ဟာသတိုလေးများ
မေးထဲ ရောက် လာ တဲ့ ဟာသ လေးတွေပါ …ပေး ပို့ တဲသူငယ်ချင်း တွေကို ကျေးဇူး ပါပဲ ……..
ကူညီပါ့မယ်
ဟင်းသီးဟင်းရွက်သည်ကို အဘွားကြီးကပြောသည်
“အားလူးငါးပိဿာဝယ်မလို့ သမီးရယ်။ ဒါပေမယ့် မသယ်နိုင်မှာ စိုးတယ်ကွယ်။”
“မပူပါနဲ့ အဘွား။ အဘွား သယ်နိုင်အောင် ကျွန်မချိန်ပေးလိုက်ပါ့မယ်”
မတိုင်နဲ့လေ
အိမ်ထောင်ပရိဘောဂဆိုင်သို့ လူကြီးတစ်ယောက် ဝင်လာပြီး ဆိုင်ရှင်ကို
မကျေမနပ် ပြောသည်။
“မနေ့က ခင်ဗျားဆိုင်က ကျွန်တော် ကုလာထိုင်ဝယ်သွားတယ်။ ဒီနေ့ ကျိုးသွားပါပကော။”
“မဟုတ်မှလွဲရော၊ တစ်ယောက်ယောက် တက်ထိုင်လိုက်ပြီ ထင်တယ်။”
နောက်ဆုံးပေါ်အိမ်သားသုံးစက္ကူ
ကမ္ဘာ့အကောင်းဆုံး အိမ်သားသုံးစက္ကူ ပြိုင်ပွဲကျင်းပသည်။ အမေရိကန်
ကိုယ်စားလှယ်က ခလုတ်ကို နှိပ်လိုက်သည်။ စက္ကူလိပ် အလိုအလျောက် လည်လာပြီး
လိုသလောက် ဖြတ်ပေးသည်။ ပရိသတ်အားလုံး အံ့ဩတကြီး လက်ခုပ်တီး
ဩဘာပေးကြသည်။
ပြင်သစ်ကိုယ်စားလှယ် မိမိနိုင်ငံထုတ်စက္ကူကို ပြသည်။ စက္ကူသည် Channel No.5
ရေမွှေးကဲ့သို့ သင်းပျံ့ထုံကြိုင်နေသည်။ ပရိသတ်များ အလုအယက် နမူနာ
တောင်းကြသည်။
ဂျပန်နိုင်ငံမှ ကိုယ်စားလှယ် စင်မြင့်ပေါ်မှ ဆင်းလာပြီး အကဲဖြတ်
ဒိုင်လူကြီးများကို ဆေးပြားတစ်ပြားစီ ပေးသည်။ ဒိုင်လူကြီးများ နေရာမှ
ထသွားကြသည်။
“ဘယ်လိုလဲ၊ ဘယ်နှယ့်လဲဟင်”
“ထုပ်ပိုးပြီးသား အိတ်ကလေးနဲ့ ပြန်ထွက်လာတယ်။ အံ့ရော”
လူစကား
လူစကားပြောတတ်သော ကြက်တူရွေးကို မိန်းမကြီး ဝယ်လာသည်။
အိမ်သို့ရောက်ရောက်ချင်း ကြက်တူရွေးကို ပြောသည်။
“ငါပြောတဲ့အတိုင်း လိုက်ပြောစမ်း၊ ကျွန်ုပ်သည် လူဖြစ်သည်။ လူစကားကို
ပြောတတ်သည်လို့”
ကြက်တူရွေးက အံ့ဩတကြီး ပြန်မေးသည်။
“ဘာ ဘာ. ခင်ဗျားလည်း လူစကား ပြောတတ်တယ် ဟုတ်လား”
ကြိုးစားကြည့်လေ
ဆရာက မေးသည်
“ငါးတွေ ဘာဖြစ်လို့ စကားမပြောသလဲ”
ပီတာက ချက်ချင်းပြန်ဖြေသည်။
“ရေထဲမှာ ဆရာ စကားပြောကြည့်ပါလား”
နောင်တ
“လက်မထပ်ခင်တုန်းက ငါ့မိန်းမကို ငါဘယ်လောက် ချစ်သလဲဆိုရင် တစ်ခါတလေ
သူ့ကို ကိုက်စားချင်စိတ် ပေါ်မိတယ်”
“အခုကော”
“မစားလိုက်မိတာ မှားလေခြင်းလို့ နောင်တရတယ်”
ဘယ်အချိန်လာရမလဲ
ဈေးမဝယ်ဖူးသော အမျိုးသားတစ်ယောက် ဈေးဝယ်ထွက်လာသည်။
အမျိုးသား – အမကြီး ခရမ်းသီး တစ်လုံး ဘယ်လောက်လဲ
ဈေးသည် – မောင်လေး ခရမ်းသီးက အချိန်နဲ့ ရောင်းတာကွဲ့
အမျိုးသား – အဲ့ဒါဆို ကျွန်တော် ဘယ်အချိန် လာဝယ်ရမလဲ?
ဘာမှမရှိဘူး
လူတစ်ယောက် စားသောက်ဆိုင်သို့ ဝင်လာပြီး စားပွဲထိုးကို မေးသည်
“ခင်ဗျားတို့ဆီမှာ ငါးဟင်းရလား”
“မရပါဘူး”
“အမဲနှပ်ရော”
ွှ”မရှိပါဘူး”
“ဟင်းသီးဟင်းရွက်ကြော်ကော”
“အဲဒါလည်း မရှိပါဘူး”
ယောက်ျားကြီး စိတ်ပျက်ပြီး ဆိုင်ထဲမှထွက်လာသည်။ နောက်မှ စားပွဲထိုး
ပြေးလိုက်လာပြီး အော်ပြောသည်။
“ကျွန်တော်တစ်ခု ပြောဖို့ မေ့သွားပါတယ်။ ကျွန်တော်တို့ဆိုင်မှာ
ဝက်သားဟင်းလဲ မရပါဘူး”
အကြံကောင်း
အရက်ဆိုင်ပိုင်ရှင်ကို ဧည့်သည်က ပြောသည်
“ခင်ဗျားတို့ဆိုင်က တစ်နေ့တစ်နေ့မှာ စည်ဘီယာ ဘယ်နှစ်လီတာ ရောင်းရသလဲ”
“လီတာ ၂၀ဝ လောက်ပါ”
“တစ်နေ့ကို လီတာ ၃၀ဝ လောက် မရောင်းရချင်ဘူးလား”
“ရောင်းချင်တာပေါ့ဗျာ. နည်းရှိရင် မစပါလား”
“ဖန်ခွက်ထဲကို ဘီယာ အပြည့်ထည့်”
မည်သူမပြု မိမိမှု
“အန်ကယ့်သမီး ကျွန်တော့်ကို လက်ထပ်ဖို့ သဘောတူလိုက်ပြီ ခင်ဗျ။”
ထိုအခါ အဖိုးကြီးက
“အဲဒါကတော့ မည်သူမပြု မိမိမှုပဲ၊ မောင်ရင်သာ အန်ကယ်တို့အိမ်ကို ညနေတိုင်း
မလာခဲ့ဘူးဆိုရင် ဒီလိုဖြစ်လာစရာ အကြောင်းမရှိဘူး”
ပေးစားချင်တာကြာပြီ
သမီးရည်စားနှစ်ယောက် ခိုးပြေးကြသည်။ ခရီးတွင်စေရန် တက်စီတစ်စီငှားကာ
ကောင်လေး သူငယ်ချင်းအိမ်သို့ သွားကြသည်။ အိမ်ရောက်သောအခါ ကောင်လေးက
တက်စီသမားအား ပိုက်ဆံထုတ်ပေးမည် အလုပ်တွင် တက်စီသမားက
“မပေးပါနဲ့တော့။ သတို့သမီးအဖေက ကျွန်တော့်ကို ပေးပြီးပါပြီ။”
ကျဉ်းမြောင်းသော ကမ္ဘာ
“ဒါလင်ရေ။ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးဆိုတာ အမှန်ဘဲနော်။ ဒါလင်ရဲ့
တတိယဇနီးနဲ့ ကျွန်မရဲ့ ဒုတိယ ယောက်ျားတို့ဟာ ဒါလင် ဒုတိယဇနီးနဲ့ ကျွန်မ
ပထမယောက်ျားပိုင် ပင်လယ်ကမ်းစပ်က တိုက်အိမ်မှာ သူတို့ရဲ့
ပျားရည်ဆမ်းခရီးကို ကုန်လွန်ခဲ့တယ်ဆိုဘဲ”
ခင်ဗျားတို့ကိုး
ဆေးရုံမှ လင်မယာနှစ်ဦး ထွက်လာသည်။ လမ်းတွင် တက်စီငှားသည်။ မိန်းမက တက်စီသမားအား
“ကျေးဇူးပြုပြီး ဖြေးဖြေးမောင်းပေးပါနော်.ကျွန်
အမောင်းကြမ်းတဲ့ ဒရိုင်ဘာနဲ့တွေ့တာ ဆေးရုံတက်လိုက်ရတယ်။”
တက်စီသမား။ ။”ဪ….ခင်ဗျားတို့ကိုး။ ကြည့်စမ်း၊ ရုတ်တရက် မမှတ်မိဘူး”
ရပါတယ်
အဆိုသင်တန်းတွင် သင်တန်းသူတစ်ဦးက နည်းပြအားမေးသည်။
“ဆရာ။ ကျွန်မကို ရှင်းရှင်းပဲ ပြောပါဆရာ။ ကျွန်မအသံက ဘယ်နေရာမှာမှ
