Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆြာအုပ် နှင့် ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၀)

ကိုပေါက်အားကျလို့ ခရီးသွားမှတ်တမ်းစတိုင် စာလေးပေလေးနဲ့ ရေးလိုက်ဦးမယ်..

ဒီတစ်ခေါက် ဂိုးမှာ ကတော့ ကရင်ပြည်နယ်၊ ဘားအံ ကိုပေါ့ဗျာ..

ည ၁ဝ နာရီကားနဲ့ထွက်ကြပြီးစတင်လိုက်တယ်

ပဲခူးရောက်တော့ ၁၂ နာရီ ခွဲ.. ကားက ဘရတ်ပေါက်နေတာကို ပြင်နေတာနဲ့ ၂ နာရီ ၃ဝ လောက်မှ ပြန်ထွက်ဖြစ်ကြပါတယ်..

ဘရိတ်ပေါက် ထားတယ်ဆိုတော့စီးရတာ ခန့်လန့်လန့်..

ညကမှောင်မှောင် အလင်းရောင်က ဖြော့တော့တော့

အဝေးပြေးလမ်းပေါ်မှာ ပြေးနေတဲ့ ကားက တလှစ်လှစ်..

သေချာမသိတဲ့ တံတားအတက်မှာ ရုတ်တရတ်ရှေ့ကဝင်လာတဲ့ ကုန်ကားကို အရှောင်..

ကားကတံတားချဉ်းကပ်လမ်းပေါ်က အရှိန်နဲ့ ချော်အကျ..

အားလုံး ဟာ ကနဲ ..

တံတားဘောင်ကြီးကို ဝုန်းကဆိုတိုက်မိလိုက်တဲ့ အချိန်

နဖူးက တိန်ကနဲမည်သွားသံနဲ့

လန့်နိုးလို့ကြည့်လိုက်တော့

အဝေးပြေးလမ်း ကျဉ်းကျဉ်းလေးမှာ ကားတွေ ပိတ်နေလေရဲ့

ဪ ငါ့နှယ် စိတ်စွဲလိုက်ပုံများကတော့..

ကားလမ်းက ၂ လမ်းမောင်း မှာ ရှေ့က ကားကပိတ်တော့ နောက်ကားက ကျော်တက်.. ဟိုဘက်က လာတဲ့ ကားနဲ့ မျက်နှာချင်းဆိုင်တွေ့ ဘယ်သူမှ နောက်ဆုတ်မရ.. အတွင်းထဲပြန်ဝင်ဖို့ကလဲ.. ပိတ်နေတဲ့ကားတန်းက မလှုပ်.. လှုပ်လို့ရအောင် တဘက်ယာဉ်ကြောက ကားက ဆက်သွားမယ် ဆိုတော့လဲ အနှီ ပြောင်းပြန်မောင်းဝင်လာတဲ့ ကားက မျက်နှာချင်းဆိုင်တော့ ရှေ့ဆက်သွားမရ..

ဒီလိုနဲ့ပဲ ရန်ကုန်ရွှေ့မြို့တော်ကြီးက ပိတ်နေကျ လမ်းကြောတွေရဲ့ ထုံးစံ အတိုင်း ဘယ်သူမှရှေ့တိုးမရ နောက်ဆုတ်မရ. ဪ ဒီအချိန်မှာ တစ်ယောက်ယောက်က အလျော့ပေး နောက်ဆုတ်ပေးလိုက်ရင်.. ဒီကားကလဲ ကျော်တက်မလာပဲ တန်းစီလာခဲ့ရင်..

Facebook မှာ တွေ့ခဲ့တဲ့ ကာတွန်းလေးတစ်ကွက် .သေချာတော့ မမှတ်မိတော့ဘူး ဆိုလိုရင်းကတော့

(စည်းကမ်းမရှိတာတွေ.. ကိုယ်ချင်းစာ တရား မရှိတာတွေ.. အောက်တန်းကျတဲ့စိတ်ဓာတ်တွေ .. နဲသွားရင် ကားကြပ်တာ တော်တော် သက်သာသွားမယ်တဲ့)

အဲ. ဆက်ပြီးခရီးဆက်တာပေါ့ ..

ဒီလိုနဲ့ တစ်နာရီလောက်အကြာမှာတော့ ကားတန်းက တအိအိ နဲ့ လျော့သွား..

စီးလာတဲ့ ကားကလည်း ဆက်ပြီး မောင်း.. ဆက်ပြီးအိပ် ပေါ့..

မနက် ၈ နာရီမှာတော့ ဘားအံကိုရောက်ပါတယ်..

လက်ဖက်ရည်ဆိုင်ထိုင်ကြပြီး ဟိုတယ်ကို ခရီးဆက်.. အဲဟိုတယ်မဟုတ်ဘူးဗျ. ရွှေရင်မျှော်ဘုရား  အနားက Tiger Guest House..

အခန်းကတော့ ကျယ်တယ်.. ဆပ်ပြာ၊ သွားတိုက်ဆေး၊ မျက်နှာသုတ်ပဝါ က နောက်မှ အသည်းအသန်လာပေး..ရေသန့်ဘူးတောင်မရ..

အဲဒီမှာ အလကား ပေးထားတာက.. ဒီဇိုင်းပုံစံအသစ်နဲ့ မူလအရည်အသွေး ဆိုတဲ့ဟာ

ရေမိုးချိုးပြီး အရင်ဆုံး ကျောက်ကလပ် (16.81827, 97.64056) သွားတယ်ပေါ့ဗျာ။

ပြီးတော့ ဇွဲကပင်တောင် (16.809255, 97.672813)သွား၊

ပြီးတော့ ဆဒ္ဒန်ဂူ၊ (16.742116,97.716542)

အဲဒီကပြန်လာပြီးရွှေရင်မျှော်ဘုရား  (16.893988, 97.631075) ဖူး

သံလွင်မြစ်ရဲ့ နေဝင်ချိန်ကို   ဘုရားအနားက (16.894691,97.631104)  ဓာတ်ပုံရိုက်တယ်ပေါ့ဗျာ..

ညကျတော့ မြန်မာထမင်းဆိုင် စံမတူ ဆိုလား အဲဒီမှာ ထမင်းစား။ ဟင်းက တော့ စားကောင်းပါရဲ့ ဒါပေမယ့် အားလုံးလိုလိုက အစပ်ချက်.. ငပိချက်ဆိုရင် ရှုးရှဲတောင်မြည်သဗျ..

ဒါပေမယ့် တစ်နေ့လုံး ထမင်း မယ်မယ်ရရ မစားရသေးဘူးဆိုတော့ အဝကြိတ်လိုက်ပုံများကတော့ ဝေသာလီပြည် ဘလူးစီးသလို ..

နောက်တော့ အိပ်ရာဝင်ပေါ့ဗျာ..

တစ်နေ့လုံး ရေရေလည်လည်ပြိုင်းတာလို့ မျက်စိက ထောင့်ကတ် နေတာတောင် အတင်းပြူးပြဲပြီး ပါသွားတဲ့ နက်ဘုတ်လေးဖွင့် .. facebook လေးဝင်မယ်ဆို ပြီး လုပ်တော့မှ သောက်ပြဿနာ.. နက်ဘုတ်ကီးပတ်က အလုပ်မလုပ်တာကို ခုမှသတိရ.. မသုံးတာကြာတော့ တလောက ပဲ ကီးပတ်က မရတော့လို့ ဆိုင်သွားပြတော့ လဲ ရမယ်တဲ့. ဘယ်လောက်လဲဆိုတော့ ၄ သောင်းတဲ့.. လားလား.. တော်ပါပြီကွယ် ဆိုပြီး ကီးဘုတ်တစ်ခု လေးထောင်နဲ့ဝယ်ပြီး တွဲ သုံးလိုက်တာပေါ့.. ဘာရမလဲ..

အဲ ..အိမ်မှာကတော့ အဆင်ပြေပြီး.. ခရီးထွက်တော့ ကီးဘုတ်ကြီးမသယ်ဖြစ်.. အော် ဒေတာ ပဲကူးမှာပါလေဆိုပြီး ကီးဘုတ်ထားခဲ့တာ အဲဒီတော့မှပြဿနာ.. facebook ဝင်ဖို့ ကီး တွေကလဲရိုက်မှရမယ်ဆိုတော့ .. ကြံဖန်.. နောက်ဆုံးတော့ ဘာရမလဲဗျ.. Character map ကိုဖွင့်ပြီး ကလစ်ထောက်ပြီး ကူးလိုက်ရသပေါ့.. မပိုင်လား

ပုံကလေးတင်ပြီး 8GB ကတ်က ပြည့်နေပြီဆိုတော့ ဓာတ်ပုံပြောင်းထည့်မယ်လုပ် ပုံက အကုန်ထည့်မရ.. ကတ်ကကူးနေရင်း ပြုတ်လိုက် တက်လိုက် နဲ့.. စိတ်ပျက်ပြီး ပါလာတဲ့ 4GB ကတ်ကိုပဲ ချွေရိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်ရတယ်.. ပါသွားတာက 8GB တစ်ကတ်နဲ့ 4GB တစ်ကတ် ပေါင်း 12GB.. ဆြာအုပ်တို့ တစ်ရက်ရိုက်ရင် 12GB ကတော့ အသာလေး..

အင်းလေးသွားတုန်းကတောင် ဘေးက ဆရာက..ဟ.. မင်းတို့ကလဲ ဓာတ်ပုံရိုက်တာလား ?counter ပစ်တာလား? တောင်မေးယူရတယ်..

4GB များ ၁၅ မိနစ်ပဲ.. သူများ ဆရာသမားတွေများ ပိုင်မှ တစ်ချက်.. အဲ သလို တစ်ချက်ဆိုရင်လည်း ဆိုသလို.. ကိုယ်တွေကတော့ ရမ်းသန်းပစ်..

ဒါနဲ့ပဲ D90 လေးခမျာ.. တစ်နှစ်နဲ့ သုံးလသားအရွယ်မှာ ဆြာအုပ်တို့ ရက်စက်ပုံက 10-1-2013 နေ့အထိရိုက်လိုက်တဲ့ shutter count က ၄၇,၈၀ဝ ကျော်.. (release counter ကိုဘယ်လို ကြည့်မလဲ) 

သနားစရာမညှာမတာ..တစ်ရက်ကို ၁၂၂ ပုံနှုန်းနဲ့ တောင်ရိုက်သဗျ.. သွပ်သွပ်သွပ်

နောက်နေ့မနက် ၅ နာရီလောက်ထပြီး နေထွက်သွားရိုက်ကြ.. (16.88326,97.630654 & 16.882651,97.631233) ဇွဲကပင်နောက်ခံနဲ့.. အဲ ဇွဲကပင်လားဘာလားတော့ မသိပါဘူး.. သူများ ဆော်လို့ ကိုယ်လဲ လိုက်ဆော်လိုက်တာပါပဲ.. အပြန်မှာတော့ ဘားအံလဲလမ်းလျောက်ချင်တာကြောင့် လမ်းလျှောက်ပြီးပြန်လာကြ.. ဂတ်ဟောက်ရောက်၊ ရေချိုး  ပြီး့ပြန်ထွက်၊

ကော့ကွန်းဂူသွား၊  (16.82240, 97.58603)

 ပြီးတော့ ရသေ့ပျံဂူ

နောက်ဆုံး ဘုရင့်ညီ ဂူ (16.970411,97.493565) ကိုဝင်ပြီးရန်ကုန်ပြန်လာ.. ည ၁၁ နာရီလောက် ရောက်။

လမ်းခရီးစဉ်က ဓာတ်သေတွေကိုတော့ သပ်သပ်ပို့စ်တွေခွဲပြီးတင်မှာ မို့ အဲဒီခရီးစဉ်တွေကိုလဲ အဲဒီ ပိုစ်တွေမှာ သီးသန့်ရေးသွားပါမည့် အကြောင်း ..

တော်တော်တောင်ရှည်သွားပြီ.. တခါမှ အဲလောက် စာရှည်ရှည် မရေးဖူးဘူးတာကြောင့် ဖတ်ရတာ ဇလုံတွေ ပန်းကန်တွေဖြစ်နေရင် တောင်းပန်ပါဂျောင်း ပန်ကြားရင်းနဲ့..

ဆြာအုပ်ရဲ့  ကရင်ပြည်နယ် ခရီးစဉ်ကို စတင်လိုက်ရပါတယ်ဗျာ..

ဆိုင်ကယ် ဂါလီ
ဆိုင်ကယ် ဂါလီ
ဆိုင်ကယ် ဂါလီ
ဆိုင်ကယ် ဂါလီ
DSC_2485
ဘားအံ နည်းပညာတက်ကသိုလ်
လမ်းဘေးရှုခင်း
လမ်းဘေးရှုခင်း
လမ်းဘေးရှုခင်း
လမ်းဘေးရှုခင်း
ရွှေရင်မျှော်စေတီ
ရွှေရင်မျှော်စေတီ
သံလွင်ဆည်းဆာ
သံလွင်ဆည်းဆာ (၁)
သံလွင်ဆည်းဆာ
သံလွင်ဆည်းဆာ (၂)

 

သံလွင်ဆည်းဆာ
သံလွင်ဆည်းဆာ (၃)
သံလွင်ဆည်းဆာ
သံလွင်ဆည်းဆာ (၄)
သံလွင်ဆည်းဆာ
သံလွင်ဆည်းဆာ (၅)

 

အာရုဏ်တက်
အာရုဏ်တက်
ရောင်နီ
ရောင်နီ
နံနက်ခင်း
နံနက်ခင်း

 

 

 

 

 

 

 

 

 

15 comments

  • weiwei

    January 16, 2013 at 1:07 pm

    သာမညဆရာတော်သက်တော်ထင်ရှားရှိတုန်းက သာမညသွားရင်း ဘားအံကို သွားလေ့ရှိကြတယ် ..
    အခုကော ခရီးသွားတွေ များရဲ့လားမသိဘူး …
    ပုံတွေကြည့်ပြီး သွားလည်ချင်စိတ် ပေါက်လာတယ် …
    သံလွင်ဆည်းဆာကို ခံစားသွားပါကြောင်း ……………

  • မင်းနန္ဓာ

    January 16, 2013 at 1:36 pm

    ရှုခင်းပုံလေးတွေက ပန်းချီကားလေးတွေကျနေတာပဲ
    လှလိုက်တာ

  • ကျောင်းရှေ့မှာပါရိုက်ခဲ့တယ်။မျက်ရည်ဝဲမတတ်လွမ်းမိတယ်။
    :eee:
    သံလွင်ဆည်းဆာက ဘယ်အလှတွေမှမမှီအောင်ပါပဲ။
    တံတားပေါ်ကနေမြင်ရတဲံ့မြင်ကွင်းတွေကို ပါအောင်ရိုက်ခဲ့ရမှာ။
    ကန်သာယာနဲ့ဇွဲကပင်ရဲ့ညရှုခင်းက ရင်သပ်ရှုမောမိတယ်။
    ကြာအင်းတောင်တွေမြင်ရတော့ တစ်ခါ မီးပုံးပျံနောက်လိုက်ရင်း တောင်ခြေနားထိရောက်သွားတာမှတ်မိတယ်။
    ဘားအံတစ်ဝိုက်မှာ မီးပုံးပျံလွှတ်ပွဲတွေဆို တီဗွီတွေ၊စက်ဘီးတွေပါပါအောင်ထည့်လွှတ်တာလေ။
    ရွှေယဉ်မျှော်ဘုရားပေါ်တက်မရိုက်ခဲ့ရဘူးလားဆြာအုပ်ရေ၊ဖားနဂါးရှိတယ်လေ။
    အလွမ်းပြေဓာတ်ပုံလေးတွေအတွက် ကျေးဇူးအထူးပါရှင်။
    ရှိသေးရင် အားပေးပါရစေဦး။

    • ဂန္ဓာရီ ဆြာအုပ်

      January 16, 2013 at 9:41 pm

      တံတားပေါ်ဆိုတာဘယ်တံတားလဲဗျ
      ကြာအင်းတောင်ကရော ဘယ်ဟာတုန်း..
      ဖားနဂါးဟုတ်လား
      သေဟ.. သွားပြီးသာရိုက်လာတယ် ဘာတွေဘယ်မှာ မှန်းမသိဘူး
      ဒေါ့ကူမန်တြီ ကတော့ ကိုပေါက်ကို ချီးကျူးပါတယ်ဗျို့
      ကိုပေါက်သာဆိုရင် အဲဒါတွေ အကုန်ရိုက်လာမှာဗျ
      နောက်ပုံတွေအတွက် ထပ်တင်ပေးပါအုံးမယ်

  • Khin Gyi Phyaw

    January 16, 2013 at 2:52 pm

    Nice shoot for all ဆြာအုပ် but big logo on ur photos, can’t feel enough because of ur lo ” Gandaryi”.

