နှင်းတွေဝေမှဖြင့်ကွယ် ( ၁ )
စိမ့်ကနဲ တိုးလာတဲ့ လေအေးနဲ့အတူ လန့်နိူးခဲ့ရတဲ့ ဒီမနက်ခင်း ၊ အပြင်ကို လှမ်းကြည့်တော့ မြူနှင်းတွေက ဝေ လို့ ၊ ကျွန်းတောလမ်း ကားပွဲစားတန်းက အမြင်မှာ ခပ်ဝါးဝါး ၊ ဆင်မလိုက်ဘက်ကတော့ မှုန်ရီရီ ၊ ဇန်နဝါရီ ၂၉ မနက်က အတော်အေးစက်စက် ၊ လှည်းတန်းဘက်ကိုတော့ဖြင့် မမြင်ရ ၊ ထိုစဉ်ခဏမှာ သွား သတိရမိသူလေး ၊ မိုင် ၇၀ဝ ကျော်ဝေးတဲ့ ကချင်မြေမှာ စိုး အဆင်မှ ပြေရဲ့ လားကွယ် ၊ ပြန်တွက်ကြည့်တော့ နှစ် ၃ဝ နီးပြီပဲလေ ၊ ဒါပေမယ့် ဝေဒနာတွေကတော့ မနေ့တစ်နေ့ကလို လူကို နှိပ်စက်နေဆဲပါလားနော် ၊
၁၉၈၄ ရဲ့ တစ်ခုသော မနက်ခင်းမှာ ဒီဇာတ်လမ်း စဖြစ်ခဲ့တာပါ ၊ မြစ်ကြီးနားကောလိပ်တက်နေတဲ့ အကိုဝမ်းကွဲက ရန်ကုန်ရောက်လာပြီး ကိုမျိုး အဖော်လိုက်ခဲ့ပါ ခေါ်လို့ ပုဂံဆောင် အခန်း ၁ က ဥပဒေ ပထမနှစ်ကျောင်းသူလေး စိုး နဲ့ သိခွင့်ရခဲ့ပါတယ် ၊ အဲဒီအချိန်က တက္ကသီလာ မြကျွန်းသာရဲ့ အလှအပနဲ့ ပျော်စရာကောင်းလှတဲ့ ဘဝမျိုးကို ကြုံချင်သူတွေဟာ ဆေး ၊ စက်မှုတို့ မဝင်ရင်တောင် စီးပွားရေး ၊ ဥပဒေမေဂျာတို့ရရင် ရန်ကုန်မှာ လာတက်ရတာကိုး ၊ ကချင်ပြည်နယ် မိုးညှင်းသူကလေးကလည်း ဥပဒေကို ဝါသနာပါတာထက် ရန်ကုန်မှာ လာတက်ချင်သူဆိုပါတော့ ၊
အင်းစိန်ဂျီတီအိုင် အီးပီ ပထမနှစ်ကျောင်းသားလေးခမျာမလည်း ပုဂံဆောင်ရယ် ၊ လှိူင်တက္ကသိုလ်နယ်မြေ တီ သရီး အဆောင်ရယ် အနားမှာသာ တဝဲလည်လည်ပါ ၊ အချစ်နတ်က ဖမ်းစားထားပြီလေ ၊ မြေနီကုန်းကနေ လှိူင်နယ်မြေကိုဖြတ်ပြီးမှ အင်းစိန်ကိုသွားတဲ့ နံပါတ် ၈ ဘတ်စ်ကားကိုသာ ရွေးစီးတတ်တာ ကျွန်တော့ အပြစ်မဟုတ်ပါဘူးနော် ၊ရင်းနှီးမှုတွေ ပိုခဲ့ပေမယ့် တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မပြောခဲ့ဖူးတဲ့ အချစ်စကားတွေကို ဘယ်က စ ရမယ်မှန်းကို မသိခဲ့ပါဘူး ၊ အဲဒီလိုနဲ့ နွေကျောင်းပိတ်ရက် ရောက်လာတဲ့အခါ . . . . . . .
