ထူးဆန်းသော ဈေးသည်
–
–
–
–
–
–
–
–
–
–
+++++++++++++++++++++++++
တစ်နေ့သ၌ အသက်အားဖြင့် (၄၀) ဝန်းကျင်ခန့် ရှိပြီး လွန်စွာ ခါးကုန်းသော ခါးကုန်းကြီး တစ်ယောက်သည် တောင်းကြီး နှစ်တောင်းအား ထန်းပိုးဖြင့် လျှိုထမ်းလျက် ပတ္တမြား မည်သော မနက်ခင်း ဈေးလေးဆီသို့ တရွေ့ရွေ့ဖြင့် လျှောက်လှမ်းလာသည်ကို တွေ့ရလေ၏။ ခါးကုန်းကြီး ၏ အဝတ်အစား တို့သည် လွန်စွာ ဟောင်းနွမ်းနေပြီ ဖြစ်သည့်အပြင် အဖာအထေးရာများ ဖြင့်လည်း ပြည့်နှက်နေလေသည်။ သူ၏ ဦးခေါင်းထက်မှ ဆံပင်တို့သည်လည်း အသက်အရွယ်နှင့် မလိုက်အောင် ဆွတ်ဆွတ် ဖြူနေလျက် ရှိလေသည်။ ခါးကုန်း နေသည့်အတွက်ကြောင့် ၎င်း ထမ်းလာသော တောင်းကြီး နှစ်လုံးသည်လည်း မြေကြီးနှင့် ထိကပ်လုနီး အနေအထား ဖြစ်နေလေတော့၏။
မနက်ခင်း ဈေးလေးသည် ထွက်ပေါ်စ နေရောင်အောက်တွင် ရောင်းသူ၊ ဝယ်သူတို့ဖြင့် စည်ကားလျက် ရှိနေ၏။ ထိုနေရာ ဝန်းကျင် တစ်ဝိုက်သည်လည်း ၎င်းတို့၏ စကားသံများဖြင့်လည်း ဆူညံလျက် ရှိသည်ဟူ၍လည်း ဆိုနိုင်ပေသည်။ အလိုရှိရာ လာရောက် ဝယ်ယူကြသူများ၊ အမြတ်အစွန်း ရရှိနိုင်ရန် ဦးတည် ရောင်းချသော ဈေးသည်များ အနေဖြင့် အဆိုပါ မနက်ခင်း ဈေး မြင်ကွင်းသည် ဆန်းကြယ်လှမည် မဟုတ်သော်လည်း ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်ရောက်၍ တရားဘာဝနာ အားထုတ်နေသော ပုဂ္ဂိုလ်များ အနေဖြင့်မူ ထိုမြင်ကွင်းသည် တရား နှလုံးသွင်းနိုင်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်နေမည်လောဟု ကျွန်ုပ် တွေးမိပါသေး၏။
ခါးကုန်းကြီး သည် မနက်ခင်း ဈေးထိပ်သို့ ရောက်သော အခါတွင် လွတ်လျက် ရှိသော ဈေးလမ်းဘေး တစ်နေရာသို့ သွားရောက်ကာ ၎င်း၏ တောင်းကြီး နှစ်လုံးအား ချလိုက်လေ၏။ ပြီးနောက်တွင် ခါးကုန်းကြီးသည် ၎င်း၏ လွယ်အိတ်စုတ်ကြီး အတွင်းမှ ဆေးလိပ်ကြီးအား ထုတ်ယူ၍ မီးညှိ ရှိုက်ဖွားနေရင်းဖြင့် ဝယ်သူအား မျှော်လင့်နေလေတော့သည်။
++++++++++++++++++++++++
“ဦးလေး …။ ဒီကလေးလေးတွေက ဦးလေး ကလေးတွေလား…”
ဟူ၍ ဈေးဝယ်သူ မိန်းမ တစ်ယောက်မှ အဆိုပါ ခါးကုန်းကြီး၏ တောင်းနှစ်လုံး အတွင်းမှ အသက် အားဖြင့် (၁) နှစ်ခန့် အရွယ် ကလေးငယ်လေး နှစ်ယောက်အား ကြည့်၍ မေးမြန်းလိုက်ခြင်း ဖြစ်လေသည်။ ထိုအခါ ခါးကုန်းကြီးမှ လွန်စွာ မာကျော၍ ကျယ်လောင်သော အသံဖြင့် အဆိုပါ မိန်းမ အား ပြန်လည်၍ ဤသို့ ပြောလေ၏။
“အဲ့ဒါ မမေးပါနဲ့။ ဝယ်မယ်ဆို ဈေးပြောမယ်”
ယင်းသို့ ခါးကုန်းကြီးမှ ခပ်ပြတ်ပြတ် ဆိုသကဲ့သို့ ပြောလိုက်သော အခါတွင် မေးမြန်းနေသော မိန်းမကြီးမှာ အံအားသင့်သွားလေ၏။ ထို့ပြင် ခါးကုန်းကြီး၏ ဝဲယာတွင် ရောင်းချနေသော ဈေးသည် များမှလည်း ခါးကုန်းကြီးအား တစ်လှည့် ကလေးငယ် နှစ်ယောက်အား တစ်လှည့် ကြည့်ရှုကာ အထူးအဆန်းသဖွယ် ဖြစ်နေလေတော့သည်။ ၎င်းတို့ အနေဖြင့် လူမသိ သူမသိ ကလေး စွန့်ပစ်ခြင်း ကိုသာ ကြားဖူး ကြုံဖူးကြသော်လည်း ယခု ခါးကုန်းကြီးမှာမူ ကလေးများအား တောင်းဖြင့် ထည့်၍ ကုန်ပစ္စည်းသဖွယ် ရောင်းချနေခြင်းကြောင့် အံ့ဩတကြီး ဖြစ်၍ နေလေတော့၏။ များမကြာမီ အချိန်အတွင်း၌မူ ဈေးဝယ်သူ ဈေးရောင်းသူ များသည် တစ်ယောက်တစ်ပေါက် ပြောကြ ဆိုကြရင်းဖြင့် ခါးကုန်းကြီး နှင့် တောင်းကြီးနှစ်လုံး အတွင်းမှ ကလေးငယ် နှစ်ယောက်အား အထူးအဆန်းသဖွယ် လာရောက် ကြည့်ရှုကြရင်းဖြင့် မျက်လှည့်ဝိုင်းကဲ့သို့ ခါးကုန်းကြီး နားတွင် လူများ တစ်စထက် တစ်စ အုံခဲ လာလေတော့၏။
++++++++++++++++++++++
ယင်းအခိုက်တွင် လူအုပ်ကြီး အတွင်းမှ ခပ်ဝဝ မိန်းမကြီး တစ်ဦးသည် ခါးကုန်းကြီးအား ဤသို့ လှမ်း၍ မေးလေ၏။
“ဒီမယ်၊ ဒီကလေးတွေက ရောင်းဖို့ဆိုတာ ဟုတ်သလား”
ထိုအခါ ခါးကုန်းကြီးမှာ အဆိုပါ မိန်းမကြီးအား လှမ်း၍ ကြည့်လေ၏။ ၎င်းအကြည့်မှာ ခြေဆုံး ခေါင်းဆုံး ကြည့်သော အကြည့် ဖြစ်လေသည်။ အဆိုပါ မိန်းမကြီးမှာ လွန်စွာ ကြီးမားသော ရွှေဆွဲကြိုးကြီးအား ကြွားဝါရန် ဟူသော ရည်ရွယ်ချက်ဖြင့် လည်ပင်း အညောင်းခံ၍ အင်္ကျီ၏ အပြင်သို့ ထုတ်ကာ ဆွဲထားလေ၏။ ၎င်း၏ လက်တွင်လည်း အလေးခံကာ ဝတ်ဆင်ထားသော ရွှေလက်စွပ်များ၊ ရွှေလက်ကောက်များဖြင့် ပြည့်နေသည်ကို တွေ့ရလေ၏။ ခါးကုန်းကြီးသည် ယင်းသို့ ကြည့်လိုက်ပြီးနောက် ….
“ဟုတ်တယ် ရောင်းဖို့ပဲ။ ဝယ်မယ်ဆို ဈေးပြောမယ်”
ဟူ၍ ခပ်ဆတ်ဆတ် ဆိုလေသည်။ ထိုအခါ မိန်းမကြီးမှလည်း မာကျောသော အသံဖြင့် ပြန်လည် ပြောဆိုပြန်လေ၏။
“ဝယ်မလို့ မေးနေတာ၊ ဘယ်ဈေးလဲ ပြော”
ခါးကုန်းကြီးနှင့် ရောင်းရန် ဟူသော ကလေးငယ်တို့အား အထူးအဆန်း အဖြစ် လာရောက် ကြည့်ရှုနေသော လူအများမှာ ယင်းကဲ့သို့ မိန်းမကြီးနှင့် ခါးကုန်းကြီး တို့ ဈေးညှိနေကြခြင်းအား စိတ်ဝင်တစား ကြည့်နေရင်းဖြင့် တစ်ယောက် တစ်ပေါက် ထင်ကြေးပေး ပြောဆိုနေကြရာ အဆိုပါ နေရာလေးမှာ လက်ပံပင် ဇရပ်ကျသကဲ့သို့ ဖြစ်၍ နေပေတော့၏။
+++++++++++++++++
“ဒီမယ် … ဒီမယ် .. ခဏလောက် ငြိမ်ငြိမ်လေး နေပေးကြပါ”
အဆိုပါ အသံမှာ လူအုပ်ကြီးအား လွှမ်းမိုးလျက် ထွက်ပေါ်လာလေသည်။ လွန်စွာ အောင်သော အသံဟု ဆိုနိုင်ပေသည်။ ထိုအသံကြောင့် လူအုပ်ကြီးမှာ မီးကို ရေဖြင့် ဖျန်းပက်လိုက်သကဲ့သို့ ရုပ်ချည်း ငြိမ်ကျသွားလေ၏။ ထို့နောက် အသံပိုင်ရှင်အား ကြည့်လိုက်ကြလေ၏။ အသံပိုင်ရှင်မှာ အသက် (၂၅) နှစ် ဝန်းကျင်ခန့်သာ ရှိသေးသော လွန်စွာ လှပသည့် မိန်းမပျိုလေး တစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရလေ၏။
ယင်းသို့ အသံများ တိတ်သွားသောအခါတွင် အသံရှင် မိန်းမပျိုမှာ ကလေး ရောင်းနေသော ခါးကုန်းကြီး ဘက်သို့ လှည့်၍ ……
“အကိုကြီး ဆိုတဲ့ ဈေးအတိုင်း ကျမ ပေးပါမယ်။ ကျမကို ရောင်းပါ”
ဟူ၍ ပြောပြောဆိုဆို ပိုက်ဆံများအား ရေတွက်၍ ပေးလိုက်သည်ကို တွေ့ရလေ၏။ ထိုအခါ ခပ်ဝဝ မိန်းမကြီးမှာ အသံရှင် မိန်းမပျိုအား မကြည်သလို အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ခါးကုန်းကြီး ဘက်သို့ လှည့်ကာ …
“ဒီမှာ ကျမ အရင်မေးတာ၊ ကျမ အရင်ဝယ်တာ၊ ဒီတော့ ကျမကိုပဲ ရောင်းပါ”
ဟူ၍ ပြောပြောဆိုဆို ၎င်း၏ ပိုက်ဆံအိတ်ကြီး အတွင်းမှ ငွေစက္ကူများအား ထုတ်ယူ ရေတွက်ကာ ပေးလိုက်လေ၏။
အဆိုပါ ကလေးနှစ်ယောက်အား နှစ်ယောက်ပြိုင် ဝယ်ယူနေကြသော မြင်ကွင်းအား လာရောက်၍ ကြည့်ရှုနေကြသော လူအများမှ စိတ်ဝင်တစား စောင့်ကြည့်နေကြသည့် နည်းတူ ခါးကုန်းကြီး မှာလည်း ခပ်ဝဝ မိန်းမကြီးအား တစ်လှည့်၊ အသံရှင် မိန်းမပျိုအား တစ်လှည့် ကြည့်ရှုကာဖြင့် မည်သူ့ကို ရောင်းရမည်နည်း ဟူ၍ စဉ်းစား တွေးတောကာ နေသည်ကို တွေ့ရလေတော့၏။
နောက်ဆုံးတွင်မူကား ခါးကုန်းကြီးမှနေ၍ ၎င်း၏ ညာဖက် အခြမ်းတွင် ရှိနေသော ခပ်ဝဝ မိန်းမကြီးအား ညာဖက် တောင်းအတွင်းမှ အိပ်ပျော်နေလျက် ရှိနေသော ကလေးငယ်အား ရောင်းချလိုက်ပြီး ဘယ်ဘက် အခြမ်းမှ အသံရှင် မိန်းမပျိုလေးကိုမူ ဝိုင်းအုံ ကြည့်နေသည့် လူအများအား သဘောကျစွာ တခစ်ခစ် ရယ်မောနေသော ဘယ်ဘက် တောင်းအတွင်းမှ ကလေးငယ်လေးအား ရောင်းချလိုက်လေတော့၏။
ဤသို့ဖြင့် မနက်ခင်း ဈေးထိပ်တွင် အထူးအဆန်း စိတ်ဝင်စားဖွယ် ဖြစ်နေသော ကလေး ရောင်းပွဲကြီး ပြီးသွားသည်နှင့် ကလေး ဝယ်ယူသွားသော ခပ်ဝဝ မိန်းမကြီးနှင့် ၎င်း၏ အခိုင်းအစေ မိန်းကလေး သည် အိပ်ပျော်နေသည့် ကလေးငယ်အား ခေါ်ဆောင်လျက် ဈေးအတွင်းမှ ထွက်ခွာ သွားပြီ ဖြစ်သလို၊ အသံအောင်သော မိန်းမပျိုလေးမှာလည်း ဝယ်ယူလိုက်သည့် ကလေးငယ်လေးအား ထွေးပိုက်ကာ ထွက်ခွာ သွားပြီ ဖြစ်လေ၏။
ထိုနည်းတူ ကလေး လာရောင်းသော ထူးဆန်းသော ဈေးသည် ခါးကုန်းကြီး မှာလည်း ဟင်းသီးဟင်းရွက်၊ အသားငါးများဖြင့် ပြည့်နေသော တောင်းကြီး နှစ်လုံးအား ထမ်းပိုးလျက်၊ ၎င်း၏ ပါးစပ်တွင်လည်း စီးကရက် တစ်လိပ်အား ဖွဖွလေး ကိုက်ခဲထားရင်း အကျေနပ်ကြီး ကျေနပ်နေသော အပြုံးများဖြင့် ဈေးနှင့် ဝေးရာဆီသို့ တရွေ့ရွေ့ဖြင့် ထွက်ခွာသွားခဲ့ လေတော့သတည်း။
+++++++++++++++++++++++++
ရေးသူ – မဟာရာဇာ အံစာတုံး
26 comments
Mobile
January 27, 2013 at 7:36 pm
မဟာဘာဂျာကြီးရေး ခင်ဗျားစာဖတ်ရတာ ကျုပ်တို့ငယ်ငယ်တုန်းက ဖတ်ဖတ်နေတဲ့
သိုင်းဝတ်ထု ဖတ်ရသလိုလေး အစပျိုးထားတာပါလား။
ဒီအထဲက ခါးကုန်းကုန်းဈေးသည်ကြီးလို ဝယ်မယ့်သူရှိရင် ကျုပ်လည်းကလေးလေးတွေ
ကိုတော့ဖြင့် သင်လျော်သောဈေးဖြင့်ရောင်းချင်လှတယ်။
ဘာလို့ဆိုဒေါ့ဂါ ဟင်းသီးဟင်းရွက်တို့ဆိုဒါတွေက ကျုပ်လည်းစိုက်တတ်တာဟုက်ဘူးရယ်………
လုံမလေးမွန်မွန်
January 27, 2013 at 8:05 pm
တွေ့လား..ရေးလိုက်ရင် အဲ့လိုပဲ…
ဒါမယ့် ဖတ်လို့ကောင်းပါတယ်လို့… စာကိုပြောတာနော်… 🙂
surmi
January 27, 2013 at 8:09 pm
လောလော ဆယ်ဆယ်တော ့ လူကုန်ကူးမှုနဲ ့ ဖမ်းမယ်ကွာ…
နောက်မှ ထပ်မန် ့ဦးမယ် ….
