတဲ့ကလေးငယ်လေးများရဲ့ဘဝမှာ အရေးကြီးတဲ့စာတတ်မြောက်ရေးကို ဦးစားပေးပြီး ပညာရေးဆိုင်ရာအလှူတွေကို လစဉ်တပ်နိုင်သလောက် စုပေါင်းလှူဒါန်းနေတဲ့အဖွဲ့ဖြစ်ပါတယ်…
      ကျွန်တော်တို့ လှုပ်ရှားမှုများကို မန်းဂဇက်မှာတင်မကပါဘူး… ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် Website ဖြစ်တဲ့
      http://www.dozenplus.org မှာလဲ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်ခင်ဗျား…
      အန်ကယ်ကြီးအနေနဲ့ ပါဝင်လှူဒါန်းချင်တယ်ဆိုရင်… ကျွန်တော်တို့ Website မှာ ဆက်သွယ်ရန်လူပုဂ္ဂိုဟ်နဲ့ ဖုန်းနံပါတ်တွေရှိပါတယ်… ဆက်သွယ်ပေးပါခင်ဗျား…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • သာဓု .. သာဓု .. သာဓု ပါဗျို့ ….
    ဒါဇင်ပလက်ရဲ့ ဆဌမမြောက် အလှူအတွက် သာဓု ခေါ်သွားပါတယ် …
    ကလေးတွေရဲ့ ဖြူစင်လှတဲ့ အပြုံးကလည်း ကြည်နူးစရာပဲ …
    ဖိနပ်လေးတွေ ချွတ်ထားတာကလည်း ညီညီညာညာနဲ့ …
    စည်းကမ်းကျလှတဲ့ ကလေးငယ်တွေပါပဲ …
    ဒီကလေးတွေကို ကူညီ ပံ့ပိုးပေးတဲ့ ဒါဇင်ပလက် အဖွဲ့သားများရဲ့
    စေတနာကလည်း ချီးကျူးဖွယ်ပါပဲဗျို့ …….။

  • မောင့်ကျက်သရေ ဂီ့

    January 15, 2013 at 7:11 am

    သာဓုပါဗျာ သာဓု သာဓု …
    ကိုမတ် ရှိနေပေလို့သာပေါ့ဗျာ..
    ဟိုလူရီး အပျင်းတစ်ပုံနဲ့သာဆို …
    ခုလို သတင်း ကျုပ်တို့ ဖတ်နိုင် မုဒိတာပွားနိုင်ဖို့ရာ…
    တယ် မလွယ်ဝူးပဲ…

    :harr:

  • Foreign Resident

    January 15, 2013 at 8:23 am

    သာဓု ခေါ်သွားပါတယ်နော် ။

  • ဦးဦးပါလေရာ

    January 15, 2013 at 8:29 am

    ဘိနပ်တွေကိုကြည့်…
    အဲဒါမျိုးတွေကို သီလရှင်ဘိနပ်လို့ခေါ်တယ်
    မြောက်ဥက္ကလာဖက်မှာချုပ်တာ
    ကမ္ဘာ့ဈေးအပေါဆုံးနဲ့ အပျက်လွယ်ဆုံးဖိနပ်တွေပေါ့…
    အဲဒါကို လမ်းအလျှောက်ရဆုံးလူတွေက စီး(ရ)တယ်…။

    အဲ… အဲ…
    သာဓု သာဓု သာဓု

  • ဗုံဗုံ

    January 15, 2013 at 9:37 am

    အကြိမ်ပေါင်းများစွာ ဒီထက်မက လှူဒါန်းနိုင်ပါစေရှင် 🙂

  • Novy

    January 15, 2013 at 9:51 am

    ကိုမတ်ရေ.
    ဒီတပတ် ကျန်းမားရေမကောင်းလို့ ကိုယ်တိုင်မလိုက်ရပေမဲ့
    ပုံတွေကိုကြည့်ပြီး သာဓုခေါ်သွားပါတယ်

  • နွယ်ပင်

    January 15, 2013 at 10:34 am

    ဒီတစ်ပတ် အလှူလေးကို အကြောင်းကြောင်းကြောင့် မလိုက်ဖြစ်ခဲ့ရဘူး …
    ဒါပင်မယ့် ကိုမတ်ကျေးဇူးကြောင့် ကိုယ်တိုင်လိုက်ပါပီး လှူဒါန်းရသလို ခံစားရစေပါတယ် …
    (သာဓု) 3 ခေါ်သွားပါတယ် …..

    • ဂန္ဓာရီ ဆြာအုပ်

      January 16, 2013 at 10:04 pm

      လှူန်ဒါန်းမှုအတွက် ဝမ်းသာအားရ တုလိုပဲ သာဓု ကျူလုပ်သွားပါကြောင်း

  • Shwe Ei

    January 15, 2013 at 10:49 am

    နေပူတော်ခရီးထွက်ဖြစ်သွားလို့ အလှူလိုက်မကူနိုင်တော့
    စိတ်ထဲဟာတာတာ ဖြစ်နေတာဗျာ။ ပို့စ်ဖတ်လိုက်ရတော့မှ
    စိတ်ချမ်းသာသွားတယ်။ ဒါဇင်ပလပ်စ် အဖွဲ့သားများအားလုံး
    ဗရာဘိုဘာခညာ 🙂

  • Thu Wai

    January 15, 2013 at 1:07 pm

    ကလေးတွေကြည့်ရတာ ပီတိဖြစ်စရာ

  • Tin Tin

    January 15, 2013 at 1:12 pm

    ဝမ်းမြောက်ကြည်နူးစွာနဲ့ သာဓု ခေါ်ဆိုပါတယ်..
    ိဒါဇင်ပလက်စ်အဖွဲ့ရဲ့ စည်းလုံးညီညွတ်မှု၊ တူညီသော တွဲလက်များနဲ့ နောက်ထပ် အလှူပေါင်းများစွာကို လှူဒါန်းနိုင်ကြပါစေ….

  • မင်းနန္ဓာ

    January 15, 2013 at 4:09 pm

    ဒါဇင်ပလက်စ်အဖွဲ့ရဲ့ နောက်ထပ် အလှူပေါင်းများစွာကို
    စည်းလုံး ညီညာ၊ တူညီသော တွဲလက်များနဲ့
    ဒါဇင်ပေါင်း များစွာ ဆက်လက် လှူဒါန်းနိုင်ကြပါစေ…
    သာဓု သာဓု သာဓု ..

  • water fish

    January 15, 2013 at 4:28 pm

    ကောင်းတာလုပ်ရင် တူသောအကျိုးပေးမှာပါ….
    အလှူအတွက်လဲ ဝမ်းသာပီတိဖြစ်ရပါတယ်…
    သာဓုခေါ်ပါတယ်……

  • cobra

    January 15, 2013 at 4:47 pm

    အာကျလိုက်တာ။
    ဖတ်ပြီးတော့ ဝမ်းသာပီတိဖြစ်ရပါတယ်။
    နောက်လည်း လှူဒါန်းနိုင်ကြပါစေ…။

  • Nyein Nyein

    January 15, 2013 at 7:10 pm

    ဒီတစ်ပတ်ကို မလိုက်ဖြစ်လိုက်လို့ စိတ်မကောင်းဖြစ်နေတာပါ………. မလိုက်ဖြစ်ပေမယ့်လည်း အခုပို့စ်ကို ဖတ်လိုက်ရတော့ ကျေနပ်ဝမ်းသာသွားပါတယ်။ ဓာတ်ပုံလေးတွေကို ကြည့်ပြီး ပီတိလည်း ဖြစ်ရပါတယ်။ ကိုမတ်နဲ့တကွ ဒါဇင်ပလပ် အဖွဲ့သားများအားလုံးရေ………. ကျေးဇူးပါဗျို့…………

  • ရွှေ ကြည်

    January 15, 2013 at 8:26 pm

    ဝမ်းသာအားရ သာဓု ခေါ်ပါတယ်။
    အားလည်းအားရမိပါတယ် ဒါဇင်ပလပ်ခြေလှမ်းမပျက်မှန်မှန်လေးလျှေက်လှမ်းနေတဲ့ခရီးလမ်း ပိုမိုဖြောင့်တန်းပါစေ။
    ဓါတ်ပုံလေးတွေသဘောကျတယ်ရှင့် ဘူရိုက်တာတုန်း 😆

  • kyeemite

    January 16, 2013 at 10:57 am

    ကိုမတ်နဲ့ ဒါဇင်ပလပ်စ် အဖွဲ့သားအားလုံးရဲ့အလှူဒါနအတွက်
    သာဓု သာဓု သာဓု ပါ ဗျာ…နောက်ထပ်လဲ ဒီထက်မက အဆပေါင်းများစွာ လှူနိုင်ကြပါစေဗျာ 🙂

  • ko

    January 16, 2013 at 2:07 pm

    သာဓုပါဗျာ…….. 🙂

  • အာဂ

    January 16, 2013 at 4:12 pm

    ဒီတစ်ခေါက် ကိုယ်တိုင်မလိုက်နိုင်တဲ့အတွက် အဝေးကနေပဲ သာဓု ခေါ်လိုက်ပါတယ်။

  • kai

    January 17, 2013 at 5:37 am

    ကလေးတွေအဲလိုဖြစ်နေတာမြင်ရင်.. အစိုးရကို ဒေါသထွက်ထွက်သွားတယ်…
    ငွေတွေ..ဘက်ဂျက်တွေမှာ.. ကလေးတွေအတွက်ဦးစားပေးသုံးသင့်ပါတယ်.. လို့..။ :buu:

  • Char Too Lan

    January 21, 2013 at 11:59 am

    အလှူနေ့မှာပဲ တောထွက်သွားရလို့ ဒီနေ့မှပဲဖတ်ဖစ်တော့တယ် ..
    လစဉ်အလှူမှာ ကိုယ်တိုင်ပါသည်ဖစ်စေ မပါသည်ဖစ်စေ
    ဒီလိုပိုစ့်ကိုပြန်ဖတ်လိုက်ရတိုင်းးး တကယ်ကိုကြည်နှုးပီတိဖစ်ရပါတယ် …
    နောက်လှူချင်သူ စေတနာရှင်များရှိလျှင်လဲ လှိုက်လှဲစွာကြိုဆိုပါတယ်လို့ ပြောကြားရင်းးးး
    သာဓုသုံးကြိမ်ခေါ်သွားပါတယ် ခညာ………

Leave a Reply