What the Future May Bring ( နောင်အနှစ်လေးဆယ်ရောက်ရင် )

သုရွင္January 16, 20132min1600

များစွာသော စာရေးဆရာ တို့ဟာ နောင်အနာဂတ်နဲ့ ပတ်သက်ပြီး အငြင်းပွားစရာ ၊ သံသယဖြစ်စရာ ဇာတ်လမ်းတွေကို လူတွေစိတ်ညစ်ညူးစေရန်ခေါင်းစဉ်များ

( ဥပမာ။    ။သမိုင်း၏ အဆုံးသတ်နှင့် နောက်ဆုံးလူသား ( စာရေးဆရာ ဖရန်စစ် ဖူကူယားမား ၊ နိုင်ငံရေး သိပ္ပံပညာရှင် )The End of History and the Last Man (by Francis Fukuyama) ၊နီးကပ်လာသော သီးခြားဖြစ်တည်မှု နှင့် လူသားတို့၏ သက်ရှိဇီဝ ဖြစ်စဉ်ကို ကျော်လွန်သွားသောအခါ ( စာရေးဆရာ ရေး ကာရ်ဇ်ဝီးလ်)The Singularity Is Near: When Humans Transcend Biology (by Ray Kurzweil) ) စသည့်စာအုပ်များဖြင့် နောင်အနာဂတ်တွင် ဖြစ်နိုင်ချေရှိ ရုံမျှ မက အမှန်တကယ်ဖြစ်လာမည့် အကြောင်း ( ၎င်းတို့၏ အဆိုအရ ) ကို ကြိုတင်တွက်ဆ ပြီး စာဖတ်ပရိတ်သတ်ကို ဆွဲဆောင်နိုင်ခဲ့ကြပါသည်။

ထိုစာအုပ်များတွင် စာရေးဆရာ ဂျော်ဂန် ရန်ဒါစ် ၏ နောင်နှစ်ပေါင်းလေးဆယ်အတွက် ကြိုတင်မှန်းဆ ချက်များ ၂၀၅၂ 2052: A Global Forecast for the Next Forty Years (White River Junction, Vermont: Chelsea Green Publishing, 2012).

sterman-170

http://sloanreview.mit.edu/the-magazine/2013-winter/54207/what-the-future-may-bring/?utm_source=WhatCounts+Publicaster+Edition&utm_medium=email&utm_campaign=Sust+Enews+Jan+15+2013&utm_content=A+Candid+Analysis+of+What+the+Future+May+Bring

ဟူသော စာအုပ် လည်းနောက်ဆုံးအနေဖြင့်ထွက်ပေါ်လာခဲ့ပါသည်။ စာရေးဆရာ ရန်ဒါးစ် ဟာ နော်ဝေ စီးပွားရေးတက္ကသိုလ်ရဲ့  ဗျူဟာအခြေအနေသုံးသပ်ရေးဌာနတွင် လက်ရှိ ပါမောက္ခတစ်ဦဖြစ်ရုံမျှ မက စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပျက်တိုးတက်ခြင်းနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးလည်းဖြစ်ပါတယ်။ သူက လက်ရှိကမ ္ဘာ့ အခြေအနေနဲ့ နောင်လာမယ့် ဆယ်စုနှစ်များအတွင်း ကမ ္ဘာလုံးဆိုင်ရာ ဖွံ ့ဖြိုးတိုးတက်မှု ခန့်မှန်းချက်များကို ခွဲခြမ်းစိတ်ဖြာပြီးသုံးသပ်ထားတာဖြစ်ပါတယ်။ ဒါက သိပ်ပြီးတော့ ခမ်းနားလှပ မနေပါဘူး။ ရန်ဒါးစ် ဟာ (သူ့စာအုပ်ထဲမှာ ) နောင်တစ်ချိန်အတွက် သူ့ရဲ့ စိုးရိမ်မှုတွေဖြစ်တဲ့ ကမ ္ဘာကြီးရင်ဆိုင်ကြရမယ့် အရင်းအမြစ်၊ သဘာဝပတ်ဝန်းကျင် နဲ့ လူမှုရေးစိန်ခေါ်မှု တွေအကြောင်းကို  ဆွေးနွေးတင်ပြထားပါတယ်။ သူက

