မောင်ရမ်းကားများ…
ရန်ကုန်မြို့က မောတော်ကားများ စည်းမဲ့ ကမ်းမဲ့ မောင်းနေလိုက်တာများ ..
facebook က page တခုမှာတွေ့လို့ ကူးယူတင်ဲပလိုက်ပါတယ် .
ဒီပုံတွေအတွက် ခွင့်ပြုချက် ယူပြီးသားပါ..
ဒီလောက်ဆို ရန်ကုန်က ကားတွေ ဘယ်လို စည်းမဲ့ကမ်းမဲ့ ဖြစ်နေလဲလို့ မြင်မှာပါ..
ပိုပြီးသိချင်မြင်ချင်ရင်တော့ facebookက “စည်းမဲ့ ကမ်းမဲ့ မော်တော်ကားများ” page မှာ ကြည့်ပါဗျာ…
တနေ့တနေ့ လမ်းမပေါ်မှာ စိတ်ဆင်းရဲလွန်းလို့ပါ။
နွေဦး မျှဝေပေးသည် ။
17 comments
ကထူးဆန်း
January 31, 2013 at 1:39 pm
ဒီမှာလည်း ရှိပါတယ် ဦးနွေဦးရေ ..
http://www.facebook.com/pages/Yangonbus/351525421606009?ref=ts&fref=ts
နွေဦး
February 1, 2013 at 10:04 am
ဒီလို page တွေ များမျာရှိလေ ကောင်းလေဘဲ ပေါ့ဗျာ..
ဒါမှ မမြင်ချင်ယောင်ဆောင်နေတဲ့သူတွေ မြင်ပြီး ဘယ်လိုလုပ်ရကောင်းမလဲလို့ တွေးတတ်လာမျာလေ..
မောင်ပေ
January 31, 2013 at 8:35 pm
ပုံတွေကြည့်ပြီး
ရန်ကုန်မှာ ကားမောင်းတဲ့လူတွေကို ချီးကျူးမိတယ်
တော်တော်လေးကို စိတ်ရှည် သည်းခံ မောင်းကြရတာကလား
နွေဦး
February 1, 2013 at 10:09 am
ကျွန်တော်ကတော့ မှန်ပိတ်ပြီး မောင်းတယ်
အမြင်မတော်ရင် အော်အော် ဆဲတတ်တော့ ပြဿနာ မဖြစ်အောင် မှန်ပိတ်ထားတယ်..
ကိုယ်ဆဲတာ သူမကြားရင် ပြဿနာ မဖြစ်သလို
ကိုယ် ကိုယ်တိုင်လဲ ဆဲလိုက်ရလို့ ကြေနပ်သွားတယ်လေ..း))
Mr. MarGa
January 31, 2013 at 9:04 pm
နာမည်နဲ့ လိုက်ပါပေ့
မောင် ရမ်းတဲ့ ကားတွေပါလားဟရို့
အသက် ဉာဏ်စောင့် သတဲ့
သတိလေးသာ ထားကြပါဗျို့
နွေဦး
February 1, 2013 at 10:12 am
ဘတ်စကားတွေဆို ဝေးဝေးရှောင်မောင်းပါတယ်..
သူတို့လောဘနဲ့သူတို့ကြားမှာ ကိုယ်ညှပ် မပါသွားရအောင်..
ဝေါင်ဝေါင် ရှေး…ဝေးဝေးရှောင်မောင်းပါကြောင်း…
uncle gyi
January 31, 2013 at 10:55 pm
ဒီလိုစည်းမရှိမောင်းနေသမျှ
ကားလမ်းတွေဘယ်လိုချဲ့ချဲ့
လမ်းတွေကပိတ်မြဲပိတ်နေမှာအမှန်ပါနွေဦး
နွေဦး
February 1, 2013 at 10:16 am
စည်းကမ်းထိမ်းပေးမဲ့ ယာဉ်ထိန်းရဲ တွေကလဲ
တချို့က ရဲ ဥပဒေကို နားမလည်
တချို့ကြတော့ ကားသမားတွေပေးတဲ့ ပိုက်ဆံ တရာ နှစ်ရာ မျိုးကို မက်ပြီး မမြင်ချင်ယောင်ဆောင်နေကြတော့
စည်းကမ်းမဲ့မောင်းတဲ့ ကားတွေက ရှိနေဦးမှာဘဲ..။
panpan
January 31, 2013 at 11:01 pm
အဲ့ထဲ လမ်းဘေးဈေးသည်တွေကရှိသေး
နောက် တချို့ကားတွေက လမ်းဘေးချရပ်တာ ပလက်ဖောင်းနဲ့ ၁ဝပေလောက်ကွာတယ်
ဒီထဲ ယာဉ်၂ထပ်ကရှိသေး :chee:
အီခရီး နီးသလား…..