    • ဂန္ဓာရီ ဆြာအုပ်

      January 16, 2013 at 9:48 pm

      လိုဂိုအတွက်တော့ ဆောဒီးပါဂျို့.. ကူးပြီး ဖြတ်ညှပ်သုံးလို့မရအောင်ဆိုပေမယ့်
      ပုံကို မထိခိုက်အောင် အတတ်နိုင်ဆုံး ရှောင်ပြီး ထည့်ပေးထားတာပါ..

  • Foreign Resident

    January 16, 2013 at 3:57 pm

    ပုံတွေ အရမ်းလှတယ် ၊ အားကျတယ် ဗျာ ။

  • မောင်ပေ

    January 16, 2013 at 7:25 pm

    အောက်ပိုင်းက ပုံငါးပုံ ၊ မြစ်ပုံရယ် တောင်ပုံရယ် ဆည်းဆာခင်းချိန်လေးတွေမှာ ရိုက်ထားတာ တော်တော်လေး လှတာကလား
    ကြိုက်မိပါကြောင်း

  • pooch

    January 16, 2013 at 8:09 pm

    ကောင်းကင်ပြာလေးတွေ ပါတဲ့ ပုံလေးတွေက filter သုုံးထားတာလား ဆြာအုပ်

    အရုဏ်တက်က ISO ဘယ်လောက်သုံးထားတာလဲ ဗျို့

    မျက်လုံးလေး ကောင်းတုန်း မျက်မှန်မတောင်းခင် ဒီလိုပုံလေးတွေများ ရိုက်တတ်ရင် သေပျော်ပါပြီ

    • ဂန္ဓာရီ ဆြာအုပ်

      January 16, 2013 at 9:58 pm

      PL filter သုံးထားလို့ ကောင်းကင်လေးတွေပြာရပါတယ် ဦးပုရေ
      သံလွင်ဆည်းဆာ (၃) ကတော့ Graduated Filter သုံးထားပါတယ်
      အရုဏ်တက်က ISO-500 ပါ

  • ဆြာအုပ်ရေ
    သံလွင်ဆည်းဆာအောက်က ပုံအားလုံးကြိုက်ပါ၏
    ဘားအံ့ကို သွားချင်စိတ်ပေါက်လာပါ၏

  • ခိုင်ဇာ

    January 17, 2013 at 10:15 am

    ဆြာအုပ် မင်းကွန်း ရိုက်ပြတုန်းက သွားချင်စိတ်ပေါက်လို့ မင်းကွန်းသွားဖြစ်သေးတယ်။
    ခု ဒီ ကရင် ဘားအံ ပိုင်း ဓာတ်ပုံတွေက ကြည့်ပြီး သွားချင်သော်လည်း ကျနော့အတွက် ရောက်နိုင်ခဲ သော နေရာမို့
    ပုံတွေပဲ အဝ ကြည့်သွားတယ်။
    နောက်ဆုံး ၃ ပုံ အကြိုက်ဆုံးပဲ။ :hee:

  • mingaung

    January 17, 2013 at 10:58 am

    လတ် လောင် များနှင့် အဆင့်မြင့် ခရီးသွား မြေပုံ ညွှန်းကို ကြိုက်နှစ်သက်ပါသည် ။ အားပေးပါသည် ။

  • Ma Ei

    January 17, 2013 at 12:46 pm

    အမလေးလေး…
    တစ်ကယ့် ဆြာအုပ် ပါဘဲ…
    ဓါတ်ပုံတွေကြည့်ပြီးနောက်တစ်ခါ ခရီး အတွက်
    ဘားအံ ဘက်ကိုသွားမယ်လို့ စာရင်းမှတ်လိုက်ပြီ…

  • ဗုံဗုံ

    January 17, 2013 at 1:10 pm

    အောက်ဆုးံ သုံးပုံကြိုက်တယ် တစ်မျိုးစီလှနေလို့ပါ ကရင်မလေးတွေ မရိုက်ခဲ့ဘူးလား ဦးအုပ်

Leave a Reply