လာမယ့်ကျွန်တော့်ဘဝရဲ့အချိန်တွေမှာ စိုးရိမ်မှုတွေနဲ့ ဖြတ်သန်းရဖို့ရှိပါတယ်

လို့ပြောပါတယ်။ သူ့ရဲ့ စီးပါွးရေးနယ်ပယ် စဉ်ဆက်မပျက်တိုးတက်ဖွံ့ဖြိုးမှု ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံတွေက သူ့ရဲ့စာအုပ်ကို လုပ်ဖော်ကိုင်ဖက် အပေါင်း အသင်း   တွေကြား မှာ၊ မိတ်ဆွေတွေ ကြားမှာ၊ မိသားစုတွေကြားမှာ မျှဝေ ဖတ်ရှုဖို့ သင့်တော်တယ်လို့ပြောချင်ပါတယ်။ သူ့စာအုပ်ရဲ့ စိတ်ဝင်စားဖွယ် အခန်းတစ်ခုမှာ သူဟာ အခြား ကျွမ်းကျင်သူတွေကို နောင် နှစ်လေးဆယ်အတွင်းဘာတွေဖြစ်လာမယ် ဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ၎င်းတို့ရဲ့ အတွေးအထင်တွေကိုလည်း ဝေမျှ ဖို့ ဖိတ်ခေါ်ပြီး မေးမြန်းထားတာကိုတွေ့ရပါတယ်။ များသောအားဖြင့်သူတို့အမြင်တွေထဲမှာ စိတ်ဝိဉာည်လောကရဲ့ အခန်းကဏ္ဍ ၊ အရင်းရှင် ဝါဒရဲ့ အနာဂတ်၊ ရိုးရာယဉ်ကျေးမှု ၊  မြို့ ပြ ယဉ်ကျေးမှု၊ စွမ်းအင် ၊ အစားအစာ နဲ့ လူဦးရေ ပြန့်ပွားမှု တွေဟာ ရေပွက်ပမာ ခဏတာ ဆိုသလိုမျိုးဖြစ်နေတာကို တွေ့ရပါတယ်။ ရန်းဒါးစ် ဟာ သူ့ရဲ့ ဝက်ဆိုဒ် ဖြစ်တဲ့  www.2052.info မှာသူ့ရဲ့ အဖွဲ့ဝင်တွေကို လာရောက်မေးမြန်းဖို့ စာဖတ်သူတွေကိုလည်း ဖိတ်ခေါ်ထားပါသေးတယ်။

ရန်ဒါးစ် နောင်နှစ်ပေါင်းလေးဆယ်ရောက်ရင် ဘာတွေကို မျှော်လင့်နေလဲဆိုတာကို ကြည့်ရရအောင်ပါ။ ၁၉၇၂ ခုနှစ်မှာ ရန်ဒါးစ်ဟာ မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်က ပါရဂူ တန်းကျောင်းသား ဘဝ ကတည်းက ဝီလျံ ဘဟ်ရန်းစ် ( William W. Behrens III) ၊ ဒန်းနစ် မီယာဒေါစ် ( Dennis L. Meadows)  နဲ့ ဒေါ်နယ်လာ မီယာဒေါစ်  (Donella H. Meadows) တို့နဲ့ ကြီးမားဖွံ့ဖြိုးမှု၏ အကန့်အသတ် များ (The limit of Growth) ဆိုတဲ့ စာအုပ်ကို ပူးတွဲရေးသားခဲ့ဖူးတဲ့ စာရေးဆရာ တစ်ယောက်ဖြစ်နေပါပြီ။ စံနစ်တကျ တွေခေါ်ခြင်း ( System thinking (or) System Dynamics ) အကြောင်းလမ်းပြရှေ့ဆောင်ဖြစ် တဲ့ ဂျေး ဖော်ရက်စတာ (Jay W. Forrester) ရဲ့ နည်းပညာကို ရန်ဒါးစ်နဲ့ ပူးတွဲ စာရေးဆရာတွေဟာ လူဦးရေ ပေါင်းစည်းခြင်း၊ စီးပွားရေးလုပ်ငန်းဆောင်တာများ၊ အရင်းအမြစ်များ နဲ့ သဘာဝ ပတ်ဝန်းကျင် ၊ ပြီးတော့ ထိုအချက်များကို နောင်အနောဂတ်အတွက် ဘယ်လိုအသုံးချရမလဲဆိုတဲ့ မော်ဒယ် တွေ simulation model ရေးဆွဲခြင်းအားဖြင့် ပိုမိုတိုးတက်အောင်လုပ်ဆောင် နိုင်ခဲ့ပါတယ်။ရလဒ် အနေနဲ့ကတော့-

