ဧရာဝတီကို သစ်ကိုင်းခြောက်တစ်ချောင်းနဲ. အိမ်ရှေ.အထိ ဆွဲခေါ်ခဲ့တဲ့ကောင်လေး
မန္တလေးတိုင်း၊ ရွှေကြက်ယက်ကျေးရွာ ကုန်စုံဆိုင်ကြီး တစ်ဆိုင်ရှေ.မှာ ကောင်လေးတစ်ယောက် ပါးစပ်ကနေ
ဂျိပေဂျိ ဂျိပေဂျိနဲ. ဆိုင်တီးပြီး ဇတ်စင်အသေးလေးပေါ်မှာ မင်းသမီးချော ကလေးမလေးကို ကခိုင်းနေတဲ့ ကောင်လေး..
ရှေ.မှာတော့ ရွာထဲက ကလေးတစ်သိုက်က လက်ခုပ်လက်ဝါးတီးပြီး အားပေးနေလိုက်ကျတာ.. တကယ့် ဇတ်သဘင်ကြီးကျနေတာပဲ….
ဗေပူပူဗေဂျိ……. ပါးစပ်ဆိုင်းလဲ အပြီး မင်းသမီးငယ်လေးလဲ ကကွက်အပြီးမှာ ပုဆိုးနဲလုပ်ထားတဲ့ကားလိပ်ကလေး ဗြန်းခနဲ.ချပြီး ကပွဲပြီးပါပြီ ခင်ဗျားလို. ပါးစပ်ကအော်လိုက်သေးတယ်……
အဲလိုအော်လိုက်တဲ့အသံနဲ. တပြိုင်နက်ထဲ..
နောက်ကနေ ဟဲ့အကောင် နင့်အဖေပုဆိုးတော့ သွားပါပြီး လာစမ်း လာစမ်း သေမယ်နင် ဆိုပြီး တုုတ်တချောင်းနဲ. အလိုက်ခံရလို…. ပါးစပ်က ဂျိပေဂျိအောင်ရင်း ရွာလယ်သဲပြင်လမ်းတစ်လျှောက် ပြေးနေတဲ့ ကောင်လေးတစ်ယောက်ပေါ့…………
မနက်မနက်ဆို သူ.အမေ ဈေးဆိုင်ကူခင်း ဧရာဝတီမြစ်ကမ်းက ရေကို ထမ်းပြီး အိမ်အတွက်ရေဖြည့် ပြီးရင် သူညီမလေး နှစ်ယောက်ကို ရေမိုးချိုး သနပ်ခါးလူး ဖီးလိမ်းပြင်ဆင်ပြီး လွယ်အိပ် အနွမ်းလေးကို လွယ် ပြီး ကျောင်းသွား ခဲ့တဲ့ကောင်လေး………
ကျောင်းကပြန်လာလို. လွယ်အိပ်လေးချ အမေ့ဆိုင်ကူရောင်းရင် ညီမလေး က ရောင်းနေတဲ့ ဒိန်ခဲနဲ.ထန်းလျက် စားချင်လို. အမေမသိအောင် ခိုးပေးရင် မိသွားလို. ၂ဝသားအလေး နဲ. အထုခံခဲ့ရတဲ့ကောင်လေး…
ဝါဆို၊ဝါခေါင်လောက်ရောက်ရင် ဧရာဝတီမြစ်ရေတက်လာလို. ရွာလယ်လမ်း ရဲ.ဟိုဘက် ထိပ်မှာ ရေတွေ မြင်ရင် ကောင်လေးတစ်ယောက် ပုဆိုးခါးတောင်ကျိုက်ပြီး နီးရာ သစ်ကိုင်းခြောက်ကို ပြေးကောက် ကာ မန်းတလေးအခေါ် ဆို နှစ်ပြ၊ ရန်ကုန်အခေါ်ဆို နှစ်မှတ်တိုင်လောက်ကို သစ်ကိုင်းခြောက်နဲ. သဲတွေထဲမှာ မြောင်းလေးဖော်ပြီး သူအိမ်ရှေ.ရေရောက်အောင် ဆွဲခေါ်ခဲ့တဲ့ကောင်လေး…….
အသက်ကြီးလာလို. မိသားစုတာဝန်ထမ်းပြီး တာဝန်ကျေအောင် ကျွေးမွေးပြုစုနိုင်တဲ့အပြင်..သားသမီး တူတူ မတွေ အတွက် စာအုပ်ကောင်းတွေကို အားတတ်သရော ရှာဖွေ ဖတ်စေခဲ့တဲ့ ဦးလေး…
ဧရာဝတီကို ပိတ် လျှပ်စစ်ဓာတ်ထုတ်မယ်ဆိုတော့ တောက်တခေါက်ခေါက် မျက်ရည်လေးစမ်းတမ်းစမ်းတမ်းနဲ. သူရွာကို သွား သောင်ပြင်မှာ တစ်ယောက်ထဲထိုင်ပြီး ဧရာဝတီရေ မင်းတော့သွားပြီ ဆိုပြီး ပါးစပ်က တတွတ်တွတ် ရွတ်ပြီး စိတ်မကောင်းဖြစ်နေတဲ့ သူ……..
အဲဒီကိစ္စကို သမ္မတကြီးက ပိတ်ခိုင်းလိုက်ပြီလဲဆိုရော ကားပြင်ထားလို. လာစရာမရှိတာတောင် ကျွဲဆယ်ကန် ကားကွင်းနာကနေ ဘုရားကြီး ကျောက်ဆစ်တန်း သူ.အမေအိမ်ကို စက်ဘီးနဲ.အပြေးလာပြီး အမေရေ သမ္မတကြီး ကတော့ ဧရာဝတီကို ကယ်လိုက်ပြီဆိုပြီး ဘာမဆိုင်ညာမဆိုင် အောင်ပွဲခံခဲ့တဲ့သူ………..
သူ.အိမ်မှာ သူဓာတ်ပုံကို အဖြူတခြမ်း အမဲတခြမ်းနဲ. ဓာတ်ပုံဆိုင်မှာပြင်ခိုင်ပြီး မှန်ဘောင်သွင်းထားတယ်… အဲဒီ အဓိပ္ပာယ်က သူ.ဘဝ တစ်လျှောက်လုံးရဲ.တဝက်ဟာ အမဲတခြမ်းလို အမှားတွေလုပ်ခဲ့သလို… အဖြူခြမ်းလို ဘဝ တဝက်ဟာ ဖြူဖြူစင်စင် နေခဲ့တယ်တဲ့….. အဲဒီဓာတ်ပုံကိုပြပြပြီး သူ.သား၊သူ.မယား၊သူတူတူမတွေကို ဆုံးမစကားပြောခဲ့တဲ့သူ…….
မိန်းမက ပစ်သွားပြီး သမီးနှစ်ယောက်နဲ. ဘဝခရီးကြမ်းကို အားနဲ.မာန်နဲ.ဖြတ်သန်းရင်း သမီးတွေ ဘဝ တင့်တောင်း တင့်တယ် လင်ကောင်းသားကောင်းရတဲ့အထိ ထိန်းကျောင်းပြုပြင် ကျွေးမွေးပြုစုခဲ့သူ..
သူမွေးတုံးက ထီးဆု နှစ်သောင်းဆုပေါက်လို. သူ.အမေက ချစ်စနိုးနဲ. ထီထီ လို.ခေါ်တဲ့ တူတွေတူမတွေက အဖေလို ဆုံးမသွန်သင်စောင့်ရှောက်ခဲ့လို. တလေးတစားခေါ်တဲ့ ဖေကျော်ဦး ဆိုတဲ့သူ…
အင်းးးးးးးးးးးးးးးးးးး အခုတော့သူ
သူချစ်တဲ့ မိသားစု…
သူချစ်တဲ့ ရွာ..
သူချစ်တဲ့ ဧရာဝတီ…
သူဆုံးမ သွန်သင်ခဲ့တဲ့ တူ၊တူမတွေကို.. နှုတ်မဆက်ပဲထွက်သွားခဲ့ပြီ ဗျာ…………
မှတ်ချက်။ ။ ဒီပို.စ်လေးကို ဖေကျော်ဦးရဲ. နောက်ဆုံးခရီးကို မလာနိုင် ခဲ့တဲ့ တူသားမိုက် တစ်ယောက်ရဲ. တောင်းပန်တဲ့ စာလေး အဖြစ် ရင်နှင့်ရင်ကာ ရေးဖွဲ.လိုက်ပါသည်…
ဖေကျော်ဦး ကောင်းရာသုဂတိလားပါစေ…………..
18 comments
ဘဲဥ
January 18, 2013 at 4:01 pm
ဒီပိုစ့်လေးအစပိုင်းကိုဖတ်နေတုံးက မိတိုက်ရဲ့ အဖြစ်လေးတွေကိုရေးထားတာမှတ်နေတာ
ဖတ်ရင်ဖတ်ရင်းနဲ့ မိတိုက်အူးလေးအကြောင်းဖစ်နေတာကိုး…………
ကောင်းရာသုဂတိလားပါစေဗျာ
ရွှေတိုက်စိုး
January 18, 2013 at 4:19 pm
သင်းခရု ဥဥ………
မဟာရာဇာ အံစာတုံး
January 18, 2013 at 9:03 pm
ရွှေတိုက် ရဲ့ ဦးလေးကိုး ….
ခင်ဗျားရဲ့ ဦးလေးတစ်ယောက်
ကောင်းရာ သုဂတိ ရောက်ပါစေလို့ ကျုပ်ကလည်း ဆုတောင်းပေးပါတယ်ဗျို့ …
ဒါ့ထက် …
ဒါ့ပုံကို လုပ်လိုက်တဲ့ ပုံစံလေးကို ကြိုက်မိသဗျာ ….
ရွှေတိုက်ရဲ့ ခေါင်းစဉ် စာသားကိုလည်း ကြိုက်သဗျာ …
ကိုပေါက်(မန္တလေး)
January 18, 2013 at 4:53 pm
မိတိုက်ရာ
ညည်းသာစောစောပြောရင် ငါသွားမှတ်တမ်းတင်ပေးမှာပေါ့အေ့
ရွှေတိုက်စိုး
January 18, 2013 at 4:58 pm
အော် ရိုက်မယ်ဆိုတာချည်းပဲ… ပွဲကျလာမရိုက်ပဲနဲ.ဟွန်.
nozomi
January 18, 2013 at 4:55 pm
ကျွန်တော်တို့ မှာ အဲဒီလို ခင်ဘို့ ချစ်ဘို့ အမှတ်ရဘို့ ကောင်းတဲ့ အမျိုးအဆွေ တချို့ ရှိ ရဲ့
ဒါပေမဲ့ ကိုတိုက်လို ပေါ်လွင်အောင် မျက်လုံးထဲ မြင်လာအောင် မရေးနိုင်ဘူး
ကိုတိုက် လက်ရာအတွက် ချီးကျူး မိသလို ဦးလေး အတွက်လဲ စိတ်မကောင်း ဖြစ်မိပါတယ်
ဇတ်ထဲ မှာတော့ စောစော သေရင် စောစော နားရတယ်
အပြင်လောကမှာလဲ လောကအပူတွေက စောစောကင်း သွားတယ်လို့ပဲ အကောင်းမြင် စိတ်လေး မွေးကြည့်ပေါ့
ရွှေတိုက်စိုး
January 18, 2013 at 5:00 pm
ဟုတ်ကဲ့ဦးနိုရေ..အဲလိုပဲ တွေးရတော့မှာပေါ့……
အရီးခင်လတ်
January 18, 2013 at 8:15 pm
စိတ်ထားမွန်မြတ်တဲ့ ဦးလေး ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပါတယ် တိုက်တိုက်ရေ။
တကယ်တော့ အားလုံးက ဧည့်သည်တွေပါဘဲ။
အားလုံး သေချာပေါက် သွားရမှာ ရှေ့ နဲ့ နောက် ပါဘဲ။
Mr. MarGa
January 18, 2013 at 8:20 pm
အရင်ဆုံး
ထပ်တူထပ်မျှ ဝမ်းနည်းတယ်ဆိုတာ အရင်ပြေပါရစေ
ကောင်းရာ ရောက်မှာပါဗျာ
တရားနဲ့ဖြေပါ
မောင်ပေ
January 18, 2013 at 8:29 pm
မိတ်ဆွေရဲ ့ဦးလေးတစ်ယောက် ကောင်းရာသုဂတိလားပါစေကွယ်
နေဝန်းနီ
January 18, 2013 at 9:21 pm
အင်း…….. မင်းသားကြီးရဲ့သီချင်းကိုသာ သတိရမိတော့……….
” သွားနှင့်ဦးဟေ့ ….. ငါ့အလှည့်က မရောက်သေး ………. ”
အသံတွေကြားနေရတယ်….။ ငိုသံတွေကြားနေရတယ် ရယ်သံတွေကြားနေရတယ်
ဆူး
January 19, 2013 at 10:55 am
ပထမတော့ တိုက်တိုက် အကြောင်းလား တွေးမိနေတာ.. နောင်တော့ အသက်တွေ ကြီးလို့ သမီး ၂ယောက်တောင် ရနေပြီ ဆိုတော့.. တိုက်တိုက် မဟုတ်မှန်း သိလာတယ်.. နောက်ဆုံး မှတ်ချက်မှပဲ သိတော့တယ်..
သွားလေသူ ကောင်းရာ သုဂတိ လားပါစေ။
ဒါနဲ့ စကားမစပ်.. လွယ်အိတ် ပါရှင့်.. လွယ်ပြီး အိပ်တာ မဟုတ်ရပါနော်။
အန်တီ မမ အဖွဲ့သား ပီပီ အသံပေးကြည့်တာ ခွင့်လွတ်နော်။
Tin Tin
January 19, 2013 at 10:55 am
ရွှေတိုက်ရဲ့ အဖေလိုချစ်တဲ့ ဦးလေးတစ်ယောက် ဆုံးရှုံးရတဲ့အတွက် စိတ်မကောင်းပါဘူး…
ကောင်းရာသုဂတိလားပါစေ….
kai
January 19, 2013 at 11:17 am
အဲဒီခေါင်းစဉ်စာသား.. ဘယ်လိုကြိုက်မှန်းမသိဘူး..
လှလိုက်တာ.. :harr:
အာဂ
January 19, 2013 at 1:54 pm
ကျွန်တော်ပြောမလို့ ပဲ သူကြီးရာ ခေါင်းစဉ်လေးက အဖွဲ့အနွဲလေးတွေ မပါပေးမယ့် ဆွဲဆောင်မှုတော့အတော်အားကောင်းတယ်။ဗျ.။
လေးစားပါတယ် ကိုတိုက်ရေ။
ဂန္ဓာရီ ဆြာအုပ်
January 19, 2013 at 2:08 pm
ဟုတ်ပ..ခေါင်းစဉ်ကလန်ထွက်စ်
အာဂ
January 19, 2013 at 1:58 pm
ကိုတိုက် ရေလယ်မိုက်တယ်ဗျာ။။။။။ ရေးသားထားတာက ပုပုလေး အဲ မှားလို့ တိုတိုလေး နဲ့ တော်တော်လေး ရင်ထဲထိမိပါတယ်။
အကြိုက်ဆုံး အပိုင်းလေးတွေကတော့
ဝါဆို၊ဝါခေါင်လောက်ရောက်ရင် ဧရာဝတီမြစ်ရေတက်လာလို. ရွာလယ်လမ်း ရဲ.ဟိုဘက် ထိပ်မှာ ရေတွေ မြင်ရင် ကောင်လေးတစ်ယောက် ပုဆိုးခါးတောင်ကျိုက်ပြီး နီးရာ သစ်ကိုင်းခြောက်ကို ပြေးကောက် ကာ မန်းတလေးအခေါ် ဆို နှစ်ပြ၊ ရန်ကုန်အခေါ်ဆို နှစ်မှတ်တိုင်လောက်ကို သစ်ကိုင်းခြောက်နဲ. သဲတွေထဲမှာ မြောင်းလေးဖော်ပြီး သူအိမ်ရှေ.ရေရောက်အောင် ဆွဲခေါ်ခဲ့တဲ့ကောင်လေး…….
သူ.အိမ်မှာ သူဓာတ်ပုံကို အဖြူတခြမ်း အမဲတခြမ်းနဲ. ဓာတ်ပုံဆိုင်မှာပြင်ခိုင်ပြီး မှန်ဘောင်သွင်းထားတယ်… အဲဒီ အဓိပ္ပာယ်က သူ.ဘဝ တစ်လျှောက်လုံးရဲ.တဝက်ဟာ အမဲတခြမ်းလို အမှားတွေလုပ်ခဲ့သလို… အဖြူခြမ်းလို ဘဝ တဝက်ဟာ ဖြူဖြူစင်စင် နေခဲ့တယ်တဲ့….. အဲဒီဓာတ်ပုံကိုပြပြပြီး သူ.သား၊သူ.မယား၊သူတူတူမတွေကို ဆုံးမစကားပြောခဲ့တဲ့သူ…….
ခိုက်တယ်ဗျာ..။ ရေးလဲ ရေးတတ်တယ်။ ပုပု လေးနဲ့ ကို အဲ တိုတိုလေးနဲ့ကို ထိတာဗျ..။ 😀
ကြည်ဆောင်း
January 21, 2013 at 11:08 am
ကြည်ဆောင်းလဲခေါင်းစဉ်လေးသဘောကျလို့ ဝင်ဖတ်လိုက်တာ…
သစ်ကိုင်းခြောက်နဲ့ ဧရာဝတီကိုဘယ်လိုများ အိမ်ေ့ရှထိခေါ်မလဲလို့လေ…
ဒီလိုဦးလေးမျိုးရှိတာ အားကျစရာပါ..