နွေဦး
February 1, 2013 at 10:18 am
အဲဒီ လမ်းဘေးက ဆိုင်မှာ မုန့်ထိုင်စားတတ်တဲ့သူတွေလဲရှိတာကိုး..
ပန်းဆိုးတန်းလမ်းက စာပေလောကနားမျာလဲ မုန့်ထိုင်ထိုင်စားနေတဲ့သူတွေကို တွေ့ဖူးသလားလို့..ဟိ..
panpan
February 1, 2013 at 11:21 am
တိန်…
အူးနွေ သာမီးကိုဒဲ့ပြောနေပီ
ဟုတ်ပါတယ်
ပန်းဆိုးတန်းတဝိုက်ပေ့ါ
ရုံးဆင်းရင် ဝက်သားဒုတ်ထိုးစားရတာနဲ့ ဘာနဲ့
နေ့လည်ဆိုလည်း ကုန်ကျသက်သာတဲ့ လမ်းဘေးထမင်းဆိုင်မှာပဲကြိတ်ရတာဆိုတော့ကား….
အဲ့ဆိုင်တွေမရှိရင် သာမီးတို့ဒုတ်ခရောက်ပီ
ဒါပေမဲ့ အဲ့ဆိုင်တွေရှိနေပြန်ရင်လည်း သာမီးတို့ဒုတ်ခရောက်တာပါပဲချင့် ဟင့်
:byae:
MaMa
February 1, 2013 at 6:49 am
မပြောချင်ဘူး။
ပြောကို မပြောချင်ဘူး။
(ဒေါ်မြလေး လေသံဖြင့်ဖတ်ပါ) :harr:
နွေဦး
February 1, 2013 at 10:23 am
မမရယ်..
များများပြောမှ မြန်မြန် ပြင်တတ်တဲ့ အကျင့်က ကျွန်တော်တို့ဆီမှာစွဲနေပြီဗျ
ဒီတော့ တိုင်းပြည်ကောင်းချင်ရင် မပြောချင်လို့ မရတော့ဘူး….
များများပြောကြပါ..
ရွှေတိုက်စိုး
February 1, 2013 at 11:47 am
အော် ဘက်စ်ကားက စည်းကမ်းမရှိမောင်း
လမ်းဘေးဈေးသည်က လမ်းပေါ်တက်ရောင်း
လမ်းကူးတဲ့သူတွေက ကူးချင်တဲ့နေရာကူး……..
စည်းကမ်းကိုမရှိကြဘူး……….
ထူးပါဘူး ငါလဲ ………တောက်တောက်တောက်………ဟိဟိဟိ
(သခင်မျိုးဟေ့ ဒို.ဗမာ…စည်းကမ်းမရှိတာတူရမည်)……..
cobra
February 1, 2013 at 2:33 pm
ကျွန်တော်အမြင်ကတော့ ကျောင်းကားတွေ
ပိုဆိုးတယ်ဆိုတာပါပဲ
သူတင်ထားတာကကလေး တွေတင်ပြီးတော့ မောင်းတဲ့အရှိန်က
ပြိုင်ကားလားထင်ရတယ်။စည်းကမ်းလဲမရှိကြဘူး။
ရွာသူ jujuma .
February 1, 2013 at 3:28 pm
စည်းကမ်းမဲ့တာတော့ ကားတွေပဲ မဟုတ်ပါဘူး လမ်းသွားလမ်းလာ တဲ့ လူတွေလဲ ပါတယ်ဗျာ …
ကိုသင်း
February 3, 2013 at 2:11 am
“လမ်းစည်းကမ်းကို လိုက်နာဖို့လိုပါသည်၊
ယာဉ်စည်းကမ်းကို လိုက်နာဖို့လိုပါသည်၊
ကျွန်တော်တို့လည်း တာဝန်ရှိပါသည်—————-။”
ဟိ—-ဟိ——အဲ့ဒါ သိချင်းနော်————- ။