Gmail ထဲမှာ Group Mail တည်ဆောက်နည်း
–
–
–
–
–
–
–
–
–
–
–
–
++++++++++++++++++++++++++++++
Gmail ကိုတော့ အများစု သုံးကြမှာပါ …..။
ကျနော် အခု ပြောပြချင်တာကတော့ အဲ့ဒီ Gmail ထဲမှာ Group Mail တစ်ခု တည်ဆောက်ပုံလေးပါပဲ။
မသိသေးသူများ အတွက် ရည်ရွယ်ပါတယ် ခင်ဗျာ။
ပြီးတော့လည်း ….
ကျနော် ကလိမိထားတာကို ဒီနေရာမှာ မှတ်စု တစ်ခု အနေနဲ့ ထားရှိခြင်း သဘောလည်း ဖြစ်ပါတယ် ….။
မေ့သွားရင် ပြန်ကြည့်လို့ ရအောင်ပေါ့နော ….
တစ်ကိုယ်ရေ Gmail သုံးသူများ အနေနဲ့ကတော့ဖြင့် Group Mail ဟာ သိပ်ပြီး မလိုအပ်လှပေမယ့်လို့လည်း …
သူငယ်ချင်း အုပ်စု တစ်ခုဖြစ်ဖြစ်၊ အဖွဲ့ တစ်ခုခု ဖြစ်စေ ချိတ်ဆက်ပြီး သုံးနေသူများ အနေနဲ့ကတော့ …
ဒီ Group Mail တည်ဆောက်ပြီး သုံးစွဲတာဟာ ပိုပြီး မြန်ဆန် လွယ်ကူစေနိုင်ပါတယ် ….။
ဥပမာ အားဖြင့် …….
မောင်ဖြူ၊ မောင်နီ၊ မောင်ပြာ၊ မဝါ၊ မစိမ်း …. ဆိုတဲ့ သူငယ်ချင်း တစ်စု ရှိတယ် ဆိုပါစို့ ….။
သူတို့က နေရာ တစ်ခုစီမှာ နေကြတယ် ….။
အချင်းချင်း ဆက်သွယ်ပြီး ပြောကြတဲ့အခါ မျိုးမှာလည်း Gmail ကို အသုံးပြုပြီး ပြောဆိုကြတယ် ….။
ဒီတော့ကာ … သူတို့ထဲက တစ်ဦး တစ်ယောက်က နေပြီးတော့ အကြောင်းကိစ္စ တစ်ခုခုကို ကျန်တဲ့ သူငယ်ချင်းတွေဆီ စာပို့တော့မယ် ဆိုပါစို့ ….။
ကျန်တဲ့ လေးယောက်ရဲ့ မေးလ်တွေကို လိပ်မူပြီးတော့ ပို့ရမှာပေါ့နော် ….။
ဒီအခါမျိုးမှာ … အဲ့ဒီ လေးယောက်ရဲ့ မေးလ်တွေကို တစ်ခုချင်းစီ လိုက်ထည့်နေရတာထက် စာရင် ဒီလေးယောက်စလုံးရဲ့ မေးလ်လိပ်စာတွေ ပါတဲ့ Group Mail တစ်ခု တည်ဆောက်ပြီး ပို့တာက ပိုပြီး မြန်ဆန် လွယ်ကူ စေပါတယ် …။
အကယ်၍များ သူငယ်ချင်း တစ်ယောက်နဲ့ ဆင်တူ မေးလ်လိပ်စာများ ရှိခဲ့ရင်လည်း မမှားနိုင်တော့ဘူးပေါ့ ….။
အထက်က ဥပမာ ထဲမှာ လူငါးယောက်ပဲ ပါပါတယ် ….။
ဒီထက် ဦးရေ များနေရင်တော့ဖြင့် မေးလ်ပို့တဲ့အခါ မေးလ် လိပ်စာတွေ တစ်ခုချင်း ရိုက်နေရတာ အတော်လည်း ဂရုထားရသလို၊ ကြာလည်း ကြာစေပါတယ် …..။
ဒါကတော့ Gruop Mail တစ်ခု ထားရှိခြင်းရဲ့ အကျိုးကျေးဇူး အချို့ပါပဲ ….။
ကိုင်းဗျာ …. ထားပါတော့ ….။
အောက်မှာ Gmail ထဲ Group Mail တစ်ခု ဘယ်လို တည်ဆောက်ပြီး၊ သုံးရမယ် ဆိုတာတွေကို ပုံတွေနဲ့ ပြထားပါတယ် ….။
ပုံတွေရဲ့ အောက်မှာလည်း သက်ဆိုင်တဲ့ ရှင်းလင်းချက် အချို့ကို ရေးပေးထားပါတယ် ….။
( ဝန်ခံချက် ။ ။ ဒီဂရုမေးလ် ဖွင့်မယ့် နည်းလမ်းဟာ ကျုပ်အကိုကြီးလို့ ဆိုရမယ့် လူတစ်ယောက်ဆီက ဆင်းသက်လာခြင်း ဖြစ်ပါကြောင်း ….။ )
ဖတ်ရှု အားပေးသူ အပေါင်းကိုလည်း ကျေးဇူး အထူး တင်ရှိပါကြောင်း ……..။
++++++++++++++++++++++++++++++















++++++++++++++++++++++++++++++
ဒီလောက်ပါပဲ ခင်ဗျာ …..။
မရှင်းလင်းသည်များအား ကွန်မန့် ထဲမှနေ၍ မေးမြန်းနိုင်ပါကြောင်း ……..။
++++++++++++++++++++++++++++++
by – မဟာရာဇာ အံစာတုံး
11 comments
အရီးခင်လတ်
January 19, 2013 at 4:41 am
ကျေးကျေးပါ။
မေးရင် ပိုရှုပ်သွားမစိုးလို့ ငြိမ်ငြိမ်ဘဲ ပြန်ထွက်သွားပါသည်။ jk 😆
မဟာရာဇာ အံစာတုံး
January 19, 2013 at 7:25 am
အရီး ….
ပထမဆုံး လာရောက် အားပေးသွားတာ
ကျေးကျေး ကမ္ဘာပါ ခည …
ဒါနဲ့ ကြုံဒုံးလေး ကြောရအုံးမယ် အရီးရေ …
ဘာတဲ့ …
မေးကြည့် လက်နှစ်လုံး ….. ဒဲ့ ……
ဦးဦးပါလေရာ
January 19, 2013 at 7:13 am
အဲဒါကိုမရှင်းဘူး အံစာရေ
သူငယ်ချင်းဆီက ဘယ်လိုရယူထားရမှာလဲ။ သူကအဲဒီဖိုင်ကို ဘယ်လိုပို့ထားမှာလဲ။ ပို့ထားရင် ကိုယ့်ကွန်ပျူတာရဲ့ ဘယ်နေရာမှာရှိမှာလဲ။
မဟာရာဇာ အံစာတုံး
January 19, 2013 at 7:22 am
ဒီလိုပါ ဦးဦးပါ …
ဥပမာအားဖြင့် …
ကျနော်က ကျနော် ဆောက်ထားတဲ့ Group ဖိုင်လေးကို
ဦးဦးပါ အတွက်လည်း ပြုလုပ်ထားတယ် ဆိုပါစို့ …
ဒီအခါ ကျနော်က ကျနော့်ဆီမှာ လုပ်ထားတဲ့ Group လေးကို Export နဲ့ ကွန်ပျူတာထဲကို ယူလိုက်မယ် …
ပြီးရင် .. အဲ့ဒီ ဖိုင်လေးကို ဦးပါကို ပေးလိုက်မယ် …
ဦးပါက ဒီဖိုင်လေးကိုပဲ Import လုပ်လိုက်တာနဲ့တင် ..
ကျနော် ပြုလုပ်ထားတဲ့ Group နဲ့ တစ်ပုံတည်း ဖြစ်တဲ့ Group တစ်ခု
ဦးပါရဲ့ Contacts ထဲကို ရောက်လာပါလိမ့်မယ် ….
ဒီလိုမျိုးကို ဆိုလိုတာပါ ခင်ဗျာ ….
လာရောက် အားပေးတာ ကျေးဇူးပါ ခင်ဗျာ ….
Mr. MarGa
January 19, 2013 at 5:45 pm
ဂလုမေးကတော့ ရှင်းပါပြီ
ဂလုချက်အကြောင်း ထပ် ပွားပါဦး လို့
အဲဒါလေး
မဟာရာဇာ အံစာတုံး
January 19, 2013 at 5:49 pm
ဘာမှ ငါ မသိချင်ဘူးးး
ငါ့ ဘဝ ကို သိခွင့်ပေးဘာ ….
ဘာမှ ငါ မကြားချင်ဘူးးး
ငါ့ ဘဝရဲ့ အကြောင်းကို ပေါဘာ …
သိချင်ဒယ်လေ .. ကြားချင်ဒယ်လေ … သိချင်ဒယ် .. တွေ့ချင်ဒယ်လေ ..
နာ …. အံချာဒုံးးးးးးး
Mr. MarGa
January 19, 2013 at 5:52 pm
အရူးကွက် နင်းနေပါကြောင်း
ပြောတော့ဖြင့် မရှင်းတာကို မေးပါဆိုပြီးတော့
အခုကျ မသိချင်ယောင်ဆောင်နေသကိုး
မဟာရာဇာ အံစာတုံး
January 19, 2013 at 5:59 pm
အေးလေ …..
မေးပါ ဆိုတာပဲ ဒီက ပြောတာကို …
ပြန်ဖြေပေးမယ်လို့များ …
အာမခံထားတာ ပါလို့လားလို့ ….
စာလည်း သေချာကျည့်ဘဲနဲ့ .. ဟီဟိ ..
(တွေ့ရားးး မြန်မာ စကားနော့ … ပေါ့သေးသေး မတွက်ကြလေနဲ့ …)
Mr. MarGa
January 19, 2013 at 6:03 pm
အင်
မှတ်သား လောက်ပါပေ့
ဆင်ဝှေ့ ရန်ရှောင်ဆိုတာ ဒါမျိုးနေမှာ
မောင်ပေ
January 19, 2013 at 6:57 pm
အိုခေ
သေချာလေး မှတ်သွားတယ်နော
အားတဲ့အခါကြလို ့ရှိရင် ကလိရသေးတာပ
ရှဲရှဲပါ
Mobile
January 25, 2013 at 6:29 pm
ရှင်းလင်းချက်များအားလုံးကို ဆေ့ဗ် လုပ်ထားလိုက်ပါကြောင်းးးးးးးးး
ကျေးဇူးအထူးတင်ရှိပါကြောင်းးးးးးးးးးးးးးးးးးးးးးး