သုံးစားလို့ မရတော့ဘူးလား”
“ဟာ…ဒီလိုလဲ မဟုတ်ပါဘူး။ ဥပမာ – မီးလောင်တာတို့၊ ရေနစ်တာတို့၊
ဓပြတိုက်ခံရတာတို့ဆိုရင် ခင်ဗျားအသံဟာ အစားထိုးလို့ကို မရဘူး။
တကယ်ပြောတာ”
ဉာဏ်ကြီးရှင်
လေးနှစ်သားကိုတိုး နှင့် ခြောက်နှစ်သားကိုဖြိုးတို့ မျောက်ညီနောင်
သူတို့အဘွားအိမ်သို့ အလည်ရောက်နေသည်။ ညအိပ်ချိန်တွင် မျောက်ညီနောင်အား
အဘွားမှ ဘုရားရှိခိုး ခိုင်းဧ။်၊ ဘုရားရှိခိုးပြီးသောအခါ
ကိုတိုး ။ ။ စက်ဘီးတစ်စီးနဲ့ ဂိမ်းစက် တစ်လုံး ရ ရိုရပါလိုဧ။် ဘုရား
(ကျယ်လောင်စွာဆုတောင်းလေသည် )။
ကိုဖြိုး။ ။ ဟေ့ကောင် ဘာလို့ အကျယ်ကြီးဆုတောင်းနေတာတုန်းကွ ၊ ဘုရား က နားမလေးပါဘူး။
ကိုတိုး။ ။ အင်း ဘုရား က တော့ နားမလေးပါဘူး ၊ ဒါပေမယ့် အဘွားကတော့ နားလေးတယ်ဟ။
မှားပါတယ်
ကိုအူ တစ်ယောက် ရုပ်ရှင်ကြည့်ရန် လက်မှတ်ရုံတွင် လက်မှတ်ဖြတ်နေသည်။ တခဏာ
အကြာတွင် ကိုအူ တစ်ယောက် လက်မှတ်လာ ဖြတ်ပြန်သည်။ သိပ်မကြာလိုက်
လက်မှတ်ရုံသို့ ကိုအူ ပြန်ရောက်လာကာ လက်မှတ် ဖြတ်ပြန်သည်။
လက်မှတ်ရောင်းသူ- (အံဩ စွာဖြင့်) စောစောတုန်းက လက်မှတ်နှစ်ခါ လာဝယ်တာ
နောင်ကြီးပဲ မဟုတ်လား၊ ဒါကောဆို သုံး ခါရှိသွားပြီနော်။ ဘာလို့လဲဗျ။
ကိုအူ- ဘာဖြစ်ရမှာလဲဗျ။ ရုံပေါက်က လူပေါ့၊ တော်တော်ဆိုးတယ်ဗျာ
ကျုပ်လက်မှတ်ကို တောင်းပြီး စုတ်ဖြဲပစ်လိုက်တယ်။
လွဲ ချက်ကနာ
တောစပ်တစ်နေရာတွင် ကိုဖြူ၊ ကို ကြူ နှင့် ကိုအူ တို့သုံးဦးအား
ရာဇဝတ်မှုဖြင့် သေဒဏ်ပေးရန် ပြင်ဆင်နေသည်။ အစောင့်ဖြစ်သူက ကိုဖြူအား
အချုပ်ကားတွင်းမှ ပထမဆုံး ခေါ်ထုတ်လာသည်။ ထို့ နောက် အရာရှိဖြစ်သူက
သေနတ်သမားအား ပစ်မိန့်ပေးသည်။(အင်္ဂလိပ်လို အမိန့်ပေး)
အရာရှိ- “Ready”,’Aim”.
ကိုဖြူ-(အရာရှိ ဧ။် စကားမဆုံးခင် ရုတ်တရတ်ထအော်သည်) ,’ Earthquake!’
လူအများ အလန့်တကြား နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားချိန်တွင် ကိုဖြူထွက်ပြေး
လွတ်မြောက်သွားသည်။
နောက် ကိုကြူအလှည့်
အရာရှိ– ‘Ready’, ‘Aim’
ကိုကြူ- ‘Tornado!’
ရုတ်တရတ် လူများ အထိတ်တလန့် ဖြစ်သွားပြန်သည်၊ ကိုကြူလည်း ထွက်ပြေး
လွတ်မြောက်သွားပြန်သည်။
နောက်ဆုံး ကိုအူ့အလှည့်
အရာရှိ-‘ Ready’, ‘Aim’
ကိုအူလည်း ကျန်လူများကို အတုယူ၍ အော်လိုက် ပုံ က “Fire!”
အတတ်နိုင်ဆုံး ကြိုးစား၍ ဘာသာပြန်ပါသော်လည်း မိမိကိုယ်ကို
ကျေပ်မှုမရှိပါ။ ထို့ကြောင့် သီးခံပေးပါရန် တောင်းပန်အပ်ပါသည်။
(မှတ်ချက်။ ။ Fire ဆိုတာ ပစ်လို့ အမိန့်ပေးတာပါ၊ စကားလုံးတွေကို
သူ့နေရာနှင့် သူသုံးနိုင်ကြပါစေ)
ဒီလိုလားးးး
အမေရိကရှိ ဂျွန်၊ ဂျော့၊ မိုက် ဟူသော ခွဲစိတ်ဆရာဝန် သုံးဦးစကား လက်ဆုံကျနေသည်။
ဂျွန် – အမေရိကမှာ ငါက အတော်ဆုံး ခွဲစိတ်ဆရာဝန်ကွ။
ဂျော့နှင့်မိုက် – မင်းက ဘာတွေစွမ်း ဆောင်ခဲ့လို့လဲ ၊ လင်း စမ်းပါအုံး။
ဂျွန်- လက်ချောင်း (၇)ချောင်း ပြတ်သွားတဲ့ လူတစ်ယောက်ကို ငါလက်ချောင်းတွေ
ပြန်ဆက်ပေးဘူးတယ်၊ ငါဆက်တာ ကောင်းမကောင်းတော့မသိဘူး အခုသူ ကမာ္ဘကျော်
စန္ဒယား ပညာရှင်ဖြစ်နေပြီ။
ဂျော့-မင်းဟာက ဘာဟုတ်သေးလဲကွာ ။ ငါခြေနှစ်ဘက် ပြတ်သွားတဲ့ လူတစ်ယောက်ကို
ခြေထောက် ပြန်ဆက်ပေးခဲ့တယ်၊ ၂နှစ်လောက်လဲကြာရော အဲ့ဒီ့လူက ဧဝရတ်တောင်ကို
တတ်နိုင်သွားပြီကွ။
မိုက ်- (အားငယ်စိတ်ပျက်သည့်လေသံဖြင့်)၊ အင်း မင်းတို့တွေ
တော်ကြပါတယ်ကွာ။ လွန်ခဲ့တဲ့ (၃) နှစ် လောက်က မြင်းစီးလာတဲ့
ဂျော်ကီတစ်ယောက် အရှန်ပြင်းတဲ့ကားနဲ့ တိုက်မိတာ လူကော မြင်းကော ခေါင်းတွေ
ပွင့်ကုန်တယ်၊ ဦးနှောက်တွေကို ဖွေးလို့ ။ အဲ့ဒီ့လူရဲ့ ခေါင်းကို ငါ
ပြန်ဆက်ပေးနိုင်ခဲ့တယ်၊ ဒါပေမယ့် —
ဂျော့နဲ့ဂျွန်- ဟာတော်လှချီလား၊ ဒါပေမယ့် ဘာဖြစ်လို့လဲဟ။
မိုက်- အရေးတကြီး နဲ့ဆိုတော့ မြင်းဦးနှောက် နဲ့ သူ့ဦးနှောက် လွဲပြီး
ထည့်ပေးလိုက်မိတယ်။
ဂျော့နဲ့ဂျွန် – အမယ်လေး ဒုက္ခပဲ ဒီလူ အခု အခြေအနေ ကောင်းရဲ ့လား။ သူဘယ်မှာလဲ။
မို်က် – ကောင်းမကောင်းတော့ မသိဘူးကွာ ။ အခုတော့ အမေရိကန် သမ္မတ ဖြစ်နေလေရဲ့။
အင်တာနက်မှ ဂျော့ဒဘလူဘုချ်ကို ကျီစယ်သော ဟာသများကို ဆီလျော်အောင်
ဘာသာပြန်ပါသည်။ ဗြုန်းခနဲ ဝလုံးကွဲအောင် ရယ်ရမည် မဟုတ်ပါ၊
စိမ့်စိမ့်တွေး၍ ဖြေးဖြေးလေး ရယ်ပါ။
လာမကြောနဲ့ နာ ဘာမှ တိဘူး
ကောင်းကင်ဘုံတခါးဝတွင် ရောက်လာသူများကို ကောင်းကင်တမန်မှ စစ်ဆေးနေသည်။
ပထမလ ူ- ကျွန်တော်အိုင်စတိုင်းပါ ဝင်ခွင့်ပြုပါ၊
တမန် – အိုင်စတိုင်းဖြစ်ကြောင်း သက်သေပြပါ၊
ထိုအခါ ပထမလူသည် အိုင်စတိုင်းဧ။် သီအိုရီများကို ရှင်းပြလေသည်။ ထို့ကြောင့်
တမန်-ကောင်းပြီ ငါလက်ခံပါပြီ ၊ ဝင်ပါလေ။
ဒုတိယလူ – ကျွန်တော် ပီကာဆိုပါ
တမန် – ကောင်းပြီ ၊သက်သပြပါ၊
ဒုတိယလူသည် လှပသောပန်းချီကား တစ်ချပ်ကို လျှင်မြန်စွာရေးဆွဲပြလေသည်။
တမန်-ဟုတ်ပါပြီ ငါယုံကြည်ပါသည်၊ ဝင်ပါလေ။
တတိယလူ – ကျွန်တော် ဂျော့ဒဘလူဘုချ်ပါ
တမန် – အင်း အိုင်စတိုင်းနဲ့ ပီကာဆို ကတော့ သက်သေ
ကောင်းကောင်းပြနိုင်ခဲ့တယ်၊ သင်လည်းပြပါ၊
တတိယလူ – (အတန်ငယ် စိတ်ရှုပ်ထွေးဟန်ဖြင့် စဉ်းစားပြီးနောက်) ၊သူတို့က
ဘယ်သူတွေလည်းဗျာ၊
တမန် – ဟာ–ကောင်းပြီ ဂျော့ ငါယုံကြည်ပါပြီ၊ သူတို့အထဲမှာရှိတယ်၊ ဝင်ပါလေ။
အင်တာနက်မှ ဟာသများကို သင့်လျှော်အောင် ပြန်ဆိုပါသည်။
ဘာသာပြန်ညံ့ဖျင်းမှုနှင့် တင်ပြပုံညံ့ဖျင်းမှုကို နားလည်
ခွင့်လွတ်ပေးပါရန်။
ဘဝမှာ စိတ်ညစ်မှုတွေများနေတဲ့သူတွေအတွက် ကျွန်တော်ဖတ်ခဲ့တဲ့
ဘဝအမောပြေလေးများကို ဖတ်စေချင်သောစေနာလေးများဖြင့်
စုစည်းတင်ပြလိုက်ပါတယ်.
စာရင်းကိုင်ဆိုတာ………..
စာရင်ကိုင်တစ်ဦး ဆရာဝန်ထံရောက်လာပြီး သူခံစားနေရသော ဝေဒနာလေးအား ပြောပြလေသည်။
စာရင်းကိုင်။ ။ ဒေါက်တာ……၊ ကျွန်တော် ညဘက်မှာအိပ်လို့မရဘူး။
ဆရာဝန်။ ။ ဒါဆိုရင်……ကိန်းဂဏာန်းတွေ တစ်ကနေပြီး ၅၀ဝ အထိ ရေတွက်ပါ၊
အိပ်ပျော်သွားပါလိမ့်မယ်။
စာရင်းကိုင်။ ။ လုပ်ပြီးပါပြီ……အိပ်မပျော်မပါဘူး ဒေါက်တာ။
ဆရာဝန်။ ။ ခင်ဗျားက ကိန်းရဏာန်း ဘယ်လိုရေတွက်လို့လဲ။
စာရင်းကိုင်။ ။ အစဉ်လိုက်ချရေးပါတယ်.။ ရေးရင်းမှားလို့ပြင်ပါတယ်…။
ပြင်ရင်းမှားရင်းနဲ့ မိုးလင်းသွားလို့ပါ.။
ဆရာဝန်။ ။ ဗျာ………..။
ဈေးကြီးလိုက်တဲ့ ကြက်တူရွေး…………….
အိမ်မွေးတိရစာ္ဆန်များရောင်းသော ဆုင်တစ်ဆိုင်အတွင်း ဝယ်သူတစ်ဦး ရောက်ရှိလာလေသည်။
ဝယ်သူ။ ။ ကြက်တူးရွေးတစ်ကောင်လောက် လိုချင်တယ်။
ဆိုင်ရှင်။ ။ ရပါတယ်။ ဒီကြက်တူရွေးက ဒေၞလာ ၅၀၀၊ ကွန်ပျူတာ
ကောင်းကောင်းအသုံးပြုတတ်တယ်။
ဝယ်သူ။ ။ တယ်ဟုတ်ပါလား။
ဆိုင်ရှင်။ ။ ဒီကြက်တူရွေးက ရုပ်မြင်သံကြား ဖွင့်တတ်၊ ပိတ်တတ်ပြီး
သီချင်းလည်းဆိုနိုင်ပါတယ်။ ဒေၞလာ ၁၀၀၀။
ဝယ်သူ။ ။ မဆိုးပါဘူး
ဆိုင်ရှင်။ ။ ဒီကြက်တူရွေးကတော့ ဒေၞလာ ၃၀၀ဝ ပါ။
ဝယ်သူ။ ။ ဈေးကြီးလိုက်တာ …။ သူကကောဘာတတ်ပါသလဲ…..။
ဝယ်သူ။ ။ ဘာမှတော့မတတ်ပါဘူး။
ဆိုင်ရှင်။ ။ ဟင်ဘာဖြစ်လို့ ဈေးကြီးတာလဲ။
ဆိုင်ရှင်။ ။ မနက်တိုင်း ဟိုကြက်တူရွေးနှစ်ကောင်က သူ့ကို ဆရာကြီးလို့ခေၞနေလို့ပါ။
ပျော်ရွှင်ရယ်မောနိုင်ကြပါစေ…………
မတ်တပ်ပဲရပ်ပါ့မယ်……………………..
ကျောင်းဆရာတစ်ဦးက သူကိုယ်တိုင် ထုလုပ်ခဲ့သော ရုပ်တုတစ်ခုကို စားပွဲပေၞ၌
တင်ထားကာ ကျောင်းသားများအား မေးမြန်းလေသည်။
ကျောင်းဆရာ ။ ။ ဒီရုပ်တုလက်ရာပေၞ မင်းတို့အမြင်တွေပြောရမယ်၊ ကဲ ဂျော်နီ
ထပြီးပြောပါဦး။
ဂျော်နီ ။ ။ ဘာရုပ်တုမှန်းကို မသိပါဘူးဆရာ။
ကျောင်းဆရာ ။ ။ မသိရင် အတန်းအပြင်ထွက်၊ မတ်တပ်ရပ်၊ ကဲ ဆန်နီ ထပြီးပြော။
ဆန်နီ ။ ။ ကျွန်တော် မတ်တပ်ပဲ ရပ်လိုက်ပါ့မယ် ဆရာ။
ကျောင်းဆရာ ။ ။ ဟေ…………….
မှတ်မိလိုက်ပုံက……..
လူတစ်ဦးအား တိုက်ပြီးမောင်းပြေးသွားသော ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာသို့
ယာဉ်ထိန်းရဲတစ်ဦး
ရောက်ရှိလာပြီး အနီးရှိကလေးငယ်များအား အောက်ပါအတိုင်း မေးလေသည်။
ယာဉ်ထိန်းရဲ ။ ။ ယာဉ်တိုက်မှုဖြစ်တော့ မင်းတို့ဒီနေရာမှာ ရှိနေလား။
ကလေးငယ် ။ ။ ဟုတ်ကဲ့။ ကျွန်တော်တို့ရှိနေပါတယ်။
ယာဉ်ထိန်းရဲ ။ ။ ယာဉ်တိုက်တာမင်းတို့ တွေ့မှာပေါ့။
ကလေးငယ် ။ ။ ကျွန်တော်တို့ မြင်လိုက်ပါတယ်။
ယာဉ်ထိန်းရဲ ။ ။ ဒါဆိုရင် မောင်းပြေးသွားတဲ့ ကားနံပါတ်ကို မှတ်မိလား။
ကလေးငယ် ။ ။ ဟုတ်ကဲ့ မှတ်မိပါတယ်။
ယာဉ်ထိန်းရဲ ။ ။ ဒါဆိုရင် အဲဒီကားနံပါတ်ကို ပြောပြပါဦး။
ကလေးငယ် ။ ။ ဂါလန် ၁၅၀၀။
ယာဉ်ထိန်းရဲ ။ ။ ဟေ………………။
ကားအနီကြီးသာမောင်းလာခဲ့ပါ……………
မီးသတ်ဌာနသို့ အရေးပေၞတယ်လီဖုန်းဝင်လာသဖြင့် တာဝန်ကျ အရာရှိတစ်ဦးက ဖုန်းနား
ထောင်လေသည်။
အရာရှိ ။ ။ အမိန့်ရှိပါခင်ဗျ။
ဖုန်းဆက်သူ ။ ။ ဆရာ မြန်မြန်လေးလာခဲ့ပါ။ ဒီမှာမီးလောင်နေလို့။
အရာရှိ ။ ။ ဟုတ်လား………… ဘယ်နေရာလဲ၊ နေရာ ပြောပါ။
ဖုန်းဆက်သူ ။ ။ စိတ်တွေလှုပ်ရှားလွန်းလို့ နေရာကိုတောင် ဘယ်လိုပြောရမလဲ မသိတော့ဘူး။
အရာရှိ ။ ။ ဒါဆိုကျွန်တော်ဘယ်လိုလာရမလဲ။
ဖုန်းဆက်သူ ။ ။ ကားအနီကြီးသာမောင်းလာခဲ့ပါဗျာ။
အရာရှိ ။ ။ ဗျာ………….
လူမှန်နေရာမှန်
“မောင်ဘမောင်. မင်း ဘယ်လို ယောက်ျားလဲကွယ့်။ မင်းမိန်းမကတော့
ကိုယ်ဝန်ကြီးနဲ့ ထင်းခွဲနေတယ်။ မင်းကျတော့ ဒီခုံပေါ်မှာ အေးအေးဆေးဆေး
မယ်ဒလင် ထိုင်တီးနေတယ်”
“မတတ်နိုင်ဘူး ဒေါ်ဒေါ်. သူမှ မယ်ဒလင် မတီးတတ်တာ။”
စဉ်းစားပါ
ဆရာက တပည့်ကို မေးသည်။
ဆရာ…..ဝင်ပြီးရင် ပြန်မထွက်ချင်တာ ၂ ခု ရှိတယ်။ အဲဒါဘာလဲ သိလား?
တပည့်…..မသိပါဘူးဆရာ. ကျေးဇူးပြုပြီ ရှင်းပြပေးပါ။
ဆရာ…..တစ်က. မြန်မာကျုးပစ်၊ ဝင်ပြီးရင် ပြန်ကို မထွက်ချင်တော့ဘူး။
တပည့်…..နောက်တစ်ခုရော ဆရာ.
ဆရာ…..မင်းဟာမင်း စဉ်းစားဦးမှပေါ့ကွ။ နေရာတကာ ငါ့ကိုချည်း အားကိုးမနေနဲ့…
မတူကြဘူး
“ခင်ဗျား ခွက်ထဲ ဝီစကီ ထပ်ထည့် ပေးရမလား.”
“ဟင့်အင်း မထည့်နဲ့! ကျွန်တော် ဝီစကီ သောက်ပြီးရင် ညအိပ်လို့မရဘူး”
“ကျွန်တော်ကတော့ ခင်ဗျာနဲ့ ဆန့်ကျင်ဘက်ပဲ။ အိပ်နေတုန်း ကျွန်တော် ဝီစကီ
သောက်လို့ မရဘူး”
ပွဲစား
“ပွဲစားဆိုတဲ့ စကားလုံးကို အဓိပ္ပာယ် ဖွင့်ပြပါ.”
“ဥပဒေဘောင်ထဲက ခေါင်ပုံဖြတ်သမား”
မြစ်နဲ့ပင်လယ်
ကမ်းတစ်ဖက်ပဲ ရှိရင် ပင်လယ်၊ ကမ်းနှစ်ဖက် ရှိရင် မြစ်
ခက်အောင် မလုပ်ပါနဲ့
စိတ်ရောဂါ အထူးကုဆရာဝန်၏ ဆေးခန်းရှေ့တွင် ချိတ်ထားသော စာတန်း
” ဆရာဝန်နှင့် တွေ့ရန် စောင့်စားနေကြသော လူနာများခင်ဗျား။ မိမိတို့
ခံစားနေရသော ရောဂါလက္ခဏာများကို အချင်းချင်း မဖလှယ်ကြပါနှင့်။
ရောဂါဇစ်မြစ်ကို ဖော်ထုတ်ရာတွင် အခက်အခဲ ဖြစ်စေနိုင်ပါသည်။”
ပြင်ဆင်မှု
“သမီး…..မီးဖိုချောင်ထဲက ပန်းကန်ပြား ငါးချပ်ယူခဲ့စမ်း”
“ဘာလုပ်ဖို့လဲ မေမေ”
“သမီးဖေဖေနဲ့ စကားပြောစရာရှိလို့”
အချစ်
“မောင့်ကို ချစ်ရဲ့လားဟင်”
“အရူးအမူးကို ချစ်တယ်”
“မောင့်အတွက် အသက်ကို အသေခံနိုင်ပါ့မလား.”
“ဟင့်အင်း…..ခင့်အချစ်က အမြဲတမ်း ရှင်သန်နေတဲ့ အချစ်လေ”
ချစ်တဲ့အကြောင်းပဲပြောပါ
“ရှင် ကျွန်မကို ချစ်တယ်နော်”
“သိပ်ကို ချစ်တယ်”
“အဲဒါဆို ဘယ်တော့ လက်ထပ်ကြမလဲဟင်”
“ဟေ့ ဟေ့…ခေါင်းစဉ်ကို ဗြုန်းစားကြီး ပြောင်းမပစ်နဲ့လေ.”
မြင်းပြိုင်ပွဲ
မြင်းပြိုင်ပွဲ ကျင်းပနေစဉ် မြင်းတစ်ကောင်က တခြားတစ်ကောင်ကို မေးသည်။
“မင်းဆီမှာ မြင်းကောင်ရေအား ဘယ်လောက်ရှိသလဲကွ”
သင်ခန်းစာ
သူငယ်ချင်းနှစ်ယောက် ရှိကြသည်။ တစ်ယောက်က အရက်သောက်သည် နောက်တစ်ယောက်က
လုံးဝ မသောက်ချေ။ တစ်နေ့ အရက်သောက်သူ အရက်မူးမူးဖြင့် ကားတက်မောင်းသည်။
အရက် မသောက်သူကို တက်ကြိက်မိသည်။ အရက် မသောက်သူ ပွဲချင်းပြီး သေသွားသည်။
သင်ခန်းစာ – သောက်လျှင်သေမည်၊ မသောက်လျှင်လည်း သေမည်။
မဟာ့မဟာ ပြဿနာ
“ပီတာ မင်းအဖေက ဘယ်သူလဲ” ဆရာမက ပီတာလေးကို မေးသည်
“ဟာ ဆရာမလဲ လုပ်ပြီ…..ဒီကိစ္စနဲ့ပဲ အိမ်မှာ အဖေနဲ့အမေ အမြဲ ရန်ဖြစ်နေကျဗျ…”
ငြင်းပါ
“ဒေါက်တာ…ကိုယ်ဝန်မရှိအောင် ဘာလုပ်ရမလဲ.ဟင်”
“ဟင့်အင်းလို့ ပြော”
မျက်စိဆရာဝန်
အခန်းထဲဝင်လာသော အမျိုးသမီးကို ဆရာဝန်က ပြောသည်။
“အဝတ်အစား ချွတ်လိုက်ပါ”
“ဒေါက်တာ ကျွန်မ နားကိုက်တာ လာပြတာပါ”
“အဲဒါဆို နား၊ နှားခေါင်းနဲ့ လည်းချောင်း ဆရာဝန်ဆီ သွားပါ”
“ရှင်က ဘယ်သူလဲ”
“မျက်စိ ဆရာဝန်”
ခွေးစကား
တယ်လီဖုန်းသံ မြည်လာသည်။ ခွေးမှလွဲ၍ အိမ်ထဲတွင် မည်သူမှ မရှိချေ…..
တယ်လီဖုန်းကို ခွေး ကောက်ကိုင်လိုက်သည်။
“ဝုတ်”
အခုစကားပြောနေတာ ဘယ်သူလဲ
“ဝုတ်”
“စကားကို သဲသဲကွဲကွဲ ပြောစမ်းပါ”
“သေသေချာချာ နားထောင်၊ ဝတစ်ချောင်းငင် တသက် ဝုတ်၊ ဝုတ် ဝုတ်”
ကလေးကြီးလည်း လိုတာကိုး
“ကလေးတွေရဲ့ စဉ်းစားဉာဏ် အားကောင်းလာစေတဲ့ ဗိုက်တာမင်ဆေး ရှိပါသလားရှင်”
“ရှိပါတယ် ကလေးရဲ့အသက်က ဘယ်လောက်ပါလဲ”
“၁ဝ နှစ်၊ ၁၂ နှစ်နဲ့ ၄၅ နှစ်….”
နားမထိုင်းဘူး
“ဒေါက်တာ ကျွန်တော် နှားစေးနေတယ် ခင်ဗျ…”
“ဒီလောက်အော်ပြောစရာ မလိုဘူး၊ ကျွန်တော် နားမပင်းဘူး၊ နားလည်းလား”
“ကိုင်း…..ကိုက်တဲ့ သွား.ဘယ်သွားလဲ ပြော”
ပိန်နည်း
အလွန်ဝသော အမျိုးသမီးလူနာက ဆရာဝန်ကို ပြောသည်။
“ဒေါက်တာ…..ပိန်ဖို့အတွက် ဘာလေ့ကျင့်ခန်းလုပ်ရင် ကောင်းမလဲ ဟင်”
“ခေါင်းကို ဘယ်စောင်းလိုက်၊ ညာစောင်းလိုက် လုပ်ပေးပါ။”
“တစ်နေ့ ဘယ်နှစ်ကြိမ် လုပ်ရမလဲ”
“ခင်ဗျားကို အစာစားဖို့ ဖိတ်ခေါ်တဲ့ အခါတိုင်း”
ကူညီချင်ပါတယ်
ယောက်ျားကြီးတစ်ယောက် အများသုံး အိမ်သာထဲထိုင်နေသည်။ ကိစ္စပြီးသောအခါ
အိမ်သာထဲ စက္ကူရှာသည်။ ဘယ်မှာမှ မတွေ့ချေ။ ထို့ကြောင့် ဘေးခန်းကို
တံခါးခေါက်ပြီး မေးသည်။
“ခင်ဗျားဆီမှာ စက္ကူပို မပါဘူးလားခင်ဗျား”
“မပါဘူး…အဲ လိုချင်ရင်တော့ ခဲတံပေးနိုင်တယ်၊ ယူမလား ဟင်”
လျှော့မပြောနဲ့
လူနာအမျိုးသမီးကြီးကို စမ်းသပ်စစ်ဆေးပြီးနောက် ဆရာဝန်က ပြောသည်။
“အင်း ခေါင်းက နောက်နေတယ်၊ အစာအိမ်လည်း သိပ်မကောင်းဘူး၊ ဒီကြားထဲ
ခင်ဗျားရဲ့ သွေးတိုးနှုန်းက အတော်လေး မြင့်နေပြန်တယ်။ ဒါနဲ့ ခင်ဗျား
အသက်ဘယ်လောက် ရှိပြီလဲ”
အမျိုးသမီးက မပွင့်တပွင့် ဖြေသည်။
“၂၈ နှစ်ပါ”
“ဪ မှတ်ဉာဏ်လည်း မကောင်းဘူးကိုး”
ဂီတစာဆို
နာမည်ကြီး ဂီတစာဆိုကို သတင်းထောက်က မေးသည်။
“ဆရာ…ဆရာ ဘယ်တုန်းက သီချင်းစရေးပါသလဲ ခင်ဗျား”
“ကျွန်တော့် ဇနီး ခြောက်ယောက်မြောက် ကလေးမွေးတဲ့အခါမှာ ကျွန်တော်ရဲ့
ဖန်းတီးနိုင်မှုစွမ်းအားကို တခြားနေရာမှာ အသုံးချရတော့မယ်လို့ နားလည်လိုက်
ကတည်းကပဲဗျာ။”