ဆောင်းနံနက်ခင်းက မန်းလေးနန်းမြုို့ရိုး
ဆောင်းနံနက်ခင်း မန်းလေးနန်းမြို့ရိုး
ဒီနေ့မနက် နည်းနည်းအအေးပေါ့ပါတယ်။
အခုရက်အေးတယ်ဆိုပြီးလမ်းမလျောက်တော့ အချိန်တွေပိုနေပါတယ်။
အဲတော့ ကျုံးနံဘေးဘက်ကို ဆိုင်ကယ်ခြေဆန့်လိုက်မိပါတယ်။
မနက် 7:30လောက်ဆိုတော့ ကျုံးပေါ်ကိုနေရောင်နုနုလေးခနေတာတွေ့ရပါတယ်။
နေရောင်လင်းလက်စ မြူမှုန်ဝေ့ဝဲစဆိုတော့ နန်းမြို့ရိုးက တစ်မျုးိလှနေသလိုပါဘဲ။
ကျနော်ရောက်နေတာက ၂၆ဘီလမ်းနဲ့လမ်း၈ဝဆုံတဲ့ ကျုံးအနောက်တောင်ဒေါင့်မှာပါ။
အဲနားရောက်တော့ ဆိုင်ကယ်လမ်းဘေးရပ်
ဇက်သော့ခပ်။
လက်ဆော့ဘို့ ပလက်ဖောင်းပေါ်ခုန်တက်ပြီးတဲ့အခါမှာ
ဒီပုံလေးတွေကိုရလိုက်တာပါဘဲ။
ဓါတ်ပုံရိုက်လို့မှအားမရခင် အလုပ်က ဖုန်းဆက်ခေါ်တော့
လက်စသပ်ပြီးပြေးရတော့ ပုံများများတော့ မရိုက်ဖြစ်လိုက်ပါဘူးဗျို့။
ကိုပေါက်လမ်းသလားနေသည်-ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ
16-1-2012
12 comments
ဂန္ဓာရီ ဆြာအုပ်
January 17, 2013 at 9:25 am
ကိုပေါက်ကတော့ တနေ့တမျိူးမရိုးအောင် ရိုက်ပြတတ်ပါတယ်
အနော်လဲ ရိုက်ချင်တယ်ဗျာ.. ဟိုတစ်ခေါက်ကလာတော့ ညနေပြန်မှာ ဆိုတော့ အချိန်မရလိုက်ဘူး..
အခုနှင်းတွေကျနေပြီလား..
ကိုပေါက်(မန္တလေး)
January 17, 2013 at 9:31 am
ဆြာအုပ်ရေ
ရန်ကုန်တွေရိုက်လာတာများတယ်
ပဲခူးလဲရောက်ခဲ့တယ် ဘုရားတော့ မစုံခဲ့ဘူး။
အီသွားမှာစိုးလို့ ကြားညှပ်ပေးလိုက်တာ။
တကယ်လို့ မန်းလေးလာမယ်ဆိုရင် ဖုန်းဆက်လိုက်ပါ။
မနက်အာရုဏ်တက် ညနေခင်း တွေ သွားရိုက်ချင်တဲ့နေရာတွေကို လိုက်ပို့ပေးပါမယ်။
ဒါမှမဟုတ် စီစဉ်ပေးလို့လဲရပါတယ်။
ဓါတ်ပုံရိုက်ဘို့လဲ လိုက်ပါမယ်
ဂန္ဓာရီ ဆြာအုပ်
January 18, 2013 at 12:44 pm
လာရင်ပြောမယ်ဗျို့ဒါဆို.. လိုက်လည်းပို့ပေးရမယ်
နောက်နှင့် ဂဇက်ပွဲကို မန်း မှာလုပ်ရင်ကောင်းမယ်
ခိုင်ဇာ
January 17, 2013 at 9:35 am
အဲဒီ ရှုခင်းတွေကို အလွမ်းပြေ ကြည့်ပြီး သကာလ
ရှမ်းခေါက်ဆွဲ စားချင်လာပါသည်။
(မနက်စာ အပြင်ထွက်စားရင် မြင်ရတာ ဒီမြင်ကွင်းတွေကိုး)
ကြည်ဆောင်း
January 17, 2013 at 10:21 am
မန္တလေးရဲ့ နန်းမြို့ရိုးကတော့ဘယ်တော့ကြည့်ကြည့် မရိုးနိုင်ဘူးနော်..
ငယ်ငယ်တုံးကမန္တလေး အလည်ရောက်လို့ မန်းသီတာဥယျာဉ်ထဲဝင်ဆော့ရင်း
နန်းမြို့ရိုးနားက ဖြတ်သွားတုံး နန်းမြို့ရိုးကသူရဲခိုနေရာကို လူကြီးတွေက ဒါတွေက သူရဲခိုတွေလို့ပြောတော့ တကယ်သူရဲတွေနေတဲ့နေရာထင်ပြီး ပြေးလိုက်ရတာကို မမေ့နိုင်ဘူး..
မင်းနန္ဓာ
January 17, 2013 at 10:33 am
မန်းလေးမှာ ကျောင်းတတ်ခဲ့တဲ့ အချိန်တွေ ကျုံးဘေးက စက်ဘီးလေးနင်းပြီးကျောင်းတတ်ခဲ့တဲ့ အချိန်တွေကို တစ်ခါပြန်လွမ်းလိုက်တာ…
ကိုပေါက်(မန္တလေး)
January 17, 2013 at 12:22 pm
နောက်ရက် နေဝင်ချိန်လေးသွားရိုက်အုံးမယ်
ကျုံးနဲ့နေဝင်ချိန် တစ်ခါဘဲရိုက်ဘူူးသေးတယ်
ဗုံဗုံ
January 17, 2013 at 1:02 pm
လေးပေါက်က လူငယ်ဆိုတော့ အဲ့ဒီအချိန် သွားလည်းဘာမှဖြစ်ဘူး မိဗုံတို့က အဲဒီအချိန်အိပ်ရာထဲကထနိုင်ဘူး တစ်ခါတစ်လေ ရုံးရောက်မှ မျက်နှာသစ်ရတာ အေးလို့ ကျုံးတောင် လေးပေါက်ရိုက်ပြမှမြင်ဘူးတော့တယ်
ကိုပေါက်(မန္တလေး)
January 17, 2013 at 1:14 pm
သနားလိုက်ပါဘိတော့ ဗေးကလုံရယ်
မောင်ပေ
January 17, 2013 at 9:35 pm
ဟုတ်ပဗျာ
ကျုပ်လဲ သနားစွာနဲ ့ ခြစ်လိုက်ပါတော့မယ်
ဗုံကလေးရယ်
ခြစ်မယ်ကွဲ ့
ဟီဟိ
kyeemite
January 17, 2013 at 3:32 pm
ကျနော်လည်းမန်းလေးလာတုန်းက
ကျုံးနဲ့ မြို့ရိုးပုံလေးတွေရိုက်လာသေးတယ်ဗျ…
နေအထွက်တော့မမှီလိုက်ဘူး..
မန်းလေးမှာလည်းလမ်းတွေကမမှတ်မိ..စမ်းတဝါးဝါးနဲ့
ကားပဲကရုစိုက်မောင်းနေရတော့ အလှအပတွေ သိပ်မကြည့်ဖြစ်ခဲ့ဘူးဗျာ…
ထပ်လာအုံးမယ်ဗျို့..အဲတော့မှ မြို့ခံတစ်ယောက်ခေါ်ပီးလျှောက်လည်ရမယ်…
ခင်တဲ့.. :hee:
ကိုပေါက်(မန္တလေး)
January 17, 2013 at 4:03 pm
ကိုမိုက်က လှမ်းမှ မခေါ်တာဗျာ လိုက်ပို့မှာပေါ့