၁) နောင် ၂၁၀ဝ ခုနှစ်မတိုင်ခင် ကမ ္ဘာ့စီးပွားရေးအဆောက်အအုံကြီးတစ်ခုလုံးနဲ့ လူသားတွေအားလုံးဟာ ပျက်စီးခြင်းမှာ အဆုံးသတ်သွားမယ့် ပုံပေါက်နေခြင်း

၂) ဒီ နံပါတ် (၁) ရလဒ်ကို ရှောင်ရှားနိုင်ဖို့ စဉ်ဆက်မပျက်တိုးတက်သော လူမှုဝန်းကျင်တစ်ခု ဖန်တီးရန်နည်းလမ်းများ ရှိခြင်း

၃)လူသားများပူးပေါင်းဆောင်ရွက်မှု နဲ့ တာဝန်ဝတ္တရား အသီးသီးကျေပွန်မှု မြန်လေလေ ၊ ပိုပြီး အောင်မြင်ဖို့ နီးစပ်လေလေ ဖြစ်ခြင်း တို့ပဲဖြစ်ပါတယ်။

စကားစစ်ထိုးမှု တွေ ( ငြင်းခုန်မှုတွေ )ကတော့ နောင်နှစ်ပေါင်း ၄ဝ အထိ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ အချို ့ ပုဂ္ဂိုလ် တွေက နည်းပညာတိုးတက်လာမှု ၊ ချမ်းသာကြွယ်ဝမှု တိုးတက်လာမှု ၊ တရုတ် အင်အားကြီးထွားလာမှု ကိုအကောင်းဖက်ကြ ကြည့်မြင်နေချိန်မှာပဲ အချို ့ကတော့ ဒီလိုတိုးတက်မှုတွေ ကြောင့် လူတွေဟာ အဆက်မပျက် စွန့်စားရခြင်း နဲ့ အတူ လောဘ တရားတွေ ဆာလောင်မွတ်သိပ်မှုတွေ ၊ မတော်မတရားမှုတွေ ဖြစ်လာနိုင်တယ်လို့ ဆိုနေကြပြန်ပါတယ်။ အဆက်မပျက်တိုးပွားလာနေတဲ့ လူတွေ ရဲ့ ပူးပေါင်း လုပ်ဆောင်မှု ဟာ ပြန်လည် အစားထိုးလို့မရနို်င်တဲ့ သဘာဝ အရင်းအမြစ် ( nonrenewable resources ) တွေကို ပြန်လည် အစားထိုးလို့ ရနိုင်တဲ့ အရင်းအမြစ် ( renewable resources ) တွေ ထက် ပိုမို မြန်မြန်နဲ့ များများ သုံးစွဲနေတာကို ရပ်တန့်လို့မရဖြစ်နေပါတယ်။ ဒါပေမယ့် ဒီ ရုပ်သဘောသဘာဝ စည်းမျဉ်းတွေကို လူသားတွေ ကိုယ့်တိုင် ချိုးဖောက်နေတာမျိုးပဲဖြစ်ပါတယ်။ ယနေ့ခေတ်ကြီးမှာ ကျွန်တော်တို့အားလုံးဟာ ပြန်ပြီး အစားထိုးလို့မရနို်င်တဲ့ အရင်းအမြစ်တွေဖြစ်တဲ့ လောင် စာ ဆီနဲ့ ကျောက်မီးသွေး တွေရဲ့ လွှမ်းမိုးမှုကို ခံနေကြရပါတယ်။ ရလဒ် အနေနဲ့ ကတော့ ဖန်လုံအိမ်ဓါတ်ငွေ့ ဖြစ်ပေါ်မှုဟာ ရာသီဥတုတွေကို လျင်မြန်စွာပြောင်းလဲ ပစ်နိုင်ပါတယ်။အပူပိုင်းဇုံ က သစ်တော တွေဟာ ခုတ်လှဲခံနေရပြီး ထင်းနဲ့ လယ်ယာမြေတွေ အဖြစ် ပြောင်းလဲလာနေပါတယ်။ ကျွန်တော်တို့ ရဲ့ သုံးစွဲမှုတွေဟာ လိုအပ်သည် ထက်ကျော်လွန်နေပါပြီ။ ကန့်သတ်မှုကို ကျော်လွန်နေပါပြီ။ ဘောင်ကျော်နေပါပြီ။ ရန်ဒါးစ် ထောက်ပြခဲ့တာက ကျွန်တော်တို့လူသားတွေ သုံးစွဲမှုဟာကမ္ဘာကြီး ပံ့ပိုး နိုင်စွမ်းထက် ၄ဝ ရာခိုင်နှုန်းကျော်လွန်နေပြီလို့ဆိုပါတယ်။ လက်ရှိလူဦးရေအတွက် ပင်လျှင်နောက်ထပ်                ကမ ္ဘာတစ်ခြမ်းလောက် လိုအပ်နေတယ် လို့ဆိုပါတယ်။ စီးပွားရေး ပျက်ကပ်တွေလည်း အဆက်မပျက်ဖြစ်ပေါ်နေပါတယ်တဲ့။ စီးပါွးရေးပျက်ကပ်တွေနဲ့ မတူတဲ့ အချက်ဟာ ကမ ္ဘာကြီးရဲ့ အရင်းအမြစ်တွေ ပျက်စီးခြင်းအတွက် ပြန်လည် ကူညီကယ်ဆယ်ပေးလို့ ရမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

ပိုပြီးဆိုးဝါးတဲ့အချက်ကတော့ ကျွန်တော်တို့ရဲ့ စီးပွားရေးဟာ ဖွံ့ဖြိုးကြီးထွားလာနေတာဖြစ်ပါတယ်။ ကမ ္ဘာ့ လူဦးရေဟာ ရန်ဒါးစ် ရဲ့ စာအုပ်ထုတ်ဝေခဲ့တဲ့ ၁၉၇၂ နှစ် နဲ့ စာရင် သန်းလေးထောင် ပိုများလာတာကို တွေ့ရပါတယ်။ ၂၀၅ဝ ရောက်ရင် ကမ ္ဘာ့လူဦးရေဟာ လက်ရှိလူဦးရေထက် သန်းပေါင်း ၉ ထောင် ပိုပြီးများလာမှာဖြစ်တယ် လို့ ကုလသမဂ္ဂ အဖွဲ့ကြီးက ကြိုပြီးခန့်မှန်းထားပါတယ်။ဒီနေရာမှာ ရန်ဒါးစ် က လူဦးရေပေါက်ကွဲမှု ဟာ လူတွေ ထင်မြင်တွက်ဆ မျှော်လင့်ထားတာထက် ပိုပြီးဆော မယ်လို့ ဆိုပါတယ်။  မြို ့ပြယဉ်ကျေးမှု က လူဦးရေ ပေါက်ဖွားနှုန်း ကို အရှိန်မြှင့်တင်ပေးမှာဖြစ်ပြီး ၊ ဟောင်းနွမ်းနေပြီဖြစ်တဲ့ ဘာသာရေးသင်ကြားမှုများ ကိုလည်း မြို့ပြရဲ့လူနေ သိပ်သည်းထူထပ်မှု ပတ်ဝန်းကျင်က လွှမ်းမိုးသွားမှာဖြစ်တယ် လို့ ဆိုပါတယ်။ လူဦးရေ ပေါက်ဖွားမှုနှုန်းမြင့်မားလာသော်လည်း လူတစ်ဦးချင်းဆီအပေါ် ပတ်ဝန်းကျင်ရဲ့ ခေါင်းပုံဖြတ် အာက်တန်းကျ မှုတွေဟာ သက်ရောက်မှု တိုးလာလိမ့်မယ်လို့လဲဆိုပါတယ်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ တစ်နှစ်ကို ၃.၅ ရာခိုင်နှုန်း တိုးတက်လာနေပြီဖြစ်ပါတယ်။ သန်းထောင်ပေါင်းများစွာသော ကမ ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေ ဟာ အစားအစာ၊သောက်ရေသန့်၊ နေအိမ်၊ကျန်းမာရေးစောင့်ရှောက်မှု၊ လျှပ်စစ် နှင့် အခြားအခွင့်အလန်းတွေကို တရားဝင်ပဲတောင်းဆိုနေကြပြီဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့မှာ ရှိနေပြီဖြစ်တဲ့ အရာတွေထက်ပိုမိုကောင်းမွန်သာလွန်တဲ့ ဇိမ်ခံပစ္စည်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို မျှော်လင့်ရှာဖွေနေချိန်မှာ သူတို့ဟာ ကားတွေ၊ ဖလက်တီဗွီတွေ၊ လေအေးပေးစက်တွေ ၊ လေယဉ်ခရီးစဉ်တွေ နဲ့ အခြားအနောက်တိုင်း စံစံခံ စားမှု တွေကိ ုရှာဖွေနေကြပါတယ်။ အနောက်တိုင်းက ပိုပြီးလုပ်ဆောင်ပေး နိုင်လေလေ။ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ဘရာဇီး နဲ့ အခြားဖွ့ ံဖြိုးဆဲနိုင်ငံတွေ ဟာ ပိုပြီး ကြွယ်ဝလာပါတယ်။ ကျွန်တော်တို့ရဲ့ လက်ရှိ အဆက်မပျက်တိုးတက်နေတဲ့ စီးပါွားရေးခြေရာလက်ရာတွေ ကလည်း ပိုမိုပြီး ကြီးမားကျယ်ပြန့်လာပါတယ်။ စင်ကြီးကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်လေလေ ပျက်ကျမှု ဖြစ်နိုင်ချေ နည်းလေလေပင် ဖြစ်ပါသည်။

လူများစွာတို့ ပြောဆိုနေတာက ဈေးကွက်လွတ်လပ်ခွင့် နဲ့ နည်းပညာတွေဟာလူတွေကို ကယ်ဆယ်နိုင်မှာဖြစ်ပါတယ်။ ရန်ဒါးစ်က လေစွမ်းအင်နဲ့နေစွမ်းအင်ကို အခြား လောင်စာတွေ အစားအစားထိုးပြီးသုံးစွဲလာမှု ကဲ့သို့သော တီထွင်မှုများနဲ့ ဈေးကွက်ရဲ့ စွမ်းအားကို ချီးမွမ်းပြောဆိုပါတယ်။ ဒါပေမယ့် အဲဒီစံနစ်တွေမှာ ကြံ့ကြမှု တွေရှိနေတာကိုလည်းပဲ ထောက်ပြပါတယ်။ လက်ရှိ အဆက်မပျက်တိုးတက်နေတဲ့ စတေ့ာရင်းနှီးမှုနဲ့ အခြေခံအဆောက်အအုံတွေ ကို ကုန်သွယ်မှုနဲ့ ဆိုင်တဲ့ နည်းပညာတွေ အစားထိုးဖို့ဆိုတာ ဆယ်စုနှစ်တွေနဲ့ချီပြီး ကြာနိုင်ပါတယ်။ဒါတောင် ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လုပ်မှုကို ထိန်းသိမ်းမှုအပိုင်းမပါဝင်သေးပါဘူး။ ဒီထက်ပိုပြီး ရန်ဒါးစ်က နိုင်ငံရေးကြန့်ကြာမှုနဲ့ ကာကွယ်ရေး အလုပ်တွေမှာ ဈေးကွက်စီးပွားရေးရဲ့ ကျဆုံးမှုတွေ ရှိနိုင်ပါတယ်။ အရင်းအမြစ် များစွာဟာ လူသားတွေရဲ့ ဆင်ခြင်တုံတရား နဲ့ တစ်ကိုယ်ကောင်းဆန်မှု ၊ ကိုယ်ကျိုးစီးပွားနဲ့ လူမျိုးရေး ၊ နိုင်ငံ အစွဲတွေ ကြောင့် ” မပဋာမြေလူးသလို ”   ဝမ်းနည်းကြေကွဲစွာ နဲ့ ကုန်ခမ်းသွားကြတဲ့အချိန်ကို ရောက်လာလိမ့်မယ်လို့ လည်း ဆိုပါတယ်။ ပြီးတော့ အကဲဆတ်တဲ့ ရာသီဥတု ပြောင်းလဲမှု ပြဿနာ က ထပ်လိုက်လာပါလိမ့်မယ်။

ရန်ဒါးစ်ဟာ ကြန့်ကြာမှုတွေ၊ ဈေးကွက်ကျဆုံးမှုတွေ၊ နို်င်ငံရေး အမှုကိစ္စတွေ၊ မိမိတစ်ဦးတည်း၏ အကျိုးစီးပွားအတွက် သတင်းထုတ်ပြန်မှု ပျက်ကွက်မှုတွေ ရဲ့ အကျိုးဆက်တွေက အဆက်မပျက်တိုးတက်ဖွံ့ဖြိုးမှုကို ဟန့်တားစေလိမ့်မယ်လို့ဆိုပါတယ်။ သူက အချိန်သိပ်နှောင်းနေပြီဖြစ်တဲ့ အခြေအနေရောက်နေတာတောင်. ကျွန်တော်တို့တစ်တွေဟာ ဆိုးကျိုးတွေမဖြစ်လာအောင် ပူးပေါင်းလုပ်ဆောင် တုံ့ပြန်ဖို့ အတွက် နှောင့်နှေးနေကြတယ်လို့ဆိုပါတယ်။ ဒါကြောင့်ရာသီဥတုပြောင်းလဲ မှု တွေဟာ ဆက်ရှိနေပြီး ပင်လယ်ရေပြင်မြင့်တက်လာမှု နဲ့ အရင်းအမြစ်ပဋိပက္ခ တွေဟာ ပိုပြီးပြင်းထန် လာနေပါတယ်။ ရန်ဒါးစ်မျှော်လင့်တာက အမေရိကန် လုပ်ငန်တွေဟာ အခြားဈေးသက်သာတဲ့နယ်မြေတွေကိုပြောင်းရွှေ့သွားနိုင်ပါတယ် တဲ့။ ရင့်ကျက်နေပြီဖြစ်တဲ့ လူတွေဟာ ပိုပြီး ဆိုးဝါးတဲ့ စိတ်ဖိစီးမှု တွေနဲ့ ပတ်ဝန်းကျင် ဆိုင်ရာ စိန်ခေါ်မှုတွေကိ ုရင်ဆိုင်ကြရဖို့ရှိပါတယ် တဲ့။ သူက ဒီလို နိဂုံးချုပ်ထားပါတယ်။

သူ့ရဲ့ ခြုံငုံသုံးသပ်မှုမှာ စာဖတ်သူဟာ ခြောက်ခြားကောင်းခြောက်ခြားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီဝါဒဟာ ကမ ္ဘာလုံးဆိုင်ရာ ပြဿနာကို အဖြေရှာတဲ့နေရာ မှာ အထောက်အကူမပြုဘူးလို့သူက ဆိုလို့ပါပဲ။ ကွန်မြူနစ်ဖြစ်တဲ့ ဥပမာ တရုတ်နိုင်ငံဟာ ပြဿနာတွေ အတားအဆီးတွေကို တုန့်ပြန်ရာမှာ ဖြေရှင်းရာမှာ ပိုမိုကောင်းမွန်တဲ့ အာဏာပိုင်အစိုးရအဖွဲ့ ဖြစ်လာပါလိမ့်မယ်လို့ သူကဆိုပါတယ်။ရန်ဒါးစ်က

ကျွန်တော့်အမြင်မှာ ကမ ္ဘာ့ဖွ့ ံဖြိုးမှု ၂၀၅၂ ဟာအမှောင်ထဲကို သွားနေရသလိုပါပဲ ၊ ကြီမားလာ ဖို့မရှိပါဘူး

လို့ဆိုပါတယ်။ ဒါပေမယ့် သူမှတ်ချက်ပေးတာက ကြန့်ကြာမှုတွေ၊ မူဝါဒ ကျဆုံးခြင်းတွေ ရဲ့ အကျိုးဆက်တွေဟာ ၂၀၅၂ ပတ်ဝန်းကျင်မှသိသာထင်ရှား လာမှဖြစ် ကြောင်းပါပဲ။

တစ်ဦးချင်း ရင်းနှီးမြှုပ်နှံမှု နဲ့ စားသုံးမှုအဆင့်တွေဟာ အမြင့်ဆုံးကို ရောက်သွားတဲ့နောက်မှာ ကမ ္ဘာလုံးဆိုင်ရာ ရုပ်ဝတ္ထုအဆင့်အတန်းတွေ ပျက်စီးခြင်းဟာ စတင်လာ ပါလိမ့်မယ်

လို့လည်း ဆိုပါတယ်။

သူက နောက်ဆုံးစာကြောင်းအနေနဲ့ပြောခဲ့တာက

ကျေးဇူးပြုပြီး သူ့ယူဆ ချက်တွေကို မှားအောင် ကူညီကြပါ ။ ပြီးတော့ ပိုမိုကောင်းမွန်တဲ့ ကမ ္ဘာကြီးကို အတူတကွ တည်ဆောက်ကြ စို့

တဲ့။

သုရှင် ( 16-1-2013)

( MIT Sloan Management Review  မှ ဆောင်းပါးတစ်ပုဒ်ကို ဘာသာပြန်ထားပါသည် )