10 comments
ဗုံဗုံ
January 29, 2013 at 2:37 pm
ကိုင်းးးးးးးးး ယောက်ဂမဂျီးကတော့ နောက်ကြောင်းပြန်တာတောင် ဆန့်တငင်ငင်နဲ့ ဖတ်မလို့ရှိသေးပြီးသွားပြီ “မျိုး ” နဲ့ ” စိုး ” ရဲ့ တစ်ခါတုန်းက တက္ကသိုလ်ပေါ့နော် အဲ့ဒီလို လူကြီးတွေရဲ့ ရင်တွင်းဖြစ်တွေ ဖတ်ချင်တာ မြန်မြန်ရေးပေးပါ (၁၉၈၄ ဆိုတော့ မိဗုံအမေတောင် အဖေနဲ့ ရည်းစားမဖြစ်သေးဘူးထင်တာဘဲ ) ဒါနဲ့ စကားအတင်းစပ် သန့်ကောင်းစံလေးကို သတိရတယ်လို့ ပြောပေးပါ ယောက်ဂမဂျီး :kwi:
Myo Thant
January 29, 2013 at 2:49 pm
ကောင်းပါပြီ ချွေးမလေးရေ ၊ ငါ့ သားကတော့ ကံကောင်းလိုက်တာ ၊
၆ တန်းပဲရှိသေးတယ် ဂရုတစိုက်မေးမယ့်သူ ရနေပြီ ၊
သူ့အဖေနဲ့များ ကွာပ ၊ 🙂
ခိုင်ဇာ
January 29, 2013 at 11:15 pm
စိုး တဲ့။
~~~~တိုင်းဗုံးတစ်လုံးကို ခေါင်အုံးအိပ်သလိုမျိုး~~~~
~~~~~~~~~~~~~~~~~~~~~~~~~~
~~~~ကိုယ့် အသည်းကို ခွဲမလား “စိုး”~~~
Mobile
January 30, 2013 at 9:42 am
ဆိုး စိုဂါမှဒေါ့ ခပ်ဆိုးဆိုးပဲနေမှာပဲ ဟိ
ရခုလို ငယ်ဂျိုး ငယ်ဏာလေးဒွေ ပြန်ပြောနေဒါ ဖတ်ရတာ သဘောကျလှပါသှ်။
ရွှေတိုက်စိုး
January 30, 2013 at 11:46 am
ဟယ်မျိုးရယ် တန်းလန်ကြီဟယ်……….
ဘယ်နှယ့်အေ……… ရေးရင်းမီးပျက်သွားတာလား…………
ဒီက ကျောင်းဇာတ်လမ်းလေးဖတ်ရပီဆိုပြီး အားရပါးရဖတ်နေတာ………..ဟွန်. တန်းလန်း
Myo Thant
January 30, 2013 at 12:10 pm
ဟို စိုးအကြောင်းရေးမယ့်ဟာ ဒီ စိုးနဲ့တွေ့မှပဲ 🙂
မောင်ပေ
January 30, 2013 at 8:36 pm
နွေရာသီ ရောက်ခဲ့ပြန်ပြီကွယ်…
ချစ်ရှိရာကွယ်…
ဥဩလေးနဲ ့အတူ လွမ်းတယ်
မဟာရာဇာ အံစာတုံး
January 30, 2013 at 9:38 pm
တူလည်း တန်လန်းဂျီးဘဲ …
ဟီဟိ …
နာ့အတွက် အဖော်တစ်ယောက် တိုးဒါပေါ့ …
ဒါနဲ့ နွေ ရောက်တော့ …
ဘာဖြစ်သွားတုံး ..
အမှတ်မထင် စွံသွားရောလား …
Mr. MarGa
January 31, 2013 at 7:01 pm
နွေကို ရောက်တော့
ကျောင်းပိတ်ပြီကွယ်
အဲဒီမှာ လွမ်းဇာတ်လေး စသပေါ့
ဟုတ်လားဟင်
MaMa
February 7, 2013 at 6:00 am
မဖတ်မိခဲ့တဲ့ လက်ရာကောင်းလေးကို ခုမှပဲ ပြန်ဖတ်ရတော့တယ်။
ဇာတ်ရည်လည်အောင် ဆက်ဖတ်လိုက်ပါအုံးမယ်။ :hee: