ကဗျာ မဟုတ်ပါ ။ စာမဟုတ်ပါ ။ ဘာဆိုဘာမှ မဟုတ်ပါ ။
( တစ်ဆက်တည်း….အသံ ထွက် ဖတ်မှ…. ပီပြင်မယ့် စာ..)
ဤနေ ့တွင် ကိုယ် သေချင်သည်။
ကိုယ့် လက်ဖဝါးများကို ကိုယ် ပြန်ကြည့်ရင်း ဝမ်း နည်းမှု ၏ အ ဟုန်ဖြင့် စီးမျော /
ကိုယ် ရင် မောခဲ ့ရသမျှ ဖြေသိမ့်ဖွယ်ရာ တစ်ခု ရပြီ…..ထင်ခဲ့သမျှလည်း လွဲ ခဲ့ပြီ။
ကိုယ့် လက်သည် ကြမ်းရှ မာကျော /
ကိုယ့် နှလုံးသား နှင့် ဆန် ့ကျင်စွာ /
ကိုယ့်ဘဝသည်လည်း ကိုယ့် အိပ်မက်များ နှင့် ဆန့်ကျင် လွန်းခဲ့သည်ပဲ ။
ကိုယ့်အိပ်မက်များထဲတွင် နတ်သမီးများ ပါဝင်ခဲ့သည် ။
အောင်မြင်မှုနှင့်… ကျရှုံးမှုများလည်း..ရံဖန်ရံခါ ပါတတ်သည် ။
ကိုယ့်လို . . . . မြေသား မြေ စိုင်ပေါ် မှာ လူ မဆန်စွာ ရှင်သန်ခဲ့ရသူ တစ်ယောက်က နတ်သမီး ပါသော အိပ်မက်ကို မက်ခွင့်ရှိပါရဲ ့လား ဟု
မကြာခဏ ကိုယ် တွေးသည် ။
သို ့သော် ကိုယ်ကတော့ မက်ခဲ့သမျှ အိပ်မက်များကို အား မရနိုင်ခဲ့ ။
ကိုယ့်ဘဝသည် ကာရန်မပါသော ကဗျာတစ်ပုဒ်လို နားလည်ရခက်ခဲ့သည့်…အချိန်တွေချည်း ။
အင်းလေ ကာရန်ပါသော ဘဝတွေထဲမှာ လည်း နားလည်ရ ခက်လွန်းတဲ့ ဘဝတွေ ရှိနေတာပါပဲ လေ. . . . ။
ကိုယ် လိုချင်တာလေးတွေ မရတိုင်းသာ ကို်ယ့် ရင်ဘက် ကိုယ် ဓါး စိုက်ချ ကြေး ဆိုလျှင် ကိုယ့် ရင်ဘတ်မှာ ဓါး အစင်းစင်းတို့
စိုက်ဝင်နေလောက်ပြီ ။
ကိုယ် မလိုချင်တာတွေကိုတော့ အလင်္ကာ မပါသော လက်များဖြင့် ယူဆောင်လိုက်ရ ။
အဲဒီလို မလိုချင်တာတွေ ရောက် ရောက် လာတိုင်း ကိုယ်တိုင် ရေးခဲ့ရ တဲ့ ကိုယ့်သ မိုင်း ထူထူကို ကိုယ့်ခြေ / ကိုယ့် လက်နဲ့ပဲ ဆွဲဆုတ် ဆောင့်ကန် ချေမွှပစ်လိုက်ချင်၏ ။
ကိုယ့် တပ်မက်မှုတွေကို ကိုယ့် ရင်ထဲ ပြန်ထိုးသိပ် / ကိုယ့် နှလုံးအိမ်ထဲက နာကျင်မှုကို ကိုယ့် ဆူးချွန် လက်နဲ့ပဲ ကိုယ် ဖိ ။
ဘယ်သူမှ မလျှောက်ချင်တဲ့ လမ်းတွေဆီ လှည့်ထွက်ခဲ့ရ ။
ကိုယ့် ရင်ဟာ အတိုင်းမသိ စူးနင့် /
ကိုယ့် အသံတွေ ပျောက်ဆုံးမတတ် ကွဲထွက် /
ကိုယ့် မာနတွေ မိုးထိ မတတ် မြင့်တက်ပြီးမှ ဖောင်းခနဲ ပေါက်ကွဲ ။
ကိုယ့် မျှော်လင့်ချက် ရထားကြီး အတွဲလိုက် တိမ်းမှောက် /
ကိုယ့် လက်သီး ဆုပ် ကို ကိုယ် ပြန် ကိုက်ပြီး ကိုယ့်လျှာကို ကိုယ့်သွား နှင့်ပဲ ပြန် ရန်တိုက် ခဲ့ရသည် ။
ကိုယ် လောကဓံ ၏ ဓါး ရှစ်လက်ကြားမှာ…..အံ့မခမ်း တိမ်းစောင်း ချွတ်ချော်ခဲ့ရ /
ကိုယ့်လက်ဟာ အဆိပ်ပင်တွေ တစ်ပင်ပြီး တစ်ပင် ကို စိုက်ပျိုးခဲ့သူ . . . ။
ကိုယ့် လက်ဟာ ဓါးသွား တစ်လက်လို
ကမ္ဘာမြေကို ခွဲထုတ် ဖွ ရှုပ်ပစ်လိုက်မယ့် လက် /
ကိုယ့် မျက်နှာဟာ လောကကို အကျည်းတန်စေခဲ့ /
ကိုယ့် အသက်ရှုရှိုက် ရှင်သန်ခြင်းဟာ လောက အတွက်တော့ အနှောင့်အယှက် /
ကိုယ့် သေဆုံးခြင်း ဆို တာကတောင် . . . . . လောက ကို ဝန်ထုတ်ဝန်ပိုး တိုးစေခဲပြီ /
ကိုယ် . . . . . . နာကျင်မှု အထပ်ထပ်
ကြောက်မှု ကွင်းဆက်မပြတ် ။
ကိုယ် ကြောက်နေပြီ ။
အခုတော့ ကိုယ်. . . . . . . .
ကြောက်နေပြီ ။
….
….
….
….
….
….
….
….
….
….
….
….
အလင်းဆက်
(((( ရေးထားတာ ကြာပါပြီ ။ သိမ်းထားတာ..လည်း ကြာပါပြီ ။
အခု..တလော…ဘာမှ ရေး မရတော့လို ့…
ပြန် တူးဖော်ပြီး… တင်လိုက်တာပါ ။
ရသ….. တစ်ခုခု…ရရင် ဖြစ်ဖြစ်…
ရသ တစ်ခုခု မရရင်…ဖြစ်ဖြစ်…….
ကျွန်တော်.. အခုလို… တင်ပြ ဖြစ်လိုက်လို ့..
ရင်ခုန်စွာ.. ကျေနပ် ပါတယ် ။ )))
6 comments
အလင်းဆက်
January 20, 2013 at 3:24 pm
အဲဒီ ပုံကလေးတွေအောက်မှာ..
အပြာရောင်…စာသားအပိုတွေ…
မပါအောင် လုပ်တတ်ဘူး ။
ဘယ် ယို ဖစ်တာပါလိ်မ့်
🙂
cherry kyawlin
January 20, 2013 at 4:29 pm
ကိုအလတ်ဆင်းရေ
ကဗျာမဟုတ် စာမဟုတ် ဘာဆိုဘာမှမဟုတ်ဆိုလို
ဘာဆို ဘာမှမဟုတ်တဲ့သူက ဝင်ဖတ်သွားပါတယ်နော်
ဦးကြောင်ကြီး
January 20, 2013 at 10:38 pm
မဟုတ်ပါ
တရုတ်လာ
အဟုတ်ငါ
ပလုပ်ခါ
ဓနုတ်ရွာ
ဖားပြုတ်စာ
တပုဒ်ညာ
ငအုပ်သာ..။
အလင်းဆက်
January 21, 2013 at 6:09 pm
ကျေးကျေးဗျို ့…
🙂
မောင်ပေ
January 21, 2013 at 9:02 pm
အလင်းတွေနဲ ့အတူ
ပုလင်းတွေနဲ ့အကူ
တွင်းရေထည့်အဖြူ
နှင်းမေရဲ ့အပူ
ရှင်းပစေငဲ့ကြူ
Mr. MarGa
January 22, 2013 at 8:10 pm
ဘာဆိုဘာမှ မဟုတ်တော့လဲ
ဘာဆိုဘာမှ မမန့်တော့ဘူးနော် :hee: