Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒေါက်တာဆိတ်ဖွားရှာဖွေစုံစမ်းရေးကော်မရှင်ကြေငြာချက်ထုတ်ပြန်

facebook က ပို့စ်လေးပါရီရလို့ပြန်တင်ပေးလိုက်တာပါ..

Posted by နတ် ဆရာကြီး (https://www.facebook.com/nat.sayargyi)

ဒေါက်တာဆိတ်ဖွားရှာဖွေစုံစမ်းရေးကော်မရှင်ကြေငြာချက်ထုတ်ပြန်
=====================================
ဒေါက်တာဆိတ်ဖွားရှာဖွေစုံစမ်းရေးကော်မရှင်

ကြေငြာချက်အမှတ် ( ၁/၂၀၁၃)

ဒေါက်တာဆိတ်ဖွားရှာဖွေစုံစမ်းရေးကော်မရှင်သည် ယနေ့နေ့စွဲဖြင့် အောက်ပါကြေငြာချက်ကိုထုတ်ပြန်လိုက်သည်။

ကော်မရှင် မြန်မာပြည်၏ အထင်ကရလွှတ်တော်ကြီးအား အကြည်ညိုပျက်စေသော “ဥပဒေအထက်တွင် လွှတ်တော်ရှိသည်ဆိုသော” စာသားကိုရေးသားသူ ဒေါက်တာဆိတ်ဖွားဆိုသူအား ရှာဖွေနိုင်ရန်အောက်ပါအတိုင်းဆောင်ရွက်ခဲ့ပါသည်။

၁။ ဒေါက်တာဆိတ်ဖွားဆိုသူမှာ ဆြာကြီး မင်းသင်္ခအလိုအရ သုဘရာဇာလုပ်ကာ တာမွေသင်းချိုင်းတွင်နေသည်ဆိုသဖြင့် တာမွေသချင်္ ိုင်းသို့သွားရောက်စုံစမ်းခဲ့ပါသည်။ သို့သော်တာမွေထိုသင်္ချ ိုင်းမှာ ယခုအခါဖျက်သိမ်းပြီးဖြစ်နေပြီဖြစ်ပါသည်။

၂။ ထပ်မံ၍ ဒေါက်တာဆိတ်ဖွားဆိုသူအကြောင်းသိသော ဆားပုလားနှင်းမောင်၊ အိုင်ပီအောင်သင်းဆိုသူများထံတွင်စုံစမ်းရန်အတွက် ကမ်းနားလမ်းရှိ ရန်ကုန်ပုလိပ်မင်းကြီးရုံး သို့သွားရောက်ခဲ့ပါသည်။ သို့သော် ထိုရုံးကြီးကို ရန်ကုန်တိုင်းတရားရုံးကြီးအဖြစ်အသုံးပြုခဲ့ပြီး ယခုအခါ ခရိုနီ၊ ခရိုြ့ပာဆိုသူများက ဟော်တယ်လုပ်ရန်စီစဉ်လျှက်ရှိပါသည့်အတွက် ရှေ့နေကွန်ရက်မှ
ဆန္ဒထုတ်ဖေါ်မှုများလုပ်နေသဖြင့် ၎င်းတို့နှင့်တွေ့ခွင့်မရခဲ့ပါ။
တဖန် လက်ဝါးကိုကိုကြီးဆိုသောပုလိပ်ကြီးကိုစုံစမ်းသော်လည်း မြေနီကုန်းကိုကိုကြီး၊ စမ်းချောင်းကိုကိုကြီး၊ ရှစ်ပူးကိုကိုကြီး စသည်ဖြင့် နာမည်တူများရှိနေသောကြောင့် အခက်ကြုံလျှက်ရှိပါသည်။ ကျန်ပြာတာ၊ စာရေး၊ စာသင်စသည့်ပုလိပ်အငယ်များမှာလည်း လိုက်းကြေးထွက်တောင်းနေကြသဖြင့် မတွေ့ခဲ့ရပါ။

၃။ ဒေါက်တာစိတ်ဖွားနှင့်ပက်သက်ဖူးသူဟု သံသယရှိသူ ဘိန်းစားဘွန်ဟောမှာလည်း နယ်စပ်ဒေသတစ်နေရာတွင် ဘိန်းချက်စက်ရုံကြီးများဆောက်လုပ်ကာ ဘိန်းစားလွှတ်မြောက်ရေးတပ်မတော် ကိုတည်ထောင်လျှက် ဘိန်းစားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် တိုက်ပွဲဝင်နေသောကြောင့်လတ်တလောတွင် တွေ့ဆုံရန်မဖြစ်နိုင်သေးပါ။

၄။ ထို့ကြောင့် လေချွန်နတ်မှတဆင့် တာမွေသချင်္ ိုင်းမှ ပြောင်းရွှေ့သွားခဲ့သော သူရဲ ၊ တစေများအားဆင့်ခေါ်ကာ ဒေါက်တာစိတ်ဖွားနှင့်ပက်သက်၍ သတင်းများ မိမိတို့ကော်မရှင်သို့ ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။ သို့ရာတွင် အဆိုပါ သူရဲ၊ တစေ များသည် မိမိတို့ပြည်ထောင်စုအဆင့် ကောက်မရှင်မှခေါ်ယူပါလျှက် ပြည်ထောင်စုအဆင့် သူရဲ၊ တစေများကိုယ်တိုင် လာရောက်ဖြေကြားချင်းမရှိပဲ သာမာန် သူရဲ၊ တစေများကိုသာ စေလွှတ်၍ မယေယာသော အဖြေများသာ ဖြေကြားခဲ့ပါသည်။

၅။ ယခုအခါကော်မရှင်သည် ဒေါက်တာဆိတ်ဖွားဆိုသည့် အမည်ပညတ်နှင့်လိုက်ဖက်သည့် မုတ်ဆီတ်ဖွားဖွားရှိသည့် နို့ညှစ်ကုလား၊ ဆိတ်မွေးကုလား၊ တိုရှည်ကုလား၊ ဘယာကျော်ကုလား စသည့် ကုလားမျိုးမျိုးတို့ကို လွှတ်တော်အတွင်းခေါ်ယူ၍ ဒေါက်တာဆိတ်ဖွားဟုတ်မဟုတ် စိစစ်ရန်စီစဉ်လျှက်ရှိပါသည်။

သို့ရာတွင် အဆိုပါကုလားများသည် သာမာန်ကုလားများဖြစ်ကြပေရာ ၎င်းတို့သည် ဤလွှတ်တော်ကြီးအတွင်းသို့ ဝင်ထွက်ပေလျှင် လွှတ်တော်၏အသရေကိုထိခိုက်နိုင်ပေသည်။ ထို့ကြောင် အဆိုပါကုလားများအား လွှတ်တော်အတွင်း ဝင်ထွက်နေချိန်များတွင် ပြည်ထောင်စုအဆင့်ကုလားများအဖြစ် ယာယီသတ်မှတ်ပေးပါရန် ဤလွှတ်တော်ကြီးသို့ပန်ကြားအပ်ပါသည်။

၆။ ကော်မရှင်သည် ဒေါက်တာဆိတ်ဖွားမည်သူမည်ဝါဖြစ်သည်ဆိုသည်ကို စုံစမ်းဖေါ်ထုတ်ရန် ဆောင်ရွက်လျှက်ရှိပါသည်။ လုပ်ငန်း၏ဖြစ်ပေါ်တိုးတက်မှုများကိုလည်း အချိန်နှင့် တပြည်းညီအစီရင်ခံသွားမည်ဖြစ်ပါသည်။

ဒေါက်တာဆိတ်ဖွားစုံစမ်းဖေါ်ထုတ်ရေးကော်မရှင် (ပြည်ထောင်စုအဆင့်)

 

အပေါ်ဆုုံမှာ credit ပေးထားတာ မတွေ့ပဲ အနော်ရေးသလို ဖြစ်နေမှာ ဆိုးလို့ အောက်မှာ ထပ်ပေးလိုက်ပါတယ်

Posted by နတ် ဆရာကြီး (https://www.facebook.com/nat.sayargyi)

12 comments

  • ဘဲဥ

    January 18, 2013 at 6:15 pm

    အိုက်ဒီ့ အမှုကို ရွာထဲက ဆားပုလင်းအောင်တိုက်ကို လိုက်ခိုင်းရမယ်

  • Mr. MarGa

    January 18, 2013 at 8:17 pm

    ဦးမာဃသိသလောက်တော့
    ဒေါက်တာဆိတ်ဖွားက ဒေါက်တာချက်ကြီးမဟုတ်ဘူးဆိုတာပဲ
    :harr:

  • နေဝန်းနီ

    January 18, 2013 at 8:40 pm

    အင်းကြားဖူးတာကတော့ ဝိဇ္ဇာမှာ လိပ်စာမရှိဘူးဆိုလားပဲ….။ ဒါမှမဟုတ် ဂန္ဓာရီ ဆြာ တွေ ဖြစ်နေရင်ဘိုလို လုပ်မရဲ ……..။

  • အဆိုပါ ကော်မရှင် သည် …
    လွန်စွာမှ သောက်သုံးမကျဒေါ ကော်မရှင် ဟူ၍သာ ဆိုချင်ဘာ၏ … :mrgreen:
    အဘယ်ဂျောင့်နည်း ဟူမူဂါး …
    ဒေါက်တာဆိတ်ဖွား ဟူသော အမည်နာမ အား …
    မွေးဖွားပေးလိုက်သော တောင်ငူ သင်္ချိုင်းအား ကျော်ခွ၍ သွားပေသောဂျောင့် ဖစ်လေ၏ ….

    သို့အတွက်ဂျောင့် ….
    ကျန်နှုတ် အနန္တစကြဝဠာ မဟာဘာဂျာ မောင်အံချာ မှ ဤသို့ အမိန့်ဒေါ် ချမှတ်မည် …
    “တောင်ငူ သချင်္ိုင်းသို့ သွားရောက်ခါ စုံစမ်းချေ”
    ယင်း သင်္ချိုင်းတွင် မြိုင်ရာဇာ တာတေနှင့် တွေ့ခဲ့ပါမူ …
    ဖမ်းဆီး၍ ခေါ်ဘာစေ ……

    ထို့ထက် .. လွန်စွာ အရေးကျီးဒေါ မှာချက် တစ်ခု ချိလေတီ …
    ထို မှာချက်ကား ….
    တောင်ငူ မှ ကွမ်းသီးများ မ,လာစေ …..
    အမိန့်ဒေါ် …. ငွင်းးး ငွင်းးး :mrgreen:

  • မောင်ပေ

    January 18, 2013 at 8:46 pm

    ပြောမရဘူးနော
    ဆိတ်ဖွားဆိုတာ ကျုပ်တို ့ရွာထဲက တစ်ယောက်ယောက်လဲ ဖြစ်နိုင်တာပဲမို ့လား
    သဗ်ဗေသတ်တာ ကမ်မတကာ

  • မောင်ပေ

    January 18, 2013 at 9:47 pm

    Aye Chan Mon
    မြန်မာပြည်မှ ထွေရာလေးပါး…………

    ဒေါက်တာဆိတ်ဖွား အမည်ခံ၍
    http://www.doctorsatephwar.blogspot.com/ တွင်ဆောင်းပါးများ ရေးသားနေသော တပ်မတော် စိတ်ဓါတ်စစ်ဆင်ရေးနှင့် ပြည်သူ့ဆက်ဆံရေး ညွှန်ကြားရေးမှုးရုံးမှ ဦးစီးအရာရှိ တတိယတန်း ဗိုလ်မှုးလှစိုးဆိုသူသည် ထိုင်းနိုင်ငံ မဲဆောက်မြို့ သို့ထွက်ပြေးရောက်ရှိလာကြောင်း ထိုင်းမြန်မာနယ်စပ်မှ သတင်းရရှိပါသည်။ ဗိုလ်မှုးလှစိုးက လွှတ်တော်ဥက္ကဌများဖြစ်သော သူရရွှေမန်းနှင့် ဦးခင်အောင်မြင့်တို့၏ အတွင်းရေးများကို ဖော်ထုတ်ရေးသားတော့မည် ဟုပြောဆိုလိုက်ပါသည်။

    ( Sit Bo Naing )

    အေးချမ်းမွန်မှ i Love Myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

  • nozomi

    January 18, 2013 at 10:47 pm

    ‎မဟာကြောင် မှာလဲ ဤသို ့ ဆိုထားကြောင်းပါ ့

    *********************************************
    ဆားပုလင်းနှင်းမောင်နှင့် ဥပဒေ၊ လွှတ်တော်၊ မဏ္ဍိုင်နှင့် ဒေါက်တာဆိတ်ဖွား အရှုပ်တော်ပုံ (အပိုင်း ၁) by Mg Han
    ***********************************************
    တစ်နေ့သ၌ ကျွန်ုပ်သည် ရုံးချိန်ပင်ဖြစ်သော်လည်း အမှုခင်းများလှသော ရန်ကုန်မြို့ကြီးကို စိတ်အပျက်ကြီးပျက်လျက် အမှုတွေ အကုန်လိုက်လဲ ထပ်ပေါ်နေမှာပဲ။ သတင်းစာတွေဆိုတာကလဲ ဖြစ်တုန်းကလောက်ပဲရေးတာ။ အမှုပေါ်တော့ သောက်ရေးလုပ်တာမဟုတ်ဘူး၊ တရားခံတွေ အကုန်ဖမ်းလဲ ခဏနေ ပြန်လွှတ်မှာပဲ။ ကြာတော့လဲ အမှုသည်ရော၊ သတင်းစာတွေမေ့တာပါပဲ။ လခလဲတိုးသာမုတ်ဘူး၊ လောကကြီးနေရတုန်း ပျော်ပျော်နေတာ ကောင်းတယ်ဟု အတွေးဝင်လျက် ညလေးကိုခေါ်ကာ အော်ရီယန်တယ်ဟောက်စ်တွင် ကာကာသောက်လျက်ရှိသည်။ နေ့လည်နေ့ခင်းဖြစ်၍ လူပါးလျက်ရှိရာ

    ” မြန်မာပြည်မှာ ….နာရီတွေက များ………အာဟား……အချိန်နော်မှန်နိုင်ပါ့မလား….ကွာမှား….အာ့ဟာ့ဟာ့” ဆိုသော ဓါတ်ပြားသီချင်းကို ဖွင့်လျက်ရှိကာ စားပွဲထိုး ကုလားလေးက မပီကလာ ပီကလာဖြင့် လိုက်ဆိုသည်ကို ဆိုင်ရှင်က သဘောကျကာ လက်ခုပ်တီးလျက် သူတို့ဟာသူတို့ ပွဲကျလျက်ရှိသည်။ ကျွန်ုပ်တို့က ချောင်ကျကျထောင့်တစ်နေရာတွင်ထိုင်ကာ ညလေး ကြိုက်လှသော ဆိတ်သားပါ့ဖ်ကို ကိုယ်တိုင်မှာကာ အချဉ်ကလေးနှင့်တို့လိုက် ခွံ့လိုက်ကြည်နူးနေစဉ် မပိတ်ပဲထားမိသော အိုက်ကွန်က ထမြည်လေသည်။

    “စံပယ်၁ ကြားလား၊ စံပယ် ၂ကြားလား၊ စံပယ်၃ကြားလား၊”

    အက်ရှရှ…စူးတူးတူး ထိုအသံကြောင့် တန်ဆောင်တိုင်လပြည့်ဝန်းကြီးလို ပြုံးရွှင်နေသော ညလေးမျက်နှာ ချက်ချင်းငပုပ်ဖမ်းကာ ရင်ခွင်ထဲဝင်လုဆဲဆဲ ပူးကပ်နေသော ကိုယ်ကိုဆတ်ကနဲခွာလိုက်သည်။ ပေါင်ပေါ်ထောက်တင်ထားသော လက်ကလေးကိုလဲ ပြန်ရုတ်သွားပြီး ဆိတ်သားပါ့ဖ်ကို ပဂျိပဂျိဟုဝါးကာ၊ အိုင်ဖုန်းကို ကလိနေတော့သည်။

    “စံပယ် ၄ကြားလား၊ စံပယ်၅ကြားလား၊ ရထားလား..စံပယ်အားလုံးရထားလား ပေါက်ပါ”

    ရုံးရှိ ဆက်သွယ်ရေး တပ်သား မောင်ညိုအသံဖြစ်သည်။ မိန်းစက်တွင် အထိုင်ရသည်နှင့် ကျန်စက်များအားလုံးကို တိုတိပြတ် မောက်မောက်မာမာပြောတတ်သည်နှင့် ကြည့်မရသည်မှာကြာပြီ။ မြည်တွန်တောက်တီးကာ အိုက်ကွန်ကိုပိတ်လိုက်သည်။ အတော်အရှိန်ရနေပြီးမှ ပျက်ပျယ်သွားသော တိမ်တိုက်ကမာ္ဘလေးအား ပြန်အသက်သွင်းရန် ညလေးကို အစွမ်းကုန်ပြုံးပြလိုက်ပြီး ညလေးဟု ခေါ်လိုက်စဉ်မှာပင်

    “ပေးပေးပေး…မပေးပေးပေး ငါ့ရွှေခွက်ပေး၊ ပေးပေးပေး မပေးပေး ငါ့ရွှေခွက်ပေး”

    ထိုစဉ်က ခေတ်စားနေသော ရွှေမန်းတင်မောင်၏ ရွဲကုန်သည်ပြဇာတ်ကို ring tone လုပ်ထားသည့် ဖုန်းဝင်လာသည်။ ထို ring tone ဆိုလျင် မင်းကြီးမစ္စတာခရစ်ပင်ဆီမှဆိုသည်မှာ သေချာသည်။ စူပုတ်နေပြီဖြစ်သော ချစ်ရသည့် ညလေးကို လက်ကာပြကာ ဖုန်းကောက်ကိုင်လိုက်သည်။

    “ရက်စ်…မင်းကြီး”

    “ဝှက်သည်ဖက် ရက်စ် မင်းကြီး၊ ယူ ဒုန်းကီး ခမ်းတူမိုင် အော့ဖစ် ဝစ်သင်း မစ်နစ်၊ ဝှက်သဒ်တိုင်း၊ ဝှက်သဒ်ဒေး၊ အိုင် ဆွဲရ်တူဂေါ့၊ အိုင်ဝယ်ကေးယူ အီးဒီယက်၊”

    ဟူ၍ ကျွန်ုပ်၏ စွမ်းစွမ်းတမံတာဝန်ကျေမှုများကို တသလျက် သူ့ရုံးသို့ အမြန်ကြွရောက်ပါရန် အားကိုးတကြီးခေါ်လေသည်။ သို့နှင့် ညလေးကို ညရောက်မှ ဖုန်းဖြင့်ချော့ပါမည်ဟု အတန်တန်ပြောကာ တက္ကစီနှင့်ပြန်လွှတ်လိုက်ပြီး၊ လိမ္မော်ရောင် ဆိုင်ကယ်ကိုအသော့နှင်လျက် အင်စိန်စီအိုင်ဒီရုံးသို့ ပြေးရလေတော့သည်။

    စီအိုင်ဒီဝန်းထဲ ဆိုင်ကယ်ကိုဒေါက်ထောက်လိုက်မိသည်နှင့် ရုံးအဝင်ဝမှစကာ မင်းကြီး၏ အသံကို အရင်ကြားရတော့သည်။

    “ဒမ်..ဘလက်ဒီဘူး…ခိုခိုဂျိ…မောင်မင်း သည်အဘွားကြီးကို ဖါ့ကြောင့်ဖမ်းလာသလဲ…..မောင်မင်း…”

    “နာချေလို့ပါ မင်းကြီး”

    ” အိုး..ဂေါ့…နာချေတာ လုဒိုင်းသဖါဝဘဲ ဘာပုလို့ဖမ်းသရဲ”

    “နာချေတာ တစ်ခါတည်းမလုပ်မဟုတ်တဲ့ အပြင် ချေလိုက်တိုင်း ဟပ်ချိုးဆိပ်ဖွား ဟပ်ချိုးဆိပ်ဖွား နဲ့ပြောပါတယ် မင်းကြီး၊ ဒါသူ့မသိစိတ်ထဲက သူ့ရဲ့နာမည်ဝှက် ဆိတ်ဖွားကို သေချာပေါက် ဖွင့်ဟတာပါ မင်းကြီး၊ ရိုက်စစ်လိုက်မယ်ဆို သေချာပေါက်ပေါ်ပါတယ် မင်းကြီး”

    “အိုးမိုင် ဂေါ့…ဘုရားသခင်ကယ်ပါ။ မောင်မင်းရိုက်တော့ သည်အဘွားအို လူမမာ သေမှာပေါ့ မောင်မင်း စိုးစတူးပစ်။ ဒန်ကီး ယူ မောင်မင်းခိုခိုဂျိ”

    အခြေနေမကောင်းမှန်းသိသော်လည်း စလုလုပ်ကာ သတင်းပို့လိုက်ရသည်။

    “ကျနော်ရောက်ပါပြီ မင်းကြီး”

    “ဪ..ရောက်လာသေးသကိုး မောင်အောင်သင်း၊ မောင်မင်း ဟိုဟာမလေးတွေနားသွားရမယ်ဆို မောင်မင်းကမာ္ဘကြီးကိုမေ့နေသလား မောင်မင်း၊ ခု ဘာတွေဖြစ်နေပလဲ သိသလား မောင်မင်း”

    “သိပါတယ်မင်းကြီး၊ ကချင်မှာစစ်ပွဲတွေဖြစ်နေပါတယ်။ ဖုန်းဈေးထပ်ချပါ့မယ်။ ကားဈေးတွေကျပါတယ်။ လွှတ်တော်ပြန်စနေပါတယ်။ ကျန်တာဘာမှ မထူးပါဘူးမင်းကြီး”

    “ယူ…ရှစ်ဒ် မောနင်းရီပို့ နိုက်ရီပို့ နားသီးပရောပလမ်ဆာ၊ နာ့သီးပရောပလမ်ဆာ၊ ယူအောဆက်ဒ်သတ်၊ ယူ…ဖက်ကင်းလိုင်ရား…သဲလ်ဝယ် ဗဲဒီးဟရုပရော်ပလမ်ဖေါ် CID တူဒေး..ယူအော ဒုန်းနိုးနာ့သီး ဂိုးအိဂရက်စ် မောင်အောင်သင်း။ ရွိအစ်”

    ပြောပြောဆိုနှင့် ပစ်ပေးလိုက်သော အိုင်ပက်ကို အမိအရဖမ်းကာ မင်းကြီးပြသော ဖေ့စဘုတ်စတေ့တပ်တစ်ခုကို ဖတ်လိုက်သည်။

    “ဒေါက်တာဆိတ်ဖွား ဆိုသူက အင်တာနက်၌ ‘ဥပဒေ အထက်တွင် လွှတ်တော်ရှိသည်’ဆိုသည့် ရေးသားမှုကို လွှတ်တော်က ကော်မရှင်ဖွဲ့ အရေးယူရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင်က ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အဆိုတင်သွင်းရာ ထောက်ခံမဲ ၃၄၇၊ ကန့်ကွက်မဲ ၁၅၇၊ ကြားနေမဲ ၄၂ ဖြင့် အတည်ပြုခဲ့ကြောင်း”

    “ ဟင်…ကျနော်လဲ ဖေ့ဘုတ်သုံးပါတယ် မင်းကြီး ဒေါက်တာဆိတ်ဖွားဆိုတာ ကျနော် မသိ..မသိ”

    ဒုံး……..ကနဲနေအောင် စားပွဲခုံကို ထုကာ

    “မောင်မင်းတို့…မသိဘူး၊ မောင်မင်းတို့ ဘာစုံထောက်လဲ။ ခု လွှတ်တော်က ကော်မရှင်ဖွဲ့နေပြီ၊ မကြာခင် ကျွနိုပ်ဆီက ရီပို့တောင်းတော့မယ်။ ဘယ်နဲ့လုပ်ကြမလဲ”

    “ဟေ့ ခိုခိုကြီး မောင့်ရင့်အဘွားကြီး မလွှတ်ချင်လဲ အချုပ်ထဲထည့်ထားလိုက် အကျွနိုပ်ရုံးခန်းထဲရှုပ်တယ်”

    “အချုပ်ခန်း ပြည့်နေတယ် မင်းကြီး”

    “ဝှက်သည်ဟဲလ်…ဝှိုင်း..ဝှိုင်း….ဘာအမှုမှ ထူးထူးထွေထွေမရှိပဲ ဘာကြောင့်ပြည့်သလဲ”

    “အိုင်ပီ အောင်မြင့် ထည့်ထားတာပါ မင်းကြီး”

    “အိုးမိုင်ဂေါ့…ဘာကြောင့်ထည့်သလဲ သလောက်အများကြီး”

    “ မင်းကြီးက အွန်လိုင်းပေါ်က ဒေါက်တာဆိတ်ဖွားကို ရအောင်ရှာဆိုတာနဲ့ အင်တာနက်ဆိုင်တွေ၊ လမ်းဘေးဖုန်းနဲ့သုံးသူတွေထဲက ဒေါက်တာဆိတ်ဖွားဆိုဒ် ဝင်ကြည့်သူတွေ သူ့အကြောင်း ဖတ်နေသူတွေ၊ ရှဲလ်နေသူတွေ တွေ့သမျှဖမ်းထည့်ထားတာပါတဲ့ မင်းကြီး”

    “မောင်အောက်မြက့်ရော…ခုဘယ်မလဲ ခေါ်ပါ”

    “ စောနကတင် အချုပ်ကား၃စီး၊ တီအီး၃စီးခေါ်ပြီး မြို့ထဲထွက်သွားပါတယ် မင်းကြီး”

    “အိုး…..ဂေါ့…..”

    ထိုစဉ် ပြာတာ မောင်မြင့်က စာရွက်တစ်ထပ်ကြီးကို မေးစေ့ဖြင့်ထိမ်းသယ်လာကာ မင်းကြီးစားပွဲပေါ်ပစ်ချလိုက်သည်။

    “ အိုး…ဂေါ့..ငါ့ A4 တွေကုန်ပါဘီ၊ ဘာတွေလဲ မောင်မြင့်”

    “ အပေါ်ထပ် ကွန်ပြူတာခန်းထဲက အိုင်ပီကိုတင်ဝင်းနဲ့ ဘိလပ်ပြန်ဆရာစိန်ကပို့ခိုင်းတာပါ မင်းကြီး၊ ဖေ့ဘုတ်ပေါ်က ဒေါက်တာဆိတ်ဖွားကို ထောက်ခံရေးသူတွေနဲ့ သူ့အကြောင်းပြောနေကြသူတွေအားလုံးရဲ့ ပရိုဖိုင်တေ၊ွ စတေ့တပ်တွေ၊ ကွန်မင့်တွေကို ပီဒီဖက်ဒ်နဲ့ ပရင့်ထုတ်ပေးလိုက်တာပါမင်းကြီး”

    “အိုးမိုင်ဂေါ့………ဒါ့ထက် လူကြမ်းကြီးစိန်လှရော…”

    “ရှေ့တန်းစီကွင်းမှာ တရားခံတွေကို စစ်နေပါတယ်မင်းကြီး”

    မင်းကြီးက ပြတင်းပေါက်နားသွားကာကြည့်လေမှ နေပူပူ ကွင်းပြင်ထဲတွင် စွပ်ကျယ်နှင့် တုတ်တိုတစ်ချောင်းကိုင်ကာ လူ၄-၅ဝခန့်ကို ဘဲသွားသွားခိုင်းသူသွား၊ လေထီးခုန်ခိုင်းသူခိုင်းကာ လုပ်နေသော စစ်တပ်မှပြောင်းလာသော အိုင်ပီစိန်လှကို ချွေးသံတရဲရဲဖြင့် မြင်ရလေတော့သည်။ များမကြာမှီ ပြာတာမောင်မြင့်ကို အခေါ်ခိုင်း၍ အိုင်ပီစိန်လှ ရောက်လာလေသည်။

    “လူကလေးစိန်လှ မောင်းမင်းသိပ်ကြိုးစားတယ်။ သူတို့ကဘယ်သူတွေလဲ တရားခံတွေလား”

    “ဟုတ်ပါတယ် မင်းကြီး၊ မင်းကြီးသိချင်တဲ့ ဒေါက်တာဆိတ်ဖွားလို့ သံသယရှိသူတွေပါ”

    “အိုး…မောင်မင်း ဘယ်လိုစုံစမ်းသလဲ”

    “ဒီလိုပါမင်းကြီး ကျနော် စုံစမ်းသိရသလောက်။ အွန်လိုင်းခေါ်တဲ့ အင်တာနက်ထဲမှာ ဒေါက်တာဆိတ်ဖွားဆိုတာ နံမည်အရင်းမဟုတ်ပါဘူးမင်းကြီး၊ ဘလော့တစ်ခုရဲ့ အမည်နာမတစ်ခု အဖြစ်သာပေးထားတာပါမင်းကြီး”

    “ရွိုက်….သက်ဒ်ရွိုက် မောင်မင်း တော်တယ်”

    “ဒါပေမယ့် မင်းကြီး၊ လူတွေဆိုတာ နာမည်ဝှက်၊ အမည်တစ်ခုပေးရာမှာ ကိုယ်ရဲ့ ကိုယ်ပွာစိတ်နဲ့ ဒါမှမဟုတ် ကိုယ်နဲ့ရင်းနှီးနဲ့ ကိုယ်နဲ့ဆက်နွယ်တဲ့ နာမည်ကိုသာပေးကြပါတယ်မင်းကြီး”

    “ရွိုက်…”

    “ဒေါက်တာဆိတ်ဖွား အမည်ခံသူရဲ့ မသိစိတ်ထဲမှာ သူကဘာကိုရှိတယ်ဆိုတာသိမှ သူဘာကြောင့် ဒီနာမည်ပေးတယ်ဆိုတာသိနိုင်မယ်၊ ဒါကိုသိမှ သူဘယ်သူဆိုတာ သိနိုင်မှာပါ မင်းကြီး”

    “စိုး………ဝှက်……….”

    “ကျနော်ရဲ့ တပ်မတော်ထဲက အတွေ့အကြုံအရ လူတွေဟာ ဗေဒင်၊ ကိန်းခန်း၊ မွေးနေ့၊ မွေးနံစတာတွေကို အထူးအလေးပေးပါတယ် မင်းကြီး၊ ဒေါက်တာဆိတ်ဖွားရဲ့ နာမည်ကို သေချာကြည့်တဲ့အခါ ဒေါက်တာနဲ့ ဆိတ် နဲ့ဟာ မအပ်ဆက်ပါဘူးမင်းကြီး၊ ဒါပေမယ့် ဆိတ်ဖွားဆိုတာကျတော့ ဆက်စပ်ပါတယ်မင်းကြီး၊ ဆိတ်ဖွား၊ ဆိတ်ဆိုတာ အကောင် ဆိတ်၊ ဖွားဆိုတာ မွေးဖွားတာပါမင်းကြီး၊ ဒီတော့ ဆိတ်နဲ့ဖွားနဲ့ဟာ ဆက်စပ်တတ်ရင် လွယ်ပါတယ်မင်းကြီး”

    “ အိုး…မိုင်ဒီးယား စိန်လှ၊ ယူဆိုးကလဲဗါးမန်း…အိုင်ဆိုးလက်ကီး ခေါ့ အိုင်ဂေါ့ယူ ဖရွန်အာမီ”

    “ ၁၂လရာသီ ရာသီခွင်တွေထဲမှာ မကာရ ရာသီ ခေါ်တဲ့ Capricorn ရာသီဖွားများရဲ့ ကိုယ်စားပြုသင်္ကေတဟာ ဆိတ်ပါ မင်းကြီး၊ ဒါကြောင့် ဒေါက်တာဆိတ်ဖွားဆိုတာ ဆိတ် သင်္ကေတာပါတဲ့ ရာသီမှာ မွေးတယ်လို့ သူမွေးတဲ့ ရာသီခွင်ကို ဝှက်ပြီး ထည့်သွင်းထားတဲ့ သဘောပါ၊ သူဟာ ဗေဒင်ရာသီခွင်နဲ့ ပက်သက်ပြီးလဲ အယုံကြည်ရှိသူဖြစ်ပါလိမ့်မယ် မင်းကြီး”

    “စိုး……………….”

    “ ဒါ့ကြောင့် ကျနော် ရဲတပ်ရင်းတွေ အကုန်သုံးပြီး စံဇာနီဘိုရဲ့ မကာရ ရာသီခွင် ဟောကိန်းစာအုပ်ဝယ်ယူသူအားလုံး၊ ဗေဒင်ခန်း၊ နတ်ခန်း၊တွေမှာ လာမေးတဲ့ မကာရရာသီခွင်ဖွား အားလုံးနဲ့ မကာရရာသီခွင်နဲ့ သက်ဆိုင်တဲ့ ဗေဒင်ဟောစတမ်း လက်ဝယ်ရှိသူတွေအားလုံးကို စီးနှင်းရှာဖွေဖမ်းစီးပြီး စစ်မေးနေတာပါမင်းကြီး”

    “ အိုးမိုင်ဂေါ့……မောင်မင်း မကာရရာသီခွင်တွေ အကုန်ဖမ်းရင် မင်းကြီးမိန်းမလဲပါနေတော့မှာပေါ့ မောင်မင်း၊ ပြီးတော့ သည်လူလေး ၄-၅ဝထဲမှာ ဘယ်လိုလုပ် တရားခံပါတော့မလဲ မောင်မင်း…”

    “ဒါ အသုတ်လိုက် ခွဲစစ်နေတာပါမင်းကြီး ကျန်ပါသေးတယ်”

    “အချုပ်ထဲမှာလဲ အောင်မြင့်ဟာတွေ အပြည့် ကျန်တာတွေ မောင်မင်း ဘယ်မှာထားသတုန်း”

    “RIT ထဲမှာပါမင်းကြီး၊ အခန်းအကုန် အပြည့်ပါပဲ”

    “အိုး…..ဂေါ့…..”

    အနီးရှိ ဆုံလည်ခုံပေါ်သို့ ခြေပစ်လက်ပစ်ကျကာ ဘာစကားမှ ဆက်မပြောနိုင်ပဲ အိုင်ပီစိန်လှကို သွားနိုင်ပြီဟု လက်ကာပြလေတော့သည်။

    အိုင်ပီစိန်လှလဲ ဖုထစ်မို့မောက်နေသော ကြွက်သားများကို တင်းသွားအောင် သတိစွဲ၍ မတ်မတ်ချပ်ချပ် အလေးပြုကာ တောင်းတိမောင်းတိဆင်းချသွားလေတော့သည်။

    ကျွနိုပ်လဲ ကြံရာမရဖြစ်ကာ အနီးရှိ ဝါးတားကူလာအတွင်းမှ ရေတစ်ခွက်ကိုယူ၍ မင်းကြီးဆီ ကပ်ရလေတော့သည်။

    နဂိုအဖြူတွင် ကုန်လုလုဖြစ်နေသော ခပ်ပါးပါး ဆံပင်ကြားထဲသို့ အရေပြားများတွန့်လိမ်နေသော လက်ချောင်းအိုကြီးများဖြင့် တဗြင်းဗြင်းကုတ်ကာ…

    “အိုင်ဆေး လူကလေး အောင်သင်း…ကျွနိုပ်တို့ ဆားပုလင်းနှင်းမောင်ကို ခေါ်မှဖြစ်မယ် အိုင်ပီခေါ်လိုက်ပါ၊ စပီကာဖွင့်ဆက်”

    ဟုလေးလေးပင်ပင်ကြီးဆို၏။

    လက်ပတောင်းတောင် ကိစ္စတွင် စုံစမ်းရန်မင်းကြီးတာဝန်ပေးသည်ကို ကချင်စစ်ပွဲသို့ တိုက်ခိုင်းကတိုက်မည် မသွားနိုင်ဟု အာခံသဖြင့် ရုံးပေါ်မှ နှင်ထုတ်ခဲ့သည်အထိ မင်းကြီးနှင့် ပြဿနာဖြစ်ခဲ့သော ကျွနိုပ်၏မိတ်ဆွေ ဆားပုလင်းနှင်းမောင်ကို ပြန်ခေါ်တော့မည် ဆိုသဖြင့် များစွာဝမ်းမြောက်ကာ ကိုနှင်းမောင်၏ ဟမ်းဖုန်းနံပတ်ကိုနှိပ်လေသည်။ လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာဌာနမှ ယာယီပိတ်ထားပါသဖြင့် နှင့်တိုးလေတော့သည်။ ဪ ကိုနှင်းမောင် ကိုနှင်းမောင် လစာလဲလာမယူ၊ အဆက်အသွယ်လဲမလုပ်ပဲ ရုံးမှ အရစ်ကျရောင်းပေးထားသော ဖုန်းကိုပင် ပိုက်ဆံမဖြည့်တော့သည်မှာ အတော်စိတ်နာနေပုံရသည်ဟုထင်မိလေသည်။ ထို့နောက် ကံဆိုးကံကောင်းဟု မှတ်ယူလျက် ကျွနိုပ်နှင့် ကိုနှင်းမောင် ၂ဦးထည်းသာသိသော Viber နံပတ်ကိုနှိပ်ကို ခေါ်လိုက်သည်။ ထိုအခါ အချုပ်ခန်းထဲမှ Viber မြည်သံကြားရလျက် အောင်မြင်ထည်ဝါလှသော ဆားပုလင်းနှင်းမောင် အသံကို ကြားလိုက်ရလေတော့သည်။

    “ ကိုအောင်သင်း ကျုပ် အချုပ်ခန်းထဲမှာ၊ ခင်ဗျားတို့ဖြစ်နေတာ အကုန်ကြားပြီးပြီ၊ မြန်မြန်လာထုတ်၊ ဆီးသွားချင်လှပြီ”

    မင်းကြီးမျက်နှာလဲ ရွှင်ပြကာ ကျွနိုပ်နောက်မှ ထပ်ချပ်လိုက်လျက် အချုပ်ခန်း ထဲရှိ ကိုနှင်းမောင်ကို ထုတ်လေသည်။ ကိုနှင်းမောင်က အချုပ်ခန်းဝမှ ထိုးထွက်လိုက်သည်နှင့် မင်းကြီးကို မျက်နှာချင်းဆိုင်လိုက်ကာ

    “ဆေးလိပ်”

    မင်းကြီးလဲ သူအိပ်ထဲမှ ရူဘီဘူးထုတ်ပေးလိုက်သည်။

    “မီးခြစ်”

    မင်းကြီးက ဟိုစမ်းဒီစမ်းလုပ်နေသဖြင့် ကျွနိုပ်က ထုတ်ပေးလိုက်သည်။

    ထို့နောက် ဘာမှထူးထူးထွေထွေ ဆိုမနေတော့ပဲ ကိုနှင်မောင် အိမ်သာသို့ ပြေးလေတော့သည်။

    ၁ဝမိနစ်ခန့်ကြာပြီးနောက် ရူဘီတစ်လိပ်ကို နုတ်ခမ်းဝတွင် မထိတထိခဲလျက်၊ ဘောင်းဘီကို လက်နှက်ဖက်ဖြင့် ဘယ်ညာမကာ နေသားတကျပြန်ဝတ်ရင်း ကိုနှင်းမောင်ပြန်ထွက်လာသည်။

    “ကိုနှင်းမောင် ဘယ်လိုလုပ် အချုပ်ထဲရောက်နေတာလဲ၊ ဖုန်းထဲပိုက်ဆံမရှိပဲ ဘယ်နဲ့ အွန်လိုင်းကျမိနေတာတုန်း” ကျွနိုပ်၏ ခရီးဦးရောက်မစိုက် အမေးကို ကိုနှင်းမောင်က သွေးအေးအေးဖြင့် ဖြေသည်။

    “ဆိတ်ဖွားကိစ္စ မနေ့ကတည်းက ကြိုသတင်းရလို့ သူ့အကြောင်းရှာဖတ်နေရင်း အိုင်ပီအောင်မြင့်က လာဆွဲတာပဲ။ နှင်းမောင်ပါပြောလဲမရဘူး၊ ဒါနဲ့ဝင်နေရတာ။ လစာမှမယူပဲ ဖုန်းဘေလ်ဘယ်လိုလုပ်ပေးနိုင်မလဲ၊ အင်တာနက်ကတော့ ကျုပ်လဲ သည်ရုံးကလူပဲ ဖုန်းဝိုင်ဖိုင်မှာ ရုံးပက်စဝက်ရှိတော့ အလိုလိုမိနေတာပေါ့။ မနက်ကတည်းက FB ဖွင့်ကြည့်ရင်း ထင်တော့ထင်သား ကျုပ်ကိုခေါ်တော့မယ်လို့၊ ခိုင်းစရာရှိရင်တော့ သတိရတတ်သားဗျ၊ ပြီးရင်သာ ကျေးဇူးမတင်ဖင်လှန်ပြလုပ်တာ။ ကျုပ်တို့မင်းကြီးက အထက်အရာရှိသိပ်ပီသတာ”

    ပြောပြောဆိုဆိုဖြင့်…မင်းကြီး၏စားပွဲပေါ်သို့ တင်ပါးလွှဲထိုင်ကာ

    “မင်းကြီး ဒေါက်တာဆိတ်ဖွား ဘာရေးသလဲဆိုတာ ဖတ်ပြီးပြီလား”

    မင်းကြီးခေါင်းခါပြ၏။

    “မင်းကြီးလဲ ဗမာပြည်နေတာကြာတော့ ဗမာစရိုက်တွေ အတော်ရလာပြီပဲ၊ ပြမယ်ဖတ်ကြည့်”

    ရေစိုလက်နှစ်ဖက်ကို ဘောင်းဘီနှင့် အားရပါးရသုတ်ကာ မင်းကြီးအိုင်ပက်ကိုယူ၍ ဟိုပွတ်သည်ပွတ်ပွတ်ပြီးနောက်၊ မင်းကြီးဆီသို့ ဒေါက်တာဆိတ်ဖွားရေးထားသော စာကိုပြ၏။ ကျွနိုပ်လဲ မင်းကြီး၏ နောက်မှရပ်ကာ ဝင်ဖတ်၏။

    တစ်ထပ်ကြီးတင်ထားသော ဘိလပ်ပြန်ဆရာစိန်၏ ရီပို့ ပရင့်စာရွက်များထဲမှာ အချို့ကိုယူကာ လေယာဉ်ပျံချိုးလျက် ဟိုပစ်သည်ပစ်လုပ်ရင်း ဆားပုလင်းနှင်းမောင်စကားစသည်.။

    “မင်းကြီးက မောင်းထုတ်ပေမယ့် ကျုပ်က ကျုပ်တာဝန်မလစ်ဟင်းပါဘူး၊ ကျုပ်တိုင်းပြည် ကျုပ်လူမျိုးအတွက် မျက်ချေမပျက် စောင့်ကြည့်ရင်း ကူညီနိုင်မယ့် အချိန်ကိုစောင့်နေတာပါ။ တကယ်တော့ ဆိတ်ဖွားအမှုက အခုမှစတာမဟုတ်ဘူး နှစ်နဲ့ချီကြာနေပြီ၊ အဲဒီတုန်းက ဆိတ်ဖွားက မင်းကြီးရဲ့ မိတ်ဆွေ သတင်းစာတိုက်ကြီးကို ကြွက်သေ ကျီးဆိတ်သလို လုပ်နေကတည်းဆိုပါတော့”

    “ ဒါ့ထက် ဟိုတလောက မင်းကြီး အကောင့်အတုတွေ့လို့ ကျုပ် ရီပို့ပေးခဲ့သေးတယ်။ မင်းကြီက မျက်နှာဖုံးစွပ် နင်ဂျာလုပ်ထားပေမယ့် ကျုပ်ကသိပါတယ်။ စေတနာနဲ့ မသိသလိုနေပေးတာပါ။ ဒါပေမယ့် အတုပေါ်လာတော့ ကိုယ့်မင်းကြီးဘက်က မခံချင်ဘူးလေဒါ့ကြောင့်ပါ”

    “နောက်ပြီး သည်အမှုက သွေးရိုးသားရိုး မဟုတ်ဘူးမင်းကြီး…မင်းကြီးစဉ်းစားကြည့် လွန်ခဲ့တဲ့ ဘွရှင်မင်းတြားကြီးလက်ထက် လေသံတောင် မဟရဲခင်က သူ့ဓါတ်ပုံကအစ နာမည်အဆုံး ဝလချီးလည်အောင် လုပ်ခဲ့သူတွေကို ဘာများတုန့်ပြန်ခဲ့သလဲ မင်းကြီး”

    အတော်ကြာအောင် စဉ်းစားကာ ခေါင်းခါ၏။

    “ကဲ ခေတ်မတူတာကျော်လိုက်ကြအောင်၊ ခုလွှတ်တော်ကြီးစတော့ “ချွတ်ချော်တဲ့လွှတ်တော်ဆိုပြီး” လူအစစ်၊ နာမည်အစစ်တွေနဲ့ ဇာတ်လမ်းတစ်ပုဒ်ကို မီဒီယာတွေကိုယ်တိုင် ထုတ်လွှင့်ခဲ့တာရှိတယ်။ ခုအဲလူတွေ၊ အဲမီဒီယာတွေ ဘယ်မှာဘာလုပ်နေသလဲ မင်းကြီး”

    မျက်လုံးအပြူးသားဖြင့် မင်းကြီးငေးကြည့်နေသည်။

    “လွန်ခဲ့တဲ့ နှစ်များစွာက ခုသမ္မတပုံရော၊ ခုလွှတ်တော်အမတ် နိုဘလ်ဆုရှင်ပုံကိုရော၊ လွတ်တော်ဥက္ကဌရဲ့ပုံတွေကိုရောလုပ်ချင်ရာ လုပ်ကြသူတွေ၊ လွှတ်တော်ကြီးနဲ့ ပက်သက်လို့ လွတ်လပ်ခွင့်မရှိပါဘူး၊ လွတ်လပ်ခွင့်ရှိပါတယ်ကစလို့ အထောက်အထားရှိရှိ မရှိရှိ ဆဲဆိုကျိန်းဝါးထားခဲ့ကြသူတွေရော၊ မကြာခင်က နိုင်ငံတော်အလံမီးရှို့သူတွေ ချနင်းသူတွေရော”

    မင်းကြီး ဘာမှမပြော…

    “တကယ်တော့ ဆိတ်ဖွားအဆင့်နဲ့ လွှတ်တော်ကိုပြောလို့ လွှတ်တော်က ဆိတ်ဖွားအဆင့်ကို ဘာအရေးအရာမှ စိုက်စရာမရှိပါဘူး မင်းကြီးရယ်။ ခုဖြစ်တာ လွှတ်တော်နဲ့ ဆိတ်ဖွားနဲ့မဟုတ်ဘူး၊ စုံစမ်းရေးထဲမှာလဲ မင်းကြီးကို ထည့်သေးတာလဲ မဟုတ်ဘူး၊ မင်းကြီးဂလောက်ပြာယာခတ်နေတယ်ဆိုကတည်းက မင်းကြီးနဲ့သက်ဆိုင်တဲ့ ဆိတ်ဖွားနဲ့ ကျောင်းတော်ကရန်စရှိတဲ့ ပြည်သူရဲ့ဆဲတစ် သတင်းတိုက်ကြီးနဲ့ ပက်သက်မယ်ဆိုတာ ကျုပ်သိတယ်မင်းကြီး၊

    မင်းကြီးအပါအဝင် အရင်ဘွရှင်မင်းတြားကြီးရဲ့ မူးကြီးမတ်ရာများ ရုံစားပွဲပေါ်မှာ သူ့သတင်းစာတစ်စောင်တည်းရှိရမည်လို့ ကြိုးစားခဲ့တဲ့ သည်သတင်းစာတိုက်ကြီးဟာ မင်းကြီးနဲ့ ဘယ်လိုတွေ အဆက်အသွယ်ရှိမယ်ဆိုတာ မသေချာပေမယ့်၊ မင်းကြီးရဲ့ စားပွဲပေါ်က အမြဲတင်ထားလေ့ရှိတဲ့ ဒီသတင်းစာ၊ ring tone တစ်မျိုးထည့်ထားတဲ့ဖုန်း၊ စတာတွေကို နှင်းမောင်ရိပ်မိနေတာကြာပါပြီလေ။”

    “ တကယ်မရှိတဲ့ နာမည်တစ်ခုကိုအရေးတယူတင်သွင်း နေပြီဆိုကတည်းက သည်လူဟာ ဘယ်သူလို့ သူတို့ တပ်အပ်စွပ်ဆွဲလိုသူ ရှိလို့ပေါ့၊တရားခံအစစ်က သူတို့ဦးတည်ချင်သူမဟုတ်ဘူးဆိုကြပါစို့။ နှင်းမောင်စုံစမ်းဖေါ်ထုတ်ပေးလို့ တရားခံအစစ်မိလဲ သူတို့ဆိုလိုချင်သူ မဟုတ်သေးရင် နှင်းမောင်ပဲကြားညပ်လိမ့်မယ်။ အဲဒီအခါ နှင်းမောင့်ရန်သူ အမှောင်လောကသားတွေ ရီနေလိမ့်မယ်။ ဆိတ်ဖွားရီနေလိမ့်မယ်။ ဆိတ်ဖွားမဟုတ်ပဲ လက်ညိုးထိုးခံရသူလဲရီနေလိမ့်မယ်။ ရီတဲ့ထဲပဲ ပါချင်တယ် မင်းကြီးရယ် အရီခံရတဲ့ထဲ မပါချင်ဘူး၊ မင်းကြီး တပည့်တွေကိုသာ ဆက်ဖေါ်ထုတ်ခိုင်းလိုက်တော့၊ ခဏနေတော့ သည်အမှုလဲ အခြားအမှုတွေလိုပဲ မေ့သွားမှာပါမင်းကြီးရာ ပူမနေပါနဲ့၊ သတင်းစာတွေရယ် လွှတ်တော်ကြီးတွေရယ်ဆိုတာ သူများတွေဆီရှိလို့သာ ကိုယ့်ဆီ အင်္ဂါစုံလိုက်ထည့်ထားတာပါ၊ တကယ်အလုပ်လုပ်နေတယ်ဆိုတာ ခလေးကိုပြောတောင်မယုံကြသေးဘူးဗျို့….”

    “အချုပ်ထဲက ထုတ်ပေးတဲ့အတွက်တော့ ကျေးဇူးပါပဲ။ ဆေးလိပ်နဲ့ လမ်းစားရိတ်တော့ယူသွားမယ်ဗျာ…..”

    ပြောပြောဆိုဆိုနှင့် ဆင်းသွားသော ကိုနှင်းမောင်ကို တဒင်္ဂငေးကြည့်မိလျက်ရှိစဉ်၊ ကိုနှင်းမောင်သည် တံခါးမှ ဆင်ဝင်၊ ဆင်ဝင်အောက်မှ ဂိတ်ဝဆီသို့ မှန်မှန်ကြီးလျောက်သွားလေတော့သည်။

    ထိုခဏတွင်မှ ကျွနိုပ်လဲ သတိဝင်လာကာ ဆားပုလင်းနှင်းမောင်နောက်သို့ လိုက်မည်အလုပ်တွင်

    “ဟင်း….ဟင်း…ဟင်း…..နှင်းမောင်…..နှင်းမောင်…..မင်း လူလည်ပဲ၊ ဆိတ်ဖွား..ဆိတ်ဖွား…မင်းဆိုတဲ့ အကောင်လဲ သိတာတွေများလွန်းတယ်”

    ဟုမင်းကြီး တစ်ကိုယ်တည်းရေရွတ်နေလေသည်။ ကျွနိုပ်လဲ အံ့အားသင့်လျက် ရှိနေစဉ် မင်းကြီးက ဖုန်းနံပတ်အချို့ကိုနိပ်ကာ စားပွဲကို လက်ဖြင့်ခေါက်ရင်း တစ်ဘက်မှ ဖြေမည်ကိုစောင့်ဆိုင်းနေလေသည်။ ထိုစဉ် ရုံးဝန်းအဝတွင် ကိုနှင်းမောင်သည် ရန်ကုန်မှော်ဘီ ဟိုင်းလတ်ကားကို တားကာ နောက်မြီးမှ တွယ်စီးရင်း လက်ပြထွက်ခွာသွားလေတော့သည်။ ။

    ကျန်းမာချမ်းသာကြပါစေ၊ ကျနော် မောင်ဟန်ပါ။

    ဆက်ရန်…………..(ဒေါက်တာဆိတ်ဖွားကို မိပြီဆိုလျင် ဆက်ရေးပါမည်)

  • Phaung Phaung

    January 19, 2013 at 1:46 pm

    ကောင်းလိုက်တဲ့ ဆိတ်ဖွားရှာပုံတော်ဝတ္တုပဲဗျို့

  • kokothandar

    January 19, 2013 at 5:10 pm

    ဂန္ဒာရီ ဆြာအုပ်နဲ့ nozomi တို့ရဲ့ ရေးချက်ကတော့ လန်ပြန်နေတာပါဘဲ ဖတ်လို့ကောင်းလှပါတယ် ဒါမျီုးတွေများများရေးပေးပါ ဗျာ ဆရာမင်းသိင်္ခ သိရင် သေရကျိုးနပ်ပြီလို့ပြောရှာမှာပါ အမွေခံကောင်းတွေရပြီလို့ပေါ့

  • ဂန္ဓာရီ ဆြာအုပ်

    January 19, 2013 at 8:10 pm

    အနော်ရေးတာမဟုတ်ပါဗျို့ အပေါ်ဆုံးမှာ credit ပေးထားပါတယ်
    Posted by နတ် ဆရာကြီး (https://www.facebook.com/nat.sayargyi) ပါ

  • everlife

    January 19, 2013 at 11:39 pm

    “`ဟေ့ကောင်ဆိတ်ဖွား သမတကြီးကိုသာမင်းမကောင်းပြောလို့ရမယ် လွတ်တော်ကိုတော့လာထိမယ်မကြံနဲ့
    ကွ ဟားဟား ဟားဟား “

  • marblecommet

    January 25, 2013 at 11:09 am

    နတ်ဆရာနဲ့ ဆရာဟန်တို့ရဲ့
    စတိုင်ယာကို တင်ပေးကြတဲ့
    ကိုအုပ်ကို ကိုနိုဇိုကိုလည်း
    ရှဲရှဲပါဗျာ……

Leave a Reply