ကျုပ်ကလေးနှစ်ယောက်ကိုလည်းသတိထားဦးမှ
ဦးဦးပါလေရာ
January 27, 2013 at 8:16 pm
ဒါ … သေချာတယ် … လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက..
အခုသာ ဆိုရင် ပုံပြင်က တစ်မျိုးဖြစ်မယ်..။
ခါးကုန်းကြီးက ကယ်ရီငှားပြီး တရုတ်ပြည်သွားရောင်းတာမျိုး…
:kwi:
အလင်းဆက်
January 27, 2013 at 8:25 pm
—————-
————–
—————–
ဖတ်သူ ….. အလင်းဆက် ( ကိုလူချော )
မောင်ပေ
January 27, 2013 at 8:26 pm
အံစာတုံး ရဲ ့ ပုံပြင်ကို အဆုံးထိ ကျုပ်ဝင်ပြောပေးရရင်ဖြင့်….
ဈေးသည်ကြီး နာမည်က ဦးကျီးကျောင်တဲ့
ခလေး နှစ်ယောက် နာမည် က မောင်အံ နဲ ့မောင်စာ တဲ့
ခလေးတွေဟာ အဝယ်ခံပြီးရင် ၊ သူရို ့ကို ဝယ်သွားတဲ့လူနောက်ကို တစ်ပတ်လောက်ပဲ လိုက်နေပြီး ၊ ဦးကျီးကျောင် ဆီကို ပြန်ပြေးကြသတဲ့
ဦးကျီးကျောင် ဆီရောက်တဲ့အခါကြ တစ်ခါ ဂွင်ပြန်ရိုက်ကြသတဲ့
ဒီလိုနဲ ့လုပ်စားပါများတော့ ၊ နောက်ပိုင်း စသုံးလုံး က လိုက်ဖမ်းပါလေရောတဲ့
ဒါနဲ ့ ဦးကျီးကျောင် က ယူအက်စ်အေ ကို ပြေးသွားပြီး
မောင်အံ နဲ ့မောင်စာ တို ့ကတော့ ရန်ကုန်မှာ ပုန်းနေကြသတဲ့
အဲဒါ အဲဒါ
ကိုပေါက်(မန္တလေး)
January 27, 2013 at 10:45 pm
လူကုန်ကူးမူ့နဲ့ သေဒဏ်ပေးလိုက်မယ် ဘာမှတ်နေလဲ
panpan
January 28, 2013 at 8:43 am
အူးအူးအံ
သာမီးကိုယောက္ခမကြီး ကိုကိုဂီ့ဆီရောင်းလိုက်ပါ :harr:
သူ့သားလေးက ချစ်ချာရေး……….. 😳
ကြည်ဆောင်း
January 28, 2013 at 8:47 am
ဒါနဲ့ ကလေး ၂ ယောက်က အမွှာလား ??????????????????
ဦးကြောင်ကြီး
January 28, 2013 at 9:06 am
ဦးအံ
ဗူးမှန်
ူထူးကြံ
မူးလန်
ဒူးသန်
ခူးရန်
ပြူးလျှံ
သူးစံ..။
Shwe Ei
January 28, 2013 at 9:13 am
ဒါဘဲလားကွယ်…… 🙁
ခင်ခ
January 28, 2013 at 9:52 am
ရောင်းလိုက်တဲ့ ကလေးတွေ အရွယ်ရောက်တဲ့အခါ နောက်တစ်ပုဒ် ဆက်ရေးဗျာ။
မဟာရာဇာ အံစာတုံး
January 28, 2013 at 11:32 am
ဟက်ကဲ့ ခည ..
ခုလို လာရောက် အားပေးသွားဂျဒါ
ရှဲရှဲ အကြီးကြီးပါ ခည …
ခုပို့စ်က တွေးမိတာလေးကို ရေးထားလိုက်ဒါဘာ ခည ..
ဒါနဲ့ … စကားမစပ် …
ဖမ်းဂျင်ရင် ခါးကုန်းကြီးဘဲ သွားဖမ်းဂျနော် ..
Thu Wai
January 28, 2013 at 12:49 pm
“ဒီမယ် … ဒီမယ် .. ခဏလောက် ငြိမ်ငြိမ်လေး နေပေးကြပါ”
အဆိုပါ အသံမှာ လူအုပ်ကြီးအား လွှမ်းမိုးလျက် ထွက်ပေါ်လာလေသည်။ လွန်စွာ အောင်သော အသံဟု ဆိုနိုင်ပေသည်။
sar palin Hnin Mg loe Htin nay tar.
Novy
January 28, 2013 at 2:58 pm
ခါးကုန်းကြီးရောင်းသွားသော ကလေး၂ယောက်မှာ
အိပ်ပျော်နေသော ကလေးရုပ်နှင့်
ရီသံထွက်နေသော ကလေးရုပ်သာ ဖြစ်တော့သည်
စာဖတ်သူအပေါင်းတို့ရှင်…. :harr:
moonpoem
January 28, 2013 at 4:16 pm
ခေါင်းစဉ်က ထူးဆန်းတဲ့ဈေးသည် ရောင်းလိုက်တာက ကလေးနှစ်ယောက် ဝယ်တာက မိန်းမနှစ်ယောက် အင်း..ငါ့အထင်ပြောရရင်ဒါ ဘိုးတော်မဟာရာဇာအံစာတုံး နောက်အပတ်အတွက် ဂဏန်းပေးတာပဲဖြစ်ရမယ် ၂၂၁ထိုးရမယ် 😛
လူကလေး
January 28, 2013 at 4:45 pm
ပုံပြင်လိုလို ဒဏ္ဍာရီလိုလို ဘာလိုလို ညာလိုလို မှန်းမသိတာကို ပြီးအောင်ဖတ်သွားအောင် ရေးနိုင်တာတော့ မိုက်တယ်ဗျို့..
Mr. MarGa
January 28, 2013 at 8:46 pm
တော်သေးတာပေါ့
ဒီတစ်ခေါက်တော့ အစ ကနေ အဆုံးထိ ပါလို့
အဲဒီ ကလေးတွေကို
မိန်းကလေးတစ်ယောက်နဲ့
မိန်းမကြီး တစ်ယောက်က ဝယ်သွားတယ်ဆိုတော့
အင်းးးးးးးးး
တွေးမိ သလိုလို
ရွှေ ကြည်
January 28, 2013 at 9:06 pm
ခါးကုန်းကြီးက အူးပေပဲဖြစ်ရမယ် ဘောလုံပွဲရှုံးတာနဲ့အကြွေးကျေအောင် ကလေးဖမ်းပြီးရောင်းစားတာနေမှာ :harr:
kai
January 29, 2013 at 4:13 am
အခန်း(၂)
တရွေ့ရွေ့လျှောက်နေသော ခါးကုန်းကြီးသည် မြို့ပြင်သုဿန်အစပ်ရောက်လာပြီဖြစ်သည်။
“အာ..အား “..”အာ..အား “
ကျီးအော်သံ ၂ခါဆက်၍ထွက်လာသည်နှင့်တပြိုင်နက် ခါးကုန်းကြီးသည် ကုန်ပစ္စည်းများအပြည့်ဖြစ်နေသော တောင်းကြီး၂လုံးအား “ဘုံးကနဲ့”ပစ်ချ၍ ကုန်းနေသောခါးကို ဆန့်လိုက်လေသည်။
ခါးဆန့်လိုက်သောအခါတွင် ခါးကုန်းကြီးမှာ အရပ်အမောင်း ၄တောင်ကျော်ရှည်သည် လူတဦးဖြစ်နေပါသည်။
သူ၏တောင်းကြီးကို ပစ်ချလိုက်သံမှာကျယ်လောင်လွန်းသဖြင့် သူရောက်နေရာ ညောင်ပင်ကြီးအပေါ်သစ်ကိုင်းပေါ်တွင်နားနေသော ကျီးကန်းအုပ်ပင် တဝုန်းဝုန်းလန့်ပျံသွားကြသည်။
ကျီးကန်းများ အဝေးရောက်သွားသည်နှင့် ပါတ်ဝင်းကျင်သည် ခဏတာမျှ ငြိမ်ချက်သားကျသွားသည်။
“ပြွတ်. ပြွတ်..ပြွတ်..ပြွတ်..”
တစုံတခုကို အငမ်းမရစုတ်နေသော အသံသည် ညောင်ပင်ကြီးနောက်မှ ရုတ်တရက်ထွက်လာလေသည်။
ထိုနောက် ညောင်ပင်အမြစ်ဆုံဘေးမှ မိန်းမပျိုလေးတဦး.. ကလေးငယ်အားနို့တိုက်လျှက်ထွက်လာခဲ့သည်။
နို့တိုက်နေသဖြင့် ဖြူဝင်းနေသားမြတ်၁စုံလုံးလှစ်ထားသည် လှပသောမိန်းမပျိုကိုသုဿန်အနီး ညောင်ညိုရိပ်တွင် ရုတ်တရက်မြင်ပါက တော်ရုံလူများ၏ စိတ်နှလုံးခြောက်ခြားသွားလောက်ပါသည်။
မိန်းမပျိုသည် ခေါင်းပေါင်းစဖြေချကာ မျက်နှာရှိ နှုတ်ခမ်းမွှေး၊မုတ်ဆိတ်မွှေးများခွာချနေသော ခန့်ညားလှသည့် လုလင်ပျိုနားကပ်သွားယင်း တိုးတိုးညှင်းညှင်းပြောလိုက်သည်။
“မောင်ကြီး .. မိ ..သားလေးကိုပြန်ခေါ်လာတယ်၊ သမီးလေးတော့ ပါသွားပြီ”
++++++++++++++++++++++++
ရှေ့လဆက်ဖတ်ရန်… :kwi:
လောလောဆယ်တော့.. ၂၂၄၁ ပါတဲ့ဂဏန်းပါတ်လည် ထိုးနိုင်ပါတယ်..။
နတ်-ငရဲပွဲစားတွေအားကျလို့.. အတိတ်စိမ်းပေးတာ…။ :harr:
panpan
January 29, 2013 at 8:11 am
အဲ့ခါးကုန်းကြီးက အရပ်၄တောင်ကျော်တယ်ဆိုတော့
မဟုတ်မှလွဲရော ကပေများဖြစ်နေမလားမသိ :kwi:
မဟာရာဇာ အံစာတုံး
January 29, 2013 at 9:39 am
အဟမ်းးး ဟမ်းး
ဝတ္ထုအဆက် ဖတ်ချင်ဒူဒွေ ..
ဒီဂမှာ ကျုပ်ဘဂျီး ရေးထားဒါ ဖတ်ကျိဂျဘာ .. ငွင်း ငွင်းး
MaMa
January 29, 2013 at 9:54 am
ထူးဆန်းသော ရေးဟန်နဲ့ စာတွေကို ရေးသားနေတဲ့……
ထူးဆန်းသော ခြောက်မျက်နှာနဲ့ စာရေးဆရာ….
ဘယ်သူလဲဆိုတာကို ရှာဖွေဖော်ထုတ်ဖို့ လွှတ်တော်မှာ အရေးတကြီးအဆို တင်သွင်းရမယ်။ :harr:
ဈေးသည်အမြင်နဲ့ ပြောရရင် …
မာကက်တာတွေ လိုက်နာမှတ်သားဖို့ ဒလံ သုံး၍ဈေးရောင်းနည်းကို မိတ်ဆက်ပေးတာဖြစ်မယ်။ :kwi:
ခိုင်ဇာ
January 29, 2013 at 11:31 pm
ဟဲ့။
အမောင် အံဇာဒုံး
နာ့ ကလေးတွေ ပျောက်သွားတဲ့ တရားခံကို ခု သိပြီ။
နိ ဘယ်ဈေးမှာ သွားရောင်းခဲ့တာလဲ။
:harr:
Thet Aung
February 5, 2013 at 1:34 pm
ပဲလှော်နဲ ့လဲစားလိုက်တယ်ဆိုလား…
ခိုင်ဇာ
February 5, 2013 at 3:54 pm
ဟယ် !!!!
ဒါဆိုရင် ဦးဆာ ကို သွားမေးမှပဲ ။
သူ ပဲလှော်သည် ဖြစ်နေပြီဆိုလား ဘာလား ဟိုတလောက ပြောနေတာ